အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
Wednesday, 10 October 2012
ခွပ်ဒေါင်းကြယ်စင်: အမေရိကန်မဲဆောက်
အဲဒီမြို့ဟာ
လူများပြီး ပွဲမစည်တဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
အရူးကို လင်လုပ်ထားရတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
ဂလိုဘယ်လ်ဆန်ဆန် လူမျိုးစုံပြီး
ဂလိုဘယ်လ်ဆန်ဆန်လည်း ပြဿနာစုံတယ်...
အဲဒီမြို့မှာ
တယောက်နဲ့တယောက် အကြောင်းညီညွတ်ရင်
ဘောင်းဘီချွတ်လို့ရတဲ့ နောက်မီးလင်းညနေခင်းတွေလည်းရှိတယ်...
အဲဒီမြို့ဟာ
တယောက်နှစ်ပေါက်နဲ့ နှစ်ယောက်မှာလေးခြမ်းကွဲပြီး
အယူတိမ်းလို့ နတ်စိမ်းဖြစ်နေတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
ပါတီနဲ့မွေးနေ့ပွဲတွေမှာ လူများသလောက်
နိုင်ငံရေးအခမ်းအနားတွေမှာ တစ္ဆေခြောက်နေတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့မှာ
ဆွေမျိုး၇ဆက်လမ်းဖောက်ပြီး အိမ်လွမ်းသူတွေရှိသလို
ဇာတိငတ်နေတဲ့ တကောင်ကြွက်သူပုန်တွေလည်းရှိတယ်...
အဲဒီမြို့မှာ
ဒယ်ဘယ်လ်ချာ့တ် စတိုးဆိုင်တွေများသလို
ရွှေအတု ငွေအတု စိန်အတု လိင်အတု ဘာသာအတု လူနာအတုနဲ့
အဖေအမေအတု အရေးအခင်းအတု လူအတုတွေလည်းများတယ်...
အဲဒီမြို့မှာ
ဂြိုလ်တုစလောင်း အင်တာနက်တွေထက်အားကောင်းတဲ့
ရပ်ကွက်သတင်းကွန်ယက် အင်တာပျက်တွေလည်းရှိတယ်...
အဲဒီမြို့မှာ
အမေရိကန်ရောက် အန်တီမဲဆောက်တွေရှိသလို
ပြန်တော်ပြန် အန်ကယ်လ်အမေရိကန်တွေလည်းရှိတယ်...
အဲဒီမြို့ဟာ
ရသမျှဖရီးရိုက်တတ်တဲ့ အချောင်စရိုက်တွေနဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
ယဉ်ကျေးမှုခြေရာပျောက်ပြီး နိုင်ငံရေးရေနောက်နေတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
လူမှုရေးနွားကွဲလို့ စီးပွားရေးကျားဆွဲခံနေရတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
ခေါင်းမော့ပြီး လေထဲကို တံတွေးထွေးနေတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
လေထဲမှာ တိုက်ဆောက်နေတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့ဟာ
“က” နဲ့ “ယ”၊ “ေ” နဲ့ “ခ” မှားရေးနေတဲ့မြို့ဖြစ်တယ်...
အဲဒီမြို့မှာ
မျက်မှန်နဲ့အကိုကြီးပြောတဲ့
ဖေဂါ (Figure) တွေပေါပြီး မိတ်ကာ (Maker) တွေရှားတယ်...
အဲဒီမြို့မှာ
နိုင်ငံရေးအလှည့်အပြောင်းတိုင်း ဂျီးဒေါ်နွားကျောင်းနေရတဲ့
မိတ်ကာ(Maker) စစ်စစ် ရာဇဝင်”ဗိုလ်ချစ်”နေတယ်...။ ။
http://saungyunela.blogspot.com
 http://zawmyolwin.blogspot.com/2011/08/blog-post.html?spref=bl မှကူးယူတင်ပြပါသည်။
Monday, 8 October 2012
သိစေချင်လို့ ပါ
ကျမကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတခုရယ် ပြောပြလို့ သိခဲ့ရတဲ့အဖြစ်အပျက်လေးတခုရယ်ပါ။ ကျမတို့ မြန်မာနိုင်ငံ မြ၀တီလို့ ခေါ်တဲ့မြို့ ကလေးမှာဖြစ်ပျက်ခဲ့တာပါ။ ကျမတို့ မြန်မာနိုင်ငံသားအများစုက နိုင်ငံကနေတရားဝင်ထွက်ခွါခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ကိုယ်နိုင်ငံသို့ ကိုယ်ပြန်သောအခါတွင် အောက်လမ်းဟုခေါ်သောထိုင်းနိုင်ငံမှ မြ၀တီသို့ ဝင်ရောက်သောလမ်းဖြင့်ဝင်လာခဲ့ကြပါသည်။ ပွဲစားများဖြင့်လာခဲ့ကြခြင်းဖြစ်ပါသည်။
မလေးရှားမှပြန်လာသော အမျိုးသားတဦးအကြောင်းဖြစ်ပါသည်။ သူသည်လည်းမည်သည့်အကြောင်းကြောင့် အောက်လမ်းမှပြန်လာခဲ့သည်မသိပါ။ သို့ သော်သူ ပါလာသော သူစုဆောင်းခဲ့သော ငွေကြေးများကို မြ၀တီမြို့ ရောက်သောအခါမှ လဲလှယ်ခဲ့ပါသည်။ ပွဲစားမှပင်ပို့ ပေး၍ သူသွားရောက်လဲခဲ့ခြင်းဖြစ်ပါသည်။ သူ၏ငွေ မလေးရှားငွေ ရင်းဂစ် ငါးထောင် ဖြစ်ပါသည်။ ထိုအချိန်က မလေးငွေ ရင်းဂစ် သုံးရာကို တစ်သိန်းရရှိခဲ့ပါသည်။ ထိုသို့ ဖြင့်သူလဲလှယ်ခဲ့ပါသည်။ သူသည်ပိုက်ဆံကို အရည်အတွက်ကိုမရေကြည့်ဘဲ အထပ်လိုက်သာကြည့်၍ ယူသည့်အပြင် သူသည်မြန်မြန်ဆန်ဆန်ကားဂိတ်ကိုလိုက်ပို့ ပေးချင်နေသော ပွဲစားကလဲလောနေသောကြောင့် သူသည်သေသေချာချာမကြည့်ဖြစ်ခဲ့ပါတဲ့။ သို့ နှင့်သူ့ ကိုပွဲစားက ကားဂိတ်သို့  လိုက်ပါပို့ ဆောင်ပါသည်။ သူ၏လမ်းတလျှောက်လုံးလဲမည်သို့ မှလဲမသိခဲ့ပါ။ ယုံကြည်စွာဖြင့်လဲလှယ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
သူအိမ်သို့ ရောက်သောအခါပိုက်ဆံကိုစစ်ကြည့်သောအချိန်တွင် သူ၏ယုံကြည်မှုများသည် သူ့ ကိုအလွဲသုံးစားလုပ်ခြင်းခံလိုက်ရပါသည်။ သူအား ငါးရာတန်အရွက် ၂၀ထည့်မှ တသောင်းပြည့်မည့်နေရာတွင် ငါးရာတန် ဆယ်ရွက်သာထည့်ထားပြီး ငါးထောင်သာရှိခဲ့ပါသည်။ သူ၏ပိုက်ဆံ ဆယ့်ငါးသိန်းကျော် ကျော်သည်
ငါးရာတန်တ၀က် ထောင်တန်တ၀က်ပေးခဲ့သောကြောင့်သူရရှိခဲ့သောငွေမှာအပြည့်မရရှိခဲ့ပါ။ ပြီးတော့သူ့ အားပို့ ပေးခဲ့သောကားဂိတ်မှာလည်းမြို့ စွန်ရှိ နေရာတခုတွင်ဖြစ်ပြီး သူတို့ ငွေလဲသောနေရာသို့ ပြန်မလာနိုင်သော နေရာတွင် ထားပေးခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်သောစိတ်ဓါတ်များကို ဖျက်ဆီးပြစ်နေခြင်းလား၊ သို့ မဟုတ် မြန်မာနိုင်ငံသားအချင်းချင်းခေါင်းပုံဖြတ်ခြင်းလား ဝေခွဲလို့ ပင်မရနိုင်တော့ပါ။
ကျမကိုယ်တိုင်ကိုယ်တွေ့ ကြုံခဲ့ရခြင်းအကြောင်းကတော့ ကျမမြ၀တီသို့ သွား၍ကျမတွင်ရှိနေသော ထိုင်းဘတ်ငွေ သုံးထောင်အား လဲလှယ်မိပါသည်။ ကျမမြန်မာပြည်သားအချင်းချင်းမို့ ယုံကြည်မိပါသည်။ ကျမဇီးတောဂိတ်မှ ဆိုင်ကယ်စီးလာပြီး ငွေလဲရန်လာသောအခါ ငွေလဲသောပွဲစားက ကျမအားပိုက်ဆံလဲလျှင်အလွန်စိတ်ချရသောသူ၏ သူငယ်ချင်းဆိုင်တွင်လဲလှယ်၍ ရကြောင်းပြောပါသည်။ ကျမသည်လည်း အမြန်ပြီးပြီးရောသဘောဖြင့် လဲရန်လို်က်ပါလာပါသည်။ ကျမက ပိုက်ဆံရှစ်သောင်းနဲ့ ခြောက်ရာရပါသည်။ ကျမအား ထောင်တန်ကလေးသောင်းနဲ့ ငါးရာတန်လေးသောင်းပေးပါသည်။ ကျမလဲ အရည်အတွက်ကိုမရည်ကြည့်ဘဲ အုပ်ရေသာကြည့်၍ယူခဲ့မိပါသည်။ ကျမ ကားလက်မှတ်ဝယ်ရန် ကားဂိတ်သို့ ဆိုင်ကယ်နှင့် ထိုပိုက်ဆံလဲသော ပိုက်ဆံပွဲစားကလိုက်ပို့ ပါသည်။ ကျမကားဂိတ်ရောက်၍ ကားလက်မှတ်ဝယ်ရန် ထိုသူက သူ၏အသိမိန်းမတွင်ကားလက်မှတ်ထပ်ဝယ်ခိုင်းပါသည်။ကားလက်မှတ်မှာတန်ဖိုးက ကိုးထောင်သာကျပါသည်။သူတောင်းသည်က တစ်သောင်းနစ်ထောင်ဖြစ်ပါသည်။ ကျမတွင်ထပ်ပြီး သုံးထောင်အမြတ်တင်ပြန်ပါသည်။ ကျမမသိသေးပါ။ ကျမလက်မှတ်ဝယ်ရန်ထောင်တန်ပေးမည်ပြင်ပြီးမှ ငါးရာတန်သာပေးလိုက်တော့မည်ဟု ပေးဖြစ်ပါသည်။ ထိုတွင် ကားလက်မှတ်ရောင်းသောမိန်းမက အမပေးတဲ့ပိုက်ဆံက ငါးထောင်ထဲ ဟုပြောမှ ကျမသေသေချာချာပြန်ရေကြည့်လိုက်ရာ ငါးရာတန်အုပ်တိုင်းတွင် ဆယ်ရွက်သာထည့်ထားသည်ကိုတွေ့ လိုက်ရပါတော့သည်။ ကျမကိုလိုက်ပို့ သော ပွဲစားမှာ ထိုအမျိုးသမီးအားရန်လုပ်နေပါသည်။ ကျမအားလည်း အမထောင်တန်ပေးလိုက်လေ ဟုပြောပါသေးသည်။ ကျမက ငါပေးချင်တာပေးမှာပေါ့ နင့်ပိုက်ဆံမှမပြည့်တာ နင်နဲ့ ငါလမ်းမှာလဲအတူတူလာတာ ငါဘာမှလဲမ၀ယ်ဘူး ဘယ်မှလဲမ၀င်ဘူး နင်အသိဆုံးဘဲ အဲ့ဒီတော့ နင့်သူငယ်ချင်းဆိုင် ကိုငါ့ကိုပြန်ပို့ နင်သက်သေရှိတယ်နော် ငါဘာဆိုဘာမှမသုံးရသေးဘူး ဟုပြောသောအခါ ဘေးမှကားသမားများကလည်း အမမြန်မြန်သွားပြန်ပြော ကူညီလိုက်ပါကွာနှင့် ၀ိုင်းပြောပေးသောကြောင့် ကျမကိုသူကအပြစ်ပင်ထပ်တင်လိုက်ပါသေးသည်။ အမကို ကျနော် ပြောသားဘဲသေသေချာချာရေပါလို့  ဟု
ကျမထိုငွေလဲသောဆိုင်သို့ ပြန်ရောက်လာသောအခါ ကျမအားထိုဆိုင်မှ မျက်နှာထားများမှာ ရိုက်တော့မည့် ပုံမျိုး ကျမယူလာသောငွေအတိုင်းကျမပြန်ပြနိုင်သည့် အပြင် သူ့ သူငယ်ချင်းဆိုသူအားလည်း သူတို့ အမျိုးမျိုးပြော၍ အပြစ်တင်နေကြပါသည်။ ကျမလည်းအထပ်ထပ်အခါခါ ရေတွက်၍ ယူနေရပါသည်။ ရှစ်သောင်းဆိုသောငွေအား တသောင်းအုပ်တွင်တရွက်လျှော့၍ပေးခြင်းများ ပြုလုပ်ပြန်ပါသေးသည်။ ကျမတော်တော်ကိုစိတ်ရှည်လက်ရှည်နှင့် ရေတွက်ယူခဲ့ရပါသည်။ ကျမပိုက်ဆံအတိအကျပြန်ရခဲ့ပါသည်။ ကားဂိတ်သို့ လည်းပြန်ရောက်ခဲ့ပါပြီ။ ကျမအားအားလုံးက စောင့်ပြီးမေးကြပါသည်။ အဆင်ပြေခဲ့ရဲ့ လား ပြန်ရခဲ့ရဲ့ လားဟု ကျမကပြန်ရခဲ့ကြောင်းပြောပေးသောသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ဟုပြန်ပြောခဲ့ပါသည်။ ကျမလက်မှတ်ရောင်းသောအမျိုးသမီးအား သွား၍ကျေးဇူးတင်ကြောင်းထပ်မံပြောသောအခါ ထိုအမျိုးသမီး က ကျမအားအမကကံကောင်းလို့ ပြန်ရတာ ဟုစကားခံ၍ အပေါ်ကအဖြစ်အပျက်ကိုပြောပြခဲ့ခြင်းဖြစ်ပါသည်။ ပြီးနောက် ထိုသူက သူ့ အား ရန်တွေ့ ကြောင်း ပိုက်ဆံထောင်တန်မယူဘဲ ဘာကြောင့်ငါးရာတန်ယူရတာလဲ ဟု ထိုအမျိုးသမီး ကသူ ပေးတာယူရတာ ငါကသူများပိုက်ဆံလုယူရမလား ဟုပြန်ရန်တွေ့ လိုက်ကြောင်း ကျမအားစီကာပတ်ကုံး ပြန်ပြောပြပါသည်။ ကျမတော်တော်ကိုတုန်လှုပ်မိပါသည်။ မြန်မာပြည်ထဲမှာ မြန်မာနိုင်ငံသားများ သူတို့ ၏ချွေးနဲစာလေးများကို ပွေ့ ပိုက်ပြီး မိဘရပ်ထံသို့ မဟုတ် မိန်းမထံသို့  သက်စွန့် ကာပြန်လာခဲ့ရခြင်းကို မိမိနိင်ငံထဲမှနေ၍ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် စောင့်စားနေကြသော ထိုသို့ သောသူမျိုးများအား မည်ကဲ့သို့ ပြုလုပ်သင့်ကြောင်းနှင့် ထိုကဲ့သို့ သော ကျမတို့ လိုအဖြစ်အပျက်မျိုးမဖြစ်ကြစေရန်အတွက် စေတနာရှေ့ ထား၍ အများသူငါသိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
Sunday, 30 September 2012
သတိရှိကြပါစေ
ကျမအတွက်တော့ ဆေးရုံကြီးသို့ တက်ရာတွင်အလွန်တရာမှ သံဝေဂရရန်အတွက်သာရှိပါသည်။ ကျမခွဲပြီး သုံးရက်မြောက်နေ့ ဘေးကုတင်မှဆင်းသွားပါသည်။ သိပ်မကြာခင်တွင်ပင် နောက်ထပ် အသက်၂၆နှစ်ခန့် အမျိုးသမီး ဘာသာခြား တက်ရောက်လာပါသည်။ သူတဦးသာဖြစ်ပါသည်။ ကျမ၏အစောင့်နှင့် သာစကားပြောဆိုနေပါသည်။ သူမက အူအတက်ရောင်၍လာရောက်ဖြတ်ခြင်းပါ။ သူရောက်လာသည်မှာ နံနက် ၁၁နာရီခန့် အချိန်၊ သူမရောက်ပြီး အချိန်အတွင်း ဖုန်းတလုံးနှင့်အလုပ်ရှုပ်နေပါသည်။ ကျမနားလည်လိုက်သည်က သူမတွင်အဖေါ်မပါသောကြောင့် အစောင့်ရှာနေခြင်းဖြစ်မည်ဟု။ ညနေလေးနာရီခန့် တွင် သူမအစောင့်ရောက်လာပါသည်။ ကျမ၏အစောင့်ဟောင်းနှင့်တော့တော်တော်ကိုပလဲနံပသင့်ပါသည်။ ကျမသည် မည်သို့ မှစကားမပြောနိုင်သော အချိန်ဖြစ်ပါသည်။ မည်သည့်ဝေဒနာကိုခံစားနေရသည်ကိုတော့မပြောပြနိုင်တော့ပါ။ သို့ သော်တော်တော့်ကိုစုံနေအောင်ခံစားနေရတာပါ။ ကျမ၏အစောင့်သစ်ရရှိရန် ရှာဖွေနေသောအချိန်ဖြစ်၍ သူမကိုကျမအလိုမရှိတော့ပါ။ ကျမစကားပင်မပြောဖြစ်တော့ပါ။ အိပ်ပျော်သွားပါသည်။ကျမနိုးလာတော့သူမကိုကြည့်မိရာ သူမသည် ကုတင်ခြေရင်းမျက်စောင်းထိုးမှ လူနာစောင့် လူနာ၏အမျိုးသားနှင့်အတူတူထိုင်၍စကားပြောနေပါသည်။ ကျမလူနာကိုလှမ်းကြည့်လိုက်ရာ လူနာမှာ အိပ်ပျော်နေပါသည်။ ကျမ သူ့ အစားတော်တော်ကို ရှက်နေမိပါသည်။ နက်ဖြန်ကိုပင်မြန်မြန်ရောက်ချင်နေမိပါတော့သည်။ ထိုအချိန်တွင်ပင် ဘေးကုတင်ကဘာသာခြားအမျိုးသမီးခွဲခန်းမှပြန်ရောက်လာပါသည်။ ညကိုးနာရီခန့် ရှိပါပြီ။ ထိုအမျိုးသမီးမှာ အဆောင်ဝင်ထဲကသူမလာမှန်းသိခဲ့ရလောက်အောင်ညည်းညည်းညူညူနှင့်ဝင်လာပါသည်။ ကျမအိပ်လုအိပ်ခင်ဖြစ်နေသောကြောင့် မျက်စိဖွင့်မကြည့်ဖြစ်ခဲ့ပါ။ သူမကိုကုတင်ဘေးသို့ တင်ပြီးချိန်တွင်တော့ ဆရာမလေးများဝိုင်းလာပြီး နှာခေါင်းပိုက်ထည့်ခြင်း၊ ချွဲစုတ်ခြင်း၊ ဆေးထိုးခြင်း၊ တို့ ကိုပြုလုပ်ကြပါသည်။ သူမကလည်း မေ့ဆေးမပျယ်တပျယ်ဖြင့် သူ့ နှာခေါင်းထဲသို့ နှာခေါင်းပိုက်မထည့်ရန် ကျမ၏လူနာစောင့်ဟောင်းကလည်း သူမအနားတွင်ဝိုင်း၍လုပ်ပေးနေသောကြောင့် ဆဲဆိုခြင်းဖြင့် အမျိုးမျိုးပြောဆိုနေသောအခါ တဆောင်လုံးက သူ့ ကိုအာရုံစိုက်၍ မဆဲရန်ပြောနေပါသည်။ သို့ သော် သူမကတော့ မေ့ဆေးအရှိန်ကြောင့် ပြောချင်ရာပြောနေခြင်း ညည်းညူခြင်း ဆဲဆိုခြင်းများကို အစီအစဉ်တကျဆိုသလိုပြုလုပ်နေသောကြောင့် သူမ၏လက်နှင်ခြေထောက်တို့ ကို ကုတင်ဘေးတန်းနှင့် ကြိုးချည်ထားလိုက်ပါသည်။ သူမသိပါသည်။ ရုန်းကန်၍ သူ့ ကိုလွှတ်ပေးရန် အမျိုးမျိုး ပြောဆိုနေပါသည်။ ဆေးတလုံးလာရောက်ထိုးပေးပါသည်။ သူမငြိမ်သက်စပြုလာပါပြီ။ သို့ သော်ဆဲလျှက်သာရှိပါသေးသည်။ တဖြည်းဖြည်းနှင့် သူမငြိမ်သက်၍ သွားပါပြီ။ ကြိုးချည်လျှက်နှင့်ပါ။ သူမ၏အစောင့်နှင့်ကျမ၏အစောင့်ဟောင်းလည်းအိပ်ရန်ပြင်နေကြပါပြီ။ ကျမကတော့ သူမကိုသနားခြင်း စာနာခြင်းဖြင့်အိပ်၍မပျော်တော့ပါ။ ကျမမျက်လုံးကြောင်နေပါသည်။
မနက်မိုးလင်းသွားပါပြီ။ ကျမရဲ့ ပိုက်များအားလုံးဖြုတ်ပေးမည့်အပြင် အစောင့်လဲပြောင်းရမည်ဖြစ်သောကြောင့်ကျမတော်တော်ကို နိုးကြားစွာဖြင့်နိုးထလာခြင်းပါ။ ဆေးရုံတွင်အကျင့်ရှိပါသည်။ မနက်၅နာရီခွဲသည်နှင့်တဆောင်လုံး မီးများအားလုံးကိုဖွင့်၍ အစောင့်များကိုနှိုးပြီး သန့် ရှင်းရေးလုပ်ရန် ပစ္စည်းများကိုသိမ်းခိုင်းပါသည်။ ထိုနေ့ တွင်ကျမအစောင့်ဟောင်း ဘယ်လောက်အော်အော် နိုးမလာသေးပါ။ ကျမလဲမနှိုးနိုင်သောကြောင့် ဒီအတိုင်းကြည့်နေမိပါသည်။ သူနာပြုဆရာမဆေးလာသွင်းမှ သူမကိုလှုပ်နိုးသွားပါသည်။ သူမ၏အအိပ်ဆတ်ခြင်းအကြောင်းတရားပါ။ လူနာစောင့်ရကြောင်းဖုန်းဆက်လာပါပြီ။ သူမပြန်ရင်ပြင်ဘို့ ပြောလိုက်ပါသည်။ သူမကျမအနားတွင်ပင်မရှိစေချင်တော့ဘူး ။ တော်တော်ကိုစိတ်ကုန်နေခြင်းအပြင်သူမအတွက်အလွန်တရာလဲရှက်နေပါသည်။တခုခုဖြစ်မှာကိုစိုးနေမိပါသည်။ ကျမအတွက် အလွန်စိတ်ချမ်းသာသွားခြင်းပါ။ လူနာစောင့်လဲသွားပါပြီ။ ဘေးကုတင်ကလူနာစောင့်ကလဲ ထိုင်းစကားမတတ်ပါ။ သူနာပြုများလာပြောလျှင်ကျမ၏အစောင့်သစ်ကသာလျှင် စကားပြန်လုပ်ပေးရပါသည်။ သူကို့ စကားပြန်လုပ်ပေးသောကြောင့် မုန့် ကျွေးခြင်း ကော်ဖီတိုက်ခြင်းများကို ပြုလုပ်ပါသည်။ကျမလဲကုသိုလ်စိတ်ဖြင့်ပင်စိတ်ချမ်းသာခဲ့ရပါသည်။ ထိုနေ့ ညနေ ဘေးကုတင်က သူမအားအရင်အစောင့်အပြင် ဦးလေး၏မိန်းမအဒေါ်ပါလာရောက်စောင့်ပါသည်။ အရင်အစောင့်ကောင်မလေးကတော့အိပ်နေပါသည်။ ကျမကလည်းအစောင့်သစ် သူတို့ စကားများပြောဆိုခြင်းဖြင့်အချိန်ကိုဖြုန်းနေကြသည်မှာ ည၂နာရီထိုးပါပြီ။ ကျမလဲအိပ်မပျော်ပါ။ ကျမကလူနာလေ။ အိပ်ချိန်မှအိပ်မရရင်ခေါင်းမူးမည် ။ ရောဂါဖြစ်လာမည်။ ကျမကြိတ်မှိတ်ပြီးအိပ်လိုက်ရပါသည်။ အိပ်ရာကဖြတ်ကနဲ နိုးတော့ ကျမအစောင့်ရော သူမ၏အဒေါ်ဖြစ်သူရောအိပ်နေပါသည်။ ဘေးကုတင်အစောင့်ကောင်မလေးက သူ့ အမနားတွင်မှောက်၍အိပ်နေရာမှ ကျမကိုလှမ်း၍ ကြည့်ပါသည်။ ကျမတော်တော်အံ့သြသွားမိပါသည်။ သူမဘာကြောင့်နိုးလာရတာလဲဟု။ သို့ သော်အမှတ်တမဲ့သာနေဖြစ်ခဲ့ပါသည်။ ကျမအိမ်သာသွားပြီးပြန်လာခဲ့ပါသည်။ ကျမပြန်အိပ်ဖြစ်ခဲ့ပါသည်။ အစောင့်သစ်ကတော့ကျမအပေါ်တော်တော်ကောင်းပါသည်။ ကျမအတွက် အထူးတလည်ပင်မိသားစုဝင်ရရှိခဲ့ခြင်းပါ။ သူမကျမကိုအလွန်တရာဂရုစိုက်လွန်းသောကြောင့် ကျမကိုယ်တိုင်ပင်ဟန့် တားယူရသည်အထိပါ။ ကျမကို ဘာစားချင်သလဲ မေးပြီးသူ့ အိမ်ကိုချက်ခိုင်းပြီး ထမင်းလာပို့ စေခဲ့ပါသည်။ ပထမတရက်တွင် ပုဇွန်ထုတ်ဟင်းပါ။ ကျမထမင်းစား၍ကောင်းလိုက်တာနှင့်အမျှ သူမကိုအရမ်းအရမ်းကို ကျေးဇူးတင်ခြင်းများစွာဖြင့် ကျေနပ်ပီတိဖြစ်ခဲ့ရပါသည်။ ပုဇွန်ထုတ်ဟင်းလာပို့ သောအခါကျမကို ချုပ်ရိုးဖြည်ပေးခဲ့ပါသည်။ ကျမရဲ့ ကျေနပ်ခြင်းတွေက အတိုင်းမသိအောင်ပါ။ ပိုက်ဆံပေးရန် သူမကိုပိုက်ဆံအိတ်ယူခိုင်းလိုက်ပါသည်။ စတင်ပါပြီ။ ကျမ ပိုက်ဆံအိတ်ယူလိုက်သည်နှင့် ထောင်တန်တရွက်ပျောက်နေပါသည်။ ကျမချက်ခြင်းပင် သူမကိုပိုက်ဆံပြောက်ကြောင်းပြောဆိုသောအခါ ထိုအချိန်တွင်သူမ၏ခင်ပွန်းလည်းထမင်းလာပို့ ရင်းရှိနေသောကြောင့်ပါ။ ကျမစိတ်မကောင်းဖြစ်သွားပါသည်။ ကျမရဲ့ ပျော်ရွှင်ခြင်းတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပါသည်။ ကျမသူမ၏အမျိုးသားအား ၂၀၀ပေးလိုက်ပါသည်။ ပိုက်ဆံအိတ်ပြန်သိမ်းခိုင်းလိုက်ပါသည်။ ကျမစိတ်ထဲတွင်တော့ မကျေလည်ပါ။ ကျမသစ္စာဆိုမိပါသည်။ ကျမ၏ပိုက်ဆံသည် ကျမ၏ချွေးနဲစာမှရထားသောပိုက်ဆံမှန်ကန်ပါသည်။ ထိုမှန်ကန်သောသစ္စာတရားကြောင့် ကျမပိုက်ဆံယူသောသူသည် ကျမ၏ရှေ့ ၌တစုံတခုဖြစ်ကြောင်းလာပြောပါစေ ဟုစိတ်ထဲကကြိတ်ကြံလိုက်မိပါသည်။ ကျမ မည်သူ့ ကိုမှမစွပ်စွဲချင်သောကြောင့်ပါ။ ကျမစိတ်ပြေစေရန်အတွက် အွန်လိုင်းသုံးရန်အတွက် ပိုက်ဆံ၂၀ပေးရန် ပိုက်ဆံအိတ်ကိုထပ်မံထုတ်ခိုင်းမိပြန်ပါသည်။ ကျမပိုက်ဆံအိတ်ထဲတွင်ထည့်ထားသော တစ်ဒေါ်လာတန်တရွက်ထပ်မံပျောက်သွားပြန်ပါသည်။ ကျမတော်တော်ကိုအံ့သြသွားပါသည်။  အချိန်ပိုင်းလေးအတွင်းတွင်ပါ။ မျက်စိလှည့်လိုက်သလိုပင်။ ကျမအမျိုးမျိုးစဉ်းစားမိပါသည်။ သူမကိုလည်း ထည့်ထားသောဘီရိုတွင် အနောက်ပေါက်ဘေးပေါက်များရှိနေသလားလို့ သေချာအောင်ကြည့်ပါရန်လည်း ပြောမိပါသည်။ ကျမစိတ်ထဲတွင် ထိုင်းနိုင်ငံမှလူခြောက်ကလေးများအားခိုင်း၍ခိုးခိုင်းခြင်းလားဟုပင် ပျောက်ဆုံးခြင်းမှာမြန်ဆန်လှသောကြောင့်ထိုအတွေးမျိုးပင်ဝင်မိခဲ့ပါသည်။ ကျမအွန်လိုင်းသုံးနေခဲ့ပါသည်။ စိတ်လဲတော်တော်ပြေသလောက်ဖြစ်နေပါပြီ။ ထိုအချိန်တွင် ဘေးကုတင်မှ သူမ၏ညီမအစောင့်ကောင်မလေး အသက် ၂၂ နှစ်က သူမခေါင်းအလွန်တရာမူးနေပြီး နေရသည်မှာစိတ်မကြည်ကြောင်းလာပြောသောကြောင့် ကျမအလွန်အံ့သြသွားလောက်အောင်ပင်ကျမရဲ့ သစ္စာကတကယ်ပင်စူးသွားပြီလား။ ကျမကျေနပ်ပါသည်။ ကျမဘယ်သူခိုးတယ်ဆိုတာသိသွားပါပြီ။   သူမကိုကျမတို့ နှစ်ယောက်လုံးစကားမပြောဖြစ်တော့ပါ။ သူကိုယ်တိုင်လဲသိပါသည်။ ကျမတို့ နားတွင်ပင်လာမထိုင်တော့ပါ။ အရင်ကဆိုလျှင်ကျမတို့ နားတွင်ထိုင်၍စကားလာပြောနေကြပါ။ သူ့မဘာသာပင် ရှောင်သွားပါသည်။ သူမ၏အမလူနာကတော့ဘာဆိုဘာမှမသိပါ။ သူမအမနှင့်လည်း မတည့်ပါ။ အချိန်တိုင်းအိပ်နေပြီး လူနာလာစောင့်သည်နှင့်မတူပါ။ သူမ၏ယောင်္ကျားနှင့်သာဖုန်းအမြဲပြောနေပါသည်။ တညလုံးလဲပြောနေခြင်းပါ။ သူမအတွက်ပိုက်ဆံလိုနေသည်မဟုတ်ပါလား၊ ဖုန်းဘိုး နှင့်ဆေးရုံတွင်နေစဉ် စားသောက်ရန်အတွက် ငွေလိုနေပါသည်။ အရင်က ကျမအစောင့်ကိုဝယ်ခိုင်းသော်လည်း ပိုက်ဆံခိုးပြီးနောက်ပိုင်းတွင် သူမမှာသူဌေးသုံးသုံးနေပါသည်။ သူမကကျမနှင့်ကျမ၏အစောင့်သစ်ကြားတွင်ထင်ယောင်ထင်မှားဖြစ်ရန်ရည်ရွယ်ရင်း သူ့ ကိုယ်သူလုံနေသည်ထင်ပါသည်။ ကျမအတွက်ပင် ကွာစိ နေကြာစိများပင်ဝယ်လာတတ်ပါသည်။ ကျမကကွာစိကြိုက်သောကြောင့် စားရင်းမှပင် ကျမ၏အစောင့်အား ကိုယ့်ပိုက်ဆံနှင့်ကိုယ်စားတာလေ ဟုစရင်းနောက်ရင်းပြောဖြစ်ခဲ့ပါသည်။ ထိုသို့ နှင့်ကျမတို့ အိတ်ကို သော့ခတ်သိမ်းဆည်း၍ နှစ်ယောက်တယောက်တလှည့် နေရာတွင်ရှိနေရပါတော့သည်။ ကျမကုတင်နံပါတ်က ၁၈ပါ ။ ဘာသာခြားသူမက ၁၉။ ကုတင်နံပါတ် ၂၀ တွင် အပျိုကြီးတယောက် နို့ တွင်အကြိတ်တွေ့ ၍ လာဖြတ်ခြင်းပါတဲ့။ ကျမစိုးရိမ်စိတ်ဖြစ်မိပါသည်။ ကျမကဲ့သို့ အခိုးမခံရရန်ပါ။ အပျိုကြီး ကိုည၁၁နာရီဘာမှမစားရန်လာပြောသွားပါသည်။ အပျိုကြီးမနက်ခွဲရတော့မှာပါ။
မနက်မိုးလင်းတော့ ကျမလမ်းလျှောက်ရင်း အပျိုကြီးညီမနားတွင် ကိုယ့်ပစ္စည်းကိုယ် သတိထားစစ်ကြည့်ရန်ပြောသောကြောင့် သူမ၏ပိုက်ဆံအိတ်ကိုစစ်ဆေးနေသည်ကိုတွေ့ ၍ ကျေနပ်မိပါသည်။ ကျမစကားကိုအလေးအနက်ထား၍ နားထောင်သောကြောင့်ပါ။ နံနက်၉နာရီတွင်ခွဲခန်းဝင်ရန်အပျိုကြီးကိုလာခေါ်သည်ကိုတွေ့ ရပါသည်။ ခွဲခန်းသို့ အပျိုကြီးညီမပါလိုက်ပါသွားခဲ့ပါသည်။ ကျမကတော့ကျမ၏ သတိပေးမှုကြောင့် သူတို့ သတိရှိနေကြပြီဖြစ်သည့်အတွက် အခိုးမခံရလောက်ဘူးလို့ ခံယူထားမိပါသည်။ နောက်တနေ့ ငါးကြော်ပြီး ချဉ်ငံစပ်လေးချက်လာပေးသောကြောင့် အပြင်ဘက်ဝရန်တာတွင်ထမင်းထွက်စားဖြစ်ခဲ့ပါသည်။ အပျိုကြီးညီမက အနားရောက်လာပါသည်။ ကျမကထမင်းစားပါအုံးလားဟု ပြောရာ သူမကစားပါ အမကိုပြောစရာရှိလို့  ဆို၍အနားကပ်လာပါသည်။ အမပြောရင်းနဲ့ ကျမလဲအခိုးခံလိုက်ရတယ် အမရယ် အမပြောတုန်းကတော့တခုခုထူးလို့ ပြောတယ်လို့ နားလည်လို့ သေသေချာချာ သိမ်းထားတာတဲ့  ခွဲခန်းသွားတော့ ကျမလဲထူပူပြီးလိုက်သွားမိတယ်တဲ့ အဲ့ကောင်မလေးကမြန်မြန်လိုက် မြန်မြန်လိုက်လို့ တွန်းအားပေးနေတာကြောင့်လဲပါတယ် အဲ့ဒါနဲ့ ပိုက်ဆံအိတ်မေ့ပြီးထားခဲ့မိတယ်တဲ့ ကျမအမျိုးသားလဲခွဲခန်းရှေ့ ရောက်လာရော ကျမသတိရပြီး ပိုက်ဆံအိတ်ကိုအမြန်ယူခိုင်းလိုက်တာတဲ့ ပြန်စစ်ကြည့်လိုက်တော့ ထောင်တန်တရွက် ပျောက်နေပါပြီအမရယ် သတိပေးရင်းတန်းလန်းနဲ့ ဖြစ်လိုက်ရတာ လို့ ပြောတော့ ကျမတော်တော်စိတ်မကောင်းဖြစ်သွားတယ်  အဲ့ဒီအချိန်မှာကျမတို့ နားမှာမယောင်မလည်နဲ့ အဲ့ဒီကောင်မလေး လာနားထောင်နေတာတွေ့ လိုက်ရတယ် ဒါပေမဲ့ ကျမတို့ သူမကို စကားပင်မပြောကြတော့ဘဲ ခပ်တည်တည်ခပ်တန်းတန်းဖြစ်သွားကြပါတော့သည်။ သူမကတော့ မျက်နှာပြောင်ပြောင်နှင့်ပင်သူမ၏လုပ်ရပ်အား ပြောင်မြောက်လှသည်ကိုဘဲအားရကျေနပ်နေသည်လား၊ ဆေးရုံတွင်လူနာလာစောင့်ရသည်ကိုပင်တွက်ခြေကိုက်နေသည်လား မသိတော့ပါ။ သူမကို တော့တော်တော်ရွံသွားကြပါပြီ။ ဆေးရုံဆိုသောနေရာသည် မည်သူမှလာရောက်ချင်သောနေရာတခု လူမစည်ကားသင့်သောနေရာတခုဖြစ်၍ လူသားခြင်းကိုယ်ခြင်းစာစိတ်မရှိသော မလုပ်သင့်သောနေရာတွင်ပင်ထိုသို့ သောအဖြစ်အပျက်များ ကိုကြုံတွေ့ ခဲ့ရသောကြောင့် ကျမကဲ့သို့ မဖြစ်ကြစေရန်ရည်ရွယ်ရင်း ရေးသားခဲ့ခြင်းဖြစ်ပါသည်။ 
Saturday, 29 September 2012
NanShin: ကုသိုလ်မှတ်တမ်း
ကုသိုလ်မှတ်တမ်း
ကုသိုလ်ဆိုတာလုပ်ပြီးရင်
မမေ့ပြစ်ရဘူး။အမြဲ
တန်း အဖန်ဖန်ထပ်တလဲ
လဲ အောက်မေ့နေရမယ်။
သူတပါးကိုလဲ ကိုယ်နဲ့ ထပ်
ထူကုသိုလ်ဖြစ်အောင် အ
မျှပေးဝေရမယ် လိုဗုဒ္ဓက
ဟောကြားထားပါတယ်။
နတ်လူသာ
ဓု ခေါ်စေသတည်း။
http://www.myshmm.com/2012/09/blog-post_4826.html?spref=bl  မှကူးယူတင်ပြပါသည်။
ခိုင်မြဲသော တွဲလက်များ - ကဏ္ဍစုံ ပြခန်း
ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။
တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရ
တတ်ပါတယ် ။ ချစ်သူတွေဖြစ်လာပြီဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့
စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။ချစ်ခြင်းမေတ္တာအခြေခံပြီး
ဘ၀လက်တွဲဖော် တွေမှာ တစ်ဦးနှင့်တစ်ဦး ဘ၀ရပ်တည် ရှင်သန်နေ
သမျှ ကာလတလျှောက်အကောင်းအဆိုးအတူ ရင်ဆိုင်မှုများအတွက်
ရွေးချယ်ကြတာဖြစ်ပါတယ်။တွဲလက်များထာဝရ အေးချမ်းတည်မြဲ နေ
စေဖို့  သတိပြုစရာအနည်းငယ်မျှ  ဆင်ခြင်မိရုံလေးမျှနဲ့   ဘ၀မှာ
အကျေနပ်ဆုံး သူများဖြစ်ခွင့်ရကြမယ်လို့ မျှော်လင့်ပါတယ် ။
လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်း သင့်ကို လိုအပ်နေတယ် ။သင့်
အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။အချစ်
ကံကောင်းစေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက် အခြားလိုအပ်မှုပေါင်း
များစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။လောကကြီးထဲမှာရှိတဲ့
လူသားတွေရဲ့ ဘ၀မှာ အရာရာတိုင်းကပြည့်စုံနေတယ်ဆိုတာတော့မရှိ
ပါဘူး ။လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲအချစ်စစ်
သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊
ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။ ဆင်ခြေတွေကို
အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ ။ကိုယ်ကလည်း
အစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်
တွေပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။သင့်စိတ်ထဲမှာ သူမှတစ်ပါး
အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။ဒါကိုလည်း
သူသိအောင်လုပ်ပါ ။သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်
လေလေ ယုံကြည်မှုတွေ ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။
နားလည်မှုအချစ်
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊စိုးရိမ်
ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။အဲ့ဒါက အပြစ်တော့မဟုတ်
ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။အဲ့ဒီတော့ အထူးသတိ
ထားရမယ့် အချက်က လက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင်
နေဖို့ ပါပဲ။ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက်
ကြောက်လန့် စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ ပြီးတော့
နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊
အပြောအဆိုတွေကြောင့်  သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်
ဆိုတဲ့  အဖြစ်မျိုးတွေ မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ 
နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့
ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။
မျက်မြင်ကိုယ်တွေ့ မှယုံပါ 
ချစ်သူနှစ်ဦးကြားမှာ ပြဿနာ တစ်ခုဖြစ်ပြီဆိုရင် ကြားစကားတွေကိုဘယ်တော့
မှမယုံမိပါစေနဲ့ ။ ကြားစကားတွေနဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။ တစ်ကယ်လို့ 
အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေ
ကိုကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့
ပြဿနာတွေကိုတွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်
တယ်ဆိုရင်တော့ အစကတည်းက သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာ
စတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။
နှစ်ဦးနှစ်ဘက်မညာစတမ်း ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။ဒါကြောင့် အရေးမကြီး
တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ 
ပိတ်ပင်ထားပါ။ တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ အချစ်ကို တွေ့ ရှိပြီးနောက်
ကိုယ့်ဆီကထွက်မသွားစေဖို့  ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊တိုက်ဆိုင်
မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။ သင့်အတွက် နေ့ စဉ်အလုပ်တွေ
လုပ်နေရင်းနဲ့ တောင်တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်
ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ စားသောက်
မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်းတိုက်ဆိုင်ကြည့်ပါ ။သင်
ဟာသူ့ ကို တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။
ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊   ရုပ်ရှင် ၊ အရောင်
သားထားပါ ။ အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။ 
တစ်ခါတစ်ရံ တစ်ဘက်သား မမျှော်လင့်တဲ့  နေရာမျိုးတွေဆီကနေ အံ့သြစရာ
အဖြစ်အပျက်တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။ အချစ်ဆိုတဲ့
အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို လှုပ်ရှားမှုလေး
တွေ ရှိနေမှ ပျော်ရွှင်စရာ ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။ အလေ့အကျင့်လေးတွေနဲ
့ရှေ့ ဆက်ပါ ။ သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်
တောင် သင်တို့ နှစ်ယောက်ကြားက အချစ်တွေဘယ်တော့မှမပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူး
ဆိုရင်တောင် ယခုထိဆက်ချစ်နေသေးပါတယ်တဲ့သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို
ဂုဏ်ယူပေးပါ ။ ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်
စုံစုံညီညီနဲ့  အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေး
တွေကို ဖန်တီးတဲ့အခါ ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။ ချစ်သက်သေတွေပြပြီးတဲ့ 
အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက် အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ ရယူပါ ။
ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်  အားအင်အသစ်တွေ
နဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။
အရင်းနှီးဆုံးသူတွေ
အရင်းနှီးဆုံးသူတွေဖြစ်ကြပေမဲ့ နားအလည်နိုင်ဆုံးသူတွေဖြစ်နေဖို့  အသေးအဖွဲကိစ္စလေး
တွေ  ကအစလျစ်လျုရှုလို့ မဖြစ်ပါဘူး အိမ်မှူကိစ္စတွေ မနိုင်မနင်းဖြစ်နေခဲ့ရင်နိုင်သလောက်
ကူညီပေး ပါ မခွဲခြားပါနဲ အတူသွားရမယ်ကိစ္စတွေမှာ အလှပြင်မပြီးလို့ ဖုန်းပြောနေရလို
အိမ်ကလူတွေကို သြ၀ါဒချွေနေရလို့  စောင့်နေရတဲ့ အကြိမ်တွေမများပါစေနဲ့  အတူနေ
နှစ်ယောက်တစ်ဘ၀ကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အသေးအဖွဲလေးတွေဖြစ်ပါတယ်။  
အကြိမ်များစွာစုမိလာတဲ့အခါ ရှင်းပြရခက်တဲ့ မသိစိတ်မှာ နာကျင်မှူတွေဖြစ်စေပါတယ်။
ဝေးသွားမှာစိုးတယ်
လက်မထပ်ခင်ကကြီးပြင်းနေထိုင်ခဲ့တဲ့ နှစ်ဖက်မိသားစု နေထိုင်ပုံနဲ့ လက်ရှိဘ၀ကိုချိန်
ထိုးပြီး စံသတ်မှတ်ပြောဆိုတာမျိုးနှင့် နှိုင်းယှဉ်ပုံစံချတာမျိုးတွေရှောင်ကြဉ်ပါ ။ မတူညီ
မှူတွေအများကြီး ကို အတင်းပုံစံရိုက်သွင်းတာနဲ့ တူပြီး နှစ်ယောက်ကြား ကနားလည်မှူ
တွေဆွေးမြေ့ပျောက်ကွယ်သွားစေတယ် ။အနီးဆုံး က အဝေးဆုံးလူတွေဖြစ်လာစေတယ်။
စဉ်းစားမှူတိုင်းမှာ အိမ်ထောင်သာယာရေးကို ဦးတည်ခြင်းက နှစ်ဦးကြားရိုးအီ သွာခြင်း
မရှိအောင် အသစ်အဆန်းတွေဖြစ်လာစေတယ်။
အရာရာမင်းပါ
ဘ၀ရည်မှန်းချက်တွေက အိမ်ထောင် ရေးအတွက် အတိုက်အခံဖြစ်မလာပါစေနဲ့ ။ဘ၀ရဲ့
တစ်ကိုယ်ရေရည်မှန်းချက်တွေနဲ အိမ်ထောင် ရေးချိန်ခွင်လျှာ အချိုးကျပါစေ။ရည်မှန်းချက်
နဲ့  လက်တွေ့ အိမ်ထောင်မှူဘ၀ကို နှိုင်းယှဉ်ဦးစားပေး စရာရှိလာတဲ့အခါ နှစ်ယောက်တစ်
ဘ၀ ကိုဦးစားပေးပါ မိသားစုနှင့်အတူ ရယူနိုင်တဲ့ ရည်မှန်း ချက်တွေ အောင်မြင်မှူတွေ
ကိုဖန်တီးကြိုးစားပါ။
သူပျော်သွားပြီ
နှစ်ဦးကြားချီးမြှောက်မှူ အပြန်အလှန်ရှိပါစေ ။ တစ်ဦးရဲ့အောင်မြင်မှူကိုတစ်ဦးကစောင့်ကြည့်
ချီးမွမ်းဖို့ အသင့်ရှိပါ ။ အဆိုးဆုံးတွေကြုံခဲ့ရင်လည်း ကျော်လွှားနိုင်တဲ့ စွမ်းရည်ကိုမြင်အောင်
ကြည့် ပေးပါ ။ တစ်ဦးကိုချီးမွမ်းလို့ ကျေနပ်ပျော်ရွှင်သွားတာကို မြင်ရတဲ့ ကျန်တစ်ဦးမှာအစား
ထိုးမရ ရှာဖွေလို့ မရတဲ့ပျော်ရွှင်ချမ်းမြေ့မှူဖြစ်စေတာကို နေပျော်တဲ့ဘ၀တစ်ခုအတွက် လက်တွေ့ 
စမ်းသပ်ကြည့်ပါ ။ချစ်တဲ့ သူတစ်ယောက်ပျော်ရွှင်စေလိုတတ်တဲ့ သဘာဝအရ ဘ၀ရဲ့ကျေနပ်မှုနဲ့ 
ခွန်အားတွေ တိုးပွားစေပါတယ်။
နားထောင်ပေးပါ
နှစ်ယောက်တည်းရှိတဲ့ အချိန်တစ်ခုကို အလုပ်အားလုံးဘေးချ ခေါင်းထဲကထုတ်ပြီး အေးအေး
သက်သက်သာ စကားပြောဆိုပါ။ တစ်ယောက်ပြောစကားကို တစ်ယောက်က ဂရုစိုက်နားထောင်
ပေးပါ။ နှစ်သက်သော အကြောင်းအရာများကို ထောက်ခံဆွေးနွေးပြီး မနှစ်သက်တာတွေကိုတော့
ဟာသနှော ပြီးပျော်ရွှင်စရာအဖြစ်မှပိုမိုရင်းနှီးမှူရယူပါ။(လှောင်တာမျိုးတော့အဖြစ်ပါစေနဲ့  ။
ချော့ရခက်တတ်တယ်။) အခြေအနေတစ်ခု သို့ ပြောင်းလဲလိုခြင်း ရန်စကားလမ်းကြောင်းပြောင်း
စရာလိုအပ်လာပါက ကြည်နူးစရာ စကားလုံးများအဖြစ်သော "မင်း ကို ချစ်တယ် " ကဲ့သို့ သော
အသုံးအနှူံးများကို လေးလေးနက်နက် သုံးစွဲပါ။ထူခြားမှု က လက်တွေ့ သိနိုင်ပါလိမ့်မယ်။
အတူတူရှိနေမယ်
နှစ်ယောက်တစ်ဘ၀ရှိသူများမှသာ ပျော်ရွှင်မှူနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ပြဿနာတွေ ရယူ ရင်ဆိုင်နိုင်စွမ်း
ရှိတယ်ဆိုတာ သတိရပါ။ မတည့်အတူနေဘ၀မျိုးရှိသူတွေမှာ နေ့ စဉ်ဘ၀ရပ်တည်ရေးတာဝန်များ
အပြင် လူမူရေးပြဿနာများပါ ၀န်ပိမှူဖြစ်လာစေပါသည်။အတူနေသူနှစ်ဦး နီးကပ်တဲ့စိတ်ချင်း
ဆက်သွယ်မှုများက တစ်ဦးစိတ်မချမ်းသာမှူကတစ်ဦးကို သက်ရောက်စေတတ်တာကြောင့်
ဆက်ဆံရေး မပြေလည်တာတွေက အကျိုးမဲ့အချည်းအနှီးအသွင်ဆောင်တဲ့ ဘ၀နေ့ စွဲတွေ
ရှိလာပါလိမ့်မယ် အိမ်တွင်းပြဿနာနဲ့ အိမ်ပြင်အခက်အခဲနှစ်ခု ရှိလာရင် အိမ်တွင်းရေးရှင်းပြီး
မှ ပြင်ပပြဿနာ ကို နှစ်ဦးလက်တွဲရင်ဆိုင်ပါ ။ဒီအတွက်စိတ်ဓါတ်ကြံခိုင်သူများဖြစ်ပါစေ။
ဘ၀စိန်ခေါ်မှူတွေကို နှစ်ယောက်တစ်ဘ၀ အဖော်မွန်ကောင်းနှင့်အတူ လက်တွဲပြီး
အကောင်းဆုံးဖြေရှင်းပါ ။  ကြိုးစားအားထုတ်မှုများက ရရှိလာတဲ့ အောင်မြင်မှုတွေကို
နှစ်ဦးသား ရင်ဆိုင်နိုင်ခဲ့တယ်ဆို တာနဲ့ အပြန်အလှန်အသိအမှတ်ပြုပါ။ အောင်မြင်မှူတွေကို
အတူတစ်ကွစားသုံးပါ။
သင်သူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင်လိုက်နာသင့်တာလေးတွေကတော့ ..............
၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။
၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။
၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။
၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု ပေးထားလိုက်ပါ)
၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။
၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။
၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။
၈။ သူ့အပ်ါကို တန်ဖိုးထားပါ။
၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။
၁၀။ သူ့အတွက် အချိန်ပေးပါ။
၁၁။ သဘောထားကြီးပါ။
၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေ ကို မမေ့မပျောက်အောင် မှတ်သားပါ။
၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။
၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။
၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။
၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။
၁၇။ လူပုံအလယ်ကို ရဲရဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။
ရှောင်ကြင်သင့်တာတွေက...............................
အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။
တကယ်တော့သ၀န်တိုတယ်ဆိုတာကအချစ်ကြီးလို့ဖြစ်လာရတဲ့ခံစားမှုမျိုးပါ။
သင့်တင့်မျှတသောသ၀န်တိုခြင်းကတော့သင့်ချစ်သူသင့်ကိုပိုချစ်အောင်စွမ်းဆောင်ပေးနိုင်ပေမဲ့၊
သူ့ရဲ့သိက္ခာနဲ့အရှက်ပါထိခိုက်စေလောက်အောင်သ၀န်ကြောင်လာရင်တော့
သင့်ချစ်သူ့ကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။
သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။
သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုကမမှားဘူးဆိုရင်၊
သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲဆိုရင်တော့
သင့်သဘောထက်ချစ်သူရဲ့သဘောထားကိုအတက်နိုင်ဆုံးလိုက်လျောပေးပါ။
ဒါမှလဲသဘောထားချင်းကိုက်ညီမှုရပြီးချစ်သူနဲ့အဆင်ပြေနိုင်ပါ။
ဒီနေရာမှာသူ့သဘောတရားကိုလက်ခံနိုင်ရဲ့သားနဲ
ကိုယ့်စိတ်တိုင်းကျမဖြစ်လို့အပြင်းအထန်မဆန့်ကျင်ပါနဲ့။
ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေကိုပဲတစ်ယူသန်နေရင်တော့
သင့်ချစ်သူကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်
ချစ်သူကိုလျစ်လျူရှုမထားမိပါစေနဲ့
မင်းအချိန်တွေကိုလဲချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။
တကယ်လို့မင်းကအရမ်းအလုပ်များတဲ့သူဖြစ်ရင်တောင်သီးသန့်အချိန်တော့ပေးနိုင်ပါစေ။
တကယ်လို့ချစ်သူကိုအချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့
လျစ်လျူရှုထားမိရင်တော့သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။
လျစ်လျုရှုတာ များလာရင် သူ့အနေနဲ့ဝမ်းနည်းတာတွေက
ဒေါသအဖြစ်ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။
တကယ်တော့ ဘယ်သူမျှ အားလုံးကောင်းတယ် ပြည့်စုံတယ်
ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့်တတ်နိုင်သလောက် ကိုယ့်ချစ်သူအပေါ်
ကောင်းနိုင်သလောက် ကောင်းအောင် စိတ်ထားတတ်ပြီး ချစ်တတ်မယ်ဆိုရင်
ချစ်နှောင်ကြိုး ဘယ်အခါဖြတ်ဖြတ် မပြတ်နိုင်တော့ပဲ ခိုင်မြဲတဲ့ တွဲလက်များ
အဖြစ် ထာဝရ ချစ်ချစ် ခင်ခင်ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ်......။
သူငယ်ချင်းအားလုံးကို အစဉ်လေးစားခင်မင်လျှက်
 ညချစ်သူ
 http://vriety.blogspot.com/2012/09/blog-post_21.html#.UGfai1092to.blogger  မှကူးယူတင်ပြပါသည်။