အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 26 November 2014

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ


ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။
ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။
ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။
ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။

--
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Tuesday 18 November 2014

ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။


ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။
====================================
အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ) မှ ဤနည်းကိုပြောပါသည်
အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီး ဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။ ခါတိုင်းလည်းဆီးချိုတက်လျှင် မူးလဲနေကျဖြစ်ပါသည် ။
ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးမှ သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်းအဆင်သင့်ကို ခေါင်းပိုင်းမှဖြတ် ၊ အတွင်းမှအစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။ ၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီး အနည်းငယ်အအေးခံ၍တိုက်ပါသည်။
သင်္ဘောသီးကိုလွှင့်မပစ်ရပါ။ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။ ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင် သွေးယားရောဂါ ၊ အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါအချို့တို့ပါ ပျောက်ကင်းသူများရှိသည်ဟုဆိုပါသည်။အမေသိန်းသည် ဤနည်းကိုယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသောဆီချို မှာ လုံးဝမတက်တော့ဟုဆိုပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍ တင်ပြပါသည်။
=================
ကြည်လွင်မြင့် မုဒြာ


Friday 7 November 2014

ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ


ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ
--------------------------------------------------
ဆံပင်ကျွတ်ခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဗောက်နှင့် ဒက်တို့ကို သဘာဝနည်းဖြင့် ကုသပေးနိုင်ပါတယ်။
ကုသနည်း
(၁) သံပရာရည်တစ်ဇွန်းခန့်ကို အုန်ရည် လေးဇွန်းခန့်ဖြင့် ရောစပ်ပြီး တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးလျှင် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေပါသည်။
(၂) ဦးရေပြား ယားယံခြင်းအတွက် သံပရာသီးတစ်လုံးကို အရည်ညစ်လိုက်ပါ။ ကြက်ဥတစ်လုံးကို ခွဲလိုက်ပြီး အကာ၏ အရည်နှင့် သံပရာရည်ကို ရောစပ်ပြီး မွှေလိုက်ပါ။ ၄င်းရည်ဖြင့် ဆံနွယ်များ၏ အမြစ်မှ လိမ်းပေးပါ။
တစ်နာရီခန့်ကြာပြီးလျှင် ခေါင်းလျှော်ပစ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်နဲ့ တစ်လခန့် လျှော်ပေးလျှင် ဦးရေပြား သန့်ရှင်းသွားပြီး ဗောက်၊ ဒက်တို့ ပျောက်ကင်းသွားပြီး ဦးရေပြားယားယံခြင်းတို့ ကင်းဝေးသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Health Update Journal
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

မုန်လာဥနီ ဖျော်ရည်


မုန်လာဥ ဖျော်ရည်၏ အကျိုးကျေးဇူး ၈ ခု
(၁) ဝိတ်ကျစေနိုင်ပါတယ်။
(၂) အသည်းရောဂါများ အတွက် ကောင်းမွန်ပါတယ်။
(၃) ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) နာ မကျန်းဖြစ်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။
(၅) အသားအရေကိုလည်း ကြည်လင်ဝင်းပ စေမှာဖြစ်ပါတယ်။
(၆) ကိုလက်စရောဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
(၇) ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။
(၈) အရိုးကိုလည်း သန်မာစေနိုင်ပါတယ်။
Ref-healthnew
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Tuesday 4 November 2014

သဘောင်္ရွက်


သဘောင်္ရွက်
****************
 သဘောင်္ရွက်ဟာ ကင်ဆာရောဂါကုသရန် ထိရောက်သော ဆေးတစ်မျိုးဖြစ်ပြီး ပါဝင်သောဒြပ်ပေါင်းများဟာ ကျန်းမာရေးအတွက် အလွန်အသုံးဝင်လှပါတယ်။ သဘောင်္ရွက်မှာ အဟာရဓာတ် အများအပြား ပါဝင်ပါတယ်။ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်စီယမ်၊ ဗီတာမင် ဒီ၊ နောက်ပြီး ဗီတာမင် အီး၊ စသည်တို့ဟာ နည်းမျိုးစုံနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေပါတယ်။ antioxidant လုပ်နိုင်စွမ်းတဲ့အတွက် ကင်ဆင်ဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ cytokines ထုတ်ပေးတဲ့အတွက် ရောဂါဒဏ် ယဉ်ပါးနိုင်မှုကို အားပေးပါတယ်။
 ဒါ့အပြင် သဘောင်္ရွက်ကို စားသုံးခြင်းဖြင့် အစာမကြေခြင်း ၊ ဆီးကျိတ်ရောင်ရောဂါ ၊ ၀က်ခြံပေါက်ခြင်း ၊ သွေးမတိတ်ရောဂါ ၊ မီးယပ်နာရောဂါ ၊ ၀မ်းချုပ်ခြင်း ၊ တုတ်ကွေးကြိးရောဂါ ၊ အရေပြားရောဂါ ၊ ခံတွင်းပျက်ခြင်း ၊ ကြက်မျက်သင့်ရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ များသက်သာပျောက်ကင်းစေနိုင်သည့်အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင် အရွက်တစ်မျိုးဖြစ်ပါတယ်။
Source : Papaya Leaves and Cancer Cells , ကိုဦး (သတ္တဗေဒ)

Monday 3 November 2014

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်




အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိ လိုက်ရုံနဲ့ အိပ်မောကျ သွားတတ်ပါတယ်။ လူအနည်းစု ကတော့ အတွေးတွေ များပြီး တော်တော်နဲ့ အိပ် မပျော်နိုင်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန် အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ် မပျော် နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေဖို့ အောက်ပါ နည်းခြောက်သွယ်ကို ရေးသား လိုက်ရပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
အိပ်ရေးဝဝ အိပ်ပျော်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် နေ့ လယ်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြစ်ပြီး အနည်းဆုံး အိပ်ရာဝင်ချိန်မတိုင်ခင် အချိန် သုံးနာရီလောက်ခြားပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
နံနက်ခင်း နေခြည်နုနုခံပါ
ကိုယ်ခန္ဓာဇီဝ နရီရဲ့ နိုးထမှုနဲ့ ဟန်ချက်ညီ မျှမှုတို့အတွက် မနက်ခင်းမှာ နေခြည်နုနုခံယူပေးပါ။ မနက် ခြောက်နာရီကနေ ရှစ်နာရီကြား နေခြည်နုနုကို ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။
စိတ်ဖိစီးမှု ထိန်းချုပ်ပါ
စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာကြောင့် အဆိုး မြင်အတွေးတွေကို ကင်းစင်စေပြီး အိပ်ရာထဲ ဝင်တာ နဲ့ ခပ်မြန်မြန် အိပ်မောကျစေပါတယ်။
တစ်ရေးအိပ်စက်ပါ
ပင်ပန်းနေရင် တစ်ရေးအိပ်ပါ။ အချိန် ၃၀ မိနစ် အောက်နည်းပြီး တစ်ရေးအိပ်ပါ။
ကျန်းမားရေးနှင့် ညီညွတ်သော အစာ စားပါ
အမေရိကန်လူမျိုးအများစုဟာ ညစာကို များများ စားလေ့ရှိတာကြောင့် အိပ်စက်မှုစနစ် ထိခိုက်နေရ တယ်လို့ သိရပါတယ်။ မနက်စာကို များများစားတာ၊ နေ့လယ်စာကို အသင့်အတင့်စားပြီး ညစာကို နည်း နည်းပဲ စားတာတွေက အကောင်းဆုံး ဖြစ်ပါတယ်။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီ ခြားပြီး စားပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို လျှော့ သောက်ပြီး ညစာမစားခင် အရည် များများသောက်ပါ။
ပုံမှန် အိပ်ချိန်၊ ထချိန် ထားရှိပါ
အိပ်စက်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင် တာနဲ့ နေ့စဉ် အိပ်-နိုးစနစ်ကို တူညီတဲ့အချိန်မှာ ထား ရှိတာကြောင့် ခပ်ကြာကြာ အိပ်မောကျစေပါတယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ကို ဖယ်ရှားပြီး အခန်းအပူချိန်ကို လျှော့ချပါ။
Credit-Good Health