အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 14 February 2016

ဘာကြောင့် ညအိပ်ရာဝင်ခါနီး ခြေထောက်ဆေးသင့်သလဲ



ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်နိုင် သည်ဟု ရှေးလူကြီးများပြောကြသည်။ တစ်နေကုန်သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်တွင်းရောက်ရှိလာ သော အပူအခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်း ချွေးများထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကျိတ်ခြင်း၊ ကယောက်က တမ်းပြောခြင်းများသည် လေပူအထက်သို့တက်ခြင်းကြောင့် ဖြစ်ရသည်။
မိတ်ဆွေတစ်ဦး၏ သားငယ်သည် ညအိပ်လျှင်ကယောက်ကတမ်း စကားများပြောလေ့ရှိသဖြင့် ကလေးကို ညအိပ်ရာမဝင်မီ ဒူးအောက်ပိုင်းရေလောင်းခြေဆေးပြီး အိပ်ရာဝင်စေသောအခါ ကယောင် ကတမ်းပြောခြင်းမှ သက်သာလာသည်ကိုတွေ့ရသည်။ ကလေးများသည် နေပူထဲတွင် တစ်နေကုန် ဆော့ခြင်း၊ ရေခဲရေ၊ ရေခဲမုန့်များ စားသောက်ခြင်းကြောင့် ကိုယ်တွင်းအပူအလွန်များသည်။ ထို့ကြောင့် ပင် ကလေးများဖျားနာလျှင် လူကြီးများထက်ကိုယ်အပူချိန်များသည်ကို တွေ့ရသည်။
ကိုယ်တွင်းအောင်းသော အပူများသည်နေ့တွင် ခြေဖဝါးမှထွက်လေ့ရှိသည်။ ခြေသလုံးတွင် ချွေးစို့နေ ပြီး ခြေဖဝါးမှထိုက်သင့်သော ခြေဆီထွက်လျှင် ကျန်းမာသောသူဖြစ်သည်။ ခြေသလုံးမှ ချွေးမထွက်၊ ခြေဖဝါးတွင် ခြေဆီမထွက်၊ ဖနောင့်ဖဝါးများတွင် အက်ကွဲခြင်းများတွေ့ရလျှင် အောက်ပိုင်းအခိုးမညီ သူဖြစ်သည်။ အထက်သို့အပူကန်ခြင်းများသောကြောင့် မျက်စိမှုန်ခြင်း၊ မျက်မှန်ဒီဂရီတိုးခြင်း၊ ဆံပင် ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ အသက်ငယ်ငယ်နှင့်ပင်ဖြစ်နိုင်ချေရှိသည်။ ဝမ်းချုပ်ဓာတ်ချုပ်လျှင် ပို၍ ပင်ဆိုးနိုင်ပေသည်။
ဆီးချို၊ သွေးချိုရောဂါရှိသူများသည် ညအိပ်ပျော်သွားပြီးတစ်ရေးနိုးတွင် အာခေါင်ခြောက်ပြီး ရေငတ် လေ့ရှိသည်။ အစာအိမ်မှ အပူငွေ့ပျံပြီး အာခေါင်မှသွားဖုံး၊ အထက်မျက်စိထိအောင် အပူငွေ့တက်သ ဖြင့် ဆီးချိုသမားများ မျက်စိကွယ်သည်အထိ ဖြစ်ရလေသည်။ ဆီးချိုသွေးချိုရောဂါကို ကုသသည်က တစ်ဖက်၊ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးပညာဥပဒေသ ကုထုံးများနှင့်အညီ ပြုသင့်သည်။ ထိုသို့ပြုရန်နည်းလမ်းမှာ ညအိပ်ရာမဝင်မီ ခြေဖဝါးတွင် ဆားပွတ်ခြင်း၊ ဒူးမှအောက်ပိုင်းသို့၊ ရေလောင်း ရေဆေးခြင်းပြုရမည်။ ရေလောင်းသည့်အခါတွင်လည်း အတော်မသင့်မဟုတ်ဘဲ ခုနှစ်ခွက်ျမှ ၁၀ ခွက် အထိ အခိုးအကင်းများ ကုန်စင်အောင်လောင်းဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေသည်။ ခြေထောက်ရေဆေးခြင်းကြောင့် ညတစ်ရေးနိုးချိန် အာခြောက်ရေငတ်ခြင်းနှင့် ဆီးချိုကြောင့် မျက်စိ ကွယ်ခြင်းကိုပါ ကာကွယ်နိုင်သည်။ ရေရှည်လုပ်ဆောင်မှလည်း အကျိုးရှိမည်ကို သတိပြုရန်လိုပါ သည်။
သိမ်ဖြူဆရာတော် အရှင်နာရသေနာဘိဝံသ၏ အာယုဗေဒဆေးသိပ္ပံ၊ အခြေခံကျန်းမာရေး သင်ခန်းစာ စာအုပ်တွင်ဖော်ပြထားသော ကျန်းမာသောရေချိုးနည်းမှာ ရေချိုးသောအခါ အောက်ပိုင်းခြေကို စတင် လောင်း၍ ဒူး၊ ပေါင်စသည်ဖြင့် တရွေ့ရွေ့အထက်သို့လောင်းပြီး တစ်ကိုယ်လုံးချိုးပါ။ ရေချိုးစဉ်ပထမ တွင် ကိုယ်စိုရုံမျှရေလောင်း၍ အတွင်းခိုးများထွက်လာစေရန်၊ ထွက်ခွင့်ရသည့်အခိုးများ ထွက်ခွင့်ရစေ ရန် အတန်ငယ်ရပ်နားပြီးနောက် လိုသလိုချိုးရ၏။ အထူးအားဖြင့် ခေါင်းပိုင်း၌ရောဂါရှိသူများ ခေါင်းကို လောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာရေကို ပါးစပ်အတွင်းငုံ၍ ထားပါ။ သို့မှသာ ခန္ဓာကိုယ်တွင်း ရှိ အပူအပုပ်ခိုးများရန်မှ ကာကွယ်ပြီးဖြစ်ကုန်၏။ ယင်းသို့ပြုလုပ်ပေးရန် သွားနှင့်ဆိုင်သောရောဂါများ ကင်းရှင်းနိုင်၏။
မျက်စိဆရာဝန်ကြီးများဆေးခန်းတွင် မျက်စိတိမ်ခွဲ၍ ခွဲစိတ်ကုသရသူ၊ အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိဝေဒနာဖြစ်ရသူများ၏ ခြေထောက်များကိုကြည့်သောအခါ ချွေးခြောက်ပြီး ခြေသလုံးအသားပပ် ကာ ခြေဖဝါး၊ ခြေဖနောင့် ကွဲအက်သူများဖြစ်ကြောင်းသိရသည်။
ဝမ်းချုပ်ခြင်းကြောင့်လည်း အောက်ပိုင်းခြေနှစ်ဖက်ကိုက်ပြီး အထက်သို့ အခိုးပြန်ပြီး အကြောတက် သည်။ ဝမ်းကြော၏အဆုံးသည် အူမကြီးတွင်ဆုံးသည်။ အူမကြီးအစာဟောင်းအိမ်တွင် ဝမ်းပုပ်နှင့် စမျင်းများ ပိတ်မိသောအခါ ခြေတစ်လျှောက်သွားသော ပေါင်ခြံအတွင်းမှ သွေးကြောမကြီးတွင် လေ ပိတ်ပြီး အောက်ပိုင်းခြေသလုံးနှင့် ခြေဖျားသို့သွေးလျှောက်အားနည်းသွားသည်။ ထိုအခါ ခြေနှစ်ဖက် လုံး ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်းများဖြစ်နိုင်သည်။ ထိုသူများသည် ညအိပ်ရာဝင်ချိန်မတိုင်မီ ခေါက်တုံ့ ခေါက်ပြန် ခြေလှမ်းတစ်ရာခန့်လမ်းလျှောက်ပေးခြင်း၊ ပြီးလျှင်ခါးအောက်ပိုင်းခြေထောက်ကိုရေဆေး ခြင်းပြုလုပ်လျှင် သက်သာစေနိုင်သည်။ “ဒူလာပါဒရက်ခြေကတက်” ဟု ရှေးကလူကြီးမျာပြောသည့် အညောင်းအကိုက်ရောဂါကို ခြေဆေးခြင်းဖြင့် မှန်မှန်ကန်ကန်ပြုလုပ်လျှင် သက်သာစေနိုင်ပါသည်။
ညအိပ်ရာဝင်ခြေဆေးခြင်းနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
၁။ တစ်နေကုန်အောင်းနေသော အပူများအောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။
၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက်သာ စေသည်။
၃။ ရင်ညွှန့်သို့တက်သောလေ၊ ဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။
၎။ ခြေထောက်ကို သန့်စင်စွာဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသောအိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။
၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။
၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း၊ မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။
၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။
၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။
၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။
၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။
၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။
၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။ျ
ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။ ကြွက်တက် ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရော ဂါ၊ မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်း၊ အစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍ မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟုဆိုသည်။ ခြေဆေးလျှင်လုံချည်၊ ထဘီကို ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။
ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ်မှန်မှန်ပြုလုပ်မှသာ အကျိုးရှိမည့်နည်းဖြစ်ပါသည်။
Post - သောကျယ်
Credit - ကြေးမုံသတင်းစာ

Thursday 4 February 2016

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း


ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း
Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင် ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
ယင်းဆေးနည်း ဖော်စပ်ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါ တယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချေမှုန်း ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါ တယ်။
သူမ endocrine ကင်ဆာရောဂါ ခံစားခဲ့ပြီး ဆေးရုံမှာ အထူးစက်ကိရိယာ အ ပြည့်အစုံနဲ့ ၃ ပတ်ကြာ ကုသနေစဉ် ရောဂါအခြေအနေ ဆိုးဝါးလာခဲ့ပါတယ်။ ဒီဆေးနည်းက ခွဲစိတ်ကုသူမှု သို့မဟုတ် ဓာတ်ကင်လုံးဝလုပ်စရာမလိုပဲ အသက် ချမ်းသာ ရရှိစေခဲ့ပါတယ်။
ချင်းတက်အကြီးနှစ်ခု အခွံလှီးထုတ်ပြီး ကြေညှက်နေအောင် ထောင်းပါ။ နောက် ပျားရည် ကီလိုဝက်လောက်နဲ့ ရောပေး ရပါမယ်။ယင်းဖော်စပ်ထားတဲ့ ဆေးကို ခရားတစ်ခုထဲ သိမ်းထားပြီး တစ်နေ့ကို လက်ဖက်ရည်ဇွန်း (၄) ဇွန်း သောက်ပေး ရပါမယ်။
သတိထားရမယ့် အချက်က သံမဏိဇွန်း လုံးဝမသုံးဘဲ ပလပ်စတစ် သို့မဟုတ် ကြွေထည်မြေထည်ဖြင့် ပြုလုပ်တဲ့ ဇွန်းတွေကိုသာ သုံး ပေးရပါမယ်။
(၃) ရက်အတွင်း တိုးတက်မှု လက္ခဏာ စတင်တွေ့ရှိရပါလိမ့်မယ်။
____________________________
Credit by - Myanmar Shia

Tuesday 19 January 2016

ဝက်ခြံနဲ့ အမဲစက် များအတွက်

 
နည်းလမ်းတွေအများကြီး ကြားဖူးပေမယ့် ဒီနည်းလမ်းတွေက တကယ်ပျောက်ပါတယ် (၀က်ခြံပေါက်သူများအားမငယ်ပါနဲ့ မိမိ Fri များကိုလည်းရှယ်ပေးပါ)

ဝက်ခြံနဲ့ အမဲစက်တွေအတွက် အိမ်မှာတင် ဆေးဖော်ပြီး အန္တရာယ် ကင်းကင်းကုလို့ရမယ့် ဆေးနည်း ၅မျိုး

ဝက်ခြံနဲ့ အမာရွတ်တွေနဲ့ အသားအရေဟာ လူတစ်ယောက်အဖို့ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုကို လျော့နည်းစေသလို စိတ်ဓာတ်လည်း ကျဆင်းစေပါတယ်။ ဒါကြောင့်မို့ ဝက်ခြံတွေကို ငွေကုန်ခံပြီးကုတာမပျောက်ရငပိုတောင် စိတ်ဓာတ်ကျစေတာမို့ ငွေလည်းမကုန် လူလည်း ပင်ပန်းစရာမလိုတဲ့ အိမ်တွင်းကုထုံးလေးတွေကို မျှဝေပေးပါရစေ။

၁. နနွင်း - သိပ်ကို အသုံးဝင်ပြီးရှာရလည်းလွယ်တဲ့ အိမ်တွင်းဆေးဝါးလေးပါ။ နနွင်းဟာ ဘက်တီးရီးယားများကို သေစေပြီး၊ ရောင်ရမ်းနာကျင် နီမြန်းခြင်းတွေကိုလည်းလျော့ချပေးပြီး ဝက်ခြံတွေထပ်မပွားလာအောင်လည်းကာကွယ်ပေးပါတယ်။ သံလွင်ဆီ အုန်းဆီ စသည်တို့ဖြင့် လိမ်းပါက ဝမ်းဗိုက်နာကျင်ကိုက်ခဲတာ၊ ဖောရောင်တာ၊ လေထိုးလေအောင့်တာ၊ ဖျားနာတာ၊ ဝမ်းလျော တာအပြင် အသားအရေ ပျက်စီး လျော့ရဲခြင်းတွေအတွက်ပါ ဆေးဖက်ဝင်ပါတယ်။

နနွင်းတက် တစ်တက် ကို ယူလိုက်ပါ။ ပြီးတော့ ထိုးထွက်နေတဲ့ အတက်ကလေးတွေထဲက ၂ဆစ် ၃ဆစ်လောက်ကိုဖြတ်လိုက်ပါ။ ထို့နောက် ပါးပါးလေးတွေလှီးပြီး ကြိတ်စက်ထဲတွင် ရှောက်ရည် သို့မဟုတ် သံပုရာရည် သို့မဟုတ် လီမွန်ရည်ကိုရောပြီး ကြိတ်လိုက်ပါ။ ထို့နောက် ရလာသည့်အနှစ်ကို မျက်နှာတွင် သုတ်လိမ်းပေးပြီး ၁၅ မိနစ် မှ မိနစ်၂၀ ထိထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ကြိမ် ၄ကြိမ်လောက် ပြုလုပ်နိုင်ပြီး ညအိပ်ယာမဝင်ခင် ပြုလုပ်ပေးတာ အကောင်းဆုံးပါ။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ဝက်ခြံတွေပျောက်ကင်းစေပြီး ဝင်းလဲ့ စိုပြည်တဲ့ အသားအရေကို ရရှိစေမှာပါ။

၂. မန်ကျည်းသီး - ရှေးယခင်ကတည်းက မန်ကျည်းသီးကို အသားအရည်ဖြူဝင်းစေဖို့အသုံးပြုလာတာဖြစ်ပြီး မန်ကျည်းသီးတွင် စစ်ထရစ် အက်ဆစ်၊ တက်တရစ် အက်ဆစ် အပြင် မဲလစ် အက်ဆစ်တို့ပါဝင်တာကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို သုတ်သင်ရှင်းလင်းပေးပြီး ဝက်ခြံ နဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။

မန်ကျည်းအနှစ်ကို ရေကျဲဖျော်ပြီး မျက်နှာသစ်ပေးခြင်း မန်ကျည်းအနှစ်ကို ပျစ်နေအောင်ဖျော်ပြီး မအိပ်ခင် မျက်နှာတွင် လိမ်းပေဒခြင်းကို ပြုလုပ်ပေးပါ။ တစ်ပတ်မှာ ၃ကြိမ် သို့ ၄ကြိမ်လောက်ပြုလုပ်ပေးခြင်းအားဖြင့် ဖြူစင်ဝင်းလက်ပြီး ဝက်ခြံကင်းတဲ့ အလှပိုင်ရှင်ဖြစ်သွားပါပြီ။

၃. ကြက်ဥ - ကြက်ဥဟာ အစားအသောက်အနေနဲ့ အာဟာရဖြစ်သလိုပဲ အသားအရေအတွက်လည်း အားဖြည့်ပေးတဲ့ တန်ဖိုးရှိအရာတစ်ခုပါ။ ကြက်ဥဘေးအကာလေးတွေက ဝက်ခြံနဲ့ ဆားဝက်ခြံတွေကိုဖယ်ရှားပေးပြီး သင့်အသားအရေကို တောက်ပစေပါတယ်။

ကြက်ဥထဲမှ အနှစ်နဲ့ အကာကို ခွဲပြီး အကာကို ဆိုဒါမှုန့်နဲ့ ရောပြီး မျက်နှာကို လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်နေလျှင်ဆေးချပေးပါ။ တစ်ပတ်ကို ၂ကြိမ်အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေပါတယ်။

၎. ခရမ်းချဉ်သီး - ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီးဟာ Licopersionin ပါဝင်လို့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပြီး နီးမြန်းရောင်ရမ်းခြင်းကိုလည်း လျော့ချပေးပါတယ်။

ပြုလုပ်ပုံကတော့ လွယ်ကူပါတယ်။ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ချေပြီး ဒိန်ချဉ် စားပွဲတင်ဇွန်းနဲ့ ၂ ဇွန်းကို ရောလိုက်ပါ။ ထို့နောက် မျက်လုံးနားတစ်ဝိုက်မှလွဲ၍ တစ်မျက်နှာလုံးကို လိမ်းပြီး ၁၅ မိနစ်လောက် နေရင်ရေနှင့်ဆေးချလိုက်ပါ။တစ်ပတ်ကို ၃ကြိမ် အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံများကို ကင်းစေပြီး အသားအရေကို ချောမွတ်တောက်ပစေပါတယ်။

၅. ပျားရည် - ပျားရည်ဟာ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ဝက်ခြံထပ်မပွားအောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒဏ်ရာတွေကို ပါ ကုစားပေးတာမို့ ပျားရည်ဟာလည်း သိပ်ကို နာမည်ကြီးတဲ့ ကုသဆေးတစ်မျိုးအဖြစ် ရှေးယခင်ကတည်းက ရှိခဲ့တာပါ။

ပျားရည်ကို နှမ်းဆီ သံလွင်ဆီ ဂျုံတို့နဲ့ ရောပြီး မျက်နှာမှာ သုတ်လိမ်းလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံကင်းပြီး ဝင်းလက် စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

Sk Herbal Myanmar
Credit to Zaw Min Tun