အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 19 January 2016

ဝက်ခြံနဲ့ အမဲစက် များအတွက်

 
နည်းလမ်းတွေအများကြီး ကြားဖူးပေမယ့် ဒီနည်းလမ်းတွေက တကယ်ပျောက်ပါတယ် (၀က်ခြံပေါက်သူများအားမငယ်ပါနဲ့ မိမိ Fri များကိုလည်းရှယ်ပေးပါ)

ဝက်ခြံနဲ့ အမဲစက်တွေအတွက် အိမ်မှာတင် ဆေးဖော်ပြီး အန္တရာယ် ကင်းကင်းကုလို့ရမယ့် ဆေးနည်း ၅မျိုး

ဝက်ခြံနဲ့ အမာရွတ်တွေနဲ့ အသားအရေဟာ လူတစ်ယောက်အဖို့ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုကို လျော့နည်းစေသလို စိတ်ဓာတ်လည်း ကျဆင်းစေပါတယ်။ ဒါကြောင့်မို့ ဝက်ခြံတွေကို ငွေကုန်ခံပြီးကုတာမပျောက်ရငပိုတောင် စိတ်ဓာတ်ကျစေတာမို့ ငွေလည်းမကုန် လူလည်း ပင်ပန်းစရာမလိုတဲ့ အိမ်တွင်းကုထုံးလေးတွေကို မျှဝေပေးပါရစေ။

၁. နနွင်း - သိပ်ကို အသုံးဝင်ပြီးရှာရလည်းလွယ်တဲ့ အိမ်တွင်းဆေးဝါးလေးပါ။ နနွင်းဟာ ဘက်တီးရီးယားများကို သေစေပြီး၊ ရောင်ရမ်းနာကျင် နီမြန်းခြင်းတွေကိုလည်းလျော့ချပေးပြီး ဝက်ခြံတွေထပ်မပွားလာအောင်လည်းကာကွယ်ပေးပါတယ်။ သံလွင်ဆီ အုန်းဆီ စသည်တို့ဖြင့် လိမ်းပါက ဝမ်းဗိုက်နာကျင်ကိုက်ခဲတာ၊ ဖောရောင်တာ၊ လေထိုးလေအောင့်တာ၊ ဖျားနာတာ၊ ဝမ်းလျော တာအပြင် အသားအရေ ပျက်စီး လျော့ရဲခြင်းတွေအတွက်ပါ ဆေးဖက်ဝင်ပါတယ်။

နနွင်းတက် တစ်တက် ကို ယူလိုက်ပါ။ ပြီးတော့ ထိုးထွက်နေတဲ့ အတက်ကလေးတွေထဲက ၂ဆစ် ၃ဆစ်လောက်ကိုဖြတ်လိုက်ပါ။ ထို့နောက် ပါးပါးလေးတွေလှီးပြီး ကြိတ်စက်ထဲတွင် ရှောက်ရည် သို့မဟုတ် သံပုရာရည် သို့မဟုတ် လီမွန်ရည်ကိုရောပြီး ကြိတ်လိုက်ပါ။ ထို့နောက် ရလာသည့်အနှစ်ကို မျက်နှာတွင် သုတ်လိမ်းပေးပြီး ၁၅ မိနစ် မှ မိနစ်၂၀ ထိထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ကြိမ် ၄ကြိမ်လောက် ပြုလုပ်နိုင်ပြီး ညအိပ်ယာမဝင်ခင် ပြုလုပ်ပေးတာ အကောင်းဆုံးပါ။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ဝက်ခြံတွေပျောက်ကင်းစေပြီး ဝင်းလဲ့ စိုပြည်တဲ့ အသားအရေကို ရရှိစေမှာပါ။

၂. မန်ကျည်းသီး - ရှေးယခင်ကတည်းက မန်ကျည်းသီးကို အသားအရည်ဖြူဝင်းစေဖို့အသုံးပြုလာတာဖြစ်ပြီး မန်ကျည်းသီးတွင် စစ်ထရစ် အက်ဆစ်၊ တက်တရစ် အက်ဆစ် အပြင် မဲလစ် အက်ဆစ်တို့ပါဝင်တာကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို သုတ်သင်ရှင်းလင်းပေးပြီး ဝက်ခြံ နဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။

မန်ကျည်းအနှစ်ကို ရေကျဲဖျော်ပြီး မျက်နှာသစ်ပေးခြင်း မန်ကျည်းအနှစ်ကို ပျစ်နေအောင်ဖျော်ပြီး မအိပ်ခင် မျက်နှာတွင် လိမ်းပေဒခြင်းကို ပြုလုပ်ပေးပါ။ တစ်ပတ်မှာ ၃ကြိမ် သို့ ၄ကြိမ်လောက်ပြုလုပ်ပေးခြင်းအားဖြင့် ဖြူစင်ဝင်းလက်ပြီး ဝက်ခြံကင်းတဲ့ အလှပိုင်ရှင်ဖြစ်သွားပါပြီ။

၃. ကြက်ဥ - ကြက်ဥဟာ အစားအသောက်အနေနဲ့ အာဟာရဖြစ်သလိုပဲ အသားအရေအတွက်လည်း အားဖြည့်ပေးတဲ့ တန်ဖိုးရှိအရာတစ်ခုပါ။ ကြက်ဥဘေးအကာလေးတွေက ဝက်ခြံနဲ့ ဆားဝက်ခြံတွေကိုဖယ်ရှားပေးပြီး သင့်အသားအရေကို တောက်ပစေပါတယ်။

ကြက်ဥထဲမှ အနှစ်နဲ့ အကာကို ခွဲပြီး အကာကို ဆိုဒါမှုန့်နဲ့ ရောပြီး မျက်နှာကို လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်နေလျှင်ဆေးချပေးပါ။ တစ်ပတ်ကို ၂ကြိမ်အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေပါတယ်။

၎. ခရမ်းချဉ်သီး - ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီးဟာ Licopersionin ပါဝင်လို့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပြီး နီးမြန်းရောင်ရမ်းခြင်းကိုလည်း လျော့ချပေးပါတယ်။

ပြုလုပ်ပုံကတော့ လွယ်ကူပါတယ်။ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ချေပြီး ဒိန်ချဉ် စားပွဲတင်ဇွန်းနဲ့ ၂ ဇွန်းကို ရောလိုက်ပါ။ ထို့နောက် မျက်လုံးနားတစ်ဝိုက်မှလွဲ၍ တစ်မျက်နှာလုံးကို လိမ်းပြီး ၁၅ မိနစ်လောက် နေရင်ရေနှင့်ဆေးချလိုက်ပါ။တစ်ပတ်ကို ၃ကြိမ် အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံများကို ကင်းစေပြီး အသားအရေကို ချောမွတ်တောက်ပစေပါတယ်။

၅. ပျားရည် - ပျားရည်ဟာ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ဝက်ခြံထပ်မပွားအောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒဏ်ရာတွေကို ပါ ကုစားပေးတာမို့ ပျားရည်ဟာလည်း သိပ်ကို နာမည်ကြီးတဲ့ ကုသဆေးတစ်မျိုးအဖြစ် ရှေးယခင်ကတည်းက ရှိခဲ့တာပါ။

ပျားရည်ကို နှမ်းဆီ သံလွင်ဆီ ဂျုံတို့နဲ့ ရောပြီး မျက်နှာမှာ သုတ်လိမ်းလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံကင်းပြီး ဝင်းလက် စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

Sk Herbal Myanmar
Credit to Zaw Min Tun