အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday, 22 January 2015

၅ မိနစ်အတွင်း ခေါင်းကိုက်ပျောက်တဲ့နည်း


၅ မိနစ်အတွင်း ခေါင်းကိုက်ပျောက်တဲ့နည်း
-------------------------------------------------
ခေါင်းကိုက်နေလား?
ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။
လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က
နေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။
ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။ ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ
လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ် ကြာတဲ့ အတောအတွင်းမှာပဲ သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အကယ်လို့  ပင်ပန်းနေတယ်လို့  ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။ ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ။
မကြာခင်မှာပဲ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။
ညာဘက် နှာခေါင်းပေါက်ဟာ အပူ ကို ဖြစ်ပေါ်စေတဲ့ အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။ အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင် ပါတယ်။
သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။
ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ ဘယ်ဘက် ပိုင်းကို လက်နဲ့ ခဏပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။
အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်
@Credit YoeYar Lay

Wednesday, 21 January 2015

အူမကြီးကင်ဆာ ဖြစ်မဖြစ် စောစောစီးစီး သိစေဖို့  ရည်ရွယ်လျက်


အူမကြီးကင်ဆာ ဖြစ်မဖြစ် စောစောစီးစီး သိစေဖို့  ရည်ရွယ်လျက် .....
အူမကြီး
ဗိုက်ထဲမှာ ရှိတဲ့ အစာအိမ် နဲ့ အူလမ်းကြောင်း ကိုကြည့်မယ်ဆိုရင် အပေါ်ပိုင်းနဲ့  အောက်ပိုင်း ( Upper GastroIntestinal Tract & Lower GastroIntestinal Tract ) ဆို ပြီး အပိုင်းကြီး ၂ ပိုင်း ခွဲခြားထားပါတယ် ။ အူမကြီး( Colon) နဲ့  စအို( Rectum) တို့ ဟာ Lower GI ထဲမှာ ပါ ပါတယ် ။ Ascending , Transverse , Descending ,Sigmoid colon ဆို ပြီး အူမကြီးရဲ့  နေရာ ပုံသဏ္ဍန် ကိုလိုက်ပြီး အမည် နာမ တွေ ထပ် ခွဲခြား ထားပါသေးတယ် ။
အူလမ်းကြောင်းရဲ့ တာဝန်များမှာ -
• အစာအိမ်ထဲတွငှ် ချေဖျက်ပေးလိုက်သည့် အစားအစာများမှ ခန္ဓာကိုယ် အတွက် လိုအပ်သည့် အဟာရ များကို သွေးကြောများအတွင်းသို့ ရောက်အောင် စုပ်ယူ ပြီး ပို့  ဆောင်ပေးခြင်း
• မလိုအပ်ပဲ ကျန်နေသော စုပ်ယူခြင်း မပြုလုပ်နိုင်သည့် အစာဟောင်းများအား မစင် ၊ အညစ် အကြေးအဖြစ် စအို မှ တဆင့် စွန့် ထုတ် ပေးခြင်း တို့ ဖြစ်ပါသည်။
အူမကြီးကင်ဆာတွင် တွေ့ ရှိရသည့် ရောဂါလက္ခဏာများ
• အစပိုင်းတွင် သိသာထင်ရှားမှု မရှိ သောကြောင့် ရောဂါ ကို စောလျှင်စွာ ဖေါ်ထုတ်နိုင်ရန် ခက်ခဲပါသည်။
• အောက်ပါ လက္ခဏာများ ရှိနေပြီဆိုလျှင် အမြန်ဆုံး စစ်ဆေးရန့် လိုအပ်ပါသည်။
1. ဝမ်းသွားနေကျ အလေ့အထ ပြောင်းလဲ လာခြင်း
2. ရက်သတ္တပါတ် များစွာ သွားသည့် ဝမ်း မှာ မာခြင်း၊ ပျော့ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်ခြင်း
3. ဝမ်းသွားရာတွင် သွေးစသွေးန များ ပါလာာခြင်း
4. ဗိုက်ရစ်ပြီး ၊ ဗိုက်အောင့် ဗိုက်နာ လေထိုးလေနာလိုမျိုး ခံစားရတတ်ပါတယ်။(၄)-ဝမ်းသွားပြီးပေမဲ့  အကုန်မစင်ပဲ ကျန်နေသလိုမျိုး ခံစားရခြင်း
5. တကိုယ်လုံး အားမရှိသလို နုံး ပြီး ပင်ပန်းနွမ်းနယ်ခြင်း
6. အကြောင်း မရှိပဲ့ ကိုယ်ခန္ဓာ အလေးချိန် လျော့ နည်းလာခြင်း၊ တဖြေးဖြေး ပိန်ချုံးလာခြင်း
အူမကြီးကင်ဆာ ရောဂါ ဖြစ်နိုင်ခြေ ရှိသူများ
• အသက်၅၀ ကျော်ပြီး သွေးသားအရင်းအခြာ ထဲတွင် ရောဂါ ဖြစ်သူရှိသူများ
• အစားအသောက်တွင် အသားချည်း အဓိကစားသူများ
• အမျှင်များသည့် ဟင်းသီးဟင်းရွက် high fiber diet စားလေ့ စားထ မရှိသူများ
အူမကြီးကင်ဆာ အတွက် အထောက်အကူပြုသော်လည်း တတ် ကျွှမ်းနားလည်သည့် ဆရာဝန် နှင့် သေချာ စမ်းသပ် ဆွေးနွေးပြီးမှ အသုံးပြုသင့်သော် ဆေးများ
• ကယ်လ်စီယမ်(Calcium)
• ဆဲလီနီယမ် (Selenium)
• သွေးနီဥ ဖြစ်ဖို့ လိုအပ်သော ဖေါလစ်အက်စစ်(Folic Acid)
• အက်စ်ပရင်လိုမျိုး အကိုက်အခဲ ပျောက်ဆေး( aspirin-like painkillers )
• ဟော်မုန်း ကုသမှု တချို့  (hormone replacement therapy) များ
အူမကြီးကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းရင်းများ
• အဓိက အကြောင်းရင်းကို သေချာရှင်းလင်းစွာ မသိကြသေးပါ။
• အူမကြီးနဲ့  စအို အတွင်းနံရံတွေမှာ ပေါ်လာလေ့ ရှိသည့် မှိုပွင့် ပုံစံ အသားပိုအလုံး (Polyps) များ ကြောင့် အများဆုံး ဖြစ်နိုင်ခြေ ရှိပါသည်။ အကြို ကင်ဆာ အသားလုံးလို့  ( precancerous cells (polyps) on the inside lining of the colon ) လည်း ခေါ်ဆိုကြပါသည်။
• အချို့ ဆိုလျှင့် အဖုလုံးလေး အနေနှင့် ထွက်ပေါ်မလာပဲ အူနံရံ မျက်နှာပြင်အတိုင်း တပြေးတည်း ပြားနေ တတ်သဖြင့် သိသာမူ မရှိခြင်းများ ရှိပါသည်။
• မျိုးရိုးလိုက်ပြီး မျိုးရိုးဗီဇဆဲလ်များ ပြောင်းလဲ သွားမှု (Inherited gene mutations ) ကြောင့် လည်း ဖြစ်စေတတ်သော်လည်း ရာခိုင်နှုန်းတော့  နဲပါသည်။ အောက်ပါ အတိုင်း ၂မျိုး ရှိပါသည်။
•
o (က)- Familial adenomatous polyposis (FAP). မျိုးရိုးလိုက်ပြီး ဖြစ်ပေါ်သည့် အသားပိုလုံးလေး ဖြစ်ပါသည်။ အသက် ၄၀ မတိုင်မီ မှာ ကင်ဆာဖြစ်နိုင်ခြေ ရှိပါသည်။
o (ခ) - Hereditary nonpolyposis colorectal cancer (HNPCC) အသားပိုလုံး ထွက်ပေါ်ခြင်း မျိုးရိုးလိုက်ပြီး ဖြစ်ပေါ်သည့် အူမ ကင်ဆာ ဖြစ်ပြီး အခြားကင်ဆာများ (ကျောက်ကပ် ၊အသည်း၊ အစာအိမ်၊ သားအိမ်၊ ဥအိမ် ကင်ဆာ) များနှင့် တွဲဖက်ပြီးတွေ့ ရတတ် သဖြင့် Lynch syndrome ဟု ခေါ်ဆိုပါသည်။ ထို့အပြင် Crohn's disease, ulcerative colitis ဟု ခေါ် ဆိုသော အူမကြီး အနာဖြစ်ပြီး ယောင်ရမ်း ခြင်း ရောဂါ ရှိခဲ့ဖူးသူ များမှာ လည်း ကင်ဆာ ဖြစ်လာနိုင်ပါသည် ။ မိဘမျိုးရိုး (မိဘ နှင့် မောင်နှမ ရင်းချာ များ) အူမကြီးကင်ဆာ ဖြစ်ဖူးသူ ရှိပါက အထူးသတိထား သင့်ပါသည်။
ဒါ့အပြင်အဝလွန်သူ၊ လှုပ်ရှားသွားလာမှု နည်းပါးသူ ၊ ဆီးချိုရောဂါရှိသူ ၊ဆေးလိပ်သောက်သူ၊ အရက်သောက်သူ၊ အခြားကင်ဆာကြောင့် ဝမ်းဗိုက်မှာ ဓါတ်ကင်ကုသမှု ခံယူခဲ့ ဖူးသူ အစ ရှိသူများတွင် အူမကြီးကင်ဆာ ပိုမို ဖြစ်နိုင်ခြေရှိပါသည်။
အူမကြီးကင်ဆာ အတွက် မည်ကဲ့သို့ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း
ရောဂါကို စောစီးစွာ သိရပြီး လိုအပ်သည့် အချိန်မီ ကုသမှုများ ရယူနိုင်ရန် ပုံမှန် စမ်းသပ် စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ှ
o ဝမ်းထဲသွေးပါလျှင် ဝမ်းကို ဦးဆုံး စစ်ရန် လိုအပ်ပါသည် ။ Stool for Occult Blood (OB) ဟု ခေါ်ဆိုပါသည်။
o ပိုမိုသင့်တော် ကောင်းမွန်သည့် နည်းမှာ colonoscopy ခေါ်ဆိုသည့် မှန်ပြောင်းဖြင့် စစ်ဆေးသည့် နည်း ဖြစ်ပါသည်။ အထဲမှ အလုံးအဖုများကို တိုက်ရိုက် တွေ့ မြင်နိုင်ပြီး biopsy (အသားစယူ၍ စစ်ဆေးခြင်း) ကိုပါ တပြိုင်နက် လုပ်ဆောင်နိုင်ပါသည်။ အသားပိုလုံး များ တွေ့ ရှိပါက တစ်ပြိုင်တည်း နဲ့  ဖြတ်လို့ ရနိုင်ပါသည်။
o Barium Enema ခေါ် ဆိုသည့် ဆေးသွင်းပြီးဓါတ်မှန်ရိုက်ခြင်း
o CT Scan ရိုက်ခြင်း
o Ultrasound ဖြင့် စစ်ဆေးမှု ပြုလုပ်ခြင်း
o Tumor marker အဖြစ် သတ်မှတ်ထားသည့် သွေးတချို့  ကိုစစ်ဆေးခြင်းဖြင့် အချို့  ကင်ဆာ များကို သိရှိနိုင်ပါသည်။ သွေးရည်ကြည်ထဲ တွင် ပါဝင်သည့်  Carcinoembryonic antigen (CEA) ကိုစစ်ဆေးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နေခြင်း ရှိ မရှိ ခန့်မှန်းနိုင်ပါသည်။
o အခြားသော သွေးစစ်ခြင်းများ အနေနှင့် CA 19-9 , AFP, Galactosyl Transferase II , ဓါတ်များကို စစ်ဆေးခြင်းဖြင့်လည်း ခန့်မှန်းနိုင်ပါသည်။ သွေးစစ်ခြင်းမှ ရရှိသော အဖြေများသည် အခြားသော ကင်ဆာများ ဖြစ်ကြသည့် အသည်း၊ အစာအိမ် ၊ သရက်ရွက်၊ သားအိမ်၊ ဥအိမ် ၊ အဆုပ် အစရှိသည့် နေရာများမှာလည်း ပုံမှန် ထက် များပြား နေတတ်ပါသည်။
အူမကြီးကင်ဆာရောဂါ အနုအရင့် (Stages )
အူမကြီးကင်ဆာရောဂါ အနုအရင့် (Stages ) အဆင့်များပေါ် မူတည်ပြီး ရောဂါကုသမှု နှင့် အကျိုးသက်ရောက်မှု များ ကွာခြားပါသည်။ အနာရှိရင် ဆေးသိတယ် ဆိုပေမဲ့  လည်း အချိန်လွန်ပြီး ရောဂါကျွမ်း မှ ကုသမှု ခံယူမူ ပြုလျှင်အောင်မြင်မှု နည်းပါးမည် ဖြစ်သည်။
အူမကြီးကင်ဆာရောဂါ ရောဂါကို အကြမ်းဖြင်း အားဖြင့် ခွဲထားပုံမှာ-
1. Stage 0
2. Stage I
3. Stage II(A,B)
4. Stage III(A,B,C)
5. Stage IV
အူမကြီးကင်ဆာရောဂါ အား မည်ကဲ့သို့  ကုသမလဲ
o အူမကြီးကင်ဆာမှာ ဆေးထိုး၊ ဆေးစားရုံနှင့် ပျောက်ကင်းနိုင်ခြင်း မရှိသည့်အတွက် အဓိက ကျသည့် ကုသမှု မှာ့ ခွဲစိပ်ကုသခြင်း ဖြစ်ပါသည်။
o ရောဂါ နုစဉ် စောလျှင်စွာ သိရှိကာ ခွဲစိပ်မှု ခံယူနိုင်လျှင် များသောအားဖြင့် ပျောက်ကင်းနိုင်ပါသည်။
o ခွဲစိပ်ရာတွင် ရောဂါပြန့်ပွားနေသည့် ကင်ဆာအကြိတ်အား အတတ်နိုင်ဆုံး ခွဲစိတ် ဖြတ်တောက်ပြီး ကျန်ရှိနေသည့် အူမကြီး အပိုင်း နောက်တွင် ယာယီ သို့ မဟုတ် အမြဲတမ်းသုံး နိုင်ရန် မစင်စွန့်ပေါက် ကိုပါ တည်ဆောက်ပေးရခြင်း ဖြစ်ပါသည်။
o နောက်အဆင့် အနေနှင့် Chemotherapy ခေါ် ကင်ဆာဆေးများသွင်းပြီး ကုသခြင်း၊ Radiotherapy ခေါ် အဏုမြူ ဓါတ်ရောင်ခြည်ပေးပြီးကုသခြင်း များအား ခွဲစိပ်မှု အပြီးတွင် ဆက်လက်ပြုလုပ် ပေးရပါသည်။ အချိန်လွန် နောက်ကျပြီးမှ သိရှိရပြီး ခွဲစိပ်ကုသနိုင်ရန် မဖြစ်နိုင်တော့ ပါက ဤကဲ့သို့ ဆေးသွင်းခြင်း၊ ဓါတ်ကင်ခြင်း များသာ ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။
အူမကြီးကင်ဆာရောဂါ မှ ကင်းဝေးနိုင်ကြပါစေ။
MOMO Pharmacy Myanmar Team
17-Jan-2015

Sunday, 18 January 2015

ငါးမျက်စိနာအတွက် မရိုးပင်


ငါးမျက်စိနာအတွက် မရိုးပင်
------------------------------------
ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။
ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။
ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်းထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအဖွဲ့များမှ တားမြစ်ထားပါတယ်။
ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် - ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။
ကုသနည်း
မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။ ၄င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။
တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့သွားပြီး ပျောက်ကင်းသွားပါလိမ့်မည်။
လူသားတိုင်း ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာကြပါစေ။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Wednesday, 14 January 2015

ကျောက်ကပ်ရောဂါမဖြစ်အောင် ဒီ (၃) ချက်ကိုဆောင်


 ကျောက်ကပ်ရောဂါမဖြစ်အောင် ဒီ (၃) ချက်ကိုဆောင်
------------------------------------------------------------
၁။ ရေကို လုံလောက်စွာ သောက်ပါ
၂။ နွားနို့၊ ဒိန်ချဉ် သောက်ပါ
၃။ ဆား၊ အငံတို့ကို လျှော့စားပါ
၁။ ရေဓါတ်ပြည့်ဝနေလျှင် ခန္ဓာကိုယ်ဟာ ကျန်းမာနေမည်။ ရေကို လုံလောက်စွာ သောက်ပေးပါ။ သင်အများဆုံး နေလေ့ရှိတဲ့နေရာအနားမှာ ရေဗူးကို အမြဲထားပါ။ ရေဆာတိုင်း သောက်ပေး ပါ။ ရေဓါတ်ခန်းခြောက်နေတဲ့ ကိုယ်ဟာ ကျောက်ကပ်ဖြစ်နိုင်ခြေ ၂၀ % ရှိပြီး ရေဓါတ်လုံလောက်နေလျှင် ၆၀% ကာကွယ်ပေးနိုင်ပါတယ်။
၂။ နွားနို့နဲ့ ဒိန်ချဉ်မှာ ပါရှိတဲ့ ကာလ်စီယမ်ဓါတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီးကျောက်ကပ်ရောဂါဖြစ် နိုင်ခြေ ၂၀ % အထိကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို နွားနို့်တစ်ခွက်၊ သို့မဟုတ် ဒိန်ချဉ် နှစ်ခွက် သောက်ပေးနိုင်ပါတယ်။
၃။ ဆားနှင့်အငံဓါတ်တို့ဟာ ကယ်လ်စီယမ်ဓါတ်ကို စွန့်ထုတ်မှုပိုများစေပြီး အရိုးသန်မာမှု ကို လျှော့နည်းစေ တဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်စေနိုင်ခြေကိုလည်း ပိုများစေသည့်အတွက် ဆားကို လျှော့စားသင့်ပါတယ်။
 
စောနွဲ့ နေဆိုင်(ပူတာအို)

Tuesday, 13 January 2015

ဆေးမကူဘဲ စိတ်ကြည်လင်စေမည့် နည်းလမ်းများ


ဆေးမကူဘဲ စိတ်ကြည်လင်စေမည့် နည်းလမ်းများ
(၁) အားရပါးရရယ်ပါ
- တစ်နာရီခန့် ဟက်ဟက်ပက်ပက် ရယ်ခြင်းသည်     အားကစားနာရီဝက် လုပ်ခြင်းနှင့် ညီမျှစွာကယ်လိုရီများ ကို လောင်ကျွမ်းစေနိုင်သည်။
- သည်းထိတ်ရင်ဖို ရုပ်ရှင်ကြည့်လျှင် လည်း              အဒရီနယ်လင်ဟော်မုန်းထွက် ရှိခြင်းကြောင့် နာရီဝက် လမ်းလျှောက် ထွက် သကဲ့သို့ ကယ်လိုရီလောင် ကျွမ်းစေသည်။

(၂) တိုးတက်မှုအနည်းငယ်မျှပင် ဖြစ်ပါစေဂုဏ်ယူပါ
- အဝတ်အစားဝတ်တဲ့အခါ နည်း နည်းလေးချောင်လာတာ၊ မျက်နှာ အနည်းငယ်သွယ်လာတာ၊ ပေါင်ချိန်လျှင် (၂)ပေါင် ခန့်ကျသွားတာ စသည် ဖြင့် တိုးတက်မှုအနည်း ငယ်သာဖြစ် သော်လည်း ဝမ်းသာအားရဂုဏ်ယူပါ။
-လုပ်စရာအလုပ်များကို စာရင်းချ ရေးထားပြီး အလုပ်တစ်ခုပြီးတိုင်း အားရပါးရ ခြစ်ချပါ။
(၃) အနားယူချိန်များ၌ပါ သွက်သွက် လက်လက်နေပါ
- ရုပ်မြင်သံကြားကြည့်စဉ်ထိုင်နေ ပြီး ကြော်ငြာဝင်လျှင် လမ်းထလျှောက် ပါ။
- အနားယူစာဖတ်ချိန်တွင် ပက်လက် မလှဲဘဲ ထိုင်လျက်ဖတ်ပါ။
- နေရောင်ခြည်မရသည့် နေ့များ၌စိတ်လေးလံထိုင်းမှိုင်းတတ်ရာအလင်းရောင် ကောင်းကောင်းရသည့်နေရာ
များ၌ နေထိုင်ပါ။
(၄) အစားလွန်ခြင်းကို ထိန်းသိမ်းပါ
- စိတ်ဖိစီးလျှင် အစားလွန်တတ် သည်။ ထိုအချိန်သည်အမှန်တကယ်ဗိုက်ဆာခြင်းမဟုတ်သောကြောင့်
 ရေသောက်လျှင်ဆာလောင်မှုပြေ ပျောက်စေသည်။
(၅) နေရောင်ခံပါ
- မိုးအုံ့သည်ဖြစ်စေ၊မိုးရွာသည် ဖြစ်စေခေတ္တမျှအပြင်ဘက်လမ်း လျှောက်ပါ။
 နေရောင်ခြည်စိုးစဉ်မျှထိ တွေ့သည်ဖြစ်ပါစေ၊ လမ်းလျှောက် ခြင်းနှင့်ယှဉ်တွဲပါက စိတ်ကိုလန်း ဆန်းတက်ကြွစေနိုင်သည်။
ဇော်ကို
Source:RD
Health Updates Journal

Thursday, 8 January 2015

သင်၏မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "


သင်၏မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "
-------------------------------------------------------------------
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ခြေထောက်နှစ်ဖက်လုံး ဒူးအထက် ကနေပြီး ရေ သုံးခွက်စီလောက်လောင်းပေးရမယ်။              ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက် သွားအောင် ဆွဲချလိုက်တာပါ။
အိပ်ရာကထလာတာနဲ့အပူတွေက တစ်ကိုယ်လုံး မှာပြန့်နှံ့နေတာပါ ၊ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်ရေနဲ့ ထိပြီးအေး သွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေအကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊အပူငွေ့တွေလာရိုက်တော့တာပေါ့ ။သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်းချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်းရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကိုဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့ ။" ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် " ။အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့အခိုးအငွေ့တွေဟာ " မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ" ။ဒီနည်းကတော့" အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ ။နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူ များ ပြန် အားကောင်းနိုင်ပါတယ် ။မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။
အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
မေတ္တာဖြင့် ... မြစိုး
Credit to သက်ရှည်ကျန်းမာ

Monday, 5 January 2015

အသည်းနှင့်ကျောက်ကပ်ကို သန့်စင်ပေးတဲ့ သစ်သီးစိမ်ရေ


အသည်းနှင့်ကျောက်ကပ်ကို သန့်စင်ပေးတဲ့ သစ်သီးစိမ်ရေ
------------------------------------------------------------------
အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။ Detox Water ဆိုတာ သစ်သီးများကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာ ဖြစ်ပါတယ်။
သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ်ကို ရောဂါကင်းစင်စေကာ သန်မာလာစေတယ်လို့ ဆိုပါတယ်။
Detox Water ပြုလုပ်နည်းများထဲမှ နည်းလမ်းအချို့ကို ကိုယ်တိုင်အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေးလိုက်ပါတယ်။
(၁) Cucumber Lemon Mint Detox Water
ပုံထဲမှာပါသည့်အတိုင်း ဖန်ခွက်၊ ရေခရား၊ အ၀ကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။ ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။
(၂) Apple Cinnamon Detox Water
ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။
(၃) Apple Cider Vinegar Detox Water
ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။ (Apple Cider Vinegar ကို ကုန်တိုက်များမှာ ၀ယ်ယူနိုင်ပါတယ်)
(၄) Strawberry Detox Water
စတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။
(၅) Simple Detox Water
သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ပါ။
(၆) Weight Loss Detox Water
Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ၀ိတ်ကိုလည်း ကျစေပါတယ်။
(၇) Fruits Detox Water
ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။
ဒီနည်းတွေကို မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခုကို ရွေးချယ်၍ လုပ်နိုင်ပါသည်။ ရေကို တစ်ခွက်သောက်ပြီးတိုင်း နောက်ထပ်တစ်ခွက် ပြန်ဖြည့်ထားနိုင်ပါသည်။ စိမ်ထားသည့် ရေများကို(၂၄) နာရီအတွင်း ကုန်အောင် သောက်နိုင်လျှင် ပိုကောင်းပါသည်။
ပိုမိုထိရောက်စေလိုလျှင် အလုပ်နားသည့်ရက်မှာ ထမင်းဟင်းများကို လုံးဝမစားပဲ Detox Water ကိုသာ တစ်နေ့လုံး သောက်ပေးပါ။ စိမ်ထားသော အသီးအနှံနှင့် အခြားဖျော်ရည်များကိုလည်း သောက်ပေးနိုင်ပါသည်။
ဝမ်းတွင်းမှ ကလီစာများကို အနားပေးပြီး ဆေးကျောသန့်စင်သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက သင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံးဝပူပန်စရာမလိုသည့် လူသားတစ်ဦး ဖြစ်လာမှာ အမှန်ပါပဲ။
လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသော သကြားနှင့်ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစား သန့်ရှင်းလတ်ဆတ်သော ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးဖြင့် သင့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ပေးလိုက်ပါမိတ်ဆွေ။
စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ Detox Water
ကျန်းမာရေးသတင်းများ
မူရင်းလင့် - www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Sunday, 4 January 2015

ကျန်းမာရေး အတွက် ရုံးပတီသီး စားပါ


ကျန်းမာရေး အတွက် ရုံးပတီသီး စားပါ
ဟင်းချက်ရာတွင် ထည့်ပြီး ချက်လေ့ရှိသော ရုံးပတီသီးဟာ ကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရရှိတယ်လို့ သိရပါတယ်။
ရုံးပတီသီး စားလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ ----
- အရိုးကိုသန်မာစေပါတယ်။
- နှလုံးကိုကာကွယ်ပေးပါတယ်။
- အဆစ်အမျက် ရောင်ရမ်းခြင်းကို သက်သာလျော့ပါး စေပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းပေးပါတယ်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေပါတယ်။
- အရိုးပါးရောဂါ ကာကွယ်ပါတယ်။
- အရိုးကျီးပေါင်း တက်ခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း


လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း
-----------------------------------------------------------------
လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများအတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အလုံးလိုက်ကို ဆားဖြင့်နယ်၍ ၃ မိနစ်ခန့်ထားပြီးလျှင် ရေဆေးလိုက်ပါ။
၂။ အခွံနဲ့အတူ အကွင်းလိုက် ပါးပါးလှီးပါ။
၃။ နနွင်း (၁၀)သားခန့် ထည့်ပါ။
၎။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုးလုံနေအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူး ကဲ့သို့သောပုလင်းဆိုလျှင် ပိုကောင်းပါသည်)
၅။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကိုက်အခဲဖြစ်သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါသည်။
ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
ဦးစောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ၊ ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Thursday, 1 January 2015

ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ကျောက်သင်ပုန်းဖျက်ရွက်


ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ကျောက်သင်ပုန်းဖျက်ရွက်
-------------------------------------------------------------------------------
ယခုပုံမှာ မြင်နေတဲ့ ဒီအပင်ဟာ ကျောက်သင်ပုန်းသုတ်ရွက်ပင် ဖြစ်ပါတယ်။ နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး အခေါ်အဝေါ်များ ကွဲပြားကြပါတယ်။ ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။
ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။
ဒီအပင်ဟာ ဆေးဖက်ဝင်အပင်ဆိုတာ သိလာကြတဲ့အတွက် ထိုင်းနိုင်ငံမှာတော့ အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍ သောက်ခြင်းများကို ပြုလုပ်ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။
ဆေးအဖြစ် အသုံပြုပုံများ-
(၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။
(၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊ ပြည်တည်၊ ၀က်ခြံနာ၊ အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။
(၃) ရေရုံရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့ တပင်လုံးကို နနွင်း၊ ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း၍ ရေရုံနာပေါ်ကို တစ်ညခန့် အုံပေးပါက သက်သာပျောက်ကင်းစေပါသည်။
(၄) ၀က်ခြံ၊ တင်းတိပ်များအတွက် ပဉ္စငါးပါးလုံးကို ပြုတ်၍ ၄င်းဆေးပြုတ်ရည်ကို မနက်တိုင်း မျက်နှာသစ်ပေးပါက သက်သာပျောက်ကင်းစေပါသည်။
(၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင် ဂေါက်ရောဂါများအတွက် ၄င်းအရွက်ကို ရေစင်အောင်ကြောကာ သုပ်စားခြင်း၊ ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက ရောဂါကို သက်သာပျောက်ကင်းစေပါသည်။
(၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ဒီအရွက်ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့ မျက်စိတိမ်များ ပျောက်ကင်းပါတယ်။
(၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့် မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များ အံ့သြစွာ ပျောက်ကင်းသွားပါလိမ့်မည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးမြီးတိုများ၊ ဘီဘီစီ ၀င်းမြင့်
ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Tuesday, 30 December 2014

ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ


ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူဟာ ရောဂါ အတော်များများ အတွက် ကောင်းမွန်သော သဘာဝ အစားအစာတစ်မျိုး ဖြစ်ပါ တယ်။ ဒီအထဲကမှ မနက်အိပ်ယာထ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ ကြက်သွန်ဖြူကို စားပေး သင့်ပါတယ်။
လေ့လာမူများ၏ အဆိုအရ အဲလို မနက်ခင်း အိပ်ယာထတဲ့ အခါမှာ စားခြင်းဟာ ပိုမိုပြီးဆေးစွမ်းထက် တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းထဲမှာ အစာမရှိတဲ့ အခါမှာ မကောင်းတဲ့ ဗက်တီးရီးယား ပိုးမွှားများကိုအလွယ်တကူ တိုက်ခိုက်ဖယ်ရှားပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါ တွေကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ခုခံအားကျဆင်းမူ ရောဂါများ၊ အာရုံကြောနဲ့ ပက်သက်သော ရောဂါများ၊ အသည်း၊ဆီးအိမ် စတာတွေအပြင် သွေးလည်ပတ်မူ ကိုလည်း ကြက်သွန်ဖြူက ကောင်းမွန်စေ နိုင်ပါတယ်။ အစာအိမ် အချဉ် ပေါက်ခြင်းကြောင့် စိတ်ပူသူတွေ အတွက်လည်းကြက်သွန်ဖြူက အကောင်းဆုံး ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ဒါ့ကြောင့် နေ့စဉ် ကြက်သွန်ဖြူကို စားပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက် အကူ ဖြစ်စေမှာ ဖြစ်ပြီး စားသင့်တဲ့ ပမာဏကတော့ အတိအကျ မလိုအပ်ပါဘူး။
Ref - Health Digest
ကျော်လင်းနိုင် (ရိုးရာလေး)

Monday, 29 December 2014

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ
(၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြားအနည်းငယ်ဖြင့်၎င်း၊ ပျားရည်အနည်းငယ်ဖြင့် ၄င်း စားပေးပါက ခန္ဓာကိုယ်ထဲမှ အဆိပ်တောက်များကို ပြေစေပါတယ်။
(၂) ဖလံတောင်ဝှေးကိုဟာလည်း အဆိပ်ကို ပြေစေပါတယ်။ အထူးသဖြင့် ငသိုင်းနှင့် ချက်စားပါက ပိုမိုဆေးဖက်ဝင်စေပါတယ်။
(၃) မုန်လာထုပ်ကို ဟင်းချိုလုပ်၍ တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါက ကိုယ်တွင်းမှ အဆိပ်များကို ပြေစေ၍ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၄) ထောပတ်သီးဟာ အသည်းနှင့် နှလုံးတို့ကို သန့် စင်ပေးနိုင်တာကြောင့် မကြာခဏ စားပေးနိုင်ပါတယ်။
(၅) ကညွတ်ဥဟာ အဆိပ်ကို နိုင်ပါတယ်။ အထူးသဖြင့် နွားနို့ နဲ့ ကြိုသောက်ပေးပါက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန် အထောက်အကူပေးပါတယ်။
(၆) ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါရှိနေတာကြောင့် ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာနှင့် အမျိုးသားများ ဆီးကျိတ်ကင်ဆာတို့ ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ( ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကိုက်လံ တို့ ကိုလည်း စားပေးနိုင်ပါတယ်)
(၇) ရွက်စားမုန်လာရွက်များဟာ သည်းခြေရည်(အက်ဆစ်)ကို တိုးပွားစေပါတယ်။ ထို့အပြင် ခန္ဓာ ကိုယ်ထဲရှိ အဆီမော်လီကျူးများကို စုပ်ယူ၍မ ကောင်းတဲ့ အဆိပ်အတောက်တွေကို ကျင်ကြီးကျင်ငယ်အဖြစ် သန့်စင်ပေးပါတယ်။
(၈) လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့  စဉ်သောက်သုံးပါက ဆီးရွှင်စေတဲ့အပြင်၊ ရင်ပြည့်ရင်ကယ်၊ ဗိုက်ပွခြင်း ဝေဒနာတွေ ကိုပါ သက်သာလျော့ပါးစေနိုင်ပါတယ်။
(၉) သံပုရာသီးဟာ ဆစ်ထရစ်အက်ဆစ်ကြွယ်ဝနေသည့်အတွက် အဆိပ်အတောက်များ ကို ပြေပျောက်စေ ပါတယ်။ နေ့ စဉ် သံပုရာရည်ကို သကြားနဲ့ ဖျော်သောက်ပေးနိုင်ပါတယ်။ သို့သော် တစ်နေ့ကို သံပုရာသီး ၃ လုံးထက် မပိုရပါ။
(၁၀) မုန်လာဥနီအလုံး(သကြားမုန်လာ) ထဲမှာ Betalains လို့ ခေါ်တဲ့ သဘာဝသွေးနီရောင် ဆိုးဆေးတွေ ပါဝင်ခြင်းကြောင့် ရောင်ရမ်းနာခြင်းများကို သက်သာစေပါတယ်။ အသည်းထဲမှ ဆဲလ်တွေကိုလည်း ကောင်း စွာ တည်ဆောက်ပေးပြီး အဆိပ်အတောက်များကိုလည်း ပြေစေပါတယ်။
စောနွဲ့ နေဆိုင်(ပူတာအို)
K.K(ကနောင်)

Sunday, 28 December 2014

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ ကုထုံး

ထိုင်းနိုင်ငံမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို အာမခံနဲ့ ကုသပေးနေတဲ့ အရမ်းကိုတော်တယ်လို့ နာမည်ကြီးနေတဲ့ အထူးကု သမားတော်ကြီးတစ်ယောက်ရှိ ပါတယ်၊ မြန်မာလူမျိုးတွေကတော့ သူ့ကို ဒေါက်တာ ဟူစိန်လို့ ခေါ်ကြတယ်၊ အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သတ်လာရင် ကင်ဆာအပါအဝင် ဘယ်သူမှလက်မခံတော့တဲ့ လူနာတွေကို သူက အာမခံပြီး ကုသပေးပါတယ်၊ သာမန်လောက်ကတော့ သူ့ဆေး စား ၁ ပတ်ပါပဲ၊ နည်းနည်းလေး ပြင်းလာရင် ၁ လ၊ ကင်ဆာနဲ့ ရောဂါအပြင်းစားတွေဆိုရင် ၃ လ ၅ လ နဲ့ အမြစ်ပြတ် ကုပေးပါတယ်၊ ရောဂါအပေါ်မူတည်ပြီး သူပေးတဲ့ ဆေးကလဲ ကွာပါတယ်၊ အပြာရောင်၊ အနီရောင်တို့ကတော့ သာမန်လောက်ရောဂါ ပေါ့၊ ရွှေရောင်ကတော့ ရောဂါ ပြင်းတဲ့ လူတွေကိုပေး ပါတယ်၊ ကုသစရိတ်ကလည်း တော်တော်ပေးရပါတယ်၊ မြဝတီမြို့က အချစ်ဆုံး သူငယ်ချင်း တွေရဲ့ ကျေးဇူးနဲ့ ဒေါက်တာ ဟူစိန် ရဲ့ ဆေး ၁ လစာ ကျနော် ရခဲ့ပါတယ်၊ ရောဂါတွေ မြန်မြန်ပျောက်ပြီး မြန်မြန်ပြန်နေကောင်း စေချင်တဲ့ သူတို့ရဲ့စေတနာကို အများကြီးလေးစားခဲ့ရပါတယ်၊ ခုလို ခက်ခက်ခဲခဲ ရအောင်ချိတ်ဆက်ပြီး ဆေးရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးကိုလည်း ဘယ်လိုမှ မေ့နိုင်မှာမဟုတ်တော့ပါဘူး၊ ၁ လစာတောင်ဆိုတော့ အနည်းဆုံး ဘတ် ၃ သောင်းလောက်တော့ ပေးရပါတယ်၊
ဒီဆေးတွေကို ကိုင်ကြည့်ရင်း ကျနော် တစ်ခုစဉ်းစားမိခဲ့ပါတယ်၊ ဘာတွေနဲ့များ ဖော်စပ်ထားလို့ ဒီလောက်စွမ်းရတာလဲ ဈေးကြီးရတာလဲလို့ပေါ့၊ ကျနော့်အတွက်ဆိုပြီးရထားတဲ့ဆေးက. Capsule ရွှေရောင်လေးပါ၊ ကျနော် ဆေးတစ်တောင့် ဖောက်ကြည့်ခဲ့မိပါတယ်၊ ဒီ capsule လေးထဲမှာ ဘာတွေများပါမယ်လို့ ထင်မိကြပါသလဲဗျာ ......
အခုဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါပြီ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော် အစာအိမ် မှန်ပြောင်းကြည့်တော့မယ်ဆိုရင် လူလေး ဆယ်ယောက်လောက်ပဲ ရှိပါတယ်၊ အခုဆို ရာဂဏာန်းလောက်ကို စောင့်နေရပါတယ်၊ အပြင်အထူးကုဆေးခန်းကြီးတွေမှာ ဆိုရင်လဲ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် သီးသန့်တောင် ထပ်တိုးချဲ့ထားကြရပါတယ်၊
ပြောပြချင်တာကတော့ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကို့မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ်၊ အသိဆွေမျိုးထဲကပဲဖြစ်ဖြစ် ဒီရောဂါဝေဒနာမျိုးခံစားနေရတဲ့ သူတွေအတွက် ဆေးကောင်းတစ်လက် လမ်းညွှန်ပေးချင်လို့ပါ၊ ကျနော် စောစောကပြောပြခဲ့တာလေး .ပြန်ဆက်ရရင်တော့ capsule လေးထဲမှာ တွေ့ခဲ့ရတာက နနွင်းမှုန့်တွေ ဆိုတာပါပဲ၊ နနွင်းမှုန့်စစ်စစ်ကို capsule လေးအုပ်ထားတာပါ၊
မြန်မာ့ဆေးကျမ်းတွေမှာ ပြန်ရှာဖတ်ကြည့်တော့ နနွင်းမှုန့်ဟာ အနာရောဂါမှန်သမျှနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကရောဂါတွေအတွက် အထူးအစွမ်းထက်ကြောင်းဖော်ပြထားပါတယ်၊ အခုဆို အမေရိကန်နိုင်ငံမှာ ကင်ဆာအတွက် ဆေးဖော်စပ်ဖို့ စမ်းသပ်တာအောင်မြင်ခဲ့တဲ့ နနွင်းမှုန့်နဲ့ ဆေးဖော်နေပါပြီ၊ ကရင်ပြည်နယ် အစွန်အဖျား တောထဲတောင်ထဲတွေအထိ ကုန်သည်တွေ နနွင်းမှုန့်အစစ် လိုက်ရှာဝယ်ပြီး ထိုင်းဈေးကွက်ကတဆင့် အမေရိကန်ကို ပို့နေကြပါတယ်၊ နနွင်းအစစ်တောင် တော်တော်ရှာဝယ်နေရပါတယ်၊
မြန်မာ့ဆေးကျမ်းထဲမှာတော့ တနေ့ လက်ဖက်စားဇွန်းနဲ့ ရောဂါပြင်းရင် ၃ ဇွန်းစားခိုင်းပါတယ်၊ ကျနော်ကတော့ ထမင်းစားဇွန်းနဲ့ တနေ့ ၅ ကြိမ် သောက်နေပါတယ်၊ စ သောက်ခါစမှာတော့ မြိုချရတာ တော်တော်အခက်အခဲ ဖြစ်ရပါတယ်၊ ဗိုက်ထဲရောက်သွားပြန်တော့လဲ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ရှိတဲ့အနာ တွေက စပ်လိုက်တာ အတော်ကလေးခံရပါတယ်၊ မျက်စိတွေပြာ နားထဲကလေတွေထွက်ပြီး လူလဲ မလှုပ်နိုင်တော့ပါဘူး၊ ဆေးတစ်ဇွန်း ထပ်သောက်ဖို့တောင် လန့်နေမိပါတယ်၊ ရောဂါပျောက်ချင်လို့သာ ကြိတ်မှိတ်သောက်ခဲ့ရတာပါ၊ စပ်တာက ဘာနဲ့တူသလဲဆိုတော့ အနာတစ်ခု၊ ဓားရှမိတာမျိုးပေါ့ အဲ့ဒီအပေါ်. ဘရိတ်ဆီထည့်လိုက်သလိုပါပဲ၊ ဗိုက်ထဲမှာဆိုတော့လဲ ပိုဆိုးတာပေါ့ဗျာ၊ အခုဆိုရင် ဆေးသောက်ခဲ့တာ ၄ ရက်မြောက်ပါပြီ၊ လူက အရင်ကလို မဟုတ်တော့ပဲ နေလို့အများကြီးသက်သာနေပါတယ်၊ ၃ နှစ်လောက်နီးပါး ဗိုက်ထဲမှာ မီးဖုတ်ထားတဲ့ သံလုံးကြီး မြိုထားရသလို အမြဲ ပူလောင်တဲ့ ဝေဒနာဆိုးကြီး ခံစားနေရတဲ့ ဝဋ်ဒုက္ခဆိုးတစ်ခုကတော့ လွတ်မြောက်ခဲ့ရပါပြီ၊ သိသာပါတယ် တော်တော်လေးကို နေရထိုင်ရတာ သက်သာပါတယ်၊ အခုဆိုရင် နီးစပ်ရာ လက်လှမ်းမီသမျှကို ကျနော် နနွင်းမှုန့်အကြောင်း လိုက်ပြောပြပေးနေပါတယ်၊ မြို့ထဲက. အဒေါ်ကြီးတစ်ယောက်ဆိုရင်လဲ ထမင်းစားလိုက်တာနဲ့ ဗိုက်ချက်ချင်းအောင့်ပြီး အောက်ကနေ ထမင်းအစေ့လိုက်ပြန်ပြန်ထွက်နေတာ သိရတော့ ကျနော်ခံစားရတာတွေ သွားရှင်းပြပြီး သူ့ကို နနွင်းမှုန့်အစစ် နည်းနည်း စမ်းသောက်ဖို့ပေးထားခဲ့ပါတယ်၊ သူသောက်တာ ဘယ်လိုနေသလဲ သွားမေးကြည့်တော့ သူက ကျနော့်လိုတော့ သောက်လိုက်ရင် မစပ်ပါဘူး၊ အရင်ကထက်စာရင်တော့ နေရတာ အများကြီး သက်သာလို့ ကျနော့်ကို ကျေးဇူးတွေတင်နေပါတယ်၊ ဒီတော့ ပြောပြနိုင်တာတစ်ခုကတော့ အစာအိမ်ထဲမှာ အနာရှိတဲ့ သူတွေမှသာ ကျနော့်လို စပ်တဲ့ဝေဒနာ ခံစားရမှာပါ၊ ရောဂါနုသေးတဲ့သူတွေအတွက်တော့ အစာအိမ်ဆေးကြောလိုက်သလို သန့်ပေးရုံပဲရှိမှာပါပဲ၊ သောက်ဖို့ကို မကြောက်စေချင်ပါဘူး၊
အစာအိမ်နံရံ ၃လွှာစလုံး ပါးနေပြီး အထဲမှာ အနာတွေနဲ့ ပြည့်နေခဲ့တဲ့ လူတစ်ယောက်၊ အချိန်မရွေး အစာအိမ်နံရံပေါက်ထွက်နိုင်တယ်ဆိုလို့ ဘာအစာအမာမှ မစားရတဲ့ သူတစ်ယောက်၊ ညဖက်တွေမှာ ဗိုက်ထဲကပူပြီး အောင့်လွန်းလို့ မအိပ်နိုင်ခဲ့တဲ့ လူတစ်ယောက် ၊ ၂၄ နာရီ ဗိုက်ထဲမှာ ပူလောင်မှုဝေဒနာ ခံစားနေရတဲ့ သူတစ်ယောက် ... ဟောအခုတော့ သူခံစားနေရတဲ့ဝေဒနာတွေ သိသိသာသာကို သက်သာနေပါပြီ၊ ကျနော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေရှိခဲ့ရင် ကိုယ်ချင်းစာပြီး သူတို့ကို သက်သာစေချင်ပါတယ်၊ ကျေးဇူးပြုပြီး ရောဂါခံစားနေရတဲ့သူတွေရှိရင် နနွင်းမှုန့်သောက်ဖို့အကြောင်းလေး လက်လှမ်းမှီသမျှ ပြောပြပေးစေချင်ပါတယ်၊
ထိုင်းနိုင်ငံက သမားတော်ကြီးနဲ့ ပြပြီး ကုသရင်လဲ ရောဂါပျောက်ပါလိမ့်မယ်၊ ဒါပေမယ့် ကုသစရိတ်က အနည်းဆုံး ၁၆ သိန်းကနေ သိန်း ၃၀ အထက်တော့ ကုန်ကျမှာပါ၊ ပိုက်ဆံတွေကုန်ပြီး ရမယ့်ဆေးကလဲ ဒီ နနွင်းမှုန့်လေးပါပဲ၊
မိမိအစီအစဉ်နဲ့ မိမိပဲ နနွင်းမှုန့်စစ်စစ်ကိုသာ ရှာဖွေ သောက်သုံးကြည့်ကြပါလို့ အကြံပြုပါရစေ
 https://www.facebook.com/tharr.naung/posts/1540688846206418 မှကူးယူဖေါ်ပြပါသည်။

Friday, 26 December 2014

ခြောက်ပြစ်ကင်း “ထောပတ်သီး”


ခြောက်ပြစ်ကင်း “ထောပတ်သီး”
အရေးအကြောင်းမပေါ်စေတဲ့ လျိုဝှက်နည်းက ထောပတ်သီးနဲ့ အသားရေအစိုဓာတ် ထိန်းသိမ်းနိုင်တာပါ. ၂၀ ကျော် ပျိုမေတွေအတွက် နုနယ်ပျိုရွယ်နေစေဖို့ ထောပတ်သီးနဲ့ အလှပထိန်သိမ်း နည်းလေး ပေး လိုက်ပြီနော်..ထောပတ်သီးမှာကတော့ ဗီတာမင် အားဖြင့် အေ၊ ဒီ၊ အီး တို့ ပါဝင်ပါတယ်..
(၁) ထောပတ်သီးမရိုးနိစ် ပေါင်းဆေး ပြုလုပ်ပြီး ဆံကေသာ အလှကို ပေါ်လွင်စေမယ်
အဆီအနှစ်အပြည့်ပါတဲ့ မရိုးနိစ်တစ်ပုလင်းနဲ့ ထောပတ်သီး တစ်ဝက်ကို သေချာရောစပ်ပြီး ဆံပင်အရင်ကနေ အဖျားအထိ သုတ်လိမ်းပါ။ မိနစ် ၂၀ ကြာရင်တော့ ရေ စင်အောင်ဆေးလိုက်ယုံပါပဲ..
ဆံသားနက်မှောင်ပြီး ရှည်မြန်လာပါလိမ့်မယ်.. ဦးရေပြား ခြောက်သွေ့ခြင်းနဲ့ ဆံသား တောက်ပြောင်ခြင်း အရှည်မြန်ခြင်းကို တက်ရောက်မှု ရှိတယ်လို့ လက်ရှိသုံးစွဲသူ တစ်ယောက်က ဆိုပါတယ်..
(၂) အသားအရေတွေ ကြမ်းနေတာရော ချောမွေ့ချင်သေးလား
ထောပတ်သီး ကိုပဲ အသုံးပြုလိုက်ပါ..ထောပတ်သီးမှာ ပါဝင်တဲ့ အဆီက အရေပြားရဲ့အပြင်ဆုံးအလွှာမှာရှိတဲ့ ဆဲလ်တွေအကြား ချောမွတ်စေပြီး အရေပြား ကြည်လင်လှပစေပါတယ်.. အသုံးပြုပုံကတော့ . ထောပတ်သီးအနှစ်နဲ့ အရေပြားပေါ်မှာ ပွတ်ထားရပါမယ်..၁၀-၁၅မိနစ်လောက်ထားလိုက်ပြီးမှ ရေဆေး ချပါ။ထောပတ်သီးက အရေပြား အစိုဓာတ်ကို ထိန်းထားပေးပါတယ်.. အရေးအကြောင်းတွေ ကို ပြေလျှော့ ပြီး ချောမွတ်တင်းရင်း နေစေပါလိမ့်မယ်…
(၃) ကိုယ်ခန္ဓာ သွယ်လျလှပ ချင်တယ်ဆိုရင်
ထောပတ်သီးက အဆီဓာတ် များတဲ့အတွက် အဆီကျစေဖို့အတွက် မသင့်တော်ဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်.. ထောပတ်သီးထဲက ဓာတ်တွေဟာ ကျန်းမာရေးအတွက် သင့်တော်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းပေးထားတော့ ဗိုက်မဆာအောင် ဖန်တီးနိုင်ပါတယ်.. တစ်နေ့ကို ထောပတ်သီး တစ်ဝက်စားပြီး တစ်နေကုန် ဗိုက်သိပ်မဆာတော့လို့ အခြားအဆီများတဲ့ အစားအစာတွေ စားတာ လျောနည်းသွားပါတယ်..ဒီလိုနည်းနဲ့ ဝမ်းဗိုက်အဆီသားကို လျော့ချနိုင်ပါပြီ..
‪#‎Yangonlife‬ ‪#‎SocialInterest‬ ‪#‎FruitCare‬
စုစည်းတင်ပြသူ - LILY

Thursday, 25 December 2014

ပျားသံပရာလုပ်နည်း



"ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ်စရာမလိုအစားရှောင်စရာမလိုပဲ ကျစေတဲ့ ပျားသံပရာလုပ်နည်း "
ကျွန်တော့ အလုပ်က အထိုင်များတယ် အားကစားလဲ သိပ်မလုပ်ဖြစ်လို့မ၀ပေမယ့် ဗိုက်မှာအဆီတွေ များနေတယ် အဲ့ဒါကြောင့် အွန်လိုင်းမှာရောတီဗီမှာလာတဲ့ ကျန်းမာရေး အစီစဉ်တွေကနေ ဆရာဝန်တွေ ခဏခဏ ညွှန်းတဲ့ အဆီကျတဲ့ နံမည်ကြီး ပျားသံပရာကိုစသောက်ဖို့ ဒီနေ့ပဲဆုံးဖြတ်လိုက်ပါတယ် လုပ်နည်း အဆင့်ဆင့် ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် .....
(၁) ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပျားရည်အစစ် (ကျွန်တော်ကတော့City Mart က စစ်တယ်လို့ပြောလို့ City Mart ကနေ သဘာဝပျားရည်တစ်ဘူးဝယ်လာပါတယ်)၊ သံပရာသီး ၁၅ လုံး (ကျွန်တော်ကတော့ ၁၀ လုံးပဲ သုံးထား ပါတယ်)ဆားအနည်းငယ်၊ ပုလင်းခွံတစ်လုံး ဖြစ်ပါတယ်။
(၂) ပထမဆုံး သံပရာသီးတွေကို အလုံးလိုက် ဆားဖြင့် ပွတ်ပါ၊ ဆားဖြင့်ပွတ်ပြီး၅ မိနစ်ခန့်ထားပါ၊ ပြီးရင် အဆိုပါသံပုရာသီးတွေကို ရေဖြင့်ဆေးလိုက်ပြီးရေခြောက်အောင် ခဏထားပါ။
(၃) ရေခြောက်သွားသော သံပုရာသီးတွေကို အကွင်းအကွင်းလေးတွေလှီးအစေ့ဖယ်ပြီး ပုလင်းခွံ အလွတ်ထဲကို သံပုရာကွင်း တစ်ကွင်းထည့်လိုက်ပျားရည်တစ်စွန်း ထည့်လိုက်နှင့် သံပုရာသီး အကွင်းတွေ ကုန်အောင်ထည့်ပါ။
(၄) ပြီးလျှင် သောက်ရေကို အပေါ်မှ သံပုရာကွင်းတွေ မြှုပ်နေအောင်ထည့်ပြီး ရေခဲသေတ္တာထဲတွင် သုံးရက်ခန့်ထားလိုက်ပါက ပျားသံရာကိုရရှိပြီဖြစ်ပါသည်။
သောက်သုံးနည်း >> မနက်စာ မစားမီ သံပရာသီး တစ်ကွင်းနှင့်ပုလင်းထဲမှ ပျားသံပရာ တစ်စွန်းကို ရေ (သို့မဟုတ်) ရေနွေးဖြင့်တစ်ကြိမ်သောက်ပါ ညအိပ်ခါနည်းလဲ အဆိုပါအတိုင်း တစ်ကြိမ်သောက်ပါ။
ကိုယ့်တွေ သောက်သုံးပြီး အဆီကျတဲ့လူတွေကတော့ အဆိုပါနည်းအတိုင်းသောက်သုံးလိုက်တဲ့အခါ တစ်ပတ် အတွင်းသိသာတယ်လို့ပြောပါတယ်။"သိသူများကျော်သွားပါ မသိသူများဖော်စားပါ တစ်ခြားမသိသူ များ ကိုShare ပေးပါ" ..........
>> Tharr Kong Burma <<

Tuesday, 23 December 2014

မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်


မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ
မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကို
မျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
Ref - wellnessbin
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com