အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday, 10 October 2012

ပုထုဇဉ်တို့ပျော်စံရာ: အဖွား နှင့် လက်ထပ်သည့် မြေး အချစ်ဇာတ်လမ်း

 လောကမှာမဖြစ်နိုင်ဘူးဆိုတာတွေကိုတခါတရံမှာကြားမြင်ရတတ်ပါတယ်ဒီအထဲကတစ်ခုကတော့
အသက် ၇၂ ရှိပြီးဖြစ်တဲ့ Pearl Carter တစ်ယောက်ကတော့ ယောက်ျားငယ်ငယ်လေး ရထားတော့ အပျော်ကြီးပျော်နေမှာဖြစ်ပါတယ်။ နောက်ပြီး ခလေးယူဖို့အတွက်ပါ ကြိုးစားနေတယ် လို့လဲဆိုပါတယ်။ ဒါပေမဲ့ ပင်စင်ရနေပြီဖြစ်တဲ့ သူအသက်အရွယ်နဲ့တော့ ကိုယ်တိုင် ကိုယ်ဝန်လွယ်ဖို့ဆိုတာ
မဖြစ်နိုင်တော့ပါဘူး။
ခလေးလိုခြင်လွန်းလို့ သူတို့နှစ်ယောက်ရဲ့ မျိုးဥကိုယူပြီး အမေရိကန်ဒေါ်လာ ၅၄ဝဝဝ ကျော်အကုန်ခံပြီး အငှား ကိုယ်ဝန်လွယ်ဖို့ အတွက်ကြိုးစား ခဲ့ပါတယ်။ သူဟာဘာကြောင့်ဒီအသက်အရွယ်ရောက်တော့မှာ မိခင်တဖန် ပြန်ပြီးဖြစ်ခြင်ရတာလဲ၊ ဒါထက်ပိုပြီးတော့ တုန်လှုပ်ဖို့ကောင်းတာကတော့ သူ့ရဲချစ်သူ ယောက်ကျားဟာ သူ့မရဲ့မြေးဖြစ်နေလို့ဘဲဖြစ်ပါတယ်။ နာမည်ကတော့ Phil Bailey ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိပါပြီဖြစ်ပါတယ်။
 Phil ဟာ Pearl သမီး Lynette Bailey ရဲ့သား အရင်းဖြစ်ပါတယ်။ တကယ်တော့ဒါဟာ လူ့အသိုင်းဝိုင်းမှာ အရမ်းတုန်လုပ်ဖို့ကောင်းပြီး မလုပ်သင့် မလုပ်အပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။
သူတို့နှစ်ယောက်တွေ့ခဲ့ပုံကတော့ တော်တော်လေး ဆန်းကျယ်ပါတယ်။ Pearl Carter  ဟာ အသက် ၁၈ နှစ်အရွယ်မှာ အဖေမပေါ်တဲ့ Lynette Bailey ကိုမွေးဖွားခဲ့ပါတယ်။
အဲ့ဒီအချိန်ကတော့ Pearl Carter ဟာ ကသလစ်ဘာသာဝင် တွေဖြစ်တဲ့သူမိဘများနဲ့ အမေရိကန်နိုင်ငံ Indiana ပြည်နယ်မှာနေထိုင်ခဲ့ပါတယ်။ သူ့မိဘတွေကလဲ အရှက်ကွဲမှာ စိုးတဲ့အတွက် ခလေးကို မွေးစားခြင်တဲ့သူမွေးစားဆိုပြီး အဝေးတနေရာကို ပေးလိုက်ပါတယ်။ Pearl Carter ဟာ
သူ့သမီးကိုလုံးဝမမြင်ဖူးခဲ့ပါဘူး။ နောက်ဆုံးတော့ သူလဲ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီယောက်ျားနဲ့ တော့ ခလေးတစ်ယောက်မှ မထွန်းကားခဲ့ပါဘူး။ ဒီလိုနဲ့ဘဲ သူများကိုပေးမွေးစားခဲ့တဲ့ Lynette Bailey မှာလဲ ၁၉၈၃ ခုနှစ်မှာ Phil ကိုမွေးဖွားခဲ့ပါတယ်။ Phil ၁၈ နှစ်အရွယ်မှာ သူ့အမေက သူ့ဘဝအကြောင်း သူမှာအမေအရင်း (Phil အဖွား)ရှိသေးတယ်ဆိုတာ ကိုဖွင့်ပြောခဲ့ပြီး Phil အမေ Lynette Bailey ဟာ ဦးနှောက် ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ Phil တစ်ယောက် အမေသေပြီး ၆ လလောက် အကြာမှာတော့ တစ်ကောင်ကြွက် ဖြစ်သွားတဲ့ Phil ဟာ မိသားစုဘဝကိုမျှော်လင့်ပြီး သူ့ရဲ့အသက်ရှိထင်ရှားရှိသေးတဲ့အဖွားကို တွေ့အောင် ရှာဖို့ဆုံးဖြတ်ချက်ချပြီး လိုက်ရှာခဲ့ပါတယ်။
 
(Pearl Carter လက်ထပ်ခဲ့တဲ့ ယောက်ျားက သေသွားတာလား၊ ကွဲသွားတာလာ ဒါမှမဟုတ် သူ့ယောက်ျားရော သူ့မြေးနဲ့ပါ နှစ်ယောက်စလုံးကို တပြိုင်တည်းပေါင်းနေလားဆိုတာတော့ ဖော်ပြ ထားခြင်းမရှိပါဘူး။)ဒီလိုနဲ့ ဘဲ Phil ဟာ သူရဲ့အဖွားလိပ်စာကို ရရှိသွားခဲ့ပြီး စာတစ်စောင် ရေးပို့ လိုက်ပါတယ်။ နောက်ဖုန်းနဲ့ဆက်သွယ်ကြသလို အီးမေလ်းနဲ့သူ့ရဲ့ဓါတ်ပုံကိုလဲ အဖွားဖြစ်သူဆီကို ပို့ပေးပြီး လူချင်းတွေ့ကြဖို့ ပြောခဲ့ကြပါတယ်။
 ၂ဝဝ၆ ခုနှစ်ထဲမှာ မြေးဖွားနှစ်ယောက်ဟာ လူချင်း ပထမဆုံးအကြိမ်တွေခဲ့ပါတယ်။ Pearl Carter ကပြောရာမှာ ပထမဆုံးအကြိမ်တွေ့လိုက် ကတည်းက သူတို့နှစ်ယောက် ပါတ်သက်မှု့ဟာ မြေးနဲ့အဖွား ကြားမှာရှိတဲ့ မြေဖွားအချစ်လို ဖြစ်လာမှာမဟုတ်ဘူး လို့စိတ်ထဲမှာသိလိုက် တယ် လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့ သူနဲ့တွေ့ခဲ့ပြီးကတည်း သူ့ကိုသတိရတမ်းတ နေမိ တယ်လို့ Pearl Carterကပြောပြပါတယ်။
 ဒီနှစ်အစောပိုင်းကစပြီးတော့ Phil အတူသွား အတူစား ပြုလုပ်နေရင် နှစ်ပါတ်လောက် အကြာမှာတော့ Phil နဲ့ပါတ်သက်ပြီး ကာမဂုဏ်စိတ်တွေ လဲ နိုးကြားထကြွ လာခဲ့ပြီး Phil ကို သူမအခန်းထဲကို သွေးဆောင်ဖျားယောင်းခေါ်သွားပြီး ကုတင်ပေါ်မှာထိုင်ခိုင်းပြီး အနမ်းတွေပေးကာ အပေါ်မှ နေပြီး Phil ကို လဲချလိုက်တယ်လို့ ပြောပါတယ်။ ပထမတော့ သူဒါမျိုးလုပ်တာကို Phil အနေနဲ့ လက်ခံမှာမဟုတ် လို့ထင်ခဲ့သော်ငြားလဲ လက်တွေမှာ တော့ Phil ဆီက အနမ်းတွေကို ပြန်ရခဲ့တယ်လို့ Pearl Carter ပြောပါတယ်။ လက်သမားတစ်ယောက်ဖြစ်တဲ့ Phil Bailey က ကျွန်တော်သူ့ကို နမ်း
ခြင်တဲ့ စိတ်တွေကို လုံးဝတားစီးထိန်းချူပ်လို့ မရဘဲ ဖြစ်ခဲ့ရပါတယ် လို့ပြောပါတယ်။ အခုဆိုရင်တော့ အတူတူ နေထိုင်ကြပြီး တစ်ပါတ်ကို သုံးခါ
ချစ်ရည်လူးကြတယ်လို့ ပြောပါတယ်။ (သွေးတိုးရောဂါလဲ ကာကွယ်ပြီးသားဖြစ်တာပေါ့) ။
 
Pearl Carter ၊ Phil နှင့် ကိုယ်ဝန်အငှားသယ် Roxanne Campbell
အခုတော့သူတို့နှစ်ယောက်မှာ ခလေးရှိနေပြီးလို့ ပြောပါ တယ်။
သူတို့ရဲ့ သန္ဓေသားကိုတော့ Roxanne Campbell ဆိုတဲ့အမျိုးသမီးက လွယ်ပေးထားတယ်လို့သိရပါတယ်။
ညွှန်း။  http://forverfriends.ning.com/
 http://pyawchintarlaytwe.blogspot.com/2012/07/blog-post_16.html?spref=bl  မှကူးယူတင်ပြပါသည်။

ခွပ်ဒေါင်းကြယ်စင်: အမေရိကန်မဲဆောက်

အဲဒီမြို့ဟာ
လူများပြီး ပွဲမစည်တဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
အရူးကို လင်လုပ်ထားရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ဂလိုဘယ်လ်ဆန်ဆန် လူမျိုးစုံပြီး
ဂလိုဘယ်လ်ဆန်ဆန်လည်း ပြဿနာစုံတယ်...

အဲဒီမြို့မှာ
တယောက်နဲ့တယောက် အကြောင်းညီညွတ်ရင်
ဘောင်းဘီချွတ်လို့ရတဲ့ နောက်မီးလင်းညနေခင်းတွေလည်းရှိတယ်...

အဲဒီမြို့ဟာ
တယောက်နှစ်ပေါက်နဲ့ နှစ်ယောက်မှာလေးခြမ်းကွဲပြီး
အယူတိမ်းလို့ နတ်စိမ်းဖြစ်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ပါတီနဲ့မွေးနေ့ပွဲတွေမှာ လူများသလောက်
နိုင်ငံရေးအခမ်းအနားတွေမှာ တစ္ဆေခြောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
ဆွေမျိုး၇ဆက်လမ်းဖောက်ပြီး အိမ်လွမ်းသူတွေရှိသလို
ဇာတိငတ်နေတဲ့ တကောင်ကြွက်သူပုန်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
ဒယ်ဘယ်လ်ချာ့တ် စတိုးဆိုင်တွေများသလို
ရွှေအတု ငွေအတု စိန်အတု လိင်အတု ဘာသာအတု လူနာအတုနဲ့
အဖေအမေအတု အရေးအခင်းအတု လူအတုတွေလည်းများတယ်...

အဲဒီမြို့မှာ
ဂြိုလ်တုစလောင်း အင်တာနက်တွေထက်အားကောင်းတဲ့
ရပ်ကွက်သတင်းကွန်ယက် အင်တာပျက်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
အမေရိကန်ရောက် အန်တီမဲဆောက်တွေရှိသလို
ပြန်တော်ပြန် အန်ကယ်လ်အမေရိကန်တွေလည်းရှိတယ်...

အဲဒီမြို့ဟာ
ရသမျှဖရီးရိုက်တတ်တဲ့ အချောင်စရိုက်တွေနဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ယဉ်ကျေးမှုခြေရာပျောက်ပြီး နိုင်ငံရေးရေနောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လူမှုရေးနွားကွဲလို့ စီးပွားရေးကျားဆွဲခံနေရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ခေါင်းမော့ပြီး လေထဲကို တံတွေးထွေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လေထဲမှာ တိုက်ဆောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
“က” နဲ့ “ယ”၊ “ေ” နဲ့ “ခ” မှားရေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
မျက်မှန်နဲ့အကိုကြီးပြောတဲ့
ဖေဂါ (Figure) တွေပေါပြီး မိတ်ကာ (Maker) တွေရှားတယ်...

အဲဒီမြို့မှာ
နိုင်ငံရေးအလှည့်အပြောင်းတိုင်း ဂျီးဒေါ်နွားကျောင်းနေရတဲ့
မိတ်ကာ(Maker) စစ်စစ် ရာဇဝင်”ဗိုလ်ချစ်”နေတယ်...။ ။


http://saungyunela.blogspot.com

 http://zawmyolwin.blogspot.com/2011/08/blog-post.html?spref=bl မှကူးယူတင်ပြပါသည်။

Monday, 8 October 2012

သိစေချင်လို့ ပါ



ကျမကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတခုရယ် ပြောပြလို့ သိခဲ့ရတဲ့အဖြစ်အပျက်လေးတခုရယ်ပါ။ ကျမတို့ မြန်မာနိုင်ငံ မြ၀တီလို့ ခေါ်တဲ့မြို့ ကလေးမှာဖြစ်ပျက်ခဲ့တာပါ။ ကျမတို့ မြန်မာနိုင်ငံသားအများစုက နိုင်ငံကနေတရားဝင်ထွက်ခွါခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ကိုယ်နိုင်ငံသို့ ကိုယ်ပြန်သောအခါတွင် အောက်လမ်းဟုခေါ်သောထိုင်းနိုင်ငံမှ မြ၀တီသို့ ဝင်ရောက်သောလမ်းဖြင့်ဝင်လာခဲ့ကြပါသည်။ ပွဲစားများဖြင့်လာခဲ့ကြခြင်းဖြစ်ပါသည်။
မလေးရှားမှပြန်လာသော အမျိုးသားတဦးအကြောင်းဖြစ်ပါသည်။ သူသည်လည်းမည်သည့်အကြောင်းကြောင့် အောက်လမ်းမှပြန်လာခဲ့သည်မသိပါ။ သို့ သော်သူ ပါလာသော သူစုဆောင်းခဲ့သော ငွေကြေးများကို မြ၀တီမြို့ ရောက်သောအခါမှ လဲလှယ်ခဲ့ပါသည်။ ပွဲစားမှပင်ပို့ ပေး၍ သူသွားရောက်လဲခဲ့ခြင်းဖြစ်ပါသည်။ သူ၏ငွေ မလေးရှားငွေ ရင်းဂစ် ငါးထောင် ဖြစ်ပါသည်။ ထိုအချိန်က မလေးငွေ ရင်းဂစ် သုံးရာကို တစ်သိန်းရရှိခဲ့ပါသည်။ ထိုသို့ ဖြင့်သူလဲလှယ်ခဲ့ပါသည်။ သူသည်ပိုက်ဆံကို အရည်အတွက်ကိုမရေကြည့်ဘဲ အထပ်လိုက်သာကြည့်၍ ယူသည့်အပြင် သူသည်မြန်မြန်ဆန်ဆန်ကားဂိတ်ကိုလိုက်ပို့ ပေးချင်နေသော ပွဲစားကလဲလောနေသောကြောင့် သူသည်သေသေချာချာမကြည့်ဖြစ်ခဲ့ပါတဲ့။ သို့ နှင့်သူ့ ကိုပွဲစားက ကားဂိတ်သို့  လိုက်ပါပို့ ဆောင်ပါသည်။ သူ၏လမ်းတလျှောက်လုံးလဲမည်သို့ မှလဲမသိခဲ့ပါ။ ယုံကြည်စွာဖြင့်လဲလှယ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
သူအိမ်သို့ ရောက်သောအခါပိုက်ဆံကိုစစ်ကြည့်သောအချိန်တွင် သူ၏ယုံကြည်မှုများသည် သူ့ ကိုအလွဲသုံးစားလုပ်ခြင်းခံလိုက်ရပါသည်။ သူအား ငါးရာတန်အရွက် ၂၀ထည့်မှ တသောင်းပြည့်မည့်နေရာတွင် ငါးရာတန် ဆယ်ရွက်သာထည့်ထားပြီး ငါးထောင်သာရှိခဲ့ပါသည်။ သူ၏ပိုက်ဆံ ဆယ့်ငါးသိန်းကျော် ကျော်သည်
ငါးရာတန်တ၀က် ထောင်တန်တ၀က်ပေးခဲ့သောကြောင့်သူရရှိခဲ့သောငွေမှာအပြည့်မရရှိခဲ့ပါ။ ပြီးတော့သူ့ အားပို့ ပေးခဲ့သောကားဂိတ်မှာလည်းမြို့ စွန်ရှိ နေရာတခုတွင်ဖြစ်ပြီး သူတို့ ငွေလဲသောနေရာသို့ ပြန်မလာနိုင်သော နေရာတွင် ထားပေးခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်သောစိတ်ဓါတ်များကို ဖျက်ဆီးပြစ်နေခြင်းလား၊ သို့ မဟုတ် မြန်မာနိုင်ငံသားအချင်းချင်းခေါင်းပုံဖြတ်ခြင်းလား ဝေခွဲလို့ ပင်မရနိုင်တော့ပါ။
ကျမကိုယ်တိုင်ကိုယ်တွေ့ ကြုံခဲ့ရခြင်းအကြောင်းကတော့ ကျမမြ၀တီသို့ သွား၍ကျမတွင်ရှိနေသော ထိုင်းဘတ်ငွေ သုံးထောင်အား လဲလှယ်မိပါသည်။ ကျမမြန်မာပြည်သားအချင်းချင်းမို့ ယုံကြည်မိပါသည်။ ကျမဇီးတောဂိတ်မှ ဆိုင်ကယ်စီးလာပြီး ငွေလဲရန်လာသောအခါ ငွေလဲသောပွဲစားက ကျမအားပိုက်ဆံလဲလျှင်အလွန်စိတ်ချရသောသူ၏ သူငယ်ချင်းဆိုင်တွင်လဲလှယ်၍ ရကြောင်းပြောပါသည်။ ကျမသည်လည်း အမြန်ပြီးပြီးရောသဘောဖြင့် လဲရန်လို်က်ပါလာပါသည်။ ကျမက ပိုက်ဆံရှစ်သောင်းနဲ့ ခြောက်ရာရပါသည်။ ကျမအား ထောင်တန်ကလေးသောင်းနဲ့ ငါးရာတန်လေးသောင်းပေးပါသည်။ ကျမလဲ အရည်အတွက်ကိုမရည်ကြည့်ဘဲ အုပ်ရေသာကြည့်၍ယူခဲ့မိပါသည်။ ကျမ ကားလက်မှတ်ဝယ်ရန် ကားဂိတ်သို့ ဆိုင်ကယ်နှင့် ထိုပိုက်ဆံလဲသော ပိုက်ဆံပွဲစားကလိုက်ပို့ ပါသည်။ ကျမကားဂိတ်ရောက်၍ ကားလက်မှတ်ဝယ်ရန် ထိုသူက သူ၏အသိမိန်းမတွင်ကားလက်မှတ်ထပ်ဝယ်ခိုင်းပါသည်။ကားလက်မှတ်မှာတန်ဖိုးက ကိုးထောင်သာကျပါသည်။သူတောင်းသည်က တစ်သောင်းနစ်ထောင်ဖြစ်ပါသည်။ ကျမတွင်ထပ်ပြီး သုံးထောင်အမြတ်တင်ပြန်ပါသည်။ ကျမမသိသေးပါ။ ကျမလက်မှတ်ဝယ်ရန်ထောင်တန်ပေးမည်ပြင်ပြီးမှ ငါးရာတန်သာပေးလိုက်တော့မည်ဟု ပေးဖြစ်ပါသည်။ ထိုတွင် ကားလက်မှတ်ရောင်းသောမိန်းမက အမပေးတဲ့ပိုက်ဆံက ငါးထောင်ထဲ ဟုပြောမှ ကျမသေသေချာချာပြန်ရေကြည့်လိုက်ရာ ငါးရာတန်အုပ်တိုင်းတွင် ဆယ်ရွက်သာထည့်ထားသည်ကိုတွေ့ လိုက်ရပါတော့သည်။ ကျမကိုလိုက်ပို့ သော ပွဲစားမှာ ထိုအမျိုးသမီးအားရန်လုပ်နေပါသည်။ ကျမအားလည်း အမထောင်တန်ပေးလိုက်လေ ဟုပြောပါသေးသည်။ ကျမက ငါပေးချင်တာပေးမှာပေါ့ နင့်ပိုက်ဆံမှမပြည့်တာ နင်နဲ့ ငါလမ်းမှာလဲအတူတူလာတာ ငါဘာမှလဲမ၀ယ်ဘူး ဘယ်မှလဲမ၀င်ဘူး နင်အသိဆုံးဘဲ အဲ့ဒီတော့ နင့်သူငယ်ချင်းဆိုင် ကိုငါ့ကိုပြန်ပို့ နင်သက်သေရှိတယ်နော် ငါဘာဆိုဘာမှမသုံးရသေးဘူး ဟုပြောသောအခါ ဘေးမှကားသမားများကလည်း အမမြန်မြန်သွားပြန်ပြော ကူညီလိုက်ပါကွာနှင့် ၀ိုင်းပြောပေးသောကြောင့် ကျမကိုသူကအပြစ်ပင်ထပ်တင်လိုက်ပါသေးသည်။ အမကို ကျနော် ပြောသားဘဲသေသေချာချာရေပါလို့  ဟု
ကျမထိုငွေလဲသောဆိုင်သို့ ပြန်ရောက်လာသောအခါ ကျမအားထိုဆိုင်မှ မျက်နှာထားများမှာ ရိုက်တော့မည့် ပုံမျိုး ကျမယူလာသောငွေအတိုင်းကျမပြန်ပြနိုင်သည့် အပြင် သူ့ သူငယ်ချင်းဆိုသူအားလည်း သူတို့ အမျိုးမျိုးပြော၍ အပြစ်တင်နေကြပါသည်။ ကျမလည်းအထပ်ထပ်အခါခါ ရေတွက်၍ ယူနေရပါသည်။ ရှစ်သောင်းဆိုသောငွေအား တသောင်းအုပ်တွင်တရွက်လျှော့၍ပေးခြင်းများ ပြုလုပ်ပြန်ပါသေးသည်။ ကျမတော်တော်ကိုစိတ်ရှည်လက်ရှည်နှင့် ရေတွက်ယူခဲ့ရပါသည်။ ကျမပိုက်ဆံအတိအကျပြန်ရခဲ့ပါသည်။ ကားဂိတ်သို့ လည်းပြန်ရောက်ခဲ့ပါပြီ။ ကျမအားအားလုံးက စောင့်ပြီးမေးကြပါသည်။ အဆင်ပြေခဲ့ရဲ့ လား ပြန်ရခဲ့ရဲ့ လားဟု ကျမကပြန်ရခဲ့ကြောင်းပြောပေးသောသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ဟုပြန်ပြောခဲ့ပါသည်။ ကျမလက်မှတ်ရောင်းသောအမျိုးသမီးအား သွား၍ကျေးဇူးတင်ကြောင်းထပ်မံပြောသောအခါ ထိုအမျိုးသမီး က ကျမအားအမကကံကောင်းလို့ ပြန်ရတာ ဟုစကားခံ၍ အပေါ်ကအဖြစ်အပျက်ကိုပြောပြခဲ့ခြင်းဖြစ်ပါသည်။ ပြီးနောက် ထိုသူက သူ့ အား ရန်တွေ့ ကြောင်း ပိုက်ဆံထောင်တန်မယူဘဲ ဘာကြောင့်ငါးရာတန်ယူရတာလဲ ဟု ထိုအမျိုးသမီး ကသူ ပေးတာယူရတာ ငါကသူများပိုက်ဆံလုယူရမလား ဟုပြန်ရန်တွေ့ လိုက်ကြောင်း ကျမအားစီကာပတ်ကုံး ပြန်ပြောပြပါသည်။ ကျမတော်တော်ကိုတုန်လှုပ်မိပါသည်။ မြန်မာပြည်ထဲမှာ မြန်မာနိုင်ငံသားများ သူတို့ ၏ချွေးနဲစာလေးများကို ပွေ့ ပိုက်ပြီး မိဘရပ်ထံသို့ မဟုတ် မိန်းမထံသို့  သက်စွန့် ကာပြန်လာခဲ့ရခြင်းကို မိမိနိင်ငံထဲမှနေ၍ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် စောင့်စားနေကြသော ထိုသို့ သောသူမျိုးများအား မည်ကဲ့သို့ ပြုလုပ်သင့်ကြောင်းနှင့် ထိုကဲ့သို့ သော ကျမတို့ လိုအဖြစ်အပျက်မျိုးမဖြစ်ကြစေရန်အတွက် စေတနာရှေ့ ထား၍ အများသူငါသိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။