အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 30 December 2014

ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ


ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူဟာ ရောဂါ အတော်များများ အတွက် ကောင်းမွန်သော သဘာဝ အစားအစာတစ်မျိုး ဖြစ်ပါ တယ်။ ဒီအထဲကမှ မနက်အိပ်ယာထ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ ကြက်သွန်ဖြူကို စားပေး သင့်ပါတယ်။
လေ့လာမူများ၏ အဆိုအရ အဲလို မနက်ခင်း အိပ်ယာထတဲ့ အခါမှာ စားခြင်းဟာ ပိုမိုပြီးဆေးစွမ်းထက် တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းထဲမှာ အစာမရှိတဲ့ အခါမှာ မကောင်းတဲ့ ဗက်တီးရီးယား ပိုးမွှားများကိုအလွယ်တကူ တိုက်ခိုက်ဖယ်ရှားပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါ တွေကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ခုခံအားကျဆင်းမူ ရောဂါများ၊ အာရုံကြောနဲ့ ပက်သက်သော ရောဂါများ၊ အသည်း၊ဆီးအိမ် စတာတွေအပြင် သွေးလည်ပတ်မူ ကိုလည်း ကြက်သွန်ဖြူက ကောင်းမွန်စေ နိုင်ပါတယ်။ အစာအိမ် အချဉ် ပေါက်ခြင်းကြောင့် စိတ်ပူသူတွေ အတွက်လည်းကြက်သွန်ဖြူက အကောင်းဆုံး ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ဒါ့ကြောင့် နေ့စဉ် ကြက်သွန်ဖြူကို စားပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက် အကူ ဖြစ်စေမှာ ဖြစ်ပြီး စားသင့်တဲ့ ပမာဏကတော့ အတိအကျ မလိုအပ်ပါဘူး။
Ref - Health Digest
ကျော်လင်းနိုင် (ရိုးရာလေး)

Monday 29 December 2014

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ
(၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြားအနည်းငယ်ဖြင့်၎င်း၊ ပျားရည်အနည်းငယ်ဖြင့် ၄င်း စားပေးပါက ခန္ဓာကိုယ်ထဲမှ အဆိပ်တောက်များကို ပြေစေပါတယ်။
(၂) ဖလံတောင်ဝှေးကိုဟာလည်း အဆိပ်ကို ပြေစေပါတယ်။ အထူးသဖြင့် ငသိုင်းနှင့် ချက်စားပါက ပိုမိုဆေးဖက်ဝင်စေပါတယ်။
(၃) မုန်လာထုပ်ကို ဟင်းချိုလုပ်၍ တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါက ကိုယ်တွင်းမှ အဆိပ်များကို ပြေစေ၍ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၄) ထောပတ်သီးဟာ အသည်းနှင့် နှလုံးတို့ကို သန့် စင်ပေးနိုင်တာကြောင့် မကြာခဏ စားပေးနိုင်ပါတယ်။
(၅) ကညွတ်ဥဟာ အဆိပ်ကို နိုင်ပါတယ်။ အထူးသဖြင့် နွားနို့ နဲ့ ကြိုသောက်ပေးပါက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန် အထောက်အကူပေးပါတယ်။
(၆) ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါရှိနေတာကြောင့် ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာနှင့် အမျိုးသားများ ဆီးကျိတ်ကင်ဆာတို့ ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ( ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကိုက်လံ တို့ ကိုလည်း စားပေးနိုင်ပါတယ်)
(၇) ရွက်စားမုန်လာရွက်များဟာ သည်းခြေရည်(အက်ဆစ်)ကို တိုးပွားစေပါတယ်။ ထို့အပြင် ခန္ဓာ ကိုယ်ထဲရှိ အဆီမော်လီကျူးများကို စုပ်ယူ၍မ ကောင်းတဲ့ အဆိပ်အတောက်တွေကို ကျင်ကြီးကျင်ငယ်အဖြစ် သန့်စင်ပေးပါတယ်။
(၈) လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့  စဉ်သောက်သုံးပါက ဆီးရွှင်စေတဲ့အပြင်၊ ရင်ပြည့်ရင်ကယ်၊ ဗိုက်ပွခြင်း ဝေဒနာတွေ ကိုပါ သက်သာလျော့ပါးစေနိုင်ပါတယ်။
(၉) သံပုရာသီးဟာ ဆစ်ထရစ်အက်ဆစ်ကြွယ်ဝနေသည့်အတွက် အဆိပ်အတောက်များ ကို ပြေပျောက်စေ ပါတယ်။ နေ့ စဉ် သံပုရာရည်ကို သကြားနဲ့ ဖျော်သောက်ပေးနိုင်ပါတယ်။ သို့သော် တစ်နေ့ကို သံပုရာသီး ၃ လုံးထက် မပိုရပါ။
(၁၀) မုန်လာဥနီအလုံး(သကြားမုန်လာ) ထဲမှာ Betalains လို့ ခေါ်တဲ့ သဘာဝသွေးနီရောင် ဆိုးဆေးတွေ ပါဝင်ခြင်းကြောင့် ရောင်ရမ်းနာခြင်းများကို သက်သာစေပါတယ်။ အသည်းထဲမှ ဆဲလ်တွေကိုလည်း ကောင်း စွာ တည်ဆောက်ပေးပြီး အဆိပ်အတောက်များကိုလည်း ပြေစေပါတယ်။
စောနွဲ့ နေဆိုင်(ပူတာအို)
K.K(ကနောင်)

Sunday 28 December 2014

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ ကုထုံး

ထိုင်းနိုင်ငံမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို အာမခံနဲ့ ကုသပေးနေတဲ့ အရမ်းကိုတော်တယ်လို့ နာမည်ကြီးနေတဲ့ အထူးကု သမားတော်ကြီးတစ်ယောက်ရှိ ပါတယ်၊ မြန်မာလူမျိုးတွေကတော့ သူ့ကို ဒေါက်တာ ဟူစိန်လို့ ခေါ်ကြတယ်၊ အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သတ်လာရင် ကင်ဆာအပါအဝင် ဘယ်သူမှလက်မခံတော့တဲ့ လူနာတွေကို သူက အာမခံပြီး ကုသပေးပါတယ်၊ သာမန်လောက်ကတော့ သူ့ဆေး စား ၁ ပတ်ပါပဲ၊ နည်းနည်းလေး ပြင်းလာရင် ၁ လ၊ ကင်ဆာနဲ့ ရောဂါအပြင်းစားတွေဆိုရင် ၃ လ ၅ လ နဲ့ အမြစ်ပြတ် ကုပေးပါတယ်၊ ရောဂါအပေါ်မူတည်ပြီး သူပေးတဲ့ ဆေးကလဲ ကွာပါတယ်၊ အပြာရောင်၊ အနီရောင်တို့ကတော့ သာမန်လောက်ရောဂါ ပေါ့၊ ရွှေရောင်ကတော့ ရောဂါ ပြင်းတဲ့ လူတွေကိုပေး ပါတယ်၊ ကုသစရိတ်ကလည်း တော်တော်ပေးရပါတယ်၊ မြဝတီမြို့က အချစ်ဆုံး သူငယ်ချင်း တွေရဲ့ ကျေးဇူးနဲ့ ဒေါက်တာ ဟူစိန် ရဲ့ ဆေး ၁ လစာ ကျနော် ရခဲ့ပါတယ်၊ ရောဂါတွေ မြန်မြန်ပျောက်ပြီး မြန်မြန်ပြန်နေကောင်း စေချင်တဲ့ သူတို့ရဲ့စေတနာကို အများကြီးလေးစားခဲ့ရပါတယ်၊ ခုလို ခက်ခက်ခဲခဲ ရအောင်ချိတ်ဆက်ပြီး ဆေးရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးကိုလည်း ဘယ်လိုမှ မေ့နိုင်မှာမဟုတ်တော့ပါဘူး၊ ၁ လစာတောင်ဆိုတော့ အနည်းဆုံး ဘတ် ၃ သောင်းလောက်တော့ ပေးရပါတယ်၊
ဒီဆေးတွေကို ကိုင်ကြည့်ရင်း ကျနော် တစ်ခုစဉ်းစားမိခဲ့ပါတယ်၊ ဘာတွေနဲ့များ ဖော်စပ်ထားလို့ ဒီလောက်စွမ်းရတာလဲ ဈေးကြီးရတာလဲလို့ပေါ့၊ ကျနော့်အတွက်ဆိုပြီးရထားတဲ့ဆေးက. Capsule ရွှေရောင်လေးပါ၊ ကျနော် ဆေးတစ်တောင့် ဖောက်ကြည့်ခဲ့မိပါတယ်၊ ဒီ capsule လေးထဲမှာ ဘာတွေများပါမယ်လို့ ထင်မိကြပါသလဲဗျာ ......
အခုဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါပြီ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော် အစာအိမ် မှန်ပြောင်းကြည့်တော့မယ်ဆိုရင် လူလေး ဆယ်ယောက်လောက်ပဲ ရှိပါတယ်၊ အခုဆို ရာဂဏာန်းလောက်ကို စောင့်နေရပါတယ်၊ အပြင်အထူးကုဆေးခန်းကြီးတွေမှာ ဆိုရင်လဲ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် သီးသန့်တောင် ထပ်တိုးချဲ့ထားကြရပါတယ်၊
ပြောပြချင်တာကတော့ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကို့မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ်၊ အသိဆွေမျိုးထဲကပဲဖြစ်ဖြစ် ဒီရောဂါဝေဒနာမျိုးခံစားနေရတဲ့ သူတွေအတွက် ဆေးကောင်းတစ်လက် လမ်းညွှန်ပေးချင်လို့ပါ၊ ကျနော် စောစောကပြောပြခဲ့တာလေး .ပြန်ဆက်ရရင်တော့ capsule လေးထဲမှာ တွေ့ခဲ့ရတာက နနွင်းမှုန့်တွေ ဆိုတာပါပဲ၊ နနွင်းမှုန့်စစ်စစ်ကို capsule လေးအုပ်ထားတာပါ၊
မြန်မာ့ဆေးကျမ်းတွေမှာ ပြန်ရှာဖတ်ကြည့်တော့ နနွင်းမှုန့်ဟာ အနာရောဂါမှန်သမျှနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကရောဂါတွေအတွက် အထူးအစွမ်းထက်ကြောင်းဖော်ပြထားပါတယ်၊ အခုဆို အမေရိကန်နိုင်ငံမှာ ကင်ဆာအတွက် ဆေးဖော်စပ်ဖို့ စမ်းသပ်တာအောင်မြင်ခဲ့တဲ့ နနွင်းမှုန့်နဲ့ ဆေးဖော်နေပါပြီ၊ ကရင်ပြည်နယ် အစွန်အဖျား တောထဲတောင်ထဲတွေအထိ ကုန်သည်တွေ နနွင်းမှုန့်အစစ် လိုက်ရှာဝယ်ပြီး ထိုင်းဈေးကွက်ကတဆင့် အမေရိကန်ကို ပို့နေကြပါတယ်၊ နနွင်းအစစ်တောင် တော်တော်ရှာဝယ်နေရပါတယ်၊
မြန်မာ့ဆေးကျမ်းထဲမှာတော့ တနေ့ လက်ဖက်စားဇွန်းနဲ့ ရောဂါပြင်းရင် ၃ ဇွန်းစားခိုင်းပါတယ်၊ ကျနော်ကတော့ ထမင်းစားဇွန်းနဲ့ တနေ့ ၅ ကြိမ် သောက်နေပါတယ်၊ စ သောက်ခါစမှာတော့ မြိုချရတာ တော်တော်အခက်အခဲ ဖြစ်ရပါတယ်၊ ဗိုက်ထဲရောက်သွားပြန်တော့လဲ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ရှိတဲ့အနာ တွေက စပ်လိုက်တာ အတော်ကလေးခံရပါတယ်၊ မျက်စိတွေပြာ နားထဲကလေတွေထွက်ပြီး လူလဲ မလှုပ်နိုင်တော့ပါဘူး၊ ဆေးတစ်ဇွန်း ထပ်သောက်ဖို့တောင် လန့်နေမိပါတယ်၊ ရောဂါပျောက်ချင်လို့သာ ကြိတ်မှိတ်သောက်ခဲ့ရတာပါ၊ စပ်တာက ဘာနဲ့တူသလဲဆိုတော့ အနာတစ်ခု၊ ဓားရှမိတာမျိုးပေါ့ အဲ့ဒီအပေါ်. ဘရိတ်ဆီထည့်လိုက်သလိုပါပဲ၊ ဗိုက်ထဲမှာဆိုတော့လဲ ပိုဆိုးတာပေါ့ဗျာ၊ အခုဆိုရင် ဆေးသောက်ခဲ့တာ ၄ ရက်မြောက်ပါပြီ၊ လူက အရင်ကလို မဟုတ်တော့ပဲ နေလို့အများကြီးသက်သာနေပါတယ်၊ ၃ နှစ်လောက်နီးပါး ဗိုက်ထဲမှာ မီးဖုတ်ထားတဲ့ သံလုံးကြီး မြိုထားရသလို အမြဲ ပူလောင်တဲ့ ဝေဒနာဆိုးကြီး ခံစားနေရတဲ့ ဝဋ်ဒုက္ခဆိုးတစ်ခုကတော့ လွတ်မြောက်ခဲ့ရပါပြီ၊ သိသာပါတယ် တော်တော်လေးကို နေရထိုင်ရတာ သက်သာပါတယ်၊ အခုဆိုရင် နီးစပ်ရာ လက်လှမ်းမီသမျှကို ကျနော် နနွင်းမှုန့်အကြောင်း လိုက်ပြောပြပေးနေပါတယ်၊ မြို့ထဲက. အဒေါ်ကြီးတစ်ယောက်ဆိုရင်လဲ ထမင်းစားလိုက်တာနဲ့ ဗိုက်ချက်ချင်းအောင့်ပြီး အောက်ကနေ ထမင်းအစေ့လိုက်ပြန်ပြန်ထွက်နေတာ သိရတော့ ကျနော်ခံစားရတာတွေ သွားရှင်းပြပြီး သူ့ကို နနွင်းမှုန့်အစစ် နည်းနည်း စမ်းသောက်ဖို့ပေးထားခဲ့ပါတယ်၊ သူသောက်တာ ဘယ်လိုနေသလဲ သွားမေးကြည့်တော့ သူက ကျနော့်လိုတော့ သောက်လိုက်ရင် မစပ်ပါဘူး၊ အရင်ကထက်စာရင်တော့ နေရတာ အများကြီး သက်သာလို့ ကျနော့်ကို ကျေးဇူးတွေတင်နေပါတယ်၊ ဒီတော့ ပြောပြနိုင်တာတစ်ခုကတော့ အစာအိမ်ထဲမှာ အနာရှိတဲ့ သူတွေမှသာ ကျနော့်လို စပ်တဲ့ဝေဒနာ ခံစားရမှာပါ၊ ရောဂါနုသေးတဲ့သူတွေအတွက်တော့ အစာအိမ်ဆေးကြောလိုက်သလို သန့်ပေးရုံပဲရှိမှာပါပဲ၊ သောက်ဖို့ကို မကြောက်စေချင်ပါဘူး၊
အစာအိမ်နံရံ ၃လွှာစလုံး ပါးနေပြီး အထဲမှာ အနာတွေနဲ့ ပြည့်နေခဲ့တဲ့ လူတစ်ယောက်၊ အချိန်မရွေး အစာအိမ်နံရံပေါက်ထွက်နိုင်တယ်ဆိုလို့ ဘာအစာအမာမှ မစားရတဲ့ သူတစ်ယောက်၊ ညဖက်တွေမှာ ဗိုက်ထဲကပူပြီး အောင့်လွန်းလို့ မအိပ်နိုင်ခဲ့တဲ့ လူတစ်ယောက် ၊ ၂၄ နာရီ ဗိုက်ထဲမှာ ပူလောင်မှုဝေဒနာ ခံစားနေရတဲ့ သူတစ်ယောက် ... ဟောအခုတော့ သူခံစားနေရတဲ့ဝေဒနာတွေ သိသိသာသာကို သက်သာနေပါပြီ၊ ကျနော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေရှိခဲ့ရင် ကိုယ်ချင်းစာပြီး သူတို့ကို သက်သာစေချင်ပါတယ်၊ ကျေးဇူးပြုပြီး ရောဂါခံစားနေရတဲ့သူတွေရှိရင် နနွင်းမှုန့်သောက်ဖို့အကြောင်းလေး လက်လှမ်းမှီသမျှ ပြောပြပေးစေချင်ပါတယ်၊
ထိုင်းနိုင်ငံက သမားတော်ကြီးနဲ့ ပြပြီး ကုသရင်လဲ ရောဂါပျောက်ပါလိမ့်မယ်၊ ဒါပေမယ့် ကုသစရိတ်က အနည်းဆုံး ၁၆ သိန်းကနေ သိန်း ၃၀ အထက်တော့ ကုန်ကျမှာပါ၊ ပိုက်ဆံတွေကုန်ပြီး ရမယ့်ဆေးကလဲ ဒီ နနွင်းမှုန့်လေးပါပဲ၊
မိမိအစီအစဉ်နဲ့ မိမိပဲ နနွင်းမှုန့်စစ်စစ်ကိုသာ ရှာဖွေ သောက်သုံးကြည့်ကြပါလို့ အကြံပြုပါရစေ
 https://www.facebook.com/tharr.naung/posts/1540688846206418 မှကူးယူဖေါ်ပြပါသည်။

Friday 26 December 2014

ခြောက်ပြစ်ကင်း “ထောပတ်သီး”


ခြောက်ပြစ်ကင်း “ထောပတ်သီး”
အရေးအကြောင်းမပေါ်စေတဲ့ လျိုဝှက်နည်းက ထောပတ်သီးနဲ့ အသားရေအစိုဓာတ် ထိန်းသိမ်းနိုင်တာပါ. ၂၀ ကျော် ပျိုမေတွေအတွက် နုနယ်ပျိုရွယ်နေစေဖို့ ထောပတ်သီးနဲ့ အလှပထိန်သိမ်း နည်းလေး ပေး လိုက်ပြီနော်..ထောပတ်သီးမှာကတော့ ဗီတာမင် အားဖြင့် အေ၊ ဒီ၊ အီး တို့ ပါဝင်ပါတယ်..
(၁) ထောပတ်သီးမရိုးနိစ် ပေါင်းဆေး ပြုလုပ်ပြီး ဆံကေသာ အလှကို ပေါ်လွင်စေမယ်
အဆီအနှစ်အပြည့်ပါတဲ့ မရိုးနိစ်တစ်ပုလင်းနဲ့ ထောပတ်သီး တစ်ဝက်ကို သေချာရောစပ်ပြီး ဆံပင်အရင်ကနေ အဖျားအထိ သုတ်လိမ်းပါ။ မိနစ် ၂၀ ကြာရင်တော့ ရေ စင်အောင်ဆေးလိုက်ယုံပါပဲ..
ဆံသားနက်မှောင်ပြီး ရှည်မြန်လာပါလိမ့်မယ်.. ဦးရေပြား ခြောက်သွေ့ခြင်းနဲ့ ဆံသား တောက်ပြောင်ခြင်း အရှည်မြန်ခြင်းကို တက်ရောက်မှု ရှိတယ်လို့ လက်ရှိသုံးစွဲသူ တစ်ယောက်က ဆိုပါတယ်..
(၂) အသားအရေတွေ ကြမ်းနေတာရော ချောမွေ့ချင်သေးလား
ထောပတ်သီး ကိုပဲ အသုံးပြုလိုက်ပါ..ထောပတ်သီးမှာ ပါဝင်တဲ့ အဆီက အရေပြားရဲ့အပြင်ဆုံးအလွှာမှာရှိတဲ့ ဆဲလ်တွေအကြား ချောမွတ်စေပြီး အရေပြား ကြည်လင်လှပစေပါတယ်.. အသုံးပြုပုံကတော့ . ထောပတ်သီးအနှစ်နဲ့ အရေပြားပေါ်မှာ ပွတ်ထားရပါမယ်..၁၀-၁၅မိနစ်လောက်ထားလိုက်ပြီးမှ ရေဆေး ချပါ။ထောပတ်သီးက အရေပြား အစိုဓာတ်ကို ထိန်းထားပေးပါတယ်.. အရေးအကြောင်းတွေ ကို ပြေလျှော့ ပြီး ချောမွတ်တင်းရင်း နေစေပါလိမ့်မယ်…
(၃) ကိုယ်ခန္ဓာ သွယ်လျလှပ ချင်တယ်ဆိုရင်
ထောပတ်သီးက အဆီဓာတ် များတဲ့အတွက် အဆီကျစေဖို့အတွက် မသင့်တော်ဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်.. ထောပတ်သီးထဲက ဓာတ်တွေဟာ ကျန်းမာရေးအတွက် သင့်တော်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းပေးထားတော့ ဗိုက်မဆာအောင် ဖန်တီးနိုင်ပါတယ်.. တစ်နေ့ကို ထောပတ်သီး တစ်ဝက်စားပြီး တစ်နေကုန် ဗိုက်သိပ်မဆာတော့လို့ အခြားအဆီများတဲ့ အစားအစာတွေ စားတာ လျောနည်းသွားပါတယ်..ဒီလိုနည်းနဲ့ ဝမ်းဗိုက်အဆီသားကို လျော့ချနိုင်ပါပြီ..
‪#‎Yangonlife‬ ‪#‎SocialInterest‬ ‪#‎FruitCare‬
စုစည်းတင်ပြသူ - LILY

Thursday 25 December 2014

ပျားသံပရာလုပ်နည်း



"ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ်စရာမလိုအစားရှောင်စရာမလိုပဲ ကျစေတဲ့ ပျားသံပရာလုပ်နည်း "
ကျွန်တော့ အလုပ်က အထိုင်များတယ် အားကစားလဲ သိပ်မလုပ်ဖြစ်လို့မ၀ပေမယ့် ဗိုက်မှာအဆီတွေ များနေတယ် အဲ့ဒါကြောင့် အွန်လိုင်းမှာရောတီဗီမှာလာတဲ့ ကျန်းမာရေး အစီစဉ်တွေကနေ ဆရာဝန်တွေ ခဏခဏ ညွှန်းတဲ့ အဆီကျတဲ့ နံမည်ကြီး ပျားသံပရာကိုစသောက်ဖို့ ဒီနေ့ပဲဆုံးဖြတ်လိုက်ပါတယ် လုပ်နည်း အဆင့်ဆင့် ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် .....
(၁) ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပျားရည်အစစ် (ကျွန်တော်ကတော့City Mart က စစ်တယ်လို့ပြောလို့ City Mart ကနေ သဘာဝပျားရည်တစ်ဘူးဝယ်လာပါတယ်)၊ သံပရာသီး ၁၅ လုံး (ကျွန်တော်ကတော့ ၁၀ လုံးပဲ သုံးထား ပါတယ်)ဆားအနည်းငယ်၊ ပုလင်းခွံတစ်လုံး ဖြစ်ပါတယ်။
(၂) ပထမဆုံး သံပရာသီးတွေကို အလုံးလိုက် ဆားဖြင့် ပွတ်ပါ၊ ဆားဖြင့်ပွတ်ပြီး၅ မိနစ်ခန့်ထားပါ၊ ပြီးရင် အဆိုပါသံပုရာသီးတွေကို ရေဖြင့်ဆေးလိုက်ပြီးရေခြောက်အောင် ခဏထားပါ။
(၃) ရေခြောက်သွားသော သံပုရာသီးတွေကို အကွင်းအကွင်းလေးတွေလှီးအစေ့ဖယ်ပြီး ပုလင်းခွံ အလွတ်ထဲကို သံပုရာကွင်း တစ်ကွင်းထည့်လိုက်ပျားရည်တစ်စွန်း ထည့်လိုက်နှင့် သံပုရာသီး အကွင်းတွေ ကုန်အောင်ထည့်ပါ။
(၄) ပြီးလျှင် သောက်ရေကို အပေါ်မှ သံပုရာကွင်းတွေ မြှုပ်နေအောင်ထည့်ပြီး ရေခဲသေတ္တာထဲတွင် သုံးရက်ခန့်ထားလိုက်ပါက ပျားသံရာကိုရရှိပြီဖြစ်ပါသည်။
သောက်သုံးနည်း >> မနက်စာ မစားမီ သံပရာသီး တစ်ကွင်းနှင့်ပုလင်းထဲမှ ပျားသံပရာ တစ်စွန်းကို ရေ (သို့မဟုတ်) ရေနွေးဖြင့်တစ်ကြိမ်သောက်ပါ ညအိပ်ခါနည်းလဲ အဆိုပါအတိုင်း တစ်ကြိမ်သောက်ပါ။
ကိုယ့်တွေ သောက်သုံးပြီး အဆီကျတဲ့လူတွေကတော့ အဆိုပါနည်းအတိုင်းသောက်သုံးလိုက်တဲ့အခါ တစ်ပတ် အတွင်းသိသာတယ်လို့ပြောပါတယ်။"သိသူများကျော်သွားပါ မသိသူများဖော်စားပါ တစ်ခြားမသိသူ များ ကိုShare ပေးပါ" ..........
>> Tharr Kong Burma <<

Tuesday 23 December 2014

မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်


မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ
မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကို
မျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
Ref - wellnessbin
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com