Sunday, 9 March 2014
၅ မီးနစ်အတွင်း သိသိသာသာ ပြောင်းလဲသွားမည့် နည်းလမ်း
မီးနစ်အနည်းငယ် အတွင်း သိသိသာသာ ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။
အသုံးပြုပုံကတော့
သံပုရာသီး တစ်ခြမ်းပေါ်တွင် ပျားရည် သုံးစက် လေးစက်လောက် တင်လိုက်ပါ။
ထို့နောက် သင်၏ မျက်နှာပေါ်သို့ သံပုရာသီး အခြမ်းနှင့် ပွတ်လိုက်ပါ။
မျက်နှာပေါ်မှာ ရှိတဲ့ အဖုများ အမာရွတ်များ စတာတွေနှင့် အခြားသော
အစက်အပျောက်များ ပေါ်သို့ သေချာစွာ ပွတ်ပေးပါ။ အချိန် ၅ မီးနစ်
ကြာရင် ရပ်လို့ ရပါပြီ။ ထို့နောက် အေးသောရေနှင့် မျက်နှာကို စင်ကြယ်
အောင် စေကြောပေးလိုက်ပါ။
သင်မျက်နှာ သိသိသာသာ ပြောင်းလဲ သွားပါလိမ့်မယ်။
ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။
http://goo.gl/odZAvC
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
Friday, 7 March 2014
တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ
တချို့ ဟင်းသီးဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမိုအာနိသင်ရရှိစေပါတယ်။
ခရမ်းချဉ်သီးနှင့် ထောပတ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမိုကောင်းမွန် အောင် ပံ့ပိုးပေးနိုင်ပါတယ်။
ဂျုံမှုန့်နှင့် လိမ္မော်ရည်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။
ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲ ဖက်စားတာကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
ဘလူးဘယ်ရီသီးနှင့် စပျစ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ဘလူးဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စား ပေးတာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့်အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။
သံပရာသီးနှင့် ကိုက်လန်ရွက်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
သံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှုပိုအားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။
နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
နနွင်းထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး တာကြောင့် ခန္ဓာကိုယ်မှ ကာကူမင်ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင် ပိုအားကောင်းစေပါတယ်။
ဇွန်
Sunday, 2 March 2014
ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့
ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့
=============================
သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။
အသားအရေထိန်းသိမ်းမယ်
- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
နေရောင်ခြည်ဒဏ်က ကာကွယ်မယ်
- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။
မိတ်ကပ်ကို အားမကိုးပါနဲ့
- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။
ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ
ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။
ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။
သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။
ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး
- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။
ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး
- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။
ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ
- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို
ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း
ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။
ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင်
ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို
လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို
မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။
Sunday, 23 February 2014
ကင်ဆာရောဂါအတွက် အာလူးစိမ်း
သောက်...သောက် .သောက်ကြစို့ဟေ့
ကင်ဆာရောဂါအတွက် အာလူးစိမ်း*************************************
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကို
မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့
မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။
အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။
သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။
သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့
အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။
ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက
မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်
ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
ထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ
(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ
လက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
Saturday, 22 February 2014
ဆီးချိုသွေးချို ဖြစ်နေပါလျှင်
==ဆီးချိုသွေးချို ဖြစ်နေပါလျှင်====
===================
ရုံးပတီးငါးတောင့်ကို
လက်နှစ်လုံးခန့်အ၇ွှယ် ပိုင်းဖြတ်ပါ။
ပိုင်းဖြတ်ထားသော ရုံးပတီသီး အပိုင်းလေများကို
ေ၇လီတာဝက်(ေ၇သန့်ဘူးတစ်ဝက်)နှင့်
ညဖက်အိပ်ယာဝင်ချိန် စိမ်ထားပေးပါ။
နံနက်အိပ်ယာထချိန်တွင်
ရုံးပတီသီးများကို ဖယ်ထုပ်ပေးပြီး
ကုန်စင်အောင် သောက်ပေးပါက
သက်သာ ပျောက်ကင်းစေပါသည်။
ဇီဝဇော်
===================
ရုံးပတီးငါးတောင့်ကို
လက်နှစ်လုံးခန့်အ၇ွှယ် ပိုင်းဖြတ်ပါ။
ပိုင်းဖြတ်ထားသော ရုံးပတီသီး အပိုင်းလေများကို
ေ၇လီတာဝက်(ေ၇သန့်ဘူးတစ်ဝက်)နှင့်
ညဖက်အိပ်ယာဝင်ချိန် စိမ်ထားပေးပါ။
နံနက်အိပ်ယာထချိန်တွင်
ရုံးပတီသီးများကို ဖယ်ထုပ်ပေးပြီး
ကုန်စင်အောင် သောက်ပေးပါက
သက်သာ ပျောက်ကင်းစေပါသည်။
ဇီဝဇော်
Friday, 21 February 2014
"B" ပိုးရှိသူများအတွက် ဆေးတစ်ခွက်
B ပိုးကူးစက်ခံရသူများအတွက် သတင်းကောင်း
===========================
စပါးလင်အပင်ကို ရေဆေးပြီးပြုတ်ပါ...
လဖက်ရည်သောက်သည့် ခွက်ဖြင့် တနေ့ သုံးကြိမ်သောက်ပါ..
ခုနှစ်ရက်ပြည့်သောနေ့မှာ Bပိုးလုံးဝမရှိတော့တာကို တွေ့ရပါလိမ့်မယ်.
https://www.facebook.com/photo.php?fbid=366175686857915&set=a.165878966887589.41760.100003964614556&type=1 မှကူးယူပါသည်။
===========================
စပါးလင်အပင်ကို ရေဆေးပြီးပြုတ်ပါ...
လဖက်ရည်သောက်သည့် ခွက်ဖြင့် တနေ့ သုံးကြိမ်သောက်ပါ..
ခုနှစ်ရက်ပြည့်သောနေ့မှာ Bပိုးလုံးဝမရှိတော့တာကို တွေ့ရပါလိမ့်မယ်.
https://www.facebook.com/photo.php?fbid=366175686857915&set=a.165878966887589.41760.100003964614556&type=1 မှကူးယူပါသည်။
Thursday, 20 February 2014
ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေး ဇူး
ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေး
ဇူးတွေကို နဂါးပျံ မိသားစုမှ မျှဝေတင်ဆက်လိုက်ပါတယ်..
ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး
ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။
ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။
ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။
အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-
(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။
(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။
(၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။
(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။
(၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း
သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။
Credit :မြ၀တီ
ဇူးတွေကို နဂါးပျံ မိသားစုမှ မျှဝေတင်ဆက်လိုက်ပါတယ်..
ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး
ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။
ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။
ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။
အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-
(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။
(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။
(၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။
(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။
(၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း
သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။
Credit :မြ၀တီ
Saturday, 15 February 2014
ခြေထောက် အသားမာတက်လို့ အလှပျက်ပြီး စိတ်ညစ်နေတဲ့ ပျိုမေများအတွက်
စပယ်ပန်းက.အနံ့သင်းပျံ့မှုေ
စပယ်ရနံ့ပါတဲ့ ဆံပင်လိမ်းဆီကို
အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း သဘောကျတတ်ပါတယ်။
ခြေထောက် အသားမာတက်တာကို ဖယ်ရှားဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ။ိ
ျ
ပါဝင်သောပစ္စည်းများ
------------------------*စ
* ကြက်ဆူဆီ
ပြုလုပ်နည်း -- စပယ်ပန်းရွက်ကို
ရေ သေချိာဆေးကြောပြီး ကြိတ်ချေကာ စေးပျိစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။
ပြီးရင် ကြက်ဆူဆီအနည်းငယ် ရောပါ။
အသုံးပြုပုံ -- ချြေထာက်အသားမာနေရာတွေကု တစ်နေ့ နှစ်ကြိမ် သုတ်လိမ်းပါ။
သတိပြုရန်-- ရေခဲသေတ္တာထဲ နှစ်ရက်လောက်သိမ်းထားနိုင်ပ
မှတ်ချက် အပင်ထွက်ပစ္စည်းများနှင့် အသားအရေထိန်းသိမ်းနည်း (၂) ဇွန်ခိုင်ဦး (ဆေးဝါးတက္ကလိုလ်)
အမှတ် (၂၅၇) ဒီဇင်ဘာလ
၂၀၁၃ ခုနှစ် အာရောဂျံ ကျန်းမား မဂ္ဂဇင်း
Sunday, 2 February 2014
သုံးရက်အတွင်း အဆုတ်သန့်နည်း

သင့်အဆုတ် ကျန်းမာချင်ပါသလား။ အောက်ပါ နည်းလမ်း ခုနစ်သွယ်တို့ဖြင့်
လိုက်နာကျင့်သုံးပါ။ (၁) ဂရိတ်ဖရုသီး (သို့မဟုတ်) နာနတ်သီးတို့ထဲတွင်
အသက်ရှူလမ်းကြောင်းစနစ်ကို တိုးတက်ကောင်းမွန် စေသော
သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အလုံ အလောက်ပါရှိသဖြင့်
ထိုသစ်သီးဖျော်ရည်တို့ကို တစ်နေ့ လျှင် ၃၀၀ မီလီ လီတာခန့်သောက်ပါ။ (၂)
နံနက်ထမင်းစားပြီးချိန်နှင့် နေ့လယ်စာ မစားမီ ကြားကာလအတွင်း
မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ သောက်ပေးခြင်းဖြင့် သုံးရက်အတွင်း
သွေးထဲရှိ အယ်လ် ကာလီဓာတ်ကို မျှတစေသည်။ (၃) ပိုတက်စီယမ်သည်
အဆိပ်အတောက်များကို ပြေစေ သော အစွမ်းရှိသဖြင့်
ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော တရုတ်နံနံပင် (သို့မဟုတ်) ဟင်းနုနယ်
(သို့မဟုတ်) ငှက်ပျောသီးဖျော်ရည် ၄၀၀ မီလီလီတာခန့်ကို နေ့လယ်
ထမင်းစားပြီးတိုင်း သောက်သုံးပေးပါ၊ အစာလည်း ကြေညက်စေပါသည်။ (၄)
ဘလူးဘယ်ရီသီးများတွင်ပါရှိသော အစွမ်းထက်မြက်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အဆုတ်ရောဂါ ဗက်တီး ရီးယားပိုးများကို
တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ရာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်)
အနက်ရောင် စပျစ်သီးဖျော်ရည် ၄၀၀ မီလီလီတာခန့် သောက်သုံးပါ။ (၅)
ခန္ဓာကိုယ်မှ အဆိပ်အတောက်များ လျှော့ချရန် ချွေးများများထွက်ဖို့ လိုပါသည်။
ထို့ကြောင့် ခပ်မြန်မြန်လမ်း လျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ခြင်း စသည့်
ကိုယ်ကာယ လေ့ကျင့်ခန်း ခပ်ပြင်းပြင်းကို နေ့စဉ် မိနစ် ၂၀ ခန့် မရပ် မနား
လုပ်ပေးသင့်ပါသည်။ (၆) လေဝင်လေထွက် ခပ်ပြင်းပြင်းရှိုက်၍ အသက်မှန်မှန်
ရှူခြင်းက အဆုတ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်း တစ်ခုပါ။ (၇)
ယူကလစ်ပင်အဆီ ငါးစက်မှ ၁၀ စက်ခန့်ကို ရေနွေးပူပူ ထဲထည့်ကာ
ရေအေးလာသည်အထိ ရေနွေးငွေ့ကို ရှူရှိုက် ပါ။ ထိုရှူဆေးရနံ့က ချွဲသလိပ်နှင့်
နှာရည်ကို ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းပွင့်လာပါလိမ့်မည်။
It ငတက်ပြား - စွယ်စုံ
Saturday, 1 February 2014
စိတ်ညစ်ရင် အာရုံပြောင်းပါ
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒီလိုနဲ့  တစ်နေ့  မှာ စိတ်ညစ်စရာ အာရုံတစ်ခုနဲ့ တွေ့ ပြီး လူထွက်ချင်လာပါသတဲ့။
ကိုရင် တိဿက သူစိတ်ညစ်လို့ လူထွက်ချင်တဲ့အကြောင်းကို ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက “ အင်း အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး၊ အာရုံကြောင့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပဲ ပြန်ကုပေးမှ။ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး
ပျော်ရွှင်တတ်ကြတယ်။ ဒါကြောင့် အာရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ” ဆိုပြီး တွေးမိပုံရပါတယ်။
ဒါကြေင့် ဆရာဘုန်းကြီးက -“ ကောင်းပြီ ငါ့တပည့်၊ လူထွက်ဖို့  ဆုံးဖြတ်ပြီးရင်လည်း ငါတို့ မတားလိုဘူး။
ဒါပေမယ့် ငါတို့ နေတဲ့ ကျောင်းဟာ ချိုးရေ အလွန်ရှားတယ်။ ငါ့တပည့် လူမထွက်ခင် ငါတို့ ကို ရေပေါရာ
စိတ္တရတောင်ကို ပို့ ပေးခဲ့ပါဦး ” လို့  မိန့် လိုက်ပါတယ်။
ကိုရင်တိဿကလည်း ဆရာဘုန်းကြီးပြောတဲ့အတိုင်း သူ့ ဆရာကို စိတ္တရတောင်ကို ပို့ ပေးရှာပါတယ်။
စိတ္တရတောင်ရော က်တော့ ဆရာဘုန်းကြီးက ဘယ်လိုထပ်မိန့် ပြန်သလဲဆိုတော့ “ ငါ့တပည့်ရယ်၊ ဒီစိတ္တရတောင်တွေမှာ ရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင် သံဃိကကျောင်းတွေကွဲ့ ၊ သံဃိကကျောင်း ဆိုတော့ နေတာထိုင်တာ အစစအရာရာ ဆင်ခြင်နေရတယ်။ သိပ်လွတ်လပ်မှု မရှိဘူးပေါ့။
ဒါ့ကြောင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလေးတစ်ကျောင်းတော့ လိုချင်တယ်၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ် ” လို့  ဆက်မိန့် ပါတယ်။
ကိုရင်တိဿကလည်း လူထွက်ခါနီး ဆရာသမားကို နောက်ဆုံးပြုပေးခြင်းဆိုတဲ့ အသိနဲ့  တက်တက်ကြွကြွနဲ့ ပဲပြုပေးရှာပါတယ်။ ကိုရင်တိဿ ဆောက်ပေးဖို့ စိတ်ကူးတဲ့ ကျောင်းကလေးက သူတို့ သီဟိုဠ်ခေတ်က ကမ္မဋ္ဌာန်း ဘုန်းကြီးတွေ အကြိုက် လှိုဏ်ဂူကျောင်း ပုံစံလေးပါ။
ဒါကြောင့် ကိုရင်တိဿလည်း ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့် ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာသေချာစိတ်စားပါတယ်။ ပြီးတော့မှ ဥတုသုံးပါးနဲ့ လည်း သင့်တော်မယ့်
တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်းစတူးပါတယ်။
အံ့သြဖို့ ကောင်းတာက ကိုရင်တိဿဟာ နောက်ဆုံး အခွင့်အရေးဆိုတဲ့ နှလုံးသွင်းနဲ့ 
အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်နေတာပါပဲ။ သူတစ်ပြိုင်နက် လုပ်နေတဲ့ အလုပ်က ကမ္မဋ္ဌာန်းကျောင်း အတွက် လှိုဏ်ဂူတူးတာရယ်၊ဆရာဘုန်းကြီးဆီမှာသင်ခဲ့တဲ့သံယုတ္တနိကာယ်ကျမ်းကြီးကို
ရွတ်ဖတ်သရဇ္ဈယ်နေတာရယ်၊ တေဇောကသိုဏ်းကို ရှုမှတ်ပွားများနေတာရယ်ပါ။
ထပ်ပြီး အံ့သြဖို့ ကောင်းတာက ကမ္မဋ္ဌာန်းလှိုဏ်ဂူပြီးစီးတဲ့နေ့ မှာပဲ သံယုတ္တ နိကာယ်ကျမ်း ရွတ်ဆိုသရဇ္ဈယ်မှုပြီးဆုံးသွားသလို ပွားများနေဆဲတေဇောကသိုဏ်းဟာလည်း အပ္ပနာဈာန် အဆင့်ထိ ရောက်လာခဲ့တာပါပဲ။(၀ိပဿနာအဆင့်ထိ မရောက်သေးဘူးပေါ့။)
ကိုရင်တိဿလည်း အားရ၀မ်းသာနဲ့ ကျောင်းဆောင်ပြီးသွားပြီးဖြစ်တဲ့အကြောင်း ဆရာဘုန်းကြီး ကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက လှိုဏ်ဂူကျောင်းဆောင်ကလေးကို ကြည့်ပြီး ဘယ်လိုထပ်မိန့် ပြန်သလဲ ဆိုတော့ -“ အို .. ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား၊ ငါတို့ တော်တော်သဘောကျပါတယ်ကွယ်။
ငါ့တပည့် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေးဆိုတော့ ငါ့တပည့်က ဒီနေ့ တစ်ရက်တော့ အရင်နေလိုက်ပါဦး၊ပြီးတော့ ငါ့တပည့်က လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာဆိုတော့
ငါတို့ ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့ လည်းစွမ်းနိုင်သလောက် ဒီလှိုဏ်ဂူလေးထဲမှာ
ရှုမှတ်ပွားများ လိုက်ပါဦး ” လို့  ဆက်မိန့် လိုက်ပြန်တယ်။
ကိုရင်တိဿလည်း ဆရာစကားအတိုင်းမိမိပြုလုပ်ထားတဲ့ လှိုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ်။
လှိုဏ်ဂူလေးကလည်း အသစ်လှလှလေး၊ ရာသီဥတုကလည်းသာယာ၊ ဒီတော့ ကိုရင်တိဿရဲ့  စိတ်မှာ ၀မ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ်။ ပြီးတော့ တေဇောကသိုဏ်းပွားပြီး အပ္ပနာဈာန် အထိလည်း ရထားတာဆိုတော့ ပီတိနဲ့ ရထားတဲ့ အပ္ပနာဈာန်ကို အခြေခံပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ်တည်ပြီး ရဟန္တာဖြစ်သွားပါတော့တယ်။
ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကို မှန်းပြီး ဦးချပြီးတော့
“ သြော် စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကို ယိမ်းမနေပါလား။ အာရုံပြောင်းလိုက်တာနဲ့ 
ဘ၀တစ်ဆစ်ချိုးပြီး အမြင့်ဆုံး ပန်းတိုင်တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားပါလား ” လို့ 
ဆင်ခြင်မိလိုက်ပါသတဲ့။
ကဲ ... စာဖတ်သူ ညီငယ် ညီမငယ်တို့ ရော .. စိတ်ညစ်ရင် စိတ်ညစ်တဲ့ အတိုင်း မထားပါနဲ့ ။
လောကပြစ်၊ ဓမ္မပြစ် မဖြစ်စေတဲ့ ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို ပြောင်းလိုက်ပါနော်....။
- ကျမ်းကိုး
မူလပဏ္ဏသအဋ္ဌကထာ(ပ)တွဲ၊စာမျက်နှာ (၃၉၅)
ရဝေနွယ်(အင်းမ)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Monday, 20 January 2014
လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်
ဤနည်းမှာ တရုတ်ပြည်မှ ကုသနည်းဖြစ်ပါသည်။
ပထမအရေးကြီးဆုံးအချက်မှာ လေဖြတ်သောလူနာကို ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်း စသည်ဖြင့် မည်သည့်နေရာ တွင်ဖြစ်စေ၊
ဖြစ်သောနေရာမှ ရွှေ့ပြောင်းသယ်မခြင်း လုံးဝမလုပ်ရပါ။ ထိုသို့ချက်ခြင်းရွှေ့
ပြောင်း၊ သယ်ဆောင်ပါက ကားဆောင့်ခြင်း၊ လှုပ်ရှားခြင်းဒဏ်များကြောင့်
ဦးဏှောက်သွေးကြောလေးများကို ပိုလျင်မြန်စွာပေါက်ကွဲစေပြီး၊
လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။
ထို့ကြောင့်လူနာကို မည်သည့်နေရာသို့မျှ ရွှေ့ပြောင်းခြင်း မပြုလုပ်ပါနှင့်။
လူနာကို ဖြစ်သည့်နေရာ၌ပင် အသာထူမပေးပြီး ပြန်လဲမကျသွားစေရန်
အသာမှေး၍ထိုင်စေရပါမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှ လူတစ်ဦးက
အသာမှေး၍ထူမပေးပါ။ ထိုသို့ထူမပြီးပြီးချင်း
ပိုးသတ် ထားသောဆေးထိုး အပ်ဖြင့်သော်လည်း ကောင်း၊ မီးရှို့ထားပြီးသော
လက်ချုပ် အပ်ထိပ် ဖျားဖြင့်သော်လည်းကောင်း လူနာ၏လက်ဆယ်ချောင်းထိပ်ဖျား
များကို ပိုးသတ်ထားသောအပ်ဖြင့် (ပဲစေ့ခန့်)သွေးတစ်စက်စီထွက်လာအောင်
ဖောက်ပေးပါ။ သွေးစက်ပဲစေ့ခန့် ထွက်မ ထွက် ခေ တ္တစောင့်ကြည့်ပါ။
အကယ်၍သွေးမထွက်ပါက သွေးထွက်လာအောင် လက်ဖြင့်ညုစ်ထုတ်ပေး ပါ။
လက်ချောင်းတိုင်း သွေးတစ်စက်စီထွက်သွားပြီး မိနှစ်ပိုင်းအတွင်း
လူနာပြန်လည်သတိရလာပါလိမ့်မည်။
အကယ်၍ လူနာပါးစပ်ရွဲ့သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီရဲလာသည့်တိုင်အောင်
လက်ဖြင့်ပွတ် ဆွဲပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း
နားပေါက်ဖောက်သည့်နေရာ၌ ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက် နှစ်ချက်စီ
ဖောက်ပေးရပါမည်။ နားရွက်နှစ်ဖက်စလုံးမှ သွေးနှစ်စက်စီ ပဲစေ့ခန့်ထွက်လာပြီး
မိနှစ်ပိုင်းအတွင်း ပါးစပ်ရွဲ့ရာမှ ပြန်တည့်သွားပါလိမ့်မည်။ ထိုလူနာ
ပုံမှန်အခြေအနေ သို့ရောက်အောင်စောင့်ပြီးမှ ဆေးရုံသို့ လူနာကိုပို့ပေး၍
လိုအပ်သောဆေးကုသမှုကို ခံယူပါစေ။ ယခုကဲ့သို့ ရှေးဦးစွာပြုစုပြီးမှ
ဆေးကုသခံစေပါက အကြောသေခြင်း၊ ခြေလက်လှုပ်မရခြင်း၊ စကားမပီခြင်းတို့မှ
လုံးဝလွတ်ကင်းသွားစေပါမည်။
ဤနည်းမှာ ရာနှုန်းပြည့်လက်တွေ့ပျောက်ကင်း သက်သာသောနည်းဖြစ်ပါသည်။ ဤနည်းကို
လူအများ လေဖြတ်ခြင်းဝေဒနာမှကင်းဝေးစေရန် နီးစပ်ရာအသိမိတ်ဆွေများထံသို့
တစ်ဆင့်ဖြန့်ဝေခြင်းဖြင့်ကုသိုလ်ယူပါ။
လွန်ခဲ့သော(၁၅)နှစ်ခန့်က မဂ္ဂဇင်းတစ်စောင်တွင်
အမျိုးသမီးဆရာဝန်တစ်ဦးရေးထားသောဆောင်းပါးမှ ကူးယူထားခဲ့ခြင်းဖြစ်ပါသည်။
စာအုပ်များရှင်းရာမှ မှတ်ထားသောစာရွက်ကိုပြန်တွေ့ရ၍ တင်လိုက်ပါသည်။ ကျနော်၏
ညံ့ဖျင်းမှုကြောင့် စာရေးသူဆရာဝန်နာမည်နှင့် မဂ္ဂဇင်းကို မမှတ်မိတော့ပါ။
ကလောင်ရှင် ဆရာဝန်နှ င့် ဆောင်းပါးဖော်ပြခဲ့သောမဂ္ဂဇင်းအား
တောင်းပန်အပ်ပါသည်။ ထိုဆောင်းပါးထဲတွင် စာရေးသူ ဆရာဝန်က
ကိုယ်တိုင်စမ်းသပ်ကုသကြည့်ပြီး ရာနှုန်းပြည့်ပျောက်ကင်းကြောင်း
သတင်းကောင်းပေး ထားပါသည်။
Saturday, 18 January 2014
ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်း
ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိ သလိုကျန်းမာရေးကိုလည်းထိခိုက်စေနိုင် ပါ တယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။
(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထား တဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပိုကိုယ်အလေးချိန်တွေ လျော့ ကျစေ ဖို့ လုပ်ဆောင်ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ် လိုရီပိုမို လောင် ကျွမ်းအောင်လုပ်ဆောင် ပေးပါ။ဝမ်းဗိုက်ြွကက်သားတွေသန်စွမ်း အောင်အိပ်ထမတင်လေ့ကျင့်ခန်း၊အ လေး မ တဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ က အကောင်းဆုံးနည်းပါ။ ဒါက ကိုယ် အလေးချိန်ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်
(၂) အမျှင်ဓာတ်များများ စားပါ
အမျှင်ဓာတ်များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။အမျှင်ဓာတ်ပါတဲ့ ကောက်နှံတစ်ခုလုံးနဲ့လုပ်တဲ့အစာတွေကဗိုက်မြန်မြန်ပြည့်စေပြီးဟင်းသီးဟင်းရွက်ေ တွက ကယ်လိုရီပါ ဝင်မှု နည်းပါးပါတယ်။
(၃) ဆားလျှော့စားပါ
လူအများစုဟာ ဆိုဒီယမ်ကို လိုအပ် တာထက် နှစ်ဆ ပိုစားနေကြတယ်လို့ ကျွမ်း ကျင်သူတွေက အကြံပြု ထားပါတယ်။ ဆား အများကြီး စား တာကြောင့် သွေးတိုး စေနိုင်သလို လေပွစေနိုင်ပါတယ်။ ဆား ပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင် ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုး ကို အရင်ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ်ရပ်ဖို့အတွက်အကောင်းဆုံးကလတ်ဆတ်တဲ့ပါဝင်ပစ္စည်းတွေ ကို သုံးပြီး အိမ် မှာ မိမိဘာသာ ချက်ပြုတ်ပြင်ဆင်ပြီး စား တာပဲ ဖြစ်ပါတယ်။ ရေများများသောက် တာက ဆိုဒီယမ် ပမာဏကို လျော့ကျစေ ပါတယ်။
(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ
ညစာကို များများစားတာကြောင့် ဗိုက်ပူနေတယ်ဆိုရင်နည်းနည်းနဲ့မကြာခဏစားတဲ့အလေ့အထကို ပြောင်း လဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄နာရီကြာ တိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆို ရင် ဗိုက်ဆာတာနဲ့ အစာ ကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။
(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ
ကိုယ်အလေးချိန်လျော့ကျပေမယ့် ခါးအတိုင်းအတာက လျော့ကျမှုမရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
ကြယ်စင်
Aye Chan Mon# Credit To : မြန်မာ့ရောင်စဉ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Friday, 17 January 2014
ဆီးချို ပျောက်တဲ့နည်း
မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင်
ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက်
၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ
ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။
ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။
ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
သကြားပါသည့် အချိုများ
မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း
ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့
ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ်
ပြောပါတယ်။ကျွန်တော်က လက်တွေ့ စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက
သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြု လုပ် စီမံပြီး သောက်စေခဲ့တယ်။
(၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။
တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။
(၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။
တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။
ဦးစန်းမောင် (မန်း
Thursday, 16 January 2014
လည်ချောင်းတွင် အရိုးဆူးပါလျှင်
(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။
(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။
ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။
(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။
(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။
(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။
(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။
(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။
ဒေါန
Wednesday, 8 January 2014
ပိန်ချင်သူများအတွက် နှစ်ပါတ်အတွင်း (၅)ပေါင်ကျနည်း

(၅)ပေါင်ကျတယ်ဆိုတော့ တကယ်တမ်းမှာ တရက်ကို ၁၇၅၀၀ ကယ်လိုရီလောင်ကျွမ်းခြင်း ပါပဲ။
ဒါဟာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဖော်ပြထားတဲ့ နည်းလမ်းတွေကို
မှန်ကန်စွာလိုက်နာပြီး ကျန်းမာရေးနဲ့လည်းညီအောင် အချိန်မှန်မှန်နဲ့
ကြိုးကြိုးစားစားလုပ်မယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။
(၁) မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ လက်ရှိမှာ
နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာ လေ့ကျင့်ခန်း လုပ်နေတယ်ဆိုရင်
မနက်ပိုင်းကို ပြောင်းလုပ်ခြင်းက သင့်ရဲ့ကိုယ်တွင်းဇီဝဖြစ်စဉ်
ပြောင်းလဲမှုကို ၁၄နာရီကြာအောင် ထိန်းထားနိုင်ပါတယ်။ ဒါမှမဟုတ်
တစ်နေ့လုံးလည်း ခံနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်ဟာ အနည်းဆုံး
မိနစ်(၂၀)ကနေ (၃၀)ကြားရှိရမှာဖြစ်ပြီး အိပ်ရာနိုးပြီးချိန်မှာ လုပ်ရပါမယ်။
(၂) လေ့ကျင့်ခန်းမလုပ်ခင် ကော်ဖီသောက်ပါ။ ကဖင်းဓါတ်ဟာ
လေ့ကျင့်ခန်းလုပ်တဲ့နှုန်း မြင့်မားအောင် တွန်းအားပေးတဲ့အတွက် သင့်ကိုယ်သင့်
ပိုပြီး ပြင်းပြင်းထန်ထန် မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်
ဘာမှမရှိတဲ့ သင့်ရဲ့ အစာအိမ်က ကော်ဖီသောက်ပြီးနောက် အော့အန်တဲ့
ဝေဒနာခံစားရစေတယ်ဆိုရင်တော့ ဒီအဆင့်ကို ကျော်ထားလို့ရပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်ရာမှာ တမိနစ်ကို beats 140
(BPM) ရှိတာမျိုး ရွေးချယ်သင့်ပါတယ်။
(၄) မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီး မိနစ်သုံးဆယ်မကျော်ခင်မှာ သင့်ရဲ့
မနက်စာကိုစားပါ။
(၅) လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ၃၄၀၀ ကယ်လိုရီရှိတဲ့ အသားနဲ့ ၂၂၀၀
ကယ်လိုရီရှိတဲ့ snacks တွေ စားပေးဖို့လိုပါတယ်။ ဒါမှသာ ကျန်းမာရေးနဲ့ညီတဲ့
ဝိတ်ချနည်းကို ရရှိမှာပါ။
(၆) ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေစားခြင်းကို ရှောင်ကျဉ်ပါ။
အဲဒီအစား သစ်သီးနဲ့ အရွက်တွေစားပါ။
(၇) အချိုစားချင်တဲ့အခါ အသီးနဲ့ ချောကလက်အနက်တွေနဲ့ အစားထိုးပါ။
(၈) ရေများများသောက်ပါ။
(၉) အမျှင်ဓါတ်များတဲ့အသီးအနှံ ၊ ပဲ စတာတွေ စားပေးပါ။
(၁၀) နေ့ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ပင်ပန်းနေတဲ့
သင့်ခန္ဓာကိုယ်ကို balance ညီစေဖို့အတွက် ညဘက်မှာ ယခင်အိပ်ချိန်ထက်
မိနစ်(၃၀)ပိုအိပ်ရပါမယ်။ ဒီထက်ပိုအိပ်ရင်တော့ အလေးချိန်ပြန်တက်နိုင်တာ
သတိထားရပါမယ်။
ကိုယ်လိုချင်တဲ့ အလေးချိန် ၊ လိုချင်တဲ့ရလဒ် မရမချင်း
မရပ်တန့်ဖို့တော့ လိုပါလိမ့်မယ်။
Trend Myanmar
Friday, 3 January 2014
တရားထိုင်ခြင်းဖြင့် နှလုံးနှင့်ဆက်စပ်ရောဂါများ လျော့ပါးသက်သာစေနိုင်
သမာဓိတည်ဆောက်ခြင်း၊ တရားထိုင်ခြင်းစသည့် စိတ်လေ့ကျင့်ခန်းများသည် နှလုံးနှင့် ဆက်စပ်ရောဂါများ ကို လျော့ပါးသက်သာစေကြောင်းပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ (၁၉၆၀)ပြည့်လွန် နှစ်များကတည်းက လေလွင့်ဟစ်ပီများသည် နှလုံးနှင့် ပတ်သက်သော ရောဂါများနှင့်
စိတ်ဖိစီးမှု ဝေဒနာတို့ကို ပျောက်ကင်းစေကြောင်း ယုံကြည်လေ့ကျင့်ခဲ့သော်လည်း တိတိကျကျ သုတေ သန မှတ်တမ်းမူ မရှိခဲ့ပေ။ ယင်းကဲ့သို့ စိတ်၏တည်ငြိမ်မှု လေ့ကျင့်ခန်းများကို ကမ္ဘာကျော် Beatles အဖွဲ့ဝင်များ၊ ကလင့်အိစ်ဝုဒ်၊ ဒေးဗစ်လင့်ခ်ျစသည့် ကမ္ဘာကျော် အနုပညာရှင်များကလည်း စနစ်တကျ ကျင့်သုံးလေ့လာဖူးသည်။ မဟာရီရှီတက္ကသိုလ်မှပါမောက္ခ ဒေါက်တာရောဘတ်ရှင်းဒလားက လေ့လာမှုများ အရ တရားထိုင်ခြင်းကို စွဲမြဲစွာ ပြုလုပ်သူများသည် နှလုံးသွေးကြောတွင် ဖြစ်ပွားတတ်သော ရောဂါများ ပေါ်ပေါက်လာနိုင်မှုကို သာမန်ထက် (၄၇)ရာခိုင်နှုန်း ကျဆင်းသွားစေကြောင်း ထောက်ခံခဲ့သည်။ ဒေါက်တာရှင်းဒလားနှင့် အဖွဲ့သည် အာဖရိကန်-အမေရိကန် ကပြားအမျိုးသမီး (၂၀၁)ဦးတို့၏ နှလုံးသွေးကြောကျဉ်း ရောဂါကို တရားထိုင်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့် အဖွဲ့များခွဲကာ ကုသပေးခဲ့သည်။ ယင်းတို့အနက် တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲ ပြုလုပ်သော အဖွဲ့သည် အခြားနည်းလမ်းများထက် အကျိုးသက်ရောက်မှု များပြားသလို သေနှုန်းလည်း အလွန် နည်းကြောင်း ဖော် ထုတ်တွေ့ရှိခဲ့သည်။ (၉)နှစ်ကြာ ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ တရားထိုင်ခြင်း၊ သမထ ထူထောင်ခြင်း စသော လုပ်ငန်းများသည် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်ကြောင်း ပညာရှင်များက သိရှိလာရ သည်။ ဒေါက်တာရှင်းဒလားက "ဆေးရုံမှတ်တမ်းတွေနဲ့ တရားထိုင်မှုကြောင့် နှလုံးကျန်းမာရေးကို ဘယ်လိုဆက်နွယ်နေမလဲ အသေးစိတ် လေ့လာတာ ဒါပထမဆုံးအကြိမ်ပါ။ ရလဒ်တွေက ကျေနပ်စရာ ကောင်းပါတယ်"ဟု ပြောဆိုသွားသည်။ တရားထိုင်ခြင်းသည် နှလုံးရုတ်တရက် ဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်း၊ စိတ်ဖိစီးခြင်းစသော အခြေအနေများကို ကာကွယ်ရန်လည်း အလွန်ထိရောက်သော ကာယလေ့ကျင့်ခန်းတစ်မျိုးအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။
via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Ko Gyi on 20/06/10
မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com
Subscribe to:
Posts (Atom)













