အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Saturday 28 February 2015

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်



ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
----------------------------------------------------
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ် ပါသည်။ သိန်းထောင်ချီ၍ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူ များမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။လဲလှယ်နိုင်မှသာအသက်ဆက်နိုင်ပါသည်။လဲဖို့စားရိတ်ကလည်းသိန်းထောင်
ကျော်ကုန်ကျပါသည်။ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။
 ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူများသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါးမရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါက ဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျားပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင်ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။

အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ ။သွေးတိုး ပါကျစေ သဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါကတပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။သုံးလအနည်းဆုံးထားပြီး
 ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင်အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။ပျောက်ကင်း
သက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြ ပါ။ ယနေ့အချိန်အထိတော့လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်
အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
credit to Sandar Laynyuntmg

Thursday 26 February 2015

ကြ က် သွ န် ဖြူ မီး ဖု တ်

ကြ က် သွ န် ဖြူ မီး ဖု တ် ။
=================
တ စ် ခါ က အ င်္ဂ လ န် နို င် ငံ သို့  ဘွဲ့ လွ န် ပါ ရ ဂူ ဘွဲ့  ယူ ရ န် သွား သော ဆရာဝန် ငယ်တစ်ဦးသည် မကြုံ စဘူး အေး သော ရာသီဥတုနှင့် ကြုံတွေ့ ပြီး အအေးမိ၊နှာစေး၊ ခေါင်း ကိုက်၊နှာရည်ယိုဖြစ်လေရာ ဆေးလည်းမပါသဖြင့် မိမိအရင်ဆယ်နှစ်ကျော်က အင်္ဂလန်ရောက်နှင့်ပြီး ပါမောက္ခ တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီး မိသား စု နေအိမ်သို့ သွား ရောက်ပြီး ဆရာကြီးကျွန်တော့ မှာ အအေးပတ် နှာစေးဖြစ် နေလို့ Anti-biotic ဆေးတစ်မျိုး လော က် ပေးပါလို့ တောင်း တယ်တဲ့ ။ အအေးပတ်တာလောက်နဲ့ Anti-biotic တွေမသော က်ပါ နဲ့ဆို ပြီး သူ့ဇနီး ကို မိန်းမရေ ငါ တို့ စားနေကျဆေးလေးလုပ်ပေးပါကွာလို့လှမ်းပြောတယ်။ ခနနေတော့ ဆရာကြီးကတော်မီးဖိုထဲကထွက်လာပြီးပ န်းကန်ငယ်တစ်ခုနဲ့ထည့် လာ တဲ့ ကြက်သွန်ဖြူမီးဖုတ် မွှေးမွှေးလေးချပေးတယ်။ဆရာကြီးက " မင်း ကြက်သွန်ဖြူ မီးဖုတ်စားလိုက် နှာစေးပျောက်သွားလိမ့်မယ်"လို့ ပြောပါသတဲ့ ။ ဗဟုသုတအဖြစ် တင်ပြတာပါ။

credit: Myawady Health

www.facebook.com/bellbagan

Wednesday 25 February 2015

ဆံပင်နှင့် အသားအရေအတွက် ဆန်ဆေးရည်မှရရှိတဲ့ အကျိုး ၁၂ချက်


ဆံပင်နှင့် အသားအရေအတွက် ဆန်ဆေးရည်မှရရှိတဲ့ အကျိုး ၁၂ချက်
ဆန်ဟာ လူသားတွေရဲ့ ကောင်းကျိုး အတွက် သဘာဝကပေးတဲ့ အဖိုးတန်ပစ္စည်းတစ်ခုပါပဲ။ ဆန်ရဲ့ ကောင်းကျိုးရလဒ်တွေထဲမှာ အရေပြားအတွက်လည်းပါဝင်ပါတယ်။ ဆန်ဆေးရည်လို့ အလွယ်ခေါ်ကြတဲ့ ဆန်စိမ်ထားတဲ့ အရည်ကို ပုံမှန်သုံးစွဲပေးမယ်ဆိုရင်တော့ သင့်ရဲ့ အသားအရေနဲ့ ဆံပင်အတွက် ကောင်းကျိုးတွေကို တစ်ပတ်အတွင်း သိသာထင်ရှားစွာခံစားရပါလိမ့်မယ်။
ဆံပင်ရှည်မြန်လာစေဖို့
ခေါင်းလျော်ရည်နဲ့ခေါင်းလျော်ပြီးရင် ဆံပင်ပျော့ဆေးသုံးမယ့်အစား ဆန်စိမ်ရည်ကိုဆံပင်မှာ ဆံသားထဲထိ စိမ့်ဝင်နေအောင် သုတ်လိမ်းပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်မှာ နှစ်ကြိမ် ထိုနည်းအတိုင်းပြုလုပ်ပေးပါက အကောင်းဆုံးရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။
ဆံသားနှစ်ခွမဖြစ်စေဖို့
ဆံသားနှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်တွေကြောင့်စိတ်ညစ်နေပါသလား။ နှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်အဖျားလေးတွေကို ဆန်ဆေးရည်ထဲမှာ ၁၅မိနစ်လောက်စိမ်ထားပေးပါ။ ထို့နောက် ရေဆေးချလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးပါက ဆံသားနှစ်ခွဖြစ်ခြင်းမှ သက်သာပျောက်ကင်းလာပါလိမ့်မည်။
ဆံသားတွေ ကျန်းမာသန်စွမ်းဖို့
ဆံသားတွေ ခြောက်သွေ့ပြီး ဆံသားမခိုင်ခံ့ပဲ အားနည်းနေပါသလား။ ဆန်ဆေးရည်နဲ့ တစ်ပတ်မှာ သုံးကြိမ် ဆေးချပေးပါ။ သိသာတဲ့ ရလဒ်ကောင်းကို တစ်ပတ်အတွင်းပိုင်ဆိုင်လာပါလိမ့်မယ်။
ဗောက်ထခြင်းအတွက်
ဗောက်ထခြင်းဟာ လူတိုင်းရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ဗောက်ထခြင်းမှ ကင်းဝေးအောင် ဆန်ဆေးရည်နဲ့ ခေါင်းကိုဆေးချပေးပါ။
ဆံသားတောက်ပဖို့အတွက်
သင့်ဆံပင်တွေ သဘာဝအတိုင်း တောက်ပနေဖို့အတွက် ဆန်ဆေးရည်နဲ့နှင်းဆီပေါင်းခံရည်ကိုရောပြီး ဆံပင်ကိုဆေးချလိုက်ပါ။ ထို့နောက် ပလပ်စတစ်ခေါင်းဆောင်းလေးကို ဆံသားတွေသိမ်းပြီး ခေါင်းပေါ်မှာ မိနစ် ၂၀ ခန့်ပေါင်းထားပေးပါ။ ပြီးရင် ရေနဲ့ပြန်ဆေးချလိုက်ပါ။ တောက်ပြောင်သော ဆံကေသာကို အံ့မခန်းတွေ့ရပါလိမ့်မည်။
သန်းတွေကိုဖယ်ရှားပေးတယ်
ဆန်ဆေးရည်ဟာ သန်းနဲ့ သန်းဥတွေကို ဖယ်ရှားပေးတာကြောင့် တစ်ပတ်မှာ နှစ်ကြိမ် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ပေးခြင်းဖြင့် ခေါင်းပေါ်မှ ပိုးမွှားများကို ဖယ်ရှားပေးပါတယ်။
အသားအရေမညီညာခြင်းများကို ညှိပေးတယ်
အသားအရေ ပျက်စီး ညိုမဲပြီး မညီမညာဖြစ်နေတဲ့သူတွေအတွက် ဆန်ဆေးရည်ထဲကို နနွင်း လက်တစ်စိတ်ထည့်ပြီး မျက်နှာမသစ်ခင် ဆေးချပေးပါ။ တစ်ပတ်အတွင်း သိသာထင်ရှားတဲ့ ရလဒ်ကိုရရှိပါလိမ့်မယ်။
ဝက်ခြံတွေပျောက်စေဖို့
ဆန်ဆေးရည်ကို မျက်နှာသစ်တိုင်းအသုံးပြုပေးပါက ဝက်ခြံထွက်ခြင်းကိုလျော့ချပေးပါတယ်။ ဒါပေမယ့် ပုံမှန်အသုံးပြုပေးပါက အသားအရေခြောက်သွေ့စေတာမို့ ဆင်ခြင်အသုံးပြုပေးပါ။
ဆားဝက်ခြံတွေကို ဖယ်ရှားမယ်
နှာခေါင်းမှ ဆားဝက်ခြံလေးတွေကို ဖယ်ရှားပေးဖို့ ဆန်ဆေးရည်နွေးနွေးလေးနဲ့ မျက်နှာဆေးချလိုက်ပါ။ ထို့နောက် မျက်နှာမသုတ်ပဲ အရည်များခြောက်သွားသည်အထိထားလိုက်ပါ။ ထို့နောက် မျက်နှာသုတ်ပုဝါနှင့် မျက်နှာပြင် အထူးသဖြင့် နှာခေါင်းနေရာကို သုတ်ချလိုက်ပါ။ ဆားဝက်ခြံများ ကွာကျလာပါလိမ့်မည်။
နေလောင်သောအသားအရေအတွက်
နေလောင်ပြီး ညိုမဲသွားသောအသားအရေအတွက် ဂွမ်းစလေးကို ဆန်းဆေးရည်ထဲစိမ်ပြီး အသားပေါ်သို့ အသာအယာ သုတ်လိမ်းပေးပါ။ ထို့နောက် မိနစ် ၂၀ ခန့်ထားပြီး ရေချိုးချလိုက်ပါ။ ပိုကောင်းမွန်တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ဖို့ ခရမ်းချဉ်သီးရည်ကိုရောပြီး အသုံးပြုနိုင်ပါတယ်။
ဆန်ဆေးရည်ဟာ လျော့ရဲနေသော အသားအရေတင်းရင်းလာအောင်ပြုပြင်ပေးပါတယ်။ ဝိတ်ကျသွားပြီး အသားအရေ လျော့ရဲနေသော သူများအတွက် အကောင်းဆုံးကုစားပေးနိုင်ပါတယ်။
အရေးအကြောင်းများကို သက်သာစေဖို့
သင့်မျက်ထောင့်နားတစ်ဝိုက် အရေအကြောင်းလေးတွေစပေါ်လာပြီးဆိုရင်တော့ ဆန်ဆေးရည်ကို မျက်ထောင့်နားတစ်ဝိုက်စွတ်ပေးပါ။ ဒီတစ်ခေါက်မတူတာကတော့ ထမင်းရည်အသုံးပြုရမှာပါ။ ကျက်ပြီးသားထမင်းမှ ငှဲ့လိုက်သော အရည်ဖြစ်ရပါမယ်။
 https://www.facebook.com/Sk.Herbal.Myanmar/photos/a.564638016896608.110302659.544198522273891/1064326450261093/?type=1&theater

Monday 23 February 2015

တရားထိုင်ခြင်း

မင်္ဂလာညချမ်းချိန်ခါလေးပါ...
တစ်နေကုန် ၀မ်းတထွာအတွက် အနာဂါတ်အတွက် လှုပ်ရှားခဲ့ရလို့ ပင်ပန်းနေပါပြီ.. အိပ်စက်ချိန်လေးမှာ ကိုယ်ရောစိတ်ပါ အတိုးချ အနားယူ အိပ်စက်နိုင်ဖို့ရာ နည်းလေးပါဗျာ။
တရားထိုင်ဖို့ ဆိုပေမယ့် ကိုယ်ရောစိတ်ပါ ဖြေလျော့ခြင်းလေးပါ။ ပုံမှာမြင်တဲ့အတိုင်း ကမ္ဘာမှာ တရားထိုင်ခြင်းဆိုတာ ရေပန်းစား ပျံ့နှံ့နေပါတယ်။ စိတ်ချမ်းသာခြင်းနဲ့ ကျန်းမာရေးအတွက် သူတို့ ထိုင်ကြပါတယ်။
မြတ်ဗုဒ္ဓက သမထ၊ ၀ိပဿနာ ကျင့်ကြလို့ မိန့်ကြားခဲ့ပါတယ်။ ဒီနေ့ ခေတ်အချိန်မှာ ကမ္ဘာက ပိုစိတ်ဝင်စားပြီး လက်တွေ့ ကျင့်လာကြပါတယ်။ ရောဂါကုထုံးမှာတောင် ဆေးရုံတွေက အသုံးပြုလာကြပါပြီ။
တရားမှတ်တဲ့အခါ ကိုယ်နဲ့ စိတ်ရဲ့ သဘာဝကို သတိမပြတ် လိုက်သိနေတာပါ။ နာတယ်ဆိုရင် နာတာကို စကားလုံးပျောက်ပြီး ခန္ဓာသဘာဝသိ သိနေရပါတယ်။ တရားမှတ်ရင် ခက်တဲ့ စကားလုံးမပါလေ မှတ်ကောင်းလေပါပဲ။
တရားထိုင်ခြင်းဆိုတာထက် ဖြေလျော့ခြင်း ( Relax ) လုပ်ခြင်းပါ။ သီးသန့် အချိန်နေရာ မလိုပါ အိပ်ယာဝင် ကိုယ်အိပ်ခါနီး လုပ်ရမှာပါ။
^^^^^^^^^ ^^^^^^^^ ^^^^^^^ ^^^^^^^^
ပက်လက် အနေအထားနဲ့ ဆန့်ဆန့်အိပ်ပါ၊ လက်နှစ်ဖက် ကိုယ်ဘေးမှာ အလိုက်သင့်ဆန့်ထားပါ၊
အိပ်စက်အနားယူတော့မှာမို့ အတွေးအားလုံး ရှင်းလိုက်ပါ၊
ဝင်လေကို ပုံမှန် ရှုသွင်းရှုထုတ် ငါးကြိမ်ခန့်လုပ်ပါ။ ပြီးရင် ဖြေးဖြေးနဲ့ အဆုပ်ပြည့်အောင်ရှုပါ၊ ဖြေးဖြေး ပြန်ထုတ်ပါ။
ရှုလေ ပြန်ထုတ်ချိန်မှာ နဖူးမှာ တင်းနေတာတွေ လျော့ကျသွားပြီ လို့ အာရုံညွတ်ထားပါ။ သုံးကြိမ် လုပ်ပါ။
နဖူးပြီးရင် မျက်ခုံးကြောတွေ တင်းရာက လျော့ကျသွားပြီ အာရုံ ညွတ်ပါ။ ပြီးရင်.. ဒါတွေ တစ်ခုခြင်း လျော့သွားပါ၊
မျက်လုံး.. နားထင်ကြော.. ပါးကြော.. ပါးစပ်ကြော.. ဇက်ကြော.. ပခုံး.. လက်မောင်း.. တတောင်.. လက်ဖျံ.. ရင်ဘတ်.. ၀မ်းဗိုက်.. ခါးရိုး.. ပေါင်.. ခြေသလုံး.. ခြေခုံ.. ခြေဖျား။
ကိုယ်လိုက်လျော့ရင်း အဆုံးထိ မရောက်ခင် အိပ်ပျော်သွားလည်း ရပါတယ်၊ ဒီလို ၁၅ မိနစ်လောက် အိပ်လိုက်ရရင်တောင် ညတ၀က်အိပ်တာနဲ့ ညီပြီး လန်းဆန်းနေပါမယ်။
အိပ်ယာပေါ်မှာ နေရတဲ့ လူမမာတွေ အတွက် ကျင့်နိုင်ပါတယ်။ ကိုယ်ဖျားနာရင် အိပ်ယာပေါ် ဒီနည်းလေးနဲ့ အမြတ်ထုတ်လိုက်ပါ..။
လက်တွေ့ လုပ်ကြည့်ပါ.. အကျိုးကို လက်တွေ့ခံစားရပါမယ် မိတ်ဆွေ.... ကောင်းသောညပါ ။ ။

https://www.facebook.com/photo.php?fbid=1544226255866917&set=a.1403309279958616.1073741827.100008386724259&type=1&theater မှကူးယူဖေါ်ပြသည်။

Sunday 22 February 2015

ခြေထောက်ကို Spa လုပ်ခြင်း


အစ်မတစ်ယောက်ပေးထားတဲ့နည်းနဲ့ခြေထောက်ကို spa လုပ်တာ ပိုက်ဆံလဲမကုန်ပဲတကယ်ကို
အကျိုး ရှိလှပါတယ်...ဇလုံတစ်ခုမှာ ရေခပ်နွေးနွေးကိုထည့်...အိမ်သုံးစား ဇွန်းကြီးတစ်ဇွန်းထည့်...
ရေချိုးဆပ်ပြာရည် အနည်းငယ်...သံဖရာသီး(၂)လုံးကိုလေးစိပ်..စိပ်ထည့်ပြီးရင် ခြေထောက်ကို ရေနွေးထဲ
ထည့်စိမ်....လက်တွေနဲ့ ခြေဖဝါးလေးတွေကို၅မိနစ်လောက်နှိပ်နယ်ပေး...နှိပ်နယ်ပြီးရယ် သံဖရာသီးဖတ်ကလေးတွေနဲ့ခြေချောင်းလေးတွေ ခြေဖမိုး..ဖနောင့်တွေကို ပွတ်တိုက်ပေးရပါမယ်...၅မိနစ်လောက်ပွတ်တိုက်ပေးပြီးရင်
ရေအေးနဲ့ ခြေထောက်ကို ဆေးရပါမယ်....ရေစိုနေတဲ့ခြေထောက်တွေကို အဝတ်ကလေးနဲ့ခြောက်အောင်သုတ်ပြီးသံလွင်ဆီလေးလိမ်း
ထားပေးလိုက်ပါ.....တကယ်ကို ခြေထောက်လေးတွေကနူးညံ့သန့်စင်သွားပြီး...
ဆားစိမ်ရေနွေးကြောင့်အညောင်းအညာတွေလဲပြေစေလှပါတယ်....
တစ်ပတ်ကိုအနဲဆုံး နှစ်ကြိမ်လောက်ပြုလုပ်ပေးရပါတယ်....
https://www.facebook.com/photo.php?fbid=1401313290175412&set=a.1378969442409797.1073741828.100008902627255&type=1&theater  မှကူးယူဖေါ်ပြပါသည်။

Saturday 21 February 2015

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ


( ကျန်းမာရေးဗဟုသုတ)
မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ
**************************************************
မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။
(၂) ကဖင်းဓာတ်ကို သတိထားပါ
တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။
(၃) နံနက်စာကို ပုံမှန်စားပါ
နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။
(၄) အာဟာရပြည့်ဝအောင်စားပါ
ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။
(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်
ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။
(၆) အိပ်ရေးဝဝအိပ်ပါ
တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။
(၇) အိပ်ဆေးမသောက်ပါနှင့်
အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။
>> မြ၀တီ

Thursday 19 February 2015

အမျိုးသမီးတိုင်းသိသင့်သော သားအိမ်ကင်ဆာအကြောင်း


အမျိုးသမီးတိုင်းသိသင့်သော သားအိမ်ကင်ဆာအကြောင်း
-----------------------------------------------------------------
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက
သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
.
(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
--------------------
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစား နေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူး ဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထား သင့်ပါတယ်။
.
(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း
--------------
ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ် ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေ တာမျိုး၊ ဘောင်းဘီဆိုက်ကြီး တာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။
.
(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း
-------------------------
ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုး သမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။
.
(၄) ကြာရှည် ဖျားနာခြင်း
----------------------
ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါ တယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာ က တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။
.
(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း
----------------------
မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။
.
(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း
----------------------------
ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။
.
(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း
------------
ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
.
(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ
--------------
မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
.
(၉) ရင်သားပြောင်းလဲခြင်း
------------
လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။
.
(၁၀) နုံးချည့်ညောင်းညာခြင်း
-------------
အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်း ညာ နေဆဲ ဆိုရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Good Health Update
At 11/14/2013 08:18:00 AM
-------------------
သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer
================
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးထုကြီးတရပ်လုံးကို ဖွဲမီးလို တငွေ့ငွေ့လှိုက်စားပြီး အသက်ဇီ ၀ိန်ခြွေချနေ တဲ့ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုကို ပြပါဆိုရင်တော့ သားအိမ်ခေါင်း ကင်ဆာကို လက်ညိုးထိုးပြ ရပါလိမ့် မယ် ။ သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လိုဆိုရင်တော့ Cervical cancer လို့ခေါ်ပါတယ် ။ သား အိမ်ခေါင်း ကင်ဆာဟာ သားအိမ်ရဲ့ အ၀ Cervix uteri မှာ အခြေခံတဲ့ ဆဲလ်တွေကနေ ကင်ဆာ ဖြစ်ပွားစေသော ဆဲလ်များ ဖြစ်ပွားမှု Malignant neoplasm ကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ သားအိမ်ခေါင်း ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာ တစ်ခုကတော့ မူမမှန်သွေးဆင်းခြင်းဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ကင်ဆာ ဟာ အရမ်းကို ဆိုးရွားတဲ့အဆင့်ရောက်တဲ့အထိတိုင်အောင် ဘာမှသိသာထင်ရှားတဲ့ လက္ခဏာ မပြပဲနဲ့လည်း ဆက်လက်ဖြစ်ပွားနေတာတွေရှိပါတယ် ။ စောစောအဆင့်ပိုင်းတွေမှာတော့ ခွဲစိတ်ကုသလို့ရနိုင်ပြီး ပိုဆိုးရွား တဲ့ နောက်ပိုင်းအဆင့်တွေဖြစ်နေပြီဆိုရင်တော့ ကင်ဆာ ဆေးသွင်းခြင်းနဲ့ ဓါတ်ရောင်ခြည်ပေး၍ ကုသခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ် ။
.
ကင်ဆာရှိမရှိစစ်ဆေးခြင်းဖြစ်တဲ့ Pap smear ယူပြီးစစ်ခြင်းဟာလည်း သားအိမ်ခေါင်းမှာ ရှိတဲ့ ဆဲလ်တွေ နဲ့တစ်ရှူးတွေ မှာ ကင်ဆာအဆင့်မရောက်ခင် precancerous အခြေအနေနဲ့ ပြောင်းလဲမှုတွေကို ကြိုတင်ပြီး သိရှိနိုင် ပါတယ် ။ တိုးတက် ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တွေ မှာဆိုရင် Cervical screening ကို ကျယ်ပြန့်စွာ အသုံးပြုနေကြပြီး ဒီလိုစစ်ဆေးခြင်းအားဖြင့် အလွန်အမင်းဆိုးရွားသောအဆင့် Invasive cervical cancer ဖြစ်ပွားမှုနှုန်းကို ၅၀ % အထက် လျော့ချပေးနိုင်ပြီဖြစ်ပါတယ်။
.
သားအိမ်ခေါင်းကင်ဆာရဲ့ ရာခိုင်နှုန်း ကိုးဆယ်ကျော်လောက်အောင် Human Papillomavirus (HPV) ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ။ US , Canada နဲ့ EU မှာဆိုရင် ဒီ HPV vaccines ဟာ သားအိမ်ခေါင်းကင်ဆာကို ၇၀% လောက်အ ထိဖြစ် ပွားစေနိုင်တဲ့ ဗိုင်းရပ်အမျိုးအစား မျိုးကွဲ ၂ မျိုး ( two strains) ကို ကာကွယ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် လည်း Vaccines ဆိုတာဟာ အဖြစ်များတဲ့ အမျိုးအစား HPV နဲ့ကင်ဆာကို သာကာကွယ် ပေးနိုင် တာဖြစ်တဲ့အတွက် အမျိုးသမီး အားလုံးဟာ ကာကွယ်ဆေးထိုးပြီးတာတောင်မှပဲ ဒီလို Pap Smear Screening ကို ပုံမှန်ပြု လုပ်သင့်ပါတယ် ။ သားအိမ်ခေါင်း ဆိုတာဟာ သားအိမ်ရဲ့ အကျဉ်းဆုံးအစိတ်အပိုင်းဖြစ်ပြီး မိန်းမ ကိုယ်အ၀ Vagina နဲပဆက်သွယ်ထားတဲ့ နေရာလည်းဖြစ်ပါတယ် ။
သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။
================================
အစောပိုင်းအဆင့်တွေမှာတော့ သားအိမ်ခေါင်းကင်ဆာဟာ ဘာလက္ခဏာမှ မပြပဲနဲ့ရှိ နေနိုင် ပါတယ် ။ ဒါ့အပြင် မူမမှန်သွေး ဆင်းမှု ၊ အမျိုးသားနဲ့အတူနေသည့်အခါ သွေးဆင်းခြင်း တခါ တရံ သွေးခဲဆင်းခြင်း ( ရှားတော့ ရှားပါတယ် ဒါပေမယ့် ကင်ဆာအဆင့် ဖြစ်တယ်ဆိုတာ ပြသနေခြင်း ) စသည်တို့ဖြစ်တတ်ပါတယ် ။ ဒါ့အပြင်မှာ အမျိုးသားနှင့်အတူနေသည့်အခါ နာကျင်ခြင်း နှင့် သွေးဆင်းခြင်းတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့အဆင့်ရောက်နေပြီဆိုရင်တော့ ၀မ်းဗိုက် ၊ အဆုတ်နဲ့နေ ရာတော်တော် များများမှာ ပျံ့နှံ့ခြင်း Metastases တွေကို တွေ့ရမှာဖြစ်ပါတယ် ။
.
ပိုမိုးဆိုးရွားတဲ့ သားအိမ်ခေါင်း ကင်ဆာ ရဲ့လက္ခဏာတွေကတော့ အစားအသောက်ပျက်ခြင်း ၊ ပိန်ချုံးခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ တင်ပဆုံရိုး အတွင်းကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ ခြေထောက် များနာခြင်း ၊ ခြေထောက်များရောင်လာခြင်း ၊ သွေးအလွန် အမင်းဆင်းခြင်း ၊ အရိုးကျိုး ခြင်းများ ၊ တခါတရံ မိန်းမကိုယ်မှ ဆီး သို့မဟုတ် မစင်များ ထွက်ကျခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ ရနိုင်ပါတယ် ။
သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ပွားရတာလဲ ။
Human Papilloma Virus ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်း အချက်ဖြစ် ပါတယ် ။ ဒါ့အပြင် လိင် ဆက်ဆံဖက်များခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ HIV ပိုး စတာတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေရခြင်းရဲ့ risk factor တွေဖြစ်ပါတယ် ။ ဒါ့အပြင် အခြားအကြောင်းအရာတွေကတော့ Chlamydia ပိုးဝင်ခြင်း ၊ စိတ်ဖိစီးမှုနှင့် ဆက်နွယ် နေသော အခြေအနေများ ၊ အစားအသောက် ၊ ဟော်မုန်းပါသော သား ဆက်ခြားဆေးများ ၊ ကိုယ်ဝန်ပေါင်းများစွာ ယူခြင်း ၊ မျိုးရိုးထဲတွင် သားအိမ်ခေါင်း ကင်ဆာ ရှိခြင်း စတဲ့အ ချက်တွေဟာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်စေခြင်းရဲ့ Cofactors အနေနဲ့ ပါဝင်နေပြန်ပါတယ် ။ အသက် ငယ် ရွယ်စဉ်တွင် လိင်ဆက်ဆံခြင်း နဲ့ အသက်ငယ်ရွယ်စဉ် တွင် ကိုယ်ဝန်ဆောင်ခြင်း ၊ အသက်ငယ် ရွယ်စဉ်တွင် သားဆက်ခြားဆေးများ သောက်သုံး ခြင်း ဟာလည်း risk factors တွေ ထဲမှာပါဝင်နေ တာကိုတွေ့ ရပါတယ် ။
.
သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ ။
============================
၁ ။ Screening ပြုလုပ်ခြင်း
---------------
Pap smear ပြုလုပ်ကာ သားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးခြင်းဖြစ်ပါတယ် ။ ၃ နှစ်တစ်ကြိမ် ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းကို ၈၀% အထိလျော့ချပေးတာတွေ့ရပါတယ် အကယ်၍ မူမမှန်သော အဖြေတွေတွေ့ခဲ့ရင်လည်း Precancerous change ကိုကြိုတင်သိရှိနိုင်ပြီးတော့ လိုအပ် တဲ့ ကာကွယ် ကုသမှု တွေပေး နိုင်မှာ ဖြစ်ပါတယ် ။ အကယ်၍ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ သိရှိပါက လည်း အနည်းငယ် မျိုးပွားနိုင်မှု စွမ်းရည်ကို ထိခိုက်နိုင်ယုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသမှုတွေပေး နိုင်ပါတယ် )
၂ ။ Vaccine ထိုးခြင်း
-------------------
HPV vaccine နှစ်မျိုးရှိပါတယ် ။ Gardasil နဲ့ Cervarix ဇြစ်ပြီး ဒီဗက်ဆင်းတွေက သားအိမ်ခေါင်း နဲ့ စအိုဝ တဂှိုက်မှာ ကင်ဆာဖြစ်ပွားနိုင်မှုကို ၉၃% အထိ လျော့ချပေးနိုင်တာ ကိုတွေ့ရပါတယ် ။ HPV Vaccine ကို အသက် ၉ နှစ်မှ ၂၆ နှစ်အတွင်းအမျိုးသမီးတွေကို ပိုးမ၀င်မှာ ကြိုတင်ထိုးထားနိုင်ပြီး ဒါကလည်း ရောဂါပိုးမရှိမှသာလျှင် ထိရောက်မှုရှိ တာဖြစ်ပါ တယ် ။ Vaccine တွေဟာ လေးနှစ်မှ ခြောက်နှစ်အထိ စွမ်းဆောင်နိုင်မှုရှိပြီး ဒီထက်ပို စွမ်းသလား booster ထပ်ထိုးဖို့လိုအပ်သလားဆိုတာကိုတော့ မသိရှိရသေးပါဘူး ။ ဈေးနှုန်းကြီး မားမှုက ပြဿနာ တစ်ခုဖြစ်နေပြီး နိုင်ငံပေါင်းများစွာကတော့ HPV Vacinnation Fund တွေ တည်ထောင်ဖို့ ကြိုးစားနေကြပါပြီ ။
၃ ။ ကွန်ဒုံးအသုံးပြုခြင်း
------------
ကွန်ဒုံးအသုံးပြုခြင်းဟာ အချို့သော သားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ် ။ ကွန်ဒုံးဟာ HPV ကိုကာကွယ်ပေးနိုင်တာမပေးနိုင်တာအသာထား အနည်းဆုံးတော့ genita wart (လိင်အဂါင်္တွင်ဖြစ်သော ကြွက်နို့ ) နဲ့တ ခြား ရောဂါပိုးတွေကို တော့ ကာကွယ် ပေးနိုင်ပါတယ် ။ ( ဥပမာ STD , Chlamydia ) သုတ်ရည် Semen ဟာ Precancerous changes (CIN 3) ကို ပြောင်းလဲစေနိုင်တဲ့ risk ရှိတဲ့အတွက် ကွန်ဒုံးအ သုံးပြုခြင်းအားဖြင့် ကာကွယ် ပေးရာရောက်ပါတယ်။
၎ ။ အာဟာရ
-------------
ဗီတာမင်အေ ၊ ဗီတာမင် ဘီတွဲ ၊ ဗီတာမင်စီ ၊ ဗီတာမင်အီးနဲ့ ဘီတာကာရိုတင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ် ။
ဖြစ်ပြီးမှ ကုသတာထက်စာရင် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ လွန်စွာထိရောက်လှပါတယ် ။ တတ်နိုင်သမျှ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုလျော့ချပြီး အမျိုးသမီးအားလုံး Pap smear ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ် ။ ကာကွယ်ဆေးထိုးထားကြဖို့လည်း တိုက်တွန်းလိုပါတယ် ။ အားလုံးပဲ ကျန်းမာ သုခ ပြည့်ဝကြပါစေ ။
Ref : http://en.wikipedia.org/wiki/Cervical_cancer
သက်တန့်ချို
------------------
Thursday, June 2, 2011
Cancer of the uterus သားအိမ်-ကင်ဆာ
သားအိမ်-ကင်ဆာ နဲ့ သားအိမ်ခေါင်း-ကင်ဆာ တူတူပါပဲလား။ မတူဘူး ဆိုရင်လည်း ဘယ်လိုတွေ ခံစားရတတ်တယ်၊ ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။ ဆေးရုံမှာ စစ်မယ်၊ သွားမယ်ဆိုရင် သားအိမ်-ကင်ဆာ နဲ့ သားအိမ်ခေါင်း-ကင်ဆာ တူတူပဲ ရှိနေရင် သိရလား။ သို့မဟုတ် ၂ မျိုးခွဲ စစ်ရတာလား။ အင်္ဂလိပ်လို သားအိမ်ခေါင်း-ကင်ဆာကဘာ၊ သားအိမ်-ကင်ဆာကဘာ ခွဲပြောရလား။ အင်္ဂလိပ်လို ဘယ်လို စာလုံးပေါင်းပါသလဲ။
သားအိမ်-ကင်ဆာ Uterine Cancer နဲ့ သားအိမ်ဝ-ကင်ဆာ Cervical Cancer မတူပါ။
အခုရေးမှာက သားအိမ်-ကင်ဆာ ဖြစ်ပါတယ်။ Cervical Cancer (Ca Cx) သားအိမ်အဝ-ကင်ဆာ နဲ့ သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး (HPV) တွေကို တွဲဖတ်ပါ။
သားအိမ်-ကင်ဆာမှာ ၂ မျိုးရှိတယ်။ ပိုအဖြစ်များတဲ့ Endometrial cancer နဲ့ Uterine sarcomas တွေ ဖြစ်တယ်။ စဖြစ်တဲ့ သားအိမ်အလွှာ မတူလို့ မတူကြတာပါ။ Endometrial cancer ကို Adenocarcinoma လဲခေါ်တယ်။ သားအိမ်-ကင်ဆာ ထဲမှာ ၉၅% ဖြစ်တယ်။ Sarcoma ဆိုတာက ၂-၄ % ရှိပြီး၊ Carcinosarcoma နဲ့ Endometrial stromal sarcoma တွေကတော့ ရှားတယ်။
သားအိမ်မှာ ကင်ဆာမဟုတ်တဲ့ အလုံးတွေ ဥပမာ Fibroids နဲ့ Endometriosis တွေ ရှိတယ်။ Endometrial hyperplasia ဆိုတာလဲ ကင်ဆာ မဟုတ်ပါ။
ရောဂါလက္ခဏာတွေ ကနေစပြီး သံသယ ရှိရတယ်။
-----------------------------
1. ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ၊ သွေးစွန်းတာ၊ ၉ဝ% လောက်က ကြားရက် ဒါမှမဟုတ် သွေးဆုံးပြီးနောက် သွေးဆင်းတယ်။ အဲလိုဖြစ်သူတိုင်းလဲ သားအိမ်-ကင်ဆာတော့ မဟုတ်ပါ။
2. ၁ဝ% လောက်မှာ အဖြူဆင်းတာမျိုးလို တခုခု ဆင်းတတ်တယ်။
3. ဆီးသွားရတာ ပြဿနာရှိတာ၊ ဆီးစပ်နေရာ နာတာ၊ အိမ်ထောင်နဲ့ နေရင် နာတာတွေလဲ ဖြစ်နိုင်တယ်။
4. ဆီးစပ်မှာ အလုံး စမ်းလို့ရတာ၊ လူက ပိန်ပိန်လာတာဆိုရင်လဲ သတိရှိရမယ်။ ဒီလို ဖြစ်သူတွေက ရောဂါ နောက်ပိုင်းကျလာမှ ဖြစ်တတ်တယ်။
မေးမြန်းမယ်၊ စစ်ဆေးမယ်။
------------
• Endometrial biopsy နည်းဖြစ်ဖြစ်၊ Dilation and curettage (D&C) နည်းနဲ့ဖြစ်ဖြစ် အသားစ ထုတ်ယူ စစ်ဆေးမယ်။ Endometrial biopsy ကို အများဆုံး လုပ်တယ်။
• Hysteroscopy နည်းလဲ လုပ်နိုင်တယ်။ Transvaginal ultrasound, Sonography, Cystoscopy and proctoscopy, Computed tomography (CT) နဲ့ Magnetic resonance imaging (MRI) နည်းတွေလဲ ရှိသေးတယ်။
• Positron emission tomography (PET), Chest x-ray, Complete blood count, CA 125 blood test တွေပါ ဆက်လုပ်နိုင်သေးတယ်။
ဘယ်လို အမျိုးသမီးတွေမှာ Endometrial cancer သားအိမ်-ကင်ဆာ ဖြစ်နိုင်လဲ။
• Hormone levels ဟော်မုန်း ရှိတာ မတူကြဘူး။ (အီစထိုဂျင်) များရင် ပိုဖြစ်နိုင်တယ်။ သွေးဆုံးသွားတဲ့ အမျိုးသမီးတွေကို Estrogen therapy ဟော်မုန်းပေး ကုရတတ်တယ်။ ကင်ဆာ ဖြစ်လာနိုင်တယ်။ Estrogen နဲ့အတူ Progesterone ပေးတာ ပိုကောင်းတယ်။ ဒါပေမဲ့ တခြားဟာတွေ ဖြစ်နိုင်ပြန်တယ်။ ဥပမာ ရင်သား-ကင်ဆာ၊ သွေးခဲရောဂါ။
• Birth control pills ကိုယ်ဝန်တားဆေးကြောင့် သားအိမ်ကင်ဆာ အဖြစ်နည်းစေတယ်လို့ ဆိုတယ်။
• တသက်တာမှာ ရာသီလာချိန်များရင် မကောင်းဘူး။ အပျို စောဖြစ်တာနဲ့ သွေးဆုံး နောက်ကျတာကို ပြောတာ။
• Pregnancy ကိုယ်ဝန်ဆောင်ရတာ များသူတွေမှာ အဖြစ်နည်းတယ်။
• Obesity အဝလွန်သူ အဖြစ်များမယ်။ အဆီထဲရှိနေတဲ့ (အီစထိုဂျင်) ကနေ တခုခုဖြစ်စေနိုင်တယ်။
• ရင်သား-ကင်ဆာ ကာကွယ်ဘို့နဲ့ ကုသဘို့မှာ သုံးတဲ့ Tamoxifen ဆေးကနေ နည်းနည်းလေး ပိုဖြစ်နိုင်တယ်။
• Ovarian tumors (Granulosa-theca cell tumor) ဖြစ်သူတွေမှာ ပိုဖြစ်နိုင်တယ်။
• Polycystic ovarian syndrome (PCOS) ရှိနေသူလဲ ပိုဖြစ်နိုင်တယ်။
• Intrauterine device (IUD) ကိုယ်ဝန်တား-ပစ္စည်းထည့်ထားသူတွေလဲ နဲနဲလေး ပိုဖြစ်တာတွေ့ရတယ်။
• Age အသက်ကြီးလေး ပိုလေ။
• Diet and exercise အဆီစားများသူ၊ လေ့ကျင့်ခန်း မလုပ်သူတွေ ပိုများတယ်။
• Diabetes ဆီးချို ရှိသူတွေမှာ ၄ ဆ ပိုများတယ်။
• Family history မိသားစုထဲ တယောက်မက ဖြစ်တာလဲ တွေ့ရတယ်။
• Breast or ovarian cancer နို့-ကင်ဆာနဲ့ မျိုးဥအိမ်-ကင်ဆာ ရှိသူတွေမှာ လာဖြစ်တတ်သေးတယ်။
• Prior pelvic radiation therapy တခြားရောဂါကြောင့် ဓါတ်ကင်သူတွေ ပိုဖြစ်နိုင်တယ်။
• Endometrial hyperplasia ရောဂါ ဖြစ်နေရင် ပိုနိုင်တယ်။
Endometrium Carcinoma အတွက် 2010 Figo staging system အရ ရောဂါအဆင့် သတ်မှတ်ချက်တွေက -
• IA သားအိမ်မှာသာရှိတယ်။ Myometrial invasion သားအိမ်အလည်လွှာရဲ့ တဝက်အထိ မရောက်သေးဘူး။
• IB သားအိမ်မှာသာရှိတယ်။ Myometrial invasion သားအိမ်အလည်လွှာရဲ့ တဝက်ထက် ကျော်ပြီ။
• II သားအိမ်မှာသာရှိတယ်။ Cervical stromal invasion သားအိမ်ဝထဲ ရောက်နေပြီ။
• IIIA သားအိမ်ဘေးက Serosa or Adnexa (တစ်ရှူး) တွေဆီ ရောက်နေပြီ။
• IIIB မွေးလမ်းကြောင်း (ဗဂျိုင်းနား) နဲ့ Parametrial involvement ဘေးနား ရောက်နေပြီ။
• IIIC1 Pelvic lymph node involvement အနီးအနားက တက်စေ့တွေဆီ ရောက်နေပြီ။
• IIIC2 Para-aortic lymph node involvement တခြားနေရာက တက်စေ့တွေဆီ ရောက်နေပြီ။
• IVA Bladder and/or Bowel mucosa ဆီးအိမ်၊ အစာဟောင်းအိမ်ထိ ရောက်နေပြီ။
• IVB Distant metastases တခြား အဝေးနေရာတွေဆီ ရောက်နေပြီ။
ကုသနည်းတွေ -
------------
• Stage I = Surgery ခွဲစိတ်နည်း၊ Total Abdominal Hysterectomy and Bilateral Salpingo-Oopherectomy (TAH-BSO) ခွဲစိတ်နည်း။ ခွဲစိတ်အပြီး Radiation ဓါတ်ကင်နည်းမှာ Vaginal Brachytherapy (VB) နည်း ဒါမှမဟုတ် Pelvic Radiation ဒါမှမဟုတ် ၂ နည်းလုံး သုံးတယ်။ Chemotherapy ကင်ဆာဆေး အဖြစ် Carboplatin နဲ့ Paclitaxel, Ifosfamide with Paclitaxel ဆေးတွေ သုံးတာ များတယ်။ တခါတလေ Cisplatin, Ifosfamide နဲ့ Doxorubicin တွေကို သုံးတယ်။ ခွဲဘို့ မသင့်သူတွေကို ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် (၁) ကလေးလဲ လိုချင်သေးရင် မခွဲဘဲနဲ့ Progestin ဟော်မုန်းဆေးပေးနည်းလဲ သုံးတယ်။ အကောင်းဆုံး နည်းတော့ မဟုတ်ပါ။ ခွဲစိတ်ပြီး ထပ်ဖြစ်သူတွေမှာ ဗဂျိုင်းနားမှာ လာဖြစ်တတ်လို့ Vaginal Brachytherapy နည်းပါ လုပ်ပေးရတာ ဖြစ်တယ်။ တချို့ဆေးရုံတွေက Pelvic area တင်ပါးဆုံနေရာ တခုလုံးကို External beam radiation ဓါတ်ကင်နည်း လုပ်ပေးတယ်။
• Stage II = ခွဲစိတ်နည်းက Radical hysterectomy နည်းလုပ်ရတယ်။ သားအိမ် တခုလုံး ထုတ်မယ်။ Bilateral salpingo-oophorectomy (BSO) မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေ ထုတ်မယ်။ Pelvic and Para-aortic lymph node dissection (LND) အနီးအနားတဝှိုက်က တက်စေ့တွေပါ ထုတ်မယ်။ ပြီးရင် Radiation ဓါတ်ကင်တာ ဆက်လုပ်မယ်။ Vaginal brachytherapy နဲ့ External pelvic radiation ဓါတ်ကင်နည်း သုံးတယ်။ ဓါတ်ကင်ပြီးမှ ခွဲတာလုပ်တာမျိုးလဲ ရှိသေးတယ်။ ခွဲထုတ်တဲ့ တက်စေ့တွေကို ကင်ဆာဖြစ်နေ-မနေ စစ်ရတယ်။
• Stage III = Surgery ခွဲစိတ်မယ်။ Chemotherapy ကင်ဆာဆေး နဲ့ Radiation ဓါတ်ကင်တာတွေကို ၁ ခု ဖြစ်ဖြစ်၊ ၂ ခု ဖြစ်ဖြစ် လုပ်မယ်။ Radiation လုပ်တာကို Pelvis တနေထဲ ဖြစ်ဖြစ် Abdomen နဲ့ Pelvis နှစ်ခုလုံး ဖြစ်ဖြစ် လုပ်မယ်။
• Stage IV = Combinations of chemotherapy drugs ဆေးတွေ တွဲပေးနည်း သုံးနိုင်တယ်။ Paclitaxel (Taxol) Doxorubicin (Adriamycin) နဲ့ Carboplatin ဒါမှမဟုတ် Cisplatin ဆေးတွေ သုံးတယ်။ Cisplatin, Ifosfamide နဲ့ Paclitaxel တွေကိုလဲ တွဲတတ်တယ်။
• Papillary serous carcinoma or clear cell carcinoma ဆိုတာတွေက High-grade cancers နောက်ကျတဲ့ အမျိုးအစားတွေ ဖြစ်တယ်။ ခွဲစိတ်ရင် TH/BSO, pelvic and para-aortic lymph node dissections, and Pelvic washings တွေအပြင် Omenetectomy နဲ့ Peritoneal biopsies တွေပါ လုပ်မယ်။ ခွဲပြီးရင် Chemotherapy ကင်ဆာဆေး နဲ့ Radiation therapy ဓါတ်ကင်တာ လုပ်မယ်။ Carboplatin and Paclitaxel or Cisplatin and Doxorubicin ဆေးတွေ သုံးတယ်။
• Recurrent endometrial cancer ပြန်ဖြစ်ကင်ဆာဆိုတာ အနီးအနားလဲ ဖြစ်နိုင်တယ်။ အဝေးလဲ ဖြစ်နိုင်တယ်။ Pelvis တင်ပါးဆုံမှာဖြစ်ရင် Radiation therapy ဓါတ်ကင်မယ်။ တခြားနေရာဆိုရင် အဆင့် (၄) ကုသသလို လုပ်မယ်။ Progesterone hormone therapy ဒါမှမဟုတ် Chemotherapy လုပ်နိုင်တယ်။
ကင်ဆာဖြစ်ရင် ၅ နှစ်အထိနေနိုင်သူ ရာနှုန်းဘယ်လောက်လဲဆိုတာ သတ်မှတ်ထားရတယ်။
Endometrial adenocarcinoma သားအိမ်-ကင်ဆာ ဖြစ်သူတွေမှာ -
• သားအိမ်အပြင် မပြန့်သေးသူ ၉၆%၊
• သားအိမ်အပြင် ပြန့်နေသူ ၆၆%၊
• နောက်ပိုင်းအဆင့် ရောက်နေသူ ၂၅%၊
• African American women အသားမဲ အမျိုးသမီးတွေမှာ တခြားလူတွေထက် ၁ဝ% နည်းတယ်။
5 year survival rate တိတိကျကျ အဆင့်အရ ပြောရရင် -
• I-A 90%
• I-B 88%
• I-C 75%
• II 69%
• III-A 58%
• III-B 50%
• III-C 47%
• IV-A 17%
• IV-B 15%
Uterine Sarcoma အမျိုးအစားဆိုရင် ၅ နှစ်အထိနေနိုင်သူ -
• သားအိမ်အပြင် မပြန့်သေးသူ ၅ဝ%၊
• သားအိမ်အပြင် ပြန့်နေသူ ဝ-၂ဝ%၊
အမျိုးသမီး မျိုးပွါးလမ်းမယ်ဖြစ်တဲ့ ကင်ဆာတွေ -
----------------
• Endometrial cancer သားအိမ်-ကင်ဆာက မျိုးပွါးလမ်းဖြစ်တာထဲမှာ အများဆုံး ဖြစ်တယ်။ သေဆုံးရမှုမှာ သတ္တမနေရာ လိုက်တယ်။ စောစောသိရင် ကုလို့ ရတာကို ပြနေတာ ဖြစ်တယ်။ အသက် ၆ဝ ကျော်တွေမှာ အဖြစ်များတယ်။ စောသိသူတွေကို ခွဲစိတ်ပြီးနောက် Estrogen replacement ဟော်မုန်း ဆေးပါပေးရင် ပြန်ဖြစ်နှုန်း နည်းတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီနည်းရဲ့ မကောင်း ကျိုးဆက်တွေကို အသေအခြာ လေ့လာရတယ်။ Heart disease နှလုံးရောဂါ၊ Heart attacks နှလုံးသွေးနည်းတာ Stroke လေဖြတ်တာ နဲ့ Breast cancer ရင်သား-ကင်ဆာ ပိုဖြစ်တတ်တယ်။ ဟော်မုန်းဆေးကို နဲနဲလေးနဲ့ ရက်တိုတိုသာ ပေးဘို့ လုပ်လာတယ်။ လူနေမှုအဆင့်အတန်း မြင့်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အမဲ-အမျိုးသမီး တွေဟာ အဖြူတွေနဲ့ အာရှသူတွေထက် ၂ ဆ ပိုဖြစ်တယ်။
• Ovarian cancer မျိုးဥအိမ်-ကင်ဆာက ဒုတိယလိုက်တယ်။ အသက် ၅ဝ ကျော်မှအဖြစ်များတယ်။ မိသားစုထဲမှာ တယောက်မက ဖြစ်တယ်။
• Cervical cancer သားအိမ်ဝ-ကင်ဆာက တတိယလိုက်တယ်။ ကြားရက်သွေးဆင်းတာ နဲ့ တခုခုဆင်းတာ တွေမှာ သားအိမ်-ကင်ဆာနဲ့ တူတယ်။ သားအိမ်အဝမှာ ဖြစ်ရင် ယောက်ျားနဲ့ ဆက်ဆံအပြီးမှာလဲ သွေးထွက်လာ တတ်တယ်။ Human papillomavirus (HPV) ပိုးက လိင်လမ်းကနေ ဝင်တယ်။ စောစောသိအောင် Pap smears လုပ်နေသင့်တယ်။
• Vaginal cancer ဗဂျိုင်းနား-ကင်ဆာကလဲ ရှားတယ်။ အသက်ကြီးမှ ဖြစ်တတ်တယ်။ ဘာမှ လက္ခဏာ မရှိတာနဲ့ စတယ်။ ရှိလာရင် နာလာမယ်၊ တခုခုဆင်းမယ်၊ သွေးထွက်မယ်။
• Vulvar cancer အမျိုးသမီး အပြင်အင်္ဂါ (မိန်းမကိုယ်) ကင်ဆာက ရှားတယ်။ ဖြစ်တာလဲ နှေးတယ်။ အသက်ကြီးမှ ဖြစ်တယ်။ အသက်အကြီးဆုံးလို့ ပြောနိုင်တယ်။ ယားမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ပူလောင်နေမယ်၊ တခုခု ဆင်းမယ်။
Dr. တင့်ဆွေ
၂-၆-၂ဝ၁၁
Credit to အမျိုးသမီးနှင့်ကျန်းမာရေး
.
ကျန်းမာရေးသတင်းများ

Wednesday 18 February 2015

ချွေးပေါက်ကျယ်ခြင်းအတွက် သဘာဝကုထုံးများ


ချွေးပေါက်ကျယ်ခြင်းအတွက် သဘာဝကုထုံးများ
------------------------------------------------------------------------------------
ချွေးပေါက်တွေကျယ်တာကို အဆီပြန်တဲ့မျက်နှာတွေမှာ အဖြစ်များပြီး အသက်ကြီးလာတာနဲ့အမျှ ချွေးပေါက်တွေက ပိုကျယ်လာတတ်ပါတယ်။ ချွေးပေါက်ကျဉ်းစေတဲ့ နည်းလမ်းအမျိုးမျိုးရှိပြီး သဘာဝကုထုံးတွေကလဲ အသင့်ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းတွေလိုပဲ အစွမ်းရှိပြီး ငွေကုန်ကြေးကျလဲ သက်သာတာပေါ့နော်။ ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေကြတဲ့သူတိုင်း အမျိုးသားရော အမျိုးသမီးပါ လိုက်လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေကို ကျနော်တို့ ကျန်းမာရေးသတင်းများပေ့ခ်ျကနေ မျှဝေပေးလိုက်ပါတယ်နော်။
နည်းလမ်း ၁ ကတော့ ကြက်ဥအနှစ်၊ ဗီနီဂါ ရှာလကာရည် သို့ သံပုရာရည်တို့ ရောစပ်ထားတဲ့ Mayonnaise သုံးစွဲတာပါ။ Mayonnaise ထဲကို ကြိုက်ရာ ဆေးဖက်ဝင် သဘာဝပစ္စည်းတွေ (ဥပမာ-ပျားရည်လို) လဲ ထပ်ထည့်လို့ရပါတယ်။ အဲဒီ Mayonnaise အနှစ်ရည်ကို မျက်နှာပေါ် လိမ်းပေးတာပါပဲ။ ရေမချိုးခင် Mayonnaise စတီးဇွန်း တစ်ဇွန်းစာလောက် လိမ်းပြီး မိနစ် ၂၀ လောက် ထားလိုက်ပါ။ ရေချိုးခါနီးတိုင်း မငြီးမငွေ့ လုပ်ကြည့်ရမှာပေါ့နော်။ ဒီနေ့နက်ဖြန် မသိသာသလိုနဲ့ တဖြည်းဖြည်း ချွေးပေါက်တွေ ကျဉ်းလာမှာပါတဲ့။ အရမ်း အဆီပြန်တဲ့သူတွေအတွက်တော့ သိပ်မထိရောက်ဘူးလို့လဲ ပြောထားပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်၊ သံပုရာသီး၊ ပန်းသီး၊ ဒိန်ချဉ်တွေ ရောစပ်ပြီး မျက်နှာဖုံးကပ်သလို လုပ်ရမယ့်နည်းပါ။ ဒီနည်းကတော့ ညအိပ်ရာဝင်ချိန် လုပ်ရင် ပိုကောင်းပါတယ် တဲ့။ ပန်းသီးစိပ် ၁ စိပ်၊ ဒိန်ချဉ် ၁ ဇွန်း၊ ပျားရည် ၁ ဇွန်း၊ သံပုရာရည် ၁ ဇွန်းစာ လိုပါတယ်။ အဲဒါတွေအားလုံး ရောသမမွှေလိုက်ပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်ကနေ မိနစ် ၂၀ ကြာလောက်ထိ လိမ်းထားပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ပေါ့လေ။ ဒီနည်းကလဲ မျက်နှာအသားရေကို ပိုပြီးလဲ ချောမွေ့စေပါတယ် တဲ့။
နောက်ထပ်အလွယ်နည်းတစ်ခုလဲ ပြောပြဦးမယ်နော်။ အဲဒါကတော့ သံပုရာသီးပဲ ရှာထားဖို့လိုမယ်။ သံပုရာရည် ညှစ်၊ ရေနဲနဲတော့ ရောလိုက်ဦး။ အဲဒီအရည်လေးကို ဂွမ်းစလေးနဲ့ မျက်နှာပေါ် လိုက်သုတ်ပေးရမှာပါ။ နာ၇ီဝက်လောက်တော့ စိတ်ရှည်ရှည်ထား စောင့်ပါနော်။ မျက်စိထဲဝင်ရင် စပ်မှာစိုးလို့ သတိထားပြီး လိမ်းဦး။ အချိန်စေ့ရင်တော့ ရေအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ဒါပဲ။ လွယ်တယ်နော်။
ခွက်ကလေးတစ်ခုထဲ ကိုယ်သုံးနေကျ facial cream ထဲကို သံပုရာရည် နဲနဲ ညှစ်ထည့်ပြီး ရောမွှေလိုက်ပါ။ မျက်နှာပေါ် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် လိမ်းထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပြီး လိမ်းထားတာတွေ ဆေးချလိုက်တာကလဲ နောက်ထပ်တစ်နည်းပေါ့။
သင်္ဘောသီးကလဲ ချွေးပေါက်ကျယ်တာ သက်သာစေတဲ့ အစွမ်းရှိပါတယ်။ မျက်နှာ အရင်သစ်လိုက်။ ပြီးရင် သဘောသီးခွံ အတွင်းဖက်ပိုင်းနဲ့ မျက်နှာကို လိုက်ပွတ်ပေးရမှာပါ။ ၁၅ မိနစ်လောက်ထားပြီး ရေခပ်နွေးနွေးနဲ့ မျက်နှာပြန်သစ်ချလိုက်ပါ။ ဒီနည်းက ၀က်ခြံတွေ မျက်နှာမှာ ပေါက်နေရင်လဲ သက်သာစေနိုင်ပါတယ် တဲ့။
သခွားသီး+ ပန်းသီး+ ကြက်ဥ+နို့မှုန့်တို့နဲ့ မျက်နှာဖုံးလုပ်ပြီး လိမ်းတဲ့နည်းလဲ ရှိပါသေးတယ်။ ကြက်ဥတစ်လုံးကို နို့မှုန့် ၁ ဇွန်းထည့်ပြီး မွှေစက်နဲ့မွှေ၊ အဲဒီထဲကို လှီးထား စိပ်ထားတဲ့ သခွားသီးစိပ်။ ပန်းသီးစိပ်လဲ ထပ်ထည့်မွှေ။ အနှစ်ရသွားပြီဆိုရင် မျက်နှာပေါ် ၁၅ မိနစ်လောက် လိမ်းထား။ ပေါင်းတင်လိုက်သလိုပေါ့။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပြီး ခွာလိုက်ပါ တဲ့။
ကဲ လွယ်တယ်မလား။ ချွေးပေါက်ကျဉ်းပြီး ချောမွေ့တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
မိုးသိမ့်သိမ့်ဝေ(ချင်းမိုင်)
Credit to ကျန်းမာရေးသတင်းများ

Sunday 15 February 2015

သည်းခြေကျောက်တည်ခြင်းအတွက် ကင်မလင်းရွက်

 
သည်းခြေကျောက်တည်ခြင်းအတွက် ကင်မလင်းရွက်
============================

ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

ကျောက်ကပ်ကျောက်တည်းခြင်းနှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့် သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။

ကင်မလင်းပင်ပုံစံ-

ကင်မလင်းရွက်သည် သပြေရွက်နှင့်ဆင်တူ၍ အရောင်မှာ စိမ်းဝါရောနေပါသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အ၀ါရောင်သန်းနေပါသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းပါသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည် နေရာဒေသခပ်များများတွင် ပေါက်ရောက်လေ့ ရှိပါသည်။

ဆေးအဖြစ် အသုံးပြုပုံ-

ကင်မလင်းရွက် ခပ်သန့်သန့်ကို ချဉ်ရည်ချက်သောက်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ ရေနွေးဖျော၍ တို့စားခြင်း၊ အသား၊ ငါးတို့နှင့်အတူ ချက်စားခြင်း၊ အရွက်နုများကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်သုံးခြင်းများ ပြုလုပ်နိုင်ပါသည်။

သည်းခြေတွင် ကျောက်တည်နေသူများလည်း စားသုံးပေးနိုင်သလို ရောဂါမရှိသူများလည်း ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေးပါက သည်းခြေကျောက်သည်ခြင်းမှ ကင်းဝေးစေပါသည်။

လူသားတိုင်း ရောဂါကင်းဝေး၍ သက်ရှည်ကျန်းမာကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ၊ ရိုးရာဆေးနည်းများ

ကျန်းမာရေးသတင်းများ

နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ


နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ
========================================
- ပေါက်ပေါက်
နှလုံးသွေးလွှတ်ကြောထဲမှာ ကိုလက်စထရော နှင့် အဆီများ အနည်ကျလာတဲ့အခါ သွေး ကြောကျဉ်း လာပြီး သွေးထဲရှိအောက်စီဂျင်တွေက နှလုံး ထံသို့အချိန်မီ မရောက်ရှိနိုင်ကြတော့ပါဘူး။ ထိုအခါ သွေး နှင့်အောက်စီဂျင်တို့ပြတ်လပ်မှုကြောင့် နှလုံးကြွက်သား တွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ရင်ဘတ်အောင့် ခြင်း၊ အမောမခံနိုင်ခြင်း၊ နှလုံးသွေးကြောရုတ်တရက်ပိတ် ၍ သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ဝမ်း ဗိုက်အဆီများသူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် နှလုံးအဆီပိတ်ရောဂါဖြစ်ဖို့  အခွင့်အရေးပိုများလာပါ တယ်။ ဒါ့ပြင် နှလုံးသွေးကြောကျဉ်း ရောဂါဟာ အဆီအ စားများသူတွေမှာဖြစ်ပွားလေ့ရှိပြီး တိရစ္ဆာန်တို့၏အဆီ များ၊ အရေခွံများ၊ ဟင်းအဆီအနှစ်များ၊ ချိုလွန်းငန်လွန်း သောဟင်းလျာနှင့်အစားအသောက်များ၊ ထောပတ်၊ နို့ မလိုင် စသည့် အဆီအဆိမ့်များကို အလွန်အကျွံစားသုံး ခြင်းတို့ကြောင့် အဆိုပါရောဂါဖြစ်ပွားပြီး ဆေးလိပ်သောက် သူ၊ သွေးတိုး ရှိသူ၊ သွေးချိုဆီးချိုရှိသူ၊ အဝလွန်သူ၊ သွေး အဆီဓာတ်များသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ မိဘမျိုး ရိုးမှာ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူ၊ ရက်လတာရှည် အိပ်ရေးမဝ သူ၊ ဒေါသကြီးသူ၊ သောကများ သူ၊ အသက်အရွယ်ကြီးရင့်သူ တွေသာမက အရက်အလွန် အကျွံသောက်သုံးသူများ တွင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အကယ်၍ ဝမ်းဗိုက်အဆီများသူများ အနေဖြင့် နှလုံးသွေး ကြောပိတ်ဆို့ခြင်းမှကာကွယ်ရန်အတွက်
(၁) Liposlim (ခေါ်) အဆီချေသည့်စက်ဖြင့် ဝမ်းဗိုက်အဆီများကိုလျှော့ ချပေးသည့်နည်း၊
(၂) Body Firming (ခေါ်) အဆီသိပ် မများဘဲ ဝမ်းဗိုက်သားတွဲကျနေသူများကို စက်ပစ္စည်းအ ကူအညီဖြင့် တင်းရင်းအောင် ပြုလုပ်ပေးသည့်နည်းများ ကို အသုံးပြုနိုင်ပါတယ်။ ၄င်းနှစ်နည်းအနက် မည်သည့်နည်း ကိုပဲသုံးသုံး အစား အသောက်ထိန်းခြင်းကို တွဲဖက်ပြုလုပ် နိုင်ပါမှ ထိုစက်ပစ္စည်းများဖြင့် ဝမ်းဗိုက်အဆီချခြင်းကို ပိုမို ထိရောက်စေမှာဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ ကမ္ဘာတစ်ဝန်း သေ ပျောက်မှု အများဆုံးဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်း ကြောင့် တစ်နှစ်ကို လူဦးရေ ၆ဒသမ၃သန်း သေဆုံးနေ ကြရကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။ အောက် ပါ ဝေဒနာငါးရပ်က နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ ပြေး လက္ခဏာများ ဖြစ်တာကြောင့် မိမိကိုယ်ကိုဆန်းစစ် ကြည့်သင့်ပါတယ်။
(၁) ရင်ဘတ်အောင့်ခြင်း
*************************
နှလုံးသွေးလွှတ်ကြောတွေက လက်မောင်း၊ နောက် ကျော၊ အစာအိမ်၊ လည်ပင်း၊ မေးရိုးတွေနှင့် ဆက်စပ်နေ တာမို့ နှလုံးသွေးကြောပိတ်တဲ့အခါ ထိုနေရာတွေမှာပါ အောင့်သက်သက်နှင့် နာကျင်လာတတ်ပါတယ်။ အဆိုး ရွားဆုံးခံစားချက်မှာ နှလုံးထံသို့ သွေးမရောက်နိုင်တာ ကြောင့် ရင်ဘတ်ရဲ့ အလယ်ကောင် တည့်တည့် (ရင်ခေါင်း) ပိုင်းက ထိုးအောင့်လေ့ရှိပါတယ်။ ဒါ့အပြင် ရင်ခေါင်းပိုင်း က လေးလံတစ်ဆို့တဲ့ဝေဒနာကိုလည်း ခံစားရတတ်ပါ တယ်။ ဒါကြောင့် ရင်ဘတ်အောင့်တဲ့အခါ မပေါ့ဆဘဲ အ ချိန်မီ ဆေးစစ်ခံသင့်ပါတယ်။
(၂) ခက်ခက်ခဲခဲ အသက်ရှူရခြင်း
*********************************
နှလုံးထဲမှာ သွေးအလုံအလောက်မရှိကြတော့ဘဲ ထို သွေးတွေက အဆုတ်ထဲမှာ သွားရောက်စုပုံနေတာကြောင့် အဆုတ်နေရာကအောင့်၍ ချောင်းဆိုကာ ခက်ခဲပင်ပန်း စွာ အသက်ရှူရတတ်ပါတယ်။ မကြာခဏဆိုသလို အသက် ရှုမဝခြင်း၊ နေ့စဉ်တက်နေကျလှေကားတွေပေါ် လျှောက် လှမ်းတက်ရုံမျှဖြင့် အလွန်တရာမောဟိုက်လာခြင်း၊ နိစ္စ ဓူဝ ပုံမှန်လှုပ်ရှားသွားလာခြင်းဖြင့် သိသိသာသာမောပန်း နွမ်းနယ်ခြင်းတို့ကလည်း နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် ပတ်သက်နေပါတယ်။
(၃) ပျို့အန်ခြင်း
***************
နှလုံးသွေးကြောပိတ်ဆို့တဲ့ဝေဒနာရှင်အများစုမှာ အီလည်လည်ဝေဒနာခံစားရပြီး မကြာခဏပျို့အန်လေ့ရှိ ပါတယ်။ ဒါ့အပြင် အစာအိမ်ရောဂါဆန်ဆန် လေတွေ အန်ခြင်းကလည်း နှလုံးသွေးကြောပိတ်ခြင်းရဲ့နောက်ဆက် တွဲဝေဒနာတွေပဲ ဖြစ်ပါတယ်။
(၄) ခေါင်းမူးခြင်း
*****************
နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့် ဦးနှောက်ထဲ ကိုအောက်စီဂျင် ပြတ်လပ်လာကာ ခေါင်းမူးဝေခြင်းကိုဖြစ် စေပါတယ်။ အရာရာတိုင်းမှာ ရတက်မအေးဘဲ စိတ်စော နေသူများ စိတ်ပင်ပန်းနွမ်းနယ် နေသူများ ကလည်း သွေး လွှတ်ကြောပိတ်ဆို့ရောဂါစွဲကပ်နေသူများ ဖြစ်ပါတယ်။
(၅) နှလုံးခုန်နှုန်းမမှန်ခြင်း
**************************
နှလုံးသားထဲမှာ သွေးအလုံအလောက်မရရှိတဲ့အခါ သွေးတွေကို နှလုံးက အတင်းညှစ်နေရတာကြောင့် နှလုံး ခုန်မမှန်တော့ဘဲ ရင်ခုန်မှုမြန်ဆန်လာပါတယ်။ အကယ် ၍ နှလုံးခုန်ပုံမှန် မဟုတ်ဘဲ ရင်ဘတ်အောင့်၍မူးဝေတဲ့ ဝေဒနာတွေကို တစ်ပြိုင်နက်တည်းမှာခံစားနေရပြီဆိုရင် နှလုံးသွေးကြောပိတ်ဆို့နေပြီဖြစ်လို့ အမြန်ဆုံး ဆေးဝါးကု သမှု ခံယူသင့်ပါတယ်။
မှတ်ချက်
*********
ယခုအခါ ဂျာမနီနိုင်ငံရှိ Essen University မှ ESMR လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာ ရှင်များအတွက် အသင့်တော်ဆုံး ကုထုံးစက်ပစ္စည်းကို တီ ထွင်ထားပါတယ်။ ယနေ့အထိ ကမ္ဘာတစ်ဝန်းလုံး၏ နှလုံး ကုသမှုဌာနပေါင်း ၆ဝကျော်မှာ အသုံးပြုနေကြပြီး မြန်မာ နိုင်ငံမှာလည်း နေပြည်တော်ရှိ ဇမ္ဗူသီရိ အထူးကုဆေးရုံ ကြီးမှာ ထိုစက်ကိုတပ်ဆင်ပြီး လူနာများကိုကုသပေးလျက် ရှိပါတယ်။
ESMR (ခေါ်) Extra corporeal Shock-wave Myocardial Revascularzation ကုထုံးဆိုတာ အ သံလှိုင်းတွေကို အသုံးပြုထားခြင်းဖြစ်ပြီး နှလုံးသွေးကြော ပိတ်ဆို့တဲ့နေရာတွေနှင့် ကြွက်သားတွေကို ထိရောက်တဲ့ ထိုအသံလှိုင်းတွေချိန်ရွယ်ပြီးတော့ ထုတ်လွှတ်လိုက်တဲ့အ ခါ နှလုံးသွေးကြော သစ်တွေ ဖြစ်ပေါ်အောင် နှိုးဆွပေးတဲ့ ကုထုံးမျိုးပါ။ ထိုကုထုံးဖြင့် နှလုံးသွေးကြောသစ်တွေဖြစ် ပေါ်လာပြီးတော့ နှလုံးကြွက်သားတွေကို သွေးပြန်ပေး နိုင်လာတာကြောင့်
(က)ရင်ဘတ်အောင့်တာတွေ သိသိ သာသာဆိုးရွာမှု သက်သာလာခြင်း၊
(ခ) အမောမဖောက် တော့ခြင်း၊
(ဂ) ရင်ဘတ်အောင့်ချိန် တဖြည်းဖြည်းခြားလာ ခြင်း၊
(ဃ) မူလထက်ပိုမို၍ လှုပ်ရှားသွားလာနိုင်ကာ အ မောခံနိုင်လာခြင်း၊
(င) Nitrate (ခေါ်)လုံးသွေးကြောကျယ် စေသည့်ဆေးများ သောက်သုံးရန် လိုအပ်မှုလျော့ကျလာ ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။
၎င်းကု ထုံးဟာ မေ့ဆေးထုံဆေးမလို၊ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသခံနိုင်ပါကြောင်းနှင့် ကုသမှုသည် တစ်ကြိမ်လျှင် နာရီဝက်ခန့်ဆောင်ရွက်ရန် လိုအပ်ပြီး ကိုး ပတ်အတွင်း ကိုးကြိမ်ခန့် ကုသမှုခံယူရုံမျှဖြင့် ဖော်ပြပါနှလုံး ကျန်းမာရေးအကျိုးကျေးဇူးများကိုခံစားရနိုင်ပါကြောင်း နှလုံးသွေးကြောပိတ်ဆို့ ဝေဒနာသည်များအတွက် သတင်း ကောင်း ပါးလိုက်ရပါတယ်။
(ကိုးကား…American’s Health Digest)

Wednesday 11 February 2015

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း



ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း

မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။

ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။

ဆေးနည်း(၁)

(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။

(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။

(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။

(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။

ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။

ဆေးနည်း(၂)

သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကို မန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့် ညအိပ်ခါနီး သောက် ပါ။ ကျောက်များကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။

ဆီးကျောက်တည်ခြင်းဝေဒနာကို ခံစားနေရသောဝေဒနာရှင်များအတွက် ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။

ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုမျာ

ကျန်းမာရေးသတင်းများ

Monday 9 February 2015

အသဲကင်ဆာသမားများအတွက် သတင်းကောင်း


အသဲကင်ဆာသမားများအတွက် သတင်းကောင်း တစ်ခုပါ
အခုကျနော် စစ်တွေက ရွာသစ်ကေကျေးရွာမှာ စစ်တမ်းကောက်နေတုန်းပေါ့
ရွာကအုပ်ချုပ်ရေးမှူး ကတော်နဲ့ ခဏလောက်စကားပြောဖြစ်တယ် ။ အကြောင်းတိုက်ဆိုင်စွာ သူမ၏ မောင်ငယ်ရန်ကုန်မှာဆေးသွားကုတဲ့အကြောင်းပြောဖြစ်ရင်း အသဲကင်ဆာဆေးမှီးတိုလေးရခဲ့ပါတယ်။ သူမ၏မောင်ငယ်မှာ အသဲကင်ဆာကြောင့်တစ်လသာနေရတော့မည်ဟု ရန်ကုန်မြို့ SSC အထူးကုဆေးရုံကပြောလို့ စစ်တွေကိုပြန်ခေါ်လာခဲ့ပြီးနောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေချိန်မှာ မမျှော်လင့်ပဲ ယ္ခုဆေးမြီးတိုကြောင့် ယခုသူ၏မောင်ငယ်တစ်သာခံမဲ့လူမမာဟာ လေးနှစ်ကျော်ကြာခဲ့ပြီ လူကောင်းပကတိ ရောဂါပျောက်ကင်း၍ ကျမ်းမာစွာနေထိုင်နိုင်ပီဖြစ်ပါတယ် ။
ဒါကြောင့်လွယ်ကူသက်သာသောဆေးမြီးတိုလေးကိုမျှဝေလိုက်ရပါတယ်ခင်ဗျာ
ဆေးနည်းကတော့
ကင်ပွန်းချဉ်ရွက်ကို ထောင်း၍ ဆား၊ သကြားတို့ဖြင့် မချိုမချဉ် ဖျော်၍ တစ်နေ့ကို ရေသန့်ဘူးလေးဘူး ကိုတစ်လလောက်ပုံမှန်သောက်ရပါတယ်။
ဒီဆေးနည်းကြောင့် လူငါးယောက်လောက် လက်တွေ့ပျောက်ကင်းပြီးဖြစ်ပါတယ်လို့သိရပါတယ် ။

 https://www.facebook.com/photo.php?fbid=320772344783256&set=a.221567624703729.1073741829.100005514782441&type=1&theater

Thursday 5 February 2015

နှလုံးရောဂါအတွက် သိထားရမည့် လက္ခဏာ(၃)ရပ်


နှလုံးရောဂါအတွက် သိထားရမည့် လက္ခဏာ(၃)ရပ်
၁။ ရင်ဘတ်အောင့်တာ မပျောက်ရင်
ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။
ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။
၂။ အသက်ရှုမဝရင်
လူအများစုမှာ အသက်ရှူ မဝတာဟာ စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ Treadmill စက်မှာ လမ်းလျှောက် နိုင်ပြီး လမ်းလျှောက် အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ် ရပါဘူး။ လူနာဟာ ဒီနေ့မှာ နေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင် လှေကားထစ်တွေမှာ နားပြီး အသက်ဝအောင် ရှူပြီးမှ လှေကား ထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာ အခြေအနေပါ။
၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်
တစ်ခါတစ်ရံ နှလုံး တိုက်ခိုက် ခံရတာဟာ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မပြတတ် ပါဘူး။ ရှေးဦးစွာ မေးရိုး မှာနာတာ၊ တံတောင်ဆစ်မှာ နာတာ၊ ဒါမှမဟုတ် သွားနာတာတွေ အနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်တာကြောင့် နာကျင်တာ ဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်လက် ဒါမှမဟုတ် မေးရိုးကို နာကျင်တာတွေ ရောက်သွား တာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ်တွေ ခံစားရရင် လျစ်လျုရှု မထားပါနဲ့။
ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု
အောက်ပါတို့မှာ သင်ခံစား နေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်း နှစ်ခုပါ။
၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
နှလုံးသန်မာဖို့ လေ့ကျင့်ခန်း မှန်မှန် လုပ်နေရင် ကောင်းတဲ့ နာကျင်တာနဲ့ မကောင်းတဲ့ နာကျင်တာ တွေကို သင်ခွဲခြား သိရှိ နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင် ဆရာဝန် ပင့်သင့်ပါတယ်။
၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။
သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရော အဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့် ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံး ရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ ပြဖို့ အမြဲ သတိရပါ။