အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 23 February 2014

ကင်ဆာရောဂါအတွက် အာလူးစိမ်း

သောက်...သောက် .သောက်ကြစို့ဟေ့
ကင်ဆာရောဂါအတွက် အာလူးစိမ်း
*************************************
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကို
မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့
မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။

သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့
အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။
ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက
မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်
ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
ထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ
(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ
လက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။

Saturday 22 February 2014

ဆီးချိုသွေးချို ဖြစ်နေပါလျှင်

==ဆီးချိုသွေးချို ဖြစ်နေပါလျှင်====
===================

ရုံးပတီးငါးတောင့်ကို
လက်နှစ်လုံးခန့်အ၇ွှယ် ပိုင်းဖြတ်ပါ။
ပိုင်းဖြတ်ထားသော ရုံးပတီသီး အပိုင်းလေများကို
ေ၇လီတာဝက်(ေ၇သန့်ဘူးတစ်ဝက်)နှင့်
ညဖက်အိပ်ယာဝင်ချိန် စိမ်ထားပေးပါ။
နံနက်အိပ်ယာထချိန်တွင်
ရုံးပတီသီးများကို ဖယ်ထုပ်ပေးပြီး
ကုန်စင်အောင် သောက်ပေးပါက
သက်သာ ပျောက်ကင်းစေပါသည်။

ဇီဝဇော်

Friday 21 February 2014

"B" ပိုးရှိသူများအတွက် ဆေးတစ်ခွက်

B ပိုးကူးစက်ခံရသူများအတွက် သတင်းကောင်း
===========================

စပါးလင်အပင်ကို ရေဆေးပြီးပြုတ်ပါ...

လဖက်ရည်သောက်သည့် ခွက်ဖြင့် တနေ့ သုံးကြိမ်သောက်ပါ..

ခုနှစ်ရက်ပြည့်သောနေ့မှာ Bပိုးလုံးဝမရှိတော့တာကို တွေ့ရပါလိမ့်မယ်.



 https://www.facebook.com/photo.php?fbid=366175686857915&set=a.165878966887589.41760.100003964614556&type=1 မှကူးယူပါသည်။

Thursday 20 February 2014

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေး ဇူး

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေး
ဇူးတွေကို နဂါးပျံ မိသားစုမှ မျှဝေတင်ဆက်လိုက်ပါတယ်..

ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး

ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။

ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။

ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။

အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-

(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။

(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။

(၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။

(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။

(၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း

သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။

Credit :မြ၀တီ

Saturday 15 February 2014

ခြေထောက် အသားမာတက်လို့ အလှပျက်ပြီး စိတ်ညစ်နေတဲ့ ပျိုမေများအတွက်



စပယ်ပန်းက.အနံ့သင်းပျံ့မှုကြောင့်ကျော့်ကြားပါတယ်။
စပယ်ရနံ့ပါတဲ့ ဆံပင်လိမ်းဆီကို
အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း သဘောကျတတ်ပါတယ်။
ခြေထောက် အသားမာတက်တာကို ဖယ်ရှားဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ။ိ

ပါဝင်သောပစ္စည်းများ
------------------------*စပယ်ပန်းရွက် အနည်းငယ်

* ကြက်ဆူဆီ

ပြုလုပ်နည်း -- စပယ်ပန်းရွက်ကို
ရေ သေချိာဆေးကြောပြီး ကြိတ်ချေကာ စေးပျိစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။
ပြီးရင် ကြက်ဆူဆီအနည်းငယ် ရောပါ။

အသုံးပြုပုံ -- ချြေထာက်အသားမာနေရာတွေကု တစ်နေ့ နှစ်ကြိမ် သုတ်လိမ်းပါ။

သတိပြုရန်-- ရေခဲသေတ္တာထဲ နှစ်ရက်လောက်သိမ်းထားနိုင်ပါတယ်

မှတ်ချက် အပင်ထွက်ပစ္စည်းများနှင့် အသားအရေထိန်းသိမ်းနည်း (၂) ဇွန်ခိုင်ဦး (ဆေးဝါးတက္ကလိုလ်)
အမှတ် (၂၅၇) ဒီဇင်ဘာလ
၂၀၁၃ ခုနှစ် အာရောဂျံ ကျန်းမား မဂ္ဂဇင်း

Sunday 2 February 2014

သုံးရက်အတွင်း အဆုတ်သန့်နည်း

သုံးရက်အတွင်း အဆုတ်သန့်နည်း
===================
သင့်အဆုတ် ကျန်းမာချင်ပါသလား။ အောက်ပါ နည်းလမ်း ခုနစ်သွယ်တို့ဖြင့် 

လိုက်နာကျင့်သုံးပါ။ (၁) ဂရိတ်ဖရုသီး (သို့မဟုတ်) နာနတ်သီးတို့ထဲတွင် 

အသက်ရှူလမ်းကြောင်းစနစ်ကို တိုးတက်ကောင်းမွန် စေသော 

သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အလုံ အလောက်ပါရှိသဖြင့် 

ထိုသစ်သီးဖျော်ရည်တို့ကို တစ်နေ့ လျှင် ၃၀၀ မီလီ လီတာခန့်သောက်ပါ။ (၂) 

နံနက်ထမင်းစားပြီးချိန်နှင့် နေ့လယ်စာ မစားမီ ကြားကာလအတွင်း 

မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ သောက်ပေးခြင်းဖြင့် သုံးရက်အတွင်း 

သွေးထဲရှိ အယ်လ် ကာလီဓာတ်ကို မျှတစေသည်။ (၃) ပိုတက်စီယမ်သည် 

အဆိပ်အတောက်များကို ပြေစေ သော အစွမ်းရှိသဖြင့် 

ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော တရုတ်နံနံပင် (သို့မဟုတ်) ဟင်းနုနယ် 

(သို့မဟုတ်) ငှက်ပျောသီးဖျော်ရည် ၄၀၀ မီလီလီတာခန့်ကို နေ့လယ် 

ထမင်းစားပြီးတိုင်း သောက်သုံးပေးပါ၊ အစာလည်း ကြေညက်စေပါသည်။ (၄) 

ဘလူးဘယ်ရီသီးများတွင်ပါရှိသော အစွမ်းထက်မြက် 

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အဆုတ်ရောဂါ ဗက်တီး ရီးယားပိုးများကို 

တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ရာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်) 

အနက်ရောင် စပျစ်သီးဖျော်ရည် ၄၀၀ မီလီလီတာခန့် သောက်သုံးပါ။ (၅) 

ခန္ဓာကိုယ်မှ အဆိပ်အတောက်များ လျှော့ချရန် ချွေးများများထွက်ဖို့ လိုပါသည်။ 

ထို့ကြောင့် ခပ်မြန်မြန်လမ်း လျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ခြင်း စသည့် 

ကိုယ်ကာယ လေ့ကျင့်ခန်း ခပ်ပြင်းပြင်းကို နေ့စဉ် မိနစ် ၂၀ ခန့် မရပ် မနား 

လုပ်ပေးသင့်ပါသည်။ (၆) လေဝင်လေထွက် ခပ်ပြင်းပြင်းရှိုက်၍ အသက်မှန်မှန် 

ရှူခြင်းက အဆုတ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်း တစ်ခုပါ။ (၇) 

ယူကလစ်ပင်အဆီ ငါးစက်မှ ၁၀ စက်ခန့်ကို ရေနွေးပူပူ ထဲထည့်ကာ 

ရေအေးလာသည်အထိ ရေနွေးငွေ့ကို ရှူရှိုက် ပါ။ ထိုရှူဆေးရနံ့က ချွဲသလိပ်နှင့် 

နှာရည်ကို ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းပွင့်လာပါလိမ့်မည်။

It ငတက်ပြား - စွယ်စုံ
သင့်အဆုတ် ကျန်းမာချင်ပါသလား။ အောက်ပါ နည်းလမ်း ခုနစ်သွယ်တို့ဖြင့် လိုက်နာကျင့်သုံးပါ။ (၁) ဂရိတ်ဖရုသီး (သို့မဟုတ်) နာနတ်သီးတို့ထဲတွင် အသက်ရှူလမ်းကြောင်းစနစ်ကို တိုးတက်ကောင်းမွန် စေသော သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အလုံ အလောက်ပါရှိသဖြင့် ထိုသစ်သီးဖျော်ရည်တို့ကို တစ်နေ့ လျှင် ၃၀၀ မီလီ လီတာခန့်သောက်ပါ။ (၂) နံနက်ထမင်းစားပြီးချိန်နှင့် နေ့လယ်စာ မစားမီ ကြားကာလအတွင်း မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ သောက်ပေးခြင်းဖြင့် သုံးရက်အတွင်း သွေးထဲရှိ အယ်လ် ကာလီဓာတ်ကို မျှတစေသည်။ (၃) ပိုတက်စီယမ်သည် အဆိပ်အတောက်များကို ပြေစေ သော အစွမ်းရှိသဖြင့် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော တရုတ်နံနံပင် (သို့မဟုတ်) ဟင်းနုနယ် (သို့မဟုတ်) ငှက်ပျောသီးဖျော်ရည် ၄၀၀ မီလီလီတာခန့်ကို နေ့လယ် ထမင်းစားပြီးတိုင်း သောက်သုံးပေးပါ၊ အစာလည်း ကြေညက်စေပါသည်။ (၄) ဘလူးဘယ်ရီသီးများတွင်ပါရှိသော အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အဆုတ်ရောဂါ ဗက်တီး ရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ရာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်) အနက်ရောင် စပျစ်သီးဖျော်ရည် ၄၀၀ မီလီလီတာခန့် သောက်သုံးပါ။ (၅) ခန္ဓာကိုယ်မှ အဆိပ်အတောက်များ လျှော့ချရန် ချွေးများများထွက်ဖို့ လိုပါသည်။ ထို့ကြောင့် ခပ်မြန်မြန်လမ်း လျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ခြင်း စသည့် ကိုယ်ကာယ လေ့ကျင့်ခန်း ခပ်ပြင်းပြင်းကို နေ့စဉ် မိနစ် ၂၀ ခန့် မရပ် မနား လုပ်ပေးသင့်ပါသည်။ (၆) လေဝင်လေထွက် ခပ်ပြင်းပြင်းရှိုက်၍ အသက်မှန်မှန် ရှူခြင်းက အဆုတ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်း တစ်ခုပါ။ (၇) ယူကလစ်ပင်အဆီ ငါးစက်မှ ၁၀ စက်ခန့်ကို ရေနွေးပူပူ ထဲထည့်ကာ ရေအေးလာသည်အထိ ရေနွေးငွေ့ကို ရှူရှိုက် ပါ။ ထိုရှူဆေးရနံ့က ချွဲသလိပ်နှင့် နှာရည်ကို ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းပွင့်လာပါလိမ့်မည်။ It ငတက်ပြား - စွယ်စုံ

Saturday 1 February 2014

စိတ်ညစ်ရင် အာရုံပြောင်းပါ


တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒီလိုနဲ့  တစ်နေ့  မှာ စိတ်ညစ်စရာ အာရုံတစ်ခုနဲ့ တွေ့ ပြီး လူထွက်ချင်လာပါသတဲ့။
ကိုရင် တိဿက သူစိတ်ညစ်လို့ လူထွက်ချင်တဲ့အကြောင်းကို ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက “ အင်း အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး၊ အာရုံကြောင့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပဲ ပြန်ကုပေးမှ။ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး
ပျော်ရွှင်တတ်ကြတယ်။ ဒါကြောင့် အာရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ” ဆိုပြီး တွေးမိပုံရပါတယ်။
 ဒါကြေင့် ဆရာဘုန်းကြီးက -“ ကောင်းပြီ ငါ့တပည့်၊ လူထွက်ဖို့  ဆုံးဖြတ်ပြီးရင်လည်း ငါတို့ မတားလိုဘူး။
ဒါပေမယ့် ငါတို့ နေတဲ့ ကျောင်းဟာ ချိုးရေ အလွန်ရှားတယ်။ ငါ့တပည့် လူမထွက်ခင် ငါတို့ ကို ရေပေါရာ
စိတ္တရတောင်ကို ပို့ ပေးခဲ့ပါဦး ” လို့  မိန့် လိုက်ပါတယ်။
ကိုရင်တိဿကလည်း ဆရာဘုန်းကြီးပြောတဲ့အတိုင်း သူ့ ဆရာကို စိတ္တရတောင်ကို ပို့ ပေးရှာပါတယ်။
စိတ္တရတောင်ရော က်တော့ ဆရာဘုန်းကြီးက ဘယ်လိုထပ်မိန့် ပြန်သလဲဆိုတော့ “ ငါ့တပည့်ရယ်၊ ဒီစိတ္တရတောင်တွေမှာ ရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင် သံဃိကကျောင်းတွေကွဲ့ ၊ သံဃိကကျောင်း ဆိုတော့ နေတာထိုင်တာ အစစအရာရာ ဆင်ခြင်နေရတယ်။ သိပ်လွတ်လပ်မှု မရှိဘူးပေါ့။
ဒါ့ကြောင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလေးတစ်ကျောင်းတော့ လိုချင်တယ်၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ် ” လို့  ဆက်မိန့် ပါတယ်။
ကိုရင်တိဿကလည်း လူထွက်ခါနီး ဆရာသမားကို နောက်ဆုံးပြုပေးခြင်းဆိုတဲ့ အသိနဲ့  တက်တက်ကြွကြွနဲ့ ပဲပြုပေးရှာပါတယ်။ ကိုရင်တိဿ ဆောက်ပေးဖို့ စိတ်ကူးတဲ့ ကျောင်းကလေးက  သူတို့ သီဟိုဠ်ခေတ်က ကမ္မဋ္ဌာန်း ဘုန်းကြီးတွေ အကြိုက် လှိုဏ်ဂူကျောင်း ပုံစံလေးပါ။
ဒါကြောင့် ကိုရင်တိဿလည်း ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့် ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာသေချာစိတ်စားပါတယ်။ ပြီးတော့မှ ဥတုသုံးပါးနဲ့ လည်း သင့်တော်မယ့်
တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်းစတူးပါတယ်။
အံ့သြဖို့ ကောင်းတာက ကိုရင်တိဿဟာ နောက်ဆုံး အခွင့်အရေးဆိုတဲ့ နှလုံးသွင်းနဲ့ 
အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်နေတာပါပဲ။ သူတစ်ပြိုင်နက် လုပ်နေတဲ့ အလုပ်က ကမ္မဋ္ဌာန်းကျောင်း အတွက် လှိုဏ်ဂူတူးတာရယ်၊ဆရာဘုန်းကြီးဆီမှာသင်ခဲ့တဲ့သံယုတ္တနိကာယ်ကျမ်းကြီးကို
ရွတ်ဖတ်သရဇ္ဈယ်နေတာရယ်၊ တေဇောကသိုဏ်းကို ရှုမှတ်ပွားများနေတာရယ်ပါ။
ထပ်ပြီး အံ့သြဖို့ ကောင်းတာက ကမ္မဋ္ဌာန်းလှိုဏ်ဂူပြီးစီးတဲ့နေ့ မှာပဲ သံယုတ္တ နိကာယ်ကျမ်း ရွတ်ဆိုသရဇ္ဈယ်မှုပြီးဆုံးသွားသလို ပွားများနေဆဲတေဇောကသိုဏ်းဟာလည်း အပ္ပနာဈာန် အဆင့်ထိ ရောက်လာခဲ့တာပါပဲ။(၀ိပဿနာအဆင့်ထိ မရောက်သေးဘူးပေါ့။)
ကိုရင်တိဿလည်း အားရ၀မ်းသာနဲ့ ကျောင်းဆောင်ပြီးသွားပြီးဖြစ်တဲ့အကြောင်း ဆရာဘုန်းကြီး ကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက လှိုဏ်ဂူကျောင်းဆောင်ကလေးကို ကြည့်ပြီး ဘယ်လိုထပ်မိန့် ပြန်သလဲ ဆိုတော့ -“ အို .. ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား၊ ငါတို့ တော်တော်သဘောကျပါတယ်ကွယ်။
ငါ့တပည့် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေးဆိုတော့ ငါ့တပည့်က ဒီနေ့ တစ်ရက်တော့  အရင်နေလိုက်ပါဦး၊ပြီးတော့ ငါ့တပည့်က လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာဆိုတော့
ငါတို့ ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့ လည်းစွမ်းနိုင်သလောက် ဒီလှိုဏ်ဂူလေးထဲမှာ
ရှုမှတ်ပွားများ လိုက်ပါဦး ” လို့  ဆက်မိန့် လိုက်ပြန်တယ်။
ကိုရင်တိဿလည်း ဆရာစကားအတိုင်းမိမိပြုလုပ်ထားတဲ့ လှိုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ်။
လှိုဏ်ဂူလေးကလည်း အသစ်လှလှလေး၊ ရာသီဥတုကလည်းသာယာ၊ ဒီတော့ ကိုရင်တိဿရဲ့  စိတ်မှာ ၀မ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ်။ ပြီးတော့ တေဇောကသိုဏ်းပွားပြီး အပ္ပနာဈာန် အထိလည်း ရထားတာဆိုတော့ ပီတိနဲ့ ရထားတဲ့ အပ္ပနာဈာန်ကို အခြေခံပြီး တရားအားထုတ်လိုက်တာ  အရဟတ္တဖိုလ်တည်ပြီး ရဟန္တာဖြစ်သွားပါတော့တယ်။
ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကို မှန်းပြီး ဦးချပြီးတော့
“ သြော် စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကို ယိမ်းမနေပါလား။ အာရုံပြောင်းလိုက်တာနဲ့ 
ဘ၀တစ်ဆစ်ချိုးပြီး အမြင့်ဆုံး ပန်းတိုင်တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားပါလား ” လို့ 
ဆင်ခြင်မိလိုက်ပါသတဲ့။
ကဲ ... စာဖတ်သူ ညီငယ် ညီမငယ်တို့ ရော .. စိတ်ညစ်ရင် စိတ်ညစ်တဲ့ အတိုင်း မထားပါနဲ့ ။
လောကပြစ်၊ ဓမ္မပြစ် မဖြစ်စေတဲ့ ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို ပြောင်းလိုက်ပါနော်....။

- ကျမ်းကိုး
မူလပဏ္ဏသအဋ္ဌကထာ(ပ)တွဲ၊စာမျက်နှာ (၃၉၅)
ရဝေနွယ်(အင်းမ)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm