အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday, 23 December 2012

ခြေဖနောက်ကွဲ ခြင်းကိုကာကွယ်နည်း...


ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှုဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့
နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။

စတင်ဖြစ်ပေါ်လာခြင်း ….

ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

လွဲမှားစွာလုပ်ဆောင်ခြင်း ………….

လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ ကွဲနေသော ခြေဖနောင့်နေရာကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုးတို့ ဖြင့် ပွတ်တိုက်ခြင်းကို ပြုလုပ်ကြပါတယ် ဒီလို လုပ်ဆောင်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာတွင် သွေးစိမ်းများ စိမ့်ထွက်လာပြီး ပိုးကို အလွယ်တကူဝင်ရောက် ရောင်ရမ်းလာနိုင်ပါစေတယ် ကုသခြင်းလည်း ကြာပြီး လမ်းလျှောက်သည့်အခါတွင် ပိုမိုဆိုးရွားစွာ ခံစားမှု့ ဖြစ်ပေါ်စေပြီး ရောင်ရမ်းနာကျင် လာစေပါတယ် ဒါကိုတော့ အထူးသတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက်တရပ်ဖြစ်ပါတယ် ။

ကုသနည်း ..........

အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။

ထပ်မံပြီးတော့လည်း ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။
ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။

ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။ ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်းမကြီးဘဲ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း အဆင့် .........

ဖြစ်ပေါ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်လို့ လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ဖော်ပြပါ ဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။

စားသင့်သော အစားအသောက်များ ……………..

ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။
ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။

အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။
ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။
ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။
ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။
ရေချိုးပြီးတိုင်း ခြေထောက်ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

အရေပြား ခြောက်သွေ့အက်ကွဲခြင်းများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့်လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးထားပေးရပါမယ်။ဆောင်းရာသီတွင် ရေသောက်နည်းတတ်ပါတယ် ဒါကြောင့် ရေသောက်ခြင်းကို များများ သောက်ပေးပါလို့  အကြံ့ ပြု့ ရေးသားရင်း ….နာကျင်မဲ့စွာ လျှောက်လှမ်းနိုင်သော ခြေလှမ်းလေးများဖြစ်ကြပါစေ ။

သင့်ဘဝ


၂၀၁၃ ခုနှစ်ကို ကြိုဆိုရင်း ဖွင့်လှစ်ကြစို့..



ကိုယ် ရလာတဲ့ မွေးရာပါ စရိုက်တစ်ခုကို

မြေပြင်တနေရာမှာ စိုက်ပျိုး

အရွယ်ရောက်တဲ့ သစ်ပင်မှာ

တလွင့်လွင့် တက်နေတဲ့

အကိုင်းအခက်တွေက

မြင့်လိုက် နိမ့်လိုက်နဲ့ပေါ့...။


သဘာဝကတော့ သဘာဝဆိုပေမဲ့

သစ်ရွက်တွေ အေးခဲ

ဆောင်းလ ရာသီထဲ

လူ့ဘဝ တဆစ်ချိုးကို

ခုတ်မောင်း ခရီးသွားရင်း

ကောလဟလ အညှော်နံ့တွေ ရှုရှိုက်

ကမ္ဘာတခြမ်းရဲ့ ရက်စွဲတွေ ပျက်သုဉ်းသွားလို့

မာယာလူမျိုးတွေ အသည်းထိတ်နေဆဲ...။


လူ့ဘဝက မောပန်းလှပါတယ်..

ကိုယ် ကိုယ်တိုင် လျှောက်လှမ်းလာတဲ့

ပတ်ဝန်းကျင်ထဲ အချိုးကျကျ စိုက်ပျိုးထားတဲ့

လောကဥယျာဉ်ထဲက ပန်းတစ်ပွင့်

ကိုယ်ထည်ကလည်း လှပါ

ဟန်ပန်ကလည်း နုလှ

နေရောင်ခြည် အောက်မှာ

လေယူရာဘက်ကို ယိမ်းနွဲ့လို့

တရွေ့ရွေ့ လှုပ်ရှားနေပါလား...။


ဒါပေမဲ့......

ဖြောင့်တန်းနေတဲ့ မျဉ်းပြိုင်တစ်ခု

အချိုးကျကျ ရေးဆွဲထားပါရဲ့

ကွေ့ကောက်နေတဲ့ ကမ္ဘာတစ်ဖက်မှာ

နေမင်းကို အံတု

ချွေးတလုံးလုံးနဲ့ ခုတ်မောင်းလို့

လောကဓံစက်ရုပ် အဖြစ် သရုပ်ဆောင်နေတုန်း...။


သိပ္ပံခေတ် စက်ခလုတ် နှိပ်တိုင်း

လိုချင်တာ ဖြစ်တယ်...

လူတွေ ရင်းနှီးစရာ မလိုဘူးလို့

ဘယ်သူပြောမလဲ...။


ဖြစ်ချင်တိုင်း မဖြစ်

လိုချင်တိုင်း မရ

အမြင့်ကို ခစားမှ

ကိုယ် လိုချင်တာ ရတဲ့

ခေတ်ဇာတ်ကွက်ထဲ

ဘဝဆိုတာ ကမ္ဘာပျက်သလိုပါပဲ...။


ကိုယ် ထင်ရင် ကုတင် ရွှေနန်း

ကိုယ် မှန်ရင် အတ္တလမ်း

ကိုယ် အမြင် အိုင်ငယ်တွင်းမှာ

ကိုယ့် မာန်မာနကို အိတ်သွန်ဖာမောက်လို့

ကိုယ်ဘဝ ဇာတ်ကောင်ကို

မိုက်ရူးရဲ ဆန်တာတော့ မကောင်းဘူးပေါ့....။


ဘဝဆိုတာ ခေါဇာပစ်လို့

ကိုယ့် အတ္တ ကိုယ့် မာန်မာန

ခဝါချလို့ ရတာမှ မဟုတ်တာ

တဖက်သက်ဆန်တဲ့ ခံစားချက်တွေ

အတ္တတွေ မာန်မာနတွေ

အများမသုံးတဲ့ အမှိုက်ပုံထဲ ပစ်ခဲ့

ကိုယ် နိုင်ရာ ကိုယ် ဝန်ထမ်း

ကိုယ့် သမိုင်းတွေ ကိုယ် စာမျက်နှာပြင်မှာ ရေးဆွဲလို့

မူမှန် လမ်းမှန်သော ကမ္ဘာ့စာမျက်နှာတံခါးလေး

၂၀၁၃ ခုနှစ်ကို ကြိုဆိုရင်း ဖွင့်လှစ်ကြစို့...။



တက္ကသိုလ်မြတ်မင်း

Saturday, 22 December 2012

ပြောသလိုလုပ်မှ သူတော်ကောင်း


မေတ္တာအပြည့်နဲ့ဆက်ဆံပါ

မေတ္တာအပြည်နဲဆက်ဆံပါ
   
ရှေ့ရေစက်ကြီးလွန်းလို့ တွေ့ခွင့်ဆုံးခွင့် ချစ်ခွင့်ရရှိခဲ့တာ
မဟုတ်လား၊
ဘာလိုများတယောက်ပေါ်တယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေနေရတာလဲ၊
နာကျင်မူကုဋေကုဋေနဲ့
ဝမ်းနည်းစွာလမ်းခွဲခဲ့ကျတော့
သံသရာတကွေ့ပြန်လာတွေ့တဲ့အခါ
ဘယ်လိုအပြုံးဘယ်လိုမျက်လုံးတွေနဲ့
နှုက်ဆက်ပွေ့ဖက်ကြမလဲကွယ်၊
ပိုက်ဆံအကြွေးတင်တာထက်
မေတ္တာအကြွေးတင်တာဆပ်ရခက်ပါတယ်၊
ကြွေးဆိုတာအကြွေးရှင်နဲ့တွေတုန်ဘဲဆပ်ခွင်ရတာလေ။
သံသရာခရီဖော်တွေအပေါ်
မေတ္တာအကြွေးအကျေဆပ်နိုင်ရင်အနေမြတ်ရုံမက
အသေသတ်ဖို့သေချာပါတယ်၊၊

  ဆရာတော်ရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)
      December 23 2012


ရှေးရေစက်ကြီးလွန်းလို့ တွေ့ခွင့်ဆုံခွင့် ချစ်ခွင့်ရရှိခဲ့တာ
မဟုတ်လား၊
ဘာလိုများတယောက်ပေါ်တယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေနေရတာလဲ၊
နာကျင်မူကုဋေကုဋေနဲ့
ဝမ်းနည်းစွာလမ်းခွဲခဲ့ကျတော့
သံသရာတကွေ့ပြန်လာတွေ့တဲ့အခါ
ဘယ်လိုအပြုံးဘယ်လိုမျက်လုံးတွေနဲ့
နှုတ်ဆက်ပွေ့ဖက်ကြမလဲကွယ်၊
ပိုက်ဆံအကြွေးတင်တာထက်
မေတ္တာအကြွေးတင်တာဆပ်ရခက်ပါတယ်၊
ကြွေးဆိုတာအကြွေးရှင်နဲ့တွေ့တုန်းဘဲဆပ်ခွင့်ရတာလေ။
သံသရာခရီးဖော်တွေအပေါ်
မေတ္တာအကြွေးအကျေဆပ်နိုင်ရင်အနေမြတ်ရုံမက
အသေသတ်ဖို့သေချာပါတယ်၊၊

ဆရာတော်ရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)

ကဗျာတွေနဲ့ ရူးနေတတ်ခဲ့ပြီ..



အိပ်မရတဲ့ ညတွေတိုင်းက
နင့်ကြောင့်ပါလို့ မဆိုရက်ခဲ့ဘူး
တခါတခါ ကံတရားက
နှလုံးသားတွေကို အကြိမ်ကြိမ် ကစားတတ်တယ်..။

ထုတ်ဖော်ပြလို့ မရတဲ့
ခံစားချက်တွေ နင်သိဖို့ဆိုတာ
စကားလုံးတွေ အများကြီးလို အပ်သေးတယ်...။

ခပ်ပေါ့ပေါ့လေး ချစ်ခဲ့တာ မဟုတ်တဲ့အတွက်
မုန်းနိုင်ဖိုထက်
ငါနင့်ကို မေ့နိုင်အောင် ကြိုးစားရဦးမယ်...။

ပြီးခဲ့တဲ့ အတိတ် နဲ့ ဦးနှောက်ရဲ့ သုံးသပ်ချက်တွေမှာ
အရာ အားလုံးက ငါတို့နှစ်ယောက်လုံး
မှားခဲ့ ကြတာပါ...
ဟုတ်တယ်လေ
နင့်ရဲ့အတ္တတွေကို ငါ့နားလည်ပေးဖို့
ငါ့မာနတွေကို အလံဖြူ မလွှင့်ခဲ့မိဘူး..။

တကယ်ဆို..
ငါ မျက်ရည်ဝဲရုံမဟုတ်ပါဘူး
မျက်ရည်တွေ ရွှဲနေခဲ့တာ...
သိပ်ချစ်ခဲ့ဖူးတယ် ဟာ...။


အခုတော့
.................
....................
.........................

နင့်အတွက်
ကဗျာတွေနဲ့ ရူးနေတတ်ခဲ့ပြီ...။




(လွမ်းဝေ)

Friday, 21 December 2012

ပြင်ဆင်သင့်တဲ့ အလုပ် တစ်ခုခု သို့မဟုတ် အဖြေရှိအောင် ရှာဖွေပါ။


(၁) ဘဝအစက ကိုယ် မသွားချင်တဲ့ နေရာကို မသွားချင်လည်း ရောက်ပါ လိမ့်မယ်။ သို့သော် မရေရာတဲ့ ကိုယ်လျှောက်လှမ်းသော ခရီးမှာ ချောက်ကမ်းပါး ရှိချင် ရှိလိမ့်မယ်။ မကြောက်ပါနဲ့ ရှေ့ဆက် ခရီးဆက် လာခဲ့ပါ။

(၂) နေ့စဉ် ကိုယ် ရင်ဆိုင်ရမည့် ပြဿနာဆိုတာ လူသားတိုင်းမှာ ရှိပါကြတယ်။ ဒါပေမဲ့ ဖြေရှင်းတတ်တဲ့ နည်းလမ်းကို အတက်နိုင်ဆုံး နေ့စဉ်ဘဝထဲ ရှာဖွေ ဖြေရှင်းပေးလိုက်ပါ။

(၃) မနေ့က အတိတ်က တစ်ခါတစ်ရံ ခွန်အားဖြစ်စေခဲ့ တစ်ခါတစ်ရံ အနာဂတ်ကို ချောက်လန့်နေသလို ဖြစ်နေမိရင် နောက်ဆုတ် အရှုံးပေး လိုက်တာမျိုး ဘဝမှာ တွေ့ကြုံလာရင် ကိုယ် လုပ်နေမြဲ အလုပ်ကို ဆက်လုပ်ဖို့ ကြိုးစားပါ။

(၄) ကိုယ် လုပ်ကိုင်နေတဲ့ အလုပ်ထဲမှာ နေသားမကျသေးလို့ အတွေ့ကြုံ မရင့်ကျက်သေးလို့ သူတစ်ပါးက ကိုယ့်ကိုယ် လမ်းညွန်ပေးရင် လက်ခံ လိုက်ပါ။

(၅) ကိုယ် ကျွမ်းကျင်လာလို့ ကိုယ် ကျွမ်းကျင်တဲ့ ကိုယ် တက်ထား သိထားတဲ့ အလုပ်ကို သူတစ်ပါး နားလည်နိုင်တဲ့အထိ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးပါ။

(၆) ကိုယ် ကျွမ်းကျင်မှုကို သူတစ်ပါးက နားလည်လျင် အလုပ်နှင့် သက်သေ ပြဖို့ မမေ့ပါနဲ့။ သို့သော် အရင်ကထက် အလုပ် ပိုလုပ်ဖို့ လိုလိမ့်မယ်။

(၇) ကိုယ့် ကျွမ်းကျင်မှု အပြောနှင့် အလုပ်တွေ ဟန်ချက်ညီသော တနေ့ ကိုယ် ဖြစ်ချင်တဲ့ အောင်မြင်မှုဆိုတဲ့ နေရာ တစ်နေရာကို ရလာလျင် ကိုယ် နေခဲ့ဖူးတဲ့ အခြေခံ ဘဝကို မမေ့ပါနဲ့။ ကိုယ့်လို လူတွေကို လက်တွဲခေါ်ဖို့ ကြိုးစားပါ။

(၈) ဒါပေမဲ့ ကိုယ် အောင်မြင်မှု ရရှိလာတဲ့ အခိုက်တန့် တစ်ခုခုကို ယစ်မူး သွားလိမ့်မယ်။ ဒါမှမဟုတ် ရှေ့ဆက် ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ ရောက်လာပါလိမ့်မယ်။ တစ်ခုတော့ သတိထားရလိမ့်မယ်။ ကိုယ့် အောင်မြင် မှုရဲ့ အခြားတစ်ဖက်မှာ ဒွန်တွဲနေတဲ့ ပျက်စီးမှု တစ်ခုခုက မကြိုဆိုပဲ ရောက် လိမ့်မယ်။ ပြင်ဆင်သင့်တဲ့ အလုပ် တစ်ခုခု သို့မဟုတ် အဖြေရှိအောင် ရှာဖွေပါ။

တက္ကသိုလ်မြတ်မင်း

ဓါတ်ပုံ၊ မြန်မာ့ယဉ်ကျေးမှု ပုံဂံမြေ၏ ဆည်းဆာအလှ ဆေးရေးပန်းချီ
‎(၁) ဘဝအစက ကိုယ် မသွားချင်တဲ့ နေရာကို မသွားချင်လည်း ရောက်ပါ လိမ့်မယ်။ သို့သော် မရေရာတဲ့ ကိုယ်လျှောက်လှမ်းသော ခရီးမှာ ချောက်ကမ်းပါး ရှိချင် ရှိလိမ့်မယ်။ မကြောက်ပါနဲ့ ရှေ့ဆက် ခရီးဆက် လာခဲ့ပါ။

(၂) နေ့စဉ် ကိုယ် ရင်ဆိုင်ရမည့် ပြဿနာဆိုတာ လူသားတိုင်းမှာ ရှိပါကြတယ်။ ဒါပေမဲ့ ဖြေရှင်းတတ်တဲ့ နည်းလမ်းကို အတက်နိုင်ဆုံး နေ့စဉ်ဘဝထဲ ရှာဖွေ ဖြေရှင်းပေးလိုက်ပါ။

(၃) မနေ့က အတိတ်က တစ်ခါတစ်ရံ ခွန်အားဖြစ်စေခဲ့ တစ်ခါတစ်ရံ အနာဂတ်ကို ချောက်လန့်နေသလို ဖြစ်နေမိရင် နောက်ဆုတ် အရှုံးပေး လိုက်တာမျိုး ဘဝမှာ တွေ့ကြုံလာရင် ကိုယ် လုပ်နေမြဲ အလုပ်ကို ဆက်လုပ်ဖို့ ကြိုးစားပါ။

(၄) ကိုယ် လုပ်ကိုင်နေတဲ့ အလုပ်ထဲမှာ နေသားမကျသေးလို့ အတွေ့ကြုံ မရင့်ကျက်သေးလို့ သူတစ်ပါးက ကိုယ့်ကိုယ် လမ်းညွန်ပေးရင် လက်ခံ လိုက်ပါ။

(၅) ကိုယ် ကျွမ်းကျင်လာလို့ ကိုယ် ကျွမ်းကျင်တဲ့ ကိုယ် တက်ထား သိထားတဲ့ အလုပ်ကို သူတစ်ပါး နားလည်နိုင်တဲ့အထိ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးပါ။

(၆) ကိုယ် ကျွမ်းကျင်မှုကို သူတစ်ပါးက နားလည်လျင် အလုပ်နှင့် သက်သေ ပြဖို့ မမေ့ပါနဲ့။ သို့သော် အရင်ကထက် အလုပ် ပိုလုပ်ဖို့ လိုလိမ့်မယ်။

(၇) ကိုယ့် ကျွမ်းကျင်မှု အပြောနှင့် အလုပ်တွေ ဟန်ချက်ညီသော တနေ့ ကိုယ် ဖြစ်ချင်တဲ့ အောင်မြင်မှုဆိုတဲ့ နေရာ တစ်နေရာကို ရလာလျင် ကိုယ် နေခဲ့ဖူးတဲ့ အခြေခံ ဘဝကို မမေ့ပါနဲ့။ ကိုယ့်လို လူတွေကို လက်တွဲခေါ်ဖို့ ကြိုးစားပါ။

(၈) ဒါပေမဲ့ ကိုယ် အောင်မြင်မှု ရရှိလာတဲ့ အခိုက်တန့် တစ်ခုခုကို ယစ်မူး သွားလိမ့်မယ်။ ဒါမှမဟုတ် ရှေ့ဆက် ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ ရောက်လာပါလိမ့်မယ်။ တစ်ခုတော့ သတိထားရလိမ့်မယ်။ ကိုယ့် အောင်မြင် မှုရဲ့ အခြားတစ်ဖက်မှာ ဒွန်တွဲနေတဲ့ ပျက်စီးမှု တစ်ခုခုက မကြိုဆိုပဲ ရောက် လိမ့်မယ်။ ပြင်ဆင်သင့်တဲ့ အလုပ် တစ်ခုခု သို့မဟုတ် အဖြေရှိအောင် ရှာဖွေပါ။

တက္ကသိုလ်မြတ်မင်း

ဓါတ်ပုံ၊ မြန်မာ့ယဉ်ကျေးမှု ပုံဂံမြေ၏ ဆည်းဆာအလှ ဆေးရေးပန်းချီ

သီလ သမာဓိ


မိသားစုတိုင်းကို သိစေချင်သည်



လက်ဖက်ရည်စကားဝိုင်း၌ဖြစ်သည်။ ထိုစကားဝိုင်းတွင် “စာဖက်နာမှ ဘဝသာမည်” ဆိုသည့်အကြောင်းပြောနေကြ၏။စကားပြောဖော် မိတ်ဆွေတစ်ဦးက “ဘွဲ့ရစာတက်ပြီး စာဖတ်ကြပေမဲ့လည်း မချမ်းသာကြပါဘူးဗျာ။ စာအုပ်ကြီးအတိုင်းနေထိုင်ကြပြီး ဆင်းရဲမြဲဆင်းရဲနေကြတာ တွေ့ဖူးတယ်”။ ဆက်လက်ပြီး ထိုလူက “စာတွေဖတ်လည်းအလကားပဲ။ ကျွန်တော်မေးမယ်ဗျာ လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုစာတွေဖတ်ပြီး ချမ်းသာလာတာကိုတွေ့ဖူးလား၊ ဒါမှမဟုတ် စာမဖတ်ခဲ့ကြလို့ ဆင်းရဲဒုက္ခရောက်သွားတာကို လက်တွေ့သာဓကပြနိုင်မလား။ လိုတိုရှင်းပဲပြောစေချင်တယ်” ဟုဆိုလာသည်။

ထိုလူသည် အသက် ၄၀ အရွယ်ခန့်ရှိ၏။ အနည်းငယ်ချမ်းသာကြွယ်ဝသော်လည်း (၁၀)တန်းအထိပညာ သင်ယူခွင့်ရခဲ့၏။ သို့သော်စာဖတ်ဝါသနာမပါခဲ့။ သူသည်လက်တွေ့သမားတစ်ဦးလည်းဖြစ်၏။ ထိုသူ၏အဖော်နံဘေးမှ လူတစ်ယောက်က “အတိတ်တစ်ချိန်က ကျွန်တော်တို့မြန်မာတွေဟာ စာမဖတ်ခဲ့ကြလို့၊ ခေတ်ပညာမတတ်ခဲ့ကြလို့၊ အသိပညာ၊ အတတ်ပညာ မကြွယ်ဝခဲ့ကြလို့ သူတစ်ပါးနိုင်ငံရဲ့လက်အောက်ကို နှစ်ပေါင်းတစ်ရာကျော်ကျရောက်ခဲ့ကြတယ်မဟုတ်ဘူးလား။ အဲဒီလိုကျွန်ဖြစ်သွားတဲ့ မိမိနိုင်ငံကို စာဖတ်ခဲ့ကြတဲ့ ပညာတတ်လူငယ်တစ်စုက ဦးဆောင်ခဲ့လို့ “လွတ်လပ်ရေး” ကိုအရယူခဲ့တယ်ဆိုတာကို လက်ခံတယ်နော်” ဟု လိုရင်းကို တိုရှင်းစွာဖြေကြားခဲ့သည်။ ဤသို့ရှင်းပြလိုက်မှ မိတ်ဆွေသည်သဘောပေါက်သွားပြီး ဘဝင်ကျသွားဟန်တူ၏။

လူ့ဘဝ၌မသိခြင်းသည် ကြောက်စရာကောင်း၏။ မသိခြင်းကြောင့် အရာရာကိုဆုံးရှုံးရ၏။ ဒုက္ခတွေနဲ့သာရင်ဆိုင်နေကြရ၏။ လူဖြစ်ရကျိုးလည်းမနပ်။ သိခြင်းဆိုသောအသိရှိမှသာ အရာရာကိုအောင်နိုင်၏။ ထိုအသိပညာကို စာပေမှတစ်ဆင့်ရရှိနိုင်၏။ အခြားလမ်းမှမရရှိနိုင်။ စာကိုဖတ်မှတ်လေ့လာပြီး လက်တွေ့ဘဝကို ကျင့်သုံးတည်ဆောက်လျှင် အရာရာကိုအောင်နိုင်ပါသည်။

ပြောချင်သည်မှာ…
***လူ့ဘဝတွင် အသိပညာသည်အရေးကြီး၏။ အသိပညာမရှိပါက လူသည်အမှား၊ အမှန်ကို မခွဲခြားနိုင်တော့။ အမှားအမှန်ကို မခွဲခြားနိုင်ပါက အလွဲလွဲအချော်ချော်တို့သာဖြစ်ကုန်၏။ အရှုံးနှင့်ချည်း ရင်ဆိုင်ရတတ်၏။ ထိုအသိဥာဏ်ပညာရှိမှ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်၏။ ထို့ကြောင့် လူဘဝတွင် အသိပညာသည် မရှိမဖြစ်လိုအပ်၏။ အဆိုပါ အသိဥာဏ်ပညာ စီးဆင်းရန် လူ့ဦးနှောက်ဖွံ့ဖြိုးဖို့လို၏။ လူ့ဦးနှောက်ဖွံ့ဖြိုးရန်အတွက် စရိတ်စကအသက်သာဆုံး၊ အချိန်ကုန်သက်သာဆုံးနှင့် လွယ်ကူမှုရှိသောအလုပ်သည် စာဖတ်ခြင်းပင်ဖြစ်၏။***

ဘဝဆိုသည်မှာ အလုပ်ဖြစ်သည်။ စာဖတ်ခြင်းသည်လည်း အလုပ်တစ်ခုဖြစ်ပေရာ မည်သည့်အလုပ်မှမလုပ်စေဦးတော့ စာဖတ်ခြင်းဖြင့် အဖိုးတန်သောအချိန်များကို ကုန်ဆုံးစေသင့်သည်။ ပြောရလျှင် လူငယ်တစ်ယောက်ကို အများပိုင်စာကြည့်တိုက် (သို့မဟုတ်) ကိုယ်ပိုင်စာကြည့်တိုက်ထဲသို့ထည့်လိုက်ပါက မကြာမီ ထိုလူငယ်သည် ယဉ်ကျေးသွားတော့၏။ လူကောင်း၊ သူကောင်းဖြစ်လာတော့၏။ လူချွန်လူကောင်း ဖြစ်လာတော့၏။ ရဲစွမ်းသတ္တိရှိလာတော့၏။ အသိပညာရှင်၊ အတတ်ပညာရှင် ဖြစ်လာတော့မည်။ စာဖတ်ဝါသနာကို ပျိုးထောင်လိုက်ခြင်းသည် လူတစ်ယောက်၏ဘဝကို တိုးတက်သွားစေသည်သာမက ပျက်စီးခြင်းဘေးမှလည်း ကာကွယ်နိုင်ပါသည်။

***“စာမဖတ်တဲ့လူမှာ အနှစ်ရှိတဲ့ဦးနှောက်မရနိုင်။ ဆင်ခြင်မြော်မြင်ဥာဏ်လည်းမရင့်သန်နိုင်။ စာနာထောက်ထားတတ်တဲ့ နူးညံ့တဲ့နှလုံးသားလည်းမရှင်သန်နိုင်”***

အသိပညာ၊ အတတ်ပညာမရှိသောမိသားစုသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆုံးရှုံးရ၏။ ထိုသို့အရာရာကို ဆုံးရှုံးနေသော မိသားစု၏ အနာဂတ်အလားအလာသည်လည်း မကောင်းနိုင်ပေ။

ဤသို့မဆုံးရှုံးရအောင် အသိပညာ၊ အတတ်ပညာရှိဖို့လို၏။ အသိပညာ၊ အတတ်ပညာရှိဖို့ကလည်း“စာ” ဖတ်ရုံမှတစ်ပါးအခြားလမ်းမရှ
စာဖတ်ခြင်းကြောင့် အသိပညာအမြင်များကျယ်ပြန့်လာ၏။ ပညာရေး၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာ၏။ ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်ရန် ဖြစ်သလိုနေထိုင်သည့်အဆင့်မှ တင့်တောင့်တင့်တယ် နေထိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်၏။ ထို့ကြောင့် မိသားစုတိုင်း စာများများဖတ်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။
[မြောက်ပြင်တော်က-ကိုရွှေမော် (၁၁-၁၂-၂၀၁၂)နေ့ထုတ် ရတနာပုံသတင်းစာမှ] နှလုံးသားအာဟာရ

Thursday, 20 December 2012

***စိတ်ထောင်းကိုယ်ကြေ ဖြစ်တတ်ပေ***




စိတ်ကို ချမ်းချမ်းသာသာမနေတတ်၊ သင့်တော်သလိုနှလုံးမသွင်းတတ်လို့ စိတ်မချမ်းသာတာတွေ အားကြီးနေတဲ့သူလဲ
အိုလွယ်တယ်။

ဘာ့ကြောင့်လဲဆိုတော့ မချမ်းသာတဲ့ စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တွေကလဲ စိတ်ထောင်းတော့ကိုယ်ကြေဆိုတာလို မကောင်းတဲ့ ရုပ်တွေ၊ မချမ်းသာတဲ့ ခပ်အိုအိုရုပ်တွေပဲ ဖြစ်လာတယ်။

အဲဒါကြောင့် စိတ်ကို ထိန်းသိမ်းပြီး စိတ်ချမ်းသာအောင် မနေတတ်တဲ့ လူတွေဟာ သူများထက်ပိုပြီး ရုတ်အိုလွယ်တယ်။

အဲဒါကြောင့် ပြောကြတယ် မဟုတ်လား၊ ဘယ်သူဟာ ဘယ်ကိစ္စအတွက် စိတ်ထိခိုက်သွားလိုက်တာ တစ်ခါတည်း လူအိုကြီးဖြစ်သွားတာပဲ၊ လူအိုရုပ်ကြီးပေါက်သွားတာပဲတဲ့။

အဲဒါကြောင့် စိတ်မချမ်းသာစရာကိစ္စ ပေါ်ပေါက်လာလို့ရှိရင် စိတ်ကို ထိန်းသိမ်းနိုင်၊ ပြုပြင်နိုင်ရမယ်၊ ကုသိုလ်ကောင်းမှုပြု၊ ဘုရားအာရုံပြု၊ ဘုရားရှိခိုး၊ တရားနှလုံးသွင်း၊ ကမ္မဋ္ဌာန်းအားထုတ်၊ အဲဒီ ကောင်းတဲ့ စိတ်ချမ်းသာစရာအလုပ်တွေ လုပ်နေရင် စိတ်ဆင်းရဲစရာနဲ့တွေရင့်လဲ စိတ်မဆင်းရဲတဲ့အပြင် စိတ်ချမ်းသာလာမယ်၊ စိတ်ချမ်းမြေကြည့်နူးလာမယ်။

အဲဒီလို စိတ်ကို ချမ်းသာအောင် ထိန်းထိန်းသိမ်းသိမ်နဲ့ မပြုပြင်နိုင်ရင်တော့ စိတ်ဆင်းရဲတိုင်း၊ စိတ်ဆင်းရဲတိုင်း ဆင်းရဲတဲ့ စိတ်ကြောင့် ဆင်းရဲတဲ့ ရုပ်တွေ၊ မချမ်းသာမရွှင်ပျတဲ့ ရုပ်တွေ၊ အိုတဲ့ ရုပ်တွေ ထပ်ကာထပ်ကာ အဖြစ်များလာတဲ့အတွက် စိတ်ကြောင့် ရုပ်ဟာ မြန်မြန်အိုတော့တာပါပဲ။

သို့ဖြစ်၍ မိတ်ဆွေအပေါင်းလည်း စိတ်ထောင်းလို့ ကိုယ်ကြေအဖြစ်မှ ကင်းလွတ်နိုင်အောင် ကြံဆောင်အားထုတ် နိုင်ကြပါစေ...။

အရှင်ဇနကာဘိဝံသ
........................................
အရှင်ဇနကာဘိဝံသ ၏ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ် (စာမျက်နှာ - ၁၀၃) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

အံသြဖွယ်ရာ သခွားသီး အစွမ်းများ ..

အံသြဖွယ်ရာ သခွားသီး အစွမ်းများ ..

Written by  အာယု


အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေး စေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်း ကိုလည်း ထိရောက်စွာ ကုသ ပေးနိုင်ပါတယ်။

ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထ လာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင်ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက် ခြင်းကို သက်သာ စေပါတယ်။

တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည် နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိ မြည်သံ ပျောက်သွား ပါလိမ့်မယ်။

သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်း မှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားေ တွကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက် ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေး ပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။


အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : မြ၀တီ


အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေး စေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်း ကိုလည်း ထိရောက်စွာ ကုသ ပေးနိုင်ပါတယ်။

ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထ လာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင်ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက် ခြင်းကို သက်သာ စေပါတယ်။

တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည် နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိ မြည်သံ ပျောက်သွား ပါလိမ့်မယ်။

သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်း မှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားေ တွကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက် ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေး ပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။

Written by အာယု
အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : မြ၀တီ

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် .


နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
နင်နဲ့လက်တွဲရဖို့အတွက် မျှော်လင့်ထားတဲ့ ငါ့စိတ်ကူးအိပ်မက်တွေကို ရက်ရက်စက်စက်ရိုက်ချိုးပစ်မှာ မဟုတ်ဘူး ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
ထာဝရမဟုတ်တောင် ငါလိုအပ်နေချိန်ခဏတာ ငါ့အနားမှာရှိနေပေးပါလား ဆိုတဲ့ ငါ့တောင်းဆိုချက်ကို နင် လျစ်လျူရှုပစ်ခဲ့မှာမဟုတ်ဘူး ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
နင့်ကိုလွမ်းလို့ကျခဲ့ရတဲ့မျက်ရည်တွေကို သုတ်နေတဲ့အခါ tissueတွေအစား နင့်ရဲ့နွေးထွေးတဲ့လက်တစ်စုံဖြစ်နေရမှာပေါ့ ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
ငါ့ကို ဒီလို လွမ်းတတ်အောင် သင်ပေးခဲ့တဲ့သူဟာ နင်မဖြစ်ခဲ့သင့်ဘူးလေ ။

နင် မချစ်ခဲ့မှန်း သိရက်နဲ့တောင် ..
အခုထိ ငါ မျှော်လင့်နေမိတာက ..
" ဒါ အိပ်မက်တွေပဲဖြစ်ပါစေ " လို့ပေါ့ !!!!




{ မယ်ပိုး }
နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
နင်နဲ့လက်တွဲရဖို့အတွက် မျှော်လင့်ထားတဲ့ ငါ့စိတ်ကူးအိပ်မက်တွေကို ရက်ရက်စက်စက်ရိုက်ချိုးပစ်မှာ မဟုတ်ဘူး ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
ထာဝရမဟုတ်တောင် ငါလိုအပ်နေချိန်ခဏတာ ငါ့အနားမှာရှိနေပေးပါလား ဆိုတဲ့ ငါ့တောင်းဆိုချက်ကို နင် လျစ်လျူရှုပစ်ခဲ့မှာမဟုတ်ဘူး ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
နင့်ကိုလွမ်းလို့ကျခဲ့ရတဲ့မျက်ရည်တွေကို သုတ်နေတဲ့အခါ tissueတွေအစား နင့်ရဲ့နွေးထွေးတဲ့လက်တစ်စုံဖြစ်နေရမှာပေါ့ ။

နင်သာ ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် ..
ငါ့ကို ဒီလို လွမ်းတတ်အောင် သင်ပေးခဲ့တဲ့သူဟာ နင်မဖြစ်ခဲ့သင့်ဘူးလေ ။

နင် မချစ်ခဲ့မှန်း သိရက်နဲ့တောင် ..
အခုထိ ငါ မျှော်လင့်နေမိတာက ..
" ဒါ အိပ်မက်တွေပဲဖြစ်ပါစေ " လို့ပေါ့ !!!!




{ မယ်ပိုး }

မျှော်လင့်ခြင်း


ဒေါသနည်းအောင်နေနည်း



လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။


• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။

ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။

သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*မှတ်ချက် ။ ဆရာတော်ဦးဇောတိကစာပေမှရေးသားတင်ပြပါသည်
ရေးတင်သူ ။ မောင်သိန်းထိုက်