အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 26 April 2015

ရိုးသလို နဲ့ ဆန်းပြား တတ်တဲ့ ခြေစွယ်ငုပ် နာ


ရိုးသလို နဲ့ ဆန်းပြား တတ်တဲ့ ခြေစွယ်ငုပ် နာ
ခြေစွယ်ငုပ်နာ ဆိုတာ လူတိုင်း လိုလိုနဲ့ မစိမ်း တဲ့ဝေဒနာ ပါ။ ဒါပေမဲ့ ဒီဝေဒနာ ဟာ ရိုး မလိုနဲ့ ဆန်းတတ် ပါတယ်။ သမားရိုးကျပဲ ဆိုပြီးပေါ့ဆထားလို့ မရတဲ့ ကျန်းမာရေးပြဿနာ တစ် ရပ်ပါ။
ခြေစွယ်ငုပ်နာ(Ingrown Nail) က ခြေသည်း၊ လက်သည်းတွေ ဟာခြေမ၊ လက် မထောင့် ထိပ်စွန်းပိုင်း အသားနုထဲ က မူမမှန်ကြီးထွား တိုးဝင် ရာ ကနေ ဖြစ် လာတဲ့ဝေဒနာ တစ်ရပ်ပါ။ ခြေစွယ်ငုပ် နာ ဆိုပေမဲ့ ဒီဝေဒနာ ဟာ ခြေရော လက်ရော ဖြစ်တတ် ပါတယ်။
အထူးသဖြင့် ခြေမ၊ လက်မတွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာ ပိုအဖြစ်များ တတ်ပါတယ်။ အသက် အရွယ်အားဖြင့် လူငယ်နဲ့ လူလတ်ပိုင်း အရွယ် (၁၅ နှစ် နဲ့ ၄၀ ကြား) မှာ ပိုဖြစ်ပါတယ်။
သူ့ကို ဆေးပညာ အခေါ်အဝေါ်အရ Onychogryphosisor Unguis incarnatus လို့ ခေါ်ဝေါ်ပြီး သူ့ကို အချိန်မီ မကုသရင် အသား ထဲ တိုးဝင် လာတဲ့ ခြေသည်း၊ လက်သည်းကြောင့် ရောဂါပိုး ၀င်ပြီး အနာ ပြည်တည်၊ အနာ ရင်းပြီးခွဲစိတ် ကုသရတဲ့ အထိ ပြဿနာကြီး တတ်တာမို့ ပေါ့သေးသေး မှတ်လို့ မရပါ။
ခြေစွယ်ငုပ်နာ ဖြစ်ရတာက......
ခြေစွယ်ငုပ် နာဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက အလုံပိတ် ဖိနပ် ကျပ်ကျပ် (ဥပမာ-ရှူးဖိနပ်၊ ထိပ်ပိတ် ဖိနပ်) စီးတာ၊ ခြေသည်း ညှပ်ပုံမှားယွင်းတာ (အရမ်း တိုလွန်းအောင် ညှပ်တာ၊ ခြေသည်း ပုံဖော်လွန်းတာ)၊ ခြေထောက် အားသုံး အားကစား(သို့) ကာယ လှုပ်ရှားမှုတို့နဲ့ ခြေသည်း၊ လက်သည်း မှိုရောဂါပိုး ၀င် တာတွေကြောင့် ခြေစွယ်ငုပ်နာဖြစ်ရခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ခြေထောက် ချွေးထွက် များတာ (ခြေဆီ အထွက်များတာ) နဲ့ ခြေတောက် ဖောရောင်လွန်းတာ၊ ဆီးချိုသွေးချိုရောဂါတွေကြောင့် လည်းခြေစွယ်ငုပ် နာဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
ခြေစွယ်ငုပ် နာဖြစ်ရင်..........
ခြေစွယ်ငုပ်နာ ဖြစ်တဲ့ အခါ အဖြစ် အများဆုံးလက္ခဏာ ရပ်ကတော့ ခြေစွယ်ငုပ် နာဖြစ်တဲ့ ခြေမထောင့်စွန်း မှာနာကျင်တာ၊ နီရဲရောင်ရမ်း တာတွေက ထင် သာမြင် သာဖြစ်တဲ့ လက္ခဏာတွေပါ။ ပထမအဆင့် ခြေစွယ်ငုပ်နာ မှာခြေ မထောင့်စွန်းမှာ အနည်းငယ် နီရဲရောင်ရမ်းပြီး နာကျင်မှု ရှိပါတယ်။ ဒါပေမဲ့ ပြည်တည်တာ မဟုတ်သလို အဖျားဝင်တာမျိုး လည်းမရှိပါဘူး။
ဒါပေမဲ့ ခြေမ စွယ်ငုပ်နာ ဟာတဖြည်းဖြည်းကြာ လာရင် ခြေစွယ်ငုပ်နာ မှာ ပြည် တည်ပြီး နာကျင်မှုပိုလာနိုင် ပါတယ်။ အခန့်မသင့် လို့ ပိုးမွှားတွေ ၀င်သွား ရင်တော့ အနာက ပိုဆိုးပြီး အနာရင်းကာခြေမ တစ်ခုလုံးရောင်ကိုင်းပြီး အဖျား ပါဝင်တတ် ပါတယ်။
အကယ်၍ ဆီးချိုသွေးချို လိုရောဂါ အခံရှိခဲ့ရင်တော့ ပိုဆိုးရွား တဲ့ အခြေအနေနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆီးချိုသွေးချိုရော ဂါကြောင့် သွေး လည်ပတ်စနစ် နဲ့ အာရုံခံ စနစ်တွေ ချို့ယွင်းနေတာကြောင့် အနာ ပိုဆိုးမှ သိသလို အနာလည်း ကျက်ခဲ တာကြောင့် ဖြစ်ပါတယ်။

ဘယ်လို ကုသလို့ ရလဲ.....
ခြေစွယ်ငုပ်နာ ကုသနည်း မှာအနာ အခြေအနေ အလိုက် ကုသနည်းတွေ ကလည်း အမျိုးမျိုး ရှိပါတယ်။
ကိုယ်ပိုင်စောင့်ရှောက်မှု (အိမ်တွင်းစောင့်ရှောက်မှု)......
ဒါ ကတော့ အနာကို အိမ်တွင်းဆောင့်ရှောက်မှု အဆင့်ပါ။ အနာကိုပို မဆိုးအောင် နဲ့ ရောဂါ ပိုးမွှားတွေ မ၀င်ရောက်နိုင်အောင် ခြေစွယ်ငုပ် နာစဖြစ် ချိန်မှာ လုပ်ဆောင်ရမယ့် စောင့်ရှောက်မှုပါ။
ပထမဆုံး ဆားသန့် ထည့်ထား တဲ့ ရေနွေးနွေးထဲ မှာခြေထောက်ကို တစ်နေ့ ၃-၄ ကြိမ် စိမ်ပေးပါ။ ခြေဆေး ပြီးရင် ခြေထောက် ကိုခြောက်သွေ့အောင် အ၀တ် သန့်သန့် နဲ့ သုတ်ပေးပါ။
ပြီးရင် ခြေစွယ် ငုပ်တဲ့ ခြေချောင်း က ခြေသည်း တစ်ဝိုက် ကို အနာ သန့်စင်ဆေး ရည် နဲ့ သန့်ရှင်းပေးပါ။ တို့နောက် လက်သည်း ညှပ်ကို အရက်ပြန်နဲ့ သန့်စင်ပေး ကာရှည် ထွက်ပြီး အရေပြားထဲ နစ်ဝင်ခါစ ခြေစွယ်ကို အနည်းင ယ် ကော် ထုတ် ပြီး ညှပ်ပေးပါ။ သွေးထွက် ရင် ပိုးသတ် သန့်စင် ထားတဲ့ ဂွမ်းစနဲ့ သုတ်ပါ။ သွေး တိတ်စေ ရန် ဂွမ်းစနဲ့ ခေတ္တ ဖိထားပါ။
ပြီးရင် အနာ သန့်စင်ဆေးရည် (Antiseptic Solution) သို့မဟုတ် အနာ သန့်စင်ဆေး ခရင်မ် (Antiseptic cream) တစ်မျိုးမျိုး ကိုခြေ မထောင့် စွန်းခြေ စွယ်ငုပ် တဲ့နေရာ မှာလိမ်းပေးပါ။ အိမ်တွင်းမှာ ဆိုရင် ခြေမကို ဂွမ်းနဲ့ ဖွဖွအုပ် ထားပေးပြီး အပြင်ထွက်မှသာ ဖုန်နဲ့ ပိုးမွှားတွေ မ၀င်အောင် ပတ်တီးစနဲ့ ဖုံးအုပ်ပေးပါ။
အလွန် တင်းကျပ်စွာ စည်းနှောင်ထားပါက အနာသို့ သွေးစီးဆင်း လည်ပတ်မှု မကောင်းဘဲ အနာကျက်နှေးတတ် ပါတယ်။ အနာ သန့်စင်ပြီး သွားရင်တော့ အနာ ကိုက်ခဲမှု မရှိအောင် အကိုက် အခဲပျောက် ရောင်ရမ်း ကျဆေး တစ်မျိုးမျိုး (ဥပမာ- lbuprofen,paracetamol) သောက်သုံးပေးနိုင် ပါတယ်။
အကိုက် အခဲပျောက် ရောင်ရမ်းကျဆေး ကိုသောက်တဲ့ အခါ ဘေးထွက် ဆိုးကျိုး ခံစားမှု လျော့နည်းအောင် အစာ စားပြီးမှ သောက်ပါ။
ဆေးရုံ၊ ဆေးခန်းတွင် ခွဲစိတ်ကုသမှု......
အကယ်၍ သင့်ရဲ့ခြေစွယ်ငုပ် ရာက သင်ကိုယ်တိုင် ဖြေရှင်း မနိုင်လောက်အောင် ဆိုးရွားပြင်းထန် လာရင်တော့ ဆေးရုံ၊ ဆေးခန်း သွားပြီး ဆရာဝန်နဲ့ ပြသ သင့်ပါ တယ်။ ဒီလို အခြေအနေ မှာခြေသည်း တစ်ခုလုံးကို ခွဲစိတ် ကာခွာ ထုတ်သင့် ခွာထုတ် ရပါမယ်။ ဒီအဆင့် မှာခွဲစိတ် ဖယ်ရှားပြီးနောက် အကိုက် အခဲပျောက်ဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး(Antibiotics)ကိုပါ မှီဝဲရမှာပါ။
မေးခိုင် ကာကွယ်ဆေး ကိုပါ ထိုးတားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်မှာ ဆီးချို သွေးချို ရောဂါ၊ ခုခံအား ကျဆင်းရောဂါ (AIDS)နဲ့ ကင်ဆာ ကုထုံးခံ ယူနေ သူဆိုရင် အနာကျက်နှေးပြီး အနာ ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများတာမို့ အနာကို အထူးကြပ်မတ် ကုသစောင်ရှောက်မှု ခံယူဖို့ လိုပါတယ်။
ခြေစွယ်ငုပ်နာ မဖြစ်အောင်......
၁။ ခြေသည်းကို တိတိရိရိ တစ်ဖြောင့်တည်း ပုံသွင်းညှပ်ပါ။ ခြေသည်း ကို အ၀ိုက် (အ၀ိုင်း) ဖြစ်အောင် မညှပ် ပါနှင့်။ အကယ်၍ သင့် မှာသွေးလည်ပတ်မှု မကောင်းစေနိုင်တဲ့ ပြဿနာ အရင်းခံဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါ နဲ့ သွေးကြော ဆိုင်ရာ ပြဿနာများ ရှိပါကခြေသည်း ပုံသွင်း ကျွမ်းကျင် သူများနှင့် ခြေသည်း ညှပ်ဖို့ လိုပါတယ်။
၂။ ခြေသည်းကို အရမ်းတိုအောင် မညှပ်ပါနှင့်။ ခြေသည်းကို အရမ်းတို လွန်းအောင် ညှပ်တဲ့ အခါ ဖိနပ်(သို့) ခြေဖျား ထိပ်မှ ဖိအားကြောင့် ခြေထိပ် အသားနုထဲ သို့ ခြေသည်း နစ်ဝင်ကြီးထွားဖို့ အားပေးတာ မို့ ခြေသည်းကို အသားနဲ့ ထိကပ်နေအောင် မညှပ်ဘဲ အရှည်နည်းနည်း ချန်ထားပေးသင့် ပါတယ်။
၃။ အရမ်းကျပ်လွန်းတဲ့ ဖိနပ် မစီးပါနှင့်။ အရမ်း ကျပ်လွန်းတဲ့ အလုံ ပိတ်ဖိ နပ်တွေ ကခြေသည်းတွေ အပေါ် ဖိအားသက်ရောက်စေပြီး အသားနု ထဲ ခြေသည်း နစ်ဝင်အောင် ပံ့ပိုးပေးတာကြောင့် ဖိနပ်ရွေးချယ်တဲ့ အခါ နည်းနည်းချောင် တဲ့ ဖိနပ်ကို ရွေးချယ် ၀ယ်ယူသင့်ပါတယ်။
၎။ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ခြေထောက်မှာ ဖုန် မှုန့်တွေ ကပ်ငြိတဲ့ အခါ၊ ချွေးတွေ၊ ခြေဆီတွေ နဲ့ စိုစွတ်နေတဲ့ အခါတွေ မှာခြေစွယ် ငုပ်နာကို ပိုဆိုးရွားစေပြီး အနာရင်းစေဖို့ အခွင့်အလမ်းများ ပါတယ်။
ဒါကြောင့် သင်ဟာ အပြင် မကြာခဏ သွားရသူ၊ ခြေဆီ အထွက်များသူ ဆို ရင် ခြေထောက်ကို မကြာခဏာဆေးကြော သန့်စင်ပြီးခြောက်သွေ့အောင် ထားပေးပါ။ ချွေးစုပ် တဲ့ ခြေထောက် လိမ်းပေါင်ဒါတွေ လည်းရှိတာ မို့ ခြေဆီ အထွက် နည်းအောင် ပြုလုပ်လို့ ရပါတယ်။
မှတ်ချက်။ ၂၀၁၄ ခုနှစ်၊ မတ်လထုတ် ဇီဝက မဂ္ဂဇင်းစာအုပ် မှ သွန်းသော်တာ (B.NSc) ရေးသား သည့် ဆောင်းပါး အားကောက်နုတ်ဖော်ပြပါသည်။
credit to yinkhwinlam

Tuesday 21 April 2015

လှပခြင်း၏ လျှို့ဝှက်ချက်


လှပခြင်း၏ လျှို့ဝှက်ချက်
အသားအရည်ကိုချေားမွတ်လှပစေပီး ဗိုက့်ကြေားပေါင်ကြေားပြတ်တာတွေနဲ့ ဗိုက့်ခေါက့်ကအဆီတွေ ကျပီးဗိုက့်သားချပ့်ရပ့်လှပစေဖို့အတွက့် Home Made Slim Scrub ပြုလုပ့်အသုံးပြုနည်းလေးပါ
ပါဝင်ပစ္စည်းတွေကတော့ ???
သကြားကြမ်း (လိုသလောက့်)
ဆား (လိုသလောက်)
သံပုရာသီး ( တစ်လုံး )
သံလွင်ဆီ အနည်းငယ်
ခွက့်သန့်သန့်တခုတည်းမှာ သကြား ဆား သံပုရာသီးညစ် သံလွင်ဆီစစ်စစ် ကိုတဇွန်းရေားပီး အားလုံးသမအောင်မွှေပေးကာ ရေချိုးခါနီးတိုင်း အကြေားပြတ်တဲ့နေရာနဲ့ ဗိုက့်ခေါက့်လေးကို အသာအယာ ဆားနဲ့သကြားကြေတဲ့အထိပွတ်တိုက့်ပေးပါ ပွတ်တိုက့်ပီးတစ်နာရီခန့်ကြာမှရေချိုးချလိုက့်လိုက့်ပါ (ဂျိုင်းဖြူချင်တဲ့သူတွေလည်းနေ့စဉ်ရေချိုးခါနီးအဲ့စပ့်ထားတဲ့ဆေးနဲ့ဂျိုင်းသားလေးကိုပွတ်တိုက့်ပေးမယ်ဆိုဖြူလာမှာပါ)
အကြေားပြတ်တဲ့နေရာကိုသုံးမယ်ဆိုတဲ့သူကသုံးရက့်ခြားတကြိမ်အသုံးပြုလို့ရပါတယ်ရှင့်
ဗိုက့်ခေါက့်ကအဆီတွေကျချင်တာဆိုရင် နေ့စဉ်အသုံးပြုပေးလို့ရပါတယ် တလဆို ဗိုက့်ခေါက့်တွေကျပီး ကျစ်လစ်ချပ့်ရပ့်လာမှာပါ
အသားအရည်လှပချင်သူတွေအနေနဲ့လည်းတပတ်ကိုနှစ်ကြိမ် ဖော်စပ့်ထားတာနဲ့Scrubပြုလုပ့်လို့ရပါတယ်
 ခြေဖနှောင့်ကွဲးတာ ဂျွတ်တတ်တာတွေကိုလည်းပွတ်တိုက့်ပေးရင်ပျောက့်ပါတယ် Face မှလွှဲးပီး ကျန်တဲ့နေရာအကုန်အသုံးပြုလို့ရပါတယ်ရှင့်
‪#‎ကျမ်းမာလှပကြပါစေရှင်း‬
‪#‎HannaYuyiKoe‬ ^•^ ^•^ {^_^}

Monday 20 April 2015

အရေပြားပေါ်က အမာရွတ်များကို ဖယ်ရှားနည်း


အရေပြားပေါ်က အမာရွတ်များကို ဖယ်ရှားနည်း
------------------------------------------------------
အရေပြားပေါ်မှာ ရှိတတ်တဲ့ အမာရွတ်လေးတွေကို စိတ်ပျက်နေတဲ့သူများအတွက်ပါ။ စိတ်ပျက်မယ် ဆိုလဲပျက်စရာပဲလေ။ တခါတလေ ခြေသလုံးသားအလှအပလေး ပြချင်ရင် ဒီအမာရွတ်တွေကြောင့် စိတ်ပျက်အားငယ်စရာလေးတွေ ဖြစ်တတ်ပါတယ်။
အားလုံး ရာနှုန်းပြည့်ပျောက်အောင် မစွမ်းဆောင်နိုင်ပေမဲ့လည်း သိသိသာသာ လျှော့ပါးသွားနိုင်အောင်ပြုလုပ်ပေးနိုင်သော အမာရွတ်ဖျောက်ပေးတဲ့ ခရင်တွေ၊ ဂျယ်လီတွေ၊ ဆေးတွေနဲ့ မီးဖိုချောင်သုံးဆေးဝါးတွေအစရှိသဖြင့် အမျိုးမျိုးရှိကြပါတယ်။
အမာရွတ်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိတဲ့အထဲက မီးလောင်၊ ခွဲစိတ်၊ ထိခိုက်ဒါဏ်ရာ၊ ရေကြောက်၊ ဝက်ခြံအမာရွတ်လေးများနှင့် အင်းဆက်ကြောင့် ဖြစ်ပေါ်သော အမာရွတ်များကို အောက်ပါနည်းများဖြင့် ငွေကုန်ကြေးကျများစရာမလိုပဲ ကုစားနိုင်ပါတယ်။
(၁) ဗိုက်တာမင်အီး
နှစ်ပေါင်းအတန်ကြာကပင် ဗိုက်တာမင်အီးကို ကျန်းမာရေးဆိုင်ရာများနှင့် အလှအပဆိုင်ရာ ဆောင့်ရှောက်မှုများအတွက် အကျိုးထိရောက်မှုရှိစွာ ယနေ့ထိတိုင်သုံးစွဲနေကြဆဲဖြစ်ပါတယ်။ လည်းကောင်းတွင် ပါဝင်သော အလွန်အစွမ်းထက်သည့် အန်တီအေက်ဆီဒန့်နှင့် အသားအရေ စိုပြေစေရန် ထိန်းသိမ်းပေးသည့်ဓါတ်က အရေပြားနှင့် ပျက်ဆီးနေသော တစ်ရှုးများကို ပြန်လည်ပြင်ဆင်ပေးသည်။
ဗိုက်တာမင်အီး ဆေးတောင့်ကို သောက်နိုင်သည် သို့မဟုတ် ပင်အပ်လေးနှင့် ပေါက်အောင် ဖေါက်လိုက်ပြီး အမာရွတ်ပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေးနိုင်သည်။ အချို့ အချို့သောလူများတွင် အရေပြားနှင့် ထိသည့်အခါ မတည့်သည့်အတွက် အရေပြားရောင်အန်းနာကျင်ခြင်း ဖြစ်တတ်သည့် အတွက် အကုန်အသုံးမပြုခင် အပ်နှင့်ဖေါက်ပြီး အနည်းငယ်ကို အရေပြားပေါ်တွင် အစက်ကလေးချ၍ စမ်းသပ်ကြည့်ပါ။
(၂) Cocoa Butter
ဒါကလဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်တဲ့ ပစ္စည်းပါ။ အရေပြား၏ အပေါ်လွာနှင့် အလယ်လွာတို့ကို ပျော့ပြောင်းစေ၍ အသားအရေ စိုပြေအောင်လုပ်ပေးခြင်းဖြင့် အမာရွတ်များကို လျှော့ချပေးနိင်ပြီး တချိန်ထဲမှာပင် အရေပြားမျက်နှာပြင်ကို ချေမွေ့တောက်ပြောင်စေသည့် သဘာဝ ထုတ်ကုန်တမျိုးဖြစ်ပါတယ်။ ကိုကိုးစစ်စစ် သို့မဟုတ် Cocoa Butter ပါဝင်သည့် လိုးရှင်းကို တနေ့လျှင် ၂ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်း အသုံးပြုနိုင်သည်။
လိမ်းတဲ့အချိန်မှာ ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် အတွက် အရေပြားပေါ်တွင် စက်ဝိုင်းပုံ လှည့်လည်၍ အားလုံးအရေပြားထဲကို စိမ့်ဝင်သွားစေရန် ဂရုစိုက်၍ လိမ်းရမည်။ Cocoa Butter ဟာ အမာရွတ်အဟောင်းတွေထက်စာရင် အသစ်တွေပေါ်မှာလိမ်းတာ ပိုအကျိုးသက်ရောက်တာ တွေ့ရပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လိမ်းပြီးရင် တိုးတက်မှုကို တနည်းနည်းဖြင့် တွေ့နိုင်ပါတယ်။
(၃) သံပုရာရည်
စွယ်စုံသုံးလို့ရတဲ့ အိမ်သုံးဆေးဝါးတခုဖြစ်တဲ့ သံပုရာသီးရဲ့ အရည်ကလဲ အမာရွတ်ကို ပျောက်ကင်းနိုင်ပါတယ်။ အနီရောင်အမာရွတ်ကို တဖြည်းဖြည်း အရောင်ဖျော့လာအောင် လုပ်ပေးရင်းနဲ့ သေနေသော ဆဲလ်များကိုဖယ်ထုတ်ကာ အသစ်ပြန်လည်မွေးဖွားအောင် လုပ်ဆောင်ပေးသည်။ ဒါပေမဲ့ အချို့အရေပြား အထူးကုများကတော့ သံပုရာရည်ဟာ အရည်ပြားကို ခြောက်သွေ့ပြီး ကြမ်းတမ်းစေတယ်။ အမာရွတ်ကို သံပုရာရည်ဟာ ပျောက်ကင်းစေနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျနည်းလမ်းများဖြင့် သက်သေမပြနိုင်သေးဖူးလို့ ပြောကြပါတယ်။
တကယ်လို့ သံပုရာရည်ကို အမာရွတ်အတွက် အသုံးပြုတော့မယ်လို့ ဆုံးဖြတ်ထားရင် ပထမဆုံး အနေနဲ့ အမာရွတ်ပေါ်ကို သံပုရာသီးစိတ်လေးက အရည်ကို တိုက်ရိုက်ညှစ်ချလိုက်ပါ။ ပြီးရင် တည သို့မဟုတ် နာရီများစွာ ကြာအောင်ထားလိုက်ပါ။ တနေ့ကို တကြိမ်ထက် ပို့၍ အသုံးမပြုပါနဲ့။
သံပုရာရည်သီးသန့်အသုံးပြုလို့ စူးတယ်၊ စပ်တယ်ဆိုရင် အသုံးမပြုခင်မှာ ရေအနည်းငယ်ရောစပ်၍ လည်းကောင်း သခွားသီး အရည်ဖြင့် ရောစပ်၍လည်းကောင်း အမာရွတ်ပေါ်မှာ မလိမ်းခင် ရောစပ်နိုင်ပါတယ်။
(၄) ရှားစောင်း လက်ပတ်
အရေပြားကျန်းမာရေးအတွက် ရှားစောင်း လက်ပတ်အနှစ်ဟာ အများကြီး အသုံးဝင်သလို နာမည်လဲကြီးပါတယ်။ မီးလောင်ဒါဏ်ရာများနှင့် အမာရွတ်များအတွက် အသုံးပြုနိုင်သည်။ ကွဲဟနေသော အရေပြားဒါဏ်ရာများကို အသုံးပြုရန် မသင့်တော်သော်လဲ လည်းကောင်းတွင်ပါဝင်သော ရောင်ရမ်းခြင်းနှင့် ဘက်တီးရီးယားများကို ကာကွယ်ပေးသည့်အတွက်ကြောင့် လောလောလတ်လတ် ဖြစ်ပေါ်လာသော အမာရွတ်များကို ပိုမိုအကျိုးသက်ရောက်သည်။ အရေပြားဝေဒနာကို သက်သာစေပြီး အရေပြားသစ် ဖြစ်ပေါ်လာစေရန် အားပေးခြင်းဖြင့် အမာရွတ်ကို သက်သာစေသည်။
အသုံးပြုရန်အတွက်ကတော့ ရှားစောင်းလက်ပတ် အနှစ်ကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ လှည့်၍ အရေပြားတွင်းဝင်အောင် လိမ်းပါ။ တနေ့လျှင် ၄ကြိမ်အထိသုတ်လိမ်းနိုင်ပါသည်။ တကယ်လို့ ရှားစောင်းလက်ပတ်ကို ရှာဖွေလို့ မလွယ်ရင်တော့ လည်းကောင်းပါဝင်သော ခရင်၊ လိုးရှင်းများကို လိမ်းခြင်းဖြင့် တူညီသော အကျိုးကို ရရှိနိုင်ပါတယ်။
(၅) သံလွင်ဆီ
သံလွင်ဆီဟာလဲ အမာရွတ်များကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးတလက်ဖြစ်ပါတယ်။ သံလွင်ဆီမျိုးကွဲများထဲမှ Extra Virgin သံလွင်ဆီကို ပိုပြီးအသုံးပြုနိုင်ရင် သူ့မှာပါဝင်တဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှု၊ ဗိုက်တာမင် အီးနှင့် ကေတို့က အခြားသောသံလွင်ဆီတို့ထက် ပိုမိုပါဝင်တဲ့အတွက် အကောင်းမွန်ဆုံး ရလဒ်ကို ရရှိနိုင်ပါတယ်။ ပါဝင်သော အက်ဆစ်ဓါတ်ဟာ ဆဲလ်သေများကို ဖယ်ရှားပေးစဉ်မှာပဲ အမာရွတ်တစ်ရှုးများကို ပျှော့ပြောင်းစေကာ အသားအရေ စိုပြေစေသည်။
သံလွင်ဆီ လက်ဘက်ရည်ဇွန်း တဇွန်းခန့်ကို အမာရွတ်ပေါ်တွင် သုတ်လိမ်းပြီး စက်ဝိုင်းပုံ အရေပြားထဲသို့ စိမ့်ဝင်သည်အထိ လိမ်းပါ။ မုန့်ဖုတ် ဆိုဒါ (Baking Soda) နှင့် ဆတူရောစပ်၍ အရေပြားပေါ်ရှိ ဂျီး(ကြေးညှော်) များကို တိုက်ချွတ်နိုင်သည်။ ပြီးပါက ရေနွေးနွေးနှင့် ဆေးကြောပါ။
(၆) သခွားသီး
အမာရွတ် တစ်ရှုးများကို ဖြိုခွဲရန် အကောင်းဆုံး နဲ့စိတ်အချရဆုံး သဘာဝ ဆေးကတော့ သခွားသီးဖြစ်ပါတယ်။ ရောင်ရမ်းနေသော အရေပြားတဝိုက်ကို ပြေလျှော့စေပြီး အေးမြမှုကိုပေးပါတယ်။ သူကလဲ အမာရွတ်အဟောင်းများထက်စာရင် လတ်လတ်ဆတ်ဆတ် အမာရွတ်များကို ပိုမိုထိရောက်ပါတယ်။
အခွံနွာပြီး မွှေစက်ထဲမှာ အရည်ပျစ်ပျစ် ရသည်အထိလှည့်၍ အမာရွတ်ပေါ်တွင် ပါးပါးလိမ်းကာ တညထားနိင်သည်။ သို့မဟုတ် ထူထူသုတ်လိမ်းကာ မိနစ် ၂၀ခန့် ထားကာ ရေဖြင့်ဆေးကြောပါ။
စက်နဲ့မွှေထားတဲ့ ကျန်ရှိနေသော သခွားသီးအရည်ပျစ်များကို ရေခဲသေတ္တာထဲတွင် ရက်အတန်ကြာအောင် သိမ်းပြီး နောက်ရက်များတွင်ပါ ဆက်လက်အသုံးပြုနိုင်ပါတယ်။
ဒီသခွားရည်ကို ပိုပြီးအစွမ်းထက်အောင် လုပ်ချင်ရင်တော့ အထက်မှာဖေါ်ပြခဲ့တဲ့ သံပုရာရည်၊ သံလွင်ဆီ၊ ရှားစောင်း လက်ပတ်တို့နှင့်ပါ ရောစပ်အသုံးပြုနိုင်သည်။
နည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ အလွယ်တကူ မိမိကိုယ်တိုင်ပြုလုပ်နိုင်သော အိမ်သုံးဆေးဝါးများနှင့် အမာရွတ်သက်သာစေသည့် နည်းလမ်းများကို ဖေါ်ပြရင်း လှပ၍ ချောမွတ်သော အရေပြား ပိုင်ရှင်များဖြစ်နိုင်ကြပါစေ။
ဝင်းလှိုင်ဦး

Thursday 16 April 2015

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ


အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ
=========================================
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေ ကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ကို မြင့်တက် စေ ပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့ တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေ ဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့် တက်စေပါတယ်။
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါ တယ်။ ဆေးဘက် ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအား ကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။
မျက်ကွင်းညိုခြင်း
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။
အဝလွန်ခြင်း
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ် ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း
အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေ ကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။
မြ၀တီ
http://health.thithtoolwin.com/

Wednesday 15 April 2015

အစွမ်းထက်သော ရေကုထုံး


အစွမ်းထက်သော ရေကုထုံး
----------------------------------
နေ့စဉ် နံနက်ခင်း အိပ်ယာထထချင်း ရေကိုသောက်ပေးသော အလေ့အထသည် ယနေ့ဂျပန်ပြည်တွင် အလွန်ခေတ်စားနေသော ကျန်းမာရေးအလေ့အကျင့်တစ်ခု ဖြစ်နေပါသည်။
သိပ္ပံပညာရှင်အများကလည်း နံနက်ခင်းအိပ်ယာထခါစမှာ ရေသောက်ခြင်း၏ ကောင်းကျိုးများနှင့် ပျောက်ကင်းစေနိုင်သော ရောဂါများ၊ ကာကွယ်ပေးနိုင်သော ရောဂါများကို သက်သေပြနိုင်ခဲ့ကြပါပြီ။
ထို့ကြောင့် ရေသည် သောက်တတ်လျှင် အသက်ကယ်ဆေး၊ အသက်ရှည်ဆေး ဖြစ်စေနိုင်ပါသည်။ လူ၏ ခန္ဓာကိုယ်သည် ရေဓါတ်တို့ဖြင့် အများဆုံးတည်ဆောက်ထားသောကြောင့် ရေသည် လူ့ကျန်းမရေးအတွက် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပါသည်။
ရေကို ဆေးအဖြစ်သောက်သုံးရန်နည်းလမ်း-
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေ တစ်လီတာဘူးကြီး
တစ်ဘူးခန့် (သို့မဟုတ်) သုံးပုံနှစ်ပုံခန့် သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ ရေသောက်ပြီး (၄၅) မိနစ် အတွင်း မည်သည့်အစာကိုမျှ မစားပါနှင့်။
၃။ (၄၅) မိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံအတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာနှင့် ညစာ စားပြီးနောက်ပိုင်း (၂) နာရီအတွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်နိုင်သည့်ရေ ပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်ကင်းအောင် ကုသနိုင်ပါ၏။
ပျောက်ကင်းနိုင်သောရာဂါများ-
ခေါင်းကိုက်ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါနှင့် အမျိုးသမီးများ ရာသီလာမမှန်ခြင်းတို့ဖြစ်၏။
ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များ
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်
(သတိပြုရန်)
ရေကုထုံးတွင် ရေနွေး(သို့မဟုတ်) ရေခပ်နွေးနွေးနှင့် ရေသန့်ကိုသာ သုံးသင့်၏။ ညသိပ်ရေနွေးနှင့် ဓါတ်ဗူးထဲတွင် (၆) နာရီကျော်အောင် သိပ်ထားသော ရေနွေးသည် အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်၏။
(ဇီဝိတဒါနအဖြစ် မည်သူမဆိုင် မျှဝေပေးနိုင်ကြပါသည်။ လူသားတိုင်း သက်ရှည်ကျန်းမာကြပါစေ)
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ဦးတိုးအောင်၏ အစွမ်းထက် ရေကုထုံးအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Friday 10 April 2015

ဆီးချိုရောဂါအတွက် ကြက်သံပုရာ ပေါင်းရည်


ထိုင်ဝမ် မှာနေတဲ့ အသက် ၅၅ နှစ်အရွယ် လူတယောက်ဟာ တနေ့ မှာနေမကောင်းဖြစ်သတဲ့
သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့
ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့
ဒီလို နဲ့  ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်
အသက် ၅၇ မှာ မလေးရှားက သူ့ မောင်နှမတွေဆီလာလည်တော့ သူ့ မှာ ဆီးချို ရောဂါဖြစ်နေတာကို သိတော့ ညီတယောက်က ဒီကြက်သံပုရာပေါင်းကို လုပ်ကျွေးပါတယ်
နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ ပျောက်ကင်းသက်သာရာရခဲ့လို့  သူလည်း ပျောက်ချင်စိတ်နဲ့  သောက်ပါသတဲ့

ကြက်ပေါင်းနည်းက ၆၀သားလောက် အနေတော် ကြက်တကောင်ကို ခြေထောက်နဲ့  ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ့  ရေကို ကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ
အဲဒီကြက်ပေါင်းကို သူ့ ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်
အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့
သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ့  လုပ်ခဲ့ပါတယ်
ဒီလိုနဲ့  ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ ဆီးချို အတက်အကျ မရှိတော့လို့  ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်
ဆီးချိုတိုင်း ကိရိယာလေးနဲ့  အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်
အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့ လုပ်စားဖြစ်ပါတယ်
ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့  အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့  ဘဝကို ဖြတ်သန်းနေပါသတဲ့
ဆီးချိုအတွက် လုပ်စားကြည့်လို့ လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ့  ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်
https://www.facebook.com/sukhita.notes/photos/a.285659871615003.1073741829.224819631032361/427683477412641/?type=1&theater မှကူးယူဖေါ်ပြပါသည်.

Thursday 9 April 2015

ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။


ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။
ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။
အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊
အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့
ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစော တွင် သော် လည်းကောင်း သောက်သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ ဗူးအောင်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန် အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။
အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။
credit: winnhlaingoo.wordpress.com

ခြေဖနောင့်ကွဲအက်ခြင်း ဘယ်လိုကုသမလဲ


ခြေဖနောင့်ကွဲအက်ခြင်း ဘယ်လိုကုသမလဲ
ခြေဖနောင့် အက်ကွဲတာဟာ အကြည့်ရဆိုးတဲ့အပြင် နာကျင်မှုဝေဒနာ လည်းဖြစ်စေနိုင်တယ်။ အရေပြားခြောက်သွေ့ခြင်း၊ (ဆီးချို၊ လည်ပင်းကြီး ရောဂါစသည့်) ရောဂါတွေ ၊အဝလွန်ခြင်း၊ အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း နဲ့ မသင့်လျော်တဲ့ ဖိနပ်တွေ စီးခြင်းတို့ကြောင့် အရေပြားမာတောင့်ပြီး ကွဲအက်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။
ကြမ်းတမ်းတဲ့ အရေးပြားတွေကို ဖယ်ထုတ်ခြင်း
များသောအားဖြင့် အဝါရောင်ရှိပြီး ကြည့်မလှတဲ့အပြင် ဆွဲဆောင်မှုမရှိတဲ့ အသွင်သဏ္ဍာန်ရှိ အရေပြားကြမ်းကြမ်းတွေ ဖယ်ရှားခြင်းမှာ ပထမဆုံး အဆင့်ပင်ဖြစ်ပါတယ်။
ခြေဖနှောင့်ကို ရေနွေးဖြင့် ဆေးပေးပါ။ ရေနွေးဇလုံတစ်ခုထဲ ဆပ်ပြာရေ အနည်းငယ်ထည့်ပြီး ခြေထောက်ကို ၁၀ မိနစ်ခန့် စိမ်ပေးပါ။ အလွယ်တကူ တိုက်ချွတ်နိုင်အောင် မာတောင့်နေတဲ့ အရေပြားကို ရေနွေးက ပျော့ပျောင်းစေပါလိမ့်မယ်။
ဆဲလ်သေတွေဖယ်ထုတ်ခြင်း။ Foot file သို့မဟုတ် ကျောက်ခဲသုံးပြီး ကြမ်းထော်တဲ့အရေပြားအားလုံး ကွာထွက်သွားသည်အထိ ခြေဖနောင့်ကို ငြင်သာစွာ အကြိမ်ကြိမ် ပွတ်တိုက်ပေးပါ။
ဆဲလ်သေတွေကို ငြင်သာစွာ ဖယ်ထုတ်ခြင်း။ အရေပြားဆဲလ်သေတွေအား လုံးဝဖယ်ထုတ်ချင်ပါက ခြေထောက်ကို အုပ်ထားပါ။ မရှိမဖြစ် လိုအပ်တာက ဆီနဲ့ သိကြားပဲဖြစ်ပါတယ်။ ဆီနဲ့သိကြားရောစပ် အသုံးပြုပြီး ခြေထောက်ကို အဝိုင်းပုံသူဏ္ဍာန်ဖြင့် စတင်ပွတ်တိုက်ပေးပါ။ သိကြားရဲ့ အစွမ်းအာနိသင်ကြောင့် အရေပြားပေါ်က ဆဲလ်အသေတွေကို လုံးဝဖယ်ရှားနိုင်ပါလိမ့်မယ်။ နောက်ဆုံး ခြေထောက်ကို ရေနွေး၊ ဆပ်ပြာရည်တို့နဲ့ ဆေးချလိုက်ပါ။ အပေါ်ယံမာတောင့်တဲ့ အရေပြားလွှာ ခွာထွက်လိုက်တာနဲ့ တပြိုင်နက် အရေပြားကို အစာကျွေးဖို့ လိုအပ်ပါတယ်။
အဲဒီလို အစာကျွေးဖို့ရန်အတွက် အိမ်တွင်းလုပ် ခြေထောက်အဖုံးအကာလေးအတွက် တင်ပြပေး လိုက် ပါတယ်။
လိုအပ်သောပစ္စည်းများ
ငှက်ပျောသီးမှည့်
သံပုရာရည်
ပြင်ဆင်ပုံပြင်ဆင်နည်း
ငှက်ပျောသီးကို ချေလိုက်ပြီး သံပုရာရည်နဲ့ရောလိုက်ပါ။ အဲဒါကို ခြေထောက်လိမ်းခြယ်ပြီး ၁၀ မိနစ်ကြာအောင်ထားပါ။
(၃) အရေပြားကို ပျော့ပျောင်းစိုစွတ်အောင်ပြုလုပ်ခြင်း
ညအိပ်ယာမဝင်မီ ခြေဖ၀ါးကို သံလွင်ဆီ လိမ်းပေးပါ။ အဲဒီနောက် ပိုးချည်ခြေအိတ်လေး သေချာစွပ်ထားပေးပါ။
Source: healthyfoodstar
Trend Myanmar

ယောက်ျားတို့အတွက် သင်္ဘောရွက်


ယောက်ျားတို့အတွက် သင်္ဘောရွက်
ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။
စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။

စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။
ဦးဌေးနိုင်-မန့်စတိုး
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Wednesday 8 April 2015

ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ


ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ
ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။
အသုံးပြုပုံလေးကတော့
နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေး ခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေ ပါတယ်။
Ref- healthnew
ကျော်လင်းနိုင် (ရိုးရာလေး)

Tuesday 7 April 2015

အိပ်ရေးမဝခြင်း၏ အကျိုးဆက်


အိပ်ရေးမဝခြင်း၏ အကျိုးဆက်
အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့
၁။ ကိုယ်ခံအားနည်းခြင်း
ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။
၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း
တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
၃။ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း
အိပ်ရေးမဝတဲ့ သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ ဆဲလ်များ မွေးဖွားမှု နည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေ အထိ ဆိုးသွား နိုင်ပါတယ်။
၎။ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း
အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံး ရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။
၅။ အဆီတက်၍ ဝလာစေခြင်း
အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ပဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ် ပါတယ်။ အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်း ပါတယ်။ အိပ်ရေး ပျက်လေလေ ပိုဝလာ လေလေ ဖြစ်ပါတယ်။ နဂို ပိန်နေသူများ အနေနဲ့ ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။
ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ် ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ လိုက်ရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Sunday 5 April 2015

မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း


မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း
အဆိုတော် မတင်ဇာမော်ရဲ့ ၅ လ အတွင်း ပေါင်ချိန် ၄၀ လောက် ကျအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းလေးကို ထပ်ဆင် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
"ကိုင်းးးး အစားထိန်းတာ တစ်ခုထဲနဲ့ ၅လနီးပါးအတွင်း လေ့ကျင့်ခန်းမလို ပိန်ဆေးမလို ပဲ ဝိတ်ကျနိုင် တယ်ဆိုတာယုံပြီလားးး ဒီဇင်ဘာလလယ်၂၀၁၃ မှာ ပေါင်ချိန်၁၆၀ နီးပါးကနေ မေလလယ်၂၀၁၄ မှာ ၁၂၃ပေါင်ကျန်တယ် ဆက်ကြိုးစားမယ်ဗျိုး နောက်ထပ်၁၀ပေါင်လောက်ကျရင်တော်ပြီ
နည်းလေးပါ ရေးပေးပါရစေ တချို့တွေ ကမေးလို့။ ဒီမှာပဲ ထပ်ရေးလိုက်ပြီနော် တွဲပြီး တခါထဲတွေ့အောင်။
၁။ ဆန် ဂျုံ အာလူး ရှောင်၊ ဒါပေမဲ့ သိပ်စားချင်ရင် တစ်ပတ်လုံးမှာ ၃ခါလောက်ပဲ နဲနဲ လေးစား
၂။ အသီးအနှံ များများပြုတ်သောက် ဆီနဲနဲ နဲ့သုတ်စား
၃။ ဆီကြော်စာ လုံးဝရှောင်
၎။ ဆီများအသား ငါးကလွဲ ရင် ရှောင် ကြက် ကို အရေခွံ မစားနဲ့
၅။ တတ်နိင်သမျှ အပြင်စာ၊ နှမြောစာ၊ အားနာစာ ရှောင်
၆။ ဗိုက်ဆာမှ အဆာပြေရုံ စား နဲနဲ စီ ခဏခဏ စား
၇။ မနက်ကနေညအိပ်ရာဝင်တဲ့ထိ သံပုရာသီး ၁ လုံး သို့ ၂လုံး ရေနွေးပူပူ ထဲညှစ် အခွံမပစ်ပဲ စိမ်သောက် ပျားရည် နဲနဲထဲ့ချင်လဲရတယ်
၈။ အရမ်းအရေးအကြီးဆုံးအချက် အစာအိမ် မထိအောင် လုံးဝအဆာမခံပါနဲ့ စားရမယ့် အချိန် ဆာမယ့် အချိန်မှာ စားသင့်တာ ကို လိုတာထပ်ပိုမစားပဲ ဆာတိုင်း မျှတပြီး စားဖို့အရေးကြီးပါတယ် ၊ ဒီအစီစဉ်မှာ အငတ်ခံစရာမလို စားသင့်တာစားဖို့ သတိချပ်ပါ
၉။ Ready mix tea coffee မသောက်ပဲ အိမ်ဖျော် သကြားလဘက်ရည်ဇွန်းဝက်နဲ့ အဆီထုတ်နို့ပဲသုံး အချိုကြိုက်ရင် သကြားအစား sweetner သုံး"
- တင်ဇာမော်
‪#‎health_yyl‬
www.yoyarlay.com

Friday 3 April 2015

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း


ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း
မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။
ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။
ဆေးနည်း(၁)
(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။
(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။
(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။
(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။
ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။
ဆေးနည်း(၂)
သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကိုမန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့်ညအိပ်ခါနီး သောက်ပါ။
 ကျောက်များ ကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။
ဆီးကျောက်တည်ခြင်းဝေဒနာကိုခံစားနေရသောဝေဒနာရှင်များအတွက်ဒီပို့စ်လေးကိုShare ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။
စောနွဲ့ နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ