အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday, 22 September 2015

ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်ရှည်ဆေး


ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်ရှည်ဆေး ဖြစ်သွားနိုင်ပါ၏။ ထို့ကြောင့် ဤစာကိုဖတ်ပြီးလျှင် ဝေမျှပေးရန်မမေ့ပါနှင့်။ဤစာသည် တစ်စုံတစ်ယောက်၏ အသက်ကို ကယ်တင်ကောင်း ကယ်တင်နိုင်ပါ၏။နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်း သောက်သော အလေ့အထသည် ယနေ့ဂျပန်ပြည်တွင် ခေတ်စားနေ၏။ သိပ္ပံပညာ စမ်းသပ်ချက် များသည်ပင် နံနက်ခင်းရေသောက်ခြင်းအလေ့အထ၏ တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ ကျွန်ုပ်တို့ စာဖတ်သူပြည်သူများ အတွက် ရေ၏အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ ဤရေကုထုံးဖြင့် အသက်ကြီးရောဂါ၊ ပြင်းထန်သောရောဂါများနှင့် ခေတ်သစ်ရောဂါများကို တစ်ရာ ရာခိုင်နှုန်း ပျောက်ကင်းနိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့အစည်းတစ်ခုက တွေ့ရှိခဲ့ပါ၏။
ပျောက်ကင်းနိုင်သော ရာဂါများမှာ ခေါင်းကိုက်ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင် ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက် ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများရာသီလာမမှန်ခြင်းတို့ဖြစ်၏။

လိုက်နာရန် နည်းလမ်းများ
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး
တစ်ဘူးခန့်. သို့မဟုတ် သုံးပုံနှစ်ပုံခန့် သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေ
သောက်ပြီး လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ
နှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံ
အတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအ
တွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်
နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်
သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်
ကင်းအောင် ကုသနိုင်ပါ၏။
အောက်တွင် ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်
ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင်
ကောင်း၏။ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီး
ပုံဖော်နိုင်ပါ၏။
ဤစာသည် အင်တာနက် page တစ်ခုမှ ဆေးပညာဆောင်းပါး
တစ်ပုဒ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ၏။စာဖတ်သူသို့မတင်ပြမှီ
ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်သောက်သုံးခဲ့ပါ၏။အလွန်သဘောကျလက်ခံမိပါ၏။
ဝမ်းမမှန်သောကျွန်ုပ် ဝမ်းမှန်လာ၏။တစ်နေ့လုံးလည်း လန်းဆန်းတက်ကြွနေ၏။ရေသည်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေခြင်းအားဖြင့်
ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ယူဆမိ၏။
ထို့ကြောင့် ဓမ္မတာရာသီလာမမှန်သော မိန်းမများအတွက်
အထူးသင့်လျော်သည်ဟု ယူဆမိ၏။သို့သော်အတွေ့အကြုံအရ
ရေကုထုံးတွင် ရေနွေးကိုသုံးသင့်၏။ညသိပ်ရေနွေး အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်ပါ၏။
ကျွန်ုပ်သည် စာဖတ်လျှင် စာများကိုစာအုပ်ထဲမှာဘ မထားတတ်ပေ။စရဏ အကျင့်အဖြစ် သို့ပြောင်းလဲတတ်၏။
ထိုသို့ပြောင်းလဲပေးမှသာ ဘဝသည်တဆင့်ပြီးတစ်ဆင့်
အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလိမ့်မည်ဟု ခံယူ
ထားပါ၏။ထိုအချက်သည် ကျွန်ုပ်၏ ကောင်းသောအချက် ဖြစ်
ပါ၏။ထိုအချက်ကြောင့် မိမိကိုယ် မိမိ ပြန်၍လေးစားမိပါ၏။
ဥပမာပြရလျှင် ကျွန်ုပ်သည် ကျန်းမာရေးစာပေများကိုဖတ်
၍ နံနက်ခင်း ရေသောက်သောအကျင့် နှင့် ထမင်းစားလျှင်ကြက်သွန်ဖြူစားသော အကျင့်တို့ရခဲ့ပါ၏။
ဗုဒ္ဓစာပေများကိုဖတ်၍ စိတ်ထဲတွင် လောဘ၊ဒေါသ၊မောဟအစရှိသော
ကိလေသာတရားများဝင်လာလျှင် သတိလေးနှင့်ကြည့်သော
ဝိပသာနာအကျင့်ကိုရခဲ့ပါ၏။" သတိလေးနှင့်ကြည့်ရမှာ ကိုယ့်
အလုပ် ၊ ကိလေသာတွေကိုပယ်ပေးမှာကတရားအလုပ်" အစရှိသော
ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများလည်း မှတ်သားခဲ့ပါ၏။
အကြင်မာရ်နတ်သည် ကျွန်ုပ်အား ကျပ်သိန်းပေါင်းတစ်သောင်းပေးမည်၊မင်းရဲ့အကျင့်ကိုမလုပ်ပါနှင့်တော့ဟု ပြောလာငြားအံ့။ကျွန်ုပ်သည် ထိုကျပ်သိန်း
ပေါင်းတစ်သောင်းကိုသာစွန့်မည် ဖြစ်၏။မိမိ၏အကျင့်ကို မည်သည့်နည်းနှင့်မျှ မစွန့်။အဘယ့်ကြောင့်ဆိုသော် မနက် ကျပ်သိန်းသုံးထောင်ငါးရာ၊ နေ့လည်ကျပ်သိန်းသုံးထောင်ငါးရာ၊
ညနေ ကျပ်သိန်းသုံးထောင်သုံး၍ မြတ်ဘုရားနှင့်တကွရဟန်းသံဃာ
များကိုလှူ၍ရသောကုသိုလ်ထက် နွားနို့တစ်ညှစ်စာ ပွားများအားထုတ်ရသောဝိပသာနာကုသိုလ်ထူးက သာ၍မြတ်၏။ကျပ်သိန်းပေါင်း တစ်သောင်းသည် လူ့ဘုံ
တစ်ဘုံတည်းတွင်သာ သုံး၍ရသောငွေဖြစ်၏။ဝိပသာနာကုသိုလ်ကား သုံးဆယ့်တစ်ဘုံသာမက နိဗ္ဗာန်တိုင်အောင်သုံးနိုင်၏။
ထိုထိုအကြောင်းများကြောင့် မိမိ၌ရှိနေသော ကောင်းသော
အလေ့အကျင့်တစ်ခုကို မည်သည့်စည်းစိမ်ဥစ္စာတို့နှင့် မလဲလှယ်လိုခြင်း ဖြစ်ပါ၏။
အကျင့်ကောင်းတစ်ခုသည် ဘဝတစ်ခုကို တိုးတက်ပြောင်း
လဲနိုင်စွမ်းရှိပါ၏။လူသားတိုင်း အကျင့်ကောင်းများကိုကျင့်
သုံးပြီး တိုးတက်အောင်မြင်သော ဘဝများကိုပိုင်ဆိုင်ရင်း
နောက်ဆုံး၌မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ...။
Myanmar News Media

Sunday, 23 August 2015

ကျန်းမာရေးအတွက် ဆောင်ရန်နှင့်  ရှောင်ရန် အချက်များ


" ကျန်းမာရေးအတွက် ဆောင်ရန်နဲ့ရှောင်ရန်အချက်များ..."
===================
===================
၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့် အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်းထိခိုက်နိုင်သည် ။
၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။
မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။
၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။ ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။
၎. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီစားသုံးမှု များခြင်းကြောင့် ဖြစ်သည် ။
၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊ အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။
၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ ထိုအသားကိုပင် အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။
ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။ အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။
ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။
၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။
၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။
၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုကရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။
၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။
၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့် စဉ်းစားဥာဏ် ကို အားနည်းစေသည် ။
၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကို ကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။
၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူးစားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။
၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။ စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘ၀၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို
ဖြစ်ပေါ်ခံစားရသည် ။
၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။ လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။
၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော် နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။
အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။
၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥနှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက် ကောင်းပါသည် ။
၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။
၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့် ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။
၂၀. ၀သော သူများသည် ပုံမှန်အားဖြင့် စားအစာတရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။
၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့် အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။
၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။
၂၃။တစ်နေ့လျှင် ရေ (၂)ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။
၂၄။မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း၊ (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။
၂၅။ နှစ်စဉ် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။
၂၆။မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီးအကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ အနားယူပါ ။ အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။
၂၇။ နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင် စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့် ၀မ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။
၂၈။ သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။
၂၉။ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊ (ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည် ။
၃၀။မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။ အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။
၃၁။အ၀ါရောင် ရှိသော အသီးအရွက်များသည် အစာချေခြင်းအတွက်ကောင်း၏ ။ သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။
၃၂။မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။
၃၃။နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
၃၄။ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။
၃၅။ ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။
၃၆။မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်
အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။
၃၇။ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများငန်သောအစားအစာနှင့် ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။
ဒေါက်တာတင့်ဆွေ
============
ဆေးပညာဆိုင်ရာဆောင်းပါးများ

Saturday, 22 August 2015

ဘုရားဟောသော ပိန်နည်း


ဘုရားဟောသော ပိန်နည်း
**************************
မြတ်စွာဘုရားလက်ထက်တော်က ပသေနဒီကောသလမင်းကြီးဟာ ဆန်တစ်စိတ်(လေးပြည်)ချက် ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့ညီမျှအောင် စီစဉ်ပေးရပါတယ်တဲ့။
တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားဆီရောက်တော့ ဦးချပြီး ထိုင်နေလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်နေပါတော့တယ်။ ဒီတော့ မြတ်စွာဘုရားက ``မင်းကြီး..ထမင်းစားပြီး အပန်းလေး မဖြေခဲ့ဘူးလား´´လို့ မေးတော်မူပါတယ်။

ပသေနဒီကောသလမင်းကြီးကလည်း ``မှန်ပါဘုရား၊ အပန်းမဖြေခဲ့ပါဘူးဘုရား၊ တပည့်တော်မှာ ထမင်းစားပြီးတိုင်း ဒီလို ဒုက္ခကြုံရပါတယ်ဘုရား´´လို့ ပြန်လျှောက်တော့ မြတ်စွာဘုရားကလည်း ``ဟုတ်တယ် မင်းကြီး၊ အစားကြီးရင် ဒီလိုပဲ ဆင်းရဲဒုက္ခရောက်ကြရတယ်။ အစားကြူးတဲ့သူဟာ အနိစ္စ ဒုက္ခ အနတ္တတရားတွေကို နှလုံးမသွင်းနိုင်ဘူး၊ နှလုံး မသွင်းနိုင်ရင် အိုလို့မဆုံး၊ နာလို့မဆုံး၊ သေလို့မဆုံး ဖြစ်ရတယ်´´လို့ ဟောပြပါတယ်။ မြတ်စွာဘုရားက ဆက်ပြီး အစာ စားတဲ့အခါ အတိုင်းအရှည်ကို သိဖို့ ဂါထာလေးတစ်ပုဒ် ဟောပြောပေးပါတယ်။
မနုဇဿ သဒါ သတိမတော၊
မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊
သဏိကံ ဇီရတိ အာယုပါလယံ။
(သတိလည်းရှိ အတိုင်းအရှည်လည်း သိတဲ့သူဟာ ဝေဒနာကင်းခြင်း၊ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်း၊ အသက်ရှည်ခြင်း အကျိုးသုံးပါးကို ရပါတယ်။)
ဒါပေမဲ့ ပသေနဒီကောသလမင်းကြီးဟာ အိပ်ချင်စိတ် များနေတဲ့အတွက် မမှတ်နိုင်ပါဘူး။ တူဖြစ်သူ သုဒဿနကိုပဲ ဂါထာကို ရအောင် ကျက်ခဲ့ဖို့ မှာခဲ့ပါတယ်။
တူဖြစ်သူ သုဒဿနက မြတ်စွာဘုရားကို 'ဘယ်လိုလုပ်ရမလဲ' လို့မေးပါတယ်။ မြတ်စွာဘုရားက ``မင်းကြီး ထမင်းသုံးဆောင်လို့ နောက်ဆုံး ထမင်းလုတ် စားခါနီးမှာ ဒီဂါထာကို ရွတ်ပေးပါ´´ လို့ မှာကြားပြီး 'မင်းကြီး ဂါထာကို ကြားလို့ နောက်ဆုံးထမင်းလုတ်ကို ဆက်မစားတော့ဘူးဆိုရင် တစ်လုတ်စာလျော့ချက်ပါ' လို့ မိန့်မှာလိုက်ပါတယ်။
တူဖြစ်သူလည်း မြတ်စွာဘုရားမှာတဲ့အတိုင်း မင်းကြီး ပွဲတော်တည်တဲ့အခါ အနားမှာထိုင်ပြီး နောက်ဆုံးအလုတ်စားခါနီးမှာ ဂါထာလေးကို ရွတ်ရွတ်ပေးပါတယ်။ ဒီတော့ မင်းကြီးကလည်း စားမယ်ဟန်ပြင်ထားတဲ့ နောက်ဆုံး ထမင်းလုတ် မစားတော့ပါဘူး။ ဒီလိုနဲ့ ထမင်းတစ်လုတ် တစ်လုတ် လျှော့လာလိုက်တာ ခန္ဓာကိုယ် ဝဖိုင့်နေရာကနေ ပိန်ပိန်လာပါတော့တယ်။ ခန္ဓာကိုယ် ပိန်ကျသွားတော့ မင်းကြီးလည်း တော်တော်စိတ်ချမ်းသာသွားပါတယ်။ အားရဝမ်းသာနဲ့ မြတ်စွာဘုရားဆီသွားပြီး ``မြတ်စွာဘုရား တပည့်တော် ခန္ဓာကိုယ်ပေါ့ပေါ့ပါးပါးနဲ့ ချမ်းချမ်း သာသာ ဖြစ်သွားပါပြီဘုရား၊ တောကစားထွက်ပြီး သမင်တွေကိုတောင် လိုက်ဖမ်းနိုင်ပါပြီဘုရား´´ လို့ လျှောက်ပြလိုက်ပါတယ်။
(ဓမ္မပဒ၊ ပသေနဒီကောသလမင်းဝတ္တု)
မြတ်စွာဘုရားဟောပြတဲ့ ဂါထာလေးကို မြန်မာလို ပြန်ပြောရင်-
သတိလည်းရှိမယ်၊ စားမယ့်အစားကို အတိုင်းအရှည်လည်း သိမယ်၊ ဒီအင်္ဂါနှစ်ချက်နဲ့ပြည့်စုံတဲ့သူဟာ..
၁။ ဝေဒနာကင်းခြင်းအကျိုး၊
၂။ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်းအကျိုး၊
၃။ အသက်ရှည်ခြင်းအကျိုး သုံးမျိုးကို ရနိုင်ပါတယ်တဲ့။
ဒီဂါထာလေးရဲ့ အဓိပ္ပါယ်ကို မှတ်သားရလွယ်အောင် သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်ကလေး စီပေးထားပါတယ်။
`တိုင်းရှည်သိကာ၊ သုံးဆောင်တာ၊ သုံးဖြာအကျိုးရသတည်း။
ဝေဒနာကင်း၊ ရွယ်တင်ခြင်း၊မမယွင်းသက်ရှည်သည်။´
သတိလည်းရှိဖို့လိုသလို စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီး စားဖို့လည်း လိုပါတယ်။ သတိကတော့ ဝိပဿနာအားထုတ်တဲ့နေရာမှာတင် မဟုတ်ပါဘူး။ နေရာတိုင်းမှာ သတိကတော့ လိုနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သတိရှိနေရင် အမှားနည်းသလို သတိရှိနေတဲ့သူဟာ ကိုယ်စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီးလည်း ဖြစ်နေတတ်ပါတယ်။
အတိုင်းအရှည်ကိုသိတာက သူများသိပေးတာထက် ကိုယ့်ဟာကိုယ် သိတာပဲ အကောင်းဆုံးပါ။ ကိုယ့်အတိုင်းအရှည်ကို ကိုယ်ပဲ အသိဆုံးမို့ပါ။ စားချင်တိုင်း စွတ်စားနေရင် ဝဝနေတော့မှာပါ။ အဓိကကတော့ သတိရှိနေဖို့ပါပဲ။ အကျိုးတွေကတော့ လူတိုင်းလိုချင်နေတဲ့ အကျိုးတွေချည်းပါပဲ။
ဝေဒနာကင်းရင် ဘာပဲလုပ်လုပ် စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရပါတယ်။ အရွယ်တင်တာကလည်း အထူးပြောနေစရာ မလိုပါဘူး။ အရွယ်တင်ချင်လွန်းလို့ တချို့ဆို ဆေးရုံတွေ သွားပြီးတောင် ပြုပြင်နေကြသေးတာပါ။ အသက် ရှည်တာကလည်း လူတိုင်း လိုချင်ကြတာပါပဲ။
စာရေးသူကတော့ ပိန်နေလို့ ဝအောင်, ပေါင်တိုးအောင် ကြိုးစားနေရတာဆိုတော့ ဝခြင်းရဲ့ဒုက္ခကို ကိုယ်တိုင် မခံစားရပါဘူး။ ဒါပေမဲ့ ကိုယ့်မျက်စိရှေ့မှာ ဝသူတွေရဲ့ဒုက္ခကို အမြဲတွေ့နေရတာပါ။ တချို့ဆိုတစ်ယောက်ယောက်က တွဲပေးမှ ထိုင်နိုင်တာ တစ်ယောက်ယောက်က ထူပေးမှ ထနိုင်တာ ဝခြင်းရဲ့ဆိုးကျိုးတွေကို ဆေးဆောင်းပါးတွေ ဖတ်ပြီးလည်း သိနေရတာပါ။ ခွဲစိတ်ပြီးတောင် ပိန်အောင်လုပ်ကြရတာကိုလည်း ကြားသိရပါတယ်။ ပိန်နည်းမျိုးစုံကို
ဆရာဝန်တွေ ကျွမ်းကျင်သူတွေလည်း ရေးပြနေကြတာပါပဲ။
ဒီတော့ စာရေးသူလည်း ကိုယ်စွမ်းနိုင်သလောက်လေး မြတ်စွာဘုရား ဟောပြောထားတဲ့ ပိန်နည်းလေးကို ဓမ္မဒါန မျှဝေတာပါ။
ပသေနဒီကောသလမင်းကြီးဟာ သူစားတဲ့ စားနှုန်းအရဆိုရင် တော်တော်ဝတဲ့ပုံပါပဲ။ မြတ်စွာဘုရားစကား နားထောင်ပြီး လေ့ကျင့်လိုက်တော့ တောကစားတောင် ထွက်နိုင်တဲ့အထိ ကိုယ်ရည်စစ်သွားပါတယ်။
ပသေနဒီကောသလ မင်းကြီးကျတော့ တစ်လုပ် တစ်လုပ် လျှော့စားသလို ချက်တဲ့အခါမှာလည်း တစ်လုတ်စာ တစ်လုတ်စာ လျှော့လျှော့ ချက်သွားတာပါ။ လျှော့စားရုံသက်သက်ဆိုရင် ပိုတဲ့အလုတ်က ဘာလုပ်ရမှန်းမသိပါဘူး။ လျှော့ချက်တော့ ကုန်ကျစရိတ်လည်း သက်သာသွားပါတယ်။ ထမင်းလုတ်ဆိုပေမယ့် ထမင်းနဲ့ညီမျှတဲ့ ဟင်းကိုပါ တွဲလျှော့ရမှာပါ။ ကုသိုလ် ဘက်က ကြည့်ရင်တော့ ပိုတာလေးတွေကို ငှက်ကလေးတွေ ကျွေးပေးလို့လည်းရပါတယ်။
မြတ်စွာဘုရားရှင်က လျှော့တဲ့နေရာမှာ တစ်ခါတည်း အများကြီး မလျှော့ခိုင်းပါဘူး။ တစ်လုတ်စာပဲ လျှော့ခိုင်းတာပါ။ အများကြီးဆို လျှော့ရ ခက်နေမှာ စိုးလို့ပါ။ ပသေနဒီကောသလမင်းကြီးစားလို့ တစ်လုတ်ပဲ ကျန်တော့ရင် သူ့ တူတော်မောင်က မြတ်စွာဘုရားဟောတဲ့ ဂါထာလေးကို ဆိုပေးလိုက်တာပါ။ ဒီတော့ ကိုယ်ကလည်း တစ်လုတ် အကျန် ကျရင် ကိုယ်တိုင်ဆိုနိုင်ရင်ဆို မဆိုနိုင်ရင် ပသေနဒီကောသလမင်းကြီးလို ကိုယ်တိုင် မကျက်ဘဲ ကိုယ့်ခင်ပွန်းကို ကျက်ခိုင်းပြီး သူ့ကို ဆိုခိုင်းပေါ့။ ဒါဆို ခင်ပွန်းမှာ ဂါထာဆိုရတဲ့ကုသိုလ် နေ့တိုင်းရနေပါတယ်။ ကိုယ့်ခင်ပွန်းကို ကုသိုလ်ပေးရာလည်း ရောက်ပါတယ်။
``ကိုကိုရေ..ကုသိုလ်ပေးတာပါနော်။ ဒီကုသိုလ်လေးကို အမြဲယူပါနော်´´လို့ ပြောထားလိုက်ရုံပါ။
ဂါထာမကျက်နိုင်ရင် လင်္ကာလေး ဆိုခိုင်းထားလည်း ရပါတယ်။ ဒါပေမဲ့ ဂါထာက တစ်ပုဒ်တည်းဆိုတော့ ကျက်ရတာလည်း မခက်ပါဘူး။ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်တာ ကောင်းပါတယ်။ ဝနေတဲ့ဇနီး ထမင်းစားလို့ နောက်ဆုံးအလုတ် ရောက်တဲ့အခါ ခင်ပွန်းက ဂါထာနဲ့ လင်္ကာလေးကို ဆိုဆိုပေးဖို့ပါပဲ။ ဝနေတဲ့ဇနီး ပိန်မပိန်တော့ မသိပါဘူး။ ခင်ပွန်းမှာတော့ ဂါထာရွတ်ပေးတဲ့ကုသိုလ်၊ လင်္ကာရွတ်ပေးတဲ့ကုသိုလ် နေ့တိုင်းရနေတာတော့ အမှန်ပါပဲ။ ကိုယ့်ဇနီးကို တရားဟောပေးနေတယ်လို့လည်း ပြောလို့ရပါတယ်။
ဒါက ရွတ်ပေးမယ့်သူ ရှိတဲ့သူ အတွက်ပါ။ မရှိတဲ့သူကတော့ နောက်ဆုံးအလုတ်မှာ ကိုယ့်ဟာကိုယ်ရွတ်ပြီး လျှော့သွားရုံပါပဲ။ ကိုယ်တိုင် ရွတ်ရင် ကိုယ်တိုင် ကုသိုလ်ရမှာပါ။ ပိန်လည်းပိန်၊ ကုသိုလ်လည်းရတာပါ။ လျှော့ရင်း လျှော့ရင်းနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် ရတဲ့အခါမှာတော့ အလျှော့ကို ရပ်လိုက်ရုံပါ။
အစားအသောက်ကို သိပ်တပ်မက်လွန်းတာလည်း မကောင်းပါဘူး။ တစ်ခါတစ်လေ မစားဖူးလို့စားတာပဲ ကောင်းပါတယ်။ သက်တော်ရှည် ဆရာတော်ဘုရားကြီးတွေကို ကြည့်ရင် အစားအစာကို အတိုင်းအရှည် သိတာလည်း တစ်ခုပါပါတယ်။ တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းနေတဲ့ ဆရာတော်တွေလည်း အများကြီးရယ်ပါ။
ဒီနေရာမှာ အစားနဲ့ပတ်သက်လို့ အရှင်သာရိပုတ္တရာ ဟောပြထားတဲ့ ဂါထာလေးကိုလည်း အာရုံပြုထားရ အောင်ပါ။ ..
စတ္တာရော ပဉ္စအာလောပေ၊
အဘုတွာ ဥဒကံ ပိဝေ။
အလံ ဖာသုဝိဟာရာယ၊
ပဟိတတ္တဿ ဘိက္ခု နော။ ..
အဓိပ္ပါယ်ကတော့ တရားအားထုတ်နေတဲ့ယောဂီဟာ ထမင်းစားတဲ့အခါ လေးလုတ်ငါးလုတ်လျှော့ပြီး စားပါတဲ့။ လျှော့တဲ့အစား, ရေကိုသောက်လိုက်ပါတဲ့။ ဒါဆို တရားအားထုတ်ရတာ ခန္ဓာကိုယ် ချမ်းချမ်းသာသာနဲ့ အဆင်ပြေပါတယ်တဲ့။
ဒီဂါထာလေးကိုလည်း သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်လေး စီပေးထားပါတယ်။
စားနိုင်သည်မှ၊ ငါးလုတ်မျှ၊ လျှော့ချသုံးဆောင်ရာ။
လျှော့သည့်အစား၊ ရေကိုကား၊ သောက်ထားမျှတာစွာ။
ဣရိယာပထ၊ များသုခ၊ မုချရမည်သာ။
ဂါထာလေးက တရားအားထုတ်နေတဲ့ယောဂီတွေကို ဟောပြပေးထားတာပါ။ တရားအားထုတ်နေတဲ့အခါ အစားများရင် နေ့လယ်(၁၂)နာရီ တရားမှတ်တဲ့အခါကျတော့ အိပ်ငိုက်နေတတ်ပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ လေးလုတ် ငါးလုတ်လျှော့စားပြီး ရေသောက်ဖို့ မိန့်မှာထားတာပါ။ ဒါပေမဲ့ မြတ်စွာဘုရားလက်ထက်တော်က လူတွေကတော့ ခန္ဓာကိုယ်သန်မာထွားကျိုင်းလို့ ပြဿနာမရှိပေမယ့် ဒီခေတ်မှာတော့ ယောဂီတစ်ယောက်အနေနဲ့ လေးလုတ် ငါးလုတ် လျှော့စားဖို့ မလွယ်လှပါဘူး။ အစားနည်းတဲ့ယောဂီဆို ပိုတောင်မလွယ်ပါသေးတယ်။ ဒါကြောင့် ကိုယ်နဲ့ သင့်တော်သလောက်ပဲလျှော့ပြီး လျှော့တဲ့အစား ရေသောက်လိုက်လို့လည်း ရပါတယ်။ အများကြီးလျှော့စားပြီး ညကျ ဗိုက်ဆာနေပြန်ရင်လည်း အဆင်မပြေပါဘူး။
တရားအားထုတ်တဲ့နေရာမှာတော့ ဗိုက်တင်းနေရင်လည်း အဆင်မပြေသလို ဗိုက်လျော့နေရင်လည်း အဆင်မပြေပါဘူး။ ယောဂီမှာတော့ အမှတ်သတိက ရှိပြီးသားဆိုတော့ အတိုင်းအရှည်က ကိုယ့်ဟာကိုယ် သိနေကြတာ များပါတယ်။ နောက်ဆုံးကျတော့ သတိပါပဲလေ။ သတိရှိနေရင် ဘယ်အရာမှ အလွန်အကျွံ မဖြစ်တော့ပါဘူး။
ဒီလိုပါပဲ သတိပါနေအောင် လေ့ကျင့်ယူရမှာပါပဲ။ နေရာတိုင်းမှာ သတိပါဖို့ကျတော့ မလွယ်လှပါဘူး။ အချိန်ပြည့် တရားအားထုတ်နေတဲ့ ယောဂီတောင် သတိက လွတ်သေးတာဆိုတော့ အပြင်မှာ နေရတဲ့သူတွေအဖို့တော့ သတိလွတ်နေတဲ့ အချိန်က များနေမှာပါ။ ဒါပေမဲ့ တတ်နိုင်သမျှလေးတော့ သတိပါနေအောင် ကြိုးစားရမှာပါ။
ရိပ်သာဝင်တဲ့အခါ အထွေထွေ အမှတ်ကို ဖိအားထုတ်ထားရင် အပြင်ပြန်ရောက်တဲ့အခါ အများကြီး အထောက်အပံ့ ပေးတာပါ။ အပြင်မှာ သတိနဲ့ နေတတ်သွားတဲ့ သဘောလေးပါ။ သတိရှိနေရင် အမှား နည်းနေတော့တာပါ။
တစ်ခါတစ်လေ တချို့ အမှားတွေဟာ သတိလွတ်သွားလို့ မှားကြတာပါ။ သတိပြန်ရတဲ့အချိန်မှာ အမှားက ကျူးလွန်ပြီးသား ဖြစ်နေပါပြီ။ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကိုယ် ယူကျုံးမရ ဖြစ်ရတော့တာပါ။ ဒါကြောင့် သတိဟာ လူတိုင်းအတွက် သိပ်လိုအပ်ပါတယ်။
ယောဂီတွေက တရားဝင်တဲ့အခါ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကိုပဲ ဦးစားပေးမှတ်ကြတာ များပါတယ်။ အထွေထွေ အမှတ်ကိုတော့ လျှော့ထားကြပါတယ်။ တကယ်တော့ အထွေထွေ အမှတ်ဟာ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကို အများကြီး အထောက်အပံ့ပေးသလို အပြင်ပြန်ရောက်တဲ့အခါမှာလည်း သတိနဲ့ နေတတ်အောင် လေ့ကျင့် သင်ကြားပေးလိုက်တာပါ။ လက်တွေ့ဘဝထဲမှာ သတိနဲ့ နေတတ်ဖို့က သိပ်အရေးကြီးတာပါ။
ဘာပဲပြောပြော သတိရှိနေရင် အတိုင်းအရှည်ကို သိပြီး ဖြစ်နေမှာပါ။ ဒီတော့ သတိရှိနေရင် စားချင်တိုင်း မစားတော့ပါဘူးလေ။ မှားချင်တိုင်းလည်း မမှားတော့ပါဘူးလေ။
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)
ကျမ်းကိုး..ဣနြေ္ဒထက်ကြောင်းကိုးပါးတရားတော်
သဒ္ဓမ္မရံသီရိပ်သာဆရာတော်။ ။
[ပေါ်ပြူလာဂျာနယ်]

Tuesday, 23 June 2015

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်


ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်
---------------------------------------------
ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ နိုင်ငံအသီးသီး တို့တွင် ရှားစောင်းဖြင့် ပြုလုပ်ထားသော သောက်ဆေးများ၊ အသားအရေအတွက် အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြပါသည်။ မြန်မာ့ဆေးဖက်ဝင်အပင်များစာရင်းမှာလည်း ရှားစောင်းအပင်သည် ပါဝင်နေပါသည်။
၁။ အသားအရေလှပခြင်းအတွက်
ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။
၂။ အမျိုးသမီးများအတွက်
ရှားစောင်းလက်ပပ်ကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ်ပျောက်ကင်းစေပါသည်။
၃။ အနာအမျိုးမျိုးအတွက်
ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။
၎။ နားကိုက်၊ နားနာအတွက်
ရှားစောင်း၏ အတွင်းအသားကို အရည်ညစ်ယူပါ။ မီးခပ်ပြင်းပြင်းဖြင့် ပြုတ်ပါ။ ပြီးလျှင် နားထဲကို အနည်းငယ်စီ ခတ်ပေးပါက နားနာ၊ နားကိုက်၊ နားယားတို့ကို ပျောက်ကင်းစေပါသည်။
၅။ ဆီး၊ ၀မ်းရောဂါများအတွက်
ရှားစောင်း၏ အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့်စိမ်ထားကာ သကြားရည်ထည့်သောက်ပေးပါက ဆီး၊ ၀မ်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကိုက်ရောဂါများကို ပျောက်ကင်းစေပါသည်။
၆။ မျက်စိနာအတွက်
မျက်စိနာနေလျှင် ရှားစောင်းကို ကြိတ်၍ အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိပူစပ်ခြင်းနှင့် မျက်စိယားယံခြင်းတို့ကို ပျောက်ကင်းစေပါသည်။
၇။ အရေပြားရောဂါအမျိုးမျိုးအတွက်
ရှားစောင်လက်ပပ်၏ အသား(အနှစ်)ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလို ပြုပြင်ပေးစွမ်းနိုင်ပါသည်။
၈။ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက်
ရှားစောင်း၏အရည်ကို ညစ်ယူ၍ ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးဖြစ်ပါသည်။
၉။ အရက်နာကျသူများအတွက်
ရှားစောင်းလက်ပပ်ကို အစိမ်းလိုက် ၀ါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကို ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေနိုင်ပါသည်။
၁၀။ လူ့ခန္ဓာတစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်
ဆံပင်၊ မျက်စိ၊ မျက်နှာ၊ နား၊ သွားကျန်းမာရေး၊ အရေပြား၊ အတွင်းကလီစာများ စသည့် လူခန္ဓာ ကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက် ရှားစောင်းဖြင့် ပြုလုပ်ထားသော စားဆေး များ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့်စင်ဆေးရည်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင်မျိုးမျိုးတို့ကို ရှားစောင်းမှ ထုတ်လုပ်နေကြခြင်း ဖြစ်ပါသည်။
စောနွဲ့ နေဆိုင် (New Harmony)
Ref: Benefits of Aloe Vera.

Sunday, 26 April 2015

ရိုးသလို နဲ့ ဆန်းပြား တတ်တဲ့ ခြေစွယ်ငုပ် နာ


ရိုးသလို နဲ့ ဆန်းပြား တတ်တဲ့ ခြေစွယ်ငုပ် နာ
ခြေစွယ်ငုပ်နာ ဆိုတာ လူတိုင်း လိုလိုနဲ့ မစိမ်း တဲ့ဝေဒနာ ပါ။ ဒါပေမဲ့ ဒီဝေဒနာ ဟာ ရိုး မလိုနဲ့ ဆန်းတတ် ပါတယ်။ သမားရိုးကျပဲ ဆိုပြီးပေါ့ဆထားလို့ မရတဲ့ ကျန်းမာရေးပြဿနာ တစ် ရပ်ပါ။
ခြေစွယ်ငုပ်နာ(Ingrown Nail) က ခြေသည်း၊ လက်သည်းတွေ ဟာခြေမ၊ လက် မထောင့် ထိပ်စွန်းပိုင်း အသားနုထဲ က မူမမှန်ကြီးထွား တိုးဝင် ရာ ကနေ ဖြစ် လာတဲ့ဝေဒနာ တစ်ရပ်ပါ။ ခြေစွယ်ငုပ် နာ ဆိုပေမဲ့ ဒီဝေဒနာ ဟာ ခြေရော လက်ရော ဖြစ်တတ် ပါတယ်။
အထူးသဖြင့် ခြေမ၊ လက်မတွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာ ပိုအဖြစ်များ တတ်ပါတယ်။ အသက် အရွယ်အားဖြင့် လူငယ်နဲ့ လူလတ်ပိုင်း အရွယ် (၁၅ နှစ် နဲ့ ၄၀ ကြား) မှာ ပိုဖြစ်ပါတယ်။
သူ့ကို ဆေးပညာ အခေါ်အဝေါ်အရ Onychogryphosisor Unguis incarnatus လို့ ခေါ်ဝေါ်ပြီး သူ့ကို အချိန်မီ မကုသရင် အသား ထဲ တိုးဝင် လာတဲ့ ခြေသည်း၊ လက်သည်းကြောင့် ရောဂါပိုး ၀င်ပြီး အနာ ပြည်တည်၊ အနာ ရင်းပြီးခွဲစိတ် ကုသရတဲ့ အထိ ပြဿနာကြီး တတ်တာမို့ ပေါ့သေးသေး မှတ်လို့ မရပါ။
ခြေစွယ်ငုပ်နာ ဖြစ်ရတာက......
ခြေစွယ်ငုပ် နာဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက အလုံပိတ် ဖိနပ် ကျပ်ကျပ် (ဥပမာ-ရှူးဖိနပ်၊ ထိပ်ပိတ် ဖိနပ်) စီးတာ၊ ခြေသည်း ညှပ်ပုံမှားယွင်းတာ (အရမ်း တိုလွန်းအောင် ညှပ်တာ၊ ခြေသည်း ပုံဖော်လွန်းတာ)၊ ခြေထောက် အားသုံး အားကစား(သို့) ကာယ လှုပ်ရှားမှုတို့နဲ့ ခြေသည်း၊ လက်သည်း မှိုရောဂါပိုး ၀င် တာတွေကြောင့် ခြေစွယ်ငုပ်နာဖြစ်ရခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ခြေထောက် ချွေးထွက် များတာ (ခြေဆီ အထွက်များတာ) နဲ့ ခြေတောက် ဖောရောင်လွန်းတာ၊ ဆီးချိုသွေးချိုရောဂါတွေကြောင့် လည်းခြေစွယ်ငုပ် နာဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
ခြေစွယ်ငုပ် နာဖြစ်ရင်..........
ခြေစွယ်ငုပ်နာ ဖြစ်တဲ့ အခါ အဖြစ် အများဆုံးလက္ခဏာ ရပ်ကတော့ ခြေစွယ်ငုပ် နာဖြစ်တဲ့ ခြေမထောင့်စွန်း မှာနာကျင်တာ၊ နီရဲရောင်ရမ်း တာတွေက ထင် သာမြင် သာဖြစ်တဲ့ လက္ခဏာတွေပါ။ ပထမအဆင့် ခြေစွယ်ငုပ်နာ မှာခြေ မထောင့်စွန်းမှာ အနည်းငယ် နီရဲရောင်ရမ်းပြီး နာကျင်မှု ရှိပါတယ်။ ဒါပေမဲ့ ပြည်တည်တာ မဟုတ်သလို အဖျားဝင်တာမျိုး လည်းမရှိပါဘူး။
ဒါပေမဲ့ ခြေမ စွယ်ငုပ်နာ ဟာတဖြည်းဖြည်းကြာ လာရင် ခြေစွယ်ငုပ်နာ မှာ ပြည် တည်ပြီး နာကျင်မှုပိုလာနိုင် ပါတယ်။ အခန့်မသင့် လို့ ပိုးမွှားတွေ ၀င်သွား ရင်တော့ အနာက ပိုဆိုးပြီး အနာရင်းကာခြေမ တစ်ခုလုံးရောင်ကိုင်းပြီး အဖျား ပါဝင်တတ် ပါတယ်။
အကယ်၍ ဆီးချိုသွေးချို လိုရောဂါ အခံရှိခဲ့ရင်တော့ ပိုဆိုးရွား တဲ့ အခြေအနေနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆီးချိုသွေးချိုရော ဂါကြောင့် သွေး လည်ပတ်စနစ် နဲ့ အာရုံခံ စနစ်တွေ ချို့ယွင်းနေတာကြောင့် အနာ ပိုဆိုးမှ သိသလို အနာလည်း ကျက်ခဲ တာကြောင့် ဖြစ်ပါတယ်။

ဘယ်လို ကုသလို့ ရလဲ.....
ခြေစွယ်ငုပ်နာ ကုသနည်း မှာအနာ အခြေအနေ အလိုက် ကုသနည်းတွေ ကလည်း အမျိုးမျိုး ရှိပါတယ်။
ကိုယ်ပိုင်စောင့်ရှောက်မှု (အိမ်တွင်းစောင့်ရှောက်မှု)......
ဒါ ကတော့ အနာကို အိမ်တွင်းဆောင့်ရှောက်မှု အဆင့်ပါ။ အနာကိုပို မဆိုးအောင် နဲ့ ရောဂါ ပိုးမွှားတွေ မ၀င်ရောက်နိုင်အောင် ခြေစွယ်ငုပ် နာစဖြစ် ချိန်မှာ လုပ်ဆောင်ရမယ့် စောင့်ရှောက်မှုပါ။
ပထမဆုံး ဆားသန့် ထည့်ထား တဲ့ ရေနွေးနွေးထဲ မှာခြေထောက်ကို တစ်နေ့ ၃-၄ ကြိမ် စိမ်ပေးပါ။ ခြေဆေး ပြီးရင် ခြေထောက် ကိုခြောက်သွေ့အောင် အ၀တ် သန့်သန့် နဲ့ သုတ်ပေးပါ။
ပြီးရင် ခြေစွယ် ငုပ်တဲ့ ခြေချောင်း က ခြေသည်း တစ်ဝိုက် ကို အနာ သန့်စင်ဆေး ရည် နဲ့ သန့်ရှင်းပေးပါ။ တို့နောက် လက်သည်း ညှပ်ကို အရက်ပြန်နဲ့ သန့်စင်ပေး ကာရှည် ထွက်ပြီး အရေပြားထဲ နစ်ဝင်ခါစ ခြေစွယ်ကို အနည်းင ယ် ကော် ထုတ် ပြီး ညှပ်ပေးပါ။ သွေးထွက် ရင် ပိုးသတ် သန့်စင် ထားတဲ့ ဂွမ်းစနဲ့ သုတ်ပါ။ သွေး တိတ်စေ ရန် ဂွမ်းစနဲ့ ခေတ္တ ဖိထားပါ။
ပြီးရင် အနာ သန့်စင်ဆေးရည် (Antiseptic Solution) သို့မဟုတ် အနာ သန့်စင်ဆေး ခရင်မ် (Antiseptic cream) တစ်မျိုးမျိုး ကိုခြေ မထောင့် စွန်းခြေ စွယ်ငုပ် တဲ့နေရာ မှာလိမ်းပေးပါ။ အိမ်တွင်းမှာ ဆိုရင် ခြေမကို ဂွမ်းနဲ့ ဖွဖွအုပ် ထားပေးပြီး အပြင်ထွက်မှသာ ဖုန်နဲ့ ပိုးမွှားတွေ မ၀င်အောင် ပတ်တီးစနဲ့ ဖုံးအုပ်ပေးပါ။
အလွန် တင်းကျပ်စွာ စည်းနှောင်ထားပါက အနာသို့ သွေးစီးဆင်း လည်ပတ်မှု မကောင်းဘဲ အနာကျက်နှေးတတ် ပါတယ်။ အနာ သန့်စင်ပြီး သွားရင်တော့ အနာ ကိုက်ခဲမှု မရှိအောင် အကိုက် အခဲပျောက် ရောင်ရမ်း ကျဆေး တစ်မျိုးမျိုး (ဥပမာ- lbuprofen,paracetamol) သောက်သုံးပေးနိုင် ပါတယ်။
အကိုက် အခဲပျောက် ရောင်ရမ်းကျဆေး ကိုသောက်တဲ့ အခါ ဘေးထွက် ဆိုးကျိုး ခံစားမှု လျော့နည်းအောင် အစာ စားပြီးမှ သောက်ပါ။
ဆေးရုံ၊ ဆေးခန်းတွင် ခွဲစိတ်ကုသမှု......
အကယ်၍ သင့်ရဲ့ခြေစွယ်ငုပ် ရာက သင်ကိုယ်တိုင် ဖြေရှင်း မနိုင်လောက်အောင် ဆိုးရွားပြင်းထန် လာရင်တော့ ဆေးရုံ၊ ဆေးခန်း သွားပြီး ဆရာဝန်နဲ့ ပြသ သင့်ပါ တယ်။ ဒီလို အခြေအနေ မှာခြေသည်း တစ်ခုလုံးကို ခွဲစိတ် ကာခွာ ထုတ်သင့် ခွာထုတ် ရပါမယ်။ ဒီအဆင့် မှာခွဲစိတ် ဖယ်ရှားပြီးနောက် အကိုက် အခဲပျောက်ဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး(Antibiotics)ကိုပါ မှီဝဲရမှာပါ။
မေးခိုင် ကာကွယ်ဆေး ကိုပါ ထိုးတားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်မှာ ဆီးချို သွေးချို ရောဂါ၊ ခုခံအား ကျဆင်းရောဂါ (AIDS)နဲ့ ကင်ဆာ ကုထုံးခံ ယူနေ သူဆိုရင် အနာကျက်နှေးပြီး အနာ ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများတာမို့ အနာကို အထူးကြပ်မတ် ကုသစောင်ရှောက်မှု ခံယူဖို့ လိုပါတယ်။
ခြေစွယ်ငုပ်နာ မဖြစ်အောင်......
၁။ ခြေသည်းကို တိတိရိရိ တစ်ဖြောင့်တည်း ပုံသွင်းညှပ်ပါ။ ခြေသည်း ကို အ၀ိုက် (အ၀ိုင်း) ဖြစ်အောင် မညှပ် ပါနှင့်။ အကယ်၍ သင့် မှာသွေးလည်ပတ်မှု မကောင်းစေနိုင်တဲ့ ပြဿနာ အရင်းခံဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါ နဲ့ သွေးကြော ဆိုင်ရာ ပြဿနာများ ရှိပါကခြေသည်း ပုံသွင်း ကျွမ်းကျင် သူများနှင့် ခြေသည်း ညှပ်ဖို့ လိုပါတယ်။
၂။ ခြေသည်းကို အရမ်းတိုအောင် မညှပ်ပါနှင့်။ ခြေသည်းကို အရမ်းတို လွန်းအောင် ညှပ်တဲ့ အခါ ဖိနပ်(သို့) ခြေဖျား ထိပ်မှ ဖိအားကြောင့် ခြေထိပ် အသားနုထဲ သို့ ခြေသည်း နစ်ဝင်ကြီးထွားဖို့ အားပေးတာ မို့ ခြေသည်းကို အသားနဲ့ ထိကပ်နေအောင် မညှပ်ဘဲ အရှည်နည်းနည်း ချန်ထားပေးသင့် ပါတယ်။
၃။ အရမ်းကျပ်လွန်းတဲ့ ဖိနပ် မစီးပါနှင့်။ အရမ်း ကျပ်လွန်းတဲ့ အလုံ ပိတ်ဖိ နပ်တွေ ကခြေသည်းတွေ အပေါ် ဖိအားသက်ရောက်စေပြီး အသားနု ထဲ ခြေသည်း နစ်ဝင်အောင် ပံ့ပိုးပေးတာကြောင့် ဖိနပ်ရွေးချယ်တဲ့ အခါ နည်းနည်းချောင် တဲ့ ဖိနပ်ကို ရွေးချယ် ၀ယ်ယူသင့်ပါတယ်။
၎။ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ခြေထောက်မှာ ဖုန် မှုန့်တွေ ကပ်ငြိတဲ့ အခါ၊ ချွေးတွေ၊ ခြေဆီတွေ နဲ့ စိုစွတ်နေတဲ့ အခါတွေ မှာခြေစွယ် ငုပ်နာကို ပိုဆိုးရွားစေပြီး အနာရင်းစေဖို့ အခွင့်အလမ်းများ ပါတယ်။
ဒါကြောင့် သင်ဟာ အပြင် မကြာခဏ သွားရသူ၊ ခြေဆီ အထွက်များသူ ဆို ရင် ခြေထောက်ကို မကြာခဏာဆေးကြော သန့်စင်ပြီးခြောက်သွေ့အောင် ထားပေးပါ။ ချွေးစုပ် တဲ့ ခြေထောက် လိမ်းပေါင်ဒါတွေ လည်းရှိတာ မို့ ခြေဆီ အထွက် နည်းအောင် ပြုလုပ်လို့ ရပါတယ်။
မှတ်ချက်။ ၂၀၁၄ ခုနှစ်၊ မတ်လထုတ် ဇီဝက မဂ္ဂဇင်းစာအုပ် မှ သွန်းသော်တာ (B.NSc) ရေးသား သည့် ဆောင်းပါး အားကောက်နုတ်ဖော်ပြပါသည်။
credit to yinkhwinlam

Tuesday, 21 April 2015

လှပခြင်း၏ လျှို့ဝှက်ချက်


လှပခြင်း၏ လျှို့ဝှက်ချက်
အသားအရည်ကိုချေားမွတ်လှပစေပီး ဗိုက့်ကြေားပေါင်ကြေားပြတ်တာတွေနဲ့ ဗိုက့်ခေါက့်ကအဆီတွေ ကျပီးဗိုက့်သားချပ့်ရပ့်လှပစေဖို့အတွက့် Home Made Slim Scrub ပြုလုပ့်အသုံးပြုနည်းလေးပါ
ပါဝင်ပစ္စည်းတွေကတော့ ???
သကြားကြမ်း (လိုသလောက့်)
ဆား (လိုသလောက်)
သံပုရာသီး ( တစ်လုံး )
သံလွင်ဆီ အနည်းငယ်
ခွက့်သန့်သန့်တခုတည်းမှာ သကြား ဆား သံပုရာသီးညစ် သံလွင်ဆီစစ်စစ် ကိုတဇွန်းရေားပီး အားလုံးသမအောင်မွှေပေးကာ ရေချိုးခါနီးတိုင်း အကြေားပြတ်တဲ့နေရာနဲ့ ဗိုက့်ခေါက့်လေးကို အသာအယာ ဆားနဲ့သကြားကြေတဲ့အထိပွတ်တိုက့်ပေးပါ ပွတ်တိုက့်ပီးတစ်နာရီခန့်ကြာမှရေချိုးချလိုက့်လိုက့်ပါ (ဂျိုင်းဖြူချင်တဲ့သူတွေလည်းနေ့စဉ်ရေချိုးခါနီးအဲ့စပ့်ထားတဲ့ဆေးနဲ့ဂျိုင်းသားလေးကိုပွတ်တိုက့်ပေးမယ်ဆိုဖြူလာမှာပါ)
အကြေားပြတ်တဲ့နေရာကိုသုံးမယ်ဆိုတဲ့သူကသုံးရက့်ခြားတကြိမ်အသုံးပြုလို့ရပါတယ်ရှင့်
ဗိုက့်ခေါက့်ကအဆီတွေကျချင်တာဆိုရင် နေ့စဉ်အသုံးပြုပေးလို့ရပါတယ် တလဆို ဗိုက့်ခေါက့်တွေကျပီး ကျစ်လစ်ချပ့်ရပ့်လာမှာပါ
အသားအရည်လှပချင်သူတွေအနေနဲ့လည်းတပတ်ကိုနှစ်ကြိမ် ဖော်စပ့်ထားတာနဲ့Scrubပြုလုပ့်လို့ရပါတယ်
 ခြေဖနှောင့်ကွဲးတာ ဂျွတ်တတ်တာတွေကိုလည်းပွတ်တိုက့်ပေးရင်ပျောက့်ပါတယ် Face မှလွှဲးပီး ကျန်တဲ့နေရာအကုန်အသုံးပြုလို့ရပါတယ်ရှင့်
‪#‎ကျမ်းမာလှပကြပါစေရှင်း‬
‪#‎HannaYuyiKoe‬ ^•^ ^•^ {^_^}

Monday, 20 April 2015

အရေပြားပေါ်က အမာရွတ်များကို ဖယ်ရှားနည်း


အရေပြားပေါ်က အမာရွတ်များကို ဖယ်ရှားနည်း
------------------------------------------------------
အရေပြားပေါ်မှာ ရှိတတ်တဲ့ အမာရွတ်လေးတွေကို စိတ်ပျက်နေတဲ့သူများအတွက်ပါ။ စိတ်ပျက်မယ် ဆိုလဲပျက်စရာပဲလေ။ တခါတလေ ခြေသလုံးသားအလှအပလေး ပြချင်ရင် ဒီအမာရွတ်တွေကြောင့် စိတ်ပျက်အားငယ်စရာလေးတွေ ဖြစ်တတ်ပါတယ်။
အားလုံး ရာနှုန်းပြည့်ပျောက်အောင် မစွမ်းဆောင်နိုင်ပေမဲ့လည်း သိသိသာသာ လျှော့ပါးသွားနိုင်အောင်ပြုလုပ်ပေးနိုင်သော အမာရွတ်ဖျောက်ပေးတဲ့ ခရင်တွေ၊ ဂျယ်လီတွေ၊ ဆေးတွေနဲ့ မီးဖိုချောင်သုံးဆေးဝါးတွေအစရှိသဖြင့် အမျိုးမျိုးရှိကြပါတယ်။
အမာရွတ်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိတဲ့အထဲက မီးလောင်၊ ခွဲစိတ်၊ ထိခိုက်ဒါဏ်ရာ၊ ရေကြောက်၊ ဝက်ခြံအမာရွတ်လေးများနှင့် အင်းဆက်ကြောင့် ဖြစ်ပေါ်သော အမာရွတ်များကို အောက်ပါနည်းများဖြင့် ငွေကုန်ကြေးကျများစရာမလိုပဲ ကုစားနိုင်ပါတယ်။
(၁) ဗိုက်တာမင်အီး
နှစ်ပေါင်းအတန်ကြာကပင် ဗိုက်တာမင်အီးကို ကျန်းမာရေးဆိုင်ရာများနှင့် အလှအပဆိုင်ရာ ဆောင့်ရှောက်မှုများအတွက် အကျိုးထိရောက်မှုရှိစွာ ယနေ့ထိတိုင်သုံးစွဲနေကြဆဲဖြစ်ပါတယ်။ လည်းကောင်းတွင် ပါဝင်သော အလွန်အစွမ်းထက်သည့် အန်တီအေက်ဆီဒန့်နှင့် အသားအရေ စိုပြေစေရန် ထိန်းသိမ်းပေးသည့်ဓါတ်က အရေပြားနှင့် ပျက်ဆီးနေသော တစ်ရှုးများကို ပြန်လည်ပြင်ဆင်ပေးသည်။
ဗိုက်တာမင်အီး ဆေးတောင့်ကို သောက်နိုင်သည် သို့မဟုတ် ပင်အပ်လေးနှင့် ပေါက်အောင် ဖေါက်လိုက်ပြီး အမာရွတ်ပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေးနိုင်သည်။ အချို့ အချို့သောလူများတွင် အရေပြားနှင့် ထိသည့်အခါ မတည့်သည့်အတွက် အရေပြားရောင်အန်းနာကျင်ခြင်း ဖြစ်တတ်သည့် အတွက် အကုန်အသုံးမပြုခင် အပ်နှင့်ဖေါက်ပြီး အနည်းငယ်ကို အရေပြားပေါ်တွင် အစက်ကလေးချ၍ စမ်းသပ်ကြည့်ပါ။
(၂) Cocoa Butter
ဒါကလဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်တဲ့ ပစ္စည်းပါ။ အရေပြား၏ အပေါ်လွာနှင့် အလယ်လွာတို့ကို ပျော့ပြောင်းစေ၍ အသားအရေ စိုပြေအောင်လုပ်ပေးခြင်းဖြင့် အမာရွတ်များကို လျှော့ချပေးနိင်ပြီး တချိန်ထဲမှာပင် အရေပြားမျက်နှာပြင်ကို ချေမွေ့တောက်ပြောင်စေသည့် သဘာဝ ထုတ်ကုန်တမျိုးဖြစ်ပါတယ်။ ကိုကိုးစစ်စစ် သို့မဟုတ် Cocoa Butter ပါဝင်သည့် လိုးရှင်းကို တနေ့လျှင် ၂ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်း အသုံးပြုနိုင်သည်။
လိမ်းတဲ့အချိန်မှာ ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် အတွက် အရေပြားပေါ်တွင် စက်ဝိုင်းပုံ လှည့်လည်၍ အားလုံးအရေပြားထဲကို စိမ့်ဝင်သွားစေရန် ဂရုစိုက်၍ လိမ်းရမည်။ Cocoa Butter ဟာ အမာရွတ်အဟောင်းတွေထက်စာရင် အသစ်တွေပေါ်မှာလိမ်းတာ ပိုအကျိုးသက်ရောက်တာ တွေ့ရပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လိမ်းပြီးရင် တိုးတက်မှုကို တနည်းနည်းဖြင့် တွေ့နိုင်ပါတယ်။
(၃) သံပုရာရည်
စွယ်စုံသုံးလို့ရတဲ့ အိမ်သုံးဆေးဝါးတခုဖြစ်တဲ့ သံပုရာသီးရဲ့ အရည်ကလဲ အမာရွတ်ကို ပျောက်ကင်းနိုင်ပါတယ်။ အနီရောင်အမာရွတ်ကို တဖြည်းဖြည်း အရောင်ဖျော့လာအောင် လုပ်ပေးရင်းနဲ့ သေနေသော ဆဲလ်များကိုဖယ်ထုတ်ကာ အသစ်ပြန်လည်မွေးဖွားအောင် လုပ်ဆောင်ပေးသည်။ ဒါပေမဲ့ အချို့အရေပြား အထူးကုများကတော့ သံပုရာရည်ဟာ အရည်ပြားကို ခြောက်သွေ့ပြီး ကြမ်းတမ်းစေတယ်။ အမာရွတ်ကို သံပုရာရည်ဟာ ပျောက်ကင်းစေနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျနည်းလမ်းများဖြင့် သက်သေမပြနိုင်သေးဖူးလို့ ပြောကြပါတယ်။
တကယ်လို့ သံပုရာရည်ကို အမာရွတ်အတွက် အသုံးပြုတော့မယ်လို့ ဆုံးဖြတ်ထားရင် ပထမဆုံး အနေနဲ့ အမာရွတ်ပေါ်ကို သံပုရာသီးစိတ်လေးက အရည်ကို တိုက်ရိုက်ညှစ်ချလိုက်ပါ။ ပြီးရင် တည သို့မဟုတ် နာရီများစွာ ကြာအောင်ထားလိုက်ပါ။ တနေ့ကို တကြိမ်ထက် ပို့၍ အသုံးမပြုပါနဲ့။
သံပုရာရည်သီးသန့်အသုံးပြုလို့ စူးတယ်၊ စပ်တယ်ဆိုရင် အသုံးမပြုခင်မှာ ရေအနည်းငယ်ရောစပ်၍ လည်းကောင်း သခွားသီး အရည်ဖြင့် ရောစပ်၍လည်းကောင်း အမာရွတ်ပေါ်မှာ မလိမ်းခင် ရောစပ်နိုင်ပါတယ်။
(၄) ရှားစောင်း လက်ပတ်
အရေပြားကျန်းမာရေးအတွက် ရှားစောင်း လက်ပတ်အနှစ်ဟာ အများကြီး အသုံးဝင်သလို နာမည်လဲကြီးပါတယ်။ မီးလောင်ဒါဏ်ရာများနှင့် အမာရွတ်များအတွက် အသုံးပြုနိုင်သည်။ ကွဲဟနေသော အရေပြားဒါဏ်ရာများကို အသုံးပြုရန် မသင့်တော်သော်လဲ လည်းကောင်းတွင်ပါဝင်သော ရောင်ရမ်းခြင်းနှင့် ဘက်တီးရီးယားများကို ကာကွယ်ပေးသည့်အတွက်ကြောင့် လောလောလတ်လတ် ဖြစ်ပေါ်လာသော အမာရွတ်များကို ပိုမိုအကျိုးသက်ရောက်သည်။ အရေပြားဝေဒနာကို သက်သာစေပြီး အရေပြားသစ် ဖြစ်ပေါ်လာစေရန် အားပေးခြင်းဖြင့် အမာရွတ်ကို သက်သာစေသည်။
အသုံးပြုရန်အတွက်ကတော့ ရှားစောင်းလက်ပတ် အနှစ်ကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ လှည့်၍ အရေပြားတွင်းဝင်အောင် လိမ်းပါ။ တနေ့လျှင် ၄ကြိမ်အထိသုတ်လိမ်းနိုင်ပါသည်။ တကယ်လို့ ရှားစောင်းလက်ပတ်ကို ရှာဖွေလို့ မလွယ်ရင်တော့ လည်းကောင်းပါဝင်သော ခရင်၊ လိုးရှင်းများကို လိမ်းခြင်းဖြင့် တူညီသော အကျိုးကို ရရှိနိုင်ပါတယ်။
(၅) သံလွင်ဆီ
သံလွင်ဆီဟာလဲ အမာရွတ်များကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးတလက်ဖြစ်ပါတယ်။ သံလွင်ဆီမျိုးကွဲများထဲမှ Extra Virgin သံလွင်ဆီကို ပိုပြီးအသုံးပြုနိုင်ရင် သူ့မှာပါဝင်တဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှု၊ ဗိုက်တာမင် အီးနှင့် ကေတို့က အခြားသောသံလွင်ဆီတို့ထက် ပိုမိုပါဝင်တဲ့အတွက် အကောင်းမွန်ဆုံး ရလဒ်ကို ရရှိနိုင်ပါတယ်။ ပါဝင်သော အက်ဆစ်ဓါတ်ဟာ ဆဲလ်သေများကို ဖယ်ရှားပေးစဉ်မှာပဲ အမာရွတ်တစ်ရှုးများကို ပျှော့ပြောင်းစေကာ အသားအရေ စိုပြေစေသည်။
သံလွင်ဆီ လက်ဘက်ရည်ဇွန်း တဇွန်းခန့်ကို အမာရွတ်ပေါ်တွင် သုတ်လိမ်းပြီး စက်ဝိုင်းပုံ အရေပြားထဲသို့ စိမ့်ဝင်သည်အထိ လိမ်းပါ။ မုန့်ဖုတ် ဆိုဒါ (Baking Soda) နှင့် ဆတူရောစပ်၍ အရေပြားပေါ်ရှိ ဂျီး(ကြေးညှော်) များကို တိုက်ချွတ်နိုင်သည်။ ပြီးပါက ရေနွေးနွေးနှင့် ဆေးကြောပါ။
(၆) သခွားသီး
အမာရွတ် တစ်ရှုးများကို ဖြိုခွဲရန် အကောင်းဆုံး နဲ့စိတ်အချရဆုံး သဘာဝ ဆေးကတော့ သခွားသီးဖြစ်ပါတယ်။ ရောင်ရမ်းနေသော အရေပြားတဝိုက်ကို ပြေလျှော့စေပြီး အေးမြမှုကိုပေးပါတယ်။ သူကလဲ အမာရွတ်အဟောင်းများထက်စာရင် လတ်လတ်ဆတ်ဆတ် အမာရွတ်များကို ပိုမိုထိရောက်ပါတယ်။
အခွံနွာပြီး မွှေစက်ထဲမှာ အရည်ပျစ်ပျစ် ရသည်အထိလှည့်၍ အမာရွတ်ပေါ်တွင် ပါးပါးလိမ်းကာ တညထားနိင်သည်။ သို့မဟုတ် ထူထူသုတ်လိမ်းကာ မိနစ် ၂၀ခန့် ထားကာ ရေဖြင့်ဆေးကြောပါ။
စက်နဲ့မွှေထားတဲ့ ကျန်ရှိနေသော သခွားသီးအရည်ပျစ်များကို ရေခဲသေတ္တာထဲတွင် ရက်အတန်ကြာအောင် သိမ်းပြီး နောက်ရက်များတွင်ပါ ဆက်လက်အသုံးပြုနိုင်ပါတယ်။
ဒီသခွားရည်ကို ပိုပြီးအစွမ်းထက်အောင် လုပ်ချင်ရင်တော့ အထက်မှာဖေါ်ပြခဲ့တဲ့ သံပုရာရည်၊ သံလွင်ဆီ၊ ရှားစောင်း လက်ပတ်တို့နှင့်ပါ ရောစပ်အသုံးပြုနိုင်သည်။
နည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ အလွယ်တကူ မိမိကိုယ်တိုင်ပြုလုပ်နိုင်သော အိမ်သုံးဆေးဝါးများနှင့် အမာရွတ်သက်သာစေသည့် နည်းလမ်းများကို ဖေါ်ပြရင်း လှပ၍ ချောမွတ်သော အရေပြား ပိုင်ရှင်များဖြစ်နိုင်ကြပါစေ။
ဝင်းလှိုင်ဦး

Thursday, 16 April 2015

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ


အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ
=========================================
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေ ကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ကို မြင့်တက် စေ ပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့ တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေ ဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့် တက်စေပါတယ်။
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါ တယ်။ ဆေးဘက် ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအား ကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။
မျက်ကွင်းညိုခြင်း
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။
အဝလွန်ခြင်း
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ် ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း
အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေ ကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။
မြ၀တီ
http://health.thithtoolwin.com/

Wednesday, 15 April 2015

အစွမ်းထက်သော ရေကုထုံး


အစွမ်းထက်သော ရေကုထုံး
----------------------------------
နေ့စဉ် နံနက်ခင်း အိပ်ယာထထချင်း ရေကိုသောက်ပေးသော အလေ့အထသည် ယနေ့ဂျပန်ပြည်တွင် အလွန်ခေတ်စားနေသော ကျန်းမာရေးအလေ့အကျင့်တစ်ခု ဖြစ်နေပါသည်။
သိပ္ပံပညာရှင်အများကလည်း နံနက်ခင်းအိပ်ယာထခါစမှာ ရေသောက်ခြင်း၏ ကောင်းကျိုးများနှင့် ပျောက်ကင်းစေနိုင်သော ရောဂါများ၊ ကာကွယ်ပေးနိုင်သော ရောဂါများကို သက်သေပြနိုင်ခဲ့ကြပါပြီ။
ထို့ကြောင့် ရေသည် သောက်တတ်လျှင် အသက်ကယ်ဆေး၊ အသက်ရှည်ဆေး ဖြစ်စေနိုင်ပါသည်။ လူ၏ ခန္ဓာကိုယ်သည် ရေဓါတ်တို့ဖြင့် အများဆုံးတည်ဆောက်ထားသောကြောင့် ရေသည် လူ့ကျန်းမရေးအတွက် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပါသည်။
ရေကို ဆေးအဖြစ်သောက်သုံးရန်နည်းလမ်း-
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေ တစ်လီတာဘူးကြီး
တစ်ဘူးခန့် (သို့မဟုတ်) သုံးပုံနှစ်ပုံခန့် သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ ရေသောက်ပြီး (၄၅) မိနစ် အတွင်း မည်သည့်အစာကိုမျှ မစားပါနှင့်။
၃။ (၄၅) မိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံအတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာနှင့် ညစာ စားပြီးနောက်ပိုင်း (၂) နာရီအတွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်နိုင်သည့်ရေ ပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်ကင်းအောင် ကုသနိုင်ပါ၏။
ပျောက်ကင်းနိုင်သောရာဂါများ-
ခေါင်းကိုက်ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါနှင့် အမျိုးသမီးများ ရာသီလာမမှန်ခြင်းတို့ဖြစ်၏။
ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များ
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်
(သတိပြုရန်)
ရေကုထုံးတွင် ရေနွေး(သို့မဟုတ်) ရေခပ်နွေးနွေးနှင့် ရေသန့်ကိုသာ သုံးသင့်၏။ ညသိပ်ရေနွေးနှင့် ဓါတ်ဗူးထဲတွင် (၆) နာရီကျော်အောင် သိပ်ထားသော ရေနွေးသည် အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်၏။
(ဇီဝိတဒါနအဖြစ် မည်သူမဆိုင် မျှဝေပေးနိုင်ကြပါသည်။ လူသားတိုင်း သက်ရှည်ကျန်းမာကြပါစေ)
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ဦးတိုးအောင်၏ အစွမ်းထက် ရေကုထုံးအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Friday, 10 April 2015

ဆီးချိုရောဂါအတွက် ကြက်သံပုရာ ပေါင်းရည်


ထိုင်ဝမ် မှာနေတဲ့ အသက် ၅၅ နှစ်အရွယ် လူတယောက်ဟာ တနေ့ မှာနေမကောင်းဖြစ်သတဲ့
သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့
ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့
ဒီလို နဲ့  ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်
အသက် ၅၇ မှာ မလေးရှားက သူ့ မောင်နှမတွေဆီလာလည်တော့ သူ့ မှာ ဆီးချို ရောဂါဖြစ်နေတာကို သိတော့ ညီတယောက်က ဒီကြက်သံပုရာပေါင်းကို လုပ်ကျွေးပါတယ်
နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ ပျောက်ကင်းသက်သာရာရခဲ့လို့  သူလည်း ပျောက်ချင်စိတ်နဲ့  သောက်ပါသတဲ့

ကြက်ပေါင်းနည်းက ၆၀သားလောက် အနေတော် ကြက်တကောင်ကို ခြေထောက်နဲ့  ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ့  ရေကို ကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ
အဲဒီကြက်ပေါင်းကို သူ့ ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်
အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့
သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ့  လုပ်ခဲ့ပါတယ်
ဒီလိုနဲ့  ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ ဆီးချို အတက်အကျ မရှိတော့လို့  ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်
ဆီးချိုတိုင်း ကိရိယာလေးနဲ့  အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်
အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့ လုပ်စားဖြစ်ပါတယ်
ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့  အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့  ဘဝကို ဖြတ်သန်းနေပါသတဲ့
ဆီးချိုအတွက် လုပ်စားကြည့်လို့ လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ့  ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်
https://www.facebook.com/sukhita.notes/photos/a.285659871615003.1073741829.224819631032361/427683477412641/?type=1&theater မှကူးယူဖေါ်ပြပါသည်.

Thursday, 9 April 2015

ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။


ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။
ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။
အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊
အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့
ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစော တွင် သော် လည်းကောင်း သောက်သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ ဗူးအောင်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန် အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။
အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။
credit: winnhlaingoo.wordpress.com

ခြေဖနောင့်ကွဲအက်ခြင်း ဘယ်လိုကုသမလဲ


ခြေဖနောင့်ကွဲအက်ခြင်း ဘယ်လိုကုသမလဲ
ခြေဖနောင့် အက်ကွဲတာဟာ အကြည့်ရဆိုးတဲ့အပြင် နာကျင်မှုဝေဒနာ လည်းဖြစ်စေနိုင်တယ်။ အရေပြားခြောက်သွေ့ခြင်း၊ (ဆီးချို၊ လည်ပင်းကြီး ရောဂါစသည့်) ရောဂါတွေ ၊အဝလွန်ခြင်း၊ အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း နဲ့ မသင့်လျော်တဲ့ ဖိနပ်တွေ စီးခြင်းတို့ကြောင့် အရေပြားမာတောင့်ပြီး ကွဲအက်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။
ကြမ်းတမ်းတဲ့ အရေးပြားတွေကို ဖယ်ထုတ်ခြင်း
များသောအားဖြင့် အဝါရောင်ရှိပြီး ကြည့်မလှတဲ့အပြင် ဆွဲဆောင်မှုမရှိတဲ့ အသွင်သဏ္ဍာန်ရှိ အရေပြားကြမ်းကြမ်းတွေ ဖယ်ရှားခြင်းမှာ ပထမဆုံး အဆင့်ပင်ဖြစ်ပါတယ်။
ခြေဖနှောင့်ကို ရေနွေးဖြင့် ဆေးပေးပါ။ ရေနွေးဇလုံတစ်ခုထဲ ဆပ်ပြာရေ အနည်းငယ်ထည့်ပြီး ခြေထောက်ကို ၁၀ မိနစ်ခန့် စိမ်ပေးပါ။ အလွယ်တကူ တိုက်ချွတ်နိုင်အောင် မာတောင့်နေတဲ့ အရေပြားကို ရေနွေးက ပျော့ပျောင်းစေပါလိမ့်မယ်။
ဆဲလ်သေတွေဖယ်ထုတ်ခြင်း။ Foot file သို့မဟုတ် ကျောက်ခဲသုံးပြီး ကြမ်းထော်တဲ့အရေပြားအားလုံး ကွာထွက်သွားသည်အထိ ခြေဖနောင့်ကို ငြင်သာစွာ အကြိမ်ကြိမ် ပွတ်တိုက်ပေးပါ။
ဆဲလ်သေတွေကို ငြင်သာစွာ ဖယ်ထုတ်ခြင်း။ အရေပြားဆဲလ်သေတွေအား လုံးဝဖယ်ထုတ်ချင်ပါက ခြေထောက်ကို အုပ်ထားပါ။ မရှိမဖြစ် လိုအပ်တာက ဆီနဲ့ သိကြားပဲဖြစ်ပါတယ်။ ဆီနဲ့သိကြားရောစပ် အသုံးပြုပြီး ခြေထောက်ကို အဝိုင်းပုံသူဏ္ဍာန်ဖြင့် စတင်ပွတ်တိုက်ပေးပါ။ သိကြားရဲ့ အစွမ်းအာနိသင်ကြောင့် အရေပြားပေါ်က ဆဲလ်အသေတွေကို လုံးဝဖယ်ရှားနိုင်ပါလိမ့်မယ်။ နောက်ဆုံး ခြေထောက်ကို ရေနွေး၊ ဆပ်ပြာရည်တို့နဲ့ ဆေးချလိုက်ပါ။ အပေါ်ယံမာတောင့်တဲ့ အရေပြားလွှာ ခွာထွက်လိုက်တာနဲ့ တပြိုင်နက် အရေပြားကို အစာကျွေးဖို့ လိုအပ်ပါတယ်။
အဲဒီလို အစာကျွေးဖို့ရန်အတွက် အိမ်တွင်းလုပ် ခြေထောက်အဖုံးအကာလေးအတွက် တင်ပြပေး လိုက် ပါတယ်။
လိုအပ်သောပစ္စည်းများ
ငှက်ပျောသီးမှည့်
သံပုရာရည်
ပြင်ဆင်ပုံပြင်ဆင်နည်း
ငှက်ပျောသီးကို ချေလိုက်ပြီး သံပုရာရည်နဲ့ရောလိုက်ပါ။ အဲဒါကို ခြေထောက်လိမ်းခြယ်ပြီး ၁၀ မိနစ်ကြာအောင်ထားပါ။
(၃) အရေပြားကို ပျော့ပျောင်းစိုစွတ်အောင်ပြုလုပ်ခြင်း
ညအိပ်ယာမဝင်မီ ခြေဖ၀ါးကို သံလွင်ဆီ လိမ်းပေးပါ။ အဲဒီနောက် ပိုးချည်ခြေအိတ်လေး သေချာစွပ်ထားပေးပါ။
Source: healthyfoodstar
Trend Myanmar

ယောက်ျားတို့အတွက် သင်္ဘောရွက်


ယောက်ျားတို့အတွက် သင်္ဘောရွက်
ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။
စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။

စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။
ဦးဌေးနိုင်-မန့်စတိုး
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Wednesday, 8 April 2015

ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ


ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ
ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။
အသုံးပြုပုံလေးကတော့
နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေး ခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေ ပါတယ်။
Ref- healthnew
ကျော်လင်းနိုင် (ရိုးရာလေး)

Tuesday, 7 April 2015

အိပ်ရေးမဝခြင်း၏ အကျိုးဆက်


အိပ်ရေးမဝခြင်း၏ အကျိုးဆက်
အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့
၁။ ကိုယ်ခံအားနည်းခြင်း
ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။
၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း
တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
၃။ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း
အိပ်ရေးမဝတဲ့ သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ ဆဲလ်များ မွေးဖွားမှု နည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေ အထိ ဆိုးသွား နိုင်ပါတယ်။
၎။ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း
အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံး ရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။
၅။ အဆီတက်၍ ဝလာစေခြင်း
အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ပဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ် ပါတယ်။ အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်း ပါတယ်။ အိပ်ရေး ပျက်လေလေ ပိုဝလာ လေလေ ဖြစ်ပါတယ်။ နဂို ပိန်နေသူများ အနေနဲ့ ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။
ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ် ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ လိုက်ရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Sunday, 5 April 2015

မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း


မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း
အဆိုတော် မတင်ဇာမော်ရဲ့ ၅ လ အတွင်း ပေါင်ချိန် ၄၀ လောက် ကျအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းလေးကို ထပ်ဆင် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
"ကိုင်းးးး အစားထိန်းတာ တစ်ခုထဲနဲ့ ၅လနီးပါးအတွင်း လေ့ကျင့်ခန်းမလို ပိန်ဆေးမလို ပဲ ဝိတ်ကျနိုင် တယ်ဆိုတာယုံပြီလားးး ဒီဇင်ဘာလလယ်၂၀၁၃ မှာ ပေါင်ချိန်၁၆၀ နီးပါးကနေ မေလလယ်၂၀၁၄ မှာ ၁၂၃ပေါင်ကျန်တယ် ဆက်ကြိုးစားမယ်ဗျိုး နောက်ထပ်၁၀ပေါင်လောက်ကျရင်တော်ပြီ
နည်းလေးပါ ရေးပေးပါရစေ တချို့တွေ ကမေးလို့။ ဒီမှာပဲ ထပ်ရေးလိုက်ပြီနော် တွဲပြီး တခါထဲတွေ့အောင်။
၁။ ဆန် ဂျုံ အာလူး ရှောင်၊ ဒါပေမဲ့ သိပ်စားချင်ရင် တစ်ပတ်လုံးမှာ ၃ခါလောက်ပဲ နဲနဲ လေးစား
၂။ အသီးအနှံ များများပြုတ်သောက် ဆီနဲနဲ နဲ့သုတ်စား
၃။ ဆီကြော်စာ လုံးဝရှောင်
၎။ ဆီများအသား ငါးကလွဲ ရင် ရှောင် ကြက် ကို အရေခွံ မစားနဲ့
၅။ တတ်နိင်သမျှ အပြင်စာ၊ နှမြောစာ၊ အားနာစာ ရှောင်
၆။ ဗိုက်ဆာမှ အဆာပြေရုံ စား နဲနဲ စီ ခဏခဏ စား
၇။ မနက်ကနေညအိပ်ရာဝင်တဲ့ထိ သံပုရာသီး ၁ လုံး သို့ ၂လုံး ရေနွေးပူပူ ထဲညှစ် အခွံမပစ်ပဲ စိမ်သောက် ပျားရည် နဲနဲထဲ့ချင်လဲရတယ်
၈။ အရမ်းအရေးအကြီးဆုံးအချက် အစာအိမ် မထိအောင် လုံးဝအဆာမခံပါနဲ့ စားရမယ့် အချိန် ဆာမယ့် အချိန်မှာ စားသင့်တာ ကို လိုတာထပ်ပိုမစားပဲ ဆာတိုင်း မျှတပြီး စားဖို့အရေးကြီးပါတယ် ၊ ဒီအစီစဉ်မှာ အငတ်ခံစရာမလို စားသင့်တာစားဖို့ သတိချပ်ပါ
၉။ Ready mix tea coffee မသောက်ပဲ အိမ်ဖျော် သကြားလဘက်ရည်ဇွန်းဝက်နဲ့ အဆီထုတ်နို့ပဲသုံး အချိုကြိုက်ရင် သကြားအစား sweetner သုံး"
- တင်ဇာမော်
‪#‎health_yyl‬
www.yoyarlay.com