အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 18 November 2014

ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။


ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။
====================================
အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ) မှ ဤနည်းကိုပြောပါသည်
အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီး ဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။ ခါတိုင်းလည်းဆီးချိုတက်လျှင် မူးလဲနေကျဖြစ်ပါသည် ။
ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးမှ သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်းအဆင်သင့်ကို ခေါင်းပိုင်းမှဖြတ် ၊ အတွင်းမှအစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။ ၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီး အနည်းငယ်အအေးခံ၍တိုက်ပါသည်။
သင်္ဘောသီးကိုလွှင့်မပစ်ရပါ။ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။ ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင် သွေးယားရောဂါ ၊ အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါအချို့တို့ပါ ပျောက်ကင်းသူများရှိသည်ဟုဆိုပါသည်။အမေသိန်းသည် ဤနည်းကိုယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသောဆီချို မှာ လုံးဝမတက်တော့ဟုဆိုပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍ တင်ပြပါသည်။
=================
ကြည်လွင်မြင့် မုဒြာ


No comments:

Post a Comment