အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday, 20 January 2014

လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်


 ဤနည်းမှာ တရုတ်ပြည်မှ ကုသနည်းဖြစ်ပါသည်။ ပထမအရေးကြီးဆုံးအချက်မှာ လေဖြတ်သောလူနာကို ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်း စသည်ဖြင့် မည်သည့်နေရာ တွင်ဖြစ်စေ၊ ဖြစ်သောနေရာမှ ရွှေ့ပြောင်းသယ်မခြင်း လုံးဝမလုပ်ရပါ။ ထိုသို့ချက်ခြင်းရွှေ့ ပြောင်း၊ သယ်ဆောင်ပါက ကားဆောင့်ခြင်း၊ လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးဏှောက်သွေးကြောလေးများကို ပိုလျင်မြန်စွာပေါက်ကွဲစေပြီး၊ လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့်လူနာကို မည်သည့်နေရာသို့မျှ ရွှေ့ပြောင်းခြင်း မပြုလုပ်ပါနှင့်။ လူနာကို ဖြစ်သည့်နေရာ၌ပင် အသာထူမပေးပြီး ပြန်လဲမကျသွားစေရန် အသာမှေး၍ထိုင်စေရပါမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှ လူတစ်ဦးက အသာမှေး၍ထူမပေးပါ။ ထိုသို့ထူမပြီးပြီးချင်း ပိုးသတ် ထားသောဆေးထိုး အပ်ဖြင့်သော်လည်း ကောင်း၊ မီးရှို့ထားပြီးသော လက်ချုပ် အပ်ထိပ် ဖျားဖြင့်သော်လည်းကောင်း လူနာ၏လက်ဆယ်ချောင်းထိပ်ဖျား များကို ပိုးသတ်ထားသောအပ်ဖြင့် (ပဲစေ့ခန့်)သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ သွေးစက်ပဲစေ့ခန့် ထွက်မ ထွက် ခေ တ္တစောင့်ကြည့်ပါ။ အကယ်၍သွေးမထွက်ပါက သွေးထွက်လာအောင် လက်ဖြင့်ညုစ်ထုတ်ပေး ပါ။ လက်ချောင်းတိုင်း သွေးတစ်စက်စီထွက်သွားပြီး မိနှစ်ပိုင်းအတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။ အကယ်၍ လူနာပါးစပ်ရွဲ့သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီရဲလာသည့်တိုင်အောင် လက်ဖြင့်ပွတ် ဆွဲပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း နားပေါက်ဖောက်သည့်နေရာ၌ ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက် နှစ်ချက်စီ ဖောက်ပေးရပါမည်။ နားရွက်နှစ်ဖက်စလုံးမှ သွေးနှစ်စက်စီ ပဲစေ့ခန့်ထွက်လာပြီး မိနှစ်ပိုင်းအတွင်း ပါးစပ်ရွဲ့ရာမှ ပြန်တည့်သွားပါလိမ့်မည်။ ထိုလူနာ ပုံမှန်အခြေအနေ သို့ရောက်အောင်စောင့်ပြီးမှ ဆေးရုံသို့ လူနာကိုပို့ပေး၍ လိုအပ်သောဆေးကုသမှုကို ခံယူပါစေ။ ယခုကဲ့သို့ ရှေးဦးစွာပြုစုပြီးမှ ဆေးကုသခံစေပါက အကြောသေခြင်း၊ ခြေလက်လှုပ်မရခြင်း၊ စကားမပီခြင်းတို့မှ လုံးဝလွတ်ကင်းသွားစေပါမည်။ ဤနည်းမှာ ရာနှုန်းပြည့်လက်တွေ့ပျောက်ကင်း သက်သာသောနည်းဖြစ်ပါသည်။ ဤနည်းကို လူအများ လေဖြတ်ခြင်းဝေဒနာမှကင်းဝေးစေရန် နီးစပ်ရာအသိမိတ်ဆွေများထံသို့ တစ်ဆင့်ဖြန့်ဝေခြင်းဖြင့်ကုသိုလ်ယူပါ။ လွန်ခဲ့သော(၁၅)နှစ်ခန့်က မဂ္ဂဇင်းတစ်စောင်တွင် အမျိုးသမီးဆရာဝန်တစ်ဦးရေးထားသောဆောင်းပါးမှ ကူးယူထားခဲ့ခြင်းဖြစ်ပါသည်။ စာအုပ်များရှင်းရာမှ မှတ်ထားသောစာရွက်ကိုပြန်တွေ့ရ၍ တင်လိုက်ပါသည်။ ကျနော်၏ ညံ့ဖျင်းမှုကြောင့် စာရေးသူဆရာဝန်နာမည်နှင့် မဂ္ဂဇင်းကို မမှတ်မိတော့ပါ။ ကလောင်ရှင် ဆရာဝန်နှ င့်  ဆောင်းပါးဖော်ပြခဲ့သောမဂ္ဂဇင်းအား တောင်းပန်အပ်ပါသည်။ ထိုဆောင်းပါးထဲတွင် စာရေးသူ ဆရာဝန်က ကိုယ်တိုင်စမ်းသပ်ကုသကြည့်ပြီး ရာနှုန်းပြည့်ပျောက်ကင်းကြောင်း သတင်းကောင်းပေး ထားပါသည်။

Saturday, 18 January 2014

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်း



ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိ သလိုကျန်းမာရေးကိုလည်းထိခိုက်စေနိုင် ပါ တယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထား တဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပိုကိုယ်အလေးချိန်တွေ လျော့ ကျစေ ဖို့    လုပ်ဆောင်ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ် လိုရီပိုမို လောင် ကျွမ်းအောင်လုပ်ဆောင် ပေးပါ။ဝမ်းဗိုက်ြွကက်သားတွေသန်စွမ်း အောင်အိပ်ထမတင်လေ့ကျင့်ခန်း၊အ လေး မ တဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ က အကောင်းဆုံးနည်းပါ။ ဒါက ကိုယ် အလေးချိန်ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်

(၂) အမျှင်ဓာတ်များများ စားပါ
အမျှင်ဓာတ်များများပါတဲ့        အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။အမျှင်ဓာတ်ပါတဲ့ ကောက်နှံတစ်ခုလုံးနဲ့လုပ်တဲ့အစာတွေကဗိုက်မြန်မြန်ပြည့်စေပြီးဟင်းသီးဟင်းရွက်ေ တွက ကယ်လိုရီပါ ဝင်မှု နည်းပါးပါတယ်။
(၃) ဆားလျှော့စားပါ
လူအများစုဟာ ဆိုဒီယမ်ကို လိုအပ် တာထက် နှစ်ဆ   ပိုစားနေကြတယ်လို့ ကျွမ်း ကျင်သူတွေက အကြံပြု ထားပါတယ်။ ဆား    အများကြီး စား တာကြောင့် သွေးတိုး စေနိုင်သလို လေပွစေနိုင်ပါတယ်။ ဆား ပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်    ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုး ကို အရင်ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ်ရပ်ဖို့အတွက်အကောင်းဆုံးကလတ်ဆတ်တဲ့ပါဝင်ပစ္စည်းတွေ ကို သုံးပြီး အိမ် မှာ မိမိဘာသာ ချက်ပြုတ်ပြင်ဆင်ပြီး စား တာပဲ ဖြစ်ပါတယ်။    ရေများများသောက် တာက ဆိုဒီယမ် ပမာဏကို လျော့ကျစေ ပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ
ညစာကို များများစားတာကြောင့် ဗိုက်ပူနေတယ်ဆိုရင်နည်းနည်းနဲ့မကြာခဏစားတဲ့အလေ့အထကို ပြောင်း လဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄နာရီကြာ တိုင်း အစာနည်းနည်း စားပေးပါ။   ဒါဆို ရင် ဗိုက်ဆာတာနဲ့ အစာ ကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန်လျော့ကျပေမယ့် ခါးအတိုင်းအတာက လျော့ကျမှုမရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ကြယ်စင်

Aye Chan Mon# Credit To : မြန်မာ့ရောင်စဉ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Friday, 17 January 2014

ဆီးချို ပျောက်တဲ့နည်း


မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။
ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့ စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြု လုပ် စီမံပြီး သောက်စေခဲ့တယ်။
(၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။
တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။

ဦးစန်းမောင် (မန်း

Thursday, 16 January 2014

လည်ချောင်းတွင် အရိုးဆူးပါလျှင်


(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။
ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

ဒေါန

Wednesday, 8 January 2014

ပိန်ချင်သူများအတွက် နှစ်ပါတ်အတွင်း (၅)ပေါင်ကျနည်း

ပိန်ချင်သူများအတွက် နှစ်ပါတ်အတွင်း (၅)ပေါင်ကျနည်း
=============================
 
(၅)ပေါင်ကျတယ်ဆိုတော့ တကယ်တမ်းမှာ တရက်ကို ၁၇၅၀၀ ကယ်လိုရီလောင်ကျွမ်းခြင်း ပါပဲ။ ဒါဟာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဖော်ပြထားတဲ့ နည်းလမ်းတွေကို မှန်ကန်စွာလိုက်နာပြီး ကျန်းမာရေးနဲ့လည်းညီအောင် အချိန်မှန်မှန်နဲ့ ကြိုးကြိုးစားစားလုပ်မယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

(၁)     မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ လက်ရှိမှာ နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာ လေ့ကျင့်ခန်း လုပ်နေတယ်ဆိုရင် မနက်ပိုင်းကို ပြောင်းလုပ်ခြင်းက သင့်ရဲ့ကိုယ်တွင်းဇီဝဖြစ်စဉ် ပြောင်းလဲမှုကို ၁၄နာရီကြာအောင် ထိန်းထားနိုင်ပါတယ်။ ဒါမှမဟုတ် တစ်နေ့လုံးလည်း ခံနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်ဟာ အနည်းဆုံး မိနစ်(၂၀)ကနေ (၃၀)ကြားရှိရမှာဖြစ်ပြီး အိပ်ရာနိုးပြီးချိန်မှာ လုပ်ရပါမယ်။

(၂)     လေ့ကျင့်ခန်းမလုပ်ခင် ကော်ဖီသောက်ပါ။ ကဖင်းဓါတ်ဟာ လေ့ကျင့်ခန်းလုပ်တဲ့နှုန်း မြင့်မားအောင် တွန်းအားပေးတဲ့အတွက် သင့်ကိုယ်သင့် ပိုပြီး ပြင်းပြင်းထန်ထန် မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာမှမရှိတဲ့ သင့်ရဲ့ အစာအိမ်က ကော်ဖီသောက်ပြီးနောက် အော့အန်တဲ့ ဝေဒနာခံစားရစေတယ်ဆိုရင်တော့ ဒီအဆင့်ကို ကျော်ထားလို့ရပါတယ်။

(၃)     လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်ရာမှာ တမိနစ်ကို beats 140 (BPM) ရှိတာမျိုး ရွေးချယ်သင့်ပါတယ်။

(၄)     မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီး မိနစ်သုံးဆယ်မကျော်ခင်မှာ သင့်ရဲ့ မနက်စာကိုစားပါ။

(၅)     လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ၃၄၀၀ ကယ်လိုရီရှိတဲ့ အသားနဲ့ ၂၂၀၀ ကယ်လိုရီရှိတဲ့ snacks တွေ စားပေးဖို့လိုပါတယ်။ ဒါမှသာ ကျန်းမာရေးနဲ့ညီတဲ့ ၀ိတ်ချနည်းကို ရရှိမှာပါ။

(၆)     ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေစားခြင်းကို ရှောင်ကျဉ်ပါ။ အဲဒီအစား သစ်သီးနဲ့ အရွက်တွေစားပါ။

(၇)     အချိုစားချင်တဲ့အခါ အသီးနဲ့ ချောကလက်အနက်တွေနဲ့ အစားထိုးပါ။

(၈)     ရေများများသောက်ပါ။

(၉)     အမျှင်ဓါတ်များတဲ့အသီးအနှံ ၊  ပဲ စတာတွေ စားပေးပါ။

(၁၀)   နေ့ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ပင်ပန်းနေတဲ့ သင့်ခန္ဓာကိုယ်ကို balance ညီစေဖို့အတွက် ညဘက်မှာ ယခင်အိပ်ချိန်ထက် မိနစ်(၃၀)ပိုအိပ်ရပါမယ်။ ဒီထက်ပိုအိပ်ရင်တော့ အလေးချိန်ပြန်တက်နိုင်တာ သတိထားရပါမယ်။

          ကိုယ်လိုချင်တဲ့ အလေးချိန် ၊ လိုချင်တဲ့ရလဒ် မရမချင်း မရပ်တန့်ဖို့တော့ လိုပါလိမ့်မယ်။

Trend Myanmar
(၅)ပေါင်ကျတယ်ဆိုတော့ တကယ်တမ်းမှာ တရက်ကို ၁၇၅၀၀ ကယ်လိုရီလောင်ကျွမ်းခြင်း ပါပဲ။ ဒါဟာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဖော်ပြထားတဲ့ နည်းလမ်းတွေကို မှန်ကန်စွာလိုက်နာပြီး ကျန်းမာရေးနဲ့လည်းညီအောင် အချိန်မှန်မှန်နဲ့ ကြိုးကြိုးစားစားလုပ်မယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ (၁) မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ လက်ရှိမှာ နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာ လေ့ကျင့်ခန်း လုပ်နေတယ်ဆိုရင် မနက်ပိုင်းကို ပြောင်းလုပ်ခြင်းက သင့်ရဲ့ကိုယ်တွင်းဇီဝဖြစ်စဉ် ပြောင်းလဲမှုကို ၁၄နာရီကြာအောင် ထိန်းထားနိုင်ပါတယ်။ ဒါမှမဟုတ် တစ်နေ့လုံးလည်း ခံနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်ဟာ အနည်းဆုံး မိနစ်(၂၀)ကနေ (၃၀)ကြားရှိရမှာဖြစ်ပြီး အိပ်ရာနိုးပြီးချိန်မှာ လုပ်ရပါမယ်။ (၂) လေ့ကျင့်ခန်းမလုပ်ခင် ကော်ဖီသောက်ပါ။ ကဖင်းဓါတ်ဟာ လေ့ကျင့်ခန်းလုပ်တဲ့နှုန်း မြင့်မားအောင် တွန်းအားပေးတဲ့အတွက် သင့်ကိုယ်သင့် ပိုပြီး ပြင်းပြင်းထန်ထန် မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာမှမရှိတဲ့ သင့်ရဲ့ အစာအိမ်က ကော်ဖီသောက်ပြီးနောက် အော့အန်တဲ့ ဝေဒနာခံစားရစေတယ်ဆိုရင်တော့ ဒီအဆင့်ကို ကျော်ထားလို့ရပါတယ်။ (၃) လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်ရာမှာ တမိနစ်ကို beats 140 (BPM) ရှိတာမျိုး ရွေးချယ်သင့်ပါတယ်။ (၄) မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီး မိနစ်သုံးဆယ်မကျော်ခင်မှာ သင့်ရဲ့ မနက်စာကိုစားပါ။ (၅) လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ၃၄၀၀ ကယ်လိုရီရှိတဲ့ အသားနဲ့ ၂၂၀၀ ကယ်လိုရီရှိတဲ့ snacks တွေ စားပေးဖို့လိုပါတယ်။ ဒါမှသာ ကျန်းမာရေးနဲ့ညီတဲ့ ၀ိတ်ချနည်းကို ရရှိမှာပါ။ (၆) ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေစားခြင်းကို ရှောင်ကျဉ်ပါ။ အဲဒီအစား သစ်သီးနဲ့ အရွက်တွေစားပါ။ (၇) အချိုစားချင်တဲ့အခါ အသီးနဲ့ ချောကလက်အနက်တွေနဲ့ အစားထိုးပါ။ (၈) ရေများများသောက်ပါ။ (၉) အမျှင်ဓါတ်များတဲ့အသီးအနှံ ၊ ပဲ စတာတွေ စားပေးပါ။ (၁၀) နေ့ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ပင်ပန်းနေတဲ့ သင့်ခန္ဓာကိုယ်ကို balance ညီစေဖို့အတွက် ညဘက်မှာ ယခင်အိပ်ချိန်ထက် မိနစ်(၃၀)ပိုအိပ်ရပါမယ်။ ဒီထက်ပိုအိပ်ရင်တော့ အလေးချိန်ပြန်တက်နိုင်တာ သတိထားရပါမယ်။ ကိုယ်လိုချင်တဲ့ အလေးချိန် ၊ လိုချင်တဲ့ရလဒ် မရမချင်း မရပ်တန့်ဖို့တော့ လိုပါလိမ့်မယ်။
 Trend Myanmar

Friday, 3 January 2014

တရားထိုင်ခြင်းဖြင့် နှလုံးနှင့်ဆက်စပ်ရောဂါများ လျော့ပါးသက်သာစေနိုင်


သမာဓိတည်ဆောက်ခြင်း၊ တရားထိုင်ခြင်းစသည့် စိတ်လေ့ကျင့်ခန်းများသည် နှလုံးနှင့် ဆက်စပ်ရောဂါများ ကို လျော့ပါးသက်သာစေကြောင်းပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ (၁၉၆၀)ပြည့်လွန် နှစ်များကတည်းက လေလွင့်ဟစ်ပီများသည် နှလုံးနှင့် ပတ်သက်သော ရောဂါများနှင့်
စိတ်ဖိစီးမှု ဝေဒနာတို့ကို ပျောက်ကင်းစေကြောင်း ယုံကြည်လေ့ကျင့်ခဲ့သော်လည်း တိတိကျကျ သုတေ သန မှတ်တမ်းမူ မရှိခဲ့ပေ။ ယင်းကဲ့သို့ စိတ်၏တည်ငြိမ်မှု လေ့ကျင့်ခန်းများကို ကမ္ဘာကျော် Beatles အဖွဲ့ဝင်များ၊ ကလင့်အိစ်ဝုဒ်၊ ဒေးဗစ်လင့်ခ်ျစသည့် ကမ္ဘာကျော် အနုပညာရှင်များကလည်း စနစ်တကျ ကျင့်သုံးလေ့လာဖူးသည်။ မဟာရီရှီတက္ကသိုလ်မှပါမောက္ခ ဒေါက်တာရောဘတ်ရှင်းဒလားက  လေ့လာမှုများ အရ တရားထိုင်ခြင်းကို စွဲမြဲစွာ ပြုလုပ်သူများသည် နှလုံးသွေးကြောတွင် ဖြစ်ပွားတတ်သော ရောဂါများ ပေါ်ပေါက်လာနိုင်မှုကို သာမန်ထက် (၄၇)ရာခိုင်နှုန်း ကျဆင်းသွားစေကြောင်း ထောက်ခံခဲ့သည်။ ဒေါက်တာရှင်းဒလားနှင့် အဖွဲ့သည် အာဖရိကန်-အမေရိကန် ကပြားအမျိုးသမီး (၂၀၁)ဦးတို့၏ နှလုံးသွေးကြောကျဉ်း ရောဂါကို တရားထိုင်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့် အဖွဲ့များခွဲကာ ကုသပေးခဲ့သည်။ ယင်းတို့အနက် တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲ ပြုလုပ်သော အဖွဲ့သည် အခြားနည်းလမ်းများထက် အကျိုးသက်ရောက်မှု များပြားသလို သေနှုန်းလည်း အလွန် နည်းကြောင်း  ဖော် ထုတ်တွေ့ရှိခဲ့သည်။ (၉)နှစ်ကြာ ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ တရားထိုင်ခြင်း၊ သမထ ထူထောင်ခြင်း စသော လုပ်ငန်းများသည် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်ကြောင်း ပညာရှင်များက သိရှိလာရ သည်။  ဒေါက်တာရှင်းဒလားက "ဆေးရုံမှတ်တမ်းတွေနဲ့ တရားထိုင်မှုကြောင့် နှလုံးကျန်းမာရေးကို ဘယ်လိုဆက်နွယ်နေမလဲ အသေးစိတ် လေ့လာတာ ဒါပထမဆုံးအကြိမ်ပါ။ ရလဒ်တွေက ကျေနပ်စရာ ကောင်းပါတယ်"ဟု ပြောဆိုသွားသည်။ တရားထိုင်ခြင်းသည် နှလုံးရုတ်တရက် ဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်း၊ စိတ်ဖိစီးခြင်းစသော အခြေအနေများကို ကာကွယ်ရန်လည်း အလွန်ထိရောက်သော ကာယလေ့ကျင့်ခန်းတစ်မျိုးအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Ko Gyi on 20/06/10

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com

Thursday, 26 December 2013

က တိ



*** ဆရာ တက်တိုး ရဲ့ ဆောင်းပါးကောင်းကလေးတစ်ခုပါ...***
။- - - - - - - - - - - - - - - - - - - - - - - - - - - - - - - ။
" ဆိုခဲစေ၊ မြဲစေ" ဟူသော သတိပေးစကားသည် တိုသလောက် လေးနက်သည် ။ " ကတိ " ဆိုသည်မှာအတည်ပြုသောစကားဖြစ်၏ ။ " စကားတို့၏ အချုပ်သည် ဂတိ၊ တရားတို့၏ အချုပ်သည် သတိ " - ဟုကျည်းကန်ရှင်ကြီး မေတ္တာစာတွင်ဆိုထားသည် ။ ပြောဆို ဆွေးနွေးသော စကားများစွာ တို့ ၏ နောက်ဆုံး နိဂုံး ချုပ်၌ " ကတိ " ဟူသော သဘောတူညီချက်ဖြစ်သည်။ ဆွေးနွေးချက် တို့ သည် ထွေပြား  မြောက်များသော စကားဟူသည့် အဆိုတို့နှင့် စ၍ နောက်ဆုံး၌ အများ သဘောတူညီသည့် အချက်များအတိုင်း ဆောင်ရွက်ကြမည်ဟု ကတိပြုကြသည်။
နိုင်ငံ အချင်းချင်း ဆက်ဆံမှုများ၌ ဖြစ်စေ၊ ဆွေးနွေးညှိနှုင်းမှု များ၌ ဖြစ်စေ သဘောတူညီချက်များဖြင့် နိဂုံး ချုပ်ကြသည်။ ယင်းသို့ သဘောတူညီချက်ရမှသာ ညှိနှုင်းမှု အောင်မြင်သည်။ မအောင်မြင်ခြင်းသည် သဘော တူညီမှု မရနိုင်ဘဲ လိပ်ခဲ တည်းလည်း ဖြစ်နေခြင်းကို ညွှန်းသည်။ သဘောတူညီချက် တို့ သည် ရှေ့လုပ်ငန်းစဉ် အသီးသီးတို့ ချမှတ်၍ ဆောင်ရွက်ကြမည် ဟူသော ကတိ ပြုချက်များ ပင်ဖြစ်သည်။

ကတိ သည် အမှန်စကားကိုညွှန်းသည်။ မှန်ကန်မှုကိုသာ ပြုပါမည်ဟု ဆိုခြင်းသည်ပင် ကတိ ပြုသည်ဟူ၏ ။
စကား အလျဉ်းသင့်သည့် အလျှောက် အင်္ဂလိပ် ဝေါဟာရ နှစ်လုံး၏ အဓိပ္ဖါယ် ဆက်စပ်မှုကို ဖော်ပြပါရစေ ။ ယင်းသို့သော ဆက်စပ်မှုမျိုးသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ အင်္ဂလိပ်စာကိုလေ့လာလိုသော ၀ါသနာရှင် တို့အား သိပြီးလျှင်လည်း ထပ်မံ၍ သိစေရန်၊ မသိသေးလျှင် သိစေရန် စေတနာဖြင့် စကားချပ် တစ်ခု အဖြစ် ဖော်ပြခြင်း ဖြစ်ပါသည်။ " ကတိ " သည် အင်္ဂလိပ် ဝေါဟာရ Promise နှင့် အဓိပ္ဖါယ်တူသည်။ သဘောထားခြင်း မညီညွတ်သေးသည့်အခါ တစ်ဖက်နှင့် တစ်ဖက် မျှတ,သော အပေးအယူ လုပ်ခြင်းဖြင့် သဘောတူညီမှု ရနိုင်ပေသည်။ ယင်းသို့ ပြုသော ဖျန်ဖြေမှုကို အင်္ဂလိပ်လို Compromise ဟုခေါ်သည်။ ယင်းဝေါဟာရကို ပုဒ်လိုင်းခွဲလိုက်ပါမူ Com = "အတူတကွ" " ဆုံဆည်းရာ" + Promise = "က တိ "။ Compromise သည် အရေးယူဆောင်ရွက်ပါမည်ဟူသော ပြောကြားချက် ( ကတိ ) နှစ်ခု ဆုံဆည်းမှုဖြစ် သည်။ အပေး အယူပြု၍ နှစ်ဖက်မျှစေရန် အပြန်အလှန် ဂတိပြုရင်းဖြင့် ပဋိပက္ခ မှု ပြဿနာ တစ်ရပ် ပြေ လည်ခြင်းကို ဆိုလိုသည်။
" မင်း မှာ သ စ္စာ" " လူ မှာ က တိ " ဟု အဆိုရှိသည်။ ကတိနှင့် သစ္စာတို့၌ တူညီသော အဓိပ္ဖါယ် ရှိကြောင်း  ဖော်ညွှန်းသည်။ ကတိပြုသည်ဟု ဆိုရာ၌ အမှန် ဆောင်ရွက်ပါမည်ဟူသော သဘော တူချက် ကို ဖော်ပြပေသည်။ သစ္စာ ဟူသည် အမှန်စကား၊ အမှန်တရား ဟူ၍ ပင် ။ "သမုတိသစ္စာ" သည် အပြင် အမှန်တရားဖြစ်သည်။ "ပရမတ္ထသစ္စာ" သည်အတွင်း အမှန်တရားဖြစ်သည်။ လောကီရေးရာ၌ သမုတိ သစ္စာ ဟူသော အများသဘောတူ လက်ခံ၍ ၊ သစ္စာဟူ၍ ခေါ်ဝေါ်သမုတ်သည့် အမှန်တရား သည် လောက ကို လွှမ်းမိုးသည်။ ထို အမှန်တရားဖြင့်ပင် လူမှုရေးရာ အဖြာဖြာကို ထိန်းသိမ်း စောင့်ရှောက် ပေးပေသည်။ ပရမတ္ထသစ္စာ မှာမူ သင်္ခါရ လောကကို လွန်မြောက်၍ ဖောက်ပြန် ပြောင်းလဲခြင်းမရှိ၊ အမြဲတည်နေသော အမှန်တရားဖြစ်ပေသည်။
" သစ္စာတရားသည် အမြဲတည်နေရမည် " - ဟူသော စကားရပ်၏ အဓိပ္ဖါယ်သည် အမှန်တရား ဟူသော လောက၌ဖြစ်စေ၊ လောကုတ္တရာ၌ပင် အမြဲတည်နေသည်ဟူ၍ ဖြစ်၏ ။ သမုတိသစ္စာ သည် လောကီရေးရာတို့၌ လိုအပ်သောပစ္စည်း ဖြစ်သည်။ လောက၌ အမှားကို အမှန် လွှမ်းရမည်။ သို့မှသာလျှင် ငြိမ်းချမ်းသာယာသော လောက ဖြစ်ပေလိမ့်မည်။ အမှန်ပြုပါမည်၊ ကောင်း စွာဆောင် ရွက်ပါမည်၊ အကျိုးဖြစ်ထွန်းစေရန်ဆောင်ရွက်ပါမည်...ဟူသော အဆိုတို့သည် " က တိ " ပင်ဖြစ်၏။ ယင်းသို့ ၀န်ခံမှုကို ပြုရာ၌ မှန်ကန်သော စေတနာရှိရပေမည်။ စေတနာမမှန်ဘဲ လှည့်ဖျားလိုသော သဘောကို စကားတို့ဖြင့် သိုဝှက်ကာ ကတိကို ပေါ့တန် လွယ်ကူစွာပေးခြင်းသည် ကတိ ဟူသော အမှန်တရားကို ညွှန်းသောစကားကို အလွဲသုံးရာ ကျသည်။ ကတိ ပေးခံရသူတစ်ဦးဖြစ်စေ၊ အများဖြစ်စေ တို့ကို စော်ကားရာ ကျသည်။ ယင်းသို့ ကတိ ကိုလွယ်လွယ်ပေး၍ မိမိ၏ လိုအင်ကို ဖြည့်တင်းသူသည် သူယုတ် ဖြစ်ချေသည်။ လွယ်လွယ်ပေးသော ကတိကို လွယ်လွယ်ပင်မေ့ပစ်လိုက်သော အကျင့်သည် လူများစွာ၌ ရှိ၏။ လူလိမ် လူကောက်တို့၏ အကျင့်ဖြစ်သည်။ ယင်း အကျင့်ရှိသူ၌ သိက္ခာ သမာဓိ မရှိချေ ။ စာရိတ္တ ပျက်ပြား၍ အမြင်အားဖြင့် ကြီးမြင့်စေကာမူ အလွန် အဆင့်နိမ့်သောသူ ဖြစ်သည်။ ကတိ မတည်သူကို ချစ်ခင်လေးစားမှု မပြုကြချေ ။ စကားကြီး စကားကျယ်သုံး၍ ခမ်းခမ်း နားနားပြုသော ကတိ မျိုးကို ယုံရမှာ ခက်လှသည်။

တစ်ဖက်၌ ရှိသော သစ္စာ သမာဓိဖြင့် လေးနက်စွာ စဉ်းစား ဆင်ခြင်ပြီးမှ ပေးသင့်ပေးအပ်သော ကတိကို ဏ္ဍနြေ္ဒ ရရ ပေးသော ပုဂ္ဂိုလ်သည် မိမိပေးလိုက်သော ကတိ ကို တည်စေရန် ကြိုးပမ်းဆောင်ရွက်သည်။ ကတိတည်လျှက်ကတိအတိုင်းဖြစ်မြောက်စေရန်ကြိုးပမ်း ဆောင်ရွက်သူသည်စရဏသူရဲကောင်း  ဖြစ်ပေ

သည်။ ကတိပေးရာ၌ လူလိမ် နှင့် လူဖြောင့် ကွာခြားချက်သည် လူလိမ်က ကတိ ကို လွယ်လွယ်ပေးသည် ။ စကားကြီး စကားကျယ်ပြော၍ မက်လုံးပေးပြီးလျှင် ဖြစ်မြောက်စေ  ရန် ဆောင် ရွက်ပေးပါမည် ဟု နှုတ်ဖျားမှဆွတ်၍ ကတိတစ်ခုမက မြောက်များစွာ ပေးသည် ။

" စကားချပ် " တစ်ခုသွင်းလိုပါသည် ။ အမေရိကန်ပြည်ထောင်စု၏ ပထမ "သမ္မတ ၀ါရှင်တန်" က ရာထူးလက်ခံပွဲ အခန်းအနား၌ သမ္မတ အဖြစ် အမှာစကားပြောရာ...သူ့မိန့်ခွန်းမှာ တစ်မိနစ်ခွဲမျှသာ ကြာလေသည် ။ သူ့မိတ်ဆွေ " ဂျေးလီနို " ကမိန့်ခွန်း ဘာကြောင့် တိုရသနည်းဟု-မေးရာ..၀ါရှင်တန် က..." မုသားစကား မပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့မှာ ပြောစရာစကား မရှိလို့..ပေါ့ " - ဟု ပြောလေသည် ။ ထိုဖြစ်ရပ်ကလေး၌ လေးနက်သော အဓိပ္ဖါယ် ပါရှိလေသည်၊ မြန်မာတို့ အနေဖြင့်ဆိုရလျှင် " စကားများရင် မုသားပါတတ်တယ်" .. ဟူ၍ပင် ၀ါရှင်တန်၏ အဆိုအတိုင်း စကားနည်းသော နိုင်ငံရေးသမားဟူ၍ - မှတစ်ပါး အခြားမရှိ - ဟူ၍ ဆိုရမည်သာဖြစ်သည်။ ၀ါရှင်တန်၏ အဆိုကို ပြန်လည် သုံးသပ်ကြည့်လိုက်လျှင် သမ္မတ သစ်၏ ရာထူးလက်ခံပွဲ၌ ပြောသော မိန့်ခွန်းသည် အပိုအလိုတွေ များပြီး ဂတိတွေ မြောက်များစွာ မပေးဘဲ ရိုးသားစွာ ပြောဆိုရမည်ဆိုလျှင် .. စကားတန် ရှည်စရာမလိုပေ ဟူ၍ ကောက်ချက်ချရမည်သာဖြစ်သည် ။

ကတိ ပေးရသည်မှာ ရိုးသားသူအဖို့ မလွယ်ကူပေ ။ **မိမိ၌ စေတနာထက်သန်ခြင်း ရှိစေကာမူ..မိမိမျှော်မှန်းသလောက် အခြေအနေက အခွင့်မပေးလျှင် ကတိကြွေး တင်ရုံမျှသာ ရှိပေမည်** ။ နိုင်ငံရေး အခြေအနေသည်လည်း အခြားသော အခြေ အနေများနည်းတူ အစဉ် ပြောင်းလဲလျှက်ရှိကာ မမျှော်လင့် မခန့်မှန်းနိုင်ခဲ့သော အခြေအနေမျိုး ပေါ်ပေါက်လာပါမူ မိမိပေးထားသော ဂတိအတိုင်း ဆောင်ရွက်မပေးနိုင် ဖြစ်ချေမည် ။ ထိုသို့သော အရင်းခံ အကြောင်းတရားကို ရှေးရှုသော ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ကတိ ကို အရမ်းပေးနိုင်မည် မဟုတ်ပေ ။ ကတိသည် ကျေးဇူး ကဲ့သို့ပင် အကြွေးတင်သည်။ ကတိအကြွေးကို မဆပ်နိုင်လျှင် မိမိ အဖို့ သိက္ခာကျ နိုင်ဖွယ်ရှိသည်။ ပေးမိသော ကတိ ကို အစွမ်းကုန်ဖြစ်မြောက်စေရန် ကြိုးစားရမည်ဖြစ်ရာ မျှော်မှန်းသည်ထက်ပို၍ ခက်ခဲ နက်နဲ နေပါမူ မိမိမှာ စကားအဖတ်တင်ရုံသာ ရှိချေမည်။

နိုင်ငံရေးသမား သည် ရိုးသားမှုအပြည့်ရှိမှသာ ကတိတစ်ခုကို လွယ်လွယ်ဖြင့် မပေးသင့်ပေ။ ** သို့သော် နိုင်ငံရေးသမား အများစုမှာ ကတိတွေ ဝေဆာပါမှ အတိုက်အခံကို အနိုင်ရနိုင်ဖွယ် ရှိသဖြင့် ပေး၍ချည်းသာ နေရသောကြောင့် တကယ်တမ်းတွေးကြည့်လျှင် သနားစရာပင် ။ နိုင်ငံရေးသမား နှင့် နိုင်ငံ ခေါင်းဆောင်တို့သည် ကွဲပြားခြားနား၏ ။ နိုင်ငံ့ ခေါင်းဆောင်သည် ရာထူးကို အလိုမရှိဘဲ နိုင်ငံနှင့် ပြည်သူတို့ ကောင်းစားမှုကိုသာ လိုလားသည့် အလျှောက် ကတိတွေ မဝေဆာဘဲနေမည်သာ ဖြစ်ပေသည်။**

ဆရာ တက်တိုး ။

### စာရေးဆရာ တက်တိုး ၏ -"ဓမ္မ အတွေး ဘ၀ အမြင် စာစုများ" -မှ ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည် ဝေငှခြင်းဖြစ်ပါသည် ။ ###
Credit >>တက်တိုး - အတွေးအမြင် - ၁၉၉၆ ခုနှစ်၊ မေ လ ။

Sunday, 17 November 2013

စိတ်ရောဂါ


ပြင်ပလောကမှာ သွားလာလှုပ်ရှားနေတာ နဲနဲပါးပါးတော့ လွှမ်းမိုးမူရှိမှာပဲနော်။ သို့သော် အချိန်ပြည့် ပြင်ပလောက ကပဲ ကိုယ့်စိတ်ကို အပြည့်နေရာယူထားမယ်ဆိုရင်
ကိုယ့်စိတ်ကို ပြန်သိဖို့ မဖြစ်နိုင်တော့ဘူး။

အခုခေတ်မှာ အဲဒီပြဿနာ၊ အဲဒီဒုက္ခ၊ အဲဒီအန္တရာယ် အင်မတန်ကြီးလာတယ်။
အခုခေတ် ပစ္စည်းအဆန်းတွေ တိုးပွားလာတာကတော့ တကယ် အံ့သြစရာ ကောင်းပါတယ်။
တိုးတက်မူတွေက လိုက်လို့တောင် မမှီပါဘူး။ အဲဒီပစ္စည်းအဆန်းတွေက ကိုယ့်ဘဝထဲမှာ နေရာ
ဝင်ယူလိုက်တယ်နော်။

အာရုံအမျိုးမျိုးတွေ၊ impression အမျိုးမျိုးတွေ၊ မှားယွင်းနေတဲ့ အတွေးအခေါ် အယူအဆတွေ၊
values ထားတာတွေ၊ သဘောထားတွေ၊ မဟုတ်တာတွေ အဟုတ်လုပ်ပြတယ်။
မကောင်းတာကို အကောင်းလို့ထင်အောင် လုပ်ပြတယ်။ အဝတ်နဲ့ ကြွားမယ်။ အစားနဲ့ကြွားမယ်။
အသောက်အမျိုးမျိုးနဲ့ကြွားမယ်။ ဒါတွေပဲအားပေးနေတာနော်။

ကိုယ့်ဟာကိုယ် ဘာကို တန်ဖိုးထားသလဲဆိုတာ သိပ်မသိတော့ဘူး။
အများနောက်ကို လိုက်နေကြတာ။အများလုပ်သလို လုပ်နေကြတာ။

အဲဒီမှားယွင်းတဲ့ impressions တွေက စိတ်ထဲမှာ နေရာယူလိုက်တယ်။ ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ပြီး စိတ်ဝင်စားနေဖို့ကို အခွင့်အရေးမပေးဘူး။ စိတ်ကို ဖြားယောင်းသွေးဆောင်ပြီးတော့ အဲဒီမဟုတ် တာတွေဘက်ကိုပဲ လှည့်ပေးလိုက်တယ်။ သူတို့က ဆွဲဆောင်သွားတာ။ အကျင့်ပါသွားရင် စွဲတယ်နော်။

ဒါတွေက လူတွေကို ဗဟုသုတတော့ ဖြစ်အောင်လုပ်ပေးတယ်။
ပြင်ပလောကနဲ့ ပတ်သက်တဲ့ ဗဟုသုတကြွယ်ဝအောင်တော့ သူတို့ အထိုက်အလျောက်ပေးမယ်။

တစ်ချိန်တည်းမှာပဲ သူတို့များရင် များသလောက် ဘာဖြစ်မလဲဆိုတော့ ကိုယ့်ရဲ့ အတွင်းလောက၊ ကိုယ့်စိတ်ကို ပြန်သိမူကို အမှောင်ချလိုက်သလို ဖြစ်သွားတယ်။ မှောင်သွားတယ်။ နောက်ဆုံးကျတော့ ကိုယ့်စိတ်ကို ကိုယ်လုံးလုံးမသိတဲ့သူ ဖြစ်သွားတယ်။ အဲသလိုဖြစ်နေတဲ့သူတွေ America မှာ အင်မတန်များတယ်။ absent-minded (သတိလက်လွတ်) တော်တော်ဖြစ်တယ်။ ကိုယ့်စိတ်ကို ကိုယ်လုံးဝမသိဘူး။ ဒါဟာ တကယ့်စိတ်ရောဂါ ဖြစ်ပါတယ်။

သတိ၊သမာဓိနဲရင် စိတ်ရောဂါ ဖြစ်တယ်။ ကိုယ်ကျင့်တရား၊ သီလပျက်စီးရင် စိတ်ရောဂါဖြစ်တယ်။
မေတ္တာ၊ ကရုဏာ ခေါင်းပါးရင် စိတ်ရောဂါ ဖြစ်တယ်။

သတိ၊ သမာဓိ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဒါတွေဟာ စိတ်ကို ကျန်းမာစေတယ်။

ကိုယ်ဖြစ်နေပုံတွေကို သေသေချာချာ သတိထားဖို့ အင်မတန် အရေးကြီးတယ်။ ကိုယ့်ရဲ့ inner world ကို
ကိုယ်သိဖို့ အထူးကြိုးစားဖို့ လိုတယ်။ အချိန်ရှိတုန်းမှာ ကြိုးစားထားမှ။

စိတ်ဓါတ်နဲ့အသိဉာဏ်ကို တိုးတက်စေတဲ့ သတိ၊သမာဓိ ပိုကောင်းလာအောင် လေ့ကျင့်မူကို
လူတော်တော်များများက အကြောင်းတစ်ခုခုကြောင့် မလုပ်ဖြစ်ကြဘူး။
ဒါကိုတော့ လုပ်ဖြစ်အောင် ကြိုးစားဖို့လိုတယ်။

- (ဆရာတော်ဦးဇောတိက)

Wednesday, 6 November 2013

"ချိုင်းချွေးနံ့နံခြင်း နဲ့ တစ်နေကုန် shoe ကြာရှည်စွာစီးထားရတာကြောင့် ခြေထောက်အနံ့နံခြင်း"


လူဆိုတာ "အပုပ်ကောင်ရုပ်ဆောင်" ဆိုတာကြားဖူးကြမှာပါ ။ တကယ်ကို လည်း ဒီအတိုင်း အဟုတ်ပါပဲနော် ။ စမ်းသပ်တဲ့ သဘောနဲ့ မနက်မိုးလင်းကတည်းက မျက်နှာမသစ် သွားမတိုက် ရေမချိုးဘဲ တစ်နေကုန် ဒီအတိုင်းနေကြည့်တဲ့အခါ ပိုပြီးသိသာထင်ရှားလာပါလိမ့်မယ် ။ ကိုယ်ခန္ဓာမှာရှိတဲ့ အပေါက် များကထွက်လာတဲ့ ချွေးတွေ ၊အညစ်အကြေးတွေ ၊ အနံ့အသက်တွေကြောင့် ကိုယ့်အနံ့တောင် မှကိုယ်မခံနိုင်ပါဘူး ဆိုတာမျိုးခံစားမိကြမှာပါ ။
လူတိုင်းမှာ နေ့စဉ်နဲ့အမျှလှုပ်ရှားသွားလာနေကြရတဲ့အတွက် ချွေးထုတ်ဂလင်းတွေ ကနေပြီး ချွေးထွက် တယ် ဆိုတာတော့ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ ။ အဓိကအားဖြင့် ချိုင်းကြား ၊ ခေါက်ပြီးရှိနေ တဲ့ ကိုယ်ခန္ဓာ အစိတ် အပိုင်းတွေ ဥပမာ ။ ဒူးခေါင်းကြား ၊ ပေါင်ခြံ နဲ့ ခြေချောင်းကြားကနေရာတွေမှာ ချွေးတွေထွက်လာ ၊ အညစ်အကြေးတွေစုပုံ ၊ အဲဒီကတစ်ဆင့် ဘက်တီးရီးယား နဲ့ မှိုတွေဖြစ် လာပြီး အရေပြားမှာရှိတဲ့ အနံ့ဆိုးတွေမဖြစ်အောင်ထိန်းထားတဲ့ အက်စစ်ပမာဏကို ပြောင်းလဲသွားစေတဲ့အတွက် ကိုယ်ခန္ဓာ အနံ့အသက်တွေဆိုးရွားလာကာ မိမိကိုယ်တိုင် ရော ကိုယ်နဲ့ဆက်နွယ်တဲ့ ပတ်ဝန်းကျင်ကိုပါ အနှောက်အယှက် ပေးသလိုဖြစ်လာစေပါတယ် ။ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ် အခန်းထဲမှာရောက်နေရတဲ့အခါ ၊ လူအများကြီးတိုး ဝှေ့တန်းစီနေရတဲ့အခါ ၊ အဲဒီလို အနံ့အသက်ဆိုးတဲ့ လူတွေနဲ့တွေ့ရပြီးဆိုရင်တော့ ( ကျွန်မ တက္ကသိုလ်ပထမနှစ်တုန်းက practical partner က အဲဒီလိုလူမျိုးဖြစ်ခဲ့တာမို့ကိုယ်တွေ့နဲ့ယှဉ်ပြီးပြောတာ... ) သေချင်စော်နံလောက်အောင်စိတ်ပျက်ရတော့တာပါ ။

ဒါကြောင့် ဒီနေ့မှာတော့ အထူးသဖြင့် "ချိုင်းချွေးနံ့နံခြင်း နဲ့ တစ်နေကုန် shoe ကြာရှည်စွာ စီးထားရတာကြောင့် ခြေထောက်အနံ့နံခြင်း" အဲဒီအကြောင်းနဲ့ပတ်သက်ပြီး လွယ်ကူရိုးရှင်း တဲ့ဖြေရှင်း နည်းလေး ကို သူငယ်ချင်းတွေကိုပြောပြချင်မိတဲ့စိတ်လေးဖြစ်လာတာ မို့ ကျွန်မသိ သလောက်လေးဝေ မျှပေးလိုက်ပါတယ် ။
သဘာဝပစ္စည်း တစ်မျိုးဖြစ်တဲ့ "ကျောက်ချဉ် " ( Alum ) ကို လူတိုင်းသိကြမှာပါ ။ကြည်လင်နေတဲ့ သဘာဝပုံဆောင်ခဲလေးပေမယ့် သူ့ရဲ့ထူးခြားလှတဲ့အစွမ်းသတ္တိတွေကတော့ မနည်းပါဘူး ။

၁။ရေကိုသန့်ရှင်းစင်ကြယ်စေတယ် ။
၂။ ဆေးဝါးတစ်ချို့မှာ အသုံးပြုနိုင်တယ် ။ ( ကျွန်မတို့ မြန်မာပရဆေးတွေမှာအမြဲပါလေ့ရှိပါတယ် ။ )
၃။ အရေပြားနဲ့ပတ်သက်လို့ ဆိုးရွားတဲ့ချိုင်းချွေးနံ့ နဲ့ ခြေထောက်အနံ့အသက်ဆိုးရွားခြင်းတွေအတွက် ၂၄ နာရီပတ်လုံး ရာနှုန်းပြည့် အနံ့အသက်ကင်းစင်အောင်စွမ်းဆောင်ပေးနိုင်ပါတယ် ။ နောက်ပြီး မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားမှာ ဒဏ်ရာတဲ့အခါ သွေးထွက်တာရပ်အောင် ၊ အနာကျက်မြန်အောင် လည်းပြုလုပ်ပေးနိုင်သလို ခြေဖနောင့် ခြောက်ပြီးအက်ကွဲတာတွေလျော့ပါးသွားအောင် မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ။ နောက်တစ်ခုအနေနဲ့ အင်းဆက်ပိုးမွှားတွေကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အရေပြားယားယံခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ် ။
ဘယ်လိုအသုံးပြုရမလဲဆိုရင် ... လွယ်လွယ်လေးပါပဲနော် ။
ကျောက်ချဉ် အတုံးလိုက်ကို ကျောက်ပြင်မှာ ရေနဲ့သွေးပြီး ထွက်လာတဲ့ အရည် ကို ချိုင်းကြား ၊ ကိုယ်ခန္ဓာ နဲ့ ခြေချောင်းတွေကြားမှာလိမ်းနိုင်ပါတယ် ။ ဒီလိုမှမလုပ်ချင်ရင်တော့ ကျောက်ချဉ် အတုံးလိုက် ကို ပုလင်းတစ်ခုထဲမှာ ရေစိမ်ထားပြီး သို့မဟုတ် ကျောက်ချဉ် ကိုအမှုန့်ကြိတ် ပြီးရေဖျော်ပြီးရင် Spray ဘူးလေးထဲထည့်ပြီး လိုအပ်တဲ့နေရာတွေကိုဖျန်းပြီးသုံးရင်လည်းအဆင်ပြေပါတယ် ။ အလှကုန်တွေ ထဲမှာ လည်း ( ကျွန်မတွေ့ဖူးတာက ယိုးဒယားကလာတဲ့ Alum Deodorant Stick ပါ။ ) Alum Deodorant Roll on လေးတွေကိုရှာဝယ်ပြီးသုံးနိုင်ပါတယ် ။အဲဒါသုံးပြီးရင် နှစ်သက်ရာ ရေမွှေး တစ်မျိုးမျိုးကို အသုံးပြုနိုင် ပါတယ် ။
ဒါဆို ချွေးနံ့ဆိုးတွေ တစ်နေ့တစ်ခြား တစ်ဖြည်းဖြည်း သက်သာပျောက်ကင်းသွားတာ ၊ချိုင်းချွေးနံ့က သက်သက် ရေမွှေးနံ့ကသက်သက်ကြီး ဖြစ်မနေတော့တာကို သူငယ်ချင်းတို့ ပြောင်းလဲ ခံစားမိလာ ပါလိမ့် မယ် ။ ချွေးနံ့ပြင်းတဲ့သူတွေလိုက်နာသင့်တာလေးကတော့ အနံ့ပြင်းတဲ့ အစားအစာတွေ ကိုစားသောက်ခြင်း မှရှောင်ကြဉ်ပေးဖို့ပါပဲ ။ ဒီလိုဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါ အဆင်တပြေရှိသွားစေမှာအသေအချာပါပဲနော်။

ကဲ ... သူငယ်ချင်းတို့ လိုအပ်ရင်စမ်းသုံးကြည့်ပါလား ။ အဆင်ပြေသွားအောင်လေ ။

***သူငယ်ချင်းများအားလုံးပဲ ကျန်းမာရေးဗဟုသုတအသိပညာများဖြင့် ပျော်ရွှင်ကျန်းမာသောဘဝကိုတည်ဆောက်နိုင်ကြပါစေရှင် ။***
မေတ္တာဖြင့်
လင်းလက်ကြယ်ရဲ့အတွေးသံစဉ်
(၇့၁၁့၂၀၁၃)

Friday, 1 November 2013

“ အကြွေးပြန်တောင်းနည်း ”


အကြွေး

အပေးလွယ်သလောက် တောင်းရခက်တယ် 
ယူရင်ပြုံးပြီး ပြန်ပေးရတဲ့အခါမုန်းတတ်တယ် 
ပေးတဲ့သူရော ယူတဲ့သူရော ပူလောင်တယ် 
အကြွေးတကာ့အကြွေးထဲမှာ သံသရာကြွေးက ဆပ်ကိုဆပ်ရမယ် 

သူတပါးကိုလုပ်ခဲ့သမျှ ကိုယ်ပြန်ဆပ်ရမယ် 
သူတပါးကို စိတ်ဆင်းရဲမှုပေးရင်ကိုယ်လည်းပြန်စိတ်ဆင်းရဲရမယ်
သူတပါးကို ငိုကြွေးအောင်လုပ်ရင် ကိုယ်လည်းပြန်ငိုကြွေးရမယ် 

အဲဒါလောကကြီးရဲ့ “ အကြွေးပြန်တောင်းနည်း ” ပဲ ။ 

သက်တန့်ချို

အကြွေး အပေးလွယ်သလောက် တောင်းရခက်တယ် ယူရင်ပြုံးပြီး ပြန်ပေးရတဲ့အခါမုန်းတတ်တယ် ပေးတဲ့သူရော ယူတဲ့သူရော ပူလောင်တယ် အကြွေးတကာ့အကြွေးထဲမှာ သံသရာကြွေးက ဆပ်ကိုဆပ်ရမယ် သူတပါးကိုလုပ်ခဲ့သမျှ ကိုယ်ပြန်ဆပ်ရမယ် သူတပါးကို စိတ်ဆင်းရဲမှုပေးရင်ကိုယ်လည်းပြန်စိတ်ဆင်းရဲရမယ် သူတပါးကို ငိုကြွေးအောင်လုပ်ရင် ကိုယ်လည်းပြန်ငိုကြွေးရမယ် အဲဒါလောကကြီးရဲ့ “ အကြွေးပြန်တောင်းနည်း ” ပဲ ။ သက်တန့်ချို

Tuesday, 29 October 2013

အသားသီးများ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်

အသားသီးများ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်
===============================
အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။

လက်ဖက်ဆီ

လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။

ကြက်ဆူဆီ

ကြက်ဆူဆီကို ပြင်ပလိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဆော်ဒါမှုန့် အနည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီးရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။

ရှာလကာရည်

ရှာလကာရည်ကိုလည်း အသားသီး ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါ။ ရှာလကာရည် လိမ်းပြီး နှစ်မိနစ်အကြာမှာ အရေပြား စပ်ဖျဉ်းဖျဉ်း ခံစားချက် ဖြစ်ပေါ်စေပါတယ်။ နေ့စဉ် ၂-၄ ပတ် ကြာတဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။

ကြယ်စင်
Good Health
Source: http://news.yatanarpon.com.mm/news/news-82950
 
အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။ 
 
လက်ဖက်ဆီ 
လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။
 
 ကြက်ဆူဆီ
 ကြက်ဆူဆီကို ပြင်ပလိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဆော်ဒါမှုန့် အနည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီးရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။  
 
ရှာလကာရည် 
 ရှာလကာရည်ကိုလည်း အသားသီး ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါ။ ရှာလကာရည် လိမ်းပြီး နှစ်မိနစ်အကြာမှာ အရေပြား စပ်ဖျဉ်းဖျဉ်း ခံစားချက် ဖြစ်ပေါ်စေပါတယ်။ နေ့စဉ် ၂-၄ ပတ် ကြာတဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။
 ကြယ်စင်
 http://news.yatanarpon.com.mm/news/news-82950

Thursday, 3 October 2013

အမေရိကန် ELECTRONIC DIVERSITY VISA LOTTERY ဘယ်လိုလျှောက်ရမလဲ

အမေရိကန် ELECTRONIC DIVERSITY VISA LOTTERY ဘယ်လိုလျှောက်ရမလဲ

October 3, 2013 at 3:22pm


အမေရိကန် ELECTRONIC DIVERSITY VISA LOTTERY ဘယ်လိုလျှောက်ရမလဲ

          ပထမဆုံးပြောချင်တာကတော့ ဒီ အမေရိကန်နေထိုင်ခွင့်ကံစမ်းမဲကို အချက်အလက်ဖြည့်ပုံဖြည့်နည်း ရေးတဲ့အတွက် ဘယ် ကမှ ဘာတစ်ပြားတစ်ချပ်မှမရဘူးဆိုတာတော့ ကြိုပြောပါရစေ။ အများတကာ အခက်အခဲဖြစ်နေတယ်ကြားလို့၊ အချက်အလက်တွေကို အင်္ဂလိပ်ဘာသာနဲ့ ဖြည့်သွင်းရမှာဆိုတော့ ခက်နေလို့ပါဆိုလို့ မနေနိုင် မထိုင်နိုင် ရေးပေးတာပါ။ အတတ်နိုင်ဆုံး လေ့လာပြီး ဘယ် လိုလုပ်ရမယ်ဆိုတာ ပုံနဲ့တကွ အသေးစိတ် ရှင်းပြပေးထားပါတယ်။ အွန်လိုင်းက ဖြည့်သွင်းရမှာဖြစ်လို့ အင်တာနက်နဲ့ မနီးစပ်တဲ့ သူတွေ သိပ်မကျွမ်းကျင်သေးတဲ့ သူတွေပါ အလွယ်တကူ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားပြီး ရှင်းပြပေးပါမယ်။ တစ်ခုပဲ သတိထားရမှာက အချက်အလက်ဖြည့်သွင်းတဲ့အခါမှာ ပုံစံတစ်ခုအတွက် မိနစ် (၃၀) ပဲ အချိန်ပေးပါတယ်။ အချိန်အများကြီးလုံလောက်တယ်ဆိုပေမယ့် မြန်မာပြည်က အင်တာနက်မြန်နှုန်းနဲ့တော့ ကွက်တိကျရင် ကံကောင်းတယ်ဆိုရမှာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဓါတ်ပုံတစ်ပုံကို Upload လုပ်ပြီးတင်ရမှာမို့ပါ။ ဒါက လူလွတ်တစ်ယောက်ချင်းအတွက်ပါ။ အကယ်၍ အိမ်ထောင်ဖက်ရဲ့ဓါတ်ပုံ၊ သားသမီးတွေရဲ့ဓါတ်ပုံပါ တင်ရမယ်ဆိုရင် အချိန်ပိုကြာသွားနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်မြန်နှုန်းကောင်းတဲ့အချိန်ကို ရွေးချယ်ပြီးတင်ကြဖို့ အကြံပေး ချင်ပါတယ်။ နောက်တစ်ခုက ကြိုတင်ပြင်ဆင်ထားရမယ့်အချက်အလက်တွေကို အဆင်သင့်လုပ်ထားရပါမယ်။ ဥပမာ - မိသားစု ၅ ယောက်ရှိတယ်ဆိုပါစို့။ လျှောက်မှာက ဖအေနဲ့ မအေပဲ။ ဒါပေမယ့် သားသမီး ၃ ယောက်လို့ ဖြည့်သွင်းလိုက်တာနဲ့ အဲဒီသားသမီးတွေရဲ့ ဓါတ်ပုံ၊ မွေးသက္ကရာဇ် စတာတွေကို ဆက်တိုက်ဖြည့်သွင်းသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ အသက် ၂၁ နှစ်လည်းမကျော်သေး အိမ်ထောင်လည်းမကျသေးတဲ့ သားသမီးတွေကို မိဘတွေရဲ့လျှောက်လွှာစာရင်းမှာ ဖြည့်သွင်း နိုင်ပါတယ်။ သားသမီးတွေထဲမှာ အထက်တန်းပညာရေးအဆင့်အထိရှိသူတွေအနေနဲ့ သီးခြားထပ်ပြီးလျှောက်ထားလို့ရပါသေးတယ်။ ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းတစ်ခုခုမှာ ၂ နှစ် လုပ်သက်ရှိသူတွေလည်း လျှောက်ထားလို့ရပါတယ်။ တစ်မိသားစုလုံး တစ် ယောက်မဟုတ် တစ်ယောက် ကံထူးဖို့အခွင့်အလမ်းရှိတာပေါ့။
            ပထမအဆင့်ပြင်ဆင်ရမှာက ဓါတ်ပုံကိစ္စကအရေးအကြီးဆုံးပါပဲ။ ဓါတ်ပုံဟာ 600 X 600 pixel ပတ်လည်အရွယ်အစားဖြစ်ရပါ မယ်။ JPEG format ဖြစ်ရပါမယ်။ 240 KB အလေးချိန်ပဲရှိရပါမယ် (ဒါပေမယ့် လက်တွေ့မှာ 200 KB ထက်မကျော်ရင်ပို ကောင်းတယ်)။ Image Color Depth က 24 bit ရှိရပါမယ်။ ဓါတ်ပုံအနားသား အဖြူကြောင်းတွေ မပါပါစေနဲ့။ အကယ်၍ Scan ဖတ်ထားတဲ့ပုံဆိုရင် 300 dpi ဖြစ်ရပါမယ်။ Photoshop အတွေ့အကြုံ မရှိတဲ့သူတွေအတွက် နည်းနည်းရှုပ်ထွေးနိုင်ပါတယ်။ ကိစ္စမရှိပါ။ ဘယ်လိုလုပ် ရမယ်ဆိုတာလည်း အသေအချာရှင်းပြပေးပါမယ်။
            ၂ လက္မပတ်လည် ကြည်လင်ပြတ်သားတဲ့ ကာလာလိုင်စင်ဓါတ်ပုံရိုက်ပါ။ ဓါတ်ပုံရိုက်တဲ့အခါမှာ မျက်မှန်တပ်ထားခြင်း၊ ဦးထုပ် ဆောင်းခြင်း၊ ပြုံးခြင်း၊ ရယ်ခြင်း၊ ခေါင်းငဲ့ ခေါင်းစောင်းမလုပ်ပါနဲ့။ ဓါတ်ပုံနောက်ခံအရောင်ဟာ ကြည်လင်ရှင်းလင်းတဲ့ အရောင်ဖြစ်ရ ပါမယ်။ ဆိုလိုတာက ရှေ့ကလူကို ထင်သာမြင်သာရှိစေတဲ့ နောက်ခံအရောင်မျိုးဖြစ်ရပါမယ်။ ဓါတ်ပုံရှင်ရဲ့ ဦးခေါင်းတစ်ခုလုံးဟာ ဓါတ်ပုံ တစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ၆၉ ရာခိုင်နှုန်းကြားမှာ ရှိနေရပါမယ်။ အကျုံးဝင်တဲ့ ဓါတ်ပုံအနေအထားတွေကို http://travel.state.gov/visa/visaphotoreq/photoexamples/photoexamples_5331.html မှာ ၀င်ရောက်လေ့လာပါ။ ရလာတဲ့ လိုင်စင်ပုံကို Scan ပြန်ဖတ်ရပါမယ်။ Scan ဖတ်တာ မတတ်ရင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးလုပ်ပါ။ Scan ဖတ်တဲ့အခါ Scanner Setting မှာ 300 dpi ကိုပြောင်းပါ။ 300 dpi နဲ့ Scan ဖတ်လိုက်တာနဲ့ Image Color Depth ဟာ 24 bit အလို အလျောက်ရသွားပါမယ်။ ဒီအခြေအနေအထိ ဓါတ်ပုံက Photoshop ပေါ်မှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် ဓါတ်ပုံကို Crop ဖြတ်ရ မယ့်အပိုင်း ဖြတ်ပစ်ရပါမယ်။ Crop ရဲ့ Width နဲ့ Height တွေကို 600 in ထားပြီး Crop လုပ်ပါတယ်။ အောက်ပုံမှာကြည့်ပါ။ အပေါ် မှာပေးခဲ့တဲ့ Link ကိုဝင်ကြည့်ပြီး အချိုးအစားညီတဲ့ ဓါတ်ပုံတစ်ပုံဖြစ်အောင် Crop လုပ်ပါ။


ဓါတ်ပုံဟာ 600 ပတ်လည်တော့ဖြစ်သွားပါပြီ။ ဒါပေမယ့် 600 pixels ဖြစ်ဖို့ ပုံကို ညှိပေးရပါမယ်။ ဒါကြောင့် Photoshop ရဲ့ Menu Bar ပေါ်မှာရှိတဲ့ Image ဆိုတာကိုနှိပ်ပါ။ နောက်ထပ် Image Size ဆိုတာကိုနှိပ်ပါ။ အဲဒီမှာ Image Size Box ကျလာပါမယ်။ Pixels Dimensions: ဆိုတဲ့အောက်က Width နဲ့ Height တွေကို အောက်ပုံမှာပြထားတဲ့အတိုင်း Pixels လို့ပြောင်းပြီး 600 စီပြောင်းပေးပါ။ OK နှိပ်ပါ။


ဒီအခြေအနေအထိ ဓါတ်ပုံဟာ Photoshop ပေါ်မှာပဲရှိပါဦးမယ်။ ဓါတ်ပုံကို JPEG format ဖြစ်အောင် Save လုပ်ရပါမယ်။ ဒါကြောင့် Photoshop Menu Bar ပေါ်မှာရှိတဲ့ File ကိုနှိပ်။ Save ကိုဆက်နှိပ်။ Save Box ကျလာပါမယ်။ Save မယ့်နေရာ ကြိုရွေးထားပါ။ Desktop ဆိုရင်လည်း Desktop ပေါ့။


အပေါ်ပုံမှာကြည့်ပါ။ အဲဒီမှာ File name ကို မိမိနာမည်ပေးပါ။ Format ကို JPEG ပြောင်းပါ။ ပြီးရင် Save ကို နှိပ်လိုက်ပါ။ နောက်ထပ် JPEG Option Box တစ်ခုထပ်ကျလာပါမယ်။ အောက်ပုံမှာကြည့်ပါ။ Image Options ထဲက အပေါ်ကိုထောင်နေတဲ့ မြှားတုံးကို large file ဖက်ကိုဆွဲယူသွားပါ။ တပြိုင်နက်တည်းမှာ အောက်ဆုံးက Size ကိုလည်းကြည့်နေပါ။ ပုံမှာပြထားသလို 186 K သို့မဟုတ် 200 K လောက်ရရင် ရပ်လိုက်ပါတော့။ ပြီးရင် OK နှိပ်လိုက်ပါ။ လျှောက်လွှာတင်ဖို့အတွက် အကျုံးဝင်တဲ့ ဓါတ်ပုံတစ်ပုံရပါပြီ။


အခုပြောပြခဲ့တာတွေဟာ ရှုပ်ထွေးနေမယ်ဆိုရင် သို့မဟုတ် ကိုယ့်ဘာသာကိုယ်လုပ်ဖို့ ခက်ခဲနေမယ်ဆိုရင်။ လိုင်စင်ပုံရိုက်က တည်းက Digital Camera နဲ့ရိုက်တဲ့ လိုင်စင်ဓါတ်ပုံဆိုင်မှာ ရိုက်ပါ။ ဓါတ်ပုံကတော့ မဖြစ်မနေယူရမှာပေါ့။ Digital ပုံလည်းတောင်းပါ။ တောင်းတဲ့အခါမှာ Image Format = JPEG, File Size = 200 KB, Image Resolution = 600 pixels (width) and 600 pixels (height), Image Color Depth = 24 bit ရအောင်လုပ်ပေးဖို့ပြောပါ။ ဆိုင်တွေမှာ ကျွမ်းကျင်တဲ့သူတွေရှိတဲ့အတွက် သူတို့ လုပ်ပေး တတ်ပါတယ်။ အဲဒါကို USB Drive နဲ့ ထည့်ယူထားလိုက်ရင် အဆင်ပြေသွားမှာပါ။ ပုံကို Upload လုပ်တဲ့အခါ USB Drive ထဲကပုံကို Upload တင်ပေးလိုက်ရုံပေါ့။ ယူလာတဲ့ပုံ Format ကျမကျ ပုံပေါ်မှာ ညာကလစ်နှိပ်ပြီး Properties ဆက်နှိပ်။ Details ဆိုတဲ့ Tab ပေါ် ကိုဆက်နှိပ်ပြီးကြည့်ပါ။ အောက်မှာပြထားတဲ့ပုံလို Dimensions, Width, Height နဲ့ Bit depth တွေ အံကိုက်ဖြစ်တယ်ဆိုရင် အဆင်ပြေပါပြီ။ ကျန်တာတွေက ကိစ္စမရှိပါ။


အဲဒီဓါတ်ပုံကို https://www.dvlottery.state.gov/photo.aspx ၀င်ပြီး Check လုပ်နိုင်ပါတယ်။ Your photo is valid ဆိုရင် အဆင်ပြေပြီ။
            အခုပြောတာအထိ ကြိုတင်ပြင်ဆင်ရေးအပိုင်းက ဓါတ်ပုံကိစ္စသက်သက်ပဲရှိပါသေးတယ်။ အကယ်၍ မိသားစုဝင်တွေများ တယ်ဆိုရင် ဓါတ်ပုံဖိုင်တွေကို သက်ဆိုင်တဲ့သူတွေရဲ့နာမည်ပေးထားဖို့လိုမယ်။ အဲဒီလိုမလုပ်ထားရင် Upload တင်တဲ့အခါ ဓါတ်ပုံမှား တင်မိမှာ စိုးရိမ်ရပါတယ်။ နောက်ပိုင်းကိစ္စတွေကတော့ လွယ်သွားပါပြီ။
            နောက်ထပ်ပြောမှာက ကြိုတင်ပြင်ဆင်ရေး ဒုတိယပိုင်းလို့ပဲ ဆိုကြပါစို့။ ဖြည့်သွင်းရမယ့်အချက်အလက်တွေ ကြိုတင်ချရေး ထားတာကောင်းပါတယ်။ လျှောက်လွှာပုံစံမှာ ဖြည့်သွင်းရမယ့်အချက်အလက်က လူလွတ်တစ်ဦးတည်းအတွက်ဆိုရင် အချက်ပေါင်း ၁၄ ချက်ဖြည့်သွင်းရမှာဖြစ်ပါတယ်။ အိမ်ထောင်သည်မိသားစုတွေအတွက်ဆိုရင်တော့ မိသားစုဝင်တွေရဲ့ တစ်ဦးချင်း အမည်၊ မွေးသက္ကရာဇ်၊ လိင်အမျိုးအစား၊ မွေးဖွားရာမြို့၊ မွေးဖွားရာနိုင်ငံ၊ ဓါတ်ပုံ စတာတွေလိုအပ်ပါတယ်။ မိသားစုဝင်စာရင်းထည့်သွင်းတဲ့အခါမှာ အသက် ၂၁ နှစ်ကျော်ပြီးတဲ့သားသမီး။ အိမ်ထောင်ကျနေတဲ့သားသမီးတွေကို ချန်လှပ်ထားဖို့လိုအပ်ပါတယ်။
            လျှောက်လွှာဖြည့်သွင်းမယ့်သူတစ်ဦးချင်းစီအတွက် အဓိကလိုအပ်ချက်တွေကတော့ ....
            ၁။ အမည် -                      (အင်္ဂလိပ်ဘာသာ စာလုံးကြီးဖြင့်)
            ၂။ မွေးနေ့ -                       အင်္ဂလိပ်ခုနှစ်၊ အင်္ဂလိပ်လ၊ အင်္ဂလိပ်ရက်။
            ၃။ လိင် -                         ကျား/မ
            ၄။ မွေးဖွားရာမြို့ -               (မွေးစာရင်းအမည်ပေါက်သည့်မြို့ သို့မဟုတ် အိမ်ထောင်စုစာရင်းတည်ရာမြို့)
            ၅။ မွေးဖွားရာနိုင်ငံ -              (မြန်မာနိုင်ငံ) (လျှောက်လွှာပုံစံမှာ Burma လို့ သုံးနှုန်းဆဲ)
            ၆။ ဓါတ်ပုံ -                       ၂ လက္မပတ်လည် (ကာလာလိုင်စင်)
            ၇။ လိပ်စာ -                      အိမ်ထောင်စုစာရင်းပေါက်ရာနေရာ လိပ်စာအပြည့်အစုံ ရပ်ကွက်၊ လမ်း၊ အိမ်နံပါတ်၊ မြို့။
            ၈။ လက်ရှိနေထိုင်ရာနိုင်ငံ       (မြန်မာနိုင်ငံ) (လျှောက်လွှာပုံစံမှာ Burma လို့ သုံးနှုန်းဆဲ)
            ၉။ ဖုန်းနံပါတ် -                   မရှိရင် ထည့်ဖို့မလိုပါ။
            ၁၀။ အီးမေးလ်လိပ်စာ -         အမြဲတမ်းသုံးသည့် အီးမေးလ်လိပ်စာ
            ၁၁။ ပညာအရည်အချင်း -      အနိမ့်ဆုံး အထက်တန်းပညာအရည်အချင်း (သို့မဟုတ်) အလုပ် ၂ နှစ်အတွေ့                                                                   အကြုံရှိသူဖြစ်ရမည်။
            ၁၂။ အိမ်ထောင် -                ရှိ/မရှိ
            ၁၃။ သားသမီး -                 ရှိ/မရှိ (ရှိလျှင်အရေအတွက်ဖော်ပြရန်) စတာတွေဖြည့်သွင်းရပါမယ်။
            ရှေ့မှာ ၁၄ ချက်လိုအပ်တယ်ဆိုပြီး အခုပြောတာ ၁၃ ချက်ပဲရှိပါတယ်။ လျှောက်လွှာလက်တွေ့ဖြည့်သွင်းတဲ့အခါမှာ အချက် ၁ ချက်က သက်ဆိုင်ရာနိုင်ငံသားဖြစ်တဲ့သူတွေအတွက် ဖြည့်သွင်းဖို့မလိုအပ်ပါဘူး။ ဆိုလိုတာက မြန်မာနိုင်ငံမှာနေသော်လည်း နိုင်ငံ သားအရည်အချင်းမပြည့်မီသေးသူတွေ။ ဒါမှမဟုတ် အချိန်အကန့်အသတ်တစ်ခုနဲ့ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်နေရတဲ့သူများ ဖြည့်သွင်းရမယ့်နေရာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာနိုင်ငံသားအရည်အချင်းပြည့်မီသူတွေအတွက် အဲဒီအချက်ကို ဖြည့်သွင်းစရာ မလိုဘဲ ချန်ထားခဲ့ရပါမယ်။
            လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ပြီးပြီဆိုရင်တော့ လျှောက်လွှာဖြည့်သွင်းမှုအပိုင်းကို ဆက်သွားကြပါစို့။ ဒီမှာ အချက်တစ်ချက် ချင်းစီ ဘယ်လိုဖြည့်သွင်းရမယ်ဆိုတာ ဓါတ်ပုံနဲ့တကွ ရှင်းပြပေးပါဦးမယ်။ အခုပြောခဲ့တာတွေကို အင်္ဂလိပ်စာတတ်ပေတတ် အွန်လိုင်းနဲ့ ကွန်ပျူတာကျွမ်းကျင်သူတွေအတွက်တော့ ပျင်းစရာကြီးဖြစ်နေမလားပဲ။ ဒါကြောင့် အင်္ဂလိပ်ဘာသာနဲ့ DV-2015 Program Instructions ကို http://travel.state.gov/pdf/DV_2015_Instructions.pdf သွားပြီးဖတ်နိုင်ပါတယ်။
            လျှောက်လွှာဖြည့်သွင်းဖို့အတွက် https://www.dvlottery.state.gov အရင်ဆုံးသွားရပါမယ်။ အခုပြောတဲ့ဆိုက်ကလွဲပြီး တခြားကိုမသွားပါနဲ့ ပိုက်ဆံတောင်းတဲ့ Website တွေနဲ့တွေ့နေပါ့မယ်။ အမေရိကန်ဗီဇာကံစမ်းမဲအစီအစဉ်ဟာ ပိုက်ဆံပေးစရာမလိုဘဲ လျှောက်ထားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ https://www.dvlottery.state.gov ဟာ အမေရိကန်အစိုးရရဲ့ Website အစစ်ဖြစ်ပါတယ်။ အဲဒီကပဲ လျှောက်ထားဖို့ အကြံပေးချင်ပါတယ်။
            အထက်မှာပြောခဲ့တဲ့ Link ကို သွားလိုက်ပါ။ အရင်ဆုံးတွေ့ရမှာက အောက်ကပုံအတိုင်းဖြစ်ပါတယ်။ အဲဒီမှာ အောက်ဆုံးက Begin Entry ဆိုတာကို နှိပ်ပါ။


အဲဒီလို Begin Entry ကိုနှိပ်လိုက်တာနဲ့ နောက်ထပ် တစ်မျက်နှာထပ်ပေါ်လာပါလိမ့်မယ်။ အဲဒါကတော့ လျှောက်လွှာဖြည့် သွင်းသူဟာ လူသားလား ဆော့ဝဲလ်လားဆိုတာစစ်ဆေးတာဖြစ်ပါတယ်။ Authentication Code ဆိုတဲ့အောက်က စာလုံးတွေကို ညာဖက်က အနီစက်ကလေးပြထားတဲ့ကွက်လပ်ထဲမှာ မှန်မှန်ကန်ကန်ဖြည့်သွင်းပြီ အဲဒီအောက်မှာရှိတဲ့ Submit ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် လျှောက်လွှာပုံစံကျလာပါလိမ့်မယ်။


Authentication Code ကို ဖြေပြီးတာနဲ့ အောက်ကပုံအတိုင်း လျှောက်ပုံစံစာမျက်နှာဆီရောက်ပါမယ်။ ဒါက Part One - Entrant Information ဖြစ်ပါတယ်။ ဒီမှာ အချက် ၁၄ ချက် စပြီးဖြည့်ရပါတော့မယ်။ လူလွတ်တစ်ယောက်တည်းအတွက်ဆိုရင်တော့ ဒီ Part One ဖြည့်ပြီးတာနဲ့ ပြီးပါမယ်။ အကယ်၍ အိမ်ထောင်သည် မိသားစုတွေဆိုရင်တော့ Part Two ကို ဆက်ဖြည့်ရပါမယ်။ Part One နဲ့ Part Two တစ်ခုချင်းစီအတွက် ဖြည့်သွင်းချိန် ၃၀ မိနစ်စီရပါမယ်။ စုစုပေါင်း ၆၀ မိနစ်ပေါ့။ လက်တွေ့မှာ အဲဒီလောက်မကြာပါဘူး။ ကြိုတင်ပြင်ဆင်ထားရင် စိတ်ကျေနပ်လောက်တဲ့အထိ အထပ်ထပ်အပြန်ပြန်စစ်ဆေးပြီးတဲ့အထိ အလွန်ဆုံးကြာရင် တစ်ပိုင်းကို ၁၅ မိနစ်လောက်ပါပဲ။ အဲ မြန်မာနိုင်ငံက အင်တာနက်မြန်နှုန်းကြောင့် ဓါတ်ပုံ Upload တင်တဲ့အခါ ချာလည်လည်နေမှာတော့ စိုးရိမ်ရတယ်။


ကဲ ... အပေါ်ကပုံကို ပြန်ကြည့်ဦးစို့။ အမှတ်စဉ် 1 မှာ Name (အမည်) ဖြည့်သွင်းရပါမယ်။ မြန်မာတွေမှာ Last/Family Name နဲ့ Middle Name ဆိုတဲ့ အသုံးအနှုန်းတွေမရှိလို့ ကျနော်ကတော့ First Name နေရာမှာပဲ နာမည်အပြည့်အစုံကို ထည့်ပါတယ်။ အချို့ နာမည်သုံးလုံးရှိရင် သုံးနေရာ ခွဲထည့်တာတွေ့ရတယ်။ လုပ်ချင်သလိုလုပ်ပေါ့လေ။ First Name နေရာမှာ နာမည်အပြည့်အစုံ ထည့်မယ်ဆိုရင်တော့ အောက်ဆုံးက No Last/Family Name နဲ့ No Middle Name ဆိုတဲ့နဘေးက လေးထောင့်ကွက်ကလေး တွေမှာ အမှတ်ခြစ်ကလေးတွေပေးခဲ့လိုက်ပါ။ ဒါ ပထမအဆင့် 1. Name ဆိုတာကို ဖြည့်လို့ပြီးပြီ။ အောက်မှာ နောက်တစ်ကြောင်းထပ် တွေ့ ရပါမယ်။ အောက်ပုံမှာကြည့်ပါ။ ကိုယ့်ရဲ့ မွေးရက်၊ မွေးလ၊ မွေးနှစ်ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ဘာမှမခက်ပါဘူး။ သက်ဆိုင်ရာ အကွက်မှာရှိတဲ့ အောက်ကိုဆိုက်နေတဲ့ မြှားကလေးတွေကိုနှိပ်ပြီး မွေးရက်၊ မွေးလတွေကို ရှာဖြည့်လိုက်ရုံပါပဲ။ မွေးနှစ်ကတော့ ကိုယ့်ဘာသာကိုယ် ရိုက်ရပါမယ်။ ဒီပုံထဲကအတိုင်း လိုက်မဖြည့်ပါနဲ့ ဒါက နမူနာနော်။


အခုပြောခဲ့တာအထိ 2. Birth Date ဆိုတဲ့အဆင့်အထိ ပြီးသွားပါပြီ။ အောက်မှာ နောက်ထပ်ထပ်ဖြည့်ရပါမယ်။ အဲဒါကတော့ လိင်အမျိုးအစား ခွဲခြားပြပေးရပါမယ်။ အမျိုးသားဖြစ်ရင် Male ဆိုတဲ့နဘေးက အ၀ိုင်းကလေးထဲကို မောက်စ်နဲ့ကလစ်ပြီး အမှတ်စက် ကလေးထည့်ပေးလိုက်ပါ။ အမျိုးသမီးဆိုရင် Female ဆိုတဲ့နဘေးက အ၀ိုင်းကလေးထဲကို မောက်စ်နဲ့ကလစ်ပြီး အမှတ်စက်ကလေး ထည့်ပေးလိုက်ပါ။ ဒါ 3. Gender ကိစ္စပြီးပြီ။


နောက်အဆင့်တွေဖြစ်တဲ့ 4. City Where You Were Born, 5. Country Where You Were Born နဲ့ 6. Country of Eligibility for the DV Program တွေဖြည့်သွင်းတာကို တခါတည်းပြောသွားပါမယ်။ အမှတ်စဉ် 4 ကိုဖြည့်သွင်းရမှာက မိမိမွေးဖွားခဲ့ရာ မြို့ဖြစ်ပါတယ်။ အမှတ်စဉ် 5 ကတော့ မိမိမွေးဖွားရာ နိုင်ငံဖြစ်ပါတယ်။ အမှတ်စဉ် 6 ကို ဘာမှသွားတို့စရာ ထိစရာမလိုပါဘူး။ ဒီအတိုင်း သာထားခဲ့လိုက်ပါ။


နောက်တစ်ဆင့် အမှတ်စဉ် 7. Entrant Photograph ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ အောက်ပုံမှာကြည့်ပါ။ ဓါတ်ပုံဖြည့်သွင်း ရမှာဖြစ်ပါတယ်။ Photograp File Name ဆိုတဲ့ဘေးက Browse ဆိုတာကိုနှိပ်ပြီး ဓါတ်ပုံသိမ်းထားတဲ့ဆီကဓါတ်ပုံကို Upload တင်ပေးရမှာ ဖြစ်ပါတယ်။ USB Drive ထဲမှာထည့်ယူလာတယ်ဆိုရင် USB ထဲကပုံကို တင်ပေးလိုက်ပေါ့။ မလုပ်တတ်ရင်မစိုးရိမ်ပါနဲ့။ အင်တာနက်ဆိုင်မှာလျှောက်မယ်ဆိုရင် ဆိုင်က တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပါ။ အဆင်ပြေသွားတယ်ဆိုရင် Browse ရဲ့ဘေးမှာ ဓါတ်ပုံ File Name ကလေးပေါ်လာမှာပါ။


နောက်တစ်ဆင့် ဖြည့်သွင်းရမှာကတော့ အမှတ်စဉ် 8. Mailing Address ဖြည့်သွင်းရမှာဖြစ်ပါတယ်။ နေရပ်လိပ်စာ အပြည့်အစုံ ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပုံထဲကအတိုင်းမဖြည့်ပါနဲ့ အဲဒါက လျှောက်ဖြည့်ထားတာနော်။ ကိုယ်နဲ့သက်ဆိုင်တဲ့ လိပ်စာပဲဖြည့်ပါ။


အပေါ်ပုံကိုပြန်ကြည့်ပါ။ 8.a In Care of ဆိုတာမှာ (Optional) လို့ပေးထားတဲ့အတွက် မဖြည့်ချင်လည်းရတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒီအတိုင်းသာထားခဲ့ပါ။ 8.b Address Line 1 မှာ အိမ်နံပတ်နဲ့ လမ်းနာမည်ထည့်ပေါ့။ 8.c Address Line 2 မှာ ရပ်ကွက် နာမည်ထည့်။ 8.d City/Town နေရာမှာ မြို့နာမည်ထည့်။ 8.e District/Country/Province/State နေရာမှာ သက်ဆိုင်ရာ ပြည်နယ် တိုင်းနာမည်တွေထည့်ပါ။ 8.f Postal Code/Zip Code ဆိုတာ မြန်မာနိုင်ငံမှာ သုံးလေ့သုံးထမရှိလို့ ပုံမှာပြထားသလို အမှတ်ကလေး ခြစ်ပေးခဲ့လိုက်ပါ။ 8.g Country ကတော့ Burma လို့ဖြည့်လိုက်ပါ။ ဒါဆိုရင် အမှတ်စဉ် 8 ကိုဖြည့်လို့ပြီးပါပြီ။
             နောက်အဆင့်တွေဖြစ်တဲ့ 9, 10, 11, 12 တွေကတော့ လွယ်သွားပါပြီ။ 9 မှာ Burma ပေါ့။ 10 မှာ ဖုန်းနံပါတ်ရှိရင်ပေးလိုက်။ မပေးချင်လည်းရတယ်။ 11 မှာ ကိုယ်အမြဲတမ်းသုံးတဲ့ E-Mail လိပ်စာကို မှန်မှန်ကန်ကန်ဖြည့်ပါ။ ပုံထဲကဟာ သွားမထည့်နဲ့နော်။ 12 ကတော့ ကိုယ့်ပညာအရည်အချင်းနဲ့သက်ဆိုင်တဲ့နေရာမှာ အမှတ်စက်ကလေးထည့်ပေးလိုက်ပါ။ အထက်တန်းပညာအရည်အချင်း မရှိသူတွေကတော့ Primary School only ဆိုတဲ့ဘေးမှာထည့်လိုက်ပါ။ သူက အသက်မွေးဝမ်းကြောင်းအတွေ့အကြုံ ၂ နှစ်ရှိတဲ့သူတွေ ထဲမှာ ပါသွားတာပေါ့။ ပညာအရည်အချင်းနည်းလို့ အားမငယ်နဲ့ အမေရိကန်က အလုပ်လုပ်တဲ့သူပဲလိုချင်တာ။ ပညာတတ်တွေဆိုတာ အများစုက ဖျံတွေချည်းပဲ။ လူ့ပေါ်ကျော့တွေ ရရာအလုပ်လည်းမလုပ်ချင်ဘူး။ အစိုးရကိုလိမ်ညာပြီး ထောက်ပံ့ကြေးတောင်းစားနေတာ တစ်ပုံကြီးတဲ့။ အမေရိကန်ကမိတ်ဆွေတွေပြောပြလို့ သိတာနော်။


နောက်အဆင့်တွေဖြစ်တဲ့ 13 နဲ့ 14 က ရှင်းတယ်။ အိမ်ထောင်ရှိမရှိ။ ကလေးရှိမရှိဒါပါပဲ။ 13. Wath is your current martial status? ဆိုတဲ့နေရမှာ အိမ်ထောင်မရှိရင် Unmarried, အိမ်ထောင်ရှိရင် Married, ကွဲနေရင် Divorced, ခင်ပွန်း ဇနီးဆုံးသွားရင် Widowed ဆိုပြီးရှိတယ်။ သက်ဆိုင်တဲ့နားမှာ အမှတ်စက်ကလေးထည့်ပေးလိုက်ရင်ပြီးပြီ။ အောက်ဆုံးက Legally Separated ဆိုတာ မြန်မာနိုင်ငံမှာ အလေ့မရှိလို့ စဉ်းစားစရာမလိုဘူး။


အဲ အိမ်ထောင်တော့မရှိဘူး တရားဝင်မွေးစား ထားတဲ့ကလေးရှိတယ်ဆိုရင် ကလေးအရေအတွက်ကိုထည့်ပေါ့။ ဒါဆိုရင်တော့ နောက်ထပ် Part Two ကို ဆက်ဖြည့်ရပါမယ်။ ကလေးတွေရဲ့ အချက်အလက်တွေ ဓါတ်ပုံတွေ ထည့်ဖြည့်ရပါမယ်။ ဒါက လွယ်သွားပြီ ရှေ့ကပြောခဲ့သလို အဆင့်ဆင့်လုပ်သွားရုံပဲ။
            တစ်ယောက်တည်းသမား Unmarried ဆိုရင်တော့ Part One ဖြည့်ပြီးလို့ အောက်ဆုံးက Continue ကို နှိပ်လိုက်တာနဲ့  ဖြည့်ထားတဲ့အချက်အလက်တွေ ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ နောက်တစ်ခုပေါ်လာမယ်။ ဒီမှာပြန်စစ်ဆေးပေါ့။ မှားနေတယ်ဆို ရင် Go Back to Part One ကိုကလစ်ပြီး ပြန်ပြင်ပေါ့။ ပြင်လို့ပြီးပြီ အားလုံးစိတ်တိုင်းကျပြီဆိုရင် Continue ကိုပြန်နှိပ်ပေါ့။ ဒါဆိုရင် ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ ပြန်ပေါ်လာမှာပဲ။ သေချာပြီဆိုရင် အဲဒီစာမျက်နှာကို Print လုပ်ပြီးယူထားဖို့ ပြောလိမ့်မယ်။ အဲဒါ နောက်ပိုင်းလိုအပ်ရင် သုံးနိုင်ဖို့အတွက်ပေါ့။ Print လုပ်ထားချင်ရင်လည်းလွယ်တယ်။ လက်ရှိ လျှောက်လွှာဖြည့်သွင်းနေတဲ့ Mozilla Firefox Browser ရဲ့ Menu Bar က File ကိုနှိပ်ပြီး Print ဆိုတာကိုနှိပ်ပြီး ဆက်လက်ဆောင်ရွက်နိုင်တယ်။ PDF Version နဲ့ Print ယူ ထားပြီး USB Drive ထဲ ထည့်သိမ်းထားလည်းဖြစ်တယ်။ ကိုယ့်အီးမေးလ်ထဲမှာ Attached File လုပ်ပြီး Draft ထဲမှာသိမ်းထား ရင်ပိုကောင်းတယ်။
            ကောင်းပြီ Print ယူပြီးတာနဲ့မပြီးသေးဘူး။ Continue ကို ဆက်နှိပ်ရမယ်။ အဲဒီကျတော့မှ အရေးကြီးတဲ့အပိုင်းကို ရောက်တာ။ အောက်ပုံမှာကြည့်ပါ။ ကိုယ့်လျှောက်လွှာကို လက်ခံလိုက်ပြီဆိုတာ ပြောတဲ့စာမျက်နှာ ထပ်ထွက်လာမယ်။ ဒါအရေးအကြီး ဆုံးပဲ။ စာမျက်နှာကို Print လုပ်ပြီး ယူကိုယူထားရမယ်။ Entrant Name, Confirmation Number, Year of Birth တွေက DV 2015 ပေါက် မပေါက် ပြန်စစ်ဆေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ကံစမ်းမဲပေါက်သူတွေကို စာလည်းပို့မှာမဟုတ်သလို အီးမေးလ်ကလည်း အကြောင်း ကြားမှာမဟုတ်ဘူး။ ကံစမ်းမဲပေါက် မပေါက် ကိုယ့်ဘာသာကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလို Print ထုတ် ယူထားပါ။ ဒါမှမဟုတ် PDF Version နဲ့ Print လုပ်ပြီးသိမ်းထားပါ။ ဒါဆိုရင်တော့ လျှောက်ထားမှု အစီအစဉ် ပြီးဆုံးသွားပါပြီ။


အဲ ... Part Two ဆက်ဖြည့်ရမယ့်သူတွေအတွက်လည်း အပေါ်ကပြောခဲ့တဲ့အတိုင်းပါပဲ။ Part One ကိုဖြည့်ပြီးတာနဲ့ Continue ကိုနှိပ်လိုက်တာနဲ့ Part Two ကို ဆက်ဖြည့်ရပါမယ်။ Part One နဲ့ Two နှစ်လုံးဖြည့်ပြီးပြီဆိုရင်တော့ Continue ကိုနှိပ်လိုက် တာနဲ့ ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ နောက်တစ်ခုပေါ်လာမယ်။ ဒီမှာပြန်စစ်ဆေးပေါ့။ Part One မှာ မှားနေတယ်ဆိုရင် Go Back to Part One ကိုကလစ်ပြီး ပြန်ပြင်ပေါ့။ Part Two မှာ မှားနေတယ်ဆိုရင် Go Back to Part Two ကိုကလစ်ပြီး ပြန်ပြင်ပေါ့။ ပြင်လို့ပြီးပြီ အားလုံးစိတ်တိုင်းကျပြီဆိုရင် Continue ကိုပြန်နှိပ်ပေါ့။ ဒါဆိုရင် ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ ပြန်ပေါ်လာမှာပဲ။ သေချာပြီဆိုရင် အဲဒီစာမျက်နှာကို Print လုပ်ပြီးယူထားဖို့ပြောလိမ့်မယ်။ အဲဒါ နောက်ပိုင်းလိုအပ်ရင် သုံးနိုင်ဖို့အတွက်ပေါ့။ Print လုပ်ထားချင်ရင်လည်း လွယ်တယ်။ လက်ရှိ လျှောက်လွှာဖြည့်သွင်းနေတဲ့ Mozilla Firefox Browser ရဲ့ Menu Bar က File ကိုနှိပ်ပြီး Print ဆိုတာကိုနှိပ်ပြီး ဆက်လက်ဆောင်ရွက်နိုင်တယ်။ PDF Version နဲ့ Print ယူထားပြီး USB Drive ထဲ ထည့်သိမ်းထား လည်းဖြစ်တယ်။ ကိုယ့် အီးမေးလ်ထဲမှာ Attached File လုပ်ပြီး Draft ထဲမှာသိမ်းထားရင် ပိုကောင်းတယ်။
            ကောင်းပြီ Print ယူပြီးတာနဲ့မပြီးသေးဘူး။ Continue ကို ဆက်နှိပ်ရမယ်။ အဲဒီကျတော့မှ အရေးကြီးတဲ့အပိုင်းကို ရောက်တာ။ အပေါ်ပုံမှာကြည့်ပါ။ ကိုယ့်လျှောက်လွှာကို လက်ခံလိုက်ပြီဆိုတာပြောတဲ့ စာမျက်နှာထပ်ထွက်လာမယ်။ ဒါအရေးအကြီးဆုံးပဲ။ စာမျက် နှာကို Print လုပ်ပြီး ယူကိုယူထားရမယ်။ Entrant Name, Confirmation Number, Year of Birth တွေက DV 2015 ပေါက် မပေါက် ပြန်စစ်ဆေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ကံစမ်းမဲပေါက်သူတွေကို စာလည်းပို့မှာမဟုတ်သလို အီးမေးလ်ကလည်း အကြောင်းကြားမှာ မဟုတ်ဘူး။ ကံစမ်းမဲပေါက် မပေါက် ကိုယ့်ဘာသာကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့သလို Print ထုတ်ယူထားပါ။ ဒါမှမဟုတ် PDF Version နဲ့ Print လုပ်ပြီးသိမ်းထားပါ။ ဒါဆိုရင်တော့ လျှောက်ထားမှု အစီအစဉ် ပြီးဆုံးသွားပါပြီ။
            ကံစမ်းမဲပေါက်တယ် မပေါက်ဘူး ဘယ်အချိန်ပြန်စစ်ဆေးရမလဲ။ ဘယ်အချိန်ဘယ်လိုသိရမလဲ။ ဒါ အရေးကြီးဆုံးပေါ့။ ဒါကြောင့် နောက်ဆုံး Print လုပ်ယူထားတဲ့ Entry Received ထဲက အချက်အလက်တွေနဲ့ ၂၀၁၄ မေလ ၁ ရက်နေ့ကနေ ၂၀၁၅ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်းမှာ https://www.dvlottery.state.gov/ESC/ ဆိုတဲ့နေရာမှာသွားပြီး စစ်ဆေးရမှာဖြစ်ပါတယ်။ အပေါ်မှာပြထားတဲ့ပုံထဲက အချက်အလက်တွေကို ဒီမှာဖြည့်သွင်း Submit ကိုနှိပ်ပြီးစစ်ဆေးရမှာဖြစ်ပါတယ်။ SELETED ဆိုရင်တော့ ကံစမ်းမဲပေါက်ပြီ။ သံရုံးကိုသာ ဆက်သွယ်ပေတော့။ ကံကောင်းကြပါစေ။


အကယ်၍များ ဒီထက်ပိုပြီးသိချင်တာရှိရင်ဖြစ်စေ လိုအပ်နေတာကို ထောက်ပြချင်တာဖြစ်စေ ဒီ Post အောက်မှာ Comment ပေးထားခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ kozin88@gmail.com ကို စာပို့ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်။ တတ်နိုင်သလောက် ကြိုးစားပြီး ကူညီပါ့မယ်။ ကံစမ်းမဲပေါက်အောင်တော့ အိုဗားမားတောင် မကူညီနိုင်လို့ ကျနော့်ကိုလည်း အကူအညီမတောင်းပါနဲ့ခင်ဗျာ။
            Laptop ကလေးကလည်း မစုတ်ဘူး၊ လိုအပ်တဲ့ဆော့ဝဲလ်တွေလည်းရှိတယ်ဆိုရင် Video Tutorial ကလေးတစ်ခုလုပ်ပြီး Youtube မှာ တင်ပေးချင်တာပါ။ အဲဒါဆိုရင် ပိုရှင်းတာပေါ့ဗျာ ........... ။ နောင်နှစ် DV 2006 ကျရင် အဲဒါလေးအကောင်အထည်ဖော် နိုင်အောင် ကြိုးစားလိုက်ပါ့မယ်။ အဲ ... အမေရိကန်ရောက်ပြီး အလုပ်များနေရင်တော့ မပြောတတ်ဘူးနော်။ ဟဲ ဟဲ ........။ လျှောက်သူတိုင်း ပေါက်နိုင်ကြပါစေ ......။ အဲ ... ကံကောင်းနိုင်ကြပါစေဗျာ။
            ၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းအထိပဲ လျှောက်လွှာတွေကိုလက်ခံမှာမို့လို့ အမြန်ဆုံးသာ လျှောက်လိုက်ကြပါတော့။

ကိုဇင် (အဓိပတိပစ္စယော)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာ (၃) ရက်။

အခု Post ကို PDF ဖိုင်နဲ့ ရှင်းရှင်းလင်းလင်းဖတ်ချင်ရင်တော့ http://www.scribd.com/doc/172987083/How-to-Apply-USA-Visa-Lottery မှာ သွားဖတ်နိုင်ပါတယ်။

Saturday, 28 September 2013

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”


(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက် မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါ ဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး  သေ သွားနိုင် သည် …လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာ ရှိနေတဲ့ အညစ် အကြေးတွေ ကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာ သစ် လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)
Credit - မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ

Thursday, 26 September 2013

ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု'


*** ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန် ***

“ ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက် ” ဆိုတဲ့ ရှေးစကားရှိပါတယ်။
လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်အပ်လိုပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။
(၂) ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။
(၃) သွေးရဲ့ ၈၃% ကအရေဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။
(၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။
(၆) ခန္ဒာကိုယ်ထဲသိုရောက်ရှိလာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။
(၇) ခန္ဒာကိုယ်ထဲမှာပိုလျှံပြီမလိုလားအပ်တဲ့အရည်တွေနဲ့အဆိပ်အတောက်တွေကို ဆီး /၀မ်း /သွေး /ချွေး /ချွဲသလိပ် အဖြစ်စွန့်  ထုတ်ပေးပါတယ်။
(၈) ခန္ဒာကိုယ်အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။
(၉) အသက်ရှုခြင်းကိုအထောက်အပံ့ဖြစ်စေ ပါတယ်။
(၁၀) အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှသက်သာစေပါတယ်။
(၁၁) ခန္ဒာကိုယ်တွင်းဆဲလ်များကို အောက်စီဂျင် မပြတ်လပ်စေတော့ပါဘူး။ 
(၁၂) သက်လုံကောင်းစေပါတယ်။
(၁၃) ခေါင်းကိုက်သက်သာစေပါတယ်။
(၁၄) ပင်ပန်းနွမ်းနယ်မှု ကိုပြေပျောက်စေကာစိတ်ကြည်လင်လန်းဆန်းစေပါတယ်။
(၁၅) ကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသွားစေပါတယ်။
(၁၆) အမောအပမ်းခံနိုင်ပြီး၊ လေ့ကျင့်ခဏ်းကြာကြာလုပ်နိုင်လာပါတယ်။
(၁၇) အသားအရေကောင်းပြီး၊ ရွယ်တင်နုပျိုစေပါ တယ်။
(၁၈) ၀က်ရူးပျံ၊ တီဘီ၊ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊နှာခေါင်း၊ ၀မ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ ကို သက်သာစေပါတယ်။
(၁၉) အမြင်အာရုံတိုးတက်ကောင်းမွန်စေပါတယ်။

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ ?

ရေခဲရေ နဲ့  ရေနွေးတွေကိုမဆိုလိုပါ။ (ရိုးရိုး သောက်ရေသန့် ကိုသာသောက်ပါ)
(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လှုံ့ ဆော်ပေးဖို့  နံက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက်သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့  ထမင်းမစားခင်နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့  ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/နှလုံးရောဂါတွေမဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက်သောက်ပေးရပါမယ်။
(၅)အိပ်ပျော်နေစဉ်ခြေသလုံးကြွက်သားတွေကြွက်တက်ခြင်းမဖြစ်ရလေအောင်ညဘက် တရေးနိုး တဲ့ အခါရေထသောက်ပေးပါ။

ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန်ကျန်းမာရေးသုတေသီတွေရဲ့  စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်း ဆုံးဖြစ်ကြပါတယ်တဲ့။
အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာရေခဲရေ/ရိုးရိုးရေအေး  မသောက်ကြ ဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်းပူပူကိုသာ သောက်သုံးလေ့ရှိလို့ ပါဘဲ။ အထူးသဖြင့် ထမင်း စားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက ( ဥပမာပြ ရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်းအဆီတွေက) အစာအိမ် နဲ့ အူလမ်းကြောင်းမှာ ရွံ့စေး အနယ် အနှစ်များ သဖွယ် ခဲပျစ်သွားတတ်ကြပြီး၊အစာကောင်းစွာမချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ပြင်ထမင်းဟင်းပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့အခါများမှာလည်း၊ အပူအအေး တပြိုင်နက် တည်းတွေ့ လိုက်တာကြောင့် အစာအိမ်ကိုကသိကအောက်ဖြစ်စေပါတယ် အပူအအေး တန်ပြန် သက်ရောက်မှုက အစာအိမ်အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမဖြစ်လာပြီး  ဗိုက်နာဗိုက်အောင့်စေ ပါတော့ တယ်။ ဒါကြောင့်ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ (သို့ မဟုတ်)ရေနွေးဖြူ(သို့ မဟုတ်)ရေနွေးကြမ်းတို့ ဖြင့်သာထမင်း လုပ်မနင်အောင်မျှောချကြပါရန် နဲ့  ထမင်းစားပြီးအနည်းဆုံးနာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်)အင်တာနက်သတင်းမှာအကြံပေးဖော်ပြသွားခဲ့ပါတယ်။ သို့ ပါ၍ဤကျန်းမာရေးဆောင်းပါးကိုဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကိုဆင်ခြင်ကြပြီး၊ မိသားစု /ဆွေမျိုး/မိတ်ဆွေများအားလုံးကို လည်းကျန်းမာရေးအသိပေးမျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်းအသိပေးနှိုးဆော်လိုက်ရပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း…Daily Health Tips)