အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Friday 31 May 2013

~နွားနို့ စွမ်းချက် ဒီကိုးချက်~

(၁)နံနက်ခင်းအိပ်ရာထပြီး မျက်ခွံဖောင်ရောင်လာသည်ကိုတွေ့လျှင် နွားနို့ထဲ ရှာလကာရည်နှင့်ရေနွေးအနည်းငယ်ရောထည့်ပြီးယင်းအရည်ဖြင့်မျက်ခွံပေါ်တွင်(၃)မိနစ်၊(၅)မိနစ်ခန့်ထပ်ကာထပ်ကာသုတ်ပေးပါ။
ပြီးလျှင်ပူနွေးသောမျက်နှာသုတ်ပုဝါဖြင့်တစ်မိနစ်မျှအုံပေးပါ။ဖောရောင်မှုကိုပျောက်ပြေသွားမည်ဖြစ်ပါသည်။

(၂)ကြက်သွန်ဖြူအစိမ်းကိုကိုက်စားပြီးနွားနို့တစ်ခွက်ကိုသောက်ပေးလျှင်ကြက်သွန်ဖြူအနံ့နံစေခြင်းကိုပျောက်စေပါသည်။

(၃)ဟင်းလျာများကြော်ရာတွင်အရသာငန်နေပါလျှင်နွားနို့ကိုအနည်းငယ်ဆမ်းပေးပါ။ဟင်းလျာအရသာသည်ပေါ့သွားပါလိမ့်မည်။

(၄)ငါးကိုမကြောမီနွားနို့ထဲအချိန်အနည်းငယ်စိမ်ပြီးကြော်လျှင်ငါးဟင်းမှာမညှီဘဲအရသာပိုကောင်းလာပါလိမ့်မည်။ငါးဟင်းကိုချက်သည့်အခါဟင်းအိုးထဲနွားနို့အနည်းငယ်ဆမ်းပေးလျှင်ငါးဟင်းမှာမညှီတော့ဘဲနူးညံ့ပြီးအရ
သာမှာဆိမ့်လာပါလိမ့်မည်။

(၅)နွားနို့ဖြင့်မျက်နှာသစ်လျှင၊်လက်ပေါ်ကိုလိမ်းကျံလျှင်မျက်နှာနှင့်လက်အရေပြားအားနူးညံ့ညက်ညောလာနိုင်မည်ဖြစ်ပါသည်။

(၆)အသားသွတ်ကြက်ဥကိတ်မုန့်အခွံလွှာကိုကြော်သည့်အခါနွားနို့နှင့်ကြက်ဥရောစပ်ပြီးကြော်လျှင်အခွံလွှာမှာပျော့အိပြီးအရသာပိုကောင်းလာပါလိမ့်မည်။

(၇)အ၀တ်အစားပေါ်မင်စွန်းထင်းလျှင်ရေသန့်ဖြင့်အရင်ဆေးပြီးမှနွားနို့ဖြင့်နောက်ထပ်ဆေးပေးပါ။ပြီးလျှင်ချေးချွတ်ရည်ဖြင့်ဆက်ဆေးပြီးလျှော်ဖွပ်ပေးပါ။မင်စွန်းများမှာလုံးဝပျောက်သွားပါလိမ့်မည်။

(၈)နွားနို့ထဲရေကိုအနည်းငယ်ရောပြီးပန်းမန်များအားလောင်းပေးလျှင်မည့်သည့်ပန်းမန်မဆိုရှင်ရှင်သန်သန်ရှိလာပါလိမ့်မည်။

(၉)နွားနို့အကြွင်းအကျန်ဖြင့်သားရေဖိနပ်(သို့)အခြားသားရေထည်များကိုတိုက်ပေးလျှင်သားရေမျက်နှာပြင်ကို
မကွမအက်အောင်ကာကွယ်နိုင်မည့်အပြင်သားရေထည်များကိုလည်းနူးညံ့လှပလာစေမည်။

(၁၀)အ၀တ်စဖြင့်နွားနို့ကိုတို့ပြီးပရိဘောဂများကိုတိုက်ပေးလျှင်အညစ်အကြေးကိုကျွတ်ပြောင်လက်လာစေမည်။

post by နှင်းဆီဖူးလေးများ-Love BUDS

Thursday 30 May 2013

အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက်

ဘယ်အသက်ရွယ်ပဲ ရောက်ရောက် အသားအရေ ကျန်းမာပြီး ကြည့်ကောင်း နေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့ အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက် တွေကို ဖော်ပြ လိုက်ပါတယ်။
အသားအရေ ထိန်းနည်း (၁) အသားအရေ ထိခိုက်စေသော အမှုအကျင့်များ ရှောင်ရှားခြင်း လျှို့ဝှက်ချက်-
အသားအရေ ထိခိုက်စေ တဲ့ ဆေးလိပ် သောက်တာ၊ နေပူဆာ လှုံ တာနဲ့ အရက်သောက် တာတို့လို အသား အရေထိခိုက် စေတဲ့ အမူအကျင့် သုံးရပ် ကို ရှောင်သင့် ပါတယ်။ နေပူထဲကို မဖြစ် မနေ သွားရတဲ့ အခါ SPF ပါတဲ့ နေကာ ခရင်မ်ကို လိမ်းပေး သင့်ပါတယ်။ ဆေး လိပ်သောက် တာနဲ့ အရက်ကို အလွန်အ မင်းသောက် တာတွေက အသားအရေ ကို ထိခိုက်စေတဲ့ အပြင် အသက်အန္တရာယ် ကိုပါ ခြိမ်းခြောက် နေပါတယ်။
အသားအရေ ထိန်းနည်း (၂) မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း လျှို့ဝှက်ချက်-
မျက်နှာနှင့် လည်ပင်းကို ပုံမှန် ဆေးကြောသန့်စင် ပေးတာကြောင့် အရေပြား ထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင်စေရုံသာမက အ ရေပြားကို ကြည်လင်ဝင်းပ လာစေပါတယ်။ အသားအရေ ထိန်းနည်း (၃) မျက်နှကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင် အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အ ရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ် ဆုံးအင်္ဂါ အစိတ်အပိုင်းလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ပွတ်တဲ့အခါ၊ မေးစေ့ ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက် နှာပြင်ဆီရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။
အသားအရေ ထိန်းသိမ်းနည်း (၄) အယ်လ်ကိုဟော ရှောင်ခြင်း လျှို့ဝှက်ချက် -
အရက်ကို မသောက် တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့် အသားအရေ ကျန်းမာလှပရေးအတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံး တာကြောင့် မျက်နှာအရေ ပြားအပေါ်ယံ လွှာနဲ့ ကပ်နေတဲ့ သွေးကြော တွေကို ကျယ်စေနိုင်ပါတယ်။
အသားအရေထိန်းသိမ်းနည်း (၅) အဆီများကို ကင်းစင်စေခြင်း လျှို့ဝှက်ချက် -
မျက်နှာပေါ်က အဆီ ပိုတွေ ကင်းစင်စေဖို့ရာအတွက် ပေါင်ဒါ မှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ် တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အ သားအရေအတွက် အဆီပါဝင်တဲ့ ပေါင် ဒါကို ရှောင်ပါ။
အသားအရေထိန်းသိမ်းနည်း (၆) နှုးညံ့သော မျက်ဝန်းတစ်ဝိုက်ကို ပွတ်သပ်မှု မပြုခြင်း လျှို့ဝှက်ချက် -
မျက်နှာအသားအရေ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား နေရာက အလွန့်အလွန် နူးညံ့သိမ်မွေ့ လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ် ဝိုက် မိတ်ကပ်လိမ်းရင်လည်း ညင်ညင်သာ သာပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက် စိယားယံနေရင် မျက်ဝန်းတစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ် ပေးပါ။
အသားအရေ ထိန်းသိမ်းနည်း (၇) အသားအရေ ထိန်းပစ္စည်း အမျိုးအစားများကို သုံးခြင်း လျှို့ဝှက်ချက် -
အသားအရေထိန်း ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင် ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အ တားဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတာ နဲ့ အာနိသင်ကို ယုတ်လျော့ စေတာတို့ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံး ရလဒ် လိုချင်ရင် အတူပေါင်းစပ် သုံးနိုင်အောင် ဖော်စပ်ထုတ် လုပ်ထားတဲ့ အသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက် အရ သုံးပါ။
အသားအရေ ထိန်းသိမ်းနည်း(၈)စပျစ်ဆီသုံးခြင်း လျှို့ဝှက်ချက် -
အသားအရေ ထိန်းသိမ်း ရေးအတွက် ချွေးပေါက်ကျဉ်းဆေးရည် (Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ် တွေကို ပြန်လည်ပြုပြင် ပေးတာနဲ့ အားဖြည့်တာတွေကို လုပ် ဆောင်ပေးတဲ့ အတွက် အိုမင်းမှုတားဆီ ကြည်အနေနဲ့ အသုံးဝင် ပါတယ်။

ဇွန်
BY GOOD HEALTH

Tuesday 28 May 2013

ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ

  •  ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။ သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။

    လွန်ခဲ့သော (၁)နှစ်ခန့်မှစကာ လည်ချောင်းများနာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးမပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅)လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ အစာမျိုလမ်းကြောင်းကင်ဆာဖြစ်နေသည်ကို သိခဲ့ရကြောင်း ၄င်းကဆိုသည်။ထို့ကြောင့် ရောဂါပျောက်ကင်းသည်အထိ ဆေးကုသမှု ခံယူရန်ဆိုသည့် အချက်သည် ငွေကြေးပမာဏ တတ်နိုင်သည့် အပေါ်တွင်သာ မူတည်နေကြောင်း ကိုမောင်ဝင်းက ပြောသည်။

    အစာမျိုလမ်းကြောင်း ကင်ဆာ ခံစားနေရခြင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု ဆေးစစ်ချက် အဖြေအရ သိလိုက်ရသည့်အချိန်တွင် နှစ်ပေါင်း(၃၀)ကျော် စွဲမြဲစွာစားခဲ့သည့် ကွမ်းယာများကိုသာ အပြစ်တင်နေ မိတော့သည်။

    “အခုတော့ ကွမ်းရဲ့ဆိုးကျိုးတွေကိုခံစားနေရပါပြီ ။ ရောဂါဖြစ်တော့ အလုပ်လည်း မလုပ်နိုင်တော့ဘူး။ မိသားစု တာဝန်တွေလည်း မကျေပွန်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ကိုမောင်ဝင်းက ပြောသည်။ သူ ကျန်းမာရေးကောင်းနေစဉ်က ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး သားသမီး(၅)ယောက်ကို ရှာဖွေကျွေးခဲ့ရကြောင်း ပြောသည်။

    ဦးမောင်ဝင်းအနေဖြင့် လွန်ခဲ့သည့် (၃)လမှစ၍ အလုပ်မလုပ် နိုင်တော့သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် (၉)တန်းကျောင်းသားဖြစ်သည့် သားအကြီးဆုံးမှာ ဖခင်နေရာတွင် ၀င်၍ ဆိုက္ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း သိရှိရသည်။

    “ ကျွန်တော်က အရင်လို မိသားစုအတွက် ရှာမပေးနိုင်တဲ့အပြင် ကျွန်တော့်ကြောင့် မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခု ပိုနေတဲ့အတွက် မိသားစုကိုလည်း အားနာလှပါပြီ။ ကျွန်တော့လို မဖြစ်အောင်လည်း လူတိုင်း ကွမ်းစားတာကို ဆင်ခြင်စေချင်တယ်။ သင်ခန်းစာယူစေချင်တယ် ” ဟုဆိုသည်။

    ရန်ကုန်သွားဆေးတက္ကသိုလ်၏ သုတေသနပြုချက်အရ (၁)နှစ်လျှင် သွားနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားသူ (၉၀၀၀)၀န်းကျင်ရှိပြီး ၄င်းတို့အထဲမှ ခံတွင်းကင်ဆာဖြစ်ပွားသူဦးရေမှာ (၂၅၀)၀န်းကျင်ရှိကြောင်းနှင့် အဆိုပါခံတွင်းကင်ဆာနှင့်ပတ်သက်၍ ဆေးကုသမှုခံယူသူဦးရေမှာ (၂၅)ယောက်ဝန်းကျင်သာ ရှိကြောင်း သိရသည်။

    အရှေ့တောင်အာရှအတွင်း ခံတွင်းကင်ဆာဖြစ်ပွားမှုသုတေသနအဖွဲ့အား တင်ပြရန်အတွက် ရန်ကုန် သွားဆေးတက္ကသိုလ်နှင့် ဆေးသုတေသီများပူးပေါင်း၍ ၂၀၁၁ ခုနှစ်က မြန်မာပြည်တစ်ပြည်လုံး၌ ဆေးရွက်ကြီးနှင့် ဆက်နွယ်နေသည့် ခံတွင်းကင်ဆာသုတေသနများ ပြုလုပ်ခဲ့ကြသည်။

    ကွမ်းစားခြင်းကြောင့် သွားကိုအရောင်ညစ်စေခြင်း၊ ကြွေလွှာပြုန်းတီးစေခြင်း၊ မေးရိုးအဆစ်ရောဂါရခြင်း၊ သွားကျောက်တည်ကာ သွားဖုံးဝေဒနာခံစားရခြင်းတို့အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခံတွင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အသည်းကင်ဆာများအား ဖြစ်ပွားစေပြီး ၄င်းကင်ဆာများ ဖြစ်ပွားပါက အသက်ရှင်နိုင်ခြေမှာ (၆၀)%ထက် မပိုကြောင်း သွားဘက်ဆိုင်ရာဆေးပညာရှင်များကဆိုသည်။

    “ ကွမ်းကို တောက်လျှောက်စားပါများရင် သွားကျင်လာမယ်။ အစပ်မစားနိုင်တာတွေ၊ လျှာထူတာတွေဖြစ်ပြီး အရသာကို ကောင်းကောင်းမခံစားနိုင်တော့ဘူး" ဟု မကွေးမြို့မှ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဦးထွန်းဇော်ကပြောသည်။

    မြန်မာနိုင်ငံ၌ ဆေးရွက်ကြီးကြောင့် ကင်ဆာဖြစ်ပွားနှုန်းမှာ (၇၀%)ခန့်ရှိကာ ကွမ်းယာထဲ၌ ဆေးရွက်ကြီးထည့်၍ စားသုံးသောသူများတွင် သွားနှင့်ပါတ်သက်သော ရောဂါဝေဒနာအား ခံစားရပြီး အဆိုပါသွားနှင့် ပတ်သက်သည့်ရောဂါများခံစားရသူများ၏ လေးပုံတစ်ပုံခန့်သည် ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာဆရာဝန်များက ဆိုသည်။

    "ခံတွင်းသန့်ဆေးနဲ့ ငုံပေးတာတွေ, ကွမ်းချိုးကို ဆေးပေးတဲ့ သီးသန့်သွားဆေးပေးခန်းတွေလိုမျိုး မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်ပါတယ် " ဟုဆက်ပြောသည်။

    လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ ကွမ်းစားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေမရှိသော်လည်း ဆေးရုံများနှင့် စာသင်ကျောင်းအချို့တွင် ကွမ်းမစားရန် သတ်မှတ်ထားခြင်း၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ စွန့်ခြင်းအတွက် ဒဏ်ငွေ(၅၀၀၀)ကျပ်အထိ ပေးဆောင်ရန် ဒဏ်ကြေး သတ်မှတ်ထားခြင်းမျိုးကို ဆေးရုံအုပ်ကြီးများနှင့် ကျောင်းအုပ်ကြီးများမှ အသိပေးနှိုးဆော်ချက်များ ပြုလုပ်ထားကြသည်။

    “အများပြည်သူကလည်း ကွမ်းစားရင် ဒီလိုဖြစ်နိုင်ပါလားဆိုပြီး ဆင်ခြင်မယ်, ကျန်းမာရေးဝန်ကြီးဌာနတို့၊ နိုင်ငံတော်အစိုးရတို့ အနေနဲ့လည်း ပြည်သူတွေကို ကွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ပေးတာတွေ၊ မူဝါဒ ချမှတ်တာတွေ လုပ်ပေးသင့်တယ်” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှ သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက ပြောသည်။

    ပြည်တွင်းစာနယ်ဇင်းတစ်ခုတွင် ၀င်ရောက် လုပ်ကိုင်နေသည့် အသက်(၃၀)အရွယ် ကိုထွန်းထွန်း ဆိုသူကလည်း ပြီးခဲ့သည့်နှစ်အတွင်းက ကွမ်းစားနေစဉ် အသက်ရှုကြပ်ကာတက်သွားခြင်းမျိုး ကိုယ်တွေ့ နှစ်ကြိမ် ကြုံခဲ့ဖူးကြောင်းဆိုသည်။

    “ကွမ်းစားနေတုန်း လည်ချောင်းထဲမှာ ကွမ်းဖတ်ဆို့ပြီး တက်သွားတာ၊ဘေးနားမှာလူရှိနေလို့ တော်သေးတယ်။ လူသာမရှိရင် အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်” ဟု ၄င်းကဆိုသည်။

    ကွမ်းစားသောယဉ်ကျေးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀၀)ခန့်မှ စတင်ခဲ့ပြီး ကမ္ဘာတ၀ှမ်းလုံးတွင် ခံတွင်းနှင့် စပ်လျဉ်းသော ရောဂါများဖြစ်ပွားနေသူ ခန့်မှန်းခြေဦးရေမှာ နှစ်စဉ်(၃၉၀,၀၀၀) သို့မဟုတ် (၅၈%) ရှိပြီးအိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှတို့၌ အဓိကဖြစ်ပွားလျက်ရှိကြောင်း၊ ကွမ်းစားများသော နိုင်ငံများတွင် ခံတွင်း၊လည်ချောင်းနှင့်အစာပြွန်ကင်ဆာ ရောဂါများဖြစ်နှုန်း မြင့်မားကြောင်း၊ အပြည်ပြည် ဆိုင်ရာကင်ဆာသုတေသနအဖွဲ့(IARC) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    မြန်မာနိုင်ငံတွင်မူ ကွမ်းကိုဆေးအဖြစ်သုံးခြင်းနှင့် ကွမ်းစားခြင်းဓလေ့ စတင်ပေါ်ပေါက်ခဲ့ သည်နှင့်ပတ်သက်၍ “ မြန်မာအစတကောင်းက" ဟု ဆိုရိုးရှိခဲ့သည့်အတိုင်း တကောင်းခေတ်ဦးအချိန်က တကောင်းမင်းများ လက်ထက်တွင် ကွမ်းစားခြင်းအလေ့အထရှိခဲ့ကာ အိန္ဒိယနိုင်ငံမှ အစ ပြု၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြောင်းကို ဆရာကြီးဒဂုန်နတ်ရှင်၏ " မြန်မာ့ရိုးရာကွမ်းဓလေ့ " စာအုပ်တွင် ရေးသား ဖော်ပြထားသည်။

    ကွမ်းရွက်ကြီးသည် ဆေးဖက်ဝင် အရွက်အမျိုးအစားထဲ၌ ပါရှိသော်လည်း ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် အမွှေးအကြိုင်များတွင် နိုက်ထရိုစမင်း၊ အလ်ကာလွိုက်နှင့် ပိုလီဖီနောဓါတ်များ အပါအ၀င် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်းအမျိုး(၃၀)ခန့် ပါဝင်သောကြောင့် ထုံးမှ ခံတွင်းသားများကို လောင်စေကာ ထိုမှတဆင့် ကင်ဆာဖြစ်စေသောဓါတ်များ အထဲစိမ့်ဝင်နိုင်အောင် အားပေးလျက်ရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်များက ဆိုသည်။

Sunday 26 May 2013

ခါးနာ ဒူးနာ မခက်ပါ

 Photo: ခါးနာ ဒူးနာ မခက်ပါ
Sunday, May 26, 2013

ခါးနာ ဒူးနာ ဖြစ်ခဲ့သော်

ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊

ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊
ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး-------တရာအထိ ရေတွက်ပါ။
ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။

ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊
၎င်းဘဲဥကို ကုန်အောင် စားသုံးရမည်။

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလေုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။

ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

အိမ်သူ Facebook
ခါးနာ ဒူးနာ ဖြစ်ခဲ့သော် ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊
ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတ်ရမည်၊
ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး--တရာအထိ ရေတွက်ပါ။
ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။

ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊၄င်းဘဲဥကို ကုန်အောင် စားသုံးရမည်။

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလေုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။

ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

အိမ်သူ Facebook

မုန်လာဥနီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

-ဘီတယ်ကယ်ရိုတင်း၊ ဖိုင်ဘာအမျှင်၊ Anti Oxidant, Vitamin A, C, K နှင့် Potassium ကြွယ်ဝစွာ ပါဝင်သည်။

-တစ်ရက်လျှင် 1.7 to 2.7 mg ဘီတာ ကယ်ရိုတင်းကို စားပါက ကင်ဆာ အများစု၊ အထူးသဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ၄၀% လျော့ပါးစေသည်။ မုန်လာဥနီ၌ ပါသော ဖိုင်ဘာက အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို ၂၄% လျော့စေသည်။ မုန်လာဥနီ အစိမ်းစားသူ မိန်းမများသည် မစားသော မိန်းမများထက် ရင်သားကင်ဆာဖြစ်ပွားမှုကို ၅ဆမှ ၈ ဆအထိ လျော့ပါးစေနိုင်သည်။

-တစ်ရက်လျှင် မုန်လာဥနီ (၇)အောင်စနှင့် (၃)ပတ်စားပါက Cholesterol ကို ၁၁% လျော့စေသည်။

-Heart Attack ရခြင်းမှ ကာကွယ်ပေးသည်။

Read Mroe == > http://myawady.com.mm/health/knowledge/item/11043-2013-04-07-14-10-05
Photo: မုန်လာဥနီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ 
************************************
-ဘီတယ်ကယ်ရိုတင်း၊ ဖိုင်ဘာအမျှင်၊ Anti Oxidant, Vitamin A, C, K နှင့် Potassium ကြွယ်ဝစွာ ပါဝင်သည်။

-တစ်ရက်လျှင် 1.7 to 2.7 mg ဘီတာ ကယ်ရိုတင်းကို စားပါက ကင်ဆာ အများစု၊ အထူးသဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ၄၀% လျော့ပါးစေသည်။ မုန်လာဥနီ၌ ပါသော ဖိုင်ဘာက အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို ၂၄% လျော့စေသည်။ မုန်လာဥနီ အစိမ်းစားသူ မိန်းမများသည် မစားသော မိန်းမများထက် ရင်သားကင်ဆာဖြစ်ပွားမှုကို ၅ဆမှ ၈ ဆအထိ လျော့ပါးစေနိုင်သည်။

-တစ်ရက်လျှင် မုန်လာဥနီ (၇)အောင်စနှင့် (၃)ပတ်စားပါက Cholesterol ကို ၁၁% လျော့စေသည်။

-Heart Attack ရခြင်းမှ ကာကွယ်ပေးသည်။

Read Mroe == > http://myawady.com.mm/health/knowledge/item/11043-2013-04-07-14-10-05

Friday 17 May 2013

ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော်

ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!!
ငါးမိနစ်အတွင်း ပဲ.... မင်း ခေါင်းကိုက်တာ သက်သာ သွားမှာ
နှာခေါင်းမှာ ဘယ်ဘက်ခြမ်း နဲ့ ညာဘက်ခြမ်းဆိုတာ ရှိပါတယ်
ကျွန်တော်တို့ က နှစ်ခု စလုံးကို အသက်ရှုသွင်းဖို့ နဲ့ ရှုထုတ်ဖို့ သုံးရပါတယ်
အမှန်တကယ်မှာတော့ .... သူတို့ က မတူကွဲပြားကြပါတယ်
သူတို့ ရဲ့ မတူညီကွဲပြားမှုတွေ ကို မင်း ခံစားနိုင်ပါလိမ့်မယ်

နှာခေါင်း ညာဘက်ပေါက် က နေ(sun) ကို ကိုယ်စားပြုပါတယ်
နှာခေါင်း ဘယ်ဘက်ပေါက် က လ(moon) ကို ကိုယ်စားပြုပါတယ်

ခေါင်းကိုက်နေစဉ်မှာ ...
ညာဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ဘယ်ဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ငါးမိနစ်ကြာ တဲ့ အခါ .... မင်း ခေါင်းကိုက် သက်သာတာကို တွေ့ ရပါလိမ့်မယ်

မင်း ပင်ပန်းနွမ်းနယ် တဲ့အခါမျိုးမှာတော့ ... ဒီ နည်းကို ပြောင်းပြန် သုံးကြည့်လိုက် ရုံပါပဲ...
ဘယ်ဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ညာဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ခဏ အကြာမှာ ..... မင်းစိတ်က Refresh တစ်ဖန် ပြန်လန်းဆန်း လာတာကို မင်း ...ခံစားရပါလိမ့်မယ်

နှာခေါင်း ညာဘက်ခြမ်းက အပူ နဲ့ သက်ဆိုင်ပါတယ် .... ဒါ့ကြောင့် အလွယ်တကူ အပူချိန်တက် နိုင်ပါတယ်
ဘယ်ဘက်ခြမ်းက အအေး နဲ့ သက်ဆိုင်ပါတယ်

အမျိုးသမီး အများစုက ဘယ်ဘက်နှာခေါင်း နဲ့  အသက်ရှုထုတ်လုပ်တာ များပါတယ်
ဒါ့ကြောင့် သူတို့ တွေ က အပူချိန်ကျ တာ၊ အေးကိုင်းတာ မြန်ပါတယ်
အမျိုးသား အများစုကတော့ အလုပ်လုပ်နေ စဉ်တွေ မှာ ....ညာဘက် နှာခေါင်း နဲ့ အသက်ရှုတာများပါတယ်

မင်းဒါကို သတိထားမိသလား ???? မင်း အိပ်ရာက နိုးလာရင်.... နှာခေါင်း ဘယ်ဘက်ခြမ်း နဲ့ အသက်ရှု ရတာ ပိုကောင်းသလဲ ?
ဘယ် လား ? ညာ လား ?

အကယ်လို့  ဘယ်ဘက်က ရှုရတာ ပို သက်တောင့်သက်သာ ရှိနေပြီး မင်းဟာ ပင်ပန်းနေ တယ်ဆိုပါတော့
ဒါဆိုရင် ..... မင်းရဲ့ ဘယ်နှာခေါင်း ကို ပိတ်ပြီး .... ညာ ဘက် နှာခေါင်း နဲ့  အသက် ရှုလိုက်ပါ
မင်း လျှင်မြန်စွာ လန်းဆန်း လာပါ လိမ့်မယ် ( ဒါက အိပ်ရာ ထထ ချင်း မလန်း မဆန်း ဖြစ်နေ တဲ့ သူတွေ အတွက် သင့်လျော်ပါ လိမ့်မယ် )

မင်း အဆက်မပြတ် ခေါင်းကိုက်တာတွေ ကို ခံစားဖူးလား ?
ဒီ အသက်ရှု ကုထုံး နဲ့  ကြိုးစားကြည့်လိုက် စမ်းပါ !!!!!!

ညာ နှာခေါင်းကို ပိတ်.... ဘယ် နှာခေါင်းနဲ့ ရှု
မင်းခေါင်းကိုက်တာ သက်သာသွား လိမ့်မယ်
ဒီ လေ့ ကျင့်ခန်းကို တစ်လ လောက် စွဲလုပ်ကြည့်ပါ

ဘာလို့  မလုပ်နိုင်ရမှာ လဲ ?
ဒါ သဘာဝ ကုထုံးလေ .... ဆေးဝါးကုသမှုတွေ မှ မပါတာ .... !!!!!!

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Credit to စိတ်ကူးပျော်ရာ

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ်လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အ မည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံ တောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့ နောက်ရေဖြင့်ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။
မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့ မိန်းကလေးတွေနဲ့ ဘောင်းဘီတို ဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင် ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းက မည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
 
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
 
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
 
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ်လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အ မည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
 
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံ တောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့ နောက်ရေဖြင့်ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။

Tuesday 14 May 2013

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း 

အခုနည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။

နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀)

ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

အဖြူရောင်မီဒီယာ

Monday 6 May 2013

စိတ်ဆင်းရဲရင် လိုက်နာဖို့ နည်း၎ မျိုး

စိတ်ဆင်းရဲရင် လိုက်နာဖို့နည်း (၄) မျိုး 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။
စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။

--- စိတ်ညစ်တာ
---- ထိတ်လန့်တာ
---- စိုးရိမ်ကြောင့်ကြတာ
---- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။

မရပ်လို့ကတော့ စိတ်ညစ်တာကပဲ ပတ်ချာလည်နေမှာပဲ။
အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့..........

---- တည်ငြိမ်တာ
---- သတ္တိရှိတာ
---- ဇွဲရှိတာ
---- ပျော်ရွှင်တာတွေ ဖြစ်တယ်။

စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။

ပထမဆုံးနည်းတစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာသဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။

အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။ ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။ ပေါင်းသင်းဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်သွားတော့တယ်။

အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။
စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။ ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ ဖြစ်တယ်။

ဒုတိယနည်းကတော့ ....
=============

ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။ ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။

အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ် အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။

အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။
အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။

အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။
မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။

တတိယနည်းကတော့
============

ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲတာပါပဲ။
စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

စတုတ္ထအချက်က.....
============

(က) စိတ်တည်ငြိမ်စွာ ထားပါ။
(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။
(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။
(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။
(င) ပျော်ပျော်ရွှင်ရွှင်နေပါ။
(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။

စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို သတိထားရမယ်။
သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

သော်တာမောင်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to စိတ်ကူးပျော်ရာ
စိတ်ဆင်းရဲရင် လိုက်နာဖို့နည်း (၄) မျိုး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။

Thursday 2 May 2013

သွားကိုက်ခြင်းကိုကုသပေးမယ့်အိမ်တွင်းကုထုံးများ

သွားကိုက်ခြင်းကိုကုသပေးမယ့်အိမ်တွင်းကုထုံးများ

ပထမနည်း

လက်မနဲ့လက်ညှိုးကြားနေရာကို ရေခဲတုံးနဲ့ ၅မိနစ်ကနေ ၇ မိနစ် လောက်ပွတ်ပေးရပါမယ်။အာရုံကြောတွေလှုံ့ဆော်ပေးပြီး ဝေဒနာသက်သာပါလိမ့်မယ်။

ဒုတိယနည်း

ကြက်သွန်ဖြူတစ်မွှာကိုဆားဖြူးပြီးကိုက်နေတဲ့သွားမှာကပ်ထားပါ။ဒါမှမဟုတ် ကြက်သွန်ဖြူတစ်မွှာကိုနေ့စဉ်ဝါးစားခြင်းဖြင့်သွားကိုက်ခြင်းမှကင်းဝေးပါတယ်။

တတိယနည်း

အာလူးတစ်စိတ်လောက်လှီးပြီးကိုက်နေတဲ့သွားပေါ် ၁၅ မိနစ်လောက်ထားလိုက်ရင်လည်းသွားကိုက်ပျောက်စေပါတယ်။

ဒီနည်းများဟာရုတ်တရက်သွားကိုက်စဉ်ယာယီနာကျင်မှုလျော့ပါးစေရန်သာဖြစ်ပြီးဆိုးရွားပါကဆရာဝန်နှင့်သာတိုင်ပင်ကုသသင့်ပါတယ်။

 https://www.facebook.com/photo.php?fbid=616050665089047&set=a.462509523776496.118224.461892507171531&type=1&theater