အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday, 26 November 2014

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ


ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။
ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။
ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။
ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။

--
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Tuesday, 18 November 2014

ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။


ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။
====================================
အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ) မှ ဤနည်းကိုပြောပါသည်
အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီး ဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။ ခါတိုင်းလည်းဆီးချိုတက်လျှင် မူးလဲနေကျဖြစ်ပါသည် ။
ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးမှ သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်းအဆင်သင့်ကို ခေါင်းပိုင်းမှဖြတ် ၊ အတွင်းမှအစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။ ၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီး အနည်းငယ်အအေးခံ၍တိုက်ပါသည်။
သင်္ဘောသီးကိုလွှင့်မပစ်ရပါ။ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။ ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင် သွေးယားရောဂါ ၊ အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါအချို့တို့ပါ ပျောက်ကင်းသူများရှိသည်ဟုဆိုပါသည်။အမေသိန်းသည် ဤနည်းကိုယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသောဆီချို မှာ လုံးဝမတက်တော့ဟုဆိုပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍ တင်ပြပါသည်။
=================
ကြည်လွင်မြင့် မုဒြာ


Friday, 7 November 2014

ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ


ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ
--------------------------------------------------
ဆံပင်ကျွတ်ခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဗောက်နှင့် ဒက်တို့ကို သဘာဝနည်းဖြင့် ကုသပေးနိုင်ပါတယ်။
ကုသနည်း
(၁) သံပရာရည်တစ်ဇွန်းခန့်ကို အုန်ရည် လေးဇွန်းခန့်ဖြင့် ရောစပ်ပြီး တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးလျှင် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေပါသည်။
(၂) ဦးရေပြား ယားယံခြင်းအတွက် သံပရာသီးတစ်လုံးကို အရည်ညစ်လိုက်ပါ။ ကြက်ဥတစ်လုံးကို ခွဲလိုက်ပြီး အကာ၏ အရည်နှင့် သံပရာရည်ကို ရောစပ်ပြီး မွှေလိုက်ပါ။ ၄င်းရည်ဖြင့် ဆံနွယ်များ၏ အမြစ်မှ လိမ်းပေးပါ။
တစ်နာရီခန့်ကြာပြီးလျှင် ခေါင်းလျှော်ပစ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်နဲ့ တစ်လခန့် လျှော်ပေးလျှင် ဦးရေပြား သန့်ရှင်းသွားပြီး ဗောက်၊ ဒက်တို့ ပျောက်ကင်းသွားပြီး ဦးရေပြားယားယံခြင်းတို့ ကင်းဝေးသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Health Update Journal
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

မုန်လာဥနီ ဖျော်ရည်


မုန်လာဥ ဖျော်ရည်၏ အကျိုးကျေးဇူး ၈ ခု
(၁) ဝိတ်ကျစေနိုင်ပါတယ်။
(၂) အသည်းရောဂါများ အတွက် ကောင်းမွန်ပါတယ်။
(၃) ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) နာ မကျန်းဖြစ်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။
(၅) အသားအရေကိုလည်း ကြည်လင်ဝင်းပ စေမှာဖြစ်ပါတယ်။
(၆) ကိုလက်စရောဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
(၇) ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။
(၈) အရိုးကိုလည်း သန်မာစေနိုင်ပါတယ်။
Ref-healthnew
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Tuesday, 4 November 2014

သဘောင်္ရွက်


သဘောင်္ရွက်
****************
 သဘောင်္ရွက်ဟာ ကင်ဆာရောဂါကုသရန် ထိရောက်သော ဆေးတစ်မျိုးဖြစ်ပြီး ပါဝင်သောဒြပ်ပေါင်းများဟာ ကျန်းမာရေးအတွက် အလွန်အသုံးဝင်လှပါတယ်။ သဘောင်္ရွက်မှာ အဟာရဓာတ် အများအပြား ပါဝင်ပါတယ်။ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်စီယမ်၊ ဗီတာမင် ဒီ၊ နောက်ပြီး ဗီတာမင် အီး၊ စသည်တို့ဟာ နည်းမျိုးစုံနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေပါတယ်။ antioxidant လုပ်နိုင်စွမ်းတဲ့အတွက် ကင်ဆင်ဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ cytokines ထုတ်ပေးတဲ့အတွက် ရောဂါဒဏ် ယဉ်ပါးနိုင်မှုကို အားပေးပါတယ်။
 ဒါ့အပြင် သဘောင်္ရွက်ကို စားသုံးခြင်းဖြင့် အစာမကြေခြင်း ၊ ဆီးကျိတ်ရောင်ရောဂါ ၊ ၀က်ခြံပေါက်ခြင်း ၊ သွေးမတိတ်ရောဂါ ၊ မီးယပ်နာရောဂါ ၊ ၀မ်းချုပ်ခြင်း ၊ တုတ်ကွေးကြိးရောဂါ ၊ အရေပြားရောဂါ ၊ ခံတွင်းပျက်ခြင်း ၊ ကြက်မျက်သင့်ရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ များသက်သာပျောက်ကင်းစေနိုင်သည့်အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင် အရွက်တစ်မျိုးဖြစ်ပါတယ်။
Source : Papaya Leaves and Cancer Cells , ကိုဦး (သတ္တဗေဒ)

Monday, 3 November 2014

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်




အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိ လိုက်ရုံနဲ့ အိပ်မောကျ သွားတတ်ပါတယ်။ လူအနည်းစု ကတော့ အတွေးတွေ များပြီး တော်တော်နဲ့ အိပ် မပျော်နိုင်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန် အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ် မပျော် နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေဖို့ အောက်ပါ နည်းခြောက်သွယ်ကို ရေးသား လိုက်ရပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
အိပ်ရေးဝဝ အိပ်ပျော်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် နေ့ လယ်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြစ်ပြီး အနည်းဆုံး အိပ်ရာဝင်ချိန်မတိုင်ခင် အချိန် သုံးနာရီလောက်ခြားပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
နံနက်ခင်း နေခြည်နုနုခံပါ
ကိုယ်ခန္ဓာဇီဝ နရီရဲ့ နိုးထမှုနဲ့ ဟန်ချက်ညီ မျှမှုတို့အတွက် မနက်ခင်းမှာ နေခြည်နုနုခံယူပေးပါ။ မနက် ခြောက်နာရီကနေ ရှစ်နာရီကြား နေခြည်နုနုကို ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။
စိတ်ဖိစီးမှု ထိန်းချုပ်ပါ
စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာကြောင့် အဆိုး မြင်အတွေးတွေကို ကင်းစင်စေပြီး အိပ်ရာထဲ ဝင်တာ နဲ့ ခပ်မြန်မြန် အိပ်မောကျစေပါတယ်။
တစ်ရေးအိပ်စက်ပါ
ပင်ပန်းနေရင် တစ်ရေးအိပ်ပါ။ အချိန် ၃၀ မိနစ် အောက်နည်းပြီး တစ်ရေးအိပ်ပါ။
ကျန်းမားရေးနှင့် ညီညွတ်သော အစာ စားပါ
အမေရိကန်လူမျိုးအများစုဟာ ညစာကို များများ စားလေ့ရှိတာကြောင့် အိပ်စက်မှုစနစ် ထိခိုက်နေရ တယ်လို့ သိရပါတယ်။ မနက်စာကို များများစားတာ၊ နေ့လယ်စာကို အသင့်အတင့်စားပြီး ညစာကို နည်း နည်းပဲ စားတာတွေက အကောင်းဆုံး ဖြစ်ပါတယ်။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီ ခြားပြီး စားပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို လျှော့ သောက်ပြီး ညစာမစားခင် အရည် များများသောက်ပါ။
ပုံမှန် အိပ်ချိန်၊ ထချိန် ထားရှိပါ
အိပ်စက်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင် တာနဲ့ နေ့စဉ် အိပ်-နိုးစနစ်ကို တူညီတဲ့အချိန်မှာ ထား ရှိတာကြောင့် ခပ်ကြာကြာ အိပ်မောကျစေပါတယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ကို ဖယ်ရှားပြီး အခန်းအပူချိန်ကို လျှော့ချပါ။
Credit-Good Health

Saturday, 25 October 2014

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

 
ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့ လူတွေဆီ ပေးပို့ သင့်ပါတယ် ။
**ဂျွန်ဟော့(ပ်)ကင်း(စ်)မှ**ဖတ်ပါ။ဝေမျှပါ
ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။
ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။
၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်း အနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး ။ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါလူတွေရဲ့ကိုယ်ထဲကကင်ဆာဆဲ(လ်)တွေဟာစစ်ဆေးသိရှိနိုင်တဲ့အရေအတွက် အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။
၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက် အထိ ပေါ်ပေါက်ပါတယ်။
၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။
၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။
၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။
၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကိုပျက်စီးစေ သလို ကောင်း တဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။
၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်အကျိတ်တွေ ကျုံ့သွား တတ် ပါတယ်၊ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွား ပါတယ်၊ အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။
၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့ အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ
ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။
၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကိုဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရ ခက်စေနိုင်ပါတယ်။ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့စေနိုင်ပါတယ်။
၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်တောက်လိုက်ခြင်းပါဘဲ။
(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေး က ပိုကောင်းပါတယ်။စားပွဲတင်ဆားဟာဓာတုပစ္စည်း ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။
(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ ထွက်စေပါတယ် ၊ အထူးသဖြင့်အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။
(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါဝင်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။
(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကိုခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။
၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။
၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။
၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ။
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကိုချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။
(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။
ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။
ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်ပါဘူး လို့ သူကပြောပါတယ်။
အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာ ထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကိုမသုံသင့်ပါဘူး။စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစားစက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။
ကျန်းမာချမ်းသာကျပါစေ
ကြိုးစားပါဉီးမည်
ရတီ

Saturday, 18 October 2014

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး


ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး
===================================
 ကက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။
ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့ ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက် အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့ လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။ ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ ဖျက်ဆီးပေးပါတယ်။
ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့ ကင်ဆာဆဲလ်တွေကိုဖြေရှင်းပေးတဲ့ သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့လမ်းကြောင်းတွေကိုလည်း ပြန်လည်အလုပ်လုပ်စေပါတယ်။ နောက်တနည်းပြောရမယ်ဆိုရင် ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။ ဒီအကျိုးသက်ရောက်မှု အတိုင်းအတာဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကင်ဆာရောဂါ ကုသတဲ့ တခြားဓာတုဆေးများထက် များစွာထိရောက်မှုရှိပါတယ်။
==================
Trend Myanmar

Tuesday, 14 October 2014

အသားအရည် လှပဖို့ နနွင်းမှုန့်ကို မှီဝဲကြပါစို့



နနွင်းမှုန့်ဟာ အသားအရည်အတွက် အထူးပင် ကောင်းမွန်တဲ့ ဆေးတစ်လက်ပင် ဖြစ်ပါတယ်။ နနွင်းမှုန့်ကို စားနိုင်သလို လိမ်းပေးနိုင်ပါတယ်။ နနွင်းမှုန့်၏
ဆေးဘက်ဝင် အာနိသင်တွေ ကတော့ ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ကို လိမ်းပေးခြင်း အားဖြင့် မျက်နှာ အမဲစက်များ ဝက်ခြံများ စတာတွေကို ပျောက်ကင်းစေနိုင် ပါတယ်။ ၎င်းဟာ အရေပြားပေါ်ရှိ ဘက်တီးရီးယားများကို သန့်စင်ပေးသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
တစ်ကိုယ်လုံး အသားအရည်ကို ဝင်းပစေခြင်း
နနွင်းမှုန့်ကို စားပေးခြင်းအားဖြင့် မျက်နှာတင် မကဘဲ ခန္ဓာကိုယ် တစ်ခုလုံးမှ အသား အရည်ကို ကြည်လင်ဝင်းပ စေမှာ ဖြစ်ပါတယ်။
နေလောင်ဒဏ်အတွက် ကောင်းမွန်ခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ကြောင့် ဖြစ်စေတဲ့ အသားအရည် ခြောက်သွေ့ခြင်းနှင့် အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို ကာကွယ်ပေးတဲ့ အပြင် အရည်ပြား ထိခိုက်မူကို လည်း သက်သာစေပါတယ်။
နနွင်းကို စားမယ်ဆိုရင် ရေနွေးပူပူထဲ၌ နနွင်းလက်ဖက် စားဇွန်း တစ်ဇွန်း သကြား လက်ဖက်စားဇွန်း တစ်ဇွန်းမွှေကာ စားပေးနိင်ပါတယ်။
လိမ်းမယ်ဆိုရင်တော့ နနွင်းကို ရေနဲ့ရောလိုက်ပါ။ ပြီးနောက် စေးပျစ်တဲ့ အနှစ်ရတဲ့ အထိ မွှေပြီး လိမ်းနိုင်ပါတယ်။ အချိန် ၁၀ မီးနစ် ကြာရင် မျက်နှာကို
ဆေးကြောလိုက်ပါ။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Sunday, 12 October 2014

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ


သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ
===============================
တရားထိုင်တယ်ဆိုတာ စိတ်အတွက်သာမက ရုပ်အတွက်ပါ အထောက်အကူပြုပြန်ပါသေးတယ်
လွယ်လွယ်ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေးချမ်း သွားအောင် အာရုံတစ်ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီးပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသနပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။
ဘယ်လိုတရားထိုင်ရမလဲ....
--------------------------
တရားထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေထိုင်ပြီး လက်တွေကို ပေါင်ပေါ်တင် ထိကပ်ကာ၊ မျက်စိကို မှိတ်ထားပြီး၊ နှာသီးဝက ၀င်လေထွက်လေကိုပဲ အာရုံပြု ရှုမှတ်ရမှာပါ၊ အတွေးတွေ၊ ခံစားချက်တွေ၊ အသံတွေ၊ ပုံရိပ်တွေအားလုံးကို မေ့နိုင်သမျှ မေ့အောင်ကြိုးစားရင်း စိတ်ကို နှာသီးဝမှာ တိုးနေတဲ့ ၀င်လေထွက်လေကိုပဲ အာရုံစိုက်ရမှာပါ၊ စတင်တရားထိုင်ကာစမှာ ငါးမိနစ်လောက်ပဲ ကြိုးစားကြည့်ပြီး တဖြည်းဖြည်းချင်း ၁၀-မိနစ်၊ ၁၅-မိနစ်ကနေ တစ်နာရီ၊ နှစ်နာရီ အထိ ကိုယ်တတ်နိုင်သလောက် ထိုင်နိုင်ပါတယ်၊ တရားထိုင်ခြင်းအကြောင်းလေ့လာဖို့ သိပ်မခက်ခဲပါဘူး၊ စတင်လေ့ကျင့်ဖို့ပဲ လိုပါတယ်၊ တရားထိုင်တဲ့အချိန်မှာ စိတ်ဟာ ငြိမ်သက်အေးချမ်းမှု ရနေမှာကတော့ အမှန်ပါပဲ။
တရားထိုင်ခြင်းကြောင့် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်ပါသလဲ....
---------------------------------------------------------
တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ညီညွတ်မျှတစေပါတယ်၊ တရားထိုင်ခြင်းကြောင့် နာတာရှည် နာကျင်မှုဝေဒနာ၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှုဝေဒနာ၊ အမျိုးသမီးရောဂါ-စတဲ့ ရောဂါဝေဒနာများစွာကို သက်သာစေပါတယ်။ တရားထိုင်ခြင်းကနေရတဲ့ စိတ်အပန်းဖြေမှု၊ စိတ်ငြိမ်းချမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝပျက်စီးမှုကို လျော့ကျစေကာ သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်၊ နှလုံးသွေးလည်ပတ်မှု အားကောင်းပြီး အသက်ရှုလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် ဦးနှောက်လှိုင်းတွေကိုလည်း အားကောင်းစေ ပါတယ်။ ခန္ဓာကိုယ်ကြွှက်သားတွေရဲ့ တင်းအားနဲ့ ညောင်းညာမှုတွေကို နှိပ်နယ်လိုက်သလို အညောင်းပြေ စေပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အကြိမ်နဲ့ အချိန်များလေလေ စိတ်ငြိမ်းချမ်းမှု ပိုမိုရှိလေလေပါပဲ၊ တရားထိုင်ခြင်းကြောင့် လျော့ပါးနိုင်တဲ့ ဝေဒနာတချို့အကြောင်းကို လေ့လာသုတေသနပြုထားချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ပူပန်မှု
--------------------------------
စိတ်ပူပန်မှုဟာ ကြောက်ရွံ့မှု၊ အခက်အခဲကြုံတွေ့မှု၊ ဆိုးရွားတဲ့အကြောင်းတစ်ခုခု-စတာ တွေနဲ့ ဆက်စပ်နေတဲ့ မသက်မသာစိတ်ခံစားမှု တစ်မျိုးပါပဲ။ စိတ်ပူပန်မှုကြောင့် ခန္ဓာကိုယ်ဟာ ကတုန်ကယင်ဖြစ်ခြင်း၊ တုန်လှုန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်နှုံးမြန်ခြင်း၊ ချွေးထွက်ခြင်း၊ လက်တွေ စေးထန်းထန်းဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုဖြစ်တာနဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အနှောက်အယှက်ပေးတဲ့အထိ ဒုက္ခရောက်ရတတ်ပါတယ်၊ ဒါ့အပြင် စိတ်ပူပန်မှုဟာ နှလုံးရောဂါ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်၊ ဒါကြောင့် ပူပန်တတ်တဲ့စိတ် မရှိအောင် တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်၊ တရားထိုင်ခြင်းဖြင့် စိတ်ဟာ ငြိမ်သက်အေးချမ်းနေပြီး ပူပန်စရာကြုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဖိစီးမှု
------------------------------
ဘ၀ရဲ့အပြောင်းအလဲ၊ အချိုးအကွေ့၊ စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေနောက် လိုက်ရတာ ကိုယ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလှပါတယ်။ စိတ်ဖိစီးမှုမှာ အဆင့်သတ်မှတ်ချက်တွေလည်း ရှိပါတယ်၊ စိတ်ဖိစီးမှုနည်းတဲ့အဆင့်ဆိုရင် သိပ်ပြီးတော့တောင် သတိမထားမိဘဲ ပြေပျောက်သွားတတ်ပါတယ်၊ စိတ်ဖိစီးမှု အလယ်အလတ်အဆင့်မှာဆိုရင်တော့ လူတွေဟာ ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘဲ စိတ်ပန်း၊ ကိုယ်ပန်းဖြစ်နေတတ်ပါတယ်၊ စိတ်ဖိစီးမှုဟာ သည်ထက် ပိုများလာပြီဆိုရင်တော့ နာတာရှည်ရောဂါတွေ အပြင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်နေချိန်မှာ လျော့ကျသွားအောင် တရားထိုင်ပေးနိုင်သလို စိတ်ဖိစီးမှု လုံးဝမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရားထိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း
---------------------------------------
ဝမ်းနည်းအားငယ်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားရတဲ့ဝေဒနာဟာ စိတ်ဓာတ်ကျ ခြင်းပါ။ သာမန်ခံစားရတဲ့ ၀မ်းနည်းမှု၊ပူဆွေးမှုနဲ့ အားအင်မဲ့ခြင်းတွေနဲ့ မတူပါဘူး၊ စိတ် ဓာတ်ကျတဲ့လူဟာ သာမန်အချိန်မှာထက် တွေးတောခြင်းနဲ့ စကားပြောခြင်း နှေးကွေးလေး လံနေတတ်ပါတယ်။ စူးစိုက်မှုအားနည်းပြီး ဆုံးဖြတ်ချက်ချမှု ခဲယဉ်းကာ စားတဲ့ သောက်တဲ့ အကျင့်တွေတောင် ပြောင်းလဲ သွားတတ်ပါတယ်၊ အရင်တုန်းက စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်ဝင်စားမှု ကင်းမဲ့လာပြီး ဘ၀မှာ မရှင်သန်လိုတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ ယောက်ျား မိန်းမ အသက်အရွယ် မရွေးဖြစ်တတ်ပြီး ဆေးကုသခြင်းနဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်၊ ဓာတ်ကျခြင်းမဖြစ်ပေါ်အောင် တရားထိုင်ခြင်းနဲ့ ကာကွယ်လို့ ရပါတယ်။
တရားထိုင်ခြင်းနဲ့ သွေးတိုးရောဂါ
------------------------------------
လူတစ်ယောက်ရဲ့ ပုံမှန်သွေးဖိအားက အပေါ်သွေး ၁၂၀ mmHg နဲ့ အောက်သွေး ၈၀ mmHg လို့ အကြမ်းဖျင်းအားဖြင့် ဆိုပါတယ်။ အပေါ်သွေး ၁၄၀ mmHg နဲ့အထက်၊ အောက်သွေး ၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးနေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပုံမှန်သွေးဖိအားဟာ မတူတတ်ပါဘူး၊ ဒါကြောင့် နေကောင်းစဉ်မှာ ပုံမှန်သွေးဖိအားကို မှတ်သားသင့်ပါတယ်၊ သွေးတိုး ရောဂါဟာ ခံစားရတဲ့အချိန် ကြာလာတဲ့အခါ သွေးကြောတွေ၊ နှလုံးနဲ့ကျောက်ကပ်တွေကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါရှိရင် ဆေးဝါးနဲ့ ကုသခြင်းအပြင် ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင်မှသာ နောက်ဆက်တွဲ အန္တရာယ်တွေ မဖြစ်အောင် လျှော့ချနိုင်မှာပါ၊ သွေးတိုးရောဂါကြောင့် ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်း-စတဲ့ လက္ခဏာရပ်တွေ သက်သာလျော့ပါးအောင် တရားထိုင်ပေးနိုင်ပါတယ်။ ကြာရှည် ပုံမှန်တရားထိုင်တဲ့ သူတွေဟာ သွေးဖိအားကို ပုံမှန်ထိန်းညှိပေးနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ HIV ပိုးရှိခြင်း
----------------------------------
HIV ပိုးဟာ ခုခံအားကျဆင်းတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး HIV ပိုးရှိတဲ့ ဝေဒနာသည်တွေဟာ ကူးစက်ရောဂါပိုးတွေနဲ့ တချို့သောရောဂါတွေကို ခုံခံတိုက်ဖျက်နိုင်စွမ်းလျော့နည်းတဲ့အတွက် တုပ်ကွေး၊ ဖျားခြင်း၊ ခန္ဓာကိုယ်အလေးအချိန် ကျဆင်းခြင်း၊ တီဘီရောဂါ၊ ရေယုန်နဲ့ မှက္ခရုပေါက်ခြင်း၊ မှိုရောဂါစွဲကပ်ခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အကျိတ်များထွက်ခြင်းတို့ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ HIV ပိုးရှိတဲ့ ဝေဒနာသည် တွေဟာ စနစ်တကျဆေးကုသမှု ခံယူပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပြီး နေမယ်ဆိုရင် နှစ်အကြာကြီး အသက်ရှင်နေထိုင်နိုင်ပါတယ်၊ ဒါပေမယ့် HIV ပိုးရှိတဲ့သူတွေ အသက်ရှင် ကျန်းမာဖို့ အရေးအကြီးဆုံးအချက်က စိတ်ဓာတ်မကျဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ၊ ဒီစိတ်ဓာတ် ကြံ့ခိုင်မှုရဖို့ တရားထိုင်သင့်ပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ
စိတ်ကစဥ့်ကလျားရောဂါသည်တွေဟာ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ လူအများနဲ့ ဆက်ဆံနိုင်မှု လုံးဝ မရှိတော့ပါဘူး၊ ဒါကို ကုသဖို့ ဆေးဝါးနဲ့ ကုသဖို့အပြင် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းနဲ့ ကောင်းစွာ ထောက်ပံ့ပေးနိုင်မယ့် အသိုင်းအ၀ိုင်းလည်း ရှိဖို့လိုအပ်ပါတယ်။ စိတ်ကစဥ့်ကလျားရောဂါသည်တွေ စိတ်တည်ငြိမ်လာအောင် တရားထိုင်ခိုင်းကြည့်တဲ့အခါ ဆေးကုသရာမှာ ထိရောက်တဲ့အကျိုးအာနိသင် ရတယ်လို့ လေ့လာမှုအရ ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ
---------------------------------
တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ ကျန်းမာရေးဆက်စပ်ပုံကို မရေမတွက်နိုင်လောက်အောင် သုတေသန တွေ ပြုလုပ်ခဲ့ပြီးပါပြီ။ နှလုံးရောဂါသည် အများစုဟာ ထိတ်လန့်စရာ နည်းနည်းကြုံတာနဲ့ ရောဂါက ဖောက်လာတတ်ပါတယ်၊ သူတို့ရဲ့စိတ်မှာ နှလုံးရောဂါ ရှိတယ်ဆိုတဲ့ အသိနဲ့ ထိတ်လန့်ချောက်ချားစရာ ကြုံလို့မရဘူးဆိုတဲ့ အသိက ဒွန်တွဲနေတာကြောင့်ပါ။ ဒီအသိတွေနဲ့ ထိတ်လန့်ချောက်ချားစရာအပေါ် တုံ့ပြန်နိုင်တဲ့ တည်ငြိမ်မှုရရှိအောင် တရားထိုင်ပေးနိုင်ပါတယ်လို့ စိတ်ပညာရှင်များစွာက အကြံပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဂျာနယ်တစ်ခုရဲ့ လေ့လာဖော်ပြချက်အရ တစ်နေ့မှာ ၁၅-မိနစ်ခန့် ၂-ကြိမ် တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေ အနေနဲ့ ၄-လအကြာမှာ သွေးပေါင်ချိန်ဟာ သိသိသာသာ ကျဆင်းမှုရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ သွေးသန့်စင်အားကောင်းကာ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။
တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား
---------------------------------------------
ခဏခဏ ရောဂါပိုးဝင်လွယ်၊ အအေးမိလွယ်၊ နှာစေးချောင်းဆိုးဖြစ်လွယ်နေရင် ကိုယ်ခန္ဓာခုံခံ စွမ်းအား တက်ဖို့အတွက် တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား တက်ခြင်းရဲ့ ဆက်စပ်မှုကို လေ့လာတဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ် ၁-နာရီခန့် တရားထိုင်တဲ့ အုပ်စုနဲ့ လုံးဝမထိုင်တဲ့ အုပ်စု နှစ်ခုကို ၈-ပတ်ကြာ လေ့လာအပြီးမှာ တရားထိုင်တဲ့အုပ်စုဟာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းပမာဏများနေတာကို တွေ့ရပါတယ်။
တရားထိုင်ခြင်းနဲ့ မှတ်ဉာဏ်
-------------------------------
ပုံမှန်တရားထိုင်တဲ့သူတွေဟာ တရားမထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက လေ့လာမှုနဲ့ ပျော်ရွှင်မှု ဆက်စပ်နေတဲ့ ဦးနှောက်ထဲက Gamma လှိုင်းရဲ့ လုပ်ဆောင်မှုကို သိသိသာသာ ကောင်းမွန်စေကာ စူးစိုက်မှုအား၊ မှတ်ဉာဏ်၊ လေ့လာမှုစွမ်းရည်နဲ့ အသိဉာဏ်တို့ကို ပိုမိုတိုးတက်စေပြီး စိတ်ကိုလည်း ရွှင်လန်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာ
-------------------------------------------
အိပ်ရာထဲမှာနေပြီး အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင် ကြိုးစားရင် တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီး အိပ်မပျော်နိုင် ဖြစ်ရပါတယ်။ စိတ်ကို အနားပေးပြီး ခန္ဓာကိုယ်ကို အကြောလျှော့ကာ အနားယူ ပေးပါ၊ ပြီးမှ နှာသီးဝမှာ တိုးဝင်နေတဲ့လေနဲ့ ထွက်နေတဲ့လေကို အာရုံပြုပေးရင် မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။ တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတွေလိုပဲ စိတ်ကို ငြိမ်သက်အေးချမ်းစေပါတယ်။
(အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်း)

Tuesday, 7 October 2014

တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


(၁) ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း
တလည်းသီးကို မှီဝဲပေးမယ်ဆိုရင် ရင်သားကင်ဆာဖြစ်စေမယ့် ဆဲလ်များကို တိုက်ဖျက် ပေးနိုင်ပါတယ်။ အထူးသဖြင့် ကတော့ အမျိုးသမီးများ စားသင့်ပါတယ်။
(၂) အဆုတ်ကင်ဆာအတွက် ကောင်းမွန်ခြင်း
လေ့လာမူတွေအရတလည်သီးမှာပါဝင်သောဓာတ်သဘာဝများဟာအဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ေ
ပးကြောင့် သိရပါတယ်။
(၃) အမျိုးသားလိင် ကင်ဆာအတွက် ကောင်းမွန်ခြင်း
အမျိုးသားများလည်း စားသင့်တဲ့ အသီးတစ်ခု ဖြစ်ပါတယ်။ တလည်းသီးဟာ လိင်ပိုင်း ဆိုင်ရာမှာ ဖြစ်စေတဲ့ ကင်ဆာအတွက်လည်း ကောင်းမွန်စေပါတယ်။
(၄) ကိုလက်စရောဓာတ်ကို သိသိသာသာလျော့ချပေးနိုင်ခြင်း
အဝလွန်သူများ စားပေးသင့်ပါတယ်။ တလည်သီးဟာ ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ ချပေးနိုင်ပါတယ်။
(၅) သွေးဖိအားကို ကျဆင်းစေခြင်း
လေ့လာမူတွေအရ တလည်သီးကို ဖျော်ရည်လုပ်ပြီး တစ်နေ့တစ်ခွက်သောက်သူများဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Saturday, 4 October 2014

သခွားမွှေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သခွားမွှေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
(၁) သွေးဖိအားကို ကျဆင်းစေပါတယ်။
(၂) သွေးစီးဆင်းမူ အတွက် ကောင်းမွန်စေပါတယ်။
(၃) မျက်လုံးကျန်းမာရေးနှင့် အကျိုးကျန်းမာရေး အတွက် ထိန်းသိမ်းပေး ပါတယ်။
(၄) သွေးဖိအားကို ထိန်းညှိပေးတဲ့ အပြင် သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်စေ ပါတယ်။
(၅) ဆီချိုရောဂါသည်များအတွက် သကြားဓာတ် များကို လျော့ချပေးနိုင်သည့် အတွက် စားသင့်ပါတယ်။
(၆) ကင်ဆာဖြစ်စေမယ့် ဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင် ပါတယ်။
(၇) နှလုံး ၊ အဆုပ် နှင့် ခန္ဓာကိုယ် အတွင်း သွေးကြောများ အတွက် ကောင်းမွန်စေ ပါတယ်။
(၈) ကိုယ်တွင်း၌ အစာခြေချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဓာတုဖြစ်စဉ် အစုစုတို့၏ ကျန်းမာရေး အတွက် ကောင်းမွန်စေ ပါတယ်။
Ref - healthnews
ကျော်လင်းနိုင် (ရိုးရာလေး)

Wednesday, 1 October 2014

သွေးတိုး ရောဂါအတွက် သဘာဝ ဆေးနည်း

သွေးတိုး ရောဂါအတွက် သဘာဝ ဆေးနည်း
===============================
 သွေတိုး ရောဂါ ရှိသူများ သွေးတိုးပြီး ခေါင်းမူး လာပါက သဘာဝ နည်းများဖြင့် သွေးတိုးရောဂါ သက်သာ သွားအောင် ပြုလုပ် နိုင်ကြပါတယ်။
၁။ ဒန့်သလွန် ရွက်ကို ရေစင်အောင် ဆေးပြီး ထောင်းလိုက်ပါ အရည်ညှစ် ယူပြီး လ္ဘက်ရည်ဇွန်း ၂ ဇွန်းခန့်ကို
သောက် လိုက်ပါ။ သွေးတိုး ချက်ခြင်း သက်သာသွား စေပါသည်။
၂။ သံပုရာသီးကို ခွဲလိုက်ပါ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုး ချက်ခြင်းသက်သာသွား
ပါလိမ့်သည်။
၃။ သံပုရာသီး ချက်ချင်း မရနိုင် ပါက သံပရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနှင့် သွေးပြီး သောက်နိုင်ပါ
သည်။
၎။ ဗန်ဒါရွက် အနု ၃ - ၄ ရွက် ခန့်ကို ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးပါ။      တစ်နေ့ကို
လ္ဘက် ရည်ခွက်၃ခွက်ခန့် သောက်ပါ။၅ရက်(သို့)တစ်ပတ်အတွင်း သွေးတိုး ရောဂါသက်သာသွားပါလိမ့်မည်။
သတိပြုရန်။။ဗန်ဒါရွက် ပြုတ်ရည်ကိုအလွန်အကျွံ သောက်ပါကဝမ်းချုပ်တတ်ပါသည်။၎င်းတို့သည် ဘေးထွက် ဆိုးကျိုးနည်းပါးသည့် မြန်မာ့ရိုးရာ ဆေးနည်းများဖြစ်သည်။

Sunday, 28 September 2014

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း



အခုနည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျော ဘက် အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။
နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀) ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့ မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

Wednesday, 24 September 2014

ဦးနှောက်ကို အမြဲနုပျိုနေစေရန်


ဦးနှောက်ကို အမြဲနုပျိုနေစေရန်
★★★★★★★★★★★★★★★★★★
(၁) လှုပ်ရှားပါ
●●••●●••●●••●●••●●••
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ်လက်လှုပ်ရှားခြင်း ကြောင့်ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့စည်းမှု  ကောင်း မွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့်အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

(၂) အစာကျွေးပါ
●●••●●••●●••●●••●●••
ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင်သောေ ကြာင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေးနိုင်သည်။
(၃) အရှိန်တင်ပါ
●●••●●••●●••●●••
ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ် ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေသစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။
(၄) စိတ်ဖိစီးမှုလျှော့ပါ
●●••●●••●●••●●••●●••●●•
စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်Óဏ်မှတ်သားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေသည်။ နာတာ ရှည် စိတ်ဖိစီးမှုခံရသောအခါဦးနှောက်၏ ippocampus  ဟုခေါ် သောအစိတ်အပိုင်းသည် မှတ်ဥာဏ် မှတ်သားနိုင် စွမ်းလျော့ နည်းလာသည်။
(၅) ရယ်ပါ
●●••●●••●●••●●••
ဟာသဓါတ်ခံရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများထွက်ရှိလာပြီးစိတ် ကြည် လင် ချမ်းမြေ့မှု ကိုပေးစွမ်းနိုင်သည်။ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များအတွက် အားဆေး တစ်ခု လည်းဖြစ် သည်။
ဇော်ကို
Health Updates Journal

Monday, 22 September 2014

"အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး ပိန်နည်း"


.
ဝတဲ့သူတွေအတွက် အလွယ်ကူဆုံး ပိန်စေတဲ့ ရိုးရှင်းတဲ့နည်းလေး တနည်းထဲဖော်ပြပေးပါ့မယ်
ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ...
အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပျောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း... ငှက်ပျောသီးတင်သွင်းတဲ့ကုန်သည်တွေကလဲ... တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့...
Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့... သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း... တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့... ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပျောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး... နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား..... ပိန်နိုင်ပါတယ်လို့ဆိုပါတယ်....
သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်...အဲတာ နဲ့ သူကောင်မလေးSumiko ကိုလက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်...
ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်... အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရပါတယ်..
ဒီအကြောင်းပိုမို လူသိများလာရခြင်းအကြောင်းကတော့... တိုကျို အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီးKumiko Mori ကလည်း ငှက်ပျောသီး တန်ခိုးနဲ့ ၇ ကီလိုတောင်ကျတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲပါပါတယ်....

တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေ မျက်ခုံးတောင်ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့..... အစားလဲရှောင်စရာမလိုဘူး... အချိန်မှန်လဲ စားစရာမလိုဘူး.... ညဆို မစားပဲလဲနေစရာမလိုဘူး.... ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့....
ကဲကဲ... တို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပျောသီး... ဘယ်နားသွားသွားရှိတယ်...ငှက်ပျောသီးစားပြီးရင် ရိုးရိုးရေလေးလဲသောက်ဖို့ မမေ့နဲ့နော်....
(ဇေယျာဟိဏ်း)