အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 24 April 2013

“နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ဖြစ်တော်စဉ်”


အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...

၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။

၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။

၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။

၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။

၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။

၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။

၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။

*အရိမေတ္တေယျမြတ်စွာဘုရား*

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား

ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါး ဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"

အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။

ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း...

ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့် တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကို ကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်လာလိမ့်မည်။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ေ ထာင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း...

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း...

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောကျာ်းလေးမွေးဖွားလိမ့်မယ် ။

နိမိတ်လေးပါးမြင်ခြင်း...

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့် မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့် မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း...

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဥာဏ်ရသည့်အချိန်...

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တို င်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။

ဓမ္မစကြာတရားဟောကြွခြင်း...

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်...

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား...

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

လူနတ်ဗြဟ္မာသတ္တဝါအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ...
https://www.facebook.com/photo.php?fbid=521504371245952&set=a.166537670075959.45356.100001591812651&type=1&theater မှကူးယူတင်ပြပါသည်။

ကင်ဆာရောဂါအတွက် ဒူးရင်းသြဇာ

ကင်ဆာ နှင့် ဒူးရင်းသြဇာကျွန်မတို့ရုံးနှစ်ပတ်လည် အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့ အဖြေ ထွက်ပြီး ကျွန်မတို့တစ်တွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာ တက်ကြွ နေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပြီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေးတွေကို ရေနွေးကြမ်းလို လုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။ ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြပါတယ်။

ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည် ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်း များမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။

by nang kha yea(သဘာဝရဲ့အားအင်)

Thursday 18 April 2013

ကြေကွဲခြင်း အပိုင်းအစ အနည်းငယ်


လူသားနှင့်ပတ်သက်ပြီး ကြေကွဲခြင်းသည် နှလုံးသာကို ဗဟိုပြုပြီး ဖြစ်ပွားသော စိတ်ဒဏ်တစ်ရပ်ဖြစ်တယ်လို ဆိုချင်တယ်ဗျာ နှလုံးသားကြေကွဲရာမှာ အမျိုးမျိုးရှိတတ်ပါတယ် တစ်ချို့က ချစ်သူနှင့်ပတ်သက်၍ . တစ်ချို့က မိသားစုနှင့်ပတ်သက်၍ . တစ်ချို့က ကိုယ်ကိုယ်တိုင်နှင့်ပတ်သက်၍. အဖုံဖုံပေါ့ ……….


ကြေကွဲခြင်းဆိုသည့် အရာသည် ကောင်းတာမဟုတ် ဆိုးတာပဲဖြစ်ပါတယ် လူသားတစ်ယောက်အနေနဲ့ အဆိုးအကောင်းနှစ်ခုမှာ အကောင်းကိုပဲလက်ခံချင်ကြတာချည်းပါပဲ. ဒါကြောင့် ကြေကွဲနေခြင်းကို မကောင်းလို့ ယူဆချင်ပါတယ် ဘာလို့လဲဆိုရင် သူရဲ့ ရလဒ်က စိတ်ကို ပင်ပန်းစေမယ် တွေးလေ စိတ်ထဲ ပိုပင်ပန်းလေပဲ ဥပမာ အချစ်ကြောင့် ကြေကွဲတဲ့ လူငယ်တစ်ယောက်ဟာ ချစ်သူက ပစ်သွားလို့ စိတ်ထိခိုက်ပြီး ကြေကွဲမယ်ပေါ့. သူကြေကွဲတယ်ဆိုရင် ပထမဦးဆုံး ဆုံးရှုံးမှာက ကြေကွဲရမဲ့ အချိန် နောက် ကြေကွဲလို့ စိတ်ထိခိုက်ရင် စိတ်စွမ်းရည် လျော့ကြခြင်း နောက် ကြေကွဲခြင်း ခံစားချက်က ဖုံးနေတော့ သူ့အနာဂတ်တက်လမ်းအတွက် ဖုံးနေမည် နောက် ပျော်ရွှင်ခြင်းကို သူရှုံးမည် နောက် အထီးကျန်ခြင်းကို သူရမည် အဲ့လိုနဲ့ ကောင်းကျိုး မရပဲ ဆိုးကျိုးတွေသာ ဖြစ်ပေါ်မည် ဒါကြောင် လူတိုင်း အရှုံးထဲက အမြတ်ထုတ်နိုင်အောင်ကြိုးစားရမည်. တစ်ချို့ လည်း ရှိတတ်တယ် “ငါ လွတ်လွတ်လပ်လပ် ကျေကျေနပ်နပ် ကြေကွဲ ချင်လို့ပါကွာတဲ့ အဲ့ဒါနဲ့ ဇာတ်လမ်းကစရော ယောက်ျားလေးဆိုရင် အရက်သောက်တတ်ဖို့က များတယ် ဒါမျိုးဆိုရင်တော့ ဆိုးတယ်လို့ပြောရမှာပဲ ကြာလာရင် ကျန်းမာရေးထိခိုက်နိုင်တယ် ကျနော် တို့ ခု ဖြတ်သန်းနေတဲ့ လောကကြီးအတွင်းမှာ အများစုက မကောင်းမှန်းသိလိုက်သားနဲ့ လုပ်လုပ်နေကြတာ .သူတို့ကို မေးကြည့်ရင် ”ဒါကောင်းလား ဆိုရင် မကောင်းဘူး ပဲ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ဒါကိုလုပ်နေတော့ “ခက်တယ်” လို့ပဲ ပြောရမှာပဲဗျာ…ဥပမာ အရက်သမားတစ်ယောက်ကိုမေးကြည့် အရက်သောက်တာ ကောင်းလားလို့ ဆိုရင် သူက မကောင်းဘူး မသောက်နဲ့ လို့လာလိမ့်မယ် ဒါပေမဲ့ သူကတော့ သောက်နေကြပဲ ဆက်သောက်တယ် .နားလည်ရ ခက်တယ်နော် . မကောင်းမှန်းသိလိုက်သားနဲ့ လက်ခံပြီးလုပ်နေတာ လူတွေရဲ့ စိတ်ပဲ …. ယေဘုယျ တွေးကြည့်မယ်ဆိုရင် လူတွေရဲ့စိတ်က မကောင်းတဲ့ဘက်ကိုပဲ အမြဲတွေးနေ မွေ့လျော်နေကြတာ များပါတယ် . ကျနော် စိတ်အထင် ဥပမာလေးနဲ့ပြောမယ်ဆိုရင် ကမ္ဘာရဲ့ ဆွဲအားကြောင့် လုံးဝန်းတဲ့ အရာဝတ္ထု တစ်ခုကို မညီညာတဲ့ နေရာမှာထားမယ်ဆိုရင် ထိုအလုံးဟာ မြင့်ရာကိုမတက်ဘူး နိမ့်ရာကိုပဲ ဦးတည်နေတာလေ ဒါမျိုးပဲ လူတွေလည်း အများအားဖြင့် နိမ့်ရာကိုပဲ ဦးတည်နေတာများပါတယ် တစ်ချို့လူတွေ တော်တော် တော်ပါတယ် သူတို့ကိုသူတို့ ဦးစည်းနိုင်ကြတယ် .. သူတို့ကိုတော့ လေးစားပါတယ် ဘ၀တစ်ခုမှာ လူတိုင်းကြေကွဲခြင်း အနည်းငယ်တော့ တွေ့စမြဲပါပဲ လူငယ်ဆိုရင် ပထမဆုံးချစ်သူနဲ့လွဲခဲ့တယ်ဆိုရင် သူ့မှာ ကြေကွဲခြင်းကတော့ ဖြစ်သွားပြီ အဲ့ဒီအချိန်မှာ သူဟာ သူ့ကိုယ်သူ ကယ်နိုင်မှ ခေါင်းထောင်လာနိုင်လိမ့်မယ် . ကျနော်ကတော့ ဒီလိုတွေးထားတယ် အချစ်ကြောင့် လက်လွပ်စံပယ် ပျက်စီးသွားတာတွေက သူတို့ဘ၀မှာ ဖြတ်သန်းစဉ်အတွင်းမှာ အချစ်ကို ကိုးကွယ် မိကြလို့လို့ ယူဆချင်တယ်ဗျာ လူသားတစ်ယောက်အနေနဲ့ ဘ၀တစ်ခုတာအတွင်း အချစ်ကို ကိုးကွယ်ဖို့မဟုတ် မိမိကိုယ်ကိုယ်ကိုးကွယ်ဖို့သာဖြစ်တယ်လို့ သိအောင်ပြောချင်ပါတယ် .. ကြေကွဲစရာဇာတ်လမ်းလေးအကြောင်း ပြောတာထက် ကြေကွဲတာထက် ပိုကောင်းတာ လုပ်နိုင်ဖို့ ပြောတာက ပိုပြီး အဓိပ္ပါယ်ရှိပြီး အကျိုးရှိမယ်ထင်ပါတယ် . အများစုကတော့ ဇာတ်လမ်းကိုပိုကြိုက်တယ်ဗျ ဘာလို့လဲဆိုတော့ သူတို့စိတ်တွေက အဲ့လို ခံစားမှု ရေးရာမှာ ပိုနေတတ်ကြလို့လေဗျာ…. သတိတစ်ခုပေးချင်ပါတယ် .. ဘ၀မှာ လူဖြစ်လာတာဟာ ကြေကွဲ စိတ်ဆင်းရဲ ငိုကြွေးနေဖို့မဟုတ် အသက်ရှင်ရပ်တည်ပျော်ရွှင်နေဖို့ဆိုတာ အဓိကပါ . အကယ်၍ ကြုံလာရင်လည်း ဘယ်အရာက အလုပ်သင့်ဆုံးလည်းဆိုတာကို ကိုယ့်ကိုယ်ကို သိနေဖို့လိုပါတယ် .. ကောင်းတာတွေ အားလုံးဟာ သိတာက လွယ်ပါတယ် လုပ်ဖို့က ခက်တယ်ဗျ . အကယ်၍ လုပ်ဖို့ လွယ်တယ်ဆိုရင် လူတိုင်းလုပ်နိုင်လို့ ကမ္ဘာကြီးတောင်အေးချမ်းနေလောက်ပြီဗျာ.. ဥပမာ ကြီပွားဖို့မလွယ်သလိုပေါ့ဗျာ ကြီးပွားဖို့လွယ်တယ်ဆိုရင်လည်း လူတိုင်းကြီးပွားကြမှာပေါ့ ဗျာ. သူ့နေရာနဲ့ သူ စိတ်ရှည်သည်းခံမှုတွေက ကြီးစိုးသွားကြတာချည်းပါပဲ တကယ်ပါ ဖြစ်စေချင်တာက ဦးနှောက်နဲ့နှလုံးသားကို အချိုးကျကျပေါင်းစပ်နိုင်ဖို့ အဓိကလို့ ပြောချင်ပါတယ်…သူငယ်ချင်းရေ ..ဒို့တတွေ ရေစက်ရှိလို့ သိခဲ့ကြတာလို့ ယူဆပြီး သင့်ရင်ထဲရှိတာတွေကို ရင်ဖွင့်ရင်း အကြံဥာဏ်တွေ မျှဝေကြရအောင်စို့လား . နော် 
 
ဘာနေ

Tuesday 9 April 2013

သင်္ကြန်အလွမ်းပြေ

 
        သင်္ကြန်နွေဦး  တူးပို့တူးပို့…………..သင်္ကြန်မဏ္ဍပ်တစ်ခု၌   ကြားလိုက်ရသောသီချင်းသည်နားသို့
တစိမ့်စိမ့်ဝင်ပြီး ကလေးဘဝပျော်ပါးမြူးတူးခဲ့သည့်  သင်္ကြန်တစ်ခုဆီသို့   ပြန်လည်ရောက်ရှိပြီး  လွမ်းဆွတ်
တမ်းတမိသည်။
      မြနန္ဒာနေညိုညိုရစ်ခါသန်းတော့ရွှေမန်းတောင်ရိပ်…………နောက်မဏ္ဍပ်သို့အရောက်တွင်နောက်ထပ်
အလွမ်းတစ်ခု  ကို  ထပ်မံရရှိလိုက်ပြီး   မဏ္ဍပ်အနီးရှိ    ကခုန်နေသူများနှင့်    ရောနှော  ဝင်ကလိုက်သည်။ခွက်စုပ်လေးနဲ့  ပက်တာလောက်တော့     ရယ်တာပေါ့    ရယ်တာပေါ..........သင်္ကြန်   ကားတစ်စီးပေါ်မှ အော်ဟစ်မြူးတူး၍    ရေလောင်းသွားကြသည်။    ဟေး             ဟု      အော် သွားကြ၍    ဟေး      ဟု ပြန်အော်လိုက်သည်။    အဲ့ဒိ     အော်ချလိုက်သည့်      ဟေး    ဟူသော   အသံတစ်ချက်သည် တစ်နှစ်မှာ တစ်ခါအော်ရခဲသော    ဟေး    ဖြစ်ခြင်းကြောင့် ကမ္ဘာကျော် လူရွှင်တော်တို့၏ ပြက်လုံးကြောင့် ဟား ဟား ဟား  ဟု ဟက်ဟက်ပက်ပက်ရယ်လိုက်ရခြင်းထက် နှလုံးသားထဲသို့ အဆပေါင်းများစွာ ပိုမိုစိမ့်ဝင်ခဲ့ရသည်။
           ဟေ့...ဒီမှာ     မုန့်လုံးရေပေါ်ကြွေးနေတယ် ဟေ့...    စားသွားကြပါဦး..      .မြန်မာ့ရိုးယဉ်ကျေးမှုအတာသင်္ကြန်မှာ        မြန်မာဆန်ဆန်ဝတ်ဆင်ထားသော          မြန်မာမလေး က   မြန်မာ့ထုံးစံအတိုင်း     ယဉ်ယဉ်ကျေးကျေးလေးဖြင့်       မြန်မာ   အစားအစာကို       ခေါ်ကြွေးနေ၍ အားရပါးရဝင်တုတ်လိုက်သည်။ 
       ကံကောင်းချင်တော့      ငရုတ်သီးပါသော         မုန့်ကို ပထမဆုံး စားမိသည်။ငရုတ်သီးသည်        မုန့် လုံးရေပေါ်      အလုံးတစ်ရာတွင်      တစ်လုံးမှာ     ပါခဲပေခြင်းဖြစ်သောကြောင့် ကံကောင်းသည်   ဟုလက္ခံလိုက်ဖြင်းဖြစ်သည်။
      ငရုတ်သီး စားသော် မစပ်လော၊   အချိုစားသော် မပျောက်လော..ဟူသည့်  လောဆေးကျမ်းနဲ့အညီ
ထန်းလျှက်ပါသော   နောက်အလုံးများကို   ခပ်သွက်သွက်လေး   စားပေးလိုက်သည်။   မုန့်ထဲသို့ငရုတ်သီထည့်ခြင်းမှာ   တမင်ဒုက္ခရောက်စေလို၍   ထည့်ခြင်း မဟုတ်ဘဲ စနောက်   ပျော်ရွှင်လို၍   ထည့်ကြခြင်းမဟုတ်ပါလော။   ၄င်း ငရုတ်သီးကို  တစ်ယောက်ယောက်က  စားမိ၍  စပ်သွားကြလျှင်လည်း   ၄င်း၏ ငရုတ်သီးစပ်သွားသည့်   ဟန်ကိုကြည့်ပြီး  ပျော်ရွှင်တတ်ကြသည်။       စားမိသူများကလည်း    ငရုတ်သီးကိုစားမိ၍   စိတ်ဆိုးသွားသည်  ဟူ၍မရှိကြ။    ၄င်းသည်ပင် ချစ်စရာဓလေ့လေးတစ်ခုဖြစ်နေသည် ဟုခံစားမိသည်။
ထို့ကြောင့်  မဏ္ဍပ်အနီး၌     မုန့်လုံးနေသော သူများမြင်အောင် တရှူးရှူးတရှဲရှဲ လုပ်ပြလိုက်သည်။      စပ်နေသည်ကို    မြင်၍ကြိတ်ရယ်နေသော    မိန်းမပျိုလေးများကိုကြည့်၍ ပီတိဖြစ်ခဲ့သည်။
    မြူးကိုမြူးမယ်..ဒီသင်္ကြန်အချိန်ခါမယ်…….နောက်မဏ္ဍပ်တစ်ခု၌ကြားလိုက်ရခြင်းဖြစ်သည်။      ခပ်ရိုးရိုး
မဏ္ဍပ်လေးတွေကြောင့်    ကြည်နူးစရာလေးတွေ့     ခဲ့ရသလို    ခပ်ဆန်းဆန်း မဏ္ဍပ်လေး   တွေကြောင့်လဲမြူးကြွခဲ့ရသည်။   ထို့ကြောင့်   သင်္ကြန်ကို   ဘယ်လိုပုံစံနဲ့ပဲတွေ့တွေ့......  တွေ့နေရရင်..       .ပြီးရော သင်္ကြန်ရေ.... ကဲနေရရင်ပဲေ ကျနပ်တယ်...ပက်လိုက်စမ်းပါ....       ရှေ့ကဟန်နီ...မပက်ရင်တော့ ငါစိတ်ဆိုးမယ်..           မင်းပက်မဲ့.
.လောင်းရေကိုငံ့လင့်လို့.............အသဲလေးအေးအောင်....ငါ့ကိုလာပက်တော့ ...စသည်  စသည်  ခံစားချက်များအား  နာမည်ကြီး သီချင်းတပုဒ်၏ သံစဉ်ဖြင့် ပြောင်းလဲသီဆိုလိုက်မိသည်။
    မဏ္ဍာပ်ပေါင်းများစွာ  လျှောက်လာခဲ့၍   ဗိုက်လဲ အတော်လေး   ဆာလောင်လာသည်။    အဝတ်အစားများ အားလုံး   စိုရွှဲနေ၍   အတော်လေးလဲ    ချမ်းစိမ့်လာသည်။       ဘာလုပ်ရရင်  ကောင်းမလဲ      ဟုတွေးပြီး အိပ်ကပ်ထဲရှိ   ငွေသားအချို့ကို  ထုတ်ရေကြည့်လိုက်သည်။  ငါးဆယ်တန် လေးရွက်။   ဒီနှစ်ရာနှင့်  ထမင်းစားလို့မဖြစ်သေး။    စားလို့လဲလောက်မည်မဟုတ်။    ထို့ကြောင့် အနီးစပ်ဆုံး  အရက်ဆိုင်    တစ်ဆိုင်ကိုလိုက်ရှာကြည့်လိုက်သည်။   မတွေ့...မတွေ့။   မကျွမ်းကျင်သော နယ်မြေဖြစ်နေ၍လည်း   အခက်တွေ့နေသည်။   အရက်ဆိုင်ဘယ်နားမှာ ရှိလဲ   ဟု သူများကို  သွားမေးရအောင်ကလည်း   ရှက်စရာကြီး    ဟုတွေးမိ၍   ဆက်လျှောက်လာရင်း နှင့်ပင် လမ်းဘေးပတ်ပတ်လည် သို့ မသိမသာ ရှာဖွေ့ကြည့်ခဲ့သည်။  နေအပူချိန် ကလည်း တဖြည်းဖြည်း  မြင့်လာသည်။   ရေကစားသူ များလဲ ကြဲလာသည်။   ဗိုက်ဆာသည့်  ဒါဏ်ကိုခံနိုင်သည်။  ချမ်းသည့်ဒါဏ်ကို  ဘယ်လိုမှ မခံနိုင်တော့။    လေကလည်း   ခတ်ကြမ်းကြမ်း   တိုက်ခတ်လာ၍ ပိုဆိုးလာသည်။     နေရောင်ခြည်၏  အပူချိန်ဖြင့် မလုံလောက်သဖြင့်   ခုန်လိုက်  ပြေးလိုက်   လုပ်နေလိုက်သည်။    အချမ်းတော့ ပြေသွားသည်။  သို့သော် ဗိုက်ပြန်ဆာလာသည်။       ထိုစ ဉ်ေ ဘးနား သို့ ကားတစ်စီးထိုးရပ်လာပြီး   ဘယ်လိုလဲ   ဘော်ဒါကြီး   ဟုမေးသည်။   ဘာပြန်ပြောရမှန်းမသိ၍   ကြောင်၍ကြည့်လိုက်မိ သည်။ ကားနောက်ခန်းတွင်   ယောက်ျားလေး လေးယောက် နှင့်    မိန်းကလေး တစ်ယောက်ပါလာသည်။ယောက်ျားလေး နှစ်ယောက်က  မိန်းကလေးကို   ဘယ်တစ်ယောက်   ညာတစ်ယောက်         ဖက်ထားကြသည်။    ငါးယောက် စလုံး မူးနေကြမှန်း သိသာသည်။   မိန်းကလေးက  ပိုမူးနေပုံရသည်။   မျက်လုံးတောင်မဖွင့်နိုင်တော့။    ထိုမိန်းကလေးကပင် မျက်လုံးမဖွင့်ပဲ ကုန်းထလာ၍   ဟေ့ကောင်တွေ      ဘာလုပ်နေကြတာလဲ မောင်းလေကွာ   ဟုပြော၏။   မတ်တတ်ရပ်နေသော   ယောက်ျားလေး နှစ်ယောက် က     အလိုက်သင့်  ဝိုင်းထူပေးပြီး ဘယ်တစ်ဘက် ညာတစ်ဘက်   ဝိုင်းနမ်း  လိုက်ပြန်သည်။   ၄င်းမြင်ကွင်းကို    ကြည့်ပြီးမျက်လုံးပြူး သွားမိသည်။  သို့သော်  မသိဟန်ပြု၍   ဆက်လျှောက်ရန်   ပြင်လိုက်သည်။        ၄င်းတို့ထဲမှ တစ်ယောက်က     ဟေ့    ဟေ့        ဘော်ဒါကြီး  ခဏနေဦး..      ကျုပ်တို့မှာ               အရက်ပါတယ်
ခင်ဗျားကြီးလဲ  ချမ်းနေပုံရတယ်  ဝယ်လိုက်ပါလား     ငါးရာဖိုးလောက်…           ဟုလှမ်းအော်ပြောသည်။
ငါးရာ    တော့မပါဘူး    နှစ်ရာ   ဘဲပါတယ်              နှစ်ရာဖိုး                              ရောင်းခဲ့ပါလားဟု
မပြောဖြစ်လိုက်ပါ။        နေ ..  နေ   ပါစေ ညီလေး       ကိုယ်မသောက်တတ်ဘူး. ဟုသာပြောလိုက်သည်။သူတို့ကို    မြင်လိုက်ရသည့်  မြင်ကွင်းကြောင့်   အတော်လေး  အချမ်းပြေသွားသည့်  အပြင်ငါ့ညီလေးတွေ ငါ့ညီမလေးတွေ   သာဆိုရင်  ဆိုတဲ့  အတွေးကြောင့် ချွေးသီးချွေးပေါက်   များပါ   ထွက်ပြူ       စပြုလာ၏။စကား  လဲ ဆက်မပြောချင်တော့၍     ဆက်လျှောက်သွားမည်     အပြုတွင် မိန်းကလေးမှ       ဟေ့ လူကြီးနေပါဦး    ဒီက   မေးထားတာလေး  ကို   ဖြေပါဦး      အရက်ဝယ်မှာလား မဝယ်ဘူးလား…   ဟုလှမ်းအော်
ပြော၏။     သူတို့ကိုကြည့်ရသည်မှာ  ငွေလိုနေပုံရသည်  ဟု တွက်မိလိုက်၍  အရက်တော့မဝယ်ပါရစေနဲ့ကွာ ငွေလိုနေရင်လဲ ပါလာတဲ့နှစ်ရာကိုသာ ယူသွားကြပေတော့     ဟု  ပြောမည်ကြံပြီးမှ   ဘာရယ်ကြောင့်မသိ……ပိုက်ဆံ မပါ လို့ပါ ငါညီတို့ရာ   ပါရင်ဝယ်ပါတယ်    ဟု သူတို့ဘာမှ   ဆက်မပြောခင်ကိုယ်က ဦးအောင်လှမ်းပြောလိုက်သည်။   မလိမ်ချင်သော်လည်း   လိမ်ဖြစ်အောင်  လိမ်လိုက်ပါသည်။     ဝယ်….ဝူး…ပေါင်ချိန်  ဇာတ်လမ်းထဲက အတိုင်း    ပြိုင်တူ  အော်လိုက်ကြ၍   ကားသမားမှ  စက်နှိုးပြီး   ထွက်သွားပါလေတော့သည်။
          နေကလဲ ခြစ်ခြစ်တောက်  ပူလောင်နေပြီး  လေကလဲ အတန်ငယ် ခပ်ကြမ်းကြမ်းလေး    ဖြစ်နေ၍
အဝတ်အစား  များလဲ ခြောက်သွေ့ သွားသည်။     အဝတ်အစား ထူထူ ထပ်ထပ်များသာ ဝတ်နေရသည်ကများ၍   ပေါ့ပေါ့ပါးပါးသာ   ဝတ်ဆင်ထားသော  ယခုအခါ၌  နေရထိုင်ရတာ အတော်လေး  ပေါ့ပါးနေသည်။သင်္ကြန် ထမင်း  သင်္ကြန် ဟင်းများကြွေးမွေးနေပါတယ်..   ရောက်ရာအရပ်မှ     ကြားသမျှ   လူများအားလုံးလာရောက် စားသုံးကြပါ..     အလှူရှင်၏   စေတနာ သဒ္ဓါတရားကြောင့် တမနက်ခင်းလုံး   ကြွေးမွေးသော်လည်း  မကုန်နိုင်မခန်းနိုင်ဖြစ်နေပါသေးတယ်..ခပ်မြန်မြန်ခပ်သွက်သွက်လေးလာကြပါ… နေ့လည်နှစ်နာရီကျော်
လျှင် သင်္ကြန်မဏ္ဍပ် အတွက်ပြန်လည်   စီစဉ်ရတော့မှာမို့    ဧည့်ခံမဲ့သူများရှိတော့မှာမဟုတ်ပါဘူး…
လာထားမယ်..  ခပ်သွက်သွက်လေး..   ခပ်သွက်သွက်လေး…..   လူငယ်တစ်ဦးမှ   ခပ်ရွှင်ရွှင် ခပ်ပြပြ ဖွဲ့နွဲ့မှုကင်းကင်းဖြင့်  သင်္ကြန်ထမင်း  သင်္ကြန်ဟင်း များကို  လာရောက်  သုံးဆောင်ကြရန်    ဆော်အောနေခြင်းဖြစ်သည်။   ထိုအသံကို   ကြားလိုက်ရ၍  ဝမ်းသာသွားသည်။   အသံသည် အရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာလာခြင်းဖြစ်၍  ခပ်သွက်သွက်လေး   ဆက်လျှောက် သွားလိုက်သည်။    ဗိုက်ကလဲစာ၊     ရိုးရာအစားအအသောက်များ နှင့်  ကင်းကွာနေသည်မှာလဲ    ကြာနေပြီမို့  အစွမ်းရှိသမျှ  အသားကုန် တီးပြစ်လိုက်သည်။ဘုန်းကြီးကျောင်း  အတွင်း၌  ကြွေးမွေးနေခြင်း  ဖြစ်၍   နောက်မှီးပါးနေပြီဖြစ်သော မြင်းကြယ်ဖိနပ်လေးကိုလဲ  ခါးကြား ထိုးထား လိုက်သေးသည်။   အာဟာရ သိဒ္ဓိ္ဓများလဲ ပြီးပြည့်စုံ သွားပြီမို့ လက်ကိုဝတ်ထားသောပုဆိုးကြမ်းလေး   နှင့်  သုတ်ပြီး သစ်ပင်ကြီး တစ်ပင်အောက်တွင်  ထိုင်ပြီး  သွားကြား ထိုး  နေလိုက်သည်။နေကလဲ  အတော်လေး  ပူနေသွေး၍  စိတ်ရှိလက်ရှိ  ထိုင်ပြီး အနားယူ လိုက်သည်။    ထိုနောက်  ၄င်းဘုန်းကြီး ကျောင်း အ နီးရှိ  မဏ္ဍပ်တွင်  ခဏတာ ကစား ၍  မြို့ထဲ လူစည်ကားရာဘက်သို့ ဆက်လျှောက်လာခဲ့သည်။
       ရွယ်တူနဲ့ မတိမ်းမယိမ်း ဟုထင်ရသည့်   ခပ်သန့်သန့်  ခပ်ချောချော  မိန်းကလေး လေးငါးယောက်
က  ရေခွက်  ကိုယ်စီ   ကိုင်၍   ပြေးလာကြသဖြင့်    လောင်းရင်   လောင်းကြပါစေတော့       ဟု တွေးပြီး
မသိချင် ဟန်ဆောင်ကာ သူတို့  လောင်းမည့် အချိန်ကို စောင့်ရင်း ခပ်ဖြည်းဖြည်း   ခပ်မှန် မှ န်လေးေ လျှာက်နေလိုက်သည်။       ငါ့ကို   လောင်းချင်တဲ့သူ   လဲရှိပါသေးတယ်     ဟားဟား    အားငယ်စရာ မလိုဘူးကွ ဟု   ကိုယ့်ကိုယ်ကို     ပြန်လည်   အားပေးရင်း   ပီတိလေးများ    ကြိတ်ပြီး   ဖြစ်ခဲ့ရ သည်။        သို့သော် ငနဲမ များက  အဝေးမှ  လာနေသော ဆိုင်ကယ် အားလောင်းရန် စောင့်မှန်း သိလိုက်ရ၍ အောင့်သက်သက်ဖြစ်ကာဆက်လျှောက်လာခဲ့သည်။
          လူစည်ကားလွန်းသောကြောင့် ကားလမ်းများပင်ပိတ်နေသော မဏ္ဍပ်ကြီးတစ်ခုကိုအဝေးမှလှမ်းမြင်
လိုက်ရ၍ စိတ်ဝင်တစားဖြစ်ပြီး နီးသည်ထက်နီးအောင်တိုးသွားလိုက်သည်။    ဟာ….Lady Gaga ပါလားဟု
စိတ်ထဲမှ  ရေရွတ်မိရင်း   ဒါကြောင့်  စည်ကားနေတာပါလား      ဟုလဲ    တွေးလိုက်သည်။          စတိတ်
စင်ရှေ့ တည့်တည့် သို့ ရောက်အောင်     ကြိုးစားပြီး  သွားလိုက်သည်။     Lady Gaga    က    Paparazi သီချင်း  ကိုဆိုနေသည်။    မိမိထံသို့ လက်ညှိုးတထိုးထိုး  နှင့်ဆိုနေခြင်းဖြစ်၍ ပိုမိုမြူးကြွမိသည်။ ထို့နောက်၎င်း   အဆိုတော်မလေး  မှာ စင်ပေါ်သို့  တက်ခဲ့ရန်  လက်ယပ် ခေါ်လေ၏။   သို့သော်  သူများပျော်လို့မပျော်နိုင်  ဝါးရင်းတုတ်  ပိုက်လို့ထိုင်   ဆိုသည့်အတိုင်း    ဝါးရင်းတုတ် ကိုယ်စီကိုင်ထားကြသော  လုံခြုံရေးဆိုသူများကိုလဲ   ကြောက်ရသေးသဖြင့်   လက်ပြန်ပြရုံမှတပါး ဘာမျှမတတ်နိုင်ခဲ့။        စင်ပေါ်သို့တက်ပြီး Lady Gaga    နှင့်   တွဲက လိုက်ချင်သည့် စိတ်များက တဖွားဖွားပေါ်ပေါက်။      ထိုစဉ် အဆိုတော်မလေးမှ မိမိ၏  နှလုံးအိမ်၌  ဖြစ်သော  ခံစားချက်များကို  ထုတ်ချင်းဖေါက်   ထိုးထွင်း   သိမြင်နေသည့်အလား လုံခြုံရေး  ဆိုသူ  များအား   ဘေးဖယ်ခိုင်း၍  မိမိလက်အား လှမ်းဆွဲပြီး  စင်ပေါ်သို့  တက်ခဲ့စေ၏။  ဘေးနားရှိလူများကလဲ     မင်းကံကောင်းတယ်    တက်သာတက်သွားကွာ    ဟူသော သဘောဖြင့် ဝိုင်းပြီး တွန်းတင်ပေးကြသောကြောင့် စင်ပေါ်သို့လွှားခနဲ ခုန်တက် သွားလိုက်သည်။  ထို့နောက် အဆိုတော်က BadRomance ဟူသော    သီချင်း    နောက်တစ်ပုဒ်ကို    ပြောင်းဆိုသည်။      မိမိကိုလဲ  လိုက်ကဖို့  ပြော၍       အပျော်ကြီး  ပျော်ပြီး  ခန္ဓ္ဓာကိုယ်  တစ်ခုလုံးရှိ    သုံးဆယ့်နှစ်ကောဋ္ဌာသ    လုံး  တဆ စီ  ပြုတ်ထွက်  သွားမတတ် က  ပြစ်လိုက်သည်။  အပျော်လွန်  အကလွန်၍  စင်ပေါ်မှ   ပြုတ်ကျပြီး ရင်ထဲတွင် အေးခနဲ  ဖြစ်သွားသည်။ အဆိုတော်မလေး   Lady Gaga  ကလှမ်းတော့  ဆွဲလိုက်ပါသေးသည်။  သို့သော်  မမှီိလိုက်။     လှမ်းဆွဲ၍ မမှီလိုက်သဖြင့် ဝမ်းနည်းပက်လက်ဖြစ်သွားသော သူမ၏မျက်နှာလေးကိုလဲ လှမ်းမြင်လိုက်ရသည်။
    ပတ်ဝန်းကျင် တခုလုံး  မှောင်မဲနေ၍   အံ့သြထိပ်လန့် သွားမိသည်။   မိမိပြုတ်ကျသည်မှာ  မြေပြင်
ပေါ်သို့   မဟုတ်ဘဲ      ကြမ်းခင်း carpet   အပေါ်တွင် ဖြစ်နေတော့မှ      အော် ငါအိပ်မက်မက်ပြီး အမေရိကရှိ အခန်းကျဉ်းလေး  တစ်ခုထဲရှိ  ခန္ဓ္ဓာကိုယ်နဲ့   မြန်မာပြည်  တွင်လှမ်းပြီး      သင်္ကြန်ဆော့နေပါလား ဟုသတိရသွားသည်။     ဘေးအခန်းမှ      Bad Romance    သီချင်းသံလေး   ကတော့         မြူးနေဆဲ……။ ဒီနေ့  သင်္ကြန် ရောက်နေပြီ  ဆိုတဲ့  အသိနဲ့  အမိမြေကို  လွမ်းတဲ့စိတ်   သင်္ကြန်ကို ချစ်တဲ့စိတ်တို့က တွန်းပို့လိုက်သော် အိပ်မက်တစ်ခုပင်။   ၄င်း  အိပ်မက်သည်ပင်လျှင် အမိ   မြန်မာပြည်နဲ့  သင်္ကြန် ဆိုတဲ့အထင်ကရ  ရိုးရာ  ယဉ်ကျေးမှု  တစ်ခုကို   ပိုမို      တမ်းတမ်း တတ       လွမ်းဆွတ်စေခဲ့သည် မဟုတ်ပါလား…..။
  ပြည်ပရောက်   မြန်မာပြည်သား   အားလုံးလိုလိုပင်  မိမိ  ရောက်ရှိရာ   အရပ်ဒေသ၌ သင်္ကြန်ပွဲများကိုမရ ရတဲ့နည်း   ဖြင့်  စီစဉ်ဖန်တီး  ဆင်နွဲ   ကြပေလိမ်မည်။        ဝါတွင်း    ဥပုဒ်နေ့  ကို         အကြွေးမှတ်၍ အားလပ်သည့်  ရက်များတွင်   အစားပြန်လည်  ဥပုဒ်စောင့်ခြင်း    စသည်ကို        မပြုလုပ်ကြသော်လည်း သ င်္ကြန်  လိုပွဲမျိုး  ကိုတော့ အကြွေး မှတ်၍   အားလပ်သည့်တစ်ရက်    သို့မဟုတ် ရာသီဥတုစသည် အစဉ်ပြေသည့်   တစ်ရက်ရက် တွင် ပြန်လည် အစားထိုး  ကစားကြပေသည်။   မှတ်သားစရာ ပြည်ပရောက်  မြန်မာ ဓလေ့တစ်ခုပါပေ။   မြန်မာပြည်၌  သင်္ကြန်    ကျနေချိန်တွင်   အမေရိကန် နယူးယောက်ပြည်နယ် တွင်အလွန် ချမ်းအေး နေပါသေးသည်။   ထို့ကြောင့် ၄င်းသင်္ကြန်ကို မဆော့သေးပဲ အကြွေး  မှတ်ထား၍ ရာသီဥတု   ကောင်းသော  နေ့တစ်နေ့၌  ပြန်လည်  အစားထိုး ကျင်းပပြီး ပျော်ပါးကြသည်       ဟုမှတ်သားဖူးပါ သည်။   အခြားနိုင်ငံ၊  အခြားပြည်နယ်၊  အခြားမြို့များတွင်  ဘယ်ပုံ  ဘယ်နည်း ဖြင့် ကျင်းပကြသည်  မသိ။အမေရိကနိုင်ငံ နယူးယောက်ပြည်နယ် ရန်ဆယ်လီယာမြို့လေး  တွင်တော့ ဤနည်းအတိုင်း   ပင်ဖြစ်သည်။၎င်းသင်္ကြန်  အတုလေးသို့ ရောက်အောင် မစောင့်နိုင်တော့ပါ။  မြန်မာပြည်သို့  ထပြန်  ရန်မှာလည်းဘယ်နည်း နှင့်မှ    မဖြစ်နိုင်တော့။   ထို့ကြောင့်  ရရာနည်းလမ်းကို မဟာဗျူဟာမြောက် အသုံးချ၍  နိုင်ငံတကာရှိ   မြန်မာ ပြည်သူ ပြည်သား  အားလုံးကို  ရေပက်ထွက်နိုင်ရန် စီစဉ်လိုက်ပါသည်။       ကမ္ဘာတစ်ဝှမ်းလုံးမှ လာရောက်  ဆော့ ကစားကြမည်    ဖြစ်ခြင်းကြောင့်  အင်တာနေရှင်နယ် မဏ္ဍာပ်ထိုးမှ  ဖြစ်လေတော့မည်။ ထို့ကြောင့်   အင်တာနေရှင်နယ်     ရေကစားမဏ္ဍပ်      ဟု အမည်တပ်၍   ဖေ့စ်ဘွတ်ဂရု   တစ်ခုဖွင့်လိုက်သည်။ ၄င်းကို အင်တာနေရှင် ရေကစားမဏ္ဍာပ် အမှတ်(၁) ဟုအမည်ပေးလိုက်သည်။  ထို့နောက်Google Group တစ်ခု   ထပ်ဖွင့်လိုက်သည်။     ၄င်းကို    အင်တာနေရှင်နယ်         ရေကစားမဏ္ဍာပ် အမှတ်(၂)ဟု အမည်ပေးလိုက်သည်။   မုန့်လုံးရေပေါ်နှင့်   သင်္ကြန် ထမင်း ဟင်းများကိုလည်း    စားချင်သေး၏။  ထို့ကြောင့်   Google Image   မှ  မုန့်လုံးရေပေါ်နှင့်  သင်္ကြန်ထမင်းဟင်း ပုံများကို   Download လုပ်ပြီး ကွန်ပျူတာ Screen ၌ Wallpaper အဖြစ်ပြောင်းလဲ တပ်ဆင်လိုက်သည်။ ၄င်းပုံများကို ကြည့်လိုက် မဏ္ဍာပ်နှစ်ခုတို့ တွင် ရေဝင်ပက်လိုက်ဖြင့်အလုပ်ရှုပ်ပြီးတစ်ယောက်တည်း တစ်နေရာတည်းမှ ကမ္ဘာအနှံ့သို့ရေပက်နိုင်ခဲ့သည်။
           ဟိုင်း…ရေပက်လိုက်မယ်နော်……..            ဗွမ်း..              ဟု ဘောက်တစ်ခုဆီတွင် ရေးထည့်လိုက်သည်။    ဖြည်းဖြည်း    ပက်လေ    ဗွမ်း   ဆိုတဲ့    အသံကြီးက   နည်းနည်း   အရှိန်ပြင်းပြီး      ကြမ်းနေသလိုပဲ… ဟု စာပြန်လာသည်။   ထို့ကြောင့်  အသံနည်းနည်း လျှော့လိုက်သည်။
       ဖြန်း……..အား    နာတယ်   ခွက်စောင်းမခုတ်နဲ့  နာတယ်…      ဟု  နောက်တစ်ယောက်မှ    ဝင်ရေးသွားပြန်သည်။ အော်         သူတော့    ရေပက်  ခံလိုက်ရပြီ    ဟု သိလိုက် သည်။              နောက်တစ်ယောက် က……… ရွှီး…ရွှီး     ဟု ဝင်ရေးလိုက်၍   မော်တော်ပီကယ်    လမ်းဝင်  ရှင်းပေးနေ တာ လား လို့      မေးလိုက်သည်။
မဟုတ်ဘူး    ရေပိုက်အကြီးကြီးနဲ့    ပက်နေတာတဲ့..  ကဲ။      အင်တာနေရှင်နယ် မဏ္ဍာပ် အမှတ်(၁)ရော(၂)  ပါ လူစည်ကာားလာသည်။  တို့ကို  မချစ်တဲ့  အပျိုတွေ ဖိုးဖိုးကြီးနဲ့  ညားပါစေ  ဟူသော ဆုတောင်း တစ်ခုကြောင့်    လူကိုက  မြန်မာလို့မပြောရဘူး..မစားရတဲ့အမဲ သဲနဲ့ပက်တယ်..    ဟုပြန်ရေးသူ များလည်းရှိသည်။
  ဤ အခန်းကျဉ်းလေးထဲ၌ အနွေးထည်ဝတ် စောင်ချုံပြီး Heater ဖွင့်လျှက် ရေပက်လိုက်ရခြင်းကြောင့်  လက်များလည်း  အတော်လေး ညောင်းသွားသည်။     နိုင်ငံအသီးသီးရှိ ကိုယ့်လူမျိုးများကို ရေပက်
လိုက် ရ ၍ လည်း   အတော်လေး နေသာထိုင်သာ  ရှိသွားခဲ့သည်။      ဘာပဲပြောပြော     သင်္ကြန်ကိုလွမ်းတဲ့အလွမ်းတစ်ခု  ခေတ္တခဏ    လွင့်မျောသွားခဲ့သည် ။    သို့သော်   ထာဝရ    ပြေပျောက်    သွားခြင်းတော့မဟုတ်ပေ။       ထာဝရ  ကွယ်ပျောက်  လွင့်မျော  သွား၍     ရကောင်းသော   အရာရော ဟုတ်ပါသလား။

နှစ်သစ်ကူးအတွက် အားလုံးကို မေတ္တာရေပက်ဖြန်းလိုက်သော………နန်းရှင်