အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 21 December 2015

ဆံပင်နှင့် အသားအရေအတွက် ဆန်ဆေးရည်မှရရှိတဲ့ အကျိုး ၁၂ချက်


ဆန်ဟာ လူသားတွေရဲ့ ကောင်းကျိုး အတွက် သဘာဝကပေးတဲ့ အဖိုးတန်ပစ္စည်းတစ်ခုပါပဲ။ ဆန်ရဲ့ ကောင်းကျိုးရလဒ်တွေထဲမှာ အရေပြားအတွက်လည်းပါဝင်ပါတယ်။ ဆန်ဆေးရည်လို့အလွယ်ခေါ်ကြတဲ့ ဆန်စိမ်ထားတဲ့ အရည်ကို ပုံမှန်သုံးစွဲပေးမယ်ဆိုရင်တော့ သင့်ရဲ့ အသားအရေနဲ့ ဆံပင်အတွက် ကောင်းကျိုးတွေကို တစ်ပတ်အတွင်း သိသာထင်ရှားစွာခံစားရပါလိမ့်မယ်။
ဆံပင်ရှည်မြန်လာစေဖို့
ခေါင်းလျော်ရည်နဲ့ခေါင်းလျော်ပြီးရင် ဆံပင်ပျော့ဆေးသုံးမယ့်အစား ဆန်စိမ်ရည်ကိုဆံပင်မှာ ဆံသားထဲထိ စိမ့်ဝင်နေအောင် သုတ်လိမ်းပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်မှာ နှစ်ကြိမ် ထိုနည်းအတိုင်းပြုလုပ်ပေးပါက အကောင်းဆုံးရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။
ဆံသားနှစ်ခွမဖြစ်စေဖို့
ဆံသားနှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်တွေကြောင့်စိတ်ညစ်နေပါသလား။ နှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်အဖျားလေးတွေကို ဆန်ဆေးရည်ထဲမှာ ၁၅မိနစ်လောက်စိမ်ထားပေးပါ။ ထို့နောက် ရေဆေးချလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးပါက ဆံသားနှစ်ခွဖြစ်ခြင်းမှ သက်သာပျောက်ကင်းလာပါလိမ့်မည်။
ဆံသားတွေ ကျန်းမာသန်စွမ်းဖို့
ဆံသားတွေ ခြောက်သွေ့ပြီး ဆံသားမခိုင်ခံ့ပဲ အားနည်းနေပါသလား။ ဆန်ဆေးရည်နဲ့ တစ်ပတ်မှာ သုံးကြိမ် ဆေးချပေးပါ။ သိသာတဲ့ ရလဒ်ကောင်းကို တစ်ပတ်အတွင်းပိုင်ဆိုင်လာပါလိမ့်မယ်။
ဗောက်ထခြင်းအတွက်
ဗောက်ထခြင်းဟာ လူတိုင်းရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ဗောက်ထခြင်းမှ ကင်းဝေးအောင် ဆန်ဆေးရည်နဲ့ ခေါင်းကိုဆေးချပေးပါ။
ဆံသားတောက်ပဖို့အတွက်
သင့်ဆံပင်တွေ သဘာဝအတိုင်း တောက်ပနေဖို့အတွက် ဆန်ဆေးရည်နဲ့နှင်းဆီပေါင်းခံရည်ကိုရောပြီး ဆံပင်ကိုဆေးချလိုက်ပါ။ ထို့နောက် ပလပ်စတစ်ခေါင်းဆောင်းလေးကို ဆံသားတွေသိမ်းပြီး ခေါင်းပေါ်မှာ မိနစ် ၂၀ ခန့်ပေါင်းထားပေးပါ။ ပြီးရင် ရေနဲ့ပြန်ဆေးချလိုက်ပါ။ တောက်ပြောင်သော ဆံကေသာကို အံ့မခန်းတွေ့ရပါလိမ့်မည်။
သန်းတွေကိုဖယ်ရှားပေးတယ်
ဆန်ဆေးရည်ဟာ သန်းနဲ့ သန်းဥတွေကို ဖယ်ရှားပေးတာကြောင့် တစ်ပတ်မှာ နှစ်ကြိမ် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ပေးခြင်းဖြင့် ခေါင်းပေါ်မှ ပိုးမွှားများကို ဖယ်ရှားပေးပါတယ်။
အသားအရေမညီညာခြင်းများကို ညှိပေးတယ်
အသားအရေ ပျက်စီး ညိုမဲပြီး မညီမညာဖြစ်နေတဲ့သူတွေအတွက် ဆန်ဆေးရည်ထဲကို နနွင်း လက်တစ်စိတ်ထည့်ပြီး မျက်နှာမသစ်ခင် ဆေးချပေးပါ။ တစ်ပတ်အတွင်း သိသာထင်ရှားတဲ့ ရလဒ်ကိုရရှိပါလိမ့်မယ်။
ဝက်ခြံတွေပျောက်စေဖို့
ဆန်ဆေးရည်ကို မျက်နှာသစ်တိုင်းအသုံးပြုပေးပါက ဝက်ခြံထွက်ခြင်းကိုလျော့ချပေးပါတယ်။ ဒါပေမယ့် ပုံမှန်အသုံးပြုပေးပါက အသားအရေခြောက်သွေ့စေတာမို့ ဆင်ခြင်အသုံးပြုပေးပါ။
ဆားဝက်ခြံတွေကို ဖယ်ရှားမယ်
နှာခေါင်းမှ ဆားဝက်ခြံလေးတွေကို ဖယ်ရှားပေးဖို့ ဆန်ဆေးရည်နွေးနွေးလေးနဲ့ မျက်နှာဆေးချလိုက်ပါ။ ထို့နောက် မျက်နှာမသုတ်ပဲ အရည်များခြောက်သွားသည်အထိထားလိုက်ပါ။ ထို့နောက် မျက်နှာသုတ်ပုဝါနှင့် မျက်နှာပြင် အထူးသဖြင့် နှာခေါင်းနေရာကို သုတ်ချလိုက်ပါ။ ဆားဝက်ခြံများ ကွာကျလာပါလိမ့်မည်။
နေလောင်သောအသားအရေအတွက်
နေလောင်ပြီး ညိုမဲသွားသောအသားအရေအတွက် ဂွမ်းစလေးကို ဆန်းဆေးရည်ထဲစိမ်ပြီး အသားပေါ်သို့ အသာအယာ သုတ်လိမ်းပေးပါ။ ထို့နောက် မိနစ် ၂၀ ခန့်ထားပြီး ရေချိုးချလိုက်ပါ။ ပိုကောင်းမွန်တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ဖို့ ခရမ်းချဉ်သီးရည်ကိုရောပြီး အသုံးပြုနိုင်ပါတယ်။
ဆန်ဆေးရည်ဟာ လျော့ရဲနေသော အသားအရေတင်းရင်းလာအောင်ပြုပြင်ပေးပါတယ်။ ဝိတ်ကျသွားပြီး အသားအရေ လျော့ရဲနေသော သူများအတွက် အကောင်းဆုံးကုစားပေးနိုင်ပါတယ်။
အရေးအကြောင်းများကို သက်သာစေဖို့
သင့်မျက်ထောင့်နားတစ်ဝိုက် အရေအကြောင်းလေးတွေစပေါ်လာပြီးဆိုရင်တော့ ဆန်ဆေးရည်ကို မျက်ထောင့်နားတစ်ဝိုက်စွတ်ပေးပါ။ ဒီတစ်ခေါက်မတူတာကတော့ ထမင်းရည်အသုံးပြုရမှာပါ။ ကျက်ပြီးသားထမင်းမှ ငှဲ့လိုက်သော အရည်ဖြစ်ရပါမယ်။
Credit - Sk Herbal Myanmar

ဟော့ဖြစ်နေတဲ့ ဆန်ဆေးရေကိစ္စ
ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရှ်လို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။
ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်။ ဆန်ဆေးရေမှာပါတဲ့ phenolic နဲ့ flavonoid ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်။ နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်။လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ inositol ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်။ inositolက ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။ နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။
ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်။ အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။ သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို လျှော့ပါးသက်သာစေတယ်။ အရေပြားခြောက်သွေ့ရဟယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို ခပ်ပါးပါးလိမ်းပေးခိုင်းတယ်။ မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး အသားတင်းစေတယ်။ အသားဖြူစေတယ်။ အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။ ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ်။ အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ နညိးနည်းချဉ်လာသည်ထိ ခပ်ကြာကြာထားလိုက်တာကို ဆိုလိုတာ။ အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ သိထားလို့ပါ။
ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်။ တခ်ျု့က မျက်နှာသစ်ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော်ကြတယ်။ ဆန်ဆေးရေက အသားအရည်ကို ကြည်လင်ဝင်းပစေတာ အမှန်ပဲ။ အသားလည်း ဖြူစေတယ်။ အရေးအကြောင်းကင်းစင်စေတာမို့ ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ။ ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်။ ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်။ ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်။ pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့ သွားတူတယ်။ ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်။
ဆန်ဆေးရည်ပြုလုပ်ပုံ
(၁)ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ။
(၂)ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ။တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။
(၃)အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)
(၄)အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁၀မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင် နှောက်လာလိမ့်မယ်။
(၅)ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်။
ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန် မြန်လေလေဖြစ်တယ်။ ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို နညိးနည်း အပူပေးလိုက်ပါ။သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက နည်းနည်းပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။
မှတ်ချက်- ဆန်ဆေးရည်နေရာမှာ ထမင်းရည်က်ုလည်း အစားထိုးသုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်။ သတိပြုရမှာက တမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ။ ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်။
သုံးစွဲပုံ
သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ။ အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင်ထားပါ။ ၃-၅မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်။
ဆန်ဆေးရေကို_
>>>>>မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ နေ့စဉ်သုံးသင့်တယ်။
>>>>>ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် ၅မိနစ်ခန့်ထားပါ။
body scrub အနေနဲ့လည်း သုံးလို့ရတယ်။အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး အရေပြားမှာ လိမ်းပါ။ ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
သောက်တဲ့ကိစ္စ
အမေးများတဲ့ မေးခွန်းနောက်တခုက ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်။ အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့ ပြောမထားပါ။ သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်။ အစားအသောက်ထိန်းတာနဲ့ အားကစားကသာ အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ။ ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ။ ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်။
ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင် ဝိတ်ကျဖို့သုံးတယိဆိုတာမျိုးမဖတ်ရပါ။
ဒါပေမယ့် တမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ။
နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း သတိပြုသင့်တယ်။ ဒီဖက်ခေတ်ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။ ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ။ ဒါကိုတော့ ဂရုစိုက်စေချင်တယ်။ ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
၂၁.၁၂.၁၅

Friday 18 December 2015

မင်းကွတ်သီးခွံရဲ့ဆေးဖက်ဝင်အာနိသင်


မင်းကွတ်ပင်ကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နဲ့မွန်ပြည်နယ်တွေမှာ စိုက်ပျိုးပင်အဖြစ်အများဆုံးတွေ့ရှိရပါတယ်။ မင်းကွတ် တစ်ပင်လုံး ဆေးဖက်ဝင်ပေမယ့် မြန်မာ့ တိုင်းရင်းဆေးဝါးများ ဖော်စပ်အသုံးပြုရာမှာတော့ မင်းကွတ်သီးရဲ့အခွံတစ်မျိုးတည်းကိုသာ ဆေးဝါးဖော်စပ်  ရာမှာ အများဆုံးအသုံးပြုကြပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာအရမင်းကွတ် သီးခွံရဲ့ အရသာဟာ ''အေးဖန်''အရသာ ရှိတဲ့အတွက်ကြောင့် ဆီး၊ဝမ်း၊သွေး၊ လေ ကိုချုပ်စေတဲ့အာနိသင်များရှိပြီး အထူး သဖြင့် ဝမ်းနဲ့သွေးကိုချုပ်စေပါတယ်။ မင်းကွတ်သီးခွံကိုဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနဲ့ သွေးဝမ်းရောဂါတွေကို သက်သာပျောက် ကင်းစေပါတယ်။ အမျိုးသမီး မီးယပ် ရောဂါနဲ့ပတ်သက်ပြီး မီးယပ်သွေး လွန်ရောဂါ နဲ့မီးယပ်ဖြူဆင်းရောဂါတွေကိုလည်း ထိ ရောက်စွာ သက်သာပျောက်ကင်းစေပါတယ်။မင်းကွတ်သီးခွံဟာ ဝမ်းနဲ့ပတ်သက် တဲ့ရောဂါ၊ အမျိုးသမီး မီးယပ်နဲ့ပတ်သက် တဲ့ရောဂါတွေအပြင်ဆီးနဲ့ပတ်သက် တဲ့ရောဂါ တွေဖြစ်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန်ဆီးချို ရောဂါ၊ အသက်အရွယ် ကြီးရင့် တဲ့အမျိုးသား များမှာအဖြစ်များတဲ့ ဆီးသွားရင်းဆီးကျန် တာတို့၊ ညစဉ်ညတိုင်းဆီးမကြာခဏသွား နေရတော့တို့ စတဲ့ရောဂါတွေကို လည်း ပျောက်ကင်းစေပါတယ်။ သွားဖုံးရောင်တာ၊ သွားနဲ့တာ၊ သွား နာတာ၊ ရေစီးကမ်းပြို ဒန္တစိုနာရောဂါ စတဲ့ သွားနှင့်ခံတွင်းရောဂါတွေတင်မက အရေ ပြားနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့ ပွေး၊ ဝဲ၊ဝက်ခြံ၊နေလောင်ကွက်၊ အင်ပျဉ်ထခြင်း တွေကိုပါ ထိရောက်စွာသက်သာပျောက် ကင်းစေပါတယ်။ မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီးသက်သာ ပျောက်ကင်းစေနိုင်တဲ့ရောဂါလက္ခဏာတွေ အကြောင်းကိုသိရှိပြီးရင်တော့ရောဂါတစ်မျိုး ချင်းစီအလိုက်အသုံးပြုရမယ့် အသုံးပြုပုံ နည်းစနစ်များအကြောင်းကိုလည်းကျွန်တော် ဆက်လက်ပြီး တင်ပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ သွေး ဝမ်းရောဂါတွေအတွက်ဆိုရင် မင်းကွတ် သီးခွံပြုတ်ရည်ကိုတစ်ခါသောက် လက်ဖက် ရည်အကြမ်းပန်းကန်တစ်ဝက်လောက်ကို ၁ဝမိနစ်ခြား ငါးကြိမ်ဆက်တိုက်သောက် ပေးရပါမယ်။ ဝမ်းပိတ်သွားရင်တော့ မင်းကွတ်သီးခွံပြုတ်ရည်ကို သောက်စရာ မလိုတော့ပါဘူး။ ခန္ဓာကိုယ်မှာဝမ်းတွေ သွားထားတဲ့အတွက်ဝမ်းနဲ့အတူခန္ဓာကိုယ် မှာဆုံးရှုံး ထားတဲ့ အရည်ဓာတ်များကို ပြန် လည်ဖြည့်တင်းပေးတဲ့အနေနဲ့ ဓာတ်ဆား ရည်ကိုသာ ဆက်လက်ပြီးသောက်သုံးသင့် ပါတယ်။ ဝမ်းနဲ့ပတ်သက်ပြီး အသုံးပြုပုံ နည်း စနစ်များကိုသိရှိပြီးရင်တော့ နောက်ထပ် အမျိုးသမီးရောဂါတွေဖြစ် တဲ့ မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ရောဂါ၊ ဆီးနဲ့ရောဂါပတ်သက်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန်ဆီးချိုရောဂါ၊ ဆီးသွားပြီးဆီးကျန် တာစတဲ့ရောဂါတွေအတွက်ဆိုရင်တော့မင်း ကွတ်သီးခွံပြုတ်ရည်ကို တစ်ခါသောက် လက်ဖက်ရည်အကြမ်းပန်းကန် တစ်ဝက်ကို နံနက် ၈နာရီမှာတစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှာတစ်ကြိမ်၊ညနေ ၄နာရီတစ်ကြိမ်၊ ည ၈နာရီတစ်ကြိမ် စုစုပေါင်းတစ်နေ့ကို လေးကြိမ် ခုနစ်ရက်တိတိသောက်သုံးပေး ရပါမယ်။ ခုနစ်ရက်မတိုင်ခင်ရောဂါပျောက် ကင်းသွားရင်တော့ မင်းကွတ်သီးခွံပြုတ် ရည်ကိုဆက်ပြီးသောက်စရာ မလိုတော့ပါဘူး။မင်းကွတ်သီးခွံ ငါးကျပ်သား၊ တမာ ခေါက်ငါးကျပ်သား၊ မာလကာခေါက် ငါး ကျပ်သား၊လေးညှင်းပွင့် ၁ဝပွင့် စတဲ့ဆေး ပစ္စည်းတွေကိုရေတစ်ပိဿာရောပြီးတစ်ဝက် ကျအောင်ကျိုပေးရပါမယ်။ ရရှိလာ တဲ့ဆေး ပြုတ်ရည်ကိုမကြခဏငုံထွေးပေးခြင်းဖြင့် ကျွန်တော်စောစောက တင်ပြပေးသွားတဲ့သွား နဲ့ခံတွင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ သွားဖုံး ရောင်တာ၊ သွားနာတာ၊ရေစီးကမ်းပြိုဒန္တစိုနာ ရောဂါတွေ သက်သာပျောက်ကင်းရုံမျှမက ခံတွင်းအနံ့မကောင်းသူတွေပါ ခံတွင်းအနံ့ ကောင်းမွန်စေပါတယ်။ အနာပေါက်ရောဂါများမှာတော့ မင်း ကွတ်သီးခွံပြုတ်ရည်ကို ဖန်ဆေးရည်အဖြစ် အသုံးပြုရပါမယ်။ အနာအို၊ အနာဟောင်း၊ အနာဆေးတွေကိုမင်းကွတ်သီး ခွံပြုတ် ရည် နဲ့ဖန်ရည်ဆေးပေးခြင်းအားဖြင့် အနာမှ မကောင်းတဲ့အညစ် အကြေးတွေ သန့်စင်ရုံ တင်သာမက အနာအသားနုတက်စေပြီး မြန်မြန် အနာကျက်စေပါတယ်။ အနာလည်း ကျုံ့စေပါတယ်။ သွေးယိုနေတဲ့ အပြင်လိပ် ခေါင်းရောဂါရှင်တွေလည်း မင်းကွတ်သီးခွံ ပြုတ်ရည်ထဲကျောက်ချဉ် အနည်းငယ်ထည့် ပြီး ဖန်ထိုင်ပေးခြင်းဖြစ်လည်း သက်သာ စေပါတယ်။
ပွေး၊ဝဲ၊ဝက်ခြံ၊နေလောင်ကွက်၊အင်ပျဉ် ထတာတို့ဆိုရင်တော့ မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးရမှာဖြစ် ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန တိုင်း ရင်းဆေးပညာဦးစီးဌာန၏အောက်မှာရှိတဲ့ အစိုးရတိုင်းရင်းဆေးရုံ၊ ဆေးခန်းတွေမှာ အသုံးပြုနေတဲ့ တိုင်းရင်းဆေးအမှတ် (၂၂) အေးပိတ်ဆေးဟာဆိုရင် မင်းကွတ်သီးခွံနဲ့ အတူအခြားဆေးဖတ်ဝင် ပစ္စည်းတွေဖြစ်တဲ့ တလည်းသီးခွံ၊ မန်ကျည်းစေ့ခွံ၊ ဆီးဖြူ သီးခြောက် ၊ကြဇုသီး ၊ဆေးခြောက်၊ ဆား မီးဖုတ်တို့နဲ့ဖော်စပ်ထားတာဖြစ်ပါတယ်။မင်းကွတ်သီးခွံကို ကျွန်တော်တို့မြန်မာ့ တိုင်းရင်းဆေးတွင်သာမက ကမ္ဘာမှာပါ မင်းကွတ်သီး ခွံကိုဆေးဝါးအနေနဲ့ အသုံးပြု ကြပါတယ်။ နိုင်ငံတကာကျန်းမာရေး ဂျာနယ်၊ မဂ္ဂဇင်း၊အင်တာနက်သတင်းတွေ မှာလည်း မင်းကွတ်သီးခွံနဲ့ ပတ်သက် ပြီး ဆေးဝါး အဖြစ်အသုံးပြုပုံများကိုသုတေ သနစာတမ်းများ၊ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်း သပ်မှုအဖြေများဖြင့် စုံလင်စွာဖော်ပြထား တာကိုလေ့လာတွေ့ရှိ ရပါတယ်။ ကနေဒါ၊ အမေရိကစတဲ့ အနောက်နိုင်ငံတွေ အိန္ဒိယ၊ တရုတ်၊ထိုင်း၊စင်ကာပူ၊ဗီယက်နမ်၊ဖိလစ်ပိုင် စတဲ့အာရှနိုင်ငံတွေ မှာလည်းမင်းကွတ်သီးခွံ ကို ရိုးရာတိုင်းရင်းဆေးဝါးအနေဖြင့် တွင် တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ မင်းကွတ်သီးခွံကို သိပ္ပံနည်းကျဓာတ် ခွဲစမ်းသပ်မှုအဖြေတွေအရဆိုရင် ''Antioxidant'' လို့ခေါ်တဲ့ဓာတ်တိုးပယ်ဖျက် မှုစွမ်းရည်ရှိတဲ့ဓာတုဒြပ်ပေါင်းအမျိုးအစား ၂ဝဝကျော်နဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကဆီဓာတ်၊ သတ္တုဓာတ်၊ဗီတာမင်မျိုးစုံနဲ့ အခြားအမည်မဖော်နိုင် တဲ့ဒြပ်ပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားတဲ့အတွက် အစာကြေ ဆေး၊ အာရုံကြော အားဆေး ၊ ဝမ်းပိတ်ဆေး၊ နှလုံးရောဂါကုဆေး၊ အကိုက်အခဲပျောက် ဆေး၊ သန်ချဆေး၊ ကင်ဆာရောဂါကုဆေး၊ အဆီကျဆေး၊စိတ်ငြိမ်ဆေး၊ ဆီးချိုသွေးချို ရောဂါကုဆေးဝါးများဖော်စပ်ရာမှာအသုံး ပြုကြပါတယ်။ မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီးသုတေသန စာတမ်းများမှာတော့ မင်းကွတ်သီးခွံပြုတ် ရည်ဟာ- - ပင်ပန်းနွမ်းနယ်မှုကိုခုခံကာကွယ်ပေး ခြင်း။ - အဖုအကျိတ်ကင်ဆာရောဂါတွေကိုလည်း ခုခံကာကွယ်နိုင်ပေးခြင်း။ - အိုမင်းရင့်ရော်မှုကို ကာကွယ်စေခြင်း။ - သွေးတိုးကိုလည်းကျစေခြင်း။ - ဓာတ်တိုးမှုကိုလည်းတိုက်ဖျက်ပေးခြင်း။ - သွေးတွင်းသကြားဓာတ်များကိုလည်းလျော့ကျစေခြင်း။ - အဝလွန်ခြင်းကိုကာကွယ်စေပြီး ကိုယ်အလေးချိန်ကိုကျစေခြင်း။ - သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး)မကပ်အောင်ကာကွယ်ပေးခြင်း။ - နှလုံးနှင့်ဆက်စပ်သည့်ရောဂါများမဖြစ်အောင်ကာကွယ်ပေးခြင်း။ အရိုးအဆစ်ရောင်ရမ်းနာကျင်မှုပျောက် ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေး ခြင်း၊ သွားဖုံးနှင့်ခံတွင်းဆိုင်ရာရောဂါ များ ပျောက်ကင်းစေခြင်း၊ စိတ်မတည့်ရောဂါ ဖြစ်ခြင်း မှကာ ကွယ်ပေးခြင်း အစရှိတဲ့ရောဂါ အမျိုးပေါင်း ၁၃၈မျိုးပျောက်ကင်းစေတယ် လို့သုတေသနစာတမ်းများ တွင်အတိ အလင်း ဖော်ပြထားတာကိုလေ့လာတွေ့ရှိရပါတယ်။မင်းကွတ်သီးခွံကို သဘာဝ ဓာတ်ဆား အနေနဲ့ပုံမှန်သောက်သုံးမယ်ဆိုရင်တော့မင်း ကွတ်သီးခွံ ရဲ့ အလေးချိန် တစ်ဆကိုရေလေးဆ ရောပြီးတစ်ဝက်ကျအောင်ကျိုရပါမယ်။ တစ်ခါသောက်လက်ဖက်ရည်အကြမ်း ပန်းကန်တစ်ဝက်ပမာဏ အားဖြင့်တော့ ၃ဝ စီစီကနေ ၆ဝ စီစီ တစ်နေ့နှစ်ကြိမ် အစာ မစား ခင်ပုံမှန် သောက်သုံး လို့ရပါ တယ်။အခုညွှန်ကြားထား တဲ့သောက် သုံးရမယ့် ပမဏထက်ပိုပြီး မင်းကွတ်သီးခွံပြုတ် ရည်ကိုသောက်ခဲ့မယ် ဆို ရင်တော့ ဆီး၊ ဝမ်း အနည်းငယ် ချုပ်စေတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါ တယ်။မင်းကွတ်သီးခွံ ကိုစားပြီး တဲ့အခါမင်းကွတ်သီးခွံကိုရေစင်အောင်ဆေးပြီး နေပူ မှာ ခြောက်သွေ့အောင် လှန်းပါ။ မင်းကွတ်သီး ခွံခြောက်သွေ့သွားပြီဆိုမှ သင့်တော်ရာပလတ်စတစ်ဘူး (သို့မဟုတ်)ဖန်ဘူးမှာထည့် ပြီး အေး ၍ခြောက်သွေ့တဲ့နေရာမှာ သိမ်း ဆည်းထားသင့် ပါတယ်။ ဆေးဝါး အဖြစ် အသုံးပြုမယ့်မင်းကွတ် သီးခွံမှာ မှိုစွဲနေတာ၊ အောက်စော်နံနေတာ၊ ပိုး ထိုးနေတာ၊သိမ်းဆည်းတားတာ တစ်နှစ် ထက်ပိုကြားနေတာ တို့ဆိုရင်တော့ မင်းကွတ်သီးကိုဆေး ဝါးအနေနဲ့ မသုံးစွဲသင့်ဘူးဆိုတာကိုသတိပြုသင့်ကြောင်း ရေး သားတင်ပြ လိုက်ပါတယ်။

မိုးဟိန်းဇော်

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Tuesday 15 December 2015

အသုံးဝင်မယ့်အရာလေးတွေပါ

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည်
ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည်

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။
၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။
၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့ဗျာ။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။
၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။
အင်္ကျီကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ
မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)
၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။
၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။
၈။ ကြက်သွန်လှီးရင် မငိုရအောင် -
ပီကေ၀ါးပါ (လို့ပြောတာပဲ)။ (မှတ်ချက်။ စင်ကာပူတွင် ပီကေမ၀ါးရန် ဥပဒေဖြင့် တားမြစ်ထားပါ၏။)
၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -
အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။
၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို ရန်မလုပ်ပါနဲ့။
အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။
၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။
ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။
၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။
အသုံးဝင်မယ့်အရာလေးတွေပါ
******************************

Friday 11 December 2015

မုန်လာဥနီ ဖျော်ရည် မယုံနိုင်စရာ အဖြစ်အပျက်

 
မုန်လာဥနီ ဖျော်ရည်ကို ၈ လ ဆက်တိုက် မနက်တိုင်း စွဲစွဲ မြဲမြဲ သောက်ပြီးတဲ့ နောက် ကြုံတွေ့ ခဲ့ရတဲ့ မယုံနိုင်စရာ အဖြစ်အပျက်


ကလေးစာပေတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာမ Mrs Ann Cameron ကတော့ သူမရဲ့ အံသြစရာ အတွေ့ အကြုံကို ဝေမျှ ခဲ့ပါတယ်..

သူမ ဘ၀ မှာ ပထမဆုံးခါးသီးစွာ ကြုံတွေ့ ခဲ့ရတဲ့ ရောဂါ ကတော့ ဓာတု ကုထုံး နဲ့  ကုသမှူ ခံယူရင်း ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူမ ခင်ပွန်းသည် ခံစားခဲ့ရတဲ့ ရက်စက်လှတဲ့အဆုတ် ကင်ဆာ ပါပဲ..

သူမကိုယ်တိုင် အူမကြီး ကင်ဆာ တတိယ အဆင့်ကို ခံစားနေရတယ်လို့  သိလိုက်ရချိန်မှာ သူမဟာ သူမ ရဲ့ ခင်ပွန်းသည်လို ဓာတုကုထုံး နဲ့  ကုသမှူ ခံယူဖို့ ကို ငြင်းဆိုခဲ့ပါတယ်… ၂၀၁၂ ခုနှစ် ဇွန်လ မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်… အဲ့ဒီနောက် တစ်ရက်ထက် တစ်ရက် သက်သာ သလို ခံစားခဲ့ရပေမဲ့ ၆ လ အကြာ စမ်းသပ်စစ်ဆေးမှူတွေ ပြုလုပ်ချိန်မှာတော့ ကင်ဆာဆဲလ် တွေဟာ သူမ ရဲ့ အဆုတ်အထိ ပြန့်နှံ့လာပြီး ကင်ဆာ စတုတ္ထ အဆင့်အထိ ရောက်နေကြောင်း သိလိုက်ရပါတယ်…

Ann ဟာ ဒီရောဂါဆိုး ကြီးကို တိုက်ထုတ်နိုင်မဲ့ နည်းမျိုးစုံ ကို လေ့လာရှာဖွေတဲ့အခါ အရေပြားရောဂါဆိုးကြီးကို ခံစားခဲ့ရတဲ့ Ralph Kalley ရဲ့  ဖြစ်စဉ်ကို သိလာခဲ့ပါတယ်.. Ralph Kalley ရဲ့  အပြော အရဆိုရင်တော့ သူဟာ ၂.၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ် တိုင်း တစ်နေကုန်သောက်သုံးရင်းနဲ့  သူ့ ရဲ့  အရေပြားကင်ဆာ ကို ကုသနိုင်ခဲ့တယ်လို့  ဆိုပါတယ်…

Annကတော့ အောက်ပါ နည်းများနဲ့ သူမရဲ့ ကျန်းမာရေးကို တိုးတက် စေခဲ့တယ် လို့ ဆိုပါတယ်..

• မုန်လာဥနီ ဖျော်ရည်ကို ၈ ပတ် ဆက်တိုက် သောက်ပြီးနောက် ကင်ဆာဆဲလ် တွေ ပြန့် နှံ့ ခြင်း မရှိတော့ပဲ အသားပိုတွေဟာလည်း ကျုံ့ လာတယ်ဆိုတာကို စမ်းသပ် တွေ့ ရှိခဲ့ရပါတယ်.

• ၄ လ ခန့်  ဆက်တိုက် သောက်ပြီးချိန်မှာ တော့ အဖုအကျိတ်လေးတွေ ဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကင်ဆာဆဲလ်တွေကိုလည်း ဆက်လက် ထိန်းချုပ် ကုသနိုင်ကြောင်းတွေ့ ရှိခဲ့ ပါတယ်..

• ၈ လ ပြည့်တဲ့ အချိန်မှာတော့ နေ့စဉ် တစ်နေကုန် မုန်လာဥနီ ဖျော်ရည်ကို မပျက်မကွက် သောက်ခဲ့ တဲ့ ကျေးဇူးနဲ့  ကင်ဆာရောဂါ လုံးဝ ပျောက်ကင်းသွားကြောင်း စစ်ဆေး တွေ့ ရှိခဲ့ရပါတယ်…

အခုလို အံ့သြစရာ ရလာဒ် များ ကို ရစေခဲ့တာကတော့ မုန်လာဥနီ ဖျော်ရည်မှာ ပါဝင်တဲ့ Fatty Alcohol ၊ ကင်ဆာဖြစ်စေသော ဆဲလ်များကို သဘာဝအလျောက် သေစေတဲ့ ဓါတ်များ နဲ့  မုန်လာဥမှာ ပါဝင်တဲ့ Carotene တို့ က ကင်ဆာဆဲလ်များ ဖြစ်ပွားခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။

သူမရဲ့ မုန်လာဥနီ ဖျော်ရည် ကုထုံး ကို ဆောင်ရွက်လို့ အပြီးမှာ အခုလို ထိရောက်တဲ့ ရလာဒ်ကောင်းများ ရခဲ့ပြီးတဲ့နောက် Ann Cameron ဟာ “မုန်လာဥနီ ဖြင့် ကင်ဆာရောဂါကို ကုသခြင်း” ဆိုတဲ့ စာအုပ် ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ စိတ်ဝင်စားသူတွေ အနေနဲ့  Amazon website မျာ ၀ယ်ယူနိုင်ပါတယ်။

မုန်လာဥနီ ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများ (တစ်ခွက်စာ)

- မုန်လာဥနီ ၆ တောင့် (၂.၅ ကီလို ဂရမ် ခန့်)
- သံပုရာသီး တစ်ခြမ်း (အနံ့မွှေးကြိုင်စေရန်)
- ၁ လက်မ ခန့်  အရွယ် ဂျင်း တစ်တက်
- နနွင်းမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဝက် သို့ မဟုတ် ၄ ပုံ ၁ ပုံ
- သစ်ဂျပိုးခေါက် အမှုန့်  လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- ရေဖန်ခွက် တစ်ဝက်

ပြင်ဆင်ပုံ

ပါဝင်သည့် ပစ္စည်းများအားလုံးကို (သစ်ဂျပိုးခေါက်မှုန့် မှ လွဲပြီး) သစ်သီးဖျော်စက်ထဲသို့ ထည့်ကြိတ်ပါ၊ ထို့ နောက် အဖတ်များကို သေချာစွာ စစ်ထုတ်ပြီး သစ်ဂျပိုးခေါက်မှုန့် ထည့်ပြီး သေချာစွာမွှေပါ။ ခပ်ကျဲကျဲ သောက်လိုပါက ရေထပ်ထည့် နိုင်ပါသည်။
— with Swe Swe Winn.

Wednesday 9 December 2015

လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်

လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်
--------------------------------------------------------------
လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။
ဆေးနည်း-
(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။
(၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။
ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။
၎င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။
လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
( မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် )
နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ