အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
Monday 24 June 2013
တံတောင်ဆစ်မဲမဲလေးတွေ ဖြူသွားအောင်
- သံပုရာသီးတစ်ခြမ်းကို ယူပြီး တံတောင်ဆစ်ကို ငါးမိနစ်ခန့်ပွတ်ပါ။ ၃-၄နာရီလောက်ထားပေးပါ။ ထို့နောက်အ၀တ်ကြမ်းဖြင့် ပွတ်သပ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပေးပါ။ တစ်ပတ်ကိုနှစ်ကြိမ်သုံးကြိမ်ပြုလုပ်ပေးပါ။
- နို့ချဉ် နှစ်ဇွန်း နှင့် ရှာလကာရည်နှစ်အား သမအောင်မွှေပြီး တံတောင်ဆစ်ပေါ်တွင်လိမ်းပေးပါ။ ထို့နောက်အ၀တ်တစ်ခုဖြင့် ထုတ်ထားပေးပါ။ ၂၀-၃၀ မိနစ်ခန့်ထားပေးပါ။ပြီးလျှင် ရေနွေးနွေးဖြင့် ဆေးပေးပါ။
- သံပုရာလေးဇွန်း နှင့် နနွင်းနှစ်ဇွန်းခန့်ရောမွှေပါ။ ပြီးလျှင် တံတောင်ဆစ်ပေါ် မိနစ် ၃၀ခန့်ထားပေးပါ။ ရေနွေးနွေးဖြင့် ဆေးပေးပါ။
တစ်နေ့လျှင် ရေ၈-၁၀ခွက်သောက်ပေးပါ။ ရေသည်အသားအရေအားဆိုပြေစေသည်။
အလှအပရေးရာမှ ဘာသာပြန်သည်
by-အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)
ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ
ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်
ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်
တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။
ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သားကင်ဆာ ဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။
ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနား ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Health Articles
Sunday 23 June 2013
အိပ်ရာထချိန် ခါးနာနေလျှင်
မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊
ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင် မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့
(1) ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ ...
ပက်လက်အိပ်ရင် ခါးနာ တတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲ စောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင် ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။
(2) မွေ့ရာတစ်ခုကို ကြာရှည် မသုံးပါနှင့်...
မွေ့ရာက သုံးတာ အချိန်ကြာရင် မွေ့ရာအနေအထား မမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေ ဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွား တတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့ အိပ်ရင် ခါးနာ တတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံး ခိုင်းပါတယ်။
(3) အိကျသော မွေ့ရာနှင့် မအိပ်သင့်ပါ ...
အိပ်လိုက်ရင် အိကျတဲ့ မွေ့ရာတွေ၊ ဟိုးအရင်တုန်းက သုံးတဲ့ စပရင်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံ မာမာတွေ ထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေး အတွက် မသင့်တော် ပါဘူး။ ဒါမျိုးတွေကိုလည်း မသုံးဖို့ အကြံပြုလိုပါတယ်။
(4) မှို့မွေ့ရာကို သုံးပါ...
ခါးနာတာ သက်သာစေဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ မှို့မွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွား တတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် မသုံးသင့်တော့ပါဘူး။ မွေ့ရာအသစ်ကို ပြောင်းသင့်နေပါပြီ။ အခုခေတ်ပေါ် Medium Firm Mattress မွေ့ရာဆိုရင် ကောင်းပါတယ်။ သုံးသင့် တယ်လို့လည်း ဆရာတို့ ယူဆပါတယ်။
(5) သစ်သားပြားပေါ် မအိပ်ရပါ...
ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့က ထင်ပြီး ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေ ခံပြီး အိပ်ကြတယ်။ ဒါကမကောင်းပါဘူး။ မလုပ် ပါနဲ့လို့လည်း အကြံပေး ချင်ပါတယ်။
အိပ်ရာနိုးမှ ခါးနာတယ်ဆိုရင် အထက်ပါ အကြောင်းတွေကို လိုက်နာလိုက်ရင် သက်သာ သွားနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ည ည အိပ်တိုင်း၊ အိပ်တိုင်း အိပ်နေရင်း နာတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ခါးအရိုးမှာ ဖြစ်တဲ့ တီဘီ၊ ခါးမှာဖြစ်တဲ့ ကင်ဆာတွေ ကလည်း ညည ခါးနာတာ ဖြစ်တတ်တာကြောင့် ဒီလို အကြောင်းတွေကြောင့် ခါးနာတာဟုတ်၊ မဟုတ် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ ဒါတွေက ဆိုးရွားတဲ့ ရောဂါတွေဖြစ်တာကြောင့် ဒီလိုရောဂါတွေကို စောစော စစ်ဆေးမှု ခံယူကြဖို့ လိုအပ်ပါတယ်။
credit to နှင်းဆီဖူးလေးများ-Love BUDS
Wednesday 19 June 2013
မြင်းခွါရွက်အစွမ်း
မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။
မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။
အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။
ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။
သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါတယ်လို့ အကြံပြုချင်ပါတယ်။
မြ၀တီ
Sunday 16 June 2013
ပြောင်းမှ ကောင်းမယ် ဆိုရင် ပြောင်းမကြည့် ချင်ဘူးလား
      အမူအကျင့် ဟောင်းတစ်ခုကို ပြောင်းလဲရတာ ဒါမှမဟုတ် အမူအကျင့် သစ်တစ်ခုကိုပျိုးထောင်ရတာ သိပ်လွယ်ကူတဲ့  ကိစ္စမဟုတ်ပေမဲ့ ကောင်းမွန်တဲ့  အကျိုးရှိတဲ့  အပြောင်းအလဲဆိုရင် စတင်ကြည့် သင့် ပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့  အမူအကျင့် လေးတွေပေါ့ ။တချို့  သိပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်တဲ့  ပြောင်းလဲမှုလေးတွေက အရေးပါတဲ့  အကျိုးကိုရရှိစေတတ် ပါတယ်။ နေထိုင်စားသောက်မှု ပုံစံ(life style) အပြောင်းအလဲ သေးသေးမွှားမွှားလေးတွေက ကျန်းမာရေးကိုအများကြီးထောက်ကူပေးတတ်ပါတယ်။အပြောင်းအလဲနဲနဲ လုပ်ကြည့် ရုံနဲ့  နေ့ စဉ် လန်းဆန်းတက်ကြွပြီး သွေးတိုး၊ ဆီးချိုလို ရောဂါကြီးတွေ ဖြစ်နိုင်ချေ လျှော့ ချပေးတာ၊ သက်သာစေနိုင်တာတွေ အကျိုးခံစားရနိုင် ပါတယ် ။ပြောင်းလဲ ကျင့် သုံး သင့် တာလေးတွေ မျှဝေပေးချင်ပါတယ်။
  နံနက်စောစောစာ (Breakfast)
              တစ်ဥာဉ့် တာအိပ်စက်ပြီး နိုးထလာချိန်မှာ ခန္ဓာကိုယ်က အစာနဲ့  ဝေးကွာနေတဲ့ နာရီပေါင်း များစွာဖြစ်နေပါပြီ။ ဆိုလိုတာက အစာလိုအပ်နေပါပြီ။ သွေးထဲမှာ သကြားဓာတ်ကလျော့ နေပါပြီ။ အဲဒီအချိန်မှာ နံနက်စေစောစာ မစားပဲ ဆက်နေလိုက်ရင် ဦးနှောက်ဟာ လိုအပ်တဲ့  သကြားဓာတ်မရရှိလို့  ပုံမှန် လုပ်ကိုင်နိုင်စွမ်းတွေလျော့ ကျလာမှာပါ။ စိတ်ရှုပ်ထွေးတာ၊အာရုံစူးစိုက်လို  မရတာတွေဖြစ်လာနိုင်ပါ တယ်။ တချို့ လေ့ လာချက်တွေအရ နံနက်စောစောစာကို ပြည့် တင်းအောင်စားတဲ့  ကလေးတွေက အတန်းထဲမှာ ပိုပြီးသင်ယူရလွယ်ကူသလို မှတ်ဥာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ န့နက်စောစောစာ ရဲ့  အရေးကြီးတဲ့ အကျိုးတစ်ခုကတော့  တစ်နေ့ တာလုံးဆာလောင်မှုကို ထိန်းထားနိုင်တာပါပဲ။ နံနက်ေ စာစော စာ မစား သူတွေကတော့  အဲဒါကို ဖြည့် ဆည်းအစားထိုးဖို့  နေ့ လည်စာ၊ ညစာတွေကို သာသာထိုးထိုးစားလေ့ ရှိကြပါတယ်။အဲဒါက ကယ်လိုရီပိုများတာ၊ အဆီပိုများတာတွေ ဖြစ်သွားတတ် ပါတယ်။ အဲသလိုပဲ စောစောစာ မစားသူတွေက သရေစာတွေကိုပိုပြီး ခဏခဏစားသုံးတတ် သူတွေ ဖြစ်လာ တတ် ပါတယ်။ အမေရိက နဲ့  ဗင်နီဇွဲလား နိုင်ငံတွေမှာ အဝလွန် အမျိုးသမီးတွေကို ကိုယ်အလေးချိန် လျှော့ ချစေတဲ့ အခါ သုတေသနပြုထားတာတွေအရတော့  နံနက်စာအဝစားတတ်သူတွေက ဝိတ် လျော့ တာ ပိုပြီးသိသာတယ်လို့ ဆိုပြန်ပါတယ်။ နေ့ စဉ် နံနက်စာစားသုံးတာက ကိုယ်အလေးချိန်လျှော့ ချရာမှာ သိသာသလို ဆီးချိုရောဂါ ဖြစ်ပေါ်စေမှုကိုလည်း ၅၀%လောက်လျော့ ကျစေပါသတဲ့ ။ကဲ-စားလိုက်ကြပါစို့ ။
ချောကလက်
ပန်းသီး
အရည်ရွှမ်းတဲ့ ပန်းသီးတစ်ကိုက်မှာ အရေးပါတဲ့  အာဟာရဓာတ်တွေ ပါဝင်နေရုံမက ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို တည်ငြမ်စေတာ၊ ဆာလောင်မှုကို ထိန်းချုပ်ပေးတာ၊နှလုံး အတွက်အားဖြည့် ပေးတာဆိုတဲ့  အကျိုးတွေရှိပါသတဲ့ ။ သူ့ မှာ သကြားဓာတ်ပါဝင်မှုများသည့် တိုင်အောင် ပျော်ဝင်လွယ်တဲ့  အမျှင်ဓာတ် ပါဝင်နေတော့    သွေးတွင်းသကြားဓာတ်ကို ပြန်ထိန်းပေးထားပါတယ်။ သူ့ မှာပါဝင်တဲ့  ဓာတ်တိုးဆန့် ကျင်ပစ္စည်း quercetin ကအစွမ်းထက်ပါတယ်။ အဲဒီဓာတ်ကို လက်ဖက်နဲ့ ကြက်သွန်နီတွေမှာလည်း ကြွယ်ဝတာတွေ့ ရပါတယ်။ ဒါကလည်း ပန်းနာ ရင်ကျပ်၊နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အချို့ ကို ကာကွယ်ပေးပါတယ်။ လေ့ လာသုတေသနပြုချက်တွေ အများကြီးအရကိုပဲ ဆီးချို၊ နှလုံးတိက်ခိုက်ခံရမှု တွေအတွက် ကောင်းမွန်တဲ့  အာဟာရဖြစ်ရုံမျှမကပဲ ကိုယ်အလေးချိန်ပါ လျော့ ကျစေတာမို့  ပန်းသီးစားတဲ့ အလေ့  မွေးကြပါစို့ ။
အညောင်းထိုင်ခြင်း
တစ်နေ့တာလုံးထိုင်တဲ့ အချိန်များနေတဲ့ သူတွေအတွက် ဒုက္ခပေးတာက သွေး တွင်းသကြားဓာတ်ပါပဲ။ ကိုယ်လက်လှုပ်ရှားနေမှသာ သွေးထဲက သကြားဓာတ်ကို ကြွက်သားတွေက စုတ်ယူပြီး စွမ်းအင်အဖြစ် ပြောင်းလဲသုံးစွဲတာပါ။ ကြွက်သားတွေ တစ်နေ့ တာလုံး အသုံးမပြုတဲ့  အခါ သကြားဓာတ်တွေ စုပုံလာပါလေရော။ အဲဒီအခါ အဓိက ပြဿနာ (၂) ခု ဖြစ်လာပါတော့ တယ်။ မသုံးပဲထားတဲ့  သကြားဓာတ်တွေက အဆီအဖြစ်ပြောင်းသွားတာက အကြောင်းတစ်ခုပေါ့ ။ ပိုပြိး အရေးပါတဲ့  အကြောင်းကတော့  သွေးထဲမှာ သကြားဓာတ် တွေများလာရင် AGEs ဆိုတဲ့  ဒြပ်ပေါင်းတစ်ခု ပမာဏမြင့် တက်လာစေတာပါပဲ။သူက အာရုံကြောတွေနဲ့  သွေးဆဲလ်တွေကို ဒုက္ခပေးတာပေါ့ ။ ဆီးချိုဝေဒနာသည်တွေ နောက်ဆက်တွဲအဖြစ် ကျောက်ကပ်ပျက်စီးတာ၊ အာရုံကြော ထိခိုက်တာ၊ မျက်စိကွယ်တာတွေဟာ ဒိအချက်ကြောင့် ပါပဲ။ အဲဒီတော့  တကူးတက မဟုတ်တောင် ကိုယ်လက်လှုပ်ရှားတာ၊ လမ်းလျှောက်တာလေးတွေ လုပ်ဆောင်ပေးတာက ခုလို ကြောက်စရာ အနေအထားတွေကိုေ၇ှာင်လွှဲနိုင်မှာပါ။
ဒေါသ
ဒေါသ က ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေတဲ့  အကြောင်းတစ်ခုပါပဲ။ဒေါသကြောင့်  အဝလွန်တာ၊ ဆီးချိုရောဂါတွေတောင် ဖြစ်စေပါသတဲ့ ။ဒါကလည်း စိတ်ဖိအားကြောင့် ထွက်လာတဲ့  အဒရီနလင် လို ဟိုမုန်းတွေကြောင့် ဖြစ်ရတာပါပဲ။အဲဒီ ဓာတ်တွေက သွေးတွင်းသကြားဓာတ်မြင့် တက်စေတာကိုး။ ဒေါသကြောင့်  နှလုံးရောဂါ ရစေတာကလည်း အရေးကြီးအချက်တစ်ခုပါပဲ။ဒေါသဖြစ်လွန်း သူတွေမှာ endothelin ခေါ်တဲ့  ဓာတ်တစ်မျိုး  မြင့် မားလာပြီး သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့ မှုဖြစ်စေတာပါပဲ။ နောက်တစ်ခုကတော့  ဒေါသကြောင့်  နှလုံးခုန်နှုန်း ပုံမှန်ကနေပြောင်းလဲသွားတတ်လို့ ပါပဲ။ တစ်နေ့ လုံး ဒေါသနဲ့  နေထိုင်နေရသူတွေအတွက် အသက်တိုစေမှာအမှန်ပါ။  မကျေနပ်တာ တွေ ရေးချလိုက်ပါ။(စာမူ အဖြစ်တောင်ပို့ လို့ ရသေး)။ မိသားစု၊ မိတ်ဆွေတွေကို ရင်ဖွင့် ပါ။ တခြားစိတ်ပြေလျော့ စရာ နည်းလမ်းတွေနဲ့  အာရုံပြောင်းလိုက်ပါ။ ပျော်ရွှင်မှု သုတေသနပြုချက်တွေအရ ပျော်ရွှင်နေသူတွေမှာ  ကူးစက်ရောဂါတွေ၊ အခြားရောဂါတွေ ဖြစ်နိုင်ခြေ နည်းပါးတာတွေ ရတယ် ဆိုပါတယ်။အဲသလို ပျော်ရွှင်ပြီး အကောင်းမြင်နေသူတွေမှာ cytokines ခေါ်တဲ့  ပရိုတင်းဓာတ်ပမာဏ မြင့် မားနေတတ်ပြိး ကိုယ်ခံအားစနစ်ပိုကောင်းတာ၊ ရောဂါတွေကို တိုက်ခိုက်နိုင်တာ တွေ့ ရပါတယ်။ အကောင်းမြင် ပျော်ရွှင် နေသူတွေအနေနဲ့  အစားအသောက်အနေအထိုင်ပါ မှန်ကန် တက်ကြွပြီး သွေးတွင်း သကြားဓာတ်တွေပါ လျော့ နည်းတာတွေ့ ရပါတယ်။
အိပ်စက်ခြင်း
အိပ်ချိန်နည်းပါးတာ၊ အိပ်ရေးမဝတာက ကျန်းမာရေးကို ဒုက္ခပေးတပါပဲ။ဆာလောင်မှုကို ထိန်းချုပ်တဲ့  leptin ဟိုမုန်းလျော့ နည်းစေပြီး ပိုစားတတ်စေပါသတဲ့ ။နောက်ပြီး စိတ်ဖိစီးမှုဆိုင်ရာ ဟိုမုန်းတွေ ပိုထွက်လာစေတာမို့  သွေးတွင်းသကြားဓာတ်မြင့် မားစေပြန်ပါတယ်။နောက်ထပ် လေ့ လာမှုတွေအရလည်း တစ်နေ့  (၇) နာရီထက် လျော့ ပြီးအိပ်စက်သူတွေမှာ နှာစေးချောင်းဆိုး အအေးမိတာတွေ(၃)ဆ ပိုပြီးဖြစ်နိုင်ခြေရှိပါသတဲ့ ။ အိပ်ရေးဝတာ မဝတာကတော့  အိပ်ချိန်နဲ့ သိပ်ထပ်တူမကျလှပါဘူး။တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ဘာပဲဖြစ်ဖြစ် ပုံမှန် အိပ်ရေးဝမဲ့ အိပ်ချိန်တော့  လိုအပ်ပါတယ်။ အလေ့ အကျင့် ဖြစ်နေရပါမယ်။ သံပတ်ပေးပြီး  နိုးထနေရတာချည်းဆိုလည်း အိပ်ရေးမဝတဲ့  ပြဿနာခံစားရတတ်ပါတယ်။ တစ်နေ့  (၇) နာရီ၊(၈) နာရီတော့  အိပ်စက်ချိန်လိုအပ်ပါတယ်။
                       တင်ပြခဲ့ တဲ့  အထဲက ပြောင်းလဲဖို့ လိုအပ်တဲ့  အမူအကျင့် တွေ ၊ အသစ် စတင်သင့် တယ်လို့  ယူဆတဲ့  အမူအကျင့် တွေ တွေ့ မိပါရဲ့ လား။ ပြောင်းလို့ ကောင်းမယ်ဆိုရင် ပြောင်းကြည့် ကြရအောင်။                                                                                                                မှိုင်း(ဆေး-၂)
https://www.facebook.com/notes/ko-hmine/ မှကူးယူတင်ပြပါသည်။
Thursday 13 June 2013
(တရားထိုင်ခြင်းကိုလေ့ကျင့်ပါ)
တရားထိုင်ခြင်းကိုလေ့ကျင့်ပါ
မကြာသေးမီက လေ့လာတွေ့ ရှိချက်အရ စိတ်ကို နက်နက်ရှိုင်းရှိုင်း အနားယူစေခြင်းဟာ ခန္ဒာကိုယ်ပါ
ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်းတွေ့ ရပါတယ် ။ ယောဂကျင့်စဉ် ၊ တရားကျင့်စဉ် စတာတွေကို စွဲ
မြဲ နက်ရှိုင်းစွာ လေ့ကျင့်သူများဟာ မလေ့ကျင့်သူများထက် ရောဂါတိုက်ထုတ်နိုင်စွမ်းရှိတဲ့ မျိုးရိုးဗီဇတွေ
တိုးပွားများပြားတာကိုတွေ့ ရပါတယ်။နေ့ စဉ်တရားလေ့ကျင့်ပြီး (၃) လကြာပြီးနောက်မှာတော့ ကင်ဆာ
နဲ့ ရောဂါဆဲလ်တွေကို သတ်ဖြတ်ထားဆီးနိုင်တဲ့  ဗီဇဆဲလ်တွေ နိုးကြားလှုပ်ရှားလာတာကိုလည်းတွေ့ ရ
ပါတယ် ။ စိတ်ကိုအပန်းဖြေအနားယူစေခြင်းဟာစိတ်ကိုကြည်လင်လန်းဆန်းစေတဲ့  စရိုတိုနင်နဲ့ ကိုယ်
ခန္ဒာကြီးထွားစေတဲ့ ဟော်မုန်းများ တိုးမြင့်ထွက်ရှိမှုနဲ့ လည်း ဒွန်တွဲနေတယ်လို့ ဆိုပါတယ် ။ ဒါကြောင့်
ခန္ဒာကိုယ်ကိုသာမက စိတ်ကိုလည်းအနားယူစေနိုင်ဖို့ တရားလေ့ကျင့်ပါ ၊ စိတ်ကြည်လင်လန်းဆန်းတဲ့ 
အခါရုပ်ပါ ကြည်လင်နုပျိုလာမှာ အမှန်ပါပဲလို့ တိုက်တွန်းလို ပါတယ် ။
( စိတ်ဖိစီးမှုကင်ပါစေ )
စိတ်အပန်းဖြေခြင်းဟာ သွေးပေါင်ကျစေပြီး ခန္ဒာကိုယ်ရဲ့ စိတ်အခြေအနေကိုကြည်လင်ကောင်းမွန်စေတဲ့
ဓာတ်နဲ့ ဟော်မုန်းများထွက်ရှိမှုကိုမြင့်တင်ပေးနိုင်ပေမယ့် စိတ်ဖိစီးမှုကတော့ ခန္ဒာကိုယ်ကိုယိုယွင်းပျက်စီး
စေပြီး အိုမင်းစေပါတယ် ၊စိတ်ဖိစီးတဲ့ အခါ ကော်တီဇောနဲ့ အေဒီရီနယ်လင်ဟော်မုန်းများ ထွက်ရှိလာပြီး
နှလုံးခုန်းနှုန်းနဲ့ သွေးပေါင်ချိန်ကိုတိုးစေပါတယ် ။ ကိုယ်ခံအားကိုကျစေပြီး မျိုးဆက်ပွားမှုကိုလည်း လျော့
ကျစေပါတယ် ။ စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေရှင်းဖို့ နည်းလမ်းကတော့ စိတ်ဖိစီးမှူုဖြစ်စေတဲ့  အခြေခံ
အကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ပြီး ရှောင်ရှားနေထိုင်ဖို့ ပါပဲ ၊ ဒီနည်းနဲ့ ဖြေရှင်းဖို့ မလွယ်ကူလှရင်
တော့ သင်အမှန် တကယ်စိတ်ဝင်စားနိင်မယ့်  အကြောင်းအရာများဖြစ်တဲ့ စာဖတ်ခြင်း ၊ ဂေါက်ရိုက်ခြင်း
ဟာသရုပ်ရှင်များကြည့်ခြင်း စတာတွေကို အာရုံဝင်စားခြင်းဖြင့် ဖိစီးမှုကို သယ်ဆောင်လာတဲ့ အာရုံတွေ
ကိုတိုက်ထုတ်ပါ ။ အထက်မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ တရားလေ့ကျင့်ခြင်းဟာလည်း
စိတ်ဖိစီးမှုကိုတိုက်ဖျက်ရာမှာ အကောင်းဆုံးနည်းလမ်းများဖြစ်တာမို့ ကြိုးစားကြည့်စေလိုပါတယ် ။
  by shinnsawpu
Wednesday 12 June 2013
လေဝ (သို့မဟုတ်) ဗိုက်စူထွက်သူများအတွက် ဆေးနည်းကောင်း
အနောက်တိုင်း ဆေးပညာတွင် ဝလာခြင်း၊ ကိုယ်အလေးချိန် တက်လာမြင်း မှန်သမျှသည် ခန္ဓာကိုယ်တွင် အဆီများ စုပုံလာပြီး “ကိုလက်စထရော” တက်လာခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာဆေးပညာတွင်မူ အဆီဝနှင့် လေဝဟူ၍ နှစ်မျိုးရှိသည်။ အိန္ဒိယမှလာသော အာယုဗေဒ ဆေးပညာတွင်ကား လေ၊ သည်းခြေ၊သလိပ်တို့ဖြင့် ဖွဲ့စည်းထားသော
တည်ဆောက်ထားသော ခန္ဓာကိုယ်ကြီးတွင် လေကြောင့်လည်း ဝနိုင်သည်။ သလိပ်ကြောင့်လည်း ဝနိုင်သည်။
သည်းခြေကြောင့်လည်း ပိန်နိုင်သည်။ သလိပ်ဆိုသည်မှာ အချွဲအမြှေး စေးကပ်သော ဓာတ်သဘော၊ ဆူဖြိုးသော ဓာတ်သဘောကို ရည်ညွှန်းဆိုလိုပါသည်။ ပါးစပ်မှ ထွေးထုတ်ပစ်သော သလိပ်ကို မမြင်ပါနှင့်။ သလိပ်ဓာတ်အား ကောင်းသူသည် ဆူဖြိုးသော ခန္ဓာကိုရှိပြီး စိုပြေသော အသားအရေ ရှိမည်။ အေးသော အသားအရည် ရှိမည်ဖြစ်သည်။ အဆီလည်းများသည်။
အသားထက် အဆီထူလာသော ဝခြင်းမျိုးကို သလိပ်ဝဟု ခေါ်ခြင်းဖြစ်သည်။ သည်းခြေဓာတ်၏ သဘောမှာကား ထက်မြတ်ခြင်း၊ပူခြင်း၊ စပ်ခြင်း သဘောရှိသည်။ ဆီးနှင့် ဝမ်းတို့ကို ရွှင်စေသော သဘောရှိသည်ဟု ဆိုသည်။ အသားအရည်၏ အရောင်ညိုခြင်း၊ မဲခြင်း၊ ဝါခြင်း၊ တောက်ပခြင်းတို့သည် သည်းခြေနှင့် ဆိုင်သည်။ ထို့အပြင် မှတ်ဥာဏ်နှင့် သာဓကဥာဏ်၊ ဇဝနဥာဏ် ကောင်းခြင်းတို့သည်လည်း သည်းခြေနှင့်ပင် ဆိုင်သည်။
ပါစကသည်းခြေဆိုလျှင် ဆရာဝန်တို့သိသော အသည်းတွင် တွယ်ကပ်နေသည့် သည်းခြေအိတ်မှ ထွက်သော သည်းခြေရည်ဖြစ်ပြီး အစာချေရာတွင် အထောက်အကူပြုသည်။
သည်းခြေအား ကောင်းသူသည် ပေါ့ပါးသွက်လက်သည်။ ဥာဏ်ကောင်းပြီး လျှင်မြန်ပေါ့ပါးသူ ဖြစ်သည်။ စိတ်ဆတ်ပြီး စိတ်တိုလွယ်သောသူသည် သည်းခြေပကတိလူသား ဖြစ်သည်။ သို့သော် သည်းခြေဓာတ် လွန်ကဲလျှင် အစာအိမ်ကို ပြန်လောင်ပြီး အစာအိမ်နာရောဂါ ဖြစ်တတ်သည်။ လူကို ပိန်ကျုံစေသည်။ လေပကတိ၏ သဘောမှာ သွက်လက်စေသည်။ လေကဲ့သို့ ပေါ့ပါးသည်။ ပြေးလွှား လုပ်ဆောင်ရသော အလုပ်မျိုးတွင် စွမ်းဆောင်နိုင်သည်။ စကားပြောများသည်။ အအိပ်အနေ နည်းသည်။
စိတ်ဂဏှာမငြိမ် ဖြစ်တတ်သည်။ သွားလာထိုင်ထရာတွင် အဆစ်အဆက်များမှ အသံမြည်တတ်သည်။ ဤသည်မှာ လေပကတိ လူသားတွင် တွေ့ရသည့် သဘောပင် ဖြစ်သည်။ သို့သော် လေသမားသည် သည်းခြေသမားကဲ့သို့ မပိန်ဘဲ တစ်ခါတစ်ရံ ဝလာတတ်သည်။ လေပကတိလူသား ဝလျှင် သလိပ်ပကတိ လူသားကဲ့သို့ လက်ချောင်း၊ ခြေချောင်းများနှင့် မျက်နှာတွင် ပြည့်ဖြိုး ဖောင်းကားမလာဘဲ ဝမ်းဗိုက်တွင် စူထွက်လာတတ်သည်။
မျက်နှာနှင့် လက်ချောင်း၊ ခြေချောင်းများမှာ လိုက်ဝမလာဘဲ ပုံမှန်ပင် ဖြစ်နေတတ်သည်။ ဝသော်လည်း သွက်လက်စွာ လှုပ်ရှားနေသူ၊ စကားပြောနေသူများမှာ “လေဝ” များ ဖြစ်ပေသည်။
လေဝသမားများသည် ငြိမ်ငြိမ်နေတတ်ပြီး အထိုင်များသော အလုပ်မျိုးနှင့် မကိုက်ညီပေ။ အထိုင်များလျှင် ဗိုက်ပိုစူလာခြင်းမှာ ဝမ်းဗိုက်အတွင်းရှိ အူမကြီးများတွင် လေခိုပြီး ဖောင်းလာခြင်းကြောင့် ဖြစ်သည်။ ဝမ်းချုပ်လေ့ရှိသည်။ ဝမ်းချုပ်ရခြင်းမှာ လေသည် အထက်သို့ ဆန်ပြီး အောက်သို့ မစုန်သောကြောင့် ဖြစ်သည်။ လေစာများများစားလျှင် ပို၍ ဆိုးသည်။ လေကြောင့် အစာမကြေခြင်းနှင့် ခေါင်းအုံးမူးဝေခြင်း၊ ဇက်ကြောထိုးခြင်းများပါ ဖြစ်နိုင်လေသည်။ ဗိုက်စူထွက်ပြီး လေဝ ဝနေသူများသည် လေစာများကို သိထားရန် လိုသည်။ “အခါးဟူသမျှ လေဓာတ်ကြွသည်” ဟူသော အဆိုရှိသည်။ ခါးသော အရသာရှိသည့် ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး၊ လက်ဖက် စသည်တို့သည် လေစာများဖြစ်သည်။အေးသောအခါ ခါးသွားသည့် မုံညင်း၊ မုံလာ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ မြူရွက်၊ မယ်ဇလီဖူး၊ ဂေါ်ရခါးညွန့် စသည်တို့မှာလည်း လေစာများ ဖြစ်သည်။
လေဝဖြစ်ပြီး ဗိုက်စူသူများသည် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရေနွေးကြမ်း (အဖန်ရည်) သောက်လျှင်လည်း ပိုဆိုးတတ်သည်။ ဗိုက်စူသည့်အပြင် လေချုပ်သည့်ရောဂါပါ ရတတ်သည်။ လေချုပ်လျှင် ခံတွင်းပျက်၊ အစားပျက်၊အစာမကြေ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ရေနွေးကြမ်း၊ အဖန်ရည်ကို တစ်ခွက်၊ နှစ်ခွက်ထက် ပိုပြီး မသောက်သင့်ပေ။ ရှေးခေတ်က လူကြီးများသည် အဖန်ရည်သောက်လျှင် ဆားလှော်အနည်းငယ် ထည့်သောက်လေ့ရှိသည်။
လေမချုပ်၊ ဝမ်းမချုပ်စေရန် ထည့်သောက်ခြင်း ဖြစ်သည်။ ယခုခေတ်တွင် ဆားထည့်လျှင် သွေးတိုးမည် ထင်သဖြင့် ထိုဓလေ့မှာ ပျောက်ကွယ်သလောက် ရှိပြီဖြစ်သည်။ အသင့်အတင့် ထည့်ရုံဖြင့် သွေးမတိုးနိုင်ပါ။ ဗိုက်စူနေသူများသည် နိမ့်ပြီး အိစက်သော ဆိုဖာများတွင် ထိုင်ပြီး အလုပ်လုပ်ခြင်း မသင့်တော်ပါ။
ဆိုဖာကြောင့် ဗိုက်ကြောများမှာ ခေါက်ဝင်ပြီး ပိုစူထွက်နိုင်သည်။ ဆိုဖာထိုင်ခုံတွင် ထိုင်ပြီး တီဗီဇာတ်လမ်းတွဲများ ကြည့်ခြင်း၊ စကားကြာကြာ ပြောခြင်းများကြောင့် ဗိုက်စူထွက်ခြင်းမှာ ပိုဆိုးလာနိုင်သည်ကို သတိပြုသင့်ပါသည်။
ဗိုက်စူနေသူများသည် ထမင်းစားလျှင် ပူပူနွေးနွေးစားမှ အစာကြေမည်။ အေးစက်နေသော ထမင်း၊ဟင်း စားလျှင် အစာမကြေဖြစ်ပြီး လေပိုပွစေနိုင်သည်။ ဟင်းချိုရည်ပူပူ သောက်စားခြင်းဖြင့် လေကို အောက်သို့ ကျစေနိုင်သည်။အချိုရည်နှင့် ရေခဲရေများ သောက်ခြင်းသည် အစာမကြေ ဖြစ်စေသည့်အပြင် လေကို ပျက်စေနိုင်ပြီး ဝမ်းပိုချုပ်စေနိုင်သည်။ လေသမားများအတွက် အရေးပါသည့် အချိန်မှာ ညနေစောင်းအချိန် ဖြစ်သည်။ နံနက်သလိပ်၊နေ့လည်သည်းခြေ၊ ညနေလေဟု အဆိုရှိသဖြင့် လေသမားများအတွက် ဓာတ်စာပေးလျှင် ညနေအချိန်တွင် ပေးလေ့ရှိသည်။ ညနေစောင်း (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) အချိန်တွင် ရှောက်ဖျော်ရည်၊ မန်ကျည်းမှည့်ဖျော်ရည်၊ကမ္ဗလာသီးဖျော်ရည်၊ ဇီးဖျော်ရည်များ တိုက်ကျွေးလျှင် လေအောက်သက်ပြီး ဝမ်းမှန်စေသည်ဟု ရှေးကဆရာကြီးများ ပေးလေ့ရှိသော ဓာတ်စာဖြစ်သည်။
“လေမျိုးရှစ်ဆယ်ဆေး” သည် ရှေးကုန်းဘောင်ခေတ်မှ စ၍ သမားတော်များသုံးသော လက်စွဲဆေးဖြစ်သည်။ ထိုဆေးတွင် လေကြေစေသော သိန္ဓောဆားနှင့် ဇဝက်သာဆားများ ပါဝင်သည်။
(လေမျိုးရှစ်ဆယ် ဆေးနည်းကို အောက်တွင် ဖော်ပြထားပါသည်။ မည်သူမဆို မိမိအိမ်သုံးအတွက် ပရဆေးဆိုင်များတွင် ဖော်စပ် သုံးစွဲနိုင်ပါသည်။) လေမျိုးရှစ်ဆယ်ဆေးကို လျှက်ဆားကဲ့သို့ ထမင်းစားပြီးလျှင်လည်း ရသည်။သို့မဟုတ် ရှောက်သီးအရည်ဖြင့် ဖျော်ပြီး သောက်လျှင်လည်း ရသည်။
အဆီကျ ပိန်လိုသူများသည် လေမျိုးရှစ်ဆယ်ဆေး ကော်ဖီဇွန်းငယ် တစ်ဇွန်းကို ရေနွေးသောက်သည့် ကြွေပန်းကန်တစ်လုံးတွင် ထည့်၍ ရှောက်သီးအရည် ကြွေဇွန်း၃ဇွန်းဖြင့် ဖျော်စပ်ပါ။ ချက်ချင်းဖျော်ပြီး ချက်ချင်းသောက်ပါ။ ခံတွင်းချဉ်လျှင် ရေအေးတစ်ခွက် သောက်ပါ။ နေ့စဉ် ညနေ ၃ နာရီမှ ၆ နာရီအတွင်း အစာနှင့် ဝေးချိန်တွင် သောက်ပေးလျှင် အဆီကျပြီး ပိန်စေနိုင်ပါသည်။ လေပွပြီး ဗိုက်စူထွက်ခြင်းကို သက်သာစေသည်။ တစ်လခန့် မှန်မှန်သောက်ရန် လိုပါသည်။
လေမျိုးရှစ်ဆယ် ဆေးနည်းတွင် ပါဝင်သော ကုန်ကြမ်းနှင့် အလေးချိန်များမှာ
၁။ဖာလာငယ်- ၈ ပဲသား၊ ၂။လေညှင်းပွင့်- ၁၂ ပဲသား၊ ၃။ကွက္ကရာ- ၁၂ ပဲသား၊ ၄။ပရုတ်- ၃ ကျပ် ၄ ပဲသား၊ ၅။နွယ်ချို ၅ ကျပ် ၈ ပဲသား၊ ၆။ဆားပုပ်- ၆ ကျပ် ၄ ပဲသား၊ ၇။ဇဝက်သာ- ၁၂ ကျပ် ၈ ပဲသား၊ ၈။သိန္ဒော- ၂၅ ကျပ် ၈ ပဲသား၊ စုစုပေါင်း- ၅၄ ကျပ် ၈ ပဲသား။
လတ်ဆတ်သောဆေးဝါး၏အရောင်- သနပ်ခါးရောင်၊ ဖြူဝါဖျော့
လတ်ဆက်သောဆေးဝါး၏အနံ့- ပရုတ်လွှမ်းသောအနံ့
လတ်ဆတ်သောဆေးဝါး၏အရသာ- အေး၊ ချို၊ ငန်၊ စပ်
အဓိကနိုင်သောရောဂါများ- လေနာရောဂါများ၊ သလိပ်ကပ်၊ ချောင်းဆိုး
ဆေးတစ်ခွက်ပမာဏ- လူကြီး ၂ ပဲသား (ကော်ဖီဇွန်းငယ် ၁ ဇွန်း)၊ ကလေး ၁ ပဲသား (ကော်ဖီဇွန်းငယ် ဇွန်းဝက်)
ကြည်လွင်မြင့် (မုဒြာ)
Tuesday 11 June 2013
ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ
ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ
၁။နံနက်စာမစားတဲ့အကျင့်
နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
၂။ အစာစားပြီး ရေများများသောက်ခြင်း
အစာစားပြီးခါစမှာ ရေအ၀သောက်ရင် အစာခြေဖျက်မှုကိုအနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေတနင့်တပိုးသောက်မည့်အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ မျှသောက်ပါ။
၃။ အစားအလွန်အကျွံစားတတ်မှု
အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံ့ပွမှုကို နှေးကွေးစေပါတယ်။ ဒါဟာ အစာခြေလုပ်ငန်းကို အကျိုးယုတ်စေပါတယ်။
၎။ လက်ဖက်ရည်ခါးခါးသောက်တတ်ခြင်း
အကျရည်ပြင်းတဲ့ လက်ဖက်ရည်ဟာ အစာခြေဖျက်မှုနဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် ညဘက်အိပ်မပျော်မှုကိုဖြစ်စေပါတယ်။
၅။ အရက်အလွန်အကျွံသောက်ခြင်း
အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။ အရက်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး သောက်သုံးသူကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။
၆။ အလွန်အကျွံအိပ်ခြင်း
အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်နှေးကွေးတာ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့လေဖြတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
၇။ အချိန်ကြာမြင့်စွာ သွားတိုက်တတ်တဲ့အကျင့်ဆိုး
အစာစားပြီးတိုင်းသွားတိုက်တာဟာ ခံတွင်းနဲ့သွားရောဂါ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။
၈။ မျက်နှာခဏခဏသစ်တတ်တဲ့အကျင့်
မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပါတယ်။ မျက်နှာကို ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲသစ်တာ အကောင်းဆုံးပါ။
၉။ လမ်းလျှောက်လွန်းတဲ့အကျင့်
လမ်းအလွန်လျှောက်တာဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်တယ်လို့ ဆိုထားပါတယ်။
၁၀။ ဒေါက်မြင့်စီးတဲ့ အကျင့်ဆိုး
ဒေါက်မြင့်ဖိနပ်တွေဟာ အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီးတွေဟာ ခြေထောက်၊ ခြေမျက်စိ၊ ဒူး ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။
ကဲရှောင်ကြ ရှားကြနော်..ကျန်းမရေးလေးကောင်းအောင်...ကျန်းမာရေးကောင်းမှ လုပ်ချင်တာ လုပ်လို့ရမယ်..
၁။နံနက်စာမစားတဲ့အကျင့်
နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
၂။ အစာစားပြီး ရေများများသောက်ခြင်း
အစာစားပြီးခါစမှာ ရေအ၀သောက်ရင် အစာခြေဖျက်မှုကိုအနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေတနင့်တပိုးသောက်မည့်အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ မျှသောက်ပါ။
၃။ အစားအလွန်အကျွံစားတတ်မှု
အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံ့ပွမှုကို နှေးကွေးစေပါတယ်။ ဒါဟာ အစာခြေလုပ်ငန်းကို အကျိုးယုတ်စေပါတယ်။
၎။ လက်ဖက်ရည်ခါးခါးသောက်တတ်ခြင်း
အကျရည်ပြင်းတဲ့ လက်ဖက်ရည်ဟာ အစာခြေဖျက်မှုနဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် ညဘက်အိပ်မပျော်မှုကိုဖြစ်စေပါတယ်
၅။ အရက်အလွန်အကျွံသောက်ခြင်း
အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။ အရက်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး သောက်သုံးသူကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။
၆။ အလွန်အကျွံအိပ်ခြင်း
အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်နှေးကွေးတာ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့လေဖြတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
၇။ အချိန်ကြာမြင့်စွာ သွားတိုက်တတ်တဲ့အကျင့်ဆိုး
အစာစားပြီးတိုင်းသွားတိုက်တာဟာ ခံတွင်းနဲ့သွားရောဂါ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။
၈။ မျက်နှာခဏခဏသစ်တတ်တဲ့အကျင့်
မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပါတယ်။ မျက်နှာကို ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲသစ်တာ အကောင်းဆုံးပါ။
၉။ လမ်းလျှောက်လွန်းတဲ့အကျင့်
လမ်းအလွန်လျှောက်တာဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်တယ်လို့ ဆိုထားပါတယ်။
၁၀။ ဒေါက်မြင့်စီးတဲ့ အကျင့်ဆိုး
ဒေါက်မြင့်ဖိနပ်တွေဟာ အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီးတွေဟာ ခြေထောက်၊ ခြေမျက်စိ၊ ဒူး ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။
ကဲရှောင်ကြ ရှားကြနော်..ကျန်းမာရေးလေးကောင်းအောင်...ကျန်းမာရေးကောင်းမှ လုပ်ချင်တာ လုပ်လို့ရမယ်..
Saturday 8 June 2013
“သင့်ကိုယ်သင် ပြန်ကြည့်ပါ”
အရမ်းထိတယ် အရမ်းကောင်းတဲ့
စာသားတွေပါ *****
“သင့်ကိုယ်သင် ပြန်ကြည့်ပါ”
8/6/2013
1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။
3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
6. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။
12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
13. များများပြုံးပါ၊ များများရီပါ။
14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
ကဗျာ
8/6/2013
1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတ
ယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။
3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
6. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။
12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
13. များများပြုံးပါ၊ များများရီပါ။
14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
ကဗျာ
Friday 7 June 2013
ပြစ်တင်ဝေဖန်မှုတွေကို ဘယ်လိုကျော်လွှားမလဲ
Sunday 2 June 2013
အပူလောင် အမာရွတ်ပျောက်နည်း (တော်တော်အသုံးဝင်တဲ့နည်းလေးပါ)
မီးလောင်,အပူလောင်,ဆီပူလောင်သူများအားကြုံတွေ့ခဲ့ရပါကခရုသင်းကဲ့သို့အဖြူကွက်နှင့်အပူလောင်အမာရွတ်ကျန်မနေရစ်ဘဲ နဂိုအသားအရေရောင်ကဲ့သို့ ပြန်လည်ဖြစ်စေရန်(အနာသက်သာ ပျောက်ကင်းစမှစ၍)ကွမ်းသီးအား ကျောက်ပျဉ်တွင် 
 သွေး၍ရရှိသောကွမ်းသီးအရည်အား နေ့စဉ်မကြာခဏအနည်းဆုံးတနေ့(၃)ကြိမ်ထက်မနည်းလိမ်းပေးစေခြင်းဖြင့်
မူလအသားအရေအရောင်ကဲ့သို့ပင် ပြန်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
( ခင်မောင်လေး-ဖန်ခါးမြေ )
Myawady News
အပူလောင် အမာရွတ်ပျောက်နည်း (တော်တော်အသုံးဝင်တဲ့နည်းလေးပါ)
Monday, June 03, 2013
မီးလောင်, အပူလောင်, ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင်အမာရွတ် ကျန်မနေရစ်ဘဲ နဂိုအသားအရေရောင်ကဲ့သို့ ပြန်လည်ဖြစ်စေရန်(အနာသက်သာ ပျောက်ကင်းစမှစ၍)ကွမ်းသီးအား ကျောက်ပျဉ်တွင် သွေး၍ရရှိသောကွမ်းသီးအရည်အား နေ့စဉ် မကြာခဏ အနည်းဆုံး တနေ့(၃)ကြိမ်ထက်မနည်း လိမ်းပေးစေခြင်းဖြင့်မူလအသားအရေအရောက်ကဲ့သို့ပင် ပြန်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
( ခင်မောင်လေး-ဖန်ခါးမြေ )
Myawady News
စိတ်ဖိစီးမှုကြုံလာခဲ့ရင် မိမိကိုယ် ကို စိတ်ဖြေသိမ့်နိုင်စေမည့် နည်းလမ်း အချို့
စိတ်တွေအရမ်းမွန်းကျပ်နေတယ်****
စိတ်ဖိစီးမှုကြုံလာခဲ့ရင် မိမိကိုယ် ကို စိတ်ဖြေသိမ့်နိုင်စေမည့်နည်းလမ်း အချို့
Sunday, June 02, 2013
စိတ်ဖိစီးနေသလား
စိတ်ဖိစီးမှုကြုံလာခဲ့ရင် မိမိကိုယ် ကို စိတ်ဖြေသိမ့်နိုင်စေမည့်နည်းလမ်း အချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ အသက်ပြင်းပြင်းရှူပါ
လေကို နှာခေါင်းမှ ၀င်သွား သည်ကို သတိထားပြီး ၀မ်းဗိုက်ပါ ဖောင်းလာသည်အထိ ရှူလိုက်ပါ။ ပြီးရင် ဖြေးဖြေးမှုတ်ထုတ်လိုက်ပါ။ တစ်ရက်ကို ၁၀မိနစ်က မိနစ် ၂၀ခန့် အဲဒီလိုလုပ်ပေးပါ။
၂။ ရေနွေးနွေးနဲ့ရေချိုးပေးပါ။
ရေနွေးနွေးမှာ စိမ်ချိုးခြင်းက ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်သွားစေရုံသာမက ချွေးနံ့နံစေတဲ့ ဘက်တီးရီးယားများကိုလည်း ပိုသေ စေပါတယ်။
၃။ သာယာတဲ့သီချင်းသံ နားထောင်ပေးပါ။
လေ့လာမှုတွေအရ ငြိမ့်ညောင်း တဲ့သံစဉ်တွေဟာ စိတ်ကို လျော့ကျ စေရုံသာမက သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတို့ကိုပါလျော့ကျစေပြီး အသက် ရှူနှုန်းကိုလည်း နှေးသွားစေပါ တယ်။
၎။ ရေကူးပါ
လေ့ကျင့်ခန်းလုပ်စဉ်မှာ ဦးနှောက်က endorphin ဆိုတဲ့ ဟော်မုန်းကို ထွက်စေပြီး လူကိုနေထိုင် ကောင်းစေပါတယ်။ အကောင်း ဆုံးလေ့ကျင့်ခန်းကတော့ ရေကူးခြင်း ပါပဲ။
၅။ များများရယ်ပါ
အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက် ၀မ်းဗိုက်ပါ အသုံးပြု၍ ရယ်မော လိုက်ခြင်းက သွေးလှည့်ပတ်မှုကောင်း စေပြီး Oxygen ပျံ့နှံ့ မှုမြန်စေကာ သင့်ရဲ့စိတ်နေစိတ်ထားကို ကောင်းစေ ပါတယ်။
၆။ ပြဿနာများကို ချရေးပါ။
တစ်ခါတလေ စိတ်ဖိစီးမှုအရမ်း များလာတဲ့အခါ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအ ရာတွေကို ချရေးခြင်းက အကောင်းဆုံးနည်းတစ်ခုပါပဲ။
၇။ အကူအညီရယူပါ။
တချို့ပြဿနာတိုင်းက ကိုယ်တိုင် ဖြေရှင်းလို့မရပါဘူး။ ကျွမ်းကျင်သူ များနဲ့တိုင်ပင်ခြင်းက ပိုကောင်းတဲ့ နည်းတစ်ခုပါ။ အကူအညီယူဖို့ ၀န် မလေးပါနဲ့။
၈။ သက်သောင့်သက်သာနေထိုင်ပါ။
ချည်သား၊ပိုးသားကဲ့သို့ သဘာဝ ချည်မျှင်များကို ၀တ်ဆင်ပါ။ နေ့စဉ် ချွေးနံ့ ပျောက်ဆေးနှစ်ကြိမ်ခန့် သုံးပါ။ အလုပ်မသွားမီ တစ်ကြိမ်နှင့်အိပ်ရာ မ၀င်မီ တစ်ကြိမ်သုံးသင့်ပါတယ်။ စိတ်ဖိစီးမှုကင်းသောဘ၀တွင် နေနိုင် ကြပါစေ။
Kayan Times
စိတ်ဖိစီးနေသလား
စိတ်ဖိစီးမှုကြုံလာခဲ့ရင် မိမိကိုယ် ကို စိတ်ဖြေသိမ့်နိုင်စေမည့်နည်းလမ်း အချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ အသက်ပြင်းပြင်းရှူပါ
လေကို နှာခေါင်းမှ ၀င်သွား သည်ကို သတိထားပြီး ၀မ်းဗိုက်ပါ ဖောင်းလာသည်အထိ ရှူလိုက်ပါ။ ပြီးရင် ဖြေးဖြေးမှုတ်ထုတ်လိုက်ပါ။ တစ်ရက်ကို ၁၀မိနစ်က မိနစ် ၂၀ခန့် အဲဒီလိုလုပ်ပေးပါ။
၂။ ရေနွေးနွေးနဲ့ရေချိုးပေးပါ။
ရေနွေးနွေးမှာ စိမ်ချိုးခြင်းက ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်သွားစေရုံသာမက ချွေးနံ့နံစေတဲ့ ဘက်တီးရီးယားများကိုလည်း ပိုသေ စေပါတယ်။
၃။ သာယာတဲ့သီချင်းသံ နားထောင်ပေးပါ။
လေ့လာမှုတွေအရ ငြိမ့်ညောင်း တဲ့သံစဉ်တွေဟာ စိတ်ကို လျော့ကျ စေရုံသာမက သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတို့ကိုပါလျော့ကျစေပြီး အသက် ရှူနှုန်းကိုလည်း နှေးသွားစေပါ တယ်။
၎။ ရေကူးပါ
လေ့ကျင့်ခန်းလုပ်စဉ်မှာ ဦးနှောက်က endorphin ဆိုတဲ့ ဟော်မုန်းကို ထွက်စေပြီး လူကိုနေထိုင် ကောင်းစေပါတယ်။ အကောင်း ဆုံးလေ့ကျင့်ခန်းကတော့ ရေကူးခြင်း ပါပဲ။
၅။ များများရယ်ပါ
အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက် ၀မ်းဗိုက်ပါ အသုံးပြု၍ ရယ်မော လိုက်ခြင်းက သွေးလှည့်ပတ်မှုကောင်း စေပြီး Oxygen ပျံ့နှံ့ မှုမြန်စေကာ သင့်ရဲ့စိတ်နေစိတ်ထားကို ကောင်းစေ ပါတယ်။
၆။ ပြဿနာများကို ချရေးပါ။
တစ်ခါတလေ စိတ်ဖိစီးမှုအရမ်း များလာတဲ့အခါ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအ ရာတွေကို ချရေးခြင်းက အကောင်းဆုံးနည်းတစ်ခုပါပဲ။
၇။ အကူအညီရယူပါ။
တချို့ပြဿနာတိုင်းက ကိုယ်တိုင် ဖြေရှင်းလို့မရပါဘူး။ ကျွမ်းကျင်သူ များနဲ့တိုင်ပင်ခြင်းက ပိုကောင်းတဲ့ နည်းတစ်ခုပါ။ အကူအညီယူဖို့ ၀န် မလေးပါနဲ့။
၈။ သက်သောင့်သက်သာနေထိုင်ပါ။
ချည်သား၊ပိုးသားကဲ့သို့ သဘာဝ ချည်မျှင်များကို ၀တ်ဆင်ပါ။ နေ့စဉ် ချွေးနံ့ ပျောက်ဆေးနှစ်ကြိမ်ခန့် သုံးပါ။ အလုပ်မသွားမီ တစ်ကြိမ်နှင့်အိပ်ရာ မ၀င်မီ တစ်ကြိမ်သုံးသင့်ပါတယ်။ စိတ်ဖိစီးမှုကင်းသောဘ၀တွင် နေနိုင် ကြပါစေ။
Kayan Times
လူထုကျန်းမာရေး(မျက်စိညောင်း ခြင်းကို ကုသနည်းများ)
.
--လူထုကျန်းမာရေး(မျက်စိညောင်း ခြင်းကို ကုသနည်းများ)
Sunday, June 02, 2013
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။ အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ 
ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။ 
မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့- - မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊ - မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊ - မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊ - ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။
**မျက်စိညောင်းညာမှု သက်သာစေရန်**
(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။
(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။
(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။
(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။
(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။
(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။ (၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။
**ကြယ်စင်**
အာယု 
Public Health
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။ အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။
ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။
မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့- - မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊ - မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊ - မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊ - ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။
**မျက်စိညောင်းညာမှု သက်သာစေရန်**
(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။
(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။
(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။
(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။
(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။
(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။ (၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။
**ကြယ်စင်**
အာယု
Public Health
Saturday 1 June 2013
အိပ်စက်ခြင်းဟူသည်
အိပ်စက်ခြင်းဟူသည် အကယ်အားဖြင့် အသေလေးသာဖြစ်ချေသည်။
ညမအိပ်ခင်-
သရဏဂုံ ဆောက်တည် သီလဆောက်တည်ခြင်းဖြင့်
သီလကုသိုလ်ဖြစ်ရာ၏။
မြတ်စွာဘုရားကို ရည်စူးပြီး သောက်တော်ရေကပ်လှူခြင်းဖြင့် ဒါနကုသိုလ်ဖြစ်ရာ၏။
မေတ္တာဘာဝနာ သို့မဟုတ် ဂုဏ်တော်ပွားခြင်းဖြင့်
သမထကုသိုလ်ဖြစ်ရာ၏။
ထို့နောက် အိပ်သောအခါ ဝင်လေထွက်လေ သတိကပ်ရင်း ဝိပဿနာဘာဝနာကုသိုလ်ဖြင့် အိပ်စက်ခြင်းသို့ ရောက်ရာ၏။
ထိုသို့ ညစဉ် အလေ့အကျင့်ပြုထားသူသည် သေခြင်းတရားနှင့် အမှန်တကယ် ရင်ဆိုင်ရသည့်အခါဝယ် အဆိုပါအာရုံတစ်မျိုးမျိုး ပြုလျက်သာ တည်တည်ငြိမ်ငြိမ် ကွယ်လွန်ရပြီး
ကောင်းရာသုဂတိသို့ လားရာ၏ ။
အရှင်ဆန္ဒာဓိက
ဖုန်းတစ်လုံးရေထဲကျသွားခဲ့ရင်
ဖုန်းတစ်လုံး ရေထဲကျသွားရင် ပျက်တာများပါတယ်။ အချို့ကျတော့လည်း ဆိုင်ပြန်မပို့ရဘဲ အလိုလို ပြန်ကောင်းသွားတယ် ဆိုပါတယ်။ သို့ပေမယ့် မိမိသုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ အိမ်မှာနေရင်း ဖုန်းက ရေထဲကျသွားတယ် ဆိုပါစို့။ ပေါက်ပေါက်ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့သူတွေတောင် ကြုံဖူးပါတယ်။
ပါဝါမဖွင့်ရ
အဲဒီ့အချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲကျသွားပြီဆိုရင် ရေဘယ်လောက်ပဲ နစ်နစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါ လုံးဝမဖွင့်မိဖို့ အရေးကြီးပါတယ်။
ဖြုတ်နိုင်သမျှဖြုတ်
ဖုန်းနဲ့ ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ကျတော့လည်း ဘက်ထရီနဲ့ဖုန်းက တစ်ဆက်တည်းဖြစ်လို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက်သာ ဖြစ်ပါတယ်။ ဘက်ထရီတင် မကဘဲ SIM ကဒ်ကိုလည်း ဖြုတ်ရပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာမှန်သမျှ အကုန်ဖြုတ်ပေးရပါမယ်။
ရေငွေ့မြန်မြန်ပြန်
ရေငွေ့ မြန်မြန်ပြန်မယ့်နည်းက နေပူအောက်ထားခြင်း လုံးဝမဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံးဝ ထိခိုက်စေပါတယ်။ နေရဲ့ အပူဒဏ်ကို ဖုန်းမှာပါဝင်တဲ့ သတ္ထုများက မခံနိုင်ပါဘူး။ ပိုလို့တောင် ပျက်စီးစေပါတယ်။ ဒါကြောင့် ရေငွေ့အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက်ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာပါပဲ။ နေပူထဲ လုံးဝ မထုတ်ဘဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ-အဝတ်ခြောက်၊ လက်ကိုင်ပုဝါခြောက်နဲ့ ထိုင်သုပ်ပေးတာမျိုး ဖြစ်ပါတယ်။
ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး (၂) နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာအလိုက်၊ ရေငွေ့ပြန်နိုင်တဲ့ နှုန်းထားအလိုက် အချို့ဆို (၂၄) နာရီကြာမှ ပြန်ဖွင့်ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ အထက်ပါပြီးလို့ ဖုန်းရဲ့ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ် ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။
ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ Touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ်လို့ ဖြစ်ပါတယ်။ အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့ ရေစိုဖုန်းများ မြန်မြန် အသက် ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်းလာရင်း ဖြစ်တယ်ဆိုရင်လည်း အိမ်မှာရှိတဲ့ Facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အချို့ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to TechSpace Journal