အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
Sunday, 22 September 2013
မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း
( မင်္ဂလာသတင်းစဉ် )
ရေအသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ရေသည် မရှိမဖြစ် အဓိက လိုအပ် ချက်  ဖြစ်နေသောကြောင့် ရေကို အမျိုးမျိုး ရှာဖွေနေကြပါသည်။
တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါ သည်။ ကျေး လက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့် လက်ရိုက် တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။
ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်ေ သာ  ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး၏ ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောေ ကျာင်း  ရေ တွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။
မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့ အရေးအတွက် ပထမဦးစွာ---
ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ် ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစို ဓာတ် တွေ့သည့် တိုင်အောင် ခြစ်ပါ။ အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။
နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက် ပါ။ ရေကြော ရေ ရှိမယ့်နေရာ သည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။
ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာ ရှိမည် ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။
ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများမလိုဘဲ အလွယ်တကူရမည်ဖြစ်ပါကြောင်း ရေးသားရင်း  ဆရာတော် အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။
ဒီလှိုင်း(သပိတ်ကျင်း)
http://www.mawluu.com/2011/11/blog-post_11.html
Friday, 20 September 2013
တရားအားထုတ်စဉ် ထားရှိရမည့်သဘောထားများ
တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ.....
၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။
၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။
၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။
၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။
၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊
၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။
၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။
၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။
၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။
၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။
၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။
၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။
၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ။
၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။
၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊
၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။
၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။
၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။
၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။
၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။
၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။
၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။
၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။
၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။
၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။
၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။
မှတ်ချက်။ ။ ရွှေဥမင်ဆရာတော်ဘုရား၏ သြ၀ါဒကထာမှ ကူးယူမျှဝေခဲ့ခြင်းဖြစ်ပါသည်။
Posted by Ko Myo
https://www.facebook.com/pages/Words-of-Buddha/478034822228446
(၅)မိနစ် နဲ့ ၁၂ ဒေါ်လာ ရှာမယ့် နည်းလမ်း
အခုဖော်ပြမယ့် နည်းလမ်းကတော့ တစ်ရက်ကို အင်တာနက်အသုံးပြုချိန် (၅)မိနစ် နဲ့ ၁၂ ဒေါ်လာ ရှာမယ့် နည်းလမ်းဖြစ်ပါတယ်။ လွယ်လှပါလာား . . . ဘယ်လိုဖြစ်နိုင်မလဲလို့ မေးစရာပါ။ နည်းလမ်းကတော့ အမျိုး မျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် အခုနည်းကတော့ Website ရဲ့ ကြော်ငြာတွေကို ကြည့်ရမှာဖြစ်ပါတယ်။ ကြော်ငြာတစ်ခုကို စက္ကန့် ၃၀ ကြာပါမယ်။ ဒါဆိုရင် ၂ ဒေါ်လာရမှာပါ။ တစ်ရက်ကို ကြော်ငြာ (၆)ခု ကြည့်ခွင့် ရှိပါတယ်။
ဒီ www.twodollarclick.com/index.php?ref=shwemandalay ကို ကလစ်ပြီး အဲဒီ website ကိုသွားပါ။
တစ်ခြားအကောင့်ဖွင့်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ username , password , ….. မိမိ ကြိုက်နှစ်သက်တာ ဖြည့်နိုင်ပါတယ်။
I Accept Terms ကို အမှတ်တပ်ဖို့လိုပါတယ်။ ပြီးရင်တော့ Create Account ကို ကလစ်လိုက်ပါ။ ဒါဆိုရင် အကောင့်တစ်ခု ပိုင်ဆိုင်သွားပါပြီ။
ပြီးရင်တော့ Username , password ဖြည့်ပြီးတော့ Login ၀င်လိုက်ပါ။
ပြီးရင် View Ads ကို ကလစ်လိုက်ပါ။ ပြန်ထွက်ချင်ရင် Logout ဆိုတာ My Account ခေါင်းစဉ်အောက်မှာ ပါပါတယ်။ ဒါပေမယ့် View ads မှာ ပါတဲ့ ကြော်ငြာတွေကို ကလစ်ပြီးမှသာ ညာဘက်ထိပ် မှာ ဖော်ပြထား တဲ့ Earning Balance မှာ ပိုက်ဆံ ဒေါ်လာ ဘယ်လောက် ရရှိထားပြီလဲဆိုတာ ဖော်ပြပေးမှာပါ။
View ads ကို ကလစ်လိုက်တာနဲ့ အောက်ပါပုံအတိုင်းတွေ့ရမှာပါ။
ကြိုက်နှစ်သက်ရာ တစ်ခုကို စတင်ကလစ်လိုက်ပါ။ နောက် စာမျက်နှာတစ်(New Tab) ဆီ ရောက်သွားမှာ ဖြစ်ပါတယ်။ ရောက်သွားတဲ့ စာမျက်နှာ ရဲ့ ထိပ်ပိုင်းမှာ ဘယ်ဘက်မှာ wait : 23 ဆိုပြီး စက္ကန့် စတင်နေတွက်နေပါလိမ့်မယ်။ စက္ကန့် ၃၀ ပြည့်သွားပြီး ဆိုရင်တော့ Click 5 ဆိုပြီး ပေါ်နေမှာပါ။ ဒါကလည်း ပုံသေမဟုတ်ပါဘူး။ Radom တစ်ဘောမျိုးပါ။ အလိုအလျောက် စနစ်ကိုကွာတာဖြစ်ပါတယ်။
Click 4 ဆိုရင်တော့ သူ့ဘေးနားမှာ ဖော်ပြထားတဲ့ 4 ဆိုတဲ့ ကဏန်းကို ကလစ်ပေးရပါမယ်။ ဒါဆိုရင် loading စတင်ပြီး မိမိကောင့်ထဲကို $2 ထည့်သွင်းတော့မှာဖြစ်ပါတယ်။
အလားတူ တစ်ခြားကြော်ငြာကို ကလစ်ပေးရမှာပါ။ စက္ကန့်ပေါင်း ၁၈၀ ကြာမြင့်ရုံနဲ့ ၁၂ ဒေါ်လာရမှာပါ။
တစ်ရက်ကို ၁၂ ဒေါ်လာ ၊ ရက်ပေါင်း ၁၀၀ ဆိုရင် ဒေါ်လာ ၁၂၀၀ ပါ။ မြန်မာငွေနဲ့တော့ မတွက်တတ်လို့။ တွက်ကြည့်ပေါ့ဗျာ ။
အထူးလမ်းညွှန်ချက်ကို အောက်မှာ ဆက်လက်ဖတ်ရှုပေးပါ။
ငွေသားထုတ်ယူရန် နည်းလမ်း။
၁။ www.Paypal.com မှာ အကောင့်တစ်ခုပြုလုပ်ရပါမယ်။
- မှတ်ပုံတင်တဲ့အချိန်မှာ မြန်မာ နိုင်ငံဆိုရင် ရွေးခွင့်မရှိပါဘူး။ ထိုင်း နိုင်ငံ ၊ တရုတ် စသည်ဖြင့် မိမိကြိုက်နှစ်သက်တဲ့ နိုင်ငံအနေနဲ့ မှတ်ပုံတင်ရပါမယ်။
- အပြင်မှာ တကယ်ရှိတဲ့ မြို့ ၊ တိုင်း/ပြည်နယ် ဖြစ်ရပါမယ်။ လိပ်စာ- အမှတ်(၃၃) ဘာညာကတော့ တိကျဖို့မလိုပါဘူး။ Zip code တွေ မှန်ဖို့လိုတယ်။ ဖုန်း နံပါတ်လည်း တကယ်ရှိဖို့လိုတယ်။ အသိမိတ်ဆွေရဲ့ဖုန်းလည်း သုံးလို့ ရပါတယ်။
- Verify account ဖြစ်ဖို့အတွက် Credit Card တစ်ခုခု လိုပါတယ်။ Visa , MasterCard လိုမျိုးပေါ့။ ဒါလည်း မြန်မာမှာ ကံမကောင်းစွာနဲ့ အဆင်မပြေဘူးဗျ။ ဒါပေမယ့် ကံကောင်းစွာနဲ့ Shwe Money က Virtual Visa Card ၀န်ဆောင်မှုပေးနေပါတယ်။
၂။ www.shwemoney.com မှာ Virtual Visa Card တစ်ခု ပိုင်ဆိုင်ရပါမယ်။
၃။ အနည်းဆုံးငွေသားထုတ်ယူခွင့်ကတော့ $ 1,000 ဖြစ်ပါတယ်။ အချိန်ကာလ အားဖြင့်တော့ (၃)လ နဲ့ (၁၀)ရက်ပေါ့ဗျာ။
၎။ ဒေါ်လာ ၁၀၀၀ ပြည့်ရင် paypal ထဲကိုပို့၊ ပြီးရင် Shwe Money ကတစ်ဆင့် ငွေသားထုတ်ယူပေါ့။ Shwe money မှာ ၀န်ဆောင်ခ ၅% ပေးရပါတယ်။
အထူးသတိပြုရန်။
IP address တည်းနဲ့ အကောင့်တစ်ခုထက် ပိုမသုံးမိပါစေနဲ့။ ကွန်ပျူတာ တစ်လုံးတည်းကနေ ကောင့်အများကြီး မသုံးပါနဲ့။
 https://www.facebook.com/groups/yangonnews/permalink/1416045941944981/ မှကူးယူတင်ပြပါသည်။
Wednesday, 18 September 2013
ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း
အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။
ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှထုတ်နှုတ် ဖော်ပြ ထား တာ ဖြစ် ပါတယ်။
ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။
လေ့ကျင့်ခန်း (၁)
ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့်   ခြေဖျားပေါ် တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။
(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့်မျဉ်းပြိုင်အနေအထားသို့  ရောက်အောင် ဆွဲ ယူပါ။ 
တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင် နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။
(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့် ထိပါ။ ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)
(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့် ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့် ထိန်း ထားပါ။
(B)အသက်ရှူ၊    ဗိုက်ကို  ရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင်ဆွဲထူပါ။    ကိုယ်အလေးချိန်ဟာ၊
  မြီးညောင်ရိုး နေရာမှာ ရှိပါစေ။
ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။
လေ့ကျင့်ခန်း (၅)
(A) ပက်လက် အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်းအောက်တွင် ထားပါ။
(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကို ဆန့် ညာဒူးဆီသို့လှည့်ပါ။
တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
** အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၅) ကို ဆယ်မိနစ် အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက် ပြုလုပ် ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲ ပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေ အတွက်လည်း အသုံးဝင် လိမ့်မယ် ထင်ပါတယ်။
ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင် နိုင်ကြပါစေရှင်။
credit to Shwe Beauty
Tuesday, 17 September 2013
အင်တာနက်သုံးရင်း တစ်နေ့ကို $160 ရမည့် Online ငွေရှာနည်း
                         ကဲစိတ်ဝင်စားတယ်ဆိုရင် အရင်ဆုံး ကျွန်တော် ပေးထားတဲ့ လင့်ကနေ Register လုပ်လိုက်ပါ
                                                   .http://www.probux.com/?r=chanmyintoo
 Register လုပ်တဲ့နေရာရောက်ရင် Username , Passwords , Email , Birth Year တို့မှာ မိမိအသုံးပြုမယ့်လိပ်စာတွေဖြည့်ပါ..ပြီးတာနဲ့ Referrer မှာUsername ကနာမည်ဘဲပြန်ဖြည့်ပြီး အောက်မှာပေးထားတဲ့ လုံခြုံရေးကုဒ်ကိုဖြည့်ကာ Create My Account ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Email အတည်ပြုချက်တောင်းတဲ့ Page ကိုရောက်သွားပါမယ်.. Email ထဲကိုသွားပြီး Verifiedလုပ်လိုက်တာနဲ့ မိမိအကောင့်ဟာ စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ 
 အခုကျွန်တော်တို့ပြုလုပ်ရမှာက သူ့ဆိုဒ်မှာ တင်ထားတဲ့ ကြော်ငြာတွကို ကလစ်ပေးရမှာ ဖြစ်ပါတယ် သူ့ရဲ့ကြော်ငြာတွကိုကလစ်ပေးချင်းအားဖြစ် ပုံမှန်ငွေရရှိနေမှာဖြစ်ပါတယ်. Account ထဲဝင်လိုက်ပါ
အကောက်ထဲ ဝင်ပြီးသွားပြီဆိုရင် My Account ဆိုတာကို နှိပ်လိုက်ပါ အောက်က ပုံမှာ ပြထားတဲ့အတိုင်း တွေရပါမည်  ။
 အခုကျနော် နမူနာပြထားတဲ့ Main Balance ထဲမှာ $ 0.1730 ဆိုပြီးကြော်ငြာတွေကို ကလစ်လို့ရထားတဲ့ ငွေအချို့ကို
တွေ့ရပါလိမ့်မယ်. ပုံမယ်ပြထားတာက ကျနော် ကလစ်နေတာ သုံးရက်လောက်ရှိပါပြီ..အခုမှစလုပ်တဲ့သူတွေကတော့
အဲလောက်တောင်ရမှာမဟုတ်ပါဘူး အနည်းဆုံး $ 0.0856 လောက်ပဲရပါလိမ့်မယ်..
ပြီးရင် My Account ရဲ့ညာဘက်ဘေးက
View Ads ကိုကြည့်လိုက်ပါ..အဲဒီမှာ ရောင်စုံလေးတွေနဲ့ ဂဏန်းတွေပြထား တာကိုတွေ့ပါလိမ့်မယ်..ဥပမာ အောက်က
ပုံကိုကြည့်ပါ။
 View Ads မှာ 7 4 လေးပြထားပါတယ်..ဒါဆိုရင် ကနေ့ Click လုပ်ရမယ့် ကြော်ငြာအရေအတွက်က ၁၁ ခုလို့မှတ်ရပါမယ် ..အိုကေ.. အဲဒီ View Ads ကို Click နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါမယ်
 အကုန်ကလစ်ပြီးသွားပြီဆိုရင် My Account ကို နှိပ်လိုက်ပါ Main Balance ထဲကိုကြည့်လိုက်ပါ ကိုယ်ကလစ်လို့ရထားတဲ့
ငွေစငွေန အချို့ကိုတွေ့ပါလိမ့်မယ်…
Monday, 22 July 2013
နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ
နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။
ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။
အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။
နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။
http://www.myawady.net.mm/health/preventing/item/3627-2013-01-05-10-22-36
Monday, 15 July 2013
သရက်သီးစားသင့်သည့် အကြောင်း ၁၆ ချက်
၁။ ကင်ဆာရောဂါ တိုက်ဖျက်ပေးခြင်း
၂။ ကိုလက်စထရော ထိန်းညှိပေးခြင်း
၃။ အရည်အပြား လှပစေခြင်း
၎။ အယ်ကာလီဓာတ် မျှတစေခြင်း
၅။ ဘော်ဒီ ဝိတ်ချပေးခြင်း
၆။ သွေးချို၊မဖြစ်အောင် ထိန်းညှိပေးခြ်း
၇။ မျက်လုံး ကျန်းမာရေး ကောင်းစေခြင်း
၈။ အစာချေလွယ်စေခြင်း
၉။ နှလုံးသွေးလည်ပတ်မှု ကောင်းစေခြင်း
၁၀။ ကိုယ်ခံအား ကောင်းစေခြင်း
၁၁။ အာရုံစူးစိုက်မှုကောင်းစေခြင်းနှင့် မှတ်ဥာဏ်ကောင်းစေခြင်း
၁၂။ အမျိုးသမီးများအတွက် သံဓာတ် များများ ပေးနိုင်ခြင်း
၁၃။ ကျောက်ကပ်တွင် ကျောက်တည်နေမှုကို ကြေစေခြင်း
၁၄။ ဝမ်းအားဆေးကဲ့သို့ သုံးဆောင်နိုင်ခြင်း
၁၅။ အမျိုးသား၊အမျိုးသမီး အားတိုးစေခြင်း
၁၆။ ကိုယ်တွင်း သန့်စင်ပေးသော သဘာဝအစားအစာတစ်မျိုး
Ref: medicfacts
International news for myanmar
Saturday, 6 July 2013
အသည်းကို သန့်ရှင်းဖို့တွက် Detox Water
ကျွန်မတို့တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေသောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေဖြစ်နေမယ်ဆိုတာ သတိမထားမိကြပါဘူး။
စားသောက်သမျှတွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက်တွေကို ခံစားရပါတယ်။
အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင်မကပဲ ကိုယ်တွင်းက ကလီဆာတွေကိုပါ သန့်ရှင်းပေးသင့်ပါတယ်။
လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့နည်းတွေကို ရေးပြပါမယ်။
ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင်ကိုယ်တိုင်ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီးသက်သာပါတယ်။
1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ်ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း
2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ်ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီးထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍သောက်ခြင်း
3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီးလေးများ စိမ်၍သောက်ခြင်း
4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက်ညှစ်ထဲ့၍ သောက်ခြင်း
5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း (ဒါကတော့ မြန်မာပြည်မှာ ၀ယ်လို့ရမရမသိပါဘူး)
6. Weight Loss Detox Water - Grapefruit ကိုသုံးတာဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့နဲနဲရယ် သခွားသီးနည်းနည်းရယ် ထဲ့ပြီး သောက်ခြင်းဖြစ်ပါတယ်။
ဒါတွေအားလုံးလုပ်ရမယ်လို့မဟုတ်ပါဘူး။ တခြားနိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြတယ်လို့ သိရပါတယ်။
တစ်ရက်လုံးဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာအစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံဖျော်ရည်တွေပဲသောက်ပြီး Detox လုပ်တာပါ။
တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။
ကိုယ်တွင်းကလီစာတွေကို အနားပေးတဲ့သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံးမလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆိုသောက်ဖို့ အဆင်ပြေမှာပါ။
အချိုရည်တွေသောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေးအတွက် ကောင်းတာပေါ့။
Friday, 5 July 2013
ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program
(အဆီကျဟင်းရည် ချက်နည်း ကျန်ခဲ.လိုပြန်တင်ပေးလိုက်ပါတယ်......)
ကဲ ဒီအဆီချနည်းကို စောင့်နေကြတဲ့လူတွေ အတော်များမယ်ထင်ပါတယ်.... ဒီစာတွေအားလုံးကို ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ...... အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......
အဆီကျဟင်းရည် ချက်နည်း
ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်... ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်.... အနံအသက်အတော်သက်သာသည်ကို တွေ့ရပါသည်..)
အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။
အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။
(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။
ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက်သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။
အထူးရှောင်ကြဉ်ရန်
ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။
Satred Heart Hospital မှ
ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။
ပထမနေ့
သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်.. ပထမနေ့မှာ အတော်ခံရခက်ပါလိမ့်မယ်... စိတ်လည်း တိုတတ်ပါတယ်... )
ဒုတိယနေ့
ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်... ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ...... အဆင်ပြေပါလိမ့်မယ်. .... သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ... ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲဝယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ... . )
တတိယနေ့
ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။
စတုတ္ထနေ့
ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ်အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။
(အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် .... ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်... သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)
ပဉ္စမနေ့
အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။
(ကြက်သားကို ပြုတ်လိုက်ပြီး .... ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်.... ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်...... )
ဆဌမနေ့
အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။
(ပျော်စရာကောင်းတဲ့နေ့ပါပဲ ... ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်.... ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်...)
သတ္တမနေ့
ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။
(သစ်သီးရည်က ရှာရခက်တာကြောင့် .... သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..)
(၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။ အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ
(တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်.... ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်... နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်.... အဆင်ပြေမှာပါ.... အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ.... အောင်မြင်ကြပါစေဗျာ.... )
(ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်... မိန်းမပုံပဲပြထားလို့ ယောက်ကျားတွေ လုပ်လို့ မရဘူးထင်မှာစိုးလို့ပါ)
မေတ္တာ သက်သက်ဖြင့်
လင်းလွန်းညို
မြန်မာပြည်မှမြန်မာလူမျိုး
Tuesday, 2 July 2013
ဝမ်းဗိုက်ချပ်ရပ် သွားစေမည့် လေ့ကျင့်ခန်းများ
ဝမ်းဗိုက်နေရာမှာ ချပ်ရပ်မှု ရှိနေစေပြီး ခါးနေရာက အဆီပိုတွေကို ကျစေမယ့် လေ့ကျင့်ခန်း ပြုလုပ်နည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ လေ့ကျင့်ခန်း စတင်နိုင်ဖို့ သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစား တစ်စုံ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း တစ်မျိုးကို တစ်မိနစ်စီ လေ့ကျင့်ရမှာ ဖြစ်ပြီး လေ့ကျင့်ခန်း တစ်ခုလုံးပြီးချိန်မှာ ငါးမိနစ်ကြာမှာ ဖြစ်ပါတယ်။ တစ်နေ့ကို သုံးကြိမ်တစ်ပတ်မှာ လေးခါလောက် လေ့ကျင့်ပေးပါ။
လေ့ကျင့်ခန်း (၁)
(A) ခါးနေရာကို ဒဏ်မဖြစ်စေဖို့ ကြမ်းပြင်က မာကျောမနေစေရပါဘူး။ ကြမ်းပြင်မှာ ပက်လက်လှန် အိပ်နေပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ လက်ဖဝါးချင်း ချိတ်ထားလိုက်ပြီး ခြေထောက်တွေကို မျက်နှာကြက်ဆီကို ဆန့်တန်းထားလိုက်ပါ။ ခန္ဓာကိုယ်ရဲ့ ခြေထောက် မြှင့်တင်ထားမှုဟာ ၉၀ ဒီဂရီ ဖြစ်နေရပါမယ်။
(B) နောက်ကျောက ကြမ်းပြင်မှာ ကပ်နေရာကနေ လက်နှစ်ဖက်ကို အရှိန်ယူပြီး ပေါင်နှစ်ခုကြားကို ဦးတည်လိုက်ပါ။ ဒီအချိန်မှာ ခြေထောက်နှစ်ဖက်ကိုလည်း ၄၅ ဒီဂရီလောက်စီ ခွာလိုက်ပါ။ စိတ်ထဲကနေ တစ်၊ နှစ်၊ သုံး ရေတွက်ပြီး (A) ပုံစံအတိုင်း ပြန်စကာ တစ်မိနစ် လေ့ကျင့်ပေးပါ။ လေ့ကျင့်မှုမှာ ဝမ်းဗိုက်နေရာသာ မကဘဲ ပေါင်တံအတွင်းပိုင်းကိုပါ အထောက်အကူ ပြုစေပါတယ်။
လေ့ကျင့်ခန်း (၂)
(A) ကြမ်းပြင်ပေါ်မှာ ခြေဆင်းထိုင်နေပြီး လက်နှစ်ဖက်ကို နောက်ပြန် ခေါင်းပေါ်မှာ ချိတ်ထားလိုက်ပါ။ ခြေထောက်နှစ်ချောင်းက ဒူးတွေကို ကွေးလိုက်ပြီး တင်ပါးနေရာနဲ့ ထိန်းကာ ထိုင်နေလိုက်ပါ။ ခါးနေရာနားကို ဆန့်တန်းထားပြီး ရှေ့တည့်တည့်ကို ကြည့်နေပါ။
(B) ဆန့်တန်းထားတဲ့ ခြေထောက်ကို တစ်ချောင်းချင်းစီ စက်ဘီးနင်းတဲ့ ပုံစံမျိုးကွေးလိုက်၊ ခန္ဓာကိုယ်ကိုပါ ယိမ်းလိုက်၊ ဘယ်ညာ ပြောင်းကာ တစ်မိနစ် ပြုလုပ်လေ့ကျင့်ပေးပါ။ ဒီလေ့ကျင့်မှုဟာ သင့်တင်ပါးနေရာ အတွက်ပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်။
လေ့ကျင့်ခန်း (၃)
(A) ကြမ်းပြင်ပေါ်မှာ ပက်လက် အနေအထားနေပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှာ ချထားကာ ခြေထောက်ချောင်းဖက်ကို ၉၀ ဒီဂရီ ကွေးရင်း ထောင်ထားလိုက်ပါ။
(B) မြှင့်တင်ထားတဲ့ ခြေထောက်နှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ရဲ့ ထောက်အားသုံးပြီး မြှင့်တင်လိုက်၊ ကြမ်းပြင်ကို ပြန်ထိလိုက် တစ်မိနစ် လေ့ကျင့်ပေးပါ။ ခါးနေရာနားကနေ မြှင့်တင်ရမှာ ဖြစ်တာကြောင့် ခါးနေရာက အဆီတွေကိုပါ လောင်ကျွမ်းစေပါတယ်။
လေ့ကျင့်ခန်း (၄)
(A) ကြမ်းပြင်ပေါ်မှာ ပက်လက်နေပြီး လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ချထားပါ။ ခြေထောက်နှစ်ဖက်က ၄၅ ဒီဂရီလောက် ထောင်ထားပြီး ခြေထောက် ဘယ်ညာခြေလှမ်းနေသလို စက္ကန့် ၃၀ လောက် လေ့ကျင့်ပေးပါ။
(B) စက္ကန့် ၃၀ ပြီးချိန်မှာ ခြေထောက်နှစ်ဖက်ကို သင့်ဦးခေါင်းနားဆီကို ကွေးချရမှာပါ။ သင်တတ်နိုင်မယ်ဆိုရင် ခြေနှစ်ချောင်းကို ကြမ်းပြင်နဲ့အပြိုင် ဖြစ်တဲ့အထိ ကွေးချကာ စက္ကန့် ၃၀ လောက်နေပါ။ ခြေထောက်တွေ ကွေးနေချိန်မှာ သင့်ဦးခေါင်းနဲ့ နောက်ကျောက ကြမ်းပြင်နဲ့ ထိနေပါ။
လေ့ကျင့်ခန်း (၅)
(A) လက်တံတောင် နှစ်ဖက်နဲ့ ခြေချောင်းထိပ်လေးတွေကို ကြမ်းပြင်မှာ ထောက်ထားပြီး ခန္ဓာကိုယ်က ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေအောင် ဝမ်းလျားမှောက် အနေအထားနေပါ။
(B) ဝမ်းလျှားမှောက်ထားတဲ့ အနေအထားကနေ ခန္ဓာကိုယ်ကို တစောင်း အနေအထားကို ပြောင်းလိုက်ပြီး လက်တစ်ဖက်က မျက်နှာကြက်ဆီကို မြှင့်တင်လိုက်ပါ။ ဆန့်ကျင်ဘက်ပုံစံ ဘယ်ညာပြောင်းကာ တစ်မိနစ် လေ့ကျင့်ပေးပါ။
Read More>>>http://bluenavyblog.blogspot.com/2013/01/blog-post_8006.html
Monday, 24 June 2013
တံတောင်ဆစ်မဲမဲလေးတွေ ဖြူသွားအောင်
- သံပုရာသီးတစ်ခြမ်းကို ယူပြီး တံတောင်ဆစ်ကို ငါးမိနစ်ခန့်ပွတ်ပါ။ ၃-၄နာရီလောက်ထားပေးပါ။ ထို့နောက်အ၀တ်ကြမ်းဖြင့် ပွတ်သပ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပေးပါ။ တစ်ပတ်ကိုနှစ်ကြိမ်သုံးကြိမ်ပြုလုပ်ပေးပါ။
- နို့ချဉ် နှစ်ဇွန်း နှင့် ရှာလကာရည်နှစ်အား သမအောင်မွှေပြီး တံတောင်ဆစ်ပေါ်တွင်လိမ်းပေးပါ။ ထို့နောက်အ၀တ်တစ်ခုဖြင့် ထုတ်ထားပေးပါ။ ၂၀-၃၀ မိနစ်ခန့်ထားပေးပါ။ပြီးလျှင် ရေနွေးနွေးဖြင့် ဆေးပေးပါ။
- သံပုရာလေးဇွန်း နှင့် နနွင်းနှစ်ဇွန်းခန့်ရောမွှေပါ။ ပြီးလျှင် တံတောင်ဆစ်ပေါ် မိနစ် ၃၀ခန့်ထားပေးပါ။ ရေနွေးနွေးဖြင့် ဆေးပေးပါ။
တစ်နေ့လျှင် ရေ၈-၁၀ခွက်သောက်ပေးပါ။ ရေသည်အသားအရေအားဆိုပြေစေသည်။
အလှအပရေးရာမှ ဘာသာပြန်သည်
by-အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)
ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ
ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်
ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်
တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။
ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သားကင်ဆာ ဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။
ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနား ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Health Articles
Sunday, 23 June 2013
အိပ်ရာထချိန် ခါးနာနေလျှင်
မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊
ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင် မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့
(1) ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ ...
ပက်လက်အိပ်ရင် ခါးနာ တတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲ စောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင် ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။
(2) မွေ့ရာတစ်ခုကို ကြာရှည် မသုံးပါနှင့်...
မွေ့ရာက သုံးတာ အချိန်ကြာရင် မွေ့ရာအနေအထား မမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေ ဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွား တတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့ အိပ်ရင် ခါးနာ တတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံး ခိုင်းပါတယ်။
(3) အိကျသော မွေ့ရာနှင့် မအိပ်သင့်ပါ ...
အိပ်လိုက်ရင် အိကျတဲ့ မွေ့ရာတွေ၊ ဟိုးအရင်တုန်းက သုံးတဲ့ စပရင်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံ မာမာတွေ ထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေး အတွက် မသင့်တော် ပါဘူး။ ဒါမျိုးတွေကိုလည်း မသုံးဖို့ အကြံပြုလိုပါတယ်။
(4) မှို့မွေ့ရာကို သုံးပါ...
ခါးနာတာ သက်သာစေဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ မှို့မွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွား တတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် မသုံးသင့်တော့ပါဘူး။ မွေ့ရာအသစ်ကို ပြောင်းသင့်နေပါပြီ။ အခုခေတ်ပေါ် Medium Firm Mattress မွေ့ရာဆိုရင် ကောင်းပါတယ်။ သုံးသင့် တယ်လို့လည်း ဆရာတို့ ယူဆပါတယ်။
(5) သစ်သားပြားပေါ် မအိပ်ရပါ...
ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့က ထင်ပြီး ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေ ခံပြီး အိပ်ကြတယ်။ ဒါကမကောင်းပါဘူး။ မလုပ် ပါနဲ့လို့လည်း အကြံပေး ချင်ပါတယ်။
အိပ်ရာနိုးမှ ခါးနာတယ်ဆိုရင် အထက်ပါ အကြောင်းတွေကို လိုက်နာလိုက်ရင် သက်သာ သွားနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ည ည အိပ်တိုင်း၊ အိပ်တိုင်း အိပ်နေရင်း နာတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ခါးအရိုးမှာ ဖြစ်တဲ့ တီဘီ၊ ခါးမှာဖြစ်တဲ့ ကင်ဆာတွေ ကလည်း ညည ခါးနာတာ ဖြစ်တတ်တာကြောင့် ဒီလို အကြောင်းတွေကြောင့် ခါးနာတာဟုတ်၊ မဟုတ် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ ဒါတွေက ဆိုးရွားတဲ့ ရောဂါတွေဖြစ်တာကြောင့် ဒီလိုရောဂါတွေကို စောစော စစ်ဆေးမှု ခံယူကြဖို့ လိုအပ်ပါတယ်။
credit to နှင်းဆီဖူးလေးများ-Love BUDS
Wednesday, 19 June 2013
မြင်းခွါရွက်အစွမ်း
မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။
မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။
အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။
ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။
သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါတယ်လို့ အကြံပြုချင်ပါတယ်။
မြ၀တီ
Sunday, 16 June 2013
ပြောင်းမှ ကောင်းမယ် ဆိုရင် ပြောင်းမကြည့် ချင်ဘူးလား
      အမူအကျင့် ဟောင်းတစ်ခုကို ပြောင်းလဲရတာ ဒါမှမဟုတ် အမူအကျင့် သစ်တစ်ခုကိုပျိုးထောင်ရတာ သိပ်လွယ်ကူတဲ့  ကိစ္စမဟုတ်ပေမဲ့ ကောင်းမွန်တဲ့  အကျိုးရှိတဲ့  အပြောင်းအလဲဆိုရင် စတင်ကြည့် သင့် ပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့  အမူအကျင့် လေးတွေပေါ့ ။တချို့  သိပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်တဲ့  ပြောင်းလဲမှုလေးတွေက အရေးပါတဲ့  အကျိုးကိုရရှိစေတတ် ပါတယ်။ နေထိုင်စားသောက်မှု ပုံစံ(life style) အပြောင်းအလဲ သေးသေးမွှားမွှားလေးတွေက ကျန်းမာရေးကိုအများကြီးထောက်ကူပေးတတ်ပါတယ်။အပြောင်းအလဲနဲနဲ လုပ်ကြည့် ရုံနဲ့  နေ့ စဉ် လန်းဆန်းတက်ကြွပြီး သွေးတိုး၊ ဆီးချိုလို ရောဂါကြီးတွေ ဖြစ်နိုင်ချေ လျှော့ ချပေးတာ၊ သက်သာစေနိုင်တာတွေ အကျိုးခံစားရနိုင် ပါတယ် ။ပြောင်းလဲ ကျင့် သုံး သင့် တာလေးတွေ မျှဝေပေးချင်ပါတယ်။
  နံနက်စောစောစာ (Breakfast)
              တစ်ဥာဉ့် တာအိပ်စက်ပြီး နိုးထလာချိန်မှာ ခန္ဓာကိုယ်က အစာနဲ့  ဝေးကွာနေတဲ့ နာရီပေါင်း များစွာဖြစ်နေပါပြီ။ ဆိုလိုတာက အစာလိုအပ်နေပါပြီ။ သွေးထဲမှာ သကြားဓာတ်ကလျော့ နေပါပြီ။ အဲဒီအချိန်မှာ နံနက်စေစောစာ မစားပဲ ဆက်နေလိုက်ရင် ဦးနှောက်ဟာ လိုအပ်တဲ့  သကြားဓာတ်မရရှိလို့  ပုံမှန် လုပ်ကိုင်နိုင်စွမ်းတွေလျော့ ကျလာမှာပါ။ စိတ်ရှုပ်ထွေးတာ၊အာရုံစူးစိုက်လို  မရတာတွေဖြစ်လာနိုင်ပါ တယ်။ တချို့ လေ့ လာချက်တွေအရ နံနက်စောစောစာကို ပြည့် တင်းအောင်စားတဲ့  ကလေးတွေက အတန်းထဲမှာ ပိုပြီးသင်ယူရလွယ်ကူသလို မှတ်ဥာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ န့နက်စောစောစာ ရဲ့  အရေးကြီးတဲ့ အကျိုးတစ်ခုကတော့  တစ်နေ့ တာလုံးဆာလောင်မှုကို ထိန်းထားနိုင်တာပါပဲ။ နံနက်ေ စာစော စာ မစား သူတွေကတော့  အဲဒါကို ဖြည့် ဆည်းအစားထိုးဖို့  နေ့ လည်စာ၊ ညစာတွေကို သာသာထိုးထိုးစားလေ့ ရှိကြပါတယ်။အဲဒါက ကယ်လိုရီပိုများတာ၊ အဆီပိုများတာတွေ ဖြစ်သွားတတ် ပါတယ်။ အဲသလိုပဲ စောစောစာ မစားသူတွေက သရေစာတွေကိုပိုပြီး ခဏခဏစားသုံးတတ် သူတွေ ဖြစ်လာ တတ် ပါတယ်။ အမေရိက နဲ့  ဗင်နီဇွဲလား နိုင်ငံတွေမှာ အဝလွန် အမျိုးသမီးတွေကို ကိုယ်အလေးချိန် လျှော့ ချစေတဲ့ အခါ သုတေသနပြုထားတာတွေအရတော့  နံနက်စာအဝစားတတ်သူတွေက ဝိတ် လျော့ တာ ပိုပြီးသိသာတယ်လို့ ဆိုပြန်ပါတယ်။ နေ့ စဉ် နံနက်စာစားသုံးတာက ကိုယ်အလေးချိန်လျှော့ ချရာမှာ သိသာသလို ဆီးချိုရောဂါ ဖြစ်ပေါ်စေမှုကိုလည်း ၅၀%လောက်လျော့ ကျစေပါသတဲ့ ။ကဲ-စားလိုက်ကြပါစို့ ။
ချောကလက်
ပန်းသီး
အရည်ရွှမ်းတဲ့ ပန်းသီးတစ်ကိုက်မှာ အရေးပါတဲ့  အာဟာရဓာတ်တွေ ပါဝင်နေရုံမက ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို တည်ငြမ်စေတာ၊ ဆာလောင်မှုကို ထိန်းချုပ်ပေးတာ၊နှလုံး အတွက်အားဖြည့် ပေးတာဆိုတဲ့  အကျိုးတွေရှိပါသတဲ့ ။ သူ့ မှာ သကြားဓာတ်ပါဝင်မှုများသည့် တိုင်အောင် ပျော်ဝင်လွယ်တဲ့  အမျှင်ဓာတ် ပါဝင်နေတော့    သွေးတွင်းသကြားဓာတ်ကို ပြန်ထိန်းပေးထားပါတယ်။ သူ့ မှာပါဝင်တဲ့  ဓာတ်တိုးဆန့် ကျင်ပစ္စည်း quercetin ကအစွမ်းထက်ပါတယ်။ အဲဒီဓာတ်ကို လက်ဖက်နဲ့ ကြက်သွန်နီတွေမှာလည်း ကြွယ်ဝတာတွေ့ ရပါတယ်။ ဒါကလည်း ပန်းနာ ရင်ကျပ်၊နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အချို့ ကို ကာကွယ်ပေးပါတယ်။ လေ့ လာသုတေသနပြုချက်တွေ အများကြီးအရကိုပဲ ဆီးချို၊ နှလုံးတိက်ခိုက်ခံရမှု တွေအတွက် ကောင်းမွန်တဲ့  အာဟာရဖြစ်ရုံမျှမကပဲ ကိုယ်အလေးချိန်ပါ လျော့ ကျစေတာမို့  ပန်းသီးစားတဲ့ အလေ့  မွေးကြပါစို့ ။
အညောင်းထိုင်ခြင်း
တစ်နေ့တာလုံးထိုင်တဲ့ အချိန်များနေတဲ့ သူတွေအတွက် ဒုက္ခပေးတာက သွေး တွင်းသကြားဓာတ်ပါပဲ။ ကိုယ်လက်လှုပ်ရှားနေမှသာ သွေးထဲက သကြားဓာတ်ကို ကြွက်သားတွေက စုတ်ယူပြီး စွမ်းအင်အဖြစ် ပြောင်းလဲသုံးစွဲတာပါ။ ကြွက်သားတွေ တစ်နေ့ တာလုံး အသုံးမပြုတဲ့  အခါ သကြားဓာတ်တွေ စုပုံလာပါလေရော။ အဲဒီအခါ အဓိက ပြဿနာ (၂) ခု ဖြစ်လာပါတော့ တယ်။ မသုံးပဲထားတဲ့  သကြားဓာတ်တွေက အဆီအဖြစ်ပြောင်းသွားတာက အကြောင်းတစ်ခုပေါ့ ။ ပိုပြိး အရေးပါတဲ့  အကြောင်းကတော့  သွေးထဲမှာ သကြားဓာတ် တွေများလာရင် AGEs ဆိုတဲ့  ဒြပ်ပေါင်းတစ်ခု ပမာဏမြင့် တက်လာစေတာပါပဲ။သူက အာရုံကြောတွေနဲ့  သွေးဆဲလ်တွေကို ဒုက္ခပေးတာပေါ့ ။ ဆီးချိုဝေဒနာသည်တွေ နောက်ဆက်တွဲအဖြစ် ကျောက်ကပ်ပျက်စီးတာ၊ အာရုံကြော ထိခိုက်တာ၊ မျက်စိကွယ်တာတွေဟာ ဒိအချက်ကြောင့် ပါပဲ။ အဲဒီတော့  တကူးတက မဟုတ်တောင် ကိုယ်လက်လှုပ်ရှားတာ၊ လမ်းလျှောက်တာလေးတွေ လုပ်ဆောင်ပေးတာက ခုလို ကြောက်စရာ အနေအထားတွေကိုေ၇ှာင်လွှဲနိုင်မှာပါ။
ဒေါသ
ဒေါသ က ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေတဲ့  အကြောင်းတစ်ခုပါပဲ။ဒေါသကြောင့်  အဝလွန်တာ၊ ဆီးချိုရောဂါတွေတောင် ဖြစ်စေပါသတဲ့ ။ဒါကလည်း စိတ်ဖိအားကြောင့် ထွက်လာတဲ့  အဒရီနလင် လို ဟိုမုန်းတွေကြောင့် ဖြစ်ရတာပါပဲ။အဲဒီ ဓာတ်တွေက သွေးတွင်းသကြားဓာတ်မြင့် တက်စေတာကိုး။ ဒေါသကြောင့်  နှလုံးရောဂါ ရစေတာကလည်း အရေးကြီးအချက်တစ်ခုပါပဲ။ဒေါသဖြစ်လွန်း သူတွေမှာ endothelin ခေါ်တဲ့  ဓာတ်တစ်မျိုး  မြင့် မားလာပြီး သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့ မှုဖြစ်စေတာပါပဲ။ နောက်တစ်ခုကတော့  ဒေါသကြောင့်  နှလုံးခုန်နှုန်း ပုံမှန်ကနေပြောင်းလဲသွားတတ်လို့ ပါပဲ။ တစ်နေ့ လုံး ဒေါသနဲ့  နေထိုင်နေရသူတွေအတွက် အသက်တိုစေမှာအမှန်ပါ။  မကျေနပ်တာ တွေ ရေးချလိုက်ပါ။(စာမူ အဖြစ်တောင်ပို့ လို့ ရသေး)။ မိသားစု၊ မိတ်ဆွေတွေကို ရင်ဖွင့် ပါ။ တခြားစိတ်ပြေလျော့ စရာ နည်းလမ်းတွေနဲ့  အာရုံပြောင်းလိုက်ပါ။ ပျော်ရွှင်မှု သုတေသနပြုချက်တွေအရ ပျော်ရွှင်နေသူတွေမှာ  ကူးစက်ရောဂါတွေ၊ အခြားရောဂါတွေ ဖြစ်နိုင်ခြေ နည်းပါးတာတွေ ရတယ် ဆိုပါတယ်။အဲသလို ပျော်ရွှင်ပြီး အကောင်းမြင်နေသူတွေမှာ cytokines ခေါ်တဲ့  ပရိုတင်းဓာတ်ပမာဏ မြင့် မားနေတတ်ပြိး ကိုယ်ခံအားစနစ်ပိုကောင်းတာ၊ ရောဂါတွေကို တိုက်ခိုက်နိုင်တာ တွေ့ ရပါတယ်။ အကောင်းမြင် ပျော်ရွှင် နေသူတွေအနေနဲ့  အစားအသောက်အနေအထိုင်ပါ မှန်ကန် တက်ကြွပြီး သွေးတွင်း သကြားဓာတ်တွေပါ လျော့ နည်းတာတွေ့ ရပါတယ်။
အိပ်စက်ခြင်း
အိပ်ချိန်နည်းပါးတာ၊ အိပ်ရေးမဝတာက ကျန်းမာရေးကို ဒုက္ခပေးတပါပဲ။ဆာလောင်မှုကို ထိန်းချုပ်တဲ့  leptin ဟိုမုန်းလျော့ နည်းစေပြီး ပိုစားတတ်စေပါသတဲ့ ။နောက်ပြီး စိတ်ဖိစီးမှုဆိုင်ရာ ဟိုမုန်းတွေ ပိုထွက်လာစေတာမို့  သွေးတွင်းသကြားဓာတ်မြင့် မားစေပြန်ပါတယ်။နောက်ထပ် လေ့ လာမှုတွေအရလည်း တစ်နေ့  (၇) နာရီထက် လျော့ ပြီးအိပ်စက်သူတွေမှာ နှာစေးချောင်းဆိုး အအေးမိတာတွေ(၃)ဆ ပိုပြီးဖြစ်နိုင်ခြေရှိပါသတဲ့ ။ အိပ်ရေးဝတာ မဝတာကတော့  အိပ်ချိန်နဲ့ သိပ်ထပ်တူမကျလှပါဘူး။တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ဘာပဲဖြစ်ဖြစ် ပုံမှန် အိပ်ရေးဝမဲ့ အိပ်ချိန်တော့  လိုအပ်ပါတယ်။ အလေ့ အကျင့် ဖြစ်နေရပါမယ်။ သံပတ်ပေးပြီး  နိုးထနေရတာချည်းဆိုလည်း အိပ်ရေးမဝတဲ့  ပြဿနာခံစားရတတ်ပါတယ်။ တစ်နေ့  (၇) နာရီ၊(၈) နာရီတော့  အိပ်စက်ချိန်လိုအပ်ပါတယ်။
                       တင်ပြခဲ့ တဲ့  အထဲက ပြောင်းလဲဖို့ လိုအပ်တဲ့  အမူအကျင့် တွေ ၊ အသစ် စတင်သင့် တယ်လို့  ယူဆတဲ့  အမူအကျင့် တွေ တွေ့ မိပါရဲ့ လား။ ပြောင်းလို့ ကောင်းမယ်ဆိုရင် ပြောင်းကြည့် ကြရအောင်။                                                                                                                မှိုင်း(ဆေး-၂)
https://www.facebook.com/notes/ko-hmine/ မှကူးယူတင်ပြပါသည်။
Thursday, 13 June 2013
(တရားထိုင်ခြင်းကိုလေ့ကျင့်ပါ)
တရားထိုင်ခြင်းကိုလေ့ကျင့်ပါ
မကြာသေးမီက လေ့လာတွေ့ ရှိချက်အရ စိတ်ကို နက်နက်ရှိုင်းရှိုင်း အနားယူစေခြင်းဟာ ခန္ဒာကိုယ်ပါ
ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်းတွေ့ ရပါတယ် ။ ယောဂကျင့်စဉ် ၊ တရားကျင့်စဉ် စတာတွေကို စွဲ
မြဲ နက်ရှိုင်းစွာ လေ့ကျင့်သူများဟာ မလေ့ကျင့်သူများထက် ရောဂါတိုက်ထုတ်နိုင်စွမ်းရှိတဲ့ မျိုးရိုးဗီဇတွေ
တိုးပွားများပြားတာကိုတွေ့ ရပါတယ်။နေ့ စဉ်တရားလေ့ကျင့်ပြီး (၃) လကြာပြီးနောက်မှာတော့ ကင်ဆာ
နဲ့ ရောဂါဆဲလ်တွေကို သတ်ဖြတ်ထားဆီးနိုင်တဲ့  ဗီဇဆဲလ်တွေ နိုးကြားလှုပ်ရှားလာတာကိုလည်းတွေ့ ရ
ပါတယ် ။ စိတ်ကိုအပန်းဖြေအနားယူစေခြင်းဟာစိတ်ကိုကြည်လင်လန်းဆန်းစေတဲ့  စရိုတိုနင်နဲ့ ကိုယ်
ခန္ဒာကြီးထွားစေတဲ့ ဟော်မုန်းများ တိုးမြင့်ထွက်ရှိမှုနဲ့ လည်း ဒွန်တွဲနေတယ်လို့ ဆိုပါတယ် ။ ဒါကြောင့်
ခန္ဒာကိုယ်ကိုသာမက စိတ်ကိုလည်းအနားယူစေနိုင်ဖို့ တရားလေ့ကျင့်ပါ ၊ စိတ်ကြည်လင်လန်းဆန်းတဲ့ 
အခါရုပ်ပါ ကြည်လင်နုပျိုလာမှာ အမှန်ပါပဲလို့ တိုက်တွန်းလို ပါတယ် ။
( စိတ်ဖိစီးမှုကင်ပါစေ )
စိတ်အပန်းဖြေခြင်းဟာ သွေးပေါင်ကျစေပြီး ခန္ဒာကိုယ်ရဲ့ စိတ်အခြေအနေကိုကြည်လင်ကောင်းမွန်စေတဲ့
ဓာတ်နဲ့ ဟော်မုန်းများထွက်ရှိမှုကိုမြင့်တင်ပေးနိုင်ပေမယ့် စိတ်ဖိစီးမှုကတော့ ခန္ဒာကိုယ်ကိုယိုယွင်းပျက်စီး
စေပြီး အိုမင်းစေပါတယ် ၊စိတ်ဖိစီးတဲ့ အခါ ကော်တီဇောနဲ့ အေဒီရီနယ်လင်ဟော်မုန်းများ ထွက်ရှိလာပြီး
နှလုံးခုန်းနှုန်းနဲ့ သွေးပေါင်ချိန်ကိုတိုးစေပါတယ် ။ ကိုယ်ခံအားကိုကျစေပြီး မျိုးဆက်ပွားမှုကိုလည်း လျော့
ကျစေပါတယ် ။ စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေရှင်းဖို့ နည်းလမ်းကတော့ စိတ်ဖိစီးမှူုဖြစ်စေတဲ့  အခြေခံ
အကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ပြီး ရှောင်ရှားနေထိုင်ဖို့ ပါပဲ ၊ ဒီနည်းနဲ့ ဖြေရှင်းဖို့ မလွယ်ကူလှရင်
တော့ သင်အမှန် တကယ်စိတ်ဝင်စားနိင်မယ့်  အကြောင်းအရာများဖြစ်တဲ့ စာဖတ်ခြင်း ၊ ဂေါက်ရိုက်ခြင်း
ဟာသရုပ်ရှင်များကြည့်ခြင်း စတာတွေကို အာရုံဝင်စားခြင်းဖြင့် ဖိစီးမှုကို သယ်ဆောင်လာတဲ့ အာရုံတွေ
ကိုတိုက်ထုတ်ပါ ။ အထက်မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ တရားလေ့ကျင့်ခြင်းဟာလည်း
စိတ်ဖိစီးမှုကိုတိုက်ဖျက်ရာမှာ အကောင်းဆုံးနည်းလမ်းများဖြစ်တာမို့ ကြိုးစားကြည့်စေလိုပါတယ် ။
  by shinnsawpu