အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Friday, 10 April 2015

ဆီးချိုရောဂါအတွက် ကြက်သံပုရာ ပေါင်းရည်


ထိုင်ဝမ် မှာနေတဲ့ အသက် ၅၅ နှစ်အရွယ် လူတယောက်ဟာ တနေ့ မှာနေမကောင်းဖြစ်သတဲ့
သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့
ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့
ဒီလို နဲ့  ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်
အသက် ၅၇ မှာ မလေးရှားက သူ့ မောင်နှမတွေဆီလာလည်တော့ သူ့ မှာ ဆီးချို ရောဂါဖြစ်နေတာကို သိတော့ ညီတယောက်က ဒီကြက်သံပုရာပေါင်းကို လုပ်ကျွေးပါတယ်
နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ ပျောက်ကင်းသက်သာရာရခဲ့လို့  သူလည်း ပျောက်ချင်စိတ်နဲ့  သောက်ပါသတဲ့

ကြက်ပေါင်းနည်းက ၆၀သားလောက် အနေတော် ကြက်တကောင်ကို ခြေထောက်နဲ့  ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ့  ရေကို ကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ
အဲဒီကြက်ပေါင်းကို သူ့ ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်
အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့
သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ့  လုပ်ခဲ့ပါတယ်
ဒီလိုနဲ့  ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ ဆီးချို အတက်အကျ မရှိတော့လို့  ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်
ဆီးချိုတိုင်း ကိရိယာလေးနဲ့  အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်
အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့ လုပ်စားဖြစ်ပါတယ်
ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့  အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့  ဘဝကို ဖြတ်သန်းနေပါသတဲ့
ဆီးချိုအတွက် လုပ်စားကြည့်လို့ လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ့  ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်
https://www.facebook.com/sukhita.notes/photos/a.285659871615003.1073741829.224819631032361/427683477412641/?type=1&theater မှကူးယူဖေါ်ပြပါသည်.

Thursday, 9 April 2015

ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။


ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။
ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။
အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊
အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့
ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစော တွင် သော် လည်းကောင်း သောက်သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ ဗူးအောင်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန် အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။
အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။
credit: winnhlaingoo.wordpress.com

ခြေဖနောင့်ကွဲအက်ခြင်း ဘယ်လိုကုသမလဲ


ခြေဖနောင့်ကွဲအက်ခြင်း ဘယ်လိုကုသမလဲ
ခြေဖနောင့် အက်ကွဲတာဟာ အကြည့်ရဆိုးတဲ့အပြင် နာကျင်မှုဝေဒနာ လည်းဖြစ်စေနိုင်တယ်။ အရေပြားခြောက်သွေ့ခြင်း၊ (ဆီးချို၊ လည်ပင်းကြီး ရောဂါစသည့်) ရောဂါတွေ ၊အဝလွန်ခြင်း၊ အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း နဲ့ မသင့်လျော်တဲ့ ဖိနပ်တွေ စီးခြင်းတို့ကြောင့် အရေပြားမာတောင့်ပြီး ကွဲအက်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။
ကြမ်းတမ်းတဲ့ အရေးပြားတွေကို ဖယ်ထုတ်ခြင်း
များသောအားဖြင့် အဝါရောင်ရှိပြီး ကြည့်မလှတဲ့အပြင် ဆွဲဆောင်မှုမရှိတဲ့ အသွင်သဏ္ဍာန်ရှိ အရေပြားကြမ်းကြမ်းတွေ ဖယ်ရှားခြင်းမှာ ပထမဆုံး အဆင့်ပင်ဖြစ်ပါတယ်။
ခြေဖနှောင့်ကို ရေနွေးဖြင့် ဆေးပေးပါ။ ရေနွေးဇလုံတစ်ခုထဲ ဆပ်ပြာရေ အနည်းငယ်ထည့်ပြီး ခြေထောက်ကို ၁၀ မိနစ်ခန့် စိမ်ပေးပါ။ အလွယ်တကူ တိုက်ချွတ်နိုင်အောင် မာတောင့်နေတဲ့ အရေပြားကို ရေနွေးက ပျော့ပျောင်းစေပါလိမ့်မယ်။
ဆဲလ်သေတွေဖယ်ထုတ်ခြင်း။ Foot file သို့မဟုတ် ကျောက်ခဲသုံးပြီး ကြမ်းထော်တဲ့အရေပြားအားလုံး ကွာထွက်သွားသည်အထိ ခြေဖနောင့်ကို ငြင်သာစွာ အကြိမ်ကြိမ် ပွတ်တိုက်ပေးပါ။
ဆဲလ်သေတွေကို ငြင်သာစွာ ဖယ်ထုတ်ခြင်း။ အရေပြားဆဲလ်သေတွေအား လုံးဝဖယ်ထုတ်ချင်ပါက ခြေထောက်ကို အုပ်ထားပါ။ မရှိမဖြစ် လိုအပ်တာက ဆီနဲ့ သိကြားပဲဖြစ်ပါတယ်။ ဆီနဲ့သိကြားရောစပ် အသုံးပြုပြီး ခြေထောက်ကို အဝိုင်းပုံသူဏ္ဍာန်ဖြင့် စတင်ပွတ်တိုက်ပေးပါ။ သိကြားရဲ့ အစွမ်းအာနိသင်ကြောင့် အရေပြားပေါ်က ဆဲလ်အသေတွေကို လုံးဝဖယ်ရှားနိုင်ပါလိမ့်မယ်။ နောက်ဆုံး ခြေထောက်ကို ရေနွေး၊ ဆပ်ပြာရည်တို့နဲ့ ဆေးချလိုက်ပါ။ အပေါ်ယံမာတောင့်တဲ့ အရေပြားလွှာ ခွာထွက်လိုက်တာနဲ့ တပြိုင်နက် အရေပြားကို အစာကျွေးဖို့ လိုအပ်ပါတယ်။
အဲဒီလို အစာကျွေးဖို့ရန်အတွက် အိမ်တွင်းလုပ် ခြေထောက်အဖုံးအကာလေးအတွက် တင်ပြပေး လိုက် ပါတယ်။
လိုအပ်သောပစ္စည်းများ
ငှက်ပျောသီးမှည့်
သံပုရာရည်
ပြင်ဆင်ပုံပြင်ဆင်နည်း
ငှက်ပျောသီးကို ချေလိုက်ပြီး သံပုရာရည်နဲ့ရောလိုက်ပါ။ အဲဒါကို ခြေထောက်လိမ်းခြယ်ပြီး ၁၀ မိနစ်ကြာအောင်ထားပါ။
(၃) အရေပြားကို ပျော့ပျောင်းစိုစွတ်အောင်ပြုလုပ်ခြင်း
ညအိပ်ယာမဝင်မီ ခြေဖ၀ါးကို သံလွင်ဆီ လိမ်းပေးပါ။ အဲဒီနောက် ပိုးချည်ခြေအိတ်လေး သေချာစွပ်ထားပေးပါ။
Source: healthyfoodstar
Trend Myanmar

ယောက်ျားတို့အတွက် သင်္ဘောရွက်


ယောက်ျားတို့အတွက် သင်္ဘောရွက်
ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။
စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။

စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။
ဦးဌေးနိုင်-မန့်စတိုး
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Wednesday, 8 April 2015

ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ


ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ
ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။
အသုံးပြုပုံလေးကတော့
နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေး ခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေ ပါတယ်။
Ref- healthnew
ကျော်လင်းနိုင် (ရိုးရာလေး)

Tuesday, 7 April 2015

အိပ်ရေးမဝခြင်း၏ အကျိုးဆက်


အိပ်ရေးမဝခြင်း၏ အကျိုးဆက်
အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့
၁။ ကိုယ်ခံအားနည်းခြင်း
ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။
၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း
တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
၃။ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း
အိပ်ရေးမဝတဲ့ သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ ဆဲလ်များ မွေးဖွားမှု နည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေ အထိ ဆိုးသွား နိုင်ပါတယ်။
၎။ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း
အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံး ရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။
၅။ အဆီတက်၍ ဝလာစေခြင်း
အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ပဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ် ပါတယ်။ အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်း ပါတယ်။ အိပ်ရေး ပျက်လေလေ ပိုဝလာ လေလေ ဖြစ်ပါတယ်။ နဂို ပိန်နေသူများ အနေနဲ့ ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။
ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ် ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ လိုက်ရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Sunday, 5 April 2015

မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း


မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း
အဆိုတော် မတင်ဇာမော်ရဲ့ ၅ လ အတွင်း ပေါင်ချိန် ၄၀ လောက် ကျအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းလေးကို ထပ်ဆင် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
"ကိုင်းးးး အစားထိန်းတာ တစ်ခုထဲနဲ့ ၅လနီးပါးအတွင်း လေ့ကျင့်ခန်းမလို ပိန်ဆေးမလို ပဲ ဝိတ်ကျနိုင် တယ်ဆိုတာယုံပြီလားးး ဒီဇင်ဘာလလယ်၂၀၁၃ မှာ ပေါင်ချိန်၁၆၀ နီးပါးကနေ မေလလယ်၂၀၁၄ မှာ ၁၂၃ပေါင်ကျန်တယ် ဆက်ကြိုးစားမယ်ဗျိုး နောက်ထပ်၁၀ပေါင်လောက်ကျရင်တော်ပြီ
နည်းလေးပါ ရေးပေးပါရစေ တချို့တွေ ကမေးလို့။ ဒီမှာပဲ ထပ်ရေးလိုက်ပြီနော် တွဲပြီး တခါထဲတွေ့အောင်။
၁။ ဆန် ဂျုံ အာလူး ရှောင်၊ ဒါပေမဲ့ သိပ်စားချင်ရင် တစ်ပတ်လုံးမှာ ၃ခါလောက်ပဲ နဲနဲ လေးစား
၂။ အသီးအနှံ များများပြုတ်သောက် ဆီနဲနဲ နဲ့သုတ်စား
၃။ ဆီကြော်စာ လုံးဝရှောင်
၎။ ဆီများအသား ငါးကလွဲ ရင် ရှောင် ကြက် ကို အရေခွံ မစားနဲ့
၅။ တတ်နိင်သမျှ အပြင်စာ၊ နှမြောစာ၊ အားနာစာ ရှောင်
၆။ ဗိုက်ဆာမှ အဆာပြေရုံ စား နဲနဲ စီ ခဏခဏ စား
၇။ မနက်ကနေညအိပ်ရာဝင်တဲ့ထိ သံပုရာသီး ၁ လုံး သို့ ၂လုံး ရေနွေးပူပူ ထဲညှစ် အခွံမပစ်ပဲ စိမ်သောက် ပျားရည် နဲနဲထဲ့ချင်လဲရတယ်
၈။ အရမ်းအရေးအကြီးဆုံးအချက် အစာအိမ် မထိအောင် လုံးဝအဆာမခံပါနဲ့ စားရမယ့် အချိန် ဆာမယ့် အချိန်မှာ စားသင့်တာ ကို လိုတာထပ်ပိုမစားပဲ ဆာတိုင်း မျှတပြီး စားဖို့အရေးကြီးပါတယ် ၊ ဒီအစီစဉ်မှာ အငတ်ခံစရာမလို စားသင့်တာစားဖို့ သတိချပ်ပါ
၉။ Ready mix tea coffee မသောက်ပဲ အိမ်ဖျော် သကြားလဘက်ရည်ဇွန်းဝက်နဲ့ အဆီထုတ်နို့ပဲသုံး အချိုကြိုက်ရင် သကြားအစား sweetner သုံး"
- တင်ဇာမော်
‪#‎health_yyl‬
www.yoyarlay.com

Friday, 3 April 2015

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း


ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း
မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။
ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။
ဆေးနည်း(၁)
(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။
(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။
(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။
(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။
ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။
ဆေးနည်း(၂)
သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကိုမန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့်ညအိပ်ခါနီး သောက်ပါ။
 ကျောက်များ ကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။
ဆီးကျောက်တည်ခြင်းဝေဒနာကိုခံစားနေရသောဝေဒနာရှင်များအတွက်ဒီပို့စ်လေးကိုShare ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။
စောနွဲ့ နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

Tuesday, 31 March 2015

အသည်းခြောက်ရောဂါအတွက် အိမ်တွင်းဖြစ်ဆေးနည်းလေးများ

အသည်းခြောက်ရောဂါအတွက် အိမ်တွင်းဖြစ်ဆေးနည်းလေးမျာ
----------------------------------------------------------------------

နည်းလမ်း ၁။ ။

သေဘာၤသီးအေစ့ကို အရည္ညွစ္ပါ။ ထွက်လာသောအရည် ၁ဇွန်း ထဲသို့ သံပရာသီး အရည် ၂ ဇွန်း နှင့်ရော ထည့်လိုက်ပါ။ သမအောင်မွှေပါ။ တစ်နေ့ ၂ ကြိမ် သောက်ပါ။

နည်းလမ်း ၂။ ။

ရေတစ်ခွက်ထဲသို့ လီမွန်သီး တစ်ခြမ်း ညှစ်ထည့်ပါ။ ဆား လက်ဖက်စားဇွန်း ၁ ဇွန်းထည့်ပါ။ သမအောင်မွှေပါ။ တစ်နေ့ ၃ ကြိမ်သောက်ပါ။

အထက်ပါနည်းလေးတွေစမ်းကြည့်နိုင်ပါတယ်။ လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး အသည်းခြောက်ရောဂါကို သက်သာ စေမှာပါ။ ဆေးသောက်စဉ် အရက် လုံးဝ မသောက်ရပါ။ ဆိုးဆေးပါသော အစာများ လုံးဝ မစားရပါ။ အသီးအရွက်စားပါ။ အိပ်ရေးဝအောင်အိပ်ပါ။

Dr.Marie
သိလိုရာမေး online ဆေးခန်း

Saturday, 21 March 2015

ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားပေးမယ့် ရိုးရှင်းသော အချက်(၈)ချက်


ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားပေးမယ့် ရိုးရှင်းသော အချက်(၈)ချက်

ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ ဒီနည်းလမ်းလေးတွေက အမြဲ အထောက်အကူ ဖြစ်စေမှာပါ။

၁။ သင့်တစ်နေ့တာကို သံပရာရည်တစ်ခွက်နဲ့ စလိုက်ပါ။ ဒါကသင့် ဗိုက်အဆီတွေကို တိုက်ဖျက်ပေးမယ့် အဓိကအချက်ပါ။ သံပုရာသီး၊ ရေနွေး နဲ့ ဆားတို့ကို ရောထားတဲ့ အရည်ကို မနက်တိုင်းသောက်ပေးခြင်းဖြင့် အဆီကို ချေဖျက်ပေးစေပါတယ်။

၂။ တက်နိုင်သလောက် ဖြူဖွေးအောင်ချွတ်ထားတဲ့ ကောင်းမွန်တဲ့ ဆန်နဲ့ ထမင်းကို စွန့်လွှတ်လိုက်ပါ။ ဆန်လုံးညို၊ ပေါင်မုန့်ညို အကြမ်း၊ ဂျုံကြမ်း၊ အုတ်ဂျုံ စတဲ့ ဗိုက်ပြည့်စေမယ့် အစာတွေ အစားထိုးစားပါ။

၃။ ချိုလွန်းသော အစားအစာတွေကို ရှောင်ပါ၊ ချိုလွန်းသော မုန့်တွေ သကြားပါဝင်မှုများသော အချိုရည်တွေ၊ ဆီကြော်တွေကို စားသုံးခြင်းရှောင်ပေးပါ။ ဒီစားသောက်ကုန်တွေက သင့်ဝမ်းဗိုက်သားကို အဓိကအဆီပိုတွေ သွားရောက်စုစည်းစေလို့ပါပဲ။

၎။ သင့်ဝမ်းဗိုက်အဆီပိုတွေကို ဖယ်ရှားဖို့ ရေကိုသောက်ပါ၊ ရေကိုနေ့စဉ် လုံလောက်စွာသောက်ပေးခြင်းကလည်း အဆီနဲ့ အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။

၅။ မနက်ဖက်မှာ ကြက်သွန်ဖြူ နှစ်မွှာမှ သုံးမွှာကို ဝါးစားပေးပါ၊ ပြီးနောက် သံပုရာရည်ကို သောက်ပေးပါ။ ဒီနည်းက သင့်ကိုယ်အလေးချိန်ကိုပါ လျော့ကျစေပြီး သွေးလည်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။

၆။ အသားများစွာစားသုံးခြင်းရှောင်ကျဉ်ပါ။ သင့်နေ့စဉ်အစားအသောက်ထဲမှာ အသီးအရွက်ပါဝင်မှုနည်းပြီး အသားစားသုံးမှုများပြားနေပါက မလိုအပ်တဲ့ အဆီပိုတွေကို တိုးပွားစေမှာပါ။

၇။ အသီးအရွက်၊ သစ်သီးတွေကို များများစားသုံးပါ၊ မနက်စာနဲ့ ညနေစာထဲမှာ အရွက်၊ အသီးအနှံ တစ်ပန်းကန်ကိုစားခြင်းဖြင့် အဆီပိုတွေကို လျော့နည်းစေတဲ့အပြင် အန်တီအောက်စီးဒန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါမယ်။

၈။ ဂျင်း၊ ငြုပ်ကောင်း၊
သစ်ကြံပိုးခေါက်စတဲ့ အပူအစပ်လေးတွေကို သင့်ဟင်းလျာမှာ မပါမဖြစ်သုံးပေးပါ။ ထိုအစားအစာတွေဟာ ကျန်းမာရေး အတွက်ကောင်းမွန်တဲ့အပြင် သင့်ကိုယ်တွင်းအင်ဆူလင်ဓာတ်ကို တိုးစေပြီး ကိုယ်တွင်း သကြားဓာတ်ကို လျော့ချပေးလို့ပါပဲ။

Credit to ကျန်းမာရေးနှင့် အစားအသောက်

Saturday, 14 March 2015

တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားစေမည့်နည်း


အဆီကျအောင် ဒီလိုကာကွယ်ပါ
************************************

တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားစေမည့်နည်း

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။

Koresam-D
မောင်စွယ်စုံကျမ်း

Monday, 9 March 2015

ဗိုက်ပူနေသလား


ဗိုက်ပူနေသလား
*******************
သက်ရင်းကြီးအမြစ် ဆေးအသုံး (သက်ရင်းကြီးမြစ်နှင့် အဆီချရအောင်)
အသက်ကြီးလာလျှင် ယောက်ျား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟု ဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သက်ရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။
သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများ သေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။ သုံးနာရီပေါင်းပြီးမှ ...
ခြောက်သွေ့စေရန် နေလှန်းပါ။
ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက် ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်း ဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။
ဆေးသောက်နည်း---
နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီ ဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်း ပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။
ဆေးသောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။
နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။
နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကို ရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။
ဝမ်းသွား၍ အားအင်ကုန်ခန်းခြင်း မရှိပါ။ ဆေးများများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ် တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။
သက်ရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ---
၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီများ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။
၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။
၃။ မျက်စိများ ကြည်လင်လာပါမည်။
၎။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါများ သက်သာသွားပါမည်။
၅။ လေထိုးလေအောင့် ရောဂါများရှိလျှင် သက်သာလာမည်။
၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသားကို စင်ကြယ်စေပါသည်။
၇။ ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။
ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီး တင်ပြလိုက်ရပါသည်။
ဦးလှစိန်-ကလေး (ကြံခင်း)

Saturday, 7 March 2015

ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း

ဦးအောင်ကျော်မြင့် ကိုယ်တိုင်စား ကိုယ်တိုင်ပျောက်လို့ဆေးဖော်သူကျေးဇူးရှင်အား ကျေးဇူးတင် မြန်မာဆေး မျှဝေပေးပါသည်။
.
ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
★★★★★★★★★★★★★★★★★★★★
.
မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို အများသိအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
.
ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ 
ပျောက်ကင်းခဲ့ ပါတယ်။သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားပါတယ်လို့ ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။
.
ဆေးနည်းကတော့-
----------------------
❦ ၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
.
❦ ၂။ ကြက်ဥကို ထည့်လိုက်ပါ။(သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)
.
❦ ၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချ ချင်လျှင် ရွှံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
.
❦ ၄။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
.
❦ ၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
.
တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။
.
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံးဆေးနည်းလေး မို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်
.
.
Ko Aung Kyaw Myint
 https://www.facebook.com/photo.php?fbid=596357000508139&set=a.130632100413967.36044.100004015323089&type=1&theater  မှကူးယူဖေါ်ပြပါသည်။

Friday, 6 March 2015

ဆီးချိုရောဂါကုသနည်းအတွက် ပျားမြီးရွက်


ဆီးချိုရောဂါကုသနည်းအတွက် ပျားမြီးရွက်
------------------------------------------------
ဆီးချိုရောဂါဟာ အမြစ်ပြတ်အောင်ကုသရန် ခက်ခဲသည့်ရောဂါဖြစ်နေသည့်အတွက်ဆေးနည်းမျိုးစုံတို့ဖြင့် ကြာရှည်စွာ ကုသနေကြရပါတယ်။
ယခုတစ်ခါ ရိုးရာတိုင်းရင်းဆေးနည်းများထဲမှ ပျားမြီးရွက်ဖြင့်အလွန်ထိရောက်သော ကုသနည်းကို ကျန်းမာရးသတင်းများ
စာမျက်နှာမှ ထပ်မံမျှဝေလိုက်ပါသည်။
.
ပျားမြီးရွက်ကို အင်္ဂလိပ်လို Bee Tail Plant လို့ခေါ်ပြီး ဒီဆေးနည်းကို ထိုင်ဝမ်နိုင်ငံမှ တရုတ်တိုင်းရင်းဆေးပညာရှင်များမှ စတင်တွေ့ရှိခဲ့ပါတယ်။ ပျားမြီးရွက်ဟာ ပြန်လည်စိုက်ပျိုးနိုင်သည့် အနွယ်ပင်မျိုးဖြစ်နေသည့်အတွက် ယခုအခါမှာတော့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတို့မှာလည်း အများအပြား စိုက်ပျိုးထားကြပါပြီ။
.
ပျားမြီးပင်၏အရွက်မှာ ပျားကိုယ်နောက်ပိုင်းနှင့်ဆင်တူဖြစ်၍ ပင်စည်မှာနီညိုရောင်ဖြစ်သည်။ ပုံတွင် မြင်တွေ့နိုင်ပါသည်။
.
ဆီးချိုရောဂါကို ကုသနည်း
-------------------------------
(၁) ဦးစွာ ဆီးချိုသွေးချိုကို တိုင်းတာထားပါ။
.
(၂) ပုံမှန်ထက် တက်နေလျှင် အရွက်တစ်ရွက်ကို ရေစင်အောင်ဆေး၍ ၀ါးစားပါ။
.
(၃) နောက်တစ်နေ့တွင် ဆီးချိုတိုင်းကြည့်ပါ။ ပုံမှန်ပြန်ဖြစ်နေလျှင် ဆက်စားရန်မလိုတော့ပါ။
.
(၄) ဆီးချို(၂၀၀)နှင့်(၃၆၀)ကြား ရှိပါက နေ့စဉ် ပျားမြီးရွက် (၃)ရွက်ကို ၀ါးစားပါ။ နောက်နေ့ပြန်တိုင်းကြည့်၍ ပုံမှန်ဖြစ်လျှင် ရပ်ထားပါ။
.
(၅) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း(၆) မှ (၉) ရွက်ထိ ဝါးစားရမည်။ နောက်နေ့တိုင်းကြည့်၍ ပုံမှန်ဖြစ်လျှင် ရပ်ထားရမည်။
.
(၆) အကယ်၍ ပျားမြီးရွက်စားများသွား၍ ဆီးချိုသွေးချို အရမ်းကျဆင်းသွားပါက အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။ တိုင်းကြည့်၍ Normal ပုံမှန်ဖြစ်လျှင်
ရပ်ထားရမည်။
.
ဆီးချိုရောဂါသည် အမြစ်ပြတ်အောင်၊ အရှင်းပျောက်ကင်းသွားအောင် ခက်ခဲသည့်ရောဂါဖြစ်သည့်အတွက် အတက်လွန်၊ အကျလွန်မဖြစ်အောင်Control လုပ်၍ ထိန်းထားပေးရပါသည်။
.
ရောဂါတစ်ခုခုကြောင့် ခွဲစိပ်ရန် လိုအပ်လာပါက ဆီးချိုသမားများသည် ခွဲမရသဖြင့် အလွန်ဒုက္ခရောက်ကြသည်။ ထိုအချိန်တွင် ပျားမြီးရွက်ကို အသုံးပြု၍ ဆီးချိုကို အနိမ့်ဆုံးထိ လျှော့ချပေးပြီးလျှင် ခွဲစိပ်နိုင်ကြောင်း သိရပါသည်။
.
ဖတ်ရှုသူအပေါင်းလည်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ ဒီ Post ကိုလည်း Share ပေး၍ ဘေသဇ္ဇဒါန= ဆေးအလှူကို ပြုလုပ်နိုင်ကြပါသည်။
.
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးမီးတိုများ

ကျန်းမာရေးသတင်းများ

Wednesday, 4 March 2015

ကျောက်ကပ်အသက်ကယ်ဆေးပင်အကြောင်း



ကျောက်ကပ်ပျက်စီးလို့ လဲလှယ်ရမယ့်အဆင့်ဖြစ်နေရင်တောင် လဲစရာမလိုပဲ ပြန်ကောင်းလာစေတဲ့ ရေဝါး
မြက် သို့မဟုတ် ဂမုန်းလေး သို့မဟုတ်စွေကျူချောင် အပင်ရဲ့ပုံဖြစ်ပါတယ် ....
ကျောက်ကပ်ဝေဒနာရှင်တွေအတွက်တော့ကျိုပြီး သုံးခါလောက်သောက်ရင်ပဲ ထူးခြားကောင်းမွန် လာပါတယ်.....တောင်းဆိုထားတဲ့ ကျနော့်သူငယ်ချင်းများအတွက် သောက်နည်းကိုရော အရွက်ကျိုနည်း ကိုရော အခြားပျောက်ကင်းနိုင်စေတဲ့ရောဂါတွေကိုပါပုံနဲ့တကွတင်ပေးလိုက်ပါတယ်ဗျာ ...
အားလုံးပဲ ကျန်းမာအသက်ရှည်စွာနေနိုင်ကြပါစေ......

ခင်မင်စွာဖြင့်
ညီထွန်း

Monday, 2 March 2015

ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း


ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း
ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည်ဒီလိုရောဂါမျိုးတွေဟာ အသက် အရွယ်လေးရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ် ဒါကြောင့် အဲဒီရောဂါမဖြစ်
အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ်လို့ မရသောရောဂါမျိုး လည်းဖြစ်ပါတော့တယ် ။

ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုးပေး ပါ ဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ့ လှည့်ချိုးကြပါတယ် အဲဒီလို လုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း အထူးသတိရှိစေချင်ပါတယ် ။
စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသည် ။
ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကိုတည့်မတ်စွာ သုံးစွဲခြင်းဖြင့် အကြောများပြေလျော့နေသည့်ပုံစံမျိုးဖြစ်နေပါစေ ။
ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေါင်းတက် ခြင်းကို ဖြစ်ပေါ်စေပါသည် ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထား ဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။
ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့နောက်ဖက်အောက်ဘက်နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊ ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများ လည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာ သည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်းရောဂါ လက္ခဏာများပင်ဖြစ်ပါတော့သည် ။
Mg Mandalay`s Facebook
http://www.lwinpyin.com/2015/02/blog-post_256.html