အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Saturday 28 September 2013

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”


(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက် မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါ ဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး  သေ သွားနိုင် သည် …လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာ ရှိနေတဲ့ အညစ် အကြေးတွေ ကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာ သစ် လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)
Credit - မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ

Thursday 26 September 2013

ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု'


*** ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန် ***

“ ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက် ” ဆိုတဲ့ ရှေးစကားရှိပါတယ်။
လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်အပ်လိုပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။
(၂) ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။
(၃) သွေးရဲ့ ၈၃% ကအရေဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။
(၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။
(၆) ခန္ဒာကိုယ်ထဲသိုရောက်ရှိလာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။
(၇) ခန္ဒာကိုယ်ထဲမှာပိုလျှံပြီမလိုလားအပ်တဲ့အရည်တွေနဲ့အဆိပ်အတောက်တွေကို ဆီး /၀မ်း /သွေး /ချွေး /ချွဲသလိပ် အဖြစ်စွန့်  ထုတ်ပေးပါတယ်။
(၈) ခန္ဒာကိုယ်အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။
(၉) အသက်ရှုခြင်းကိုအထောက်အပံ့ဖြစ်စေ ပါတယ်။
(၁၀) အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှသက်သာစေပါတယ်။
(၁၁) ခန္ဒာကိုယ်တွင်းဆဲလ်များကို အောက်စီဂျင် မပြတ်လပ်စေတော့ပါဘူး။ 
(၁၂) သက်လုံကောင်းစေပါတယ်။
(၁၃) ခေါင်းကိုက်သက်သာစေပါတယ်။
(၁၄) ပင်ပန်းနွမ်းနယ်မှု ကိုပြေပျောက်စေကာစိတ်ကြည်လင်လန်းဆန်းစေပါတယ်။
(၁၅) ကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသွားစေပါတယ်။
(၁၆) အမောအပမ်းခံနိုင်ပြီး၊ လေ့ကျင့်ခဏ်းကြာကြာလုပ်နိုင်လာပါတယ်။
(၁၇) အသားအရေကောင်းပြီး၊ ရွယ်တင်နုပျိုစေပါ တယ်။
(၁၈) ၀က်ရူးပျံ၊ တီဘီ၊ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊နှာခေါင်း၊ ၀မ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ ကို သက်သာစေပါတယ်။
(၁၉) အမြင်အာရုံတိုးတက်ကောင်းမွန်စေပါတယ်။

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ ?

ရေခဲရေ နဲ့  ရေနွေးတွေကိုမဆိုလိုပါ။ (ရိုးရိုး သောက်ရေသန့် ကိုသာသောက်ပါ)
(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လှုံ့ ဆော်ပေးဖို့  နံက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက်သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့  ထမင်းမစားခင်နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့  ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/နှလုံးရောဂါတွေမဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက်သောက်ပေးရပါမယ်။
(၅)အိပ်ပျော်နေစဉ်ခြေသလုံးကြွက်သားတွေကြွက်တက်ခြင်းမဖြစ်ရလေအောင်ညဘက် တရေးနိုး တဲ့ အခါရေထသောက်ပေးပါ။

ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန်ကျန်းမာရေးသုတေသီတွေရဲ့  စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်း ဆုံးဖြစ်ကြပါတယ်တဲ့။
အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာရေခဲရေ/ရိုးရိုးရေအေး  မသောက်ကြ ဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်းပူပူကိုသာ သောက်သုံးလေ့ရှိလို့ ပါဘဲ။ အထူးသဖြင့် ထမင်း စားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက ( ဥပမာပြ ရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်းအဆီတွေက) အစာအိမ် နဲ့ အူလမ်းကြောင်းမှာ ရွံ့စေး အနယ် အနှစ်များ သဖွယ် ခဲပျစ်သွားတတ်ကြပြီး၊အစာကောင်းစွာမချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ပြင်ထမင်းဟင်းပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့အခါများမှာလည်း၊ အပူအအေး တပြိုင်နက် တည်းတွေ့ လိုက်တာကြောင့် အစာအိမ်ကိုကသိကအောက်ဖြစ်စေပါတယ် အပူအအေး တန်ပြန် သက်ရောက်မှုက အစာအိမ်အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမဖြစ်လာပြီး  ဗိုက်နာဗိုက်အောင့်စေ ပါတော့ တယ်။ ဒါကြောင့်ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ (သို့ မဟုတ်)ရေနွေးဖြူ(သို့ မဟုတ်)ရေနွေးကြမ်းတို့ ဖြင့်သာထမင်း လုပ်မနင်အောင်မျှောချကြပါရန် နဲ့  ထမင်းစားပြီးအနည်းဆုံးနာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်)အင်တာနက်သတင်းမှာအကြံပေးဖော်ပြသွားခဲ့ပါတယ်။ သို့ ပါ၍ဤကျန်းမာရေးဆောင်းပါးကိုဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကိုဆင်ခြင်ကြပြီး၊ မိသားစု /ဆွေမျိုး/မိတ်ဆွေများအားလုံးကို လည်းကျန်းမာရေးအသိပေးမျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်းအသိပေးနှိုးဆော်လိုက်ရပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း…Daily Health Tips)

Wednesday 25 September 2013

သင် ဆေးသောက်တတ်ပါသလား




( ရေနှင့်သောက်ပါ)
ဆေးသောက်လျှင် ရေနှင့်သောက်သည်ကို မသိသူမရှိပေ။ သို့သော် ဤလွယ်ကူ၍ အရေးကြီးသော ကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက် မရသည့်အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။

ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့် (ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။ ဆေးအာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိက ဆေးမှုန့်၏ အစာအိမ် အူလမ်းကြောင်း တလျှောက် စုပ်ယူခံရမှု အမြန်နှုန်းပေါ်တွင် မူတည်သည်။ ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သေးငယ်သော၊ ထောင်သောင်းမကသော အမှုန့်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲစုပ်ယူခံနိုင်မည်။

ဆေးသောက်ပြီး ရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှု ပိုမိုမြန်ဆန်မည်။ ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတခွက် သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနှင့် သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်ထက်မြက်စေနိုင်မည်။ ရေသောက်နည်းလျှင် ဆေးပြား၊ ဆေးတောင့်တို့ သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီး ထိခိုက်ဒဏ်ရာရစေနိုင်သည်။
( ဥပမာ-အက်စ်ပရင်၊ ပရိုဖင်၊ အကိုက်အခဲ ပျောက်ဆေးမျိုးစုံ၊ ပရီနိုစလုံးဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)။

( လှဲလျက် မသောက်ရ)

ဆေးသောက်သည့်အခါ မတ်တတ်ရပ်လျက် သို့မဟုတ်-ထိုင်လျက် ဆေးသောက်ရမည်။ လှဲလျက် ဆေးမသောက်ရ။ ဆေးသောက်ပြီး ချက်ချင်း မလှဲရ။ အနည်းဆုံး ၃-မိနစ်၊ ၅-မိနစ် ဆက်လက်ထိုင်နေသင့်သည်။ နာတာရှည် ရောဂါသည်နှင့် အစာမျို ခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။

(အိပ်ခါနီး သောက်လျှင်)

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး ၂-မိနစ်၊ ၃-မိနစ်ခန့် သွားလာလှုပ်ရှားပြီးမှ အိပ်သင့်သည်။

(နွားနို့နှင့် မသောက်သင့်)
ဆေးကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်စစ်ပါသည့်အတွက် ဆေးမှုန့်လေးများ၏ ပတ်ပတ်လည်တွင် အမှေးပါးတထပ် ဖြစ်ပေါ်အုပ်ဆောင်းထားတတ်သည်။ ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်းများနှင့် ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသော ဆားများအဖြစ်သို့ ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။

ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်၊ ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ။ ရေနွေးနွေးနှင့်သာ သောက်သင့်ပါသည်။ ဆာလ်ဖာဆေးဝါးသောက်လျှင် ကျောက်တည်ခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများပိုသောက်ရမည်။ အနည်းဆုံး ရေတပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ) ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ၊ ဆီးရွှင်၊ ကျောက်ကပ်ကာကွယ်ရာ ရောက်မည်။


အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများ သောက်လျှင်လည်း ရေများများသောက်ရန် လိုအပ်သည်။ သို့မှသာ ကိုယ်ပူကျပြီး ချွေးများများ ထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။ သို့သော် မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများသော်ကရမည်ဟူ၍ကား မဟုတ်ပေ။
အချို့ ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅-မိနစ်ခန့်ကြာမှ ရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့်အချိန်၊ နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။


ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

Tuesday 24 September 2013

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ



၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေတယ်ဆိုရင် 
ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

Ref: Awesome Facts
နှိုင်းရင့်နွေမှတင်ဆက်သည်...

http://myawadynews.blogspot.com/2013/09/blog-post_24.html

LIVE IS A GIFT ဘဝဆိုတဲ့ လက်ဆောင်ကောင်း


"... LIVE IS A GIFT
ဘဝဆိုတဲ့ လက်ဆောင်ကောင်း ..."


ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လာ့း့ ?

အခြေအနေတွေပြောင်းလဲသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာလည်းပြောင်းလဲသွားတတ်ပါတယ်။

ဒီတော့ သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ။

အောက်ပါ သတိရဖွယ်အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ။

၁။ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းတဲ့ စကားမျိုး ပြောတော့မယ်ကြံရင် 
့ လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ ဆွံ့အနေကြတယ်ဆိုတာ
သတိရလိုက်စမ်းပါ့ ။

့၂။ ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့ အရသာကိုခံတွင်းမတွေ့လို့ အပြစ်တင်တော့မယ်ဆိုရင့့် 
့ စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ့ ။

၃။ ဒီနေ့ကစပြီး သင့်ရဲ့ ချစ်ရည်းစားလေးကို စိတ်အလိုမကျ အပြစ်တော်တင်တော့မယ်ကြံရင့့် ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦ့း့ ။

၎။ သင့်ရဲ့ကလေးတွေကို ဆူပူမောင်းမဲတော့မယ်ဆိုရင်လည့်း 
့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ့ ။

၅။ အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့  သန့်ရှင်းရေးမလုပ်လို သင့်အိမ်ကိုကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ့  ။့ နေစရာမရှိလို့ လမ်းဘေးအိပ်နေရသူတွေကို သတိရလိုက်ပါဦ့း့ ။

၆။စိတ်တိုင်းမကျလှတဲ့ကိုယ့်ဘဝကြီးကိုအပြစ်တင်တော့မယ် ဆိုရင်လည့်း့ 
ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ့  ။

့၇။သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင့့် 
ဒီခရီးကိုပဲခြေလျှင်သွားနေကြသူတွေကိုသတိရလိုက်ပါ့ ။

၈။ လက်ရှိသင့်ရဲ့အလုပ်ဟာ ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့ စိတ်ပျက်မယ်ဆိုရင့့် 
အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ့ ။

၉။ သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ကြံရင်လည့်း 
့ တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ့ ။

၁၀။ ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ အတွေးတွေက သင့်ကိုကျရှုံးအောင်လုပ်တော့မယ်ဆိုရင့့် 
့သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ့  ။

ခုချိန်အထိ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ့ (ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက ထင်သလောက်မဆိုးဘူးပဲ နော့ )

•LIFE IS A GIFT.•ဘဝဆိုတာလက်ဆောင်ကောင်းတစ်ခုပါပဲ့ ဘဝမှာနေလိုက်စမ်းပါ။
့ပျော်လိုက်စမ်းပါ့  ။
့ အောင်မြင်မှုတွေကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ့ ။

ကဲ သင်စိတ်ချမ်းမြေ့ရပြီဆိုရင့့် 
သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦ့း့ စိတ်ချမ်းသာစေချင်လွန်းလို့ပါ့ ။

့-Nyein Chan Win မှကူးယူမျှဝေပေးပါသည် .

Sunday 22 September 2013

မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း



( မင်္ဂလာသတင်းစဉ် )


ရေအသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ရေသည် မရှိမဖြစ် အဓိက လိုအပ် ချက်  ဖြစ်နေသောကြောင့် ရေကို အမျိုးမျိုး ရှာဖွေနေကြပါသည်။

တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါ သည်။ ကျေး လက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့် လက်ရိုက် တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။

ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်ေ သာ  ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး၏ ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောေ ကျာင်း  ရေ တွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။

မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့ အရေးအတွက် ပထမဦးစွာ---
ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ် ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစို ဓာတ် တွေ့သည့် တိုင်အောင် ခြစ်ပါ။ အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။

နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက် ပါ။ ရေကြော ရေ ရှိမယ့်နေရာ သည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။

ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာ ရှိမည် ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။

ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများမလိုဘဲ အလွယ်တကူရမည်ဖြစ်ပါကြောင်း ရေးသားရင်း  ဆရာတော် အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။

ဒီလှိုင်း(သပိတ်ကျင်း)

http://www.mawluu.com/2011/11/blog-post_11.html

Friday 20 September 2013

တရားအားထုတ်စဉ် ထားရှိရမည့်သဘောထားများ

တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ.....

၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊

၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။

၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။

၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။

၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။

၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊

၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။

၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။

၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။

၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။

၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။

၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။

၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။

၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ။

၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။

၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊

၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။

၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။

၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။

၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။

၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။

၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။

၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။

၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။

၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။

၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။

၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။

မှတ်ချက်။ ။ ရွှေဥမင်ဆရာတော်ဘုရား၏ သြ၀ါဒကထာမှ ကူးယူမျှဝေခဲ့ခြင်းဖြစ်ပါသည်။

Posted by Ko Myo

https://www.facebook.com/pages/Words-of-Buddha/478034822228446

(၅)မိနစ် နဲ့ ၁၂ ဒေါ်လာ ရှာမယ့် နည်းလမ်း

အခုဖော်ပြမယ့် နည်းလမ်းကတော့ တစ်ရက်ကို အင်တာနက်အသုံးပြုချိန် (၅)မိနစ် နဲ့ ၁၂ ဒေါ်လာ ရှာမယ့် နည်းလမ်းဖြစ်ပါတယ်။ လွယ်လှပါလာား . . . ဘယ်လိုဖြစ်နိုင်မလဲလို့ မေးစရာပါ။ နည်းလမ်းကတော့ အမျိုး မျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် အခုနည်းကတော့ Website ရဲ့ ကြော်ငြာတွေကို ကြည့်ရမှာဖြစ်ပါတယ်။ ကြော်ငြာတစ်ခုကို စက္ကန့် ၃၀ ကြာပါမယ်။ ဒါဆိုရင် ၂ ဒေါ်လာရမှာပါ။ တစ်ရက်ကို ကြော်ငြာ (၆)ခု ကြည့်ခွင့် ရှိပါတယ်။

ဒီ www.twodollarclick.com/index.php?ref=shwemandalay ကို ကလစ်ပြီး အဲဒီ website ကိုသွားပါ။

တစ်ခြားအကောင့်ဖွင့်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ username , password , ….. မိမိ ကြိုက်နှစ်သက်တာ ဖြည့်နိုင်ပါတယ်။
I Accept Terms ကို အမှတ်တပ်ဖို့လိုပါတယ်။ ပြီးရင်တော့ Create Account ကို ကလစ်လိုက်ပါ။ ဒါဆိုရင် အကောင့်တစ်ခု ပိုင်ဆိုင်သွားပါပြီ။

ပြီးရင်တော့ Username , password ဖြည့်ပြီးတော့ Login ၀င်လိုက်ပါ။

ပြီးရင် View Ads ကို ကလစ်လိုက်ပါ။ ပြန်ထွက်ချင်ရင် Logout ဆိုတာ My Account ခေါင်းစဉ်အောက်မှာ ပါပါတယ်။ ဒါပေမယ့် View ads မှာ ပါတဲ့ ကြော်ငြာတွေကို ကလစ်ပြီးမှသာ ညာဘက်ထိပ် မှာ ဖော်ပြထား တဲ့ Earning Balance မှာ ပိုက်ဆံ ဒေါ်လာ ဘယ်လောက် ရရှိထားပြီလဲဆိုတာ ဖော်ပြပေးမှာပါ။

View ads ကို ကလစ်လိုက်တာနဲ့ အောက်ပါပုံအတိုင်းတွေ့ရမှာပါ။

ကြိုက်နှစ်သက်ရာ တစ်ခုကို စတင်ကလစ်လိုက်ပါ။ နောက် စာမျက်နှာတစ်(New Tab) ဆီ ရောက်သွားမှာ ဖြစ်ပါတယ်။ ရောက်သွားတဲ့ စာမျက်နှာ ရဲ့ ထိပ်ပိုင်းမှာ ဘယ်ဘက်မှာ wait : 23 ဆိုပြီး စက္ကန့် စတင်နေတွက်နေပါလိမ့်မယ်။ စက္ကန့် ၃၀ ပြည့်သွားပြီး ဆိုရင်တော့ Click 5 ဆိုပြီး ပေါ်နေမှာပါ။ ဒါကလည်း ပုံသေမဟုတ်ပါဘူး။ Radom တစ်ဘောမျိုးပါ။ အလိုအလျောက် စနစ်ကိုကွာတာဖြစ်ပါတယ်။

Click 4 ဆိုရင်တော့ သူ့ဘေးနားမှာ ဖော်ပြထားတဲ့ 4 ဆိုတဲ့ ကဏန်းကို ကလစ်ပေးရပါမယ်။ ဒါဆိုရင် loading စတင်ပြီး မိမိကောင့်ထဲကို $2 ထည့်သွင်းတော့မှာဖြစ်ပါတယ်။

အလားတူ တစ်ခြားကြော်ငြာကို ကလစ်ပေးရမှာပါ။ စက္ကန့်ပေါင်း ၁၈၀ ကြာမြင့်ရုံနဲ့ ၁၂ ဒေါ်လာရမှာပါ။
တစ်ရက်ကို ၁၂ ဒေါ်လာ ၊ ရက်ပေါင်း ၁၀၀ ဆိုရင် ဒေါ်လာ ၁၂၀၀ ပါ။ မြန်မာငွေနဲ့တော့ မတွက်တတ်လို့။ တွက်ကြည့်ပေါ့ဗျာ ။

အထူးလမ်းညွှန်ချက်ကို အောက်မှာ ဆက်လက်ဖတ်ရှုပေးပါ။
ငွေသားထုတ်ယူရန် နည်းလမ်း။
၁။ www.Paypal.com မှာ အကောင့်တစ်ခုပြုလုပ်ရပါမယ်။
- မှတ်ပုံတင်တဲ့အချိန်မှာ မြန်မာ နိုင်ငံဆိုရင် ရွေးခွင့်မရှိပါဘူး။ ထိုင်း နိုင်ငံ ၊ တရုတ် စသည်ဖြင့် မိမိကြိုက်နှစ်သက်တဲ့ နိုင်ငံအနေနဲ့ မှတ်ပုံတင်ရပါမယ်။
- အပြင်မှာ တကယ်ရှိတဲ့ မြို့ ၊ တိုင်း/ပြည်နယ် ဖြစ်ရပါမယ်။ လိပ်စာ- အမှတ်(၃၃) ဘာညာကတော့ တိကျဖို့မလိုပါဘူး။ Zip code တွေ မှန်ဖို့လိုတယ်။ ဖုန်း နံပါတ်လည်း တကယ်ရှိဖို့လိုတယ်။ အသိမိတ်ဆွေရဲ့ဖုန်းလည်း သုံးလို့ ရပါတယ်။
- Verify account ဖြစ်ဖို့အတွက် Credit Card တစ်ခုခု လိုပါတယ်။ Visa , MasterCard လိုမျိုးပေါ့။ ဒါလည်း မြန်မာမှာ ကံမကောင်းစွာနဲ့ အဆင်မပြေဘူးဗျ။ ဒါပေမယ့် ကံကောင်းစွာနဲ့ Shwe Money က Virtual Visa Card ၀န်ဆောင်မှုပေးနေပါတယ်။
၂။ www.shwemoney.com မှာ Virtual Visa Card တစ်ခု ပိုင်ဆိုင်ရပါမယ်။
၃။ အနည်းဆုံးငွေသားထုတ်ယူခွင့်ကတော့ $ 1,000 ဖြစ်ပါတယ်။ အချိန်ကာလ အားဖြင့်တော့ (၃)လ နဲ့ (၁၀)ရက်ပေါ့ဗျာ။
၎။ ဒေါ်လာ ၁၀၀၀ ပြည့်ရင် paypal ထဲကိုပို့၊ ပြီးရင် Shwe Money ကတစ်ဆင့် ငွေသားထုတ်ယူပေါ့။ Shwe money မှာ ၀န်ဆောင်ခ ၅% ပေးရပါတယ်။
အထူးသတိပြုရန်။
IP address တည်းနဲ့ အကောင့်တစ်ခုထက် ပိုမသုံးမိပါစေနဲ့။ ကွန်ပျူတာ တစ်လုံးတည်းကနေ ကောင့်အများကြီး မသုံးပါနဲ့။
 https://www.facebook.com/groups/yangonnews/permalink/1416045941944981/ မှကူးယူတင်ပြပါသည်။

Wednesday 18 September 2013

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း


အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။

ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှထုတ်နှုတ် ဖော်ပြ ထား တာ ဖြစ် ပါတယ်။
ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။

လေ့ကျင့်ခန်း (၁)
ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့်   ခြေဖျားပေါ် တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)
(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။
(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့်မျဉ်းပြိုင်အနေအထားသို့  ရောက်အောင် ဆွဲ ယူပါ။ 
 
တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)
(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင် နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။

(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့် ထိပါ။ ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)
(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့် ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့် ထိန်း ထားပါ။

(B)အသက်ရှူ၊    ဗိုက်ကို  ရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင်ဆွဲထူပါ။    ကိုယ်အလေးချိန်ဟာ၊
  မြီးညောင်ရိုး နေရာမှာ ရှိပါစေ။

ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

လေ့ကျင့်ခန်း (၅)

(A) ပက်လက် အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်းအောက်တွင် ထားပါ။
(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကို ဆန့် ညာဒူးဆီသို့လှည့်ပါ။

တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
** အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၅) ကို ဆယ်မိနစ် အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက် ပြုလုပ် ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲ ပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေ အတွက်လည်း အသုံးဝင် လိမ့်မယ် ထင်ပါတယ်။

ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင် နိုင်ကြပါစေရှင်။


credit to Shwe Beauty

Tuesday 17 September 2013

အင်တာနက်သုံးရင်း တစ်နေ့ကို $160 ရမည့် Online ငွေရှာနည်း

                         ကဲစိတ်ဝင်စားတယ်ဆိုရင် အရင်ဆုံး ကျွန်တော် ပေးထားတဲ့ လင့်ကနေ Register လုပ်လိုက်ပါ
                                                   .http://www.probux.com/?r=chanmyintoo
 Register လုပ်တဲ့နေရာရောက်ရင် Username , Passwords , Email , Birth Year တို့မှာ မိမိအသုံးပြုမယ့်လိပ်စာတွေဖြည့်ပါ..ပြီးတာနဲ့ Referrer မှာUsername ကနာမည်ဘဲပြန်ဖြည့်ပြီး အောက်မှာပေးထားတဲ့ လုံခြုံရေးကုဒ်ကိုဖြည့်ကာ Create My Account ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Email အတည်ပြုချက်တောင်းတဲ့ Page ကိုရောက်သွားပါမယ်.. Email ထဲကိုသွားပြီး Verifiedလုပ်လိုက်တာနဲ့ မိမိအကောင့်ဟာ စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ 
 အခုကျွန်တော်တို့ပြုလုပ်ရမှာက သူ့ဆိုဒ်မှာ တင်ထားတဲ့ ကြော်ငြာတွကို ကလစ်ပေးရမှာ ဖြစ်ပါတယ် သူ့ရဲ့ကြော်ငြာတွကိုကလစ်ပေးချင်းအားဖြစ် ပုံမှန်ငွေရရှိနေမှာဖြစ်ပါတယ်. Account ထဲဝင်လိုက်ပါ
အကောက်ထဲ ဝင်ပြီးသွားပြီဆိုရင် My Account ဆိုတာကို နှိပ်လိုက်ပါ အောက်က ပုံမှာ ပြထားတဲ့အတိုင်း တွေရပါမည်  ။


 အခုကျနော် နမူနာပြထားတဲ့ Main Balance ထဲမှာ $ 0.1730 ဆိုပြီးကြော်ငြာတွေကို ကလစ်လို့ရထားတဲ့ ငွေအချို့ကို
တွေ့ရပါလိမ့်မယ်. ပုံမယ်ပြထားတာက ကျနော် ကလစ်နေတာ သုံးရက်လောက်ရှိပါပြီ..အခုမှစလုပ်တဲ့သူတွေကတော့
အဲလောက်တောင်ရမှာမဟုတ်ပါဘူး အနည်းဆုံး $ 0.0856 လောက်ပဲရပါလိမ့်မယ်..
ပြီးရင် My Account ရဲ့ညာဘက်ဘေးက
View Ads ကိုကြည့်လိုက်ပါ..အဲဒီမှာ ရောင်စုံလေးတွေနဲ့ ဂဏန်းတွေပြထား တာကိုတွေ့ပါလိမ့်မယ်..ဥပမာ အောက်က
ပုံကိုကြည့်ပါ။



 View Ads မှာ 7 4 လေးပြထားပါတယ်..ဒါဆိုရင် ကနေ့ Click လုပ်ရမယ့် ကြော်ငြာအရေအတွက်က ၁၁ ခုလို့မှတ်ရပါမယ် ..အိုကေ.. အဲဒီ View Ads ကို Click နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါမယ်




 အကုန်ကလစ်ပြီးသွားပြီဆိုရင် My Account ကို နှိပ်လိုက်ပါ Main Balance ထဲကိုကြည့်လိုက်ပါ ကိုယ်ကလစ်လို့ရထားတဲ့
ငွေစငွေန အချို့ကိုတွေ့ပါလိမ့်မယ်…