အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday, 31 January 2013

မောင်ငယ်နှင့် ပျောက်ဆုံးသော အနာဂတ်



အိမ်နီးချင်း မိသားစု တစ်ခုမှာ အခင်မင်ရင်းနှီးဆုံး သူငယ်ချင်း လင်းထိန် အမည်ရ လူငယ် တစ်ဦး ရှိပါတယ်။ နေထိုင်တာက နယ်မြို့ လေး တစ်ခုဆိုတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိပါဘူး။ လင်းထိန် က စာတော်ပါတယ်။ စာတော်ဆိုလို့ စာမှာ အမှတ်ပြည့်ရသူတော့ မဟုတ်ပါဘူး။ အတန်းဆရာတွေဆီမှာရော၊ အပြင်မှာရော ကျူရှင် မတတ်နိုင်တော့ သူတော်တယ်ဆိုတာ အတန်းထဲမှာ အလယ်အလတ်လောက်ပဲ ဖြစ်ပါတယ်။

ဒါတောင် သူ့မှာ စာကျက်ချိန် လုံလုံလောက်လောက် မရှိပါဘူး။ အိမ်က ဈေးထဲမှာ လက်ဘက်ခြောက်ရောင်း တော့ ကျောင်းအားတဲ့အချိန်ဆို စာအုပ်တစ်ဖက်နဲ့ ဆိုင်သွားစောင့်ပါတယ်။ လူတစ်ယောက် တော်တယ်ဆိုတာ ကျောင်းစာ အမှတ်ကိုပဲ ကြည့်တာ မဟုတ်ဘူးလေ။ ကိုယ်တွေ စာအားရပါးရကျက်နေချိန် သူက အလုပ်လုပ်နေပြီး စာမေးပွဲနီးမှ ကောက်ကျက်တယ်၊ တွက်တယ်၊ အမှတ်ကောင်းကောင်းနဲ့ အောင်ပါတယ်။ ဒီလိုနဲ့ သူငယ်တန်းကနေ ၈ တန်းအထိ နယ်ကျောင်းမှာ အတူတူတက်ခဲ့ကြတာပေါ့။

ဒီလိုနဲ့ စာရေးသူလည်း ရန်ကုန်ပြောင်းပြီး ကျောင်းတက်ပါတယ်။ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ပေမယ့် ယောင်္ကျားလေးတွေ ဖြစ်နေတော့ သံယောဇဉ်သိပ်မထားပါဘူး။ သို့ပေမယ့် ဘယ်အချိန်တွေ့တွေ့ အရင်လို ခင်မင်မှု မပြတ်ဘူးဆိုတာ ရင်ထဲထိ သိနေလို့ ဖြစ်ပါတယ်။ တစ်နေ့တော့ စာရေးသူ ဘွဲ့ရ ကျောင်းပြီးတော့ နယ်ကို အလည်ပန်ပါတယ်။ အလည်ပြန်ရောက်ချိန်မှာ သူနဲ့တွေ့ပါတယ်။

သူကတော့ ဈေးထဲမှာ လက်ဘက်ခြောက်ရောင်းနေတုန်းပါပဲ….

သူငယ်ချင်းတွေ ဖြစ်တော့ ဆိုင်စောသိမ်းလို့ ဆိုင်တစ်ဆိုင်သွားထိုင်ဖြစ်ပါတယ်။ ဖြစ်စဉ် ကြောင်းစုံ မေးကြည့်တဲ့အခါ..

“င့ါညီမကို ဘော်ဒါဆောင်ထားဖို့ ကွာ၊ နီးစပ်ရာမြို့ တွေက ဈေးအထိတောင် သွားရောင်းနေရတယ်”

သူက ဥာဏ်ကောင်း တယ်။ စကားပြောပြေပြစ်တယ်။ ဒီတော့ သူ့လက်ဘက်ခြောက်ရောင်းတဲ့ ဈေးသည်ဘဝ ကတော့ နယ်မြို့ ငယ်လေးမှာ သာမန်လူလတ်တန်းစား တစ်ဦးလိုပါပဲ။
ဒီမှာ အဖြေရှာကြည့်ပါတယ်။ ဥာဏ်ကောင်းသော်ငြားလည်း သူဘာလို့ ဒီအခြေအနေက ရုန်မထွက်နိုင်ရတာလဲ။ သူ့လို ဘဝဆုံးနေသူများကော ယင်းအခြေအနေက ရုံးထွက်ဖို့ ဘာတွေလိုအပ်နေပါသလဲ။

၁။ ကံကို ယုံပါ။ သို့သော် ပုံမချပါနဲ့။ ဘယ်နေရာရောက်ရောက် ကိုယ့်ကံ တစ်ခု ကောင်းလာဖို့ ဥာဏ်နဲ့ အားဆိုက်ပါ။

၂။ စိတ်မပျက်ပါနဲ့။ ဘဝမှာ ကိုယ့်ထက် အခြေအနေဆိုးသူများ ရှိနေပါတယ်။ အပေါ်ကိုကြည့်လို့ မုဒိတာပွား အားကျ အတုယူပါ၊ အောက်ကို ကြည့်လို ကရုဏာဝင် ဥာဏ်ဖြင့် ဆင်ခြင်ပါ။

၃။ ရောင့်ရဲပါ။ သို့သော် မပျင်းပါနဲ့။ ရောင့်ရဲသည်ဟုသော အကြောင်းပြ ချက်ဖြင့် ဘဝတက်လမ်း အတွက် ကြိုးစားနေမှုကို မရပ်တန့်ပါနှင့်။

၎။ ပညာ သင်ပါ။ မရပ်တန့်ပါနှင့်။ ပညာသင်ကြားမှု ရပ်တန့်သည့်အချိန်က မိမိတန်ဖိုး တက်နေခြင်းကို ရပ်တန့်လိုက်ခြင်းနှင့်တူပါတယ်။

၅။ ကြိုးစားပါ။ ဇွဲ့မလျော့ပါနှင့်။ ဇွဲလျော့လိုက်သည့်အချိန်က ကျရှုံးမည့်အချိန်ကို စောင့်ဆိုင်းခြင်းနဲ့ တူပါတယ်။

ရန်ကုန်မှာ နေမှ မဟုတ်ပါ။ နိုင်ငံခြားမှာ နေမှမဟုတ်ပါ။ ဘွဲ့ရမှမဟုတ်ပါ။ ကံ၊ဥာဏ်၊ ဝီရိယ အားဆိုက်လို့ ဘယ် အလုပ်လုပ်လုပ် သူ့နေရာနဲ့ သူ အောင်မြင်မှုဆိုတာ ထိုက်သင့်သလို ရစမြဲ ဖြစ်ပါတယ်။

စာရေးသူရဲ့  မိတ်ဆွေလင်းထိန်းဟာ ၁၀ တန်းအောင်ပါတယ်။ တက္ကသိုလ်ဆက်မတက်ပါဘူး။ ဘဝကျောင်းမှာ လည်း ဆက်လက် သင်ကြားခြင်း မရှိပါဘူး။ အကယ်၍ တက္ကသိုလ်ဆက်တက်လို့၊ ဘဝပညာ သင်ဖို့ ပတ်ဝန်းကျင်ကို အချိန်ပေးလေ့လာလိုက်စားရင် သူဒီအချိန်မှာ လက်ဘက်ခြောက် ဈေးသည် မဟုတ်ပဲ ပွဲရုံတစ်ခုဖြစ်လာအောင် ဖန်တီးဖို့ အခွင့်အလမ်းရှိခဲ့ပါတယ်။ သူ ဥာဏ်ကောင်းပေမယ့် သူကောင်းတဲ့ ဥာဏ်က ဘောင်ကျဉ်းသွားပါတယ်။ ဘောင်ကျယ်ကျယ် တွေးတတ်၊ ဥာဏ်ကောင်းဖို့ဆိုတာ ဘောင်ကျယ်ကျယ် လေ့လာသင်ယူမှ ရတာ ဖြစ် ပါတယ်။ ဒီတော့ စာဖတ်သူတို့ထဲမှာ ကိုယ့်ကိုယ်ကို ဘဝဆုံးပြီလို့ထင်နေ သူတွေ၊ အောင်မြင်မှု မရှိတော့ဘူးလို့ ထင်နေသူများအနေနဲ့ ဒီဥပမာကို ယူလို့ မိမိဘဝမှာ လက်တွေ့အသုံးချသွားနိုင် မယ်လို့ မျှော်လင့်ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)

ရိုးရာလေး ဆောင်းပါး

www.yoyarlay.com/book/article/34019-youth-and-life

Wednesday, 30 January 2013

ဆုရသွားသောဝတ္တုတို




 ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

*“ဆုရသွားသောဝတ္တုတို”*

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည်။

Tuesday, 29 January 2013

ကျရှုံးတာကို မကြောက်နဲ့



ဘဝဆိုတာ ရှည်လျားတဲ့ ခရီးလမ်းတစ်ခုဖြစ်တယ်။ ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့ လမ်းရှိသလို၊ ကွေးကောက်တဲ့ လမ်းလည်းရှိတယ်။ ပန်းတွေနဲ့ဝေတဲ့ လမ်းရှိသလို၊ ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။ ဒီလမ်းခရီးပေါ်မှာ လူတိုင်း လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝရဲ့တန်ဖိုးဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံအံတုရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ ယုံကြည်ထားရင် ချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင် ဘယ်သူ့အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား ပြန်မတောင်းပါနဲ့.....
ကျရှုံးတာနဲ့ ပတ်သက်ကြီး လူတိုင်းမှာ မတူတဲ့အမြင်လေးတွေရှိကြတယ်။ ဘဝမှာ လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ အဲဒီလိုရင်ဆိုင်ရချိန် ရှေ့မတိုး နောက်မဆုတ်သာ၊ ဖြေရှင်းဖို့လမ်းစ ရှာမရခဲ့တဲ့အခါ မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ ထင်းရှူးပင်ကို သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ညမှာ လမ်းမီးသဖွယ် လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ယုံကြည်မှုတွေက ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။
ကျရှုံးတယ်  ဆိုတာ တစ်ခြားလူထက် ညံ့လို့မဟုတ်ဘူး။
ကျရှုံးတယ်  ဆိုတိုင်း သင်မအောင်မြင်နိုင်တာ မဟုတ်ဘူး။
ကျရှုံးတယ်  ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ်မဟုတ်ဘူး။
ကျရှုံးခြင်းရဲ့ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့ စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင်ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့ အောင်မြင်လမ်းဆီ သင်အရောက် လှမ်းနိုင်မှာဖြစ်တယ်။
လူ့ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူတယ်။ ကျောက်ဆောင်၊ ကျောက်စွန်းတွေမရှိခဲ့ရင် လှပတဲ့ရေလှိုင်းတွေ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ကျရှုံးခဲ့ရင် အဲဒီကျရှုံးခဲ့တာကို အင်အားအဖြစ် ပြောင်းပစ်ရမယ်။ နုပျိုတက်ကြွတဲ့ လူငယ်လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ ထိခိုက်မှုတွေကို သွားဂရုစိုက်နေစရာ မလိုဘူး....

ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရမယ်
မိုးသက်လေပြင်းကျနေပါစေ အောင်မြင်ခြင်းဆီသွားတဲ့ ခြေလှမ်းဟာ ဘယ်တော့မှမတွန့်ဆုတ်ဘူး" ဒါမှ တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုရတယ်။

ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊ ပန်းခင်းလမ်းပဲဖြစ်ဖြစ် ရင်ဆိုင်တတ်ရမယ်။
ရယူနိုင်တာပဲဖြစ်ဖြစ်၊ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ရမယ်။
ဒါကမှ လူငယ်လူရွယ်တွေရဲ့ ရှင်သန်နည်းလို့ ကျွန်တော်ထင်တယ်။

လမ်းဆိုတာ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အတိတ်မှာ မှောင်မှိတ်တဲ့လမ်းတွေ ဖြတ်ခဲ့ဖူးပါစေ၊ အနာဂတ်မှာ လင်းလက်တဲ့လမ်းတွေ စောင့်မျှော်နေပါစေ..... အတိတ်ကို ယခုလက်ရှိရဲ့ဆုံးမှတ်လို့ သဘောထားပြီး အနာဂတ်ကို ယခုလက်ရှိရဲ့စမှတ်လို့ သဘောထားလိုက်ပါ။
ကျရှုံးတာဟာ ကြောက်ဖို့ မကောင်းပါဘူး။ ကိုယ့်ရည်မှန်းချက်အတွက် ကျွန်တော်တို့ ပျံသန်းရတယ်။ လေဒဏ်မိုးဒဏ်တွေကို ကျွန်တော်တို့ ခံကြရတယ်။ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပျံသန်းရတယ်။ နွေးထွေးတဲ့နေရောင်ခြည်နဲ့ လေပြေလေညင်းတွေကို ကျွန်တော်တို့ ခံကြရတယ်။ ပျံသန်းစဉ်မှာ ကျွန်တော်တို့ရဲ့မကြံ့ခိုင်တဲ့အတောင်ပံတွေက ထိခိုက်ဒဏ်ရာရကောင်း ရတတ်တယ်။ ဒါပေမယ့် အဝေးကို ကျွန်တော်တို့ ပျံသန်းရတယ်။ ငယ်ရွယ်နုပျိုတဲ့အချိန်ဟာ တဟုန်းဟုန်း တောက်နေတဲ့ မီးတောက်နဲ့တူတယ်၊ ရဲရဲနီနေတဲ့ နေလုံးကြီးနဲ့တူတယ်.... လှပတဲ့အနာဂတ်ကို ပုံဖော်ရေးဆွဲဖို့၊ တကယ့်လူ့ဘဝကို အရသာခံဖို့၊ ဘဝရဲ့ပျော်စရာတွေကို သီကုံးရေးသားဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်ခဲ့တယ်။

 by Myanmar Medical Community on Saturday, January 22, 2011 at 10:21am

Saturday, 26 January 2013

အိပ်ချိန် ခြောက်နာရီထက် လျော့နည်းသူများ

တစ်နေ့လျှင် အိပ်ချိန် ခြောက်နာရီထက် လျော့နည်းသူများ လေသင်တုံး ဖြတ်နိုင်ခြေ ပိုများကြောင်းတွေ့ရ

===================================

တစ်ညလျှင် ပုံမှန်အားဖြင့် ခြောက်နာရီထက် လျော့နည်းပြီး အိပ်သူများ သည် လေသင်တုံး ဖြတ်နိုင်သည့် အန္တရာယ်ပိုများသည်ဟု သုတေသနပြု လေ့လာမှု တစ်ခုက ဖေါ်ပြပါသည်။

အအိပ်အနေ နည်းသူ သက်လတ်ပိုင်း အရွယ်များသည် ကျန်းမာသော ကိုယ်အလေး ချိန်နှင့် မိသားစုမျိုးရိုးတွင် လေဖြတ်သော ရာဇဝင် မရှိစေကာမူ တစ်ညလျှင် အနည်းဆုံး ၉ နာရီ အိပ်သူများထက် ပို၍ လေသင်တုံးဖြတ်မည့် လက္ခဏာများ ခံစားရသည်ဟု သုတေသီများက ပြောသည်။အသက် ၄၅ နှစ် အရွယ်နှင့် ပင်စင်ယူရမည့် အသက်အရွယ် ကြားရှိ လူ ၅၀၀၀ ကို ၃ နှစ်ကြာ စောင့်ကြည့် လေ့လာခြင်းဖြင့် ယခုလို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

တစ်နေ့လျှင် ခြောက်နာရီထက် နည်းပြီး အိပ်စက်သူများသည် ကိုယ်တစ်ခြမ်း အားနည်းခြင်း သို့မဟုတ် ထုံထိုင်းခြင်း၊ မူးဝေတတ်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ရုတ်တရက် စကားမပီသခြင်း၊ စာကောင်းစွာ မရေးနိုင်ခြင်းတို့ ကဲ့သို့သော လေဖြတ်မည့် လက္ခဏာများနှင့် ပိုမို ကြုံတွေ့ရ နိုင်သည်ဟု အဆိုပါ သုတေသန ရလဒ်ကဖေါ်ပြသည်။ ယင်းသုတေသန လုပ်ငန်းကို အမေရိကန်နိုင်ငံ အယ်လာဘားမား တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

---
Ref: health-article
http://on.fb.me/10U7k3z

Thursday, 24 January 2013

အချစ် နှင့် လက်ထပ်ခြင်း (ဗဟုသုတ အဖြစ် ဖတ်ကြည့်ပါ)


အချစ် နှင့် လက်ထပ်ခြင်း (ဗဟုသုတ အဖြစ် ဖတ်ကြည့်ပါ)

ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။
“အချစ်ဆိုတာ ဘာလဲဗျ”
ဆရာက ပြန်ဖြေပါတယ်။
“မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။

ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။
အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေမိတယ်။


ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။ အကြီးဆုံးဂျုံစေ့ကို သူ လွှဲသွားကြောင်း သိတဲ့အခါ နောင်တရလာတယ်။
ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောတယ်။

“အချစ်ဆိုတာ အဲဒီလိုပဲ။ မင်းဟာ ပိုမိုကောင်းမွန်တဲ့အချစ်ကို ဆက်လက်ရှာဖွေနေတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကို မင်းလွဲသွားကြောင်း နောင်တစ်ချိန်ရောက်မှ သဘောပေါက်လာတယ်”
“ဒါဆိုရင် လက်ထပ်ခြင်းကရော...”လို့ ကျောင်းသားကမေးပြန်တယ်။
ဆရာက ပြန်ပြောပါတယ်။

“မင်းရဲ့အမေးကို ဖြေဖို့အတွက် စပါးခင်းဆီသွားလိုက်ပါ။ပြီးရင် အကြီးဆုံး စပါးတစ်စေ့ယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ စပါးခင်းထဲကို တစ်ကြိမ်သာဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ စပါးခင်းဆီသွားလိုက်တယ်။

ဒီတစ်ချိန်မှာတော့ သူဟာ အရင်အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ်။ စပါးခင်းအလယ် ရောက်တဲ့အခါ သူ့စိတ်ကျေနပ်လောက်တဲ့ အလယ်အလတ် စပါးစေ့တစ်စေ့ ခူးဆွတ်ရင်း ဆရာ့ဆီ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောပါတယ်။

“ဒီတစ်ချိန်မှာတော့ မင်းဟာ စပါးစေ့တစ်စေ့ ခူးခဲ့တယ်။ မင်းဟာ သင့်တော်ကောင်းမွန်တဲ့ စပါးတစ်စေ့ကို ရှာဖွေခဲ့တယ်။ ပြီးတော့ အဲဒီအစေ့ဟာ မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ ယုံကြည်စိတ်ချမှုရှိတယ်။ လက်ထပ်ခြင်းဆိုတာ အဲဒီလိုမျိုးပါပဲ”
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ အကောင်းဆုံးအချစ်ကိုတွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ ရှာဖွေနေခဲ့ကြတယ်။

ကိုယ့်ဆီရောက်လာတဲ့ အကောင်းဆုံးအချစ်ကိုတော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ ဒီထက်ပိုကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက်ပြီး ရှာဖွေနေကြတယ်။ နောင်တစ်ချိန်ရောက်မှ ကျွန်တော်တို့ဟာ အကောင်းဆုံး အချစ်ကို လက်လွှတ်ခဲ့ကြောင်း သိမြင်လာတော့တယ်။
ကျွန်တော်တို့ဟာ လက်ထပ်ဖို့အတွက် ကိုယ်ရဲ့ဂုဏ၊်ပညာနဲ့သင့်တော်သူတစ်ယောက်ကို ရှာဖွေကြပါတယ်။

အကောင်းဆုံးမဟုတ်ပေမယ့် သင့်တော်သူတစ်ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက်တော့တယ်။
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။

ဘယ်လိုလူမျိုးကို လက်ထပ်သည့်ဖြစ်စေ၊ သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်တယ်လို့ ခံယူချက်နဲ့ တန်ဖိုးထားမြတ်နိုးမယ်ဆိုရင်တော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်ပါတယ်။

(နေလင်းအောင် ဘာသာပြန်ဆိုသည်)

Admin:Myanmar faCeBooker
(Myanmar faCeb()()k Society :
https://www.facebook.com/ShweLattYone)


ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။
“အချစ်ဆိုတာ ဘာလဲဗျ”
ဆရာက ပြန်ဖြေပါတယ်။
“မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။

ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။
အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေမိတယ်။


ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။ အကြီးဆုံးဂျုံစေ့ကို သူ လွှဲသွားကြောင်း သိတဲ့အခါ နောင်တရလာတယ်။
ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောတယ်။

“အချစ်ဆိုတာ အဲဒီလိုပဲ။ မင်းဟာ ပိုမိုကောင်းမွန်တဲ့အချစ်ကို ဆက်လက်ရှာဖွေနေတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကို မင်းလွဲသွားကြောင်း နောင်တစ်ချိန်ရောက်မှ သဘောပေါက်လာတယ်”
“ဒါဆိုရင် လက်ထပ်ခြင်းကရော...”လို့ ကျောင်းသားကမေးပြန်တယ်။
ဆရာက ပြန်ပြောပါတယ်။

“မင်းရဲ့အမေးကို ဖြေဖို့အတွက် စပါးခင်းဆီသွားလိုက်ပါ။ပြီးရင် အကြီးဆုံး စပါးတစ်စေ့ယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ စပါးခင်းထဲကို တစ်ကြိမ်သာဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ စပါးခင်းဆီသွားလိုက်တယ်။

ဒီတစ်ချိန်မှာတော့ သူဟာ အရင်အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ်။ စပါးခင်းအလယ် ရောက်တဲ့အခါ သူ့စိတ်ကျေနပ်လောက်တဲ့ အလယ်အလတ် စပါးစေ့တစ်စေ့ ခူးဆွတ်ရင်း ဆရာ့ဆီ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောပါတယ်။

“ဒီတစ်ချိန်မှာတော့ မင်းဟာ စပါးစေ့တစ်စေ့ ခူးခဲ့တယ်။ မင်းဟာ သင့်တော်ကောင်းမွန်တဲ့ စပါးတစ်စေ့ကို ရှာဖွေခဲ့တယ်။ ပြီးတော့ အဲဒီအစေ့ဟာ မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ ယုံကြည်စိတ်ချမှုရှိတယ်။ လက်ထပ်ခြင်းဆိုတာ အဲဒီလိုမျိုးပါပဲ”
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ အကောင်းဆုံးအချစ်ကိုတွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ ရှာဖွေနေခဲ့ကြတယ်။

ကိုယ့်ဆီရောက်လာတဲ့ အကောင်းဆုံးအချစ်ကိုတော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ ဒီထက်ပိုကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက်ပြီး ရှာဖွေနေကြတယ်။ နောင်တစ်ချိန်ရောက်မှ ကျွန်တော်တို့ဟာ အကောင်းဆုံး အချစ်ကို လက်လွှတ်ခဲ့ကြောင်း သိမြင်လာတော့တယ်။
ကျွန်တော်တို့ဟာ လက်ထပ်ဖို့အတွက် ကိုယ်ရဲ့ဂုဏ၊်ပညာနဲ့သင့်တော်သူတစ်ယောက်ကို ရှာဖွေကြပါတယ်။

အကောင်းဆုံးမဟုတ်ပေမယ့် သင့်တော်သူတစ်ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက်တော့တယ်။
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။

ဘယ်လိုလူမျိုးကို လက်ထပ်သည့်ဖြစ်စေ၊ သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်တယ်လို့ ခံယူချက်နဲ့ တန်ဖိုးထားမြတ်နိုးမယ်ဆိုရင်တော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်ပါတယ်။

(နေလင်းအောင် ဘာသာပြန်ဆိုသည်)

Admin:Myanmar faCeBooker
(Myanmar faCeb()()k Society :
https://www.facebook.com/ShweLattYone)

Tuesday, 22 January 2013

ခြင်္သေ့လိုကျင့်မှ နိဗ္ဗာန်ရ

ဝိပဿနာ ပညာရှိသူသည် ခြင်္သေ့ကဲ့သို့ကျငိ့၏။   ဝိပဿနာ ပညာမရှိသူသည်ခွေးကဲ့သို့ ကျင့်၏။ခွေးသည် ရန်သူက တုတ် ဓါး လက်နက်တို့ ဖြင့်ပစ်ခတ်သောအခါ အကြောင်းဖြစ်သော ရန်သူကို မကိုက်ဘဲ အကျိုးတရားဖြစ်သောတုတ် ဓါး လက်နက်တို့ကိုသာလိုက်ကိုက်၏။
ခြင်္သေ့မူကား အကျိုးတရားဖြစ်သော တုတ်ဓါး လက်နက်ကိုဂရုမစိုက်။ အကြောင်းတရားဖြစ်သောရန်သူကိုသာ ပြေးဝင်ကိုက်သတ်ပစ်လိုက်၏။ထို့ကြောင့်ရန်သူသည်နောက်တစ်ကြိမ်မလာနိုင်တော့ပေ။
ထို့အတူ မိမိကိုဆဲရေး စော်ကားသူရှိခဲ့သော် ထိုဆဲရေး စော်ကားသူသည် တုတ်ဓါး လက်နက်နှင့်တူသော အကျိုးတရားသာဖြစ်၏။မိမိသန္တာန်မှာဖြစ်ပေါ်သော ဒေါသ ကိလေသာကား အပါယ်ပို့မည့် အဓိက အကြောင်းတရားဖြစ်သည်။ပညာမဲ့သည် အကျိုးတရားဖြစ်သော ပညတ်ရန်သူကိုသာ လိုက်လံဖြေရှင်းနေသဖြင့် သံသရာမဆုံးနိုင်တော့ပေ။ 
ပညာရှိသည်ကားအကြောင်းတရားဖြစ်သော ဒေါသကိလေသာကိုသာဘာဝနာဖြင့်ပယ်သတ်လိုက် သောကြောင့်
အနှောက်အယှက်များသည်ဘဝတစ်လျှောက်လုံးကင်းရှင်းသွားပေသည်။
(မေတ္တာရှင် ရွှေပြည်သာ)
ထို့ကြောင့် ဓမ္မမိတ်ဆွေများသည်
ခြင်္သ့ကဲ့သို့ကျင့်နိုင်ကြပါစေ။
မေတ္တာစေတနာဖြင့် ဒေဝီ။

Monday, 21 January 2013

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း



 အဖြူရောင်စာမျက်နှာ
ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း
ပထမဆုံးနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
... run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...
ဒုတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
တတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.
စတုတ္တနည်းလမ်းက
Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..
နောက်ဆုံးနည်းလမ်းကတော့
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copy ကူးပြီး အောက်ဆုံးမှာ ထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ..

စင်္ကာပူဖီး
 http://mr7cho.blogspot.com/2013/01/speed.html  မှကူးယူပါသည်။

Sunday, 20 January 2013

ကိုယ့်ကိုယ်ကို စကားပြောခြင်း


လွှတ်တော်ဆိုတာက ဇွတ်ဆော်ဖို့ ပဲ စဉ်းစားနေကြတာဗျာ..
ပါတီဆိုတာကလဲ ဘာပလီရရင် ကောင်းမလဲလို့  စဉ်းစားနေတာ ပါပဲ...
အဖွဲ့စည်းတွေက ဖဲ့တီးဖို့ နေရာရှာတယ်......
ရဲဆိုတာကလဲ ဆဲဆိုဖို့ ကလွဲပြီးဘာမှမသိသလို
စစ်တပ်က ပြစ်သက်ဖို့ ကလွဲပြီး ဘာဆိုဘာမှမသိ...။
ဘုန်းကြီက လုံးတီးနေရတောင် ကိုယ့်ဘက်ကရှိသလို
ကျောင်းသားကလဲ သူတောင်းစားဖြစ်ဖြစ်..ကိုယ့်ဘက်မှကိုယ့်ဘက်..။
လူမျိုးရေးတွေကို အပူတစ်မျိုးတွေးပြီး...အယူဆိုး မွေးပေးသူတွေလဲ ရှိရဲ့ ..
ဘာသာရေးမှာ ဘာညာတွေးစရာတွေရှိပေမဲ့
အသာယာတွေးပြီ. သာယာရေးကိုသာ ဦးစားပေးရင်တော့ ကောင်းသပပေါ့ဗျာ...လို့ ဦးကျော်သူလို လူကတော့ ပြောချင်မှာပဲ...။
ပြောချင်ရင်လဲ ပြောဗျာ..ခဗျားကမှန်တော့ ပြည်သူဆိုတဲ့ကျနော်က လက်ခံတာပေါ့...။

ဝီရသူက အပီချသူပါပဲ..
ဘာသာရေးဇောင်းပေးလွန်းတယ်..လို့ တော့မပြောနဲ့ 
သူကိုယ်တိုင်က ဘာသာရေးသမား....
သူ့ အလုပ်သူလုပ်ပြီး..သူ့ စကားသူပြောလိမ့်မယ်..။
ပြီးတော့
သတင်းသမားယောင်ဆောင်တဲ့ အတင်းသမားတွေကိုလဲ
မုန်းသယောင်ယောင်နဲ့ ချစ်တယ်...လို့ ပြောတဲ့သူတော့ ရှိမှာပါပဲ..။
ရှိပေါ့...ကျနော်မပါဘူးလို့ ဘယ်သူပြောမလဲ...။

မိုက်တလုံးနဲ့   ဘယ်သူကဗိုက်ဖုံးချင်ပါ့မလဲ..ရှင်...
အနေထားက မွေဖားဆိုပေမဲ့
ကမ္ဘာတစ်လွှားမှာ မြန်မာဆိုတာ ဖားလေ...တဲ့...
ကဲ..အဲ့သလိုဆိုတော့...
ဒေါ်စန္ဒာမင်းကို မှားတယ်လို့ ဘယ်သူတွေ ပြောမလဲ....။
အိန်းအိန်းနဲ့ ချိုတူးဇော်ကို ဆဲတတ်ယုံနဲ့ 
နိုင်ငံရေးသမားဖြစ်ပြီထင်လို့ လား...။
ရသလို တက်ကြွပြီး အမှတ်မရမဲ့
လုပ်ရ့ပ်တွေကိုပဲ အဟုတ်အဟတ်မထင်သင့်သလို
သစ်ထူးလွင်မှာ ရစ်မူးချင်တိုင်းလဲ....နိုင်ငံရေးသမားလို့ မတွက်နဲ့ ..။
ကျနော်ကမြန်မာဗျ...
အညာမခံရရင် အသာစံရမှကြိုက်တယ်....
ဒါပေမဲ့ ဗလာအကြံနဲ့ မို့  အနွှာခံလိုက်ရတာကများပါ့...
နွှာလိုက်သမျှလဲ ကိုယ့်ကောင်တွေချည်းပါပဲ...။
သူများမကောင်းကြောင်းစုံလို့ ကိုယ့်ကောင်းကြောင်းလေးပြောပါရစေ...။
ကဲ...အပြစ်မပြောရရင်....
မကြေနပ်လို့ လေဖြတ်သေနိုင်တဲ့ကောင့်အကြောင်း
တသက်မှတ်စရာအဖြစ် ဆက်ဖတ်လိုက်ပါဦး...နော်။
ဘာဖြစ်ဖြစ် မင်းလေးသာ အနားရှိ...ဆိုတဲ့သီချင်းနဲ့ 
အရက်ပုလင်းကို အသက်သွင်းပြီး ချက်ချင်းကို ဆိုပြလိုက်ချင်တာက
အလွမ်းဘုရင် ရွှေနန်းသခင် ကိုနန်းရှင်ရေ..
ရစ်မူးပြီးတော့သာ အပြစ်မကျူးပါနဲ့ တော့...လို့ .......။




နန်းရှင် http://www.myshmm.com/ မှကူးယူပါသည်။

ခွင့်မပြုပါနဲ့ 


Friday, 18 January 2013

စိတ်ကွယ်ရာနဲ့ဆိပ်ကွယ်ရာ



ဆိပ်ကွယ်ရာ အရပ်ဆိုတာ ရှိပေမယ့် စိတ်ကွယ်ရာ အရပ်ဆိုတာကတော့ မရှိနိုင်ပါဘူး။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေကို တိတ်ဆိပ်ငြိမ်သက်တဲ့ မမြင်ကွယ်ရာမှာ ဘယ်သူမှ မသိနိုင်ပါဘူးဆိုပြီး လုပ်ဖြစ်တဲ့အခါ သူများက မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီး ဖြစ်ပါတယ်။ သူများရဲ့ မမြင်တိတ်ဆိပ်ကွယ်ရာဆိုတာ ရှိပေမယ့် ကိုယ့်စိတ်ရဲ့ မမြင်ကွယ်ရာဆိုတာကတော့ရှိမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကွယ်ရာကို ဆိပ်ကွယ်ရာနဲ့ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါကြောင့် တိတ်ဆိပ်ပြီး မမြင်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေလို့ ဘယ်သူမှ မသိလောက်ပါ ဘူးဆိုပြီး မဟုတ်တာတွေတော့ မလုပ်မိပါစေနဲ့။ သူများမသိပေမယ့် ကိုယ့်စိတ်ကတော့ကိုယ်ဘာလုပ်တယ်ဆိုတာ သိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲ... ကိုယ့်ကိုယ်ကို သိနေရဲ့သားနဲ့ သိသိကြီး ဇွတ်အတင်း လုပ်ဖြစ်ကြမယ်ဆိုရင်တော့ အဲဒီအကျိုးဆက်က ကိုယ့်ဆီကို အခွင့်သာတာနဲ့ အကာအကွယ်မရှိ ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)။

Wednesday, 16 January 2013

လွယ်ကူခြင်းနှင့်ခက်ခဲခြင်း


လွယ်ကူခြင်းနှင့်ခက်ခဲခြင်း

တခြားသူတွေရဲ့အမှားကို ထောက်ပြ ရတာ လွယ်ကူတယ်
ကိုယ့်အမှားကိုယ်ထောက်ပြဖို့ကျတော့ခက်ကြတယ် 

ကိုယ့်ကိုချစ်နေတဲ့သူကို နာကျင်စေရတာ လွယ်ကူတယ် 
နာကျင်မှုကရသွားတဲ့အနာကိုကျက်စေဖို့တော့ခက်ခဲတယ် 

စည်းမျဉ်းတွေ ချမှတ်ဖို့ကလွယ်ကူတယ်
ချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာဖို့တော့ခက်ခဲတယ် 

ညတိုင်းမျှော်လင့်ချက်အိပ်မက်မက်ဖို့လွယ်ကူတယ်
အိပ်မက်တစ်ခုအကောင်အထည်ပေါ်ဖို့အတွက်တိုက်ခိုက်ဖို့တော့ခက်ခဲတယ် 

ချစ်တယ်လို့ပြောတာတော့ လွယ်ကြတယ် 
အဲဒီအချစ်ကိုနေ့စဉ်ဖော်ပြဖို့တော့ခက်ခဲကြတယ် 

အမှားတွေ လုပ်ဖို့ဆိုတာ လွယ်ကူတယ် 
အမှားတွေက သင်ယူနိုင်ဖို့ဆိုတာ ခက်ခဲတယ် 

သက်တန့်ချို 
တိုတိုထွာထွာ ဘာသာပြန် ။


တခြားသူတွေရဲ့အမှားကို ထောက်ပြ ရတာ လွယ်ကူတယ်
ကိုယ့်အမှားကိုယ်ထောက်ပြဖို့ကျတော့ခက်ကြတယ်

ကိုယ့်ကိုချစ်နေတဲ့သူကို နာကျင်စေရတာ လွယ်ကူတယ်
နာကျင်မှုကရသွားတဲ့အနာကိုကျက်စေဖို့တော့ခက်ခဲတယ်

စည်းမျဉ်းတွေ ချမှတ်ဖို့ကလွယ်ကူတယ်
ချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာဖို့တော့ခက်ခဲတယ်

ညတိုင်းမျှော်လင့်ချက်အိပ်မက်မက်ဖို့လွယ်ကူတယ်
အိပ်မက်တစ်ခုအကောင်အထည်ပေါ်ဖို့အတွက်တိုက်ခိုက်ဖို့တော့ခက်ခဲတယ်

ချစ်တယ်လို့ပြောတာတော့ လွယ်ကြတယ်
အဲဒီအချစ်ကိုနေ့စဉ်ဖော်ပြဖို့တော့ခက်ခဲကြတယ်

အမှားတွေ လုပ်ဖို့ဆိုတာ လွယ်ကူတယ်
အမှားတွေက သင်ယူနိုင်ဖို့ဆိုတာ ခက်ခဲတယ်

သက်တန့်ချို
တိုတိုထွာထွာ ဘာသာပြန် ။

Tuesday, 15 January 2013

"ရင်မှာတောင်းသောဆု"


‎


ရှိသမျှဝဋ်တွေ
ကျေပါစေလို့
အစိန္တေယျ... အစိန္တေယျ အစနဲ့
မြတ်ဗုဒ္ဓရဲ့ ခြေတော်ကိုခပြီး
ဆုတောင်းရပြီသခင်။

ပြုသမျှကောင်းမှု
အစုစုကိုရည်ပြီး
ခုဘဝကစလို့
နောင်ဘဝတို့ ရှိခဲ့လျှင်
သစ်ပင်ဖြစ်ရင်တောင်မှ
အမြစ်တွေ မပြတ်ပါစေသားသခင်။

မဆိတ်သုဉ်းတဲ့မေတ္တာ
သစ္စာရဲ့အရိပ်နဲ့
အထိတ်တလန့် အမုန်းများ
ဖုံးမသွားပဲ ချစ်ပါရစေသားသခင်။

မချစ်တဲ့သူနဲ့နီး
ချစ်တဲ့သူနဲ့ အဝေးကြီးမဖြစ်ပါရစေသား။

ချစ်သူချစ်လျှက်နဲ့
ပြစ်မယူမုန်းမစွက်ပဲ
တစ်ရက်ပဲဖြစ်ဖြစ်
တစ်သက်ပဲနေနေ
တစ်မြေစီမဝေးပဲ
အမြဲအတူနေဘဝနဲ့
သခင်ရေ....ဖြစ်ပါရစေသား...။ ။





မင်းကြည်ညို
"ရင်မှာတောင်းသောဆု"


ရှိသမျှဝဋ်တွေ
ကျေပါစေလို့
အစိန္တေယျ... အစိန္တေယျ အစနဲ့
မြတ်ဗုဒ္ဓရဲ့ ခြေတော်ကိုခပြီး
ဆုတောင်းရပြီသခင်။

ပြုသမျှကောင်းမှု
အစုစုကိုရည်ပြီး
ခုဘဝကစလို့
နောင်ဘဝတို့ ရှိခဲ့လျှင်
သစ်ပင်ဖြစ်ရင်တောင်မှ
အမြစ်တွေ မပြတ်ပါစေသားသခင်။

မဆိတ်သုဉ်းတဲ့မေတ္တာ
သစ္စာရဲ့အရိပ်နဲ့
အထိတ်တလန့် အမုန်းများ
ဖုံးမသွားပဲ ချစ်ပါရစေသားသခင်။

မချစ်တဲ့သူနဲ့နီး
ချစ်တဲ့သူနဲ့ အဝေးကြီးမဖြစ်ပါရစေသား။

ချစ်သူချစ်လျှက်နဲ့
ပြစ်မယူမုန်းမစွက်ပဲ
တစ်ရက်ပဲဖြစ်ဖြစ်
တစ်သက်ပဲနေနေ
တစ်မြေစီမဝေးပဲ
အမြဲအတူနေဘဝနဲ့
သခင်ရေ....ဖြစ်ပါရစေသား...။   ။


                                                           


                                                         မင်းကြည်ညို

Monday, 14 January 2013

အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ


ဘ၀ဆိုတာ ဒီလိုပါပဲ

- ပျော်ရာမှာ မနေရပဲ တော်ရာမှာနေရတယ်
- လိုချင်တာမရပဲမလိုချင်တာရတတ်တယ်
- မခွဲချင်ပေမယ့်ခွဲရတယ် မသွားချင်ပေမယ့်သွားရတယ်
- ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့ ခရီးသွားတွေ
- လိုအပ်ချက်တွေရှိနေမှသာ ဘ၀လို့ခေါ်ရမလား
- မျက်ရည်တွေနဲ့တည်ဆောက်ထားတဲ့ တောင်တက်လမ်းတစ်ခု

လိုချင်တာတွေရတယ်ဆိုပါတော့
သွားချင်တဲ့ခရီးတွေရောက်ခဲ့တယ်ဆိုပါတော့
ဖြစ်ချင်တဲ့ဘ၀တွေ ရနေတယ်ဆိုပါတော့
စားချင်တဲ့အစားအသောက်တွေစားဖူးတယ်ဆိုပါတော့
ဘယ်လိုပဲ လို . . တ . . ရ ပေမယ့်
အဆုံးသတ်ဟာ 
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတာလေးကို နှလုံးသွင်းထားကြစေချင်တယ် ။ 

သက်တန့်ချို
ဘ၀ဆိုတာ ဒီလိုပါပဲ

- ပျော်ရာမှာ မနေရပဲ တော်ရာမှာနေရတယ်
- လိုချင်တာမရပဲမလိုချင်တာရတတ်တယ်
- မခွဲချင်ပေမယ့်ခွဲရတယ် မသွားချင်ပေမယ့်သွားရတယ်
- ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့ ခရီးသွားတွေ
- လိုအပ်ချက်တွေရှိနေမှသာ ဘ၀လို့ခေါ်ရမလား
- မျက်ရည်တွေနဲ့တည်ဆောက်ထားတဲ့ တောင်တက်လမ်းတစ်ခု

လိုချင်တာတွေရတယ်ဆိုပါတော့
သွားချင်တဲ့ခရီးတွေရောက်ခဲ့တယ်ဆိုပါတော့
ဖြစ်ချင်တဲ့ဘ၀တွေ ရနေတယ်ဆိုပါတော့
စားချင်တဲ့အစားအသောက်တွေစားဖူးတယ်ဆိုပါတော့
ဘယ်လိုပဲ လို . . တ . . ရ ပေမယ့်
အဆုံးသတ်ဟာ
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတာလေးကို နှလုံးသွင်းထားကြစေချင်တယ် ။

သက်တန့်ချို

ဝင်္ကာပါ ခရီးသည်



သြော်..
ဝင်္ကာပါ ခရီးသည်
ဘ၀ကပေးတဲ့ သင်ခန်းစာတွေကို
ခါးသီးစွာခံခဲ့ရတော့
စိတ်သွားတိုင်းကိုယ်မပါဘူး..

ဘ၀ကရေတစ်ပွက်စာ
သံသရာကအဆုံးအစမရှိ ပင်လယ်ပြင်
ခြောက်ပြစ်မကင်းတဲ့ လူ့ ဘ၀မှာ
သံသရာကိုကျော်တက်ဖို့  ဖြတ်လမ်းမရှိဘူး..

အလေအလွင့်တွေထဲမှာ
စိတ်အလေအလွင့်က အဆိုးဆုံးပဲ
အဲဒီစိတ်ကလေး မလေလွင့်တဲ့နေ့ 
သစ္စာတရားကိုတွေ့ ရမှမလား..

ဒီလိုနဲ့ ပဲ ရုန်းရင်းရုန်းရင်း
အသက်အရွယ်ကလည်း
စကားပြောလာပြီ
ငြိမ်းချမ်းမှုဆိုတာ
ဘယ်မှာလဲကွယ်။ ။
နေ၀တီ
ဝင်္ကာပါ ခရီးသည်
သြော်..
ဝင်္ကာပါ ခရီးသည်
ဘ၀ကပေးတဲ့ သင်ခန်းစာတွေကို
ခါးသီးစွာခံခဲ့ရတော့
စိတ်သွားတိုင်းကိုယ်မပါဘူး..

ဘ၀ကရေတစ်ပွက်စာ
သံသရာကအဆုံးအစမရှိ ပင်လယ်ပြင်
ခြောက်ပြစ်မကင်းတဲ့ လူ့ ဘ၀မှာ
သံသရာကိုကျော်တက်ဖို့  ဖြတ်လမ်းမရှိဘူး..

အလေအလွင့်တွေထဲမှာ
စိတ်အလေအလွင့်က အဆိုးဆုံးပဲ
အဲဒီစိတ်ကလေး  မလေလွင့်တဲ့နေ့ 
သစ္စာတရားကိုတွေ့ ရမှမလား..

ဒီလိုနဲ့ ပဲ ရုန်းရင်းရုန်းရင်း
အသက်အရွယ်ကလည်း
စကားပြောလာပြီ
ငြိမ်းချမ်းမှုဆိုတာ
ဘယ်မှာလဲကွယ်။    ။
နေ၀တီ