အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 30 December 2014

ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ


ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူဟာ ရောဂါ အတော်များများ အတွက် ကောင်းမွန်သော သဘာဝ အစားအစာတစ်မျိုး ဖြစ်ပါ တယ်။ ဒီအထဲကမှ မနက်အိပ်ယာထ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ ကြက်သွန်ဖြူကို စားပေး သင့်ပါတယ်။
လေ့လာမူများ၏ အဆိုအရ အဲလို မနက်ခင်း အိပ်ယာထတဲ့ အခါမှာ စားခြင်းဟာ ပိုမိုပြီးဆေးစွမ်းထက် တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းထဲမှာ အစာမရှိတဲ့ အခါမှာ မကောင်းတဲ့ ဗက်တီးရီးယား ပိုးမွှားများကိုအလွယ်တကူ တိုက်ခိုက်ဖယ်ရှားပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါ တွေကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ခုခံအားကျဆင်းမူ ရောဂါများ၊ အာရုံကြောနဲ့ ပက်သက်သော ရောဂါများ၊ အသည်း၊ဆီးအိမ် စတာတွေအပြင် သွေးလည်ပတ်မူ ကိုလည်း ကြက်သွန်ဖြူက ကောင်းမွန်စေ နိုင်ပါတယ်။ အစာအိမ် အချဉ် ပေါက်ခြင်းကြောင့် စိတ်ပူသူတွေ အတွက်လည်းကြက်သွန်ဖြူက အကောင်းဆုံး ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ဒါ့ကြောင့် နေ့စဉ် ကြက်သွန်ဖြူကို စားပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက် အကူ ဖြစ်စေမှာ ဖြစ်ပြီး စားသင့်တဲ့ ပမာဏကတော့ အတိအကျ မလိုအပ်ပါဘူး။
Ref - Health Digest
ကျော်လင်းနိုင် (ရိုးရာလေး)

Monday 29 December 2014

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ
(၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြားအနည်းငယ်ဖြင့်၎င်း၊ ပျားရည်အနည်းငယ်ဖြင့် ၄င်း စားပေးပါက ခန္ဓာကိုယ်ထဲမှ အဆိပ်တောက်များကို ပြေစေပါတယ်။
(၂) ဖလံတောင်ဝှေးကိုဟာလည်း အဆိပ်ကို ပြေစေပါတယ်။ အထူးသဖြင့် ငသိုင်းနှင့် ချက်စားပါက ပိုမိုဆေးဖက်ဝင်စေပါတယ်။
(၃) မုန်လာထုပ်ကို ဟင်းချိုလုပ်၍ တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါက ကိုယ်တွင်းမှ အဆိပ်များကို ပြေစေ၍ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၄) ထောပတ်သီးဟာ အသည်းနှင့် နှလုံးတို့ကို သန့် စင်ပေးနိုင်တာကြောင့် မကြာခဏ စားပေးနိုင်ပါတယ်။
(၅) ကညွတ်ဥဟာ အဆိပ်ကို နိုင်ပါတယ်။ အထူးသဖြင့် နွားနို့ နဲ့ ကြိုသောက်ပေးပါက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန် အထောက်အကူပေးပါတယ်။
(၆) ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါရှိနေတာကြောင့် ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာနှင့် အမျိုးသားများ ဆီးကျိတ်ကင်ဆာတို့ ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ( ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကိုက်လံ တို့ ကိုလည်း စားပေးနိုင်ပါတယ်)
(၇) ရွက်စားမုန်လာရွက်များဟာ သည်းခြေရည်(အက်ဆစ်)ကို တိုးပွားစေပါတယ်။ ထို့အပြင် ခန္ဓာ ကိုယ်ထဲရှိ အဆီမော်လီကျူးများကို စုပ်ယူ၍မ ကောင်းတဲ့ အဆိပ်အတောက်တွေကို ကျင်ကြီးကျင်ငယ်အဖြစ် သန့်စင်ပေးပါတယ်။
(၈) လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့  စဉ်သောက်သုံးပါက ဆီးရွှင်စေတဲ့အပြင်၊ ရင်ပြည့်ရင်ကယ်၊ ဗိုက်ပွခြင်း ဝေဒနာတွေ ကိုပါ သက်သာလျော့ပါးစေနိုင်ပါတယ်။
(၉) သံပုရာသီးဟာ ဆစ်ထရစ်အက်ဆစ်ကြွယ်ဝနေသည့်အတွက် အဆိပ်အတောက်များ ကို ပြေပျောက်စေ ပါတယ်။ နေ့ စဉ် သံပုရာရည်ကို သကြားနဲ့ ဖျော်သောက်ပေးနိုင်ပါတယ်။ သို့သော် တစ်နေ့ကို သံပုရာသီး ၃ လုံးထက် မပိုရပါ။
(၁၀) မုန်လာဥနီအလုံး(သကြားမုန်လာ) ထဲမှာ Betalains လို့ ခေါ်တဲ့ သဘာဝသွေးနီရောင် ဆိုးဆေးတွေ ပါဝင်ခြင်းကြောင့် ရောင်ရမ်းနာခြင်းများကို သက်သာစေပါတယ်။ အသည်းထဲမှ ဆဲလ်တွေကိုလည်း ကောင်း စွာ တည်ဆောက်ပေးပြီး အဆိပ်အတောက်များကိုလည်း ပြေစေပါတယ်။
စောနွဲ့ နေဆိုင်(ပူတာအို)
K.K(ကနောင်)

Sunday 28 December 2014

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ ကုထုံး

ထိုင်းနိုင်ငံမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို အာမခံနဲ့ ကုသပေးနေတဲ့ အရမ်းကိုတော်တယ်လို့ နာမည်ကြီးနေတဲ့ အထူးကု သမားတော်ကြီးတစ်ယောက်ရှိ ပါတယ်၊ မြန်မာလူမျိုးတွေကတော့ သူ့ကို ဒေါက်တာ ဟူစိန်လို့ ခေါ်ကြတယ်၊ အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သတ်လာရင် ကင်ဆာအပါအဝင် ဘယ်သူမှလက်မခံတော့တဲ့ လူနာတွေကို သူက အာမခံပြီး ကုသပေးပါတယ်၊ သာမန်လောက်ကတော့ သူ့ဆေး စား ၁ ပတ်ပါပဲ၊ နည်းနည်းလေး ပြင်းလာရင် ၁ လ၊ ကင်ဆာနဲ့ ရောဂါအပြင်းစားတွေဆိုရင် ၃ လ ၅ လ နဲ့ အမြစ်ပြတ် ကုပေးပါတယ်၊ ရောဂါအပေါ်မူတည်ပြီး သူပေးတဲ့ ဆေးကလဲ ကွာပါတယ်၊ အပြာရောင်၊ အနီရောင်တို့ကတော့ သာမန်လောက်ရောဂါ ပေါ့၊ ရွှေရောင်ကတော့ ရောဂါ ပြင်းတဲ့ လူတွေကိုပေး ပါတယ်၊ ကုသစရိတ်ကလည်း တော်တော်ပေးရပါတယ်၊ မြဝတီမြို့က အချစ်ဆုံး သူငယ်ချင်း တွေရဲ့ ကျေးဇူးနဲ့ ဒေါက်တာ ဟူစိန် ရဲ့ ဆေး ၁ လစာ ကျနော် ရခဲ့ပါတယ်၊ ရောဂါတွေ မြန်မြန်ပျောက်ပြီး မြန်မြန်ပြန်နေကောင်း စေချင်တဲ့ သူတို့ရဲ့စေတနာကို အများကြီးလေးစားခဲ့ရပါတယ်၊ ခုလို ခက်ခက်ခဲခဲ ရအောင်ချိတ်ဆက်ပြီး ဆေးရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးကိုလည်း ဘယ်လိုမှ မေ့နိုင်မှာမဟုတ်တော့ပါဘူး၊ ၁ လစာတောင်ဆိုတော့ အနည်းဆုံး ဘတ် ၃ သောင်းလောက်တော့ ပေးရပါတယ်၊
ဒီဆေးတွေကို ကိုင်ကြည့်ရင်း ကျနော် တစ်ခုစဉ်းစားမိခဲ့ပါတယ်၊ ဘာတွေနဲ့များ ဖော်စပ်ထားလို့ ဒီလောက်စွမ်းရတာလဲ ဈေးကြီးရတာလဲလို့ပေါ့၊ ကျနော့်အတွက်ဆိုပြီးရထားတဲ့ဆေးက. Capsule ရွှေရောင်လေးပါ၊ ကျနော် ဆေးတစ်တောင့် ဖောက်ကြည့်ခဲ့မိပါတယ်၊ ဒီ capsule လေးထဲမှာ ဘာတွေများပါမယ်လို့ ထင်မိကြပါသလဲဗျာ ......
အခုဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါပြီ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော် အစာအိမ် မှန်ပြောင်းကြည့်တော့မယ်ဆိုရင် လူလေး ဆယ်ယောက်လောက်ပဲ ရှိပါတယ်၊ အခုဆို ရာဂဏာန်းလောက်ကို စောင့်နေရပါတယ်၊ အပြင်အထူးကုဆေးခန်းကြီးတွေမှာ ဆိုရင်လဲ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် သီးသန့်တောင် ထပ်တိုးချဲ့ထားကြရပါတယ်၊
ပြောပြချင်တာကတော့ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကို့မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ်၊ အသိဆွေမျိုးထဲကပဲဖြစ်ဖြစ် ဒီရောဂါဝေဒနာမျိုးခံစားနေရတဲ့ သူတွေအတွက် ဆေးကောင်းတစ်လက် လမ်းညွှန်ပေးချင်လို့ပါ၊ ကျနော် စောစောကပြောပြခဲ့တာလေး .ပြန်ဆက်ရရင်တော့ capsule လေးထဲမှာ တွေ့ခဲ့ရတာက နနွင်းမှုန့်တွေ ဆိုတာပါပဲ၊ နနွင်းမှုန့်စစ်စစ်ကို capsule လေးအုပ်ထားတာပါ၊
မြန်မာ့ဆေးကျမ်းတွေမှာ ပြန်ရှာဖတ်ကြည့်တော့ နနွင်းမှုန့်ဟာ အနာရောဂါမှန်သမျှနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကရောဂါတွေအတွက် အထူးအစွမ်းထက်ကြောင်းဖော်ပြထားပါတယ်၊ အခုဆို အမေရိကန်နိုင်ငံမှာ ကင်ဆာအတွက် ဆေးဖော်စပ်ဖို့ စမ်းသပ်တာအောင်မြင်ခဲ့တဲ့ နနွင်းမှုန့်နဲ့ ဆေးဖော်နေပါပြီ၊ ကရင်ပြည်နယ် အစွန်အဖျား တောထဲတောင်ထဲတွေအထိ ကုန်သည်တွေ နနွင်းမှုန့်အစစ် လိုက်ရှာဝယ်ပြီး ထိုင်းဈေးကွက်ကတဆင့် အမေရိကန်ကို ပို့နေကြပါတယ်၊ နနွင်းအစစ်တောင် တော်တော်ရှာဝယ်နေရပါတယ်၊
မြန်မာ့ဆေးကျမ်းထဲမှာတော့ တနေ့ လက်ဖက်စားဇွန်းနဲ့ ရောဂါပြင်းရင် ၃ ဇွန်းစားခိုင်းပါတယ်၊ ကျနော်ကတော့ ထမင်းစားဇွန်းနဲ့ တနေ့ ၅ ကြိမ် သောက်နေပါတယ်၊ စ သောက်ခါစမှာတော့ မြိုချရတာ တော်တော်အခက်အခဲ ဖြစ်ရပါတယ်၊ ဗိုက်ထဲရောက်သွားပြန်တော့လဲ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ရှိတဲ့အနာ တွေက စပ်လိုက်တာ အတော်ကလေးခံရပါတယ်၊ မျက်စိတွေပြာ နားထဲကလေတွေထွက်ပြီး လူလဲ မလှုပ်နိုင်တော့ပါဘူး၊ ဆေးတစ်ဇွန်း ထပ်သောက်ဖို့တောင် လန့်နေမိပါတယ်၊ ရောဂါပျောက်ချင်လို့သာ ကြိတ်မှိတ်သောက်ခဲ့ရတာပါ၊ စပ်တာက ဘာနဲ့တူသလဲဆိုတော့ အနာတစ်ခု၊ ဓားရှမိတာမျိုးပေါ့ အဲ့ဒီအပေါ်. ဘရိတ်ဆီထည့်လိုက်သလိုပါပဲ၊ ဗိုက်ထဲမှာဆိုတော့လဲ ပိုဆိုးတာပေါ့ဗျာ၊ အခုဆိုရင် ဆေးသောက်ခဲ့တာ ၄ ရက်မြောက်ပါပြီ၊ လူက အရင်ကလို မဟုတ်တော့ပဲ နေလို့အများကြီးသက်သာနေပါတယ်၊ ၃ နှစ်လောက်နီးပါး ဗိုက်ထဲမှာ မီးဖုတ်ထားတဲ့ သံလုံးကြီး မြိုထားရသလို အမြဲ ပူလောင်တဲ့ ဝေဒနာဆိုးကြီး ခံစားနေရတဲ့ ဝဋ်ဒုက္ခဆိုးတစ်ခုကတော့ လွတ်မြောက်ခဲ့ရပါပြီ၊ သိသာပါတယ် တော်တော်လေးကို နေရထိုင်ရတာ သက်သာပါတယ်၊ အခုဆိုရင် နီးစပ်ရာ လက်လှမ်းမီသမျှကို ကျနော် နနွင်းမှုန့်အကြောင်း လိုက်ပြောပြပေးနေပါတယ်၊ မြို့ထဲက. အဒေါ်ကြီးတစ်ယောက်ဆိုရင်လဲ ထမင်းစားလိုက်တာနဲ့ ဗိုက်ချက်ချင်းအောင့်ပြီး အောက်ကနေ ထမင်းအစေ့လိုက်ပြန်ပြန်ထွက်နေတာ သိရတော့ ကျနော်ခံစားရတာတွေ သွားရှင်းပြပြီး သူ့ကို နနွင်းမှုန့်အစစ် နည်းနည်း စမ်းသောက်ဖို့ပေးထားခဲ့ပါတယ်၊ သူသောက်တာ ဘယ်လိုနေသလဲ သွားမေးကြည့်တော့ သူက ကျနော့်လိုတော့ သောက်လိုက်ရင် မစပ်ပါဘူး၊ အရင်ကထက်စာရင်တော့ နေရတာ အများကြီး သက်သာလို့ ကျနော့်ကို ကျေးဇူးတွေတင်နေပါတယ်၊ ဒီတော့ ပြောပြနိုင်တာတစ်ခုကတော့ အစာအိမ်ထဲမှာ အနာရှိတဲ့ သူတွေမှသာ ကျနော့်လို စပ်တဲ့ဝေဒနာ ခံစားရမှာပါ၊ ရောဂါနုသေးတဲ့သူတွေအတွက်တော့ အစာအိမ်ဆေးကြောလိုက်သလို သန့်ပေးရုံပဲရှိမှာပါပဲ၊ သောက်ဖို့ကို မကြောက်စေချင်ပါဘူး၊
အစာအိမ်နံရံ ၃လွှာစလုံး ပါးနေပြီး အထဲမှာ အနာတွေနဲ့ ပြည့်နေခဲ့တဲ့ လူတစ်ယောက်၊ အချိန်မရွေး အစာအိမ်နံရံပေါက်ထွက်နိုင်တယ်ဆိုလို့ ဘာအစာအမာမှ မစားရတဲ့ သူတစ်ယောက်၊ ညဖက်တွေမှာ ဗိုက်ထဲကပူပြီး အောင့်လွန်းလို့ မအိပ်နိုင်ခဲ့တဲ့ လူတစ်ယောက် ၊ ၂၄ နာရီ ဗိုက်ထဲမှာ ပူလောင်မှုဝေဒနာ ခံစားနေရတဲ့ သူတစ်ယောက် ... ဟောအခုတော့ သူခံစားနေရတဲ့ဝေဒနာတွေ သိသိသာသာကို သက်သာနေပါပြီ၊ ကျနော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေရှိခဲ့ရင် ကိုယ်ချင်းစာပြီး သူတို့ကို သက်သာစေချင်ပါတယ်၊ ကျေးဇူးပြုပြီး ရောဂါခံစားနေရတဲ့သူတွေရှိရင် နနွင်းမှုန့်သောက်ဖို့အကြောင်းလေး လက်လှမ်းမှီသမျှ ပြောပြပေးစေချင်ပါတယ်၊
ထိုင်းနိုင်ငံက သမားတော်ကြီးနဲ့ ပြပြီး ကုသရင်လဲ ရောဂါပျောက်ပါလိမ့်မယ်၊ ဒါပေမယ့် ကုသစရိတ်က အနည်းဆုံး ၁၆ သိန်းကနေ သိန်း ၃၀ အထက်တော့ ကုန်ကျမှာပါ၊ ပိုက်ဆံတွေကုန်ပြီး ရမယ့်ဆေးကလဲ ဒီ နနွင်းမှုန့်လေးပါပဲ၊
မိမိအစီအစဉ်နဲ့ မိမိပဲ နနွင်းမှုန့်စစ်စစ်ကိုသာ ရှာဖွေ သောက်သုံးကြည့်ကြပါလို့ အကြံပြုပါရစေ
 https://www.facebook.com/tharr.naung/posts/1540688846206418 မှကူးယူဖေါ်ပြပါသည်။

Friday 26 December 2014

ခြောက်ပြစ်ကင်း “ထောပတ်သီး”


ခြောက်ပြစ်ကင်း “ထောပတ်သီး”
အရေးအကြောင်းမပေါ်စေတဲ့ လျိုဝှက်နည်းက ထောပတ်သီးနဲ့ အသားရေအစိုဓာတ် ထိန်းသိမ်းနိုင်တာပါ. ၂၀ ကျော် ပျိုမေတွေအတွက် နုနယ်ပျိုရွယ်နေစေဖို့ ထောပတ်သီးနဲ့ အလှပထိန်သိမ်း နည်းလေး ပေး လိုက်ပြီနော်..ထောပတ်သီးမှာကတော့ ဗီတာမင် အားဖြင့် အေ၊ ဒီ၊ အီး တို့ ပါဝင်ပါတယ်..
(၁) ထောပတ်သီးမရိုးနိစ် ပေါင်းဆေး ပြုလုပ်ပြီး ဆံကေသာ အလှကို ပေါ်လွင်စေမယ်
အဆီအနှစ်အပြည့်ပါတဲ့ မရိုးနိစ်တစ်ပုလင်းနဲ့ ထောပတ်သီး တစ်ဝက်ကို သေချာရောစပ်ပြီး ဆံပင်အရင်ကနေ အဖျားအထိ သုတ်လိမ်းပါ။ မိနစ် ၂၀ ကြာရင်တော့ ရေ စင်အောင်ဆေးလိုက်ယုံပါပဲ..
ဆံသားနက်မှောင်ပြီး ရှည်မြန်လာပါလိမ့်မယ်.. ဦးရေပြား ခြောက်သွေ့ခြင်းနဲ့ ဆံသား တောက်ပြောင်ခြင်း အရှည်မြန်ခြင်းကို တက်ရောက်မှု ရှိတယ်လို့ လက်ရှိသုံးစွဲသူ တစ်ယောက်က ဆိုပါတယ်..
(၂) အသားအရေတွေ ကြမ်းနေတာရော ချောမွေ့ချင်သေးလား
ထောပတ်သီး ကိုပဲ အသုံးပြုလိုက်ပါ..ထောပတ်သီးမှာ ပါဝင်တဲ့ အဆီက အရေပြားရဲ့အပြင်ဆုံးအလွှာမှာရှိတဲ့ ဆဲလ်တွေအကြား ချောမွတ်စေပြီး အရေပြား ကြည်လင်လှပစေပါတယ်.. အသုံးပြုပုံကတော့ . ထောပတ်သီးအနှစ်နဲ့ အရေပြားပေါ်မှာ ပွတ်ထားရပါမယ်..၁၀-၁၅မိနစ်လောက်ထားလိုက်ပြီးမှ ရေဆေး ချပါ။ထောပတ်သီးက အရေပြား အစိုဓာတ်ကို ထိန်းထားပေးပါတယ်.. အရေးအကြောင်းတွေ ကို ပြေလျှော့ ပြီး ချောမွတ်တင်းရင်း နေစေပါလိမ့်မယ်…
(၃) ကိုယ်ခန္ဓာ သွယ်လျလှပ ချင်တယ်ဆိုရင်
ထောပတ်သီးက အဆီဓာတ် များတဲ့အတွက် အဆီကျစေဖို့အတွက် မသင့်တော်ဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်.. ထောပတ်သီးထဲက ဓာတ်တွေဟာ ကျန်းမာရေးအတွက် သင့်တော်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းပေးထားတော့ ဗိုက်မဆာအောင် ဖန်တီးနိုင်ပါတယ်.. တစ်နေ့ကို ထောပတ်သီး တစ်ဝက်စားပြီး တစ်နေကုန် ဗိုက်သိပ်မဆာတော့လို့ အခြားအဆီများတဲ့ အစားအစာတွေ စားတာ လျောနည်းသွားပါတယ်..ဒီလိုနည်းနဲ့ ဝမ်းဗိုက်အဆီသားကို လျော့ချနိုင်ပါပြီ..
‪#‎Yangonlife‬ ‪#‎SocialInterest‬ ‪#‎FruitCare‬
စုစည်းတင်ပြသူ - LILY

Thursday 25 December 2014

ပျားသံပရာလုပ်နည်း



"ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ်စရာမလိုအစားရှောင်စရာမလိုပဲ ကျစေတဲ့ ပျားသံပရာလုပ်နည်း "
ကျွန်တော့ အလုပ်က အထိုင်များတယ် အားကစားလဲ သိပ်မလုပ်ဖြစ်လို့မ၀ပေမယ့် ဗိုက်မှာအဆီတွေ များနေတယ် အဲ့ဒါကြောင့် အွန်လိုင်းမှာရောတီဗီမှာလာတဲ့ ကျန်းမာရေး အစီစဉ်တွေကနေ ဆရာဝန်တွေ ခဏခဏ ညွှန်းတဲ့ အဆီကျတဲ့ နံမည်ကြီး ပျားသံပရာကိုစသောက်ဖို့ ဒီနေ့ပဲဆုံးဖြတ်လိုက်ပါတယ် လုပ်နည်း အဆင့်ဆင့် ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် .....
(၁) ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပျားရည်အစစ် (ကျွန်တော်ကတော့City Mart က စစ်တယ်လို့ပြောလို့ City Mart ကနေ သဘာဝပျားရည်တစ်ဘူးဝယ်လာပါတယ်)၊ သံပရာသီး ၁၅ လုံး (ကျွန်တော်ကတော့ ၁၀ လုံးပဲ သုံးထား ပါတယ်)ဆားအနည်းငယ်၊ ပုလင်းခွံတစ်လုံး ဖြစ်ပါတယ်။
(၂) ပထမဆုံး သံပရာသီးတွေကို အလုံးလိုက် ဆားဖြင့် ပွတ်ပါ၊ ဆားဖြင့်ပွတ်ပြီး၅ မိနစ်ခန့်ထားပါ၊ ပြီးရင် အဆိုပါသံပုရာသီးတွေကို ရေဖြင့်ဆေးလိုက်ပြီးရေခြောက်အောင် ခဏထားပါ။
(၃) ရေခြောက်သွားသော သံပုရာသီးတွေကို အကွင်းအကွင်းလေးတွေလှီးအစေ့ဖယ်ပြီး ပုလင်းခွံ အလွတ်ထဲကို သံပုရာကွင်း တစ်ကွင်းထည့်လိုက်ပျားရည်တစ်စွန်း ထည့်လိုက်နှင့် သံပုရာသီး အကွင်းတွေ ကုန်အောင်ထည့်ပါ။
(၄) ပြီးလျှင် သောက်ရေကို အပေါ်မှ သံပုရာကွင်းတွေ မြှုပ်နေအောင်ထည့်ပြီး ရေခဲသေတ္တာထဲတွင် သုံးရက်ခန့်ထားလိုက်ပါက ပျားသံရာကိုရရှိပြီဖြစ်ပါသည်။
သောက်သုံးနည်း >> မနက်စာ မစားမီ သံပရာသီး တစ်ကွင်းနှင့်ပုလင်းထဲမှ ပျားသံပရာ တစ်စွန်းကို ရေ (သို့မဟုတ်) ရေနွေးဖြင့်တစ်ကြိမ်သောက်ပါ ညအိပ်ခါနည်းလဲ အဆိုပါအတိုင်း တစ်ကြိမ်သောက်ပါ။
ကိုယ့်တွေ သောက်သုံးပြီး အဆီကျတဲ့လူတွေကတော့ အဆိုပါနည်းအတိုင်းသောက်သုံးလိုက်တဲ့အခါ တစ်ပတ် အတွင်းသိသာတယ်လို့ပြောပါတယ်။"သိသူများကျော်သွားပါ မသိသူများဖော်စားပါ တစ်ခြားမသိသူ များ ကိုShare ပေးပါ" ..........
>> Tharr Kong Burma <<

Tuesday 23 December 2014

မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်


မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ
မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကို
မျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
Ref - wellnessbin
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Wednesday 26 November 2014

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ


ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။
ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။
ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။
ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။

--
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Tuesday 18 November 2014

ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။


ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။
====================================
အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ) မှ ဤနည်းကိုပြောပါသည်
အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီး ဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။ ခါတိုင်းလည်းဆီးချိုတက်လျှင် မူးလဲနေကျဖြစ်ပါသည် ။
ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးမှ သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်းအဆင်သင့်ကို ခေါင်းပိုင်းမှဖြတ် ၊ အတွင်းမှအစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။ ၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီး အနည်းငယ်အအေးခံ၍တိုက်ပါသည်။
သင်္ဘောသီးကိုလွှင့်မပစ်ရပါ။ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။ ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင် သွေးယားရောဂါ ၊ အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါအချို့တို့ပါ ပျောက်ကင်းသူများရှိသည်ဟုဆိုပါသည်။အမေသိန်းသည် ဤနည်းကိုယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသောဆီချို မှာ လုံးဝမတက်တော့ဟုဆိုပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍ တင်ပြပါသည်။
=================
ကြည်လွင်မြင့် မုဒြာ


Friday 7 November 2014

ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ


ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ
--------------------------------------------------
ဆံပင်ကျွတ်ခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဗောက်နှင့် ဒက်တို့ကို သဘာဝနည်းဖြင့် ကုသပေးနိုင်ပါတယ်။
ကုသနည်း
(၁) သံပရာရည်တစ်ဇွန်းခန့်ကို အုန်ရည် လေးဇွန်းခန့်ဖြင့် ရောစပ်ပြီး တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးလျှင် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေပါသည်။
(၂) ဦးရေပြား ယားယံခြင်းအတွက် သံပရာသီးတစ်လုံးကို အရည်ညစ်လိုက်ပါ။ ကြက်ဥတစ်လုံးကို ခွဲလိုက်ပြီး အကာ၏ အရည်နှင့် သံပရာရည်ကို ရောစပ်ပြီး မွှေလိုက်ပါ။ ၄င်းရည်ဖြင့် ဆံနွယ်များ၏ အမြစ်မှ လိမ်းပေးပါ။
တစ်နာရီခန့်ကြာပြီးလျှင် ခေါင်းလျှော်ပစ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်နဲ့ တစ်လခန့် လျှော်ပေးလျှင် ဦးရေပြား သန့်ရှင်းသွားပြီး ဗောက်၊ ဒက်တို့ ပျောက်ကင်းသွားပြီး ဦးရေပြားယားယံခြင်းတို့ ကင်းဝေးသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Health Update Journal
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

မုန်လာဥနီ ဖျော်ရည်


မုန်လာဥ ဖျော်ရည်၏ အကျိုးကျေးဇူး ၈ ခု
(၁) ဝိတ်ကျစေနိုင်ပါတယ်။
(၂) အသည်းရောဂါများ အတွက် ကောင်းမွန်ပါတယ်။
(၃) ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) နာ မကျန်းဖြစ်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။
(၅) အသားအရေကိုလည်း ကြည်လင်ဝင်းပ စေမှာဖြစ်ပါတယ်။
(၆) ကိုလက်စရောဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
(၇) ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။
(၈) အရိုးကိုလည်း သန်မာစေနိုင်ပါတယ်။
Ref-healthnew
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Tuesday 4 November 2014

သဘောင်္ရွက်


သဘောင်္ရွက်
****************
 သဘောင်္ရွက်ဟာ ကင်ဆာရောဂါကုသရန် ထိရောက်သော ဆေးတစ်မျိုးဖြစ်ပြီး ပါဝင်သောဒြပ်ပေါင်းများဟာ ကျန်းမာရေးအတွက် အလွန်အသုံးဝင်လှပါတယ်။ သဘောင်္ရွက်မှာ အဟာရဓာတ် အများအပြား ပါဝင်ပါတယ်။ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်စီယမ်၊ ဗီတာမင် ဒီ၊ နောက်ပြီး ဗီတာမင် အီး၊ စသည်တို့ဟာ နည်းမျိုးစုံနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေပါတယ်။ antioxidant လုပ်နိုင်စွမ်းတဲ့အတွက် ကင်ဆင်ဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ cytokines ထုတ်ပေးတဲ့အတွက် ရောဂါဒဏ် ယဉ်ပါးနိုင်မှုကို အားပေးပါတယ်။
 ဒါ့အပြင် သဘောင်္ရွက်ကို စားသုံးခြင်းဖြင့် အစာမကြေခြင်း ၊ ဆီးကျိတ်ရောင်ရောဂါ ၊ ၀က်ခြံပေါက်ခြင်း ၊ သွေးမတိတ်ရောဂါ ၊ မီးယပ်နာရောဂါ ၊ ၀မ်းချုပ်ခြင်း ၊ တုတ်ကွေးကြိးရောဂါ ၊ အရေပြားရောဂါ ၊ ခံတွင်းပျက်ခြင်း ၊ ကြက်မျက်သင့်ရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ များသက်သာပျောက်ကင်းစေနိုင်သည့်အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင် အရွက်တစ်မျိုးဖြစ်ပါတယ်။
Source : Papaya Leaves and Cancer Cells , ကိုဦး (သတ္တဗေဒ)

Monday 3 November 2014

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်




အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိ လိုက်ရုံနဲ့ အိပ်မောကျ သွားတတ်ပါတယ်။ လူအနည်းစု ကတော့ အတွေးတွေ များပြီး တော်တော်နဲ့ အိပ် မပျော်နိုင်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန် အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ် မပျော် နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေဖို့ အောက်ပါ နည်းခြောက်သွယ်ကို ရေးသား လိုက်ရပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
အိပ်ရေးဝဝ အိပ်ပျော်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် နေ့ လယ်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြစ်ပြီး အနည်းဆုံး အိပ်ရာဝင်ချိန်မတိုင်ခင် အချိန် သုံးနာရီလောက်ခြားပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
နံနက်ခင်း နေခြည်နုနုခံပါ
ကိုယ်ခန္ဓာဇီဝ နရီရဲ့ နိုးထမှုနဲ့ ဟန်ချက်ညီ မျှမှုတို့အတွက် မနက်ခင်းမှာ နေခြည်နုနုခံယူပေးပါ။ မနက် ခြောက်နာရီကနေ ရှစ်နာရီကြား နေခြည်နုနုကို ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။
စိတ်ဖိစီးမှု ထိန်းချုပ်ပါ
စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာကြောင့် အဆိုး မြင်အတွေးတွေကို ကင်းစင်စေပြီး အိပ်ရာထဲ ဝင်တာ နဲ့ ခပ်မြန်မြန် အိပ်မောကျစေပါတယ်။
တစ်ရေးအိပ်စက်ပါ
ပင်ပန်းနေရင် တစ်ရေးအိပ်ပါ။ အချိန် ၃၀ မိနစ် အောက်နည်းပြီး တစ်ရေးအိပ်ပါ။
ကျန်းမားရေးနှင့် ညီညွတ်သော အစာ စားပါ
အမေရိကန်လူမျိုးအများစုဟာ ညစာကို များများ စားလေ့ရှိတာကြောင့် အိပ်စက်မှုစနစ် ထိခိုက်နေရ တယ်လို့ သိရပါတယ်။ မနက်စာကို များများစားတာ၊ နေ့လယ်စာကို အသင့်အတင့်စားပြီး ညစာကို နည်း နည်းပဲ စားတာတွေက အကောင်းဆုံး ဖြစ်ပါတယ်။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီ ခြားပြီး စားပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို လျှော့ သောက်ပြီး ညစာမစားခင် အရည် များများသောက်ပါ။
ပုံမှန် အိပ်ချိန်၊ ထချိန် ထားရှိပါ
အိပ်စက်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင် တာနဲ့ နေ့စဉ် အိပ်-နိုးစနစ်ကို တူညီတဲ့အချိန်မှာ ထား ရှိတာကြောင့် ခပ်ကြာကြာ အိပ်မောကျစေပါတယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ကို ဖယ်ရှားပြီး အခန်းအပူချိန်ကို လျှော့ချပါ။
Credit-Good Health

Saturday 25 October 2014

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

 
ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့ လူတွေဆီ ပေးပို့ သင့်ပါတယ် ။
**ဂျွန်ဟော့(ပ်)ကင်း(စ်)မှ**ဖတ်ပါ။ဝေမျှပါ
ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။
ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။
၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်း အနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး ။ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါလူတွေရဲ့ကိုယ်ထဲကကင်ဆာဆဲ(လ်)တွေဟာစစ်ဆေးသိရှိနိုင်တဲ့အရေအတွက် အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။
၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက် အထိ ပေါ်ပေါက်ပါတယ်။
၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။
၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။
၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။
၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကိုပျက်စီးစေ သလို ကောင်း တဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။
၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်အကျိတ်တွေ ကျုံ့သွား တတ် ပါတယ်၊ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွား ပါတယ်၊ အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။
၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့ အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ
ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။
၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကိုဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရ ခက်စေနိုင်ပါတယ်။ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့စေနိုင်ပါတယ်။
၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်တောက်လိုက်ခြင်းပါဘဲ။
(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေး က ပိုကောင်းပါတယ်။စားပွဲတင်ဆားဟာဓာတုပစ္စည်း ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။
(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ ထွက်စေပါတယ် ၊ အထူးသဖြင့်အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။
(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါဝင်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။
(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကိုခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။
၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။
၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။
၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ။
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကိုချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။
(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။
ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။
ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်ပါဘူး လို့ သူကပြောပါတယ်။
အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာ ထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကိုမသုံသင့်ပါဘူး။စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစားစက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။
ကျန်းမာချမ်းသာကျပါစေ
ကြိုးစားပါဉီးမည်
ရတီ

Saturday 18 October 2014

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး


ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး
===================================
 ကက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။
ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့ ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက် အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့ လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။ ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ ဖျက်ဆီးပေးပါတယ်။
ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့ ကင်ဆာဆဲလ်တွေကိုဖြေရှင်းပေးတဲ့ သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့လမ်းကြောင်းတွေကိုလည်း ပြန်လည်အလုပ်လုပ်စေပါတယ်။ နောက်တနည်းပြောရမယ်ဆိုရင် ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။ ဒီအကျိုးသက်ရောက်မှု အတိုင်းအတာဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကင်ဆာရောဂါ ကုသတဲ့ တခြားဓာတုဆေးများထက် များစွာထိရောက်မှုရှိပါတယ်။
==================
Trend Myanmar

Tuesday 14 October 2014

အသားအရည် လှပဖို့ နနွင်းမှုန့်ကို မှီဝဲကြပါစို့



နနွင်းမှုန့်ဟာ အသားအရည်အတွက် အထူးပင် ကောင်းမွန်တဲ့ ဆေးတစ်လက်ပင် ဖြစ်ပါတယ်။ နနွင်းမှုန့်ကို စားနိုင်သလို လိမ်းပေးနိုင်ပါတယ်။ နနွင်းမှုန့်၏
ဆေးဘက်ဝင် အာနိသင်တွေ ကတော့ ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ကို လိမ်းပေးခြင်း အားဖြင့် မျက်နှာ အမဲစက်များ ဝက်ခြံများ စတာတွေကို ပျောက်ကင်းစေနိုင် ပါတယ်။ ၎င်းဟာ အရေပြားပေါ်ရှိ ဘက်တီးရီးယားများကို သန့်စင်ပေးသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
တစ်ကိုယ်လုံး အသားအရည်ကို ဝင်းပစေခြင်း
နနွင်းမှုန့်ကို စားပေးခြင်းအားဖြင့် မျက်နှာတင် မကဘဲ ခန္ဓာကိုယ် တစ်ခုလုံးမှ အသား အရည်ကို ကြည်လင်ဝင်းပ စေမှာ ဖြစ်ပါတယ်။
နေလောင်ဒဏ်အတွက် ကောင်းမွန်ခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ကြောင့် ဖြစ်စေတဲ့ အသားအရည် ခြောက်သွေ့ခြင်းနှင့် အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို ကာကွယ်ပေးတဲ့ အပြင် အရည်ပြား ထိခိုက်မူကို လည်း သက်သာစေပါတယ်။
နနွင်းကို စားမယ်ဆိုရင် ရေနွေးပူပူထဲ၌ နနွင်းလက်ဖက် စားဇွန်း တစ်ဇွန်း သကြား လက်ဖက်စားဇွန်း တစ်ဇွန်းမွှေကာ စားပေးနိင်ပါတယ်။
လိမ်းမယ်ဆိုရင်တော့ နနွင်းကို ရေနဲ့ရောလိုက်ပါ။ ပြီးနောက် စေးပျစ်တဲ့ အနှစ်ရတဲ့ အထိ မွှေပြီး လိမ်းနိုင်ပါတယ်။ အချိန် ၁၀ မီးနစ် ကြာရင် မျက်နှာကို
ဆေးကြောလိုက်ပါ။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Sunday 12 October 2014

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ


သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ
===============================
တရားထိုင်တယ်ဆိုတာ စိတ်အတွက်သာမက ရုပ်အတွက်ပါ အထောက်အကူပြုပြန်ပါသေးတယ်
လွယ်လွယ်ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေးချမ်း သွားအောင် အာရုံတစ်ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီးပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသနပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။
ဘယ်လိုတရားထိုင်ရမလဲ....
--------------------------
တရားထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေထိုင်ပြီး လက်တွေကို ပေါင်ပေါ်တင် ထိကပ်ကာ၊ မျက်စိကို မှိတ်ထားပြီး၊ နှာသီးဝက ၀င်လေထွက်လေကိုပဲ အာရုံပြု ရှုမှတ်ရမှာပါ၊ အတွေးတွေ၊ ခံစားချက်တွေ၊ အသံတွေ၊ ပုံရိပ်တွေအားလုံးကို မေ့နိုင်သမျှ မေ့အောင်ကြိုးစားရင်း စိတ်ကို နှာသီးဝမှာ တိုးနေတဲ့ ၀င်လေထွက်လေကိုပဲ အာရုံစိုက်ရမှာပါ၊ စတင်တရားထိုင်ကာစမှာ ငါးမိနစ်လောက်ပဲ ကြိုးစားကြည့်ပြီး တဖြည်းဖြည်းချင်း ၁၀-မိနစ်၊ ၁၅-မိနစ်ကနေ တစ်နာရီ၊ နှစ်နာရီ အထိ ကိုယ်တတ်နိုင်သလောက် ထိုင်နိုင်ပါတယ်၊ တရားထိုင်ခြင်းအကြောင်းလေ့လာဖို့ သိပ်မခက်ခဲပါဘူး၊ စတင်လေ့ကျင့်ဖို့ပဲ လိုပါတယ်၊ တရားထိုင်တဲ့အချိန်မှာ စိတ်ဟာ ငြိမ်သက်အေးချမ်းမှု ရနေမှာကတော့ အမှန်ပါပဲ။
တရားထိုင်ခြင်းကြောင့် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်ပါသလဲ....
---------------------------------------------------------
တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ညီညွတ်မျှတစေပါတယ်၊ တရားထိုင်ခြင်းကြောင့် နာတာရှည် နာကျင်မှုဝေဒနာ၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှုဝေဒနာ၊ အမျိုးသမီးရောဂါ-စတဲ့ ရောဂါဝေဒနာများစွာကို သက်သာစေပါတယ်။ တရားထိုင်ခြင်းကနေရတဲ့ စိတ်အပန်းဖြေမှု၊ စိတ်ငြိမ်းချမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝပျက်စီးမှုကို လျော့ကျစေကာ သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်၊ နှလုံးသွေးလည်ပတ်မှု အားကောင်းပြီး အသက်ရှုလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် ဦးနှောက်လှိုင်းတွေကိုလည်း အားကောင်းစေ ပါတယ်။ ခန္ဓာကိုယ်ကြွှက်သားတွေရဲ့ တင်းအားနဲ့ ညောင်းညာမှုတွေကို နှိပ်နယ်လိုက်သလို အညောင်းပြေ စေပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အကြိမ်နဲ့ အချိန်များလေလေ စိတ်ငြိမ်းချမ်းမှု ပိုမိုရှိလေလေပါပဲ၊ တရားထိုင်ခြင်းကြောင့် လျော့ပါးနိုင်တဲ့ ဝေဒနာတချို့အကြောင်းကို လေ့လာသုတေသနပြုထားချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ပူပန်မှု
--------------------------------
စိတ်ပူပန်မှုဟာ ကြောက်ရွံ့မှု၊ အခက်အခဲကြုံတွေ့မှု၊ ဆိုးရွားတဲ့အကြောင်းတစ်ခုခု-စတာ တွေနဲ့ ဆက်စပ်နေတဲ့ မသက်မသာစိတ်ခံစားမှု တစ်မျိုးပါပဲ။ စိတ်ပူပန်မှုကြောင့် ခန္ဓာကိုယ်ဟာ ကတုန်ကယင်ဖြစ်ခြင်း၊ တုန်လှုန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်နှုံးမြန်ခြင်း၊ ချွေးထွက်ခြင်း၊ လက်တွေ စေးထန်းထန်းဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုဖြစ်တာနဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အနှောက်အယှက်ပေးတဲ့အထိ ဒုက္ခရောက်ရတတ်ပါတယ်၊ ဒါ့အပြင် စိတ်ပူပန်မှုဟာ နှလုံးရောဂါ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်၊ ဒါကြောင့် ပူပန်တတ်တဲ့စိတ် မရှိအောင် တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်၊ တရားထိုင်ခြင်းဖြင့် စိတ်ဟာ ငြိမ်သက်အေးချမ်းနေပြီး ပူပန်စရာကြုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဖိစီးမှု
------------------------------
ဘ၀ရဲ့အပြောင်းအလဲ၊ အချိုးအကွေ့၊ စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေနောက် လိုက်ရတာ ကိုယ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလှပါတယ်။ စိတ်ဖိစီးမှုမှာ အဆင့်သတ်မှတ်ချက်တွေလည်း ရှိပါတယ်၊ စိတ်ဖိစီးမှုနည်းတဲ့အဆင့်ဆိုရင် သိပ်ပြီးတော့တောင် သတိမထားမိဘဲ ပြေပျောက်သွားတတ်ပါတယ်၊ စိတ်ဖိစီးမှု အလယ်အလတ်အဆင့်မှာဆိုရင်တော့ လူတွေဟာ ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘဲ စိတ်ပန်း၊ ကိုယ်ပန်းဖြစ်နေတတ်ပါတယ်၊ စိတ်ဖိစီးမှုဟာ သည်ထက် ပိုများလာပြီဆိုရင်တော့ နာတာရှည်ရောဂါတွေ အပြင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်နေချိန်မှာ လျော့ကျသွားအောင် တရားထိုင်ပေးနိုင်သလို စိတ်ဖိစီးမှု လုံးဝမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရားထိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း
---------------------------------------
ဝမ်းနည်းအားငယ်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားရတဲ့ဝေဒနာဟာ စိတ်ဓာတ်ကျ ခြင်းပါ။ သာမန်ခံစားရတဲ့ ၀မ်းနည်းမှု၊ပူဆွေးမှုနဲ့ အားအင်မဲ့ခြင်းတွေနဲ့ မတူပါဘူး၊ စိတ် ဓာတ်ကျတဲ့လူဟာ သာမန်အချိန်မှာထက် တွေးတောခြင်းနဲ့ စကားပြောခြင်း နှေးကွေးလေး လံနေတတ်ပါတယ်။ စူးစိုက်မှုအားနည်းပြီး ဆုံးဖြတ်ချက်ချမှု ခဲယဉ်းကာ စားတဲ့ သောက်တဲ့ အကျင့်တွေတောင် ပြောင်းလဲ သွားတတ်ပါတယ်၊ အရင်တုန်းက စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်ဝင်စားမှု ကင်းမဲ့လာပြီး ဘ၀မှာ မရှင်သန်လိုတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ ယောက်ျား မိန်းမ အသက်အရွယ် မရွေးဖြစ်တတ်ပြီး ဆေးကုသခြင်းနဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်၊ ဓာတ်ကျခြင်းမဖြစ်ပေါ်အောင် တရားထိုင်ခြင်းနဲ့ ကာကွယ်လို့ ရပါတယ်။
တရားထိုင်ခြင်းနဲ့ သွေးတိုးရောဂါ
------------------------------------
လူတစ်ယောက်ရဲ့ ပုံမှန်သွေးဖိအားက အပေါ်သွေး ၁၂၀ mmHg နဲ့ အောက်သွေး ၈၀ mmHg လို့ အကြမ်းဖျင်းအားဖြင့် ဆိုပါတယ်။ အပေါ်သွေး ၁၄၀ mmHg နဲ့အထက်၊ အောက်သွေး ၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးနေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပုံမှန်သွေးဖိအားဟာ မတူတတ်ပါဘူး၊ ဒါကြောင့် နေကောင်းစဉ်မှာ ပုံမှန်သွေးဖိအားကို မှတ်သားသင့်ပါတယ်၊ သွေးတိုး ရောဂါဟာ ခံစားရတဲ့အချိန် ကြာလာတဲ့အခါ သွေးကြောတွေ၊ နှလုံးနဲ့ကျောက်ကပ်တွေကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါရှိရင် ဆေးဝါးနဲ့ ကုသခြင်းအပြင် ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင်မှသာ နောက်ဆက်တွဲ အန္တရာယ်တွေ မဖြစ်အောင် လျှော့ချနိုင်မှာပါ၊ သွေးတိုးရောဂါကြောင့် ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်း-စတဲ့ လက္ခဏာရပ်တွေ သက်သာလျော့ပါးအောင် တရားထိုင်ပေးနိုင်ပါတယ်။ ကြာရှည် ပုံမှန်တရားထိုင်တဲ့ သူတွေဟာ သွေးဖိအားကို ပုံမှန်ထိန်းညှိပေးနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ HIV ပိုးရှိခြင်း
----------------------------------
HIV ပိုးဟာ ခုခံအားကျဆင်းတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး HIV ပိုးရှိတဲ့ ဝေဒနာသည်တွေဟာ ကူးစက်ရောဂါပိုးတွေနဲ့ တချို့သောရောဂါတွေကို ခုံခံတိုက်ဖျက်နိုင်စွမ်းလျော့နည်းတဲ့အတွက် တုပ်ကွေး၊ ဖျားခြင်း၊ ခန္ဓာကိုယ်အလေးအချိန် ကျဆင်းခြင်း၊ တီဘီရောဂါ၊ ရေယုန်နဲ့ မှက္ခရုပေါက်ခြင်း၊ မှိုရောဂါစွဲကပ်ခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အကျိတ်များထွက်ခြင်းတို့ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ HIV ပိုးရှိတဲ့ ဝေဒနာသည် တွေဟာ စနစ်တကျဆေးကုသမှု ခံယူပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပြီး နေမယ်ဆိုရင် နှစ်အကြာကြီး အသက်ရှင်နေထိုင်နိုင်ပါတယ်၊ ဒါပေမယ့် HIV ပိုးရှိတဲ့သူတွေ အသက်ရှင် ကျန်းမာဖို့ အရေးအကြီးဆုံးအချက်က စိတ်ဓာတ်မကျဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ၊ ဒီစိတ်ဓာတ် ကြံ့ခိုင်မှုရဖို့ တရားထိုင်သင့်ပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ
စိတ်ကစဥ့်ကလျားရောဂါသည်တွေဟာ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ လူအများနဲ့ ဆက်ဆံနိုင်မှု လုံးဝ မရှိတော့ပါဘူး၊ ဒါကို ကုသဖို့ ဆေးဝါးနဲ့ ကုသဖို့အပြင် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းနဲ့ ကောင်းစွာ ထောက်ပံ့ပေးနိုင်မယ့် အသိုင်းအ၀ိုင်းလည်း ရှိဖို့လိုအပ်ပါတယ်။ စိတ်ကစဥ့်ကလျားရောဂါသည်တွေ စိတ်တည်ငြိမ်လာအောင် တရားထိုင်ခိုင်းကြည့်တဲ့အခါ ဆေးကုသရာမှာ ထိရောက်တဲ့အကျိုးအာနိသင် ရတယ်လို့ လေ့လာမှုအရ ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ
---------------------------------
တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ ကျန်းမာရေးဆက်စပ်ပုံကို မရေမတွက်နိုင်လောက်အောင် သုတေသန တွေ ပြုလုပ်ခဲ့ပြီးပါပြီ။ နှလုံးရောဂါသည် အများစုဟာ ထိတ်လန့်စရာ နည်းနည်းကြုံတာနဲ့ ရောဂါက ဖောက်လာတတ်ပါတယ်၊ သူတို့ရဲ့စိတ်မှာ နှလုံးရောဂါ ရှိတယ်ဆိုတဲ့ အသိနဲ့ ထိတ်လန့်ချောက်ချားစရာ ကြုံလို့မရဘူးဆိုတဲ့ အသိက ဒွန်တွဲနေတာကြောင့်ပါ။ ဒီအသိတွေနဲ့ ထိတ်လန့်ချောက်ချားစရာအပေါ် တုံ့ပြန်နိုင်တဲ့ တည်ငြိမ်မှုရရှိအောင် တရားထိုင်ပေးနိုင်ပါတယ်လို့ စိတ်ပညာရှင်များစွာက အကြံပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဂျာနယ်တစ်ခုရဲ့ လေ့လာဖော်ပြချက်အရ တစ်နေ့မှာ ၁၅-မိနစ်ခန့် ၂-ကြိမ် တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေ အနေနဲ့ ၄-လအကြာမှာ သွေးပေါင်ချိန်ဟာ သိသိသာသာ ကျဆင်းမှုရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ သွေးသန့်စင်အားကောင်းကာ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။
တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား
---------------------------------------------
ခဏခဏ ရောဂါပိုးဝင်လွယ်၊ အအေးမိလွယ်၊ နှာစေးချောင်းဆိုးဖြစ်လွယ်နေရင် ကိုယ်ခန္ဓာခုံခံ စွမ်းအား တက်ဖို့အတွက် တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား တက်ခြင်းရဲ့ ဆက်စပ်မှုကို လေ့လာတဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ် ၁-နာရီခန့် တရားထိုင်တဲ့ အုပ်စုနဲ့ လုံးဝမထိုင်တဲ့ အုပ်စု နှစ်ခုကို ၈-ပတ်ကြာ လေ့လာအပြီးမှာ တရားထိုင်တဲ့အုပ်စုဟာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းပမာဏများနေတာကို တွေ့ရပါတယ်။
တရားထိုင်ခြင်းနဲ့ မှတ်ဉာဏ်
-------------------------------
ပုံမှန်တရားထိုင်တဲ့သူတွေဟာ တရားမထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက လေ့လာမှုနဲ့ ပျော်ရွှင်မှု ဆက်စပ်နေတဲ့ ဦးနှောက်ထဲက Gamma လှိုင်းရဲ့ လုပ်ဆောင်မှုကို သိသိသာသာ ကောင်းမွန်စေကာ စူးစိုက်မှုအား၊ မှတ်ဉာဏ်၊ လေ့လာမှုစွမ်းရည်နဲ့ အသိဉာဏ်တို့ကို ပိုမိုတိုးတက်စေပြီး စိတ်ကိုလည်း ရွှင်လန်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာ
-------------------------------------------
အိပ်ရာထဲမှာနေပြီး အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင် ကြိုးစားရင် တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီး အိပ်မပျော်နိုင် ဖြစ်ရပါတယ်။ စိတ်ကို အနားပေးပြီး ခန္ဓာကိုယ်ကို အကြောလျှော့ကာ အနားယူ ပေးပါ၊ ပြီးမှ နှာသီးဝမှာ တိုးဝင်နေတဲ့လေနဲ့ ထွက်နေတဲ့လေကို အာရုံပြုပေးရင် မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။ တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတွေလိုပဲ စိတ်ကို ငြိမ်သက်အေးချမ်းစေပါတယ်။
(အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်း)

Tuesday 7 October 2014

တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


(၁) ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း
တလည်းသီးကို မှီဝဲပေးမယ်ဆိုရင် ရင်သားကင်ဆာဖြစ်စေမယ့် ဆဲလ်များကို တိုက်ဖျက် ပေးနိုင်ပါတယ်။ အထူးသဖြင့် ကတော့ အမျိုးသမီးများ စားသင့်ပါတယ်။
(၂) အဆုတ်ကင်ဆာအတွက် ကောင်းမွန်ခြင်း
လေ့လာမူတွေအရတလည်သီးမှာပါဝင်သောဓာတ်သဘာဝများဟာအဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ေ
ပးကြောင့် သိရပါတယ်။
(၃) အမျိုးသားလိင် ကင်ဆာအတွက် ကောင်းမွန်ခြင်း
အမျိုးသားများလည်း စားသင့်တဲ့ အသီးတစ်ခု ဖြစ်ပါတယ်။ တလည်းသီးဟာ လိင်ပိုင်း ဆိုင်ရာမှာ ဖြစ်စေတဲ့ ကင်ဆာအတွက်လည်း ကောင်းမွန်စေပါတယ်။
(၄) ကိုလက်စရောဓာတ်ကို သိသိသာသာလျော့ချပေးနိုင်ခြင်း
အဝလွန်သူများ စားပေးသင့်ပါတယ်။ တလည်သီးဟာ ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ ချပေးနိုင်ပါတယ်။
(၅) သွေးဖိအားကို ကျဆင်းစေခြင်း
လေ့လာမူတွေအရ တလည်သီးကို ဖျော်ရည်လုပ်ပြီး တစ်နေ့တစ်ခွက်သောက်သူများဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Saturday 4 October 2014

သခွားမွှေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သခွားမွှေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
(၁) သွေးဖိအားကို ကျဆင်းစေပါတယ်။
(၂) သွေးစီးဆင်းမူ အတွက် ကောင်းမွန်စေပါတယ်။
(၃) မျက်လုံးကျန်းမာရေးနှင့် အကျိုးကျန်းမာရေး အတွက် ထိန်းသိမ်းပေး ပါတယ်။
(၄) သွေးဖိအားကို ထိန်းညှိပေးတဲ့ အပြင် သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်စေ ပါတယ်။
(၅) ဆီချိုရောဂါသည်များအတွက် သကြားဓာတ် များကို လျော့ချပေးနိုင်သည့် အတွက် စားသင့်ပါတယ်။
(၆) ကင်ဆာဖြစ်စေမယ့် ဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင် ပါတယ်။
(၇) နှလုံး ၊ အဆုပ် နှင့် ခန္ဓာကိုယ် အတွင်း သွေးကြောများ အတွက် ကောင်းမွန်စေ ပါတယ်။
(၈) ကိုယ်တွင်း၌ အစာခြေချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဓာတုဖြစ်စဉ် အစုစုတို့၏ ကျန်းမာရေး အတွက် ကောင်းမွန်စေ ပါတယ်။
Ref - healthnews
ကျော်လင်းနိုင် (ရိုးရာလေး)

Wednesday 1 October 2014

သွေးတိုး ရောဂါအတွက် သဘာဝ ဆေးနည်း

သွေးတိုး ရောဂါအတွက် သဘာဝ ဆေးနည်း
===============================
 သွေတိုး ရောဂါ ရှိသူများ သွေးတိုးပြီး ခေါင်းမူး လာပါက သဘာဝ နည်းများဖြင့် သွေးတိုးရောဂါ သက်သာ သွားအောင် ပြုလုပ် နိုင်ကြပါတယ်။
၁။ ဒန့်သလွန် ရွက်ကို ရေစင်အောင် ဆေးပြီး ထောင်းလိုက်ပါ အရည်ညှစ် ယူပြီး လ္ဘက်ရည်ဇွန်း ၂ ဇွန်းခန့်ကို
သောက် လိုက်ပါ။ သွေးတိုး ချက်ခြင်း သက်သာသွား စေပါသည်။
၂။ သံပုရာသီးကို ခွဲလိုက်ပါ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုး ချက်ခြင်းသက်သာသွား
ပါလိမ့်သည်။
၃။ သံပုရာသီး ချက်ချင်း မရနိုင် ပါက သံပရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနှင့် သွေးပြီး သောက်နိုင်ပါ
သည်။
၎။ ဗန်ဒါရွက် အနု ၃ - ၄ ရွက် ခန့်ကို ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးပါ။      တစ်နေ့ကို
လ္ဘက် ရည်ခွက်၃ခွက်ခန့် သောက်ပါ။၅ရက်(သို့)တစ်ပတ်အတွင်း သွေးတိုး ရောဂါသက်သာသွားပါလိမ့်မည်။
သတိပြုရန်။။ဗန်ဒါရွက် ပြုတ်ရည်ကိုအလွန်အကျွံ သောက်ပါကဝမ်းချုပ်တတ်ပါသည်။၎င်းတို့သည် ဘေးထွက် ဆိုးကျိုးနည်းပါးသည့် မြန်မာ့ရိုးရာ ဆေးနည်းများဖြစ်သည်။

Sunday 28 September 2014

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း



အခုနည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျော ဘက် အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။
နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀) ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့ မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

Wednesday 24 September 2014

ဦးနှောက်ကို အမြဲနုပျိုနေစေရန်


ဦးနှောက်ကို အမြဲနုပျိုနေစေရန်
★★★★★★★★★★★★★★★★★★
(၁) လှုပ်ရှားပါ
●●••●●••●●••●●••●●••
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ်လက်လှုပ်ရှားခြင်း ကြောင့်ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့စည်းမှု  ကောင်း မွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့်အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

(၂) အစာကျွေးပါ
●●••●●••●●••●●••●●••
ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင်သောေ ကြာင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေးနိုင်သည်။
(၃) အရှိန်တင်ပါ
●●••●●••●●••●●••
ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ် ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေသစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။
(၄) စိတ်ဖိစီးမှုလျှော့ပါ
●●••●●••●●••●●••●●••●●•
စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်Óဏ်မှတ်သားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေသည်။ နာတာ ရှည် စိတ်ဖိစီးမှုခံရသောအခါဦးနှောက်၏ ippocampus  ဟုခေါ် သောအစိတ်အပိုင်းသည် မှတ်ဥာဏ် မှတ်သားနိုင် စွမ်းလျော့ နည်းလာသည်။
(၅) ရယ်ပါ
●●••●●••●●••●●••
ဟာသဓါတ်ခံရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများထွက်ရှိလာပြီးစိတ် ကြည် လင် ချမ်းမြေ့မှု ကိုပေးစွမ်းနိုင်သည်။ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များအတွက် အားဆေး တစ်ခု လည်းဖြစ် သည်။
ဇော်ကို
Health Updates Journal

Monday 22 September 2014

"အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး ပိန်နည်း"


.
ဝတဲ့သူတွေအတွက် အလွယ်ကူဆုံး ပိန်စေတဲ့ ရိုးရှင်းတဲ့နည်းလေး တနည်းထဲဖော်ပြပေးပါ့မယ်
ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ...
အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပျောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း... ငှက်ပျောသီးတင်သွင်းတဲ့ကုန်သည်တွေကလဲ... တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့...
Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့... သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း... တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့... ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပျောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး... နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား..... ပိန်နိုင်ပါတယ်လို့ဆိုပါတယ်....
သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်...အဲတာ နဲ့ သူကောင်မလေးSumiko ကိုလက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်...
ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်... အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရပါတယ်..
ဒီအကြောင်းပိုမို လူသိများလာရခြင်းအကြောင်းကတော့... တိုကျို အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီးKumiko Mori ကလည်း ငှက်ပျောသီး တန်ခိုးနဲ့ ၇ ကီလိုတောင်ကျတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲပါပါတယ်....

တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေ မျက်ခုံးတောင်ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့..... အစားလဲရှောင်စရာမလိုဘူး... အချိန်မှန်လဲ စားစရာမလိုဘူး.... ညဆို မစားပဲလဲနေစရာမလိုဘူး.... ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့....
ကဲကဲ... တို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပျောသီး... ဘယ်နားသွားသွားရှိတယ်...ငှက်ပျောသီးစားပြီးရင် ရိုးရိုးရေလေးလဲသောက်ဖို့ မမေ့နဲ့နော်....
(ဇေယျာဟိဏ်း)

Thursday 18 September 2014

တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားစေမည့်နည်း


တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားစေမည့်နည်း
သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။
Koresam-D

လက်မကို နှိပ်ပြီး မျက်လုံးရောဂါတွေကို ဖြေရှင်းကြရအောင်



လက်မကို နှိပ်ပြီး မျက်လုံးရောဂါတွေကို ဖြေရှင်းကြရအောင်
ယခင်ရက်တွေက ဇက်ကြောတက်ခြင်း ခေါင်းကိုက်ခြင်း စတဲ့ပြဿနာများအား လက်ကို နှိပ်နှယ်ပေး ခြင်းဖြင့် ပျောက်ကင်းစေတဲ့ နည်းကောင်းလေးတွေကို မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။
ယခု တစ်ကြိမ်မှာလည်း မျက်လုံးကိုက် မျက်လုံး ကြည့်မကောင်းခြင်း မျက်ရိုးများ ကိုက်နေခြင်း စတာတွေအတွက် နည်းလမ်းကောင်းလေး တွေကို စာရေးသူ မျှဝေပေး လိုက်ပါတယ်။ အထူးသဖြင့် ကတော့ နေ့တိုင်း ကွန်ပျူတာ ကြည့်နေသူများ စာဖတ် ၀ါသနာပါသူများ မျက်လုံးဖြင့် အလုပ် လုပ်ကိုင် နေရသူတွေ လုံးဝ သိသင့်တဲ့ နည်းလေးဖြစ် ပါတယ်။
ပုံကို ကြည့်ပါ။
နံပါတ် ၁ မြှားထိုးထားတာကတော့ မျက်လုံးတွေ ကြည့်မကောင်း ဆိုရင် ဒါမှမဟုတ် မျက်လုံးတွေ မှုန်ဝါးနေရင် ထိုနေရာလေးကို နေ့တိုင်း နှိပ်နှယ်ပေး လိုက်က်ပါ။
နံပါတ် ၂ မြှားထိုးထားတဲ့ နေရာလေး ကတော့ မျက်ရိုးကိုက်နေရင် နှိပ်ပေးပါက သိသိသာသာ သက်သာလာစေမှာ ဖြစ်ပါတယ်။
နံပါတ် ၃ နေရကတော့ မျက်လုံးအကြောတွေ တင်းနေရင် နှပ်ပေးပါက သိသိသာသာ လျော့ကျပြီး သက်သာစေမှာ ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

Tuesday 16 September 2014

မျက်လုံးကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းများ


မျက်လုံးကျန်းမာရေး အတွက် အကောင်းဆုံးနည်းလမ်းများ
(၁) အေးမြပြီး သန့်ရှင်းနေသော ရေများနှင့် မျက်လုံးကို သန့်ရှင်းပေးပါ။ ဒီလိုပုံမှန် လုပ်ပေးခြင်းဟာ မျက်လုံး ကျန်းမာရေး အတွက် သာမက ရောဂါမဖြစ်အောင် ထိန်းသိမ်း ပေးရာလည်း ရောက်ပါတယ်။
(၂) သဘာဝကို တုပ ပြုလုပ်ထားပြီး အရမ်းလင်းတဲ့ အရာဝတ္တုများ ဒါမှမဟုတ် နေ စတာတွေကို တိုက်ရိုက် မကြည့်မိအောင် ရှောင်ပါ။ ထိုအလင်း များကို မျက်ကြည် လွှာကို ထိခိုက်စေ ပါတယ်။
(၃) မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် ဘေးဘက်သို့ စက်ဝိုင်းပုံသဏ္ဍန် ကြည့်လိုက် အဝေးသို့ မြင်နိုင်သလောက် မြင်အောင် ကြည့်လိုက် စတဲ့ မျက်လုံး လေ့ကျင့် ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။
(၄) ကွန်ပျူတာ ကြည့်တဲ့ အခါမှာ ၂၂ လက်မ မှ ၂၈ လက်မ အကွာ ခွာ၍ ကြည့်ပါ။ အရမ်းနီးရင် သော်လည်းကောင်း အရမ်းဝေးရင် သော်လည်းကောင်း သင့်ရဲ့မျက်လုံးကို ထိခိုက်စေနိုင် ပါတယ်။
Ref-healthnews
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Saturday 13 September 2014

အလုပ်ကဆင်းရင် ၁၅ မိနစ်စာ လေ့ကျင့်ခန်း




အလုပ်ကဆင်းရင် ၁၅ မိနစ်စာ လေ့ကျင့်ခန်း
အလုပ် အရမ်းများလို့ အချိန်နည်းနည်းပဲ ရရှိတဲ့ သူတွေ အတွက် အကောင်းမွန်း ဆုံးသော လေ့ကျင့်ခန်းလေး တစ်ခုဖြစ် ပါတယ်။
ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အတွင်းရော အပြင်ပါ ထိရောက် စေမယ့် လေ့ကျင့်ခန်း လေးပါ။ တစ်နေ့ကုန် အလုပ်လုပ်နေပြီး အလုပ်က ဆင်းတဲ့ အခါ ၁၅ မိနစ်ပဲ လုပ်လို့ တဲ့ လေ့ကျင့်ခန်း လေးပါ။
အသေးစိတ်ကို ပုံတွင် ကြည့်၍ လုပ်ဆောင်နိုင်ပါတယ်။
Ref - womenshealthmag
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Thursday 11 September 2014

ကင်ဆာဆဲလ်များကို သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်


-------------------------------------------------------------------------
ရှေးကတည်းက အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
ယုံကြည်စွာသောက်သုံးကြည့်ပါ။ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။ကောင်းကျိုးသာရစေတဲ့အစွမ်း ထက်ဖျော် ရည်ဖြစ်ပါတယ်။ဒီဖျော်ရည်ကို အာလူးတစ်လုံး ( တစ်ချိုတွေကတော့ Beetrootလို့ခေါ်တဲ့ဥတစ်မျိုးနဲ့လည်း အာလူးနေရာမှာအစားထိုးသုံးပါတယ် )၊ မုန်လာဥနီတစ်တောင့်၊ ပန်းသီးတစ်လုံးပေါင်းစပ်ပြီး ဖော်စပ် ရတာပါ။သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင် ထည့်သောက်နိုင်ပါတယ်။
ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့
( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေး ပါတယ် ။ပြည် တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်းကာကွယ်ပေးပါတယ်။
( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။
( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။
( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။
( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်တွင်ဖြစ်တတ်သောနာကျင်ခြင်းကို လည်းလျှော့ နည်း သက်သာစေ ပါတယ်။
( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။
( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလိုကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။ရော ဂါတော်တော် များကိုသက်သာအောင် အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲ တွင်အစာ မရှိချိန် မှာ သောက်သုံးရပါမယ်။
ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက် သုံးနိုင် ပါတယ်။
၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။

Tuesday 9 September 2014

လှပသော ခြေထောက်ပိုင်ရှင်များ ဖြစ်လိုသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်း








လှပသော ခြေထောက်ပိုင်ရှင်များ ဖြစ်လိုသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်း
ခြေထောက်တွေ အရမ်းကြီးနေလို့ သေးသွယ်လိုသူများ အတွက် အကောင်းမွန် ဆုံးသော လေ့ကျင့် ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ အလုပ်က အပြန် အချိန် အနည်းငယ် ပေး၍ နေ့စဉ် လုပ်ဆောင်ခြင်း အားဖြင့် သိသိသာသာ သေးသွယ် လှပမှာ ဖြစ်ပါတယ်။
ခြေထောက်တင် မဟုတ်ပါဘူး ခန္ဓာကိုယ် အတွက်ပါ ကောင်းမွန်စေသော လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါ တယ်။ လေ့ ကျင့်ခန်း ပုံစံ ၇ ခုပါဝင်ပြီး တစ်ခုစီကို စက္ကန့် ၆၀ သာ လုပ်ပေးပါ။ စုစုပေါင်း ၇ မိနစ်ကြာမြင့်မှာ ဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ ပုံတွင် ပြထားသည့်အတိုင်း လိုက်နာဆောင်ရွက် နိုင်ပါတယ်။
Ref-womenshealthmag.com
ကျော်လင်းနိုင် (ရိုးရာလေး)

Sunday 7 September 2014

မြက်ခင်းနှင့်သဲပေါ်တွင် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း၏ ကျန်းမာရေး အကျိုးထူး

မြက်ခင်းနှင့်သဲပေါ်တွင် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း၏ ကျန်းမာရေး အကျိုးထူး
နံနက်ပိုင်းကလေးမှာ မြက်ခင်းစိမ်းပေါ်၌ ဖိနပ် မပါဘဲ လမ်းလျှောက်ခြင်း၊ သဲပေါ်တွင်လမ်းလျှောက်ခြင်းသည် ကျန်းမာစေခြင်း ၏ တစိတ်တဒေသဖြစ်ပါသည်။
အထူးသဖြင့် နွေရာသီနံနက်ပိုင်းကလေးတွင် လမ်း လျှောက်ခြင်းသည် ကျန်းမာခြင်းအတွက် အကျိုးထူးကို ရစေ သည်။
ဤသို့လမ်းလျှောက်ခြင်းသည်အလုံးစုံ သောကျန်းမာရေးဆိုင်ရာအချက်များဖြစ်သည့် နှလုံးသွေး ကြောများ
လုပ်ငန်းစဉ်၊ မျက်လုံး၏အမြင်အာရုံ၊ စိတ်၏ကျန်းမာခြင်း၊ အာရုံကြောစနစ်များအတွက်အကျိုး ဖြစ်စေ သည်။
ထို့အပြင် သွေးလှည့်ပတ်မှုအဆင့်ကိုလည်း တိုး တက်စေပြီး ခြေထောက်၏ကြွက်သားများထဲတွင် သွေး လှည့်ပတ်မှုကိုကောင်းမွန်စေသည်။
တနည်းအားဖြင့် စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုများ၊ စိတ်ဓာတ် ကျခြင်းတို့ကို သက်သာစေသည်။
သဲပေါ်တွင် ဖိနပ်မပါဘဲ လမ်းလျှောက်သည့်အခါ သဲပွင့်များက ခြေ ထောက်ကြွက်သားများကို တက်ကြွစေပြီး ဖိစီးမှုကို ပြေ ပျောက်စေသည်
မကောင်းသည့်အတွေး များကို မဖြစ် စေဘဲ စိတ်ကြည်လင်မှုကို ရရှိစေသည်။
နံနက်တိုင်း မြက်ခင်းစိမ်းပေါ်တွင်လမ်းလျှောက်သည့်အကျင့်ကမျက်လုံး၏အမြင်အာရုံကိုကြည်လင်စေသည်။
မြက်ခင်း ၏အစိမ်းရောင်က မျက်ကြောများတင်းခြင်းကို ပြေလျော့ စေသည်။
ညဘက် အိပ်မပျော်ခြင်းကိုလည်း သက်သာ စေပြီး နုပျိုလန်းဆန်းစေသဖြင့် မြက်ခင်းစိမ်းတွင် လမ်း လျှောက်ခြင်းသည် အ ကျိုးထူးသည့်လေ့ကျင့်ခန်းတစ်မျိုး ဖြစ်သည်။
HT
Credit to Health Updates Journal

Friday 5 September 2014

မင်းဂွတ်သီးအစွမ်း



ဒီအကြောင်း ရေးချင်နေတာ ကြာပါပြီ။ လိုင်းမကောင်းတာနဲ့ မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။
မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။ အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ်တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။ စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။
၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။
ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။

စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်းး
-
-
-အိဖြိုး

ကျန်းမားရေးကောင်းဖို့အတွက်ဆိုရင်

ကျန်းမားရေးကောင်းဖို့အတွက်ဆိုရင်
1. ရေများများသောက်ပါ
2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စား ပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)
3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathyတို့ဖြစ်ပါတယ်။
5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။
6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
7. သင် 2013 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။
8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်တော်ဆို 10နာရီလောက် အိပ်တာ)
10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။လမ်းလျှောက်နေစဉ်မှာ လည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)
Personality:
11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက် ပါ။
13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။
22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာသင် ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်း မျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
23. များများပြုံးပါ၊ များများရီပါ။
24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
Society:
25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ် ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။
26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။
27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်း တယ် ကိုယ်တွေ့ပါပဲ)
28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။
29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။
30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။
31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာမဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းေ တွ၊ မိသားစုဝင်တွေကသာ သင့်အနားမှာရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။
Life:
32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။
33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။
34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။
35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။
36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။
38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်း အတွက် ဘုရားသခင် ကို ကျေးဇူး တင်လိုက်ပါ။
39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ။
Credit to ရိုးရာလေး

Wednesday 3 September 2014

တင်းတိပ်၊မှဲ့ခြောက်၊အမည်းစက်များပျောက်ရန်

တင်းတိပ်၊မှဲ့ခြောက်၊အမည်းစက်များပျောက်ရန်
ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။
အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။
ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။
မျက်မှာပေါ်က အမဲစက် ပျောက်နည်း
မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။
တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။
သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း
ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။
လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။
နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ
ဆေးနည်းကောင်း လေးပါ။
ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။