အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 28 October 2012

ထိပ်ပြောင်သူများအတွက် ကြက်သွန်နီ

ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။

ထူထဲ တောက်ပြောင်သော ဆံကေသာသည် ငယ်ရွယ်ခြင်း၏ ဝိသေသတစ်ခုဖြစ်သည်။ ဆံပင်ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ခံစားရတတ်သည်။ နေထိုင် မှုပုံစံပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ် ညမ်းမှုနှ

င့် ကျန်းမာရေးပြဿနာများ ကြောင့် ဆံပင်ကျွတ်လေ့ရှိသည်။
အံ့အားသင့်ဖွယ်ကောင်းသော အချက်မှာ စီးပွားဖြစ်ရောင်းချနေ သော ဆံပင်ပေါက်ဆေးများတွင် ကြက်သွန်နီပါဝင်လေ့ရှိသည်။ ကြက် သွန်နီကို ဆံပင်ပြန်ပေါက်ဆေးတွင် ထည့်သွင်းသည်မှာ ကြောင်တောင် တောင်နိုင်သော်လည်း ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကိုကုသ ရာတွင် အဓိကဆေးပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည်။
ကြက်သွန်နီတွင် ဆာလဖာဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဆံပင် ကျွတ်ခြင်းမှ ကာကွယ်နိုင်သည်။ ဆာလဖာဓါတ်သည် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရောင်ရမ်း နာများ သက်သာစေသည်။ ဆာလဖာ ကြောင့် ကိုလာဂျင်ပရိုတိန်းများထုတ် လုပ်မှုကောင်းစေပြီး ထိုပရိုတိန်းများ ကြောင့် အရေပြားပြေပြစ်ခြင်း၊ ဆံပင် မွေးတောင့်တင်းခြင်းစသည့် အကျိုး ကျေးဇူးများခံစားရသည်။ ထို့ကြောင့်ကြက်သွန်နီသည် ဆံပင်မွေးကိုခိုင်မာ စေသည်။ ဦးရေပြားမှိုစွဲ (ဗောက်ထ) ခြင်းကိုကာကွယ်ပေးသည်။ ပိတ်ဆို့ နေသော မွေးညင်းပေါက်များအား ပွင့်စေသည်။
အီရတ်သုတေသီများ၏ လေ့ လာချက်အရထိပ်ပြောင်ဦးရေပြားပေါ် ကြက်သွန်နီအရည်လိမ်းဆေးထားလျှင် အာနိသင်မဲ့လိမ်းဆေးလိမ်းသူများထက် ဆံပင်ပေါက်နှုန်းမြန်ဆန်လာသည်ကို တွေ့ ရသည်။
အမေရိကန်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ကြက်သွန်နီအား ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ကြောင်းအသိအမှတ်ပြု ထားသည်။ အခြားအသိအမှတ်ပြု ဆေးတစ်မျိုးမှာ minoxidol လိမ်း ဆေးဖြစ်သည်။ minoxidol လိမ်း ဆေးသည်လည်း ဦးရေပြားသွေး လည်ပတ်မှု ကောင်းစေသည်။
ဆံပင်အလွန်အမင်းကျွတ်နေ သူများအနေနှင့် ကြက်သွန်နီကြိတ် ထားသည့်အရည်လိမ်းပေးသင့်ကြောင်း FDA ကမှတ်ချက်ပြုထားသည်။ ကြက်သွန်နီအရည်ကို မိနစ် (၄ဝ) ခန့်လိမ်းထား၍ခေါင်းလျှော်ရည်ပျော့ ပျော့နှင့်ဆေးကြောပေးသင့်သည်။
ဇော်ကို
Source: MDI
By Health Update Journal
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

အေးချမ်းမွန်မှ April Maung Maung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :April Maung Maung

Saturday 27 October 2012

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

FRIDAY, OCTOBER 26, 2012 အိမ့်သံစဉ်

အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။


ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။

ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။

ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင်
ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ထောက်ပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ၀မ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။

နောက်ထပ် လုပ်နိုင်တာတွေလည်းရှိပါတယ်။ နေလောင်ထားတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့
ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းကွက်ရှိနေသူတွေအတွက် ထောက်ပတ်သီး အတွင်းသားကို ထုတ်ယူပြီး ပွတ်သပ်လိမ်း ပေးခြင်း ဖြင့်လည်း အမဲကွက်တွေကို ပျောက်ကင်းစေ ပါတယ်တဲ့။

ထောက်ပတ်သီးဟာ အသားအရေးကိုလည်း ချော့မွေ့ စေတဲ့ အတွက် ခန္ဓာကိုယ်ကိုလည်း လိမ်းပေးနိုင် ပါတယ်။ ထောပတ်သီးရဲ့ ထူးခြားမှု နောက်တခုကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို ထိမ်းသိမ်း ကာကွယ် ပေးနိုင်တယ်ဆိုတာပါ ပဲ။

နှလုံးရောဂါဟာ လူကို သေစေလောက်တဲ့အထိ အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။ အမေရိကန်မှာ ဆိုရင် နှလုံး ဆိုင်ရာအသင်းကြီးဖြစ်တဲ့ The American Heart Association (AHA) က ဆိုရင် နှလုံးရောဂါ သည်တွေအတွက် ဓာတ်စာ သစ်သီး ၅ မျိုးကို အဓိက လမ်ညွှန်ပြီး စားသုံးဖို့ကို ထောက်ခံချက်ပေးရာမှာ ထောပတ်သီး က အဓိက ပါဝင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ထောပတ်သီးမှာ ပါဝင်တဲ့ အထက်ကပြောခဲ့သလို ပိုတက်ဆီယမ်ဟာ အဆီနဲ့ ကိုလက်စထရော ( fat and cholesterol) တွေကို လျော့ကျစေလို့ ဖြစ်ပါတယ်။ ၀မ်းဗိုက် အဆီတက်လို့ စိတ်ပျက်နေသူများအတွက် နောက်ထပ် စားသုံးသင့်တာလေးတွေကတော့ အစေ့အဆံ ပါတဲ့ အစား အစာတွေကို စားပေးသင့်ပါတယ်။

မြေပဲ၊ သံလွင်သီး အစေ့၊ နေကြာစေ့ အစရှိတဲ့ အစေ့အဆံ ပါဝင်တဲ့ အစားအစာ တွေဟာ ၀မ်းဗိုက် အဆီကိုလျှော့ချပေးတဲ့အတွက် ၀မ်းဗိုက်ချပ်စေမှာဖြစ်ပါတယ်။ နောက်တမျိုး ဗိုက်ချပ်စေနိုင်တဲ့ အစာကတော့ အမည်းရောင် ချော့ကလက်( dark chocolate ) ပါဘဲ။

အမည်းရောင် ချော့ကလက်ကို နေ့စဉ် စားပေးခြင်းဟာ ဗိုက်ချပ်စေပါတယ်တဲ့။ ၀မ်းဗိုက်ပူလို့ စိတ်ပျက်
နေတဲ့သူတွေအတွက် လွယ်ကူ အောင် စားသုံးပေးနိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် သိထားတဲ့ အကြောင်း အရာလေး တွေကို မျှဝေ ပေးလိုက်ပါတယ်။

အိမ့်သံစဉ်

အေးချမ်းမွန်မှ The Irrawaddy (Burmese Version) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Irrawaddy (Burmese Version)

နှလုံးသားမှ နှလုံးသားသို့ 


လည်ပတ်တယ်

ငါ့ရဲ့ နှလုံးသားတွေ

ဝိုင်ယာတွေထဲမှာရော လေထုထဲမှာပါ

မင်းကိုလွမ်းရင်းလည်ပတ်နေတယ်………...။

ရက်ရောတယ်

ငါ့ရဲ့ နားလည်မှုတွေ

Network ထဲမှာရော ရပ်ကွက်ထဲမှာပါ

မင်းကိုခွင့်လွှတ်ရင်း ရက်ရောနေတယ်…………..။

ပေးပစ်လိုက်တယ်

ငါ့ရဲ့ အကြင်နာတရားတွေ

နီးနီးလေးမှာရော ဝေးဝေးကြီးမှာပါ

မင်းကိုယုယရင်း ပေးပစ်လိုက်တယ်…………………။

ရယူလိုက်တယ်

မင်းရဲ့ ရက်စက်မှုတွေ

ခပ်ကြမ်းကြမ်းရော ခပ်နုနုပါ

မင်းကို ငဲ့ကွက်ရင်း ရယူလိုက်တယ်…………….။

ခွင့်လွှတ်တယ်

မင်းရဲ့ အမှားတွေ

ကြီးကြီးမားမားတွေရော သေးသေးမွှားမွှားတွေကိုပါ

မင်းကို မေတ္တာတရားတွေ ပေးရင်း ခွင့်လွှတ်လိုက်တယ်………..။

ချစ်ပစ်လိုက်တယ်

မင်းရဲ့ ခန္ဓငါးပါးလုံးမှာ

ဆံဖျားလေးတွေရော ခြေသည်းလေးတွေကိုပါ

မင်းကို အသက်စွန့် ပြီးတော့ကိုချစ်ပြစ်လိုက်တယ်…………..။

တောင်းပန်တယ်

လုံးဝပစ်မသွားဖို့ 

ယခုဘဝမှာရော နောက်ဘဝမှာပါ

မင်းကို ဒူးထောက်ရင်း တောင်းပန်တယ်………….။

နန်းရှင်
 http://www.myshmm.com/

ဘာကြောင့် အကြောဆန့်သင့်တာလဲ

လေ့လာမှုတွေအရ အကြောဆန့်ပေးတာက ကျန်းမာရေး၊ စိတ်ခံစားမှု၊ ဘဝရဲ့ အရည်အသွေးနဲ့ ခန္ဓာကိုယ် ပျော့ပျောင်း သန်စွမ်းမှုတွေကို ကောင်းမွန် တိုးတက်စေတယ်လို့ သိရပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ ဂျပန် သုတေသီတွေက အသက် ၂၀ နဲ့ ၈၃ နှစ်ကြား အမျိုးသမီးနဲ့ အမျိုးသား ၅၀၀ ကျော်ကို ခြေဆင်းထိုင်ကာ ခြေဖျားတွေကို လက်နဲ့ ထိတဲ့ အကြောဆန့် လေ့ကျင့်ခန်းကို ပြုလုပ်ခိုင်း ကြည့်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ေ
သွးလွှတ်ကြော တွေကို သွေးလွှတ်ကြော တင်းမာမှု ရှိ၊ မရှိ စမ်းသပ် စစ်ဆေးကြည့်ခဲ့ပါတယ်။ သွေးလွှတ်ကြော မာတင်းတာက သွေးတိုးတာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေး အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

အသက် ၄၀ ကျော်လာတဲ့ အခါမှာ ကြွက်သားတွေ တောင့်တင်းတာနဲ့ သွေးလွှတ်ကြောတွေ မာတင်းတာက ဆက်သွယ်မှု ရှိတာကြောင့် ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှု မရှိသူတွေမှာ ပျော့ပျောင်း သန်စွမ်းသူတွေထက် သွေးလွှတ်ကြောဟာ သိသိသာသာ မာတင်း နေတတ်ပါတယ်။ ကြွက်သားတွေ ပျော့ပျောင်းနေအောင် အကြောဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တခြား လေ့လာမှု တစ်ရပ်အရ ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှု မရှိတာက သွေးတွင်း သကြားဓာတ် မြင့်တက်တာနဲ့ ဆက်စပ်မှု ရှိတာကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်နှုန်းကို မြင့်တက်စေပြီး နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ Metabolic Syndrome ရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ ရလဒ်အရ အကြောဆန့်ပေးတာနဲ့ အကြောလျှော့ပေးတာဟာ သွေးလွှတ်ကြောတွေ အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ပျော့ပျောင်း သန်စွမ်းစေပါတယ်လို့ လေ့လာသူတချို့က ကောက်ချက်ချထားပါတယ်။

ဇွန်(Ref;RD)
By Good Health
တစ်နေ့နဲ့တစ်နေ့၊ 
တရွေ့ရွေ့ယွင်းအို၊
 နောက်ပြန်လို့ မပျိုတယ်၊
 ရှေ့ကိုသာ အိုမြဲ  .... 

Thursday 25 October 2012

ခံစားပေးပါ ငါ့နေရာ


နင်နဲ့ ပတ်သက်ခဲ့ သမျှ ငါအလျှောပေးခဲ့တယ်
နင့်အချစ်ကလွဲ လို့ ငါဘာမျှော်လင့်ခဲ့သလဲ..................
ငါ့နေရာကိုလေ ခဏလောက်ဝင်ကြည့်ပေးပါ...
ငါ့နေရာမှာဆို နင်ဘာလုပ်မှာလဲပြော.နောက်ဆုံးတော.

ငါ့ကိုထားလို့ နင်အဝေးထွက်ခွာတယ်....
ငါ့နေရာမှာဆို နင်ဘယ်လိုရပ်တည်မလဲ..
............နင်ရွေ့ တဲ့ အကွက်တွေထဲ...
..အသက်မဲ့ခဲ့သူ.....ငါ .... ...

Wednesday 24 October 2012

စိတ်၊ အာရုံ နဲ့  သတိ

တရားအားထုတ်တာဟာ `စိတ်အလုပ်´။
`ရုပ်ရဲ့ အလုပ် ၊ အာရုံရဲ့ အလုပ် ´မဟုတ်ဘူး။ အာရုံက တရားအားမထုတ်ဘူး။ စိတ်က အားထုတ်နေတာ။

အာရုံဆိုတာဘာလဲ?
စိတ်နဲ့  တိုက်ရိုက်သိလို့ ရတဲ့ အရာ၊ အသိခံရတဲ့ သဘော၊ သိစရာကို အာရုံ လို့ ခေါ်တာ။ သိစရာကိုပဲ သိလို့ ရတာပါ။

လူတစ်ယောက်မှာ အာရုံဘယ်နှစ်ပါးရှိသလဲ? ခြောက်ပါး ရှိတယ်။သိစရာ အာရုံတွေ အများကြီး ရှိတယ်။ အာရုံတွေကို စိတ်ကသိနေတာ။ ဒါကြောင့်..
စိတ်အကြောင်းသိထားမှ အားထုတ်ရတာ အဆင်ပြေမယ်။

ိုကိုယ့်ဆီမှာ စိတ်ရှိကြောင်းဘယ်လိုလုပ်ပြီး သိသလဲ ?
စဉ်းစားတာ၊ ခံစားတာ၊ စားချင်တာ၊ အာရုံစိုက်တာတွေအရ စိတ်ရှိကြောင်း သိလို့ ရတယ်။

ကဲ ..အခု လက်အုပ်ချီထားကြည့်စမ်း။
လက်နှစ်ဖက်ထိမှန်းသိတယ်နော်၊ ဘာကြောင့် သိတာလဲ။
သတိရှိနေလို့ ၊ သတိထားလို့  သိတာ။ လက်နှစ်ဖက်ကတော့ ထိနေပြီ၊ စိတ်က တခြားဟာ စဉ်းစားနေတယ်ဆိုရင် ထိ မှန်း သိမလား။ ဒါကြောင့်..
ထိလို့  သိတာ မဟုတ်ဘူး၊ စိတ်က သတိထားနေလို့ သိတာ။

ကိုယ်သတိထားနေတာကို ကိုယ်သိသလား။
စိတ်က လက်ကို သတိထားနေရာကနေ ခြေထောက်ဖက်ကို ရွှေ့ လို့ ရမလား။
ရတယ်နော်..။ ဒီလိုရွှေ့ လိုက်တာကလည်း စိတ်ပဲ။ ဒီစိတ်နဲ့ ပဲ အာရုံပြုရတယ်။
ကိုယ်အာရုံပြုနေမှန်းသိရင် စိတ်ကို သိတာပဲ။

သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊ ကြံစည်တွေးတောတတ်တဲ့ သဘောကို` စိတ်´လို့ ခေါ်တာ။

တရားအားထုတ်တဲ့ နေရာမှာ..`အာရုံပိုင်း´နဲ့  `စိတ်ပိုင်း´ နှစ်မျိုးရှိတယ်။ အာရုံက အဓိကမကျဘူး၊ စိတ်က အဓိကကျတယ်။
အာရုံတွေက သူ့ သဘာဝအတိုင်း ဖြစ်နေပြီးသားပါ။ စိတ်က သတိရှိမှ သိတာပါ။ အာရုံကို ပွားစရာ မလိုပါဘူး၊ စိတ်ဘက်က သတိ၊ သမာဓိ၊ ဥာဏ်တွေကို ပွားများရမှာ။

အားထုတ်တဲ့ စိတ်၊ သတိထားတဲ့စိတ်၊ အလုပ်လုပ်တဲ့စိတ်က တရားသဖြင့် ဖြစ်ဖို့ လည်း လိုသေးတယ်။ ကုသိုလ်စိတ် ဖြစ်ဖို့ လည်းလိုသေးတယ်။ လိုချင်စိတ်၊ဖြစ်ချင်စိတ်အား ကြီးကြီးနဲ့ အားထုတ်ရင် `လောဘနဲ့  အားထုတ်တာ´။
မကျေမနပ် အားမရတဲ့ စိတ်နဲ့ အားထုတ်ရင် `ဒေါသနဲ့  အားထုတ်တာ ´။
သေသေချာချာ မသိပဲနဲ့  ထင်တာတွေ လျှောက်လုပ်နေရင် `မောဟနဲ့  အား
ထုတ်တာ´။

ဒါတွေကို မတရား အားထုတ်တယ်လို့  ခေါ်တယ်။ ဒီတော့ ကိလေသာတွေနဲ့  အားမထုတ်ဖြစ်အောင်ဥာဏ်၊ ဗဟုသုတ ရှိရလိမ့်မယ်။ ဒါမှ တရားအားထုတ် တဲ့ အဆင့်ရောက်မှာ။

`ဗဟုသုတဥာဏ်´၊ `စဉ်းစားဥာဏ်´၊ သဘောပေါက်တဲ့ဥာဏ်´ လို့ သုံးမျိုးရှိတယ်။ သတိတစ်ခုထဲနဲ့ မလုံလောက် ဘူး။ `သတိ သမ္ပဇဉ်´
လို့  ဘုရားဟောထားတာရှိတယ်။ ဒါကြောင့် တရားအားထုတ်ခိုက်မှာ `ဗဟုသုတဥာဏ်´ နဲ့ ` စဉ်းစားဥာဏ်´ ပါကို ပါရလိမ့်မယ်။ `သဘောပေါက်တဲ့ ဥာဏ်´ ကတော့ အကြောင်းစုံရင် ပေါ်လာ ပါလိမ့်မယ်။

လောဘ၊ ဒေါသ၊ တိုးပွားစရာ အတွေးတွေကိုတော့ မစဉ်းစားသင့်ဘူး။
ဒါပေမဲ့ ကိုယ်ဘယ်လို အားထုတ်နေလဲ ဆိုတာ ကိုတော့ စဉ်းစားသင့်တယ်။
အာရုံကိုမမဲတော့ဘူး။ အာရုံကို အဓိက မထားတော့ဘူး။ ဘယ်လိုစိတ်နဲ့  အားထုတ်နေလဲ ဆိုတာ ပြန်ပြန် စစ်တော့မယ်။

ဗဟုသုတ ဥာဏ်ရှိတဲ့ သူဟာ အာရုံတွေကို အကြောင်းပြုပြီး သတိ၊ သမာဓိ၊ ဥာဏ်ဖြစ်စေ တယ်။ ဥာဏ်အားနည်းတဲ့ သူတွေ ကျတော့ အာရုံကို အကြောင်းပြုပြီး လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေတယ်။

နှာခေါင်းက `၀င်လေ ထွက်လေအာရုံ´ နဲ့  ဗိုက်က`ဖောင်းတာ ပိန်တာ ဆိုတဲ့
အာရုံ နှစ်မျိုးမှာ ဘယ်အာရုံက ပိုကောင်းသလဲ။
ဘယ်အာရုံမှ ပိုမကောင်းဘူး။ အာရုံ ဟာ အာရုံပဲ၊ အတူတူပဲ။ ပိုကောင်းတယ်လို့  ယူဆရင် စွဲလမ်းသွားမယ်။ ဒီအာရုံ မရှိရင် မလုပ်တတ်
တော့ဘူး။ အားမထုတ်တတ်တော့ဘူး။ ကောင်းတယ်ထင်တဲ့ အာရုံကို တွေ့ ချင်နေရင် လောဘ ဖြစ်တော့မယ်။ ကောင်းတယ်ထင်တဲ့ အာရုံကို မတွေ့ ရရင် ဒေါသ ဖြစ်မယ်။ ကောင်းတယ်လို့  ထင်တာကလည်း
မောဟပဲ။

အာရုံကရှိပြီးသား ။ သတိကိုပွားရမှာ။ သတိက စိတ်ဘက်မှာ ရှိတာလေ။ အခု သတိက အားမကောင်းသေးဘူးလေ။ အဲဒီ အားမကောင်းသေးတဲ့ သတိကို ပွားရမှာ .. ဟုတ်ပြီနော် ။

ဥာဏ်အားမကောင်းဘူး၊ ၀ီရိယ အားမကောင်းဘူး၊ သဒ္ဓါအားမကောင်းဘူး၊ သမာဓိအားမကောင်းဘူ။ အဲဒီ အားမကောင်းတာတွေကို အားကောင်းအောင် မွေးတာ၊ ပွားတာကို တရားအားထုတ်တယ် ခေါ်တာ.။

သိချင်တဲ့လူက အာရုံကို မစွဲတာ့ဘူး။ ဘယ်အာရုံ ဖြစ်ဖြစ် အားထုတ်လို့ ရတယ်။ သူ့ သဘာဝ အတိုင်း ဖြစ်နေတာကို မြင်ဖို့ ပဲ ကြိုးစားတယ်။ ဖြစ်နေတာကို တစ်မျိုးတစ်ဖုံ ပြောင်းအောင် မလုပ်ဘူး။

ဒေါသဖြစ်နေရင် ဒေါသ ပျောက်သွားအောင် မလုပ်ဘူး။ ဒီဒေါသကို လက်ခံပြီး ကြည့်နေတယ်။ အဲဒီတော့ ဖြစ်အောင် မလုပ်တော့ဘူး၊ မဖြစ်အောင်လည်း မလုပ်တော့ဘူ။ ဖြစ်တဲ့ အတိုင်းပဲ သိနေတယ်၊ သူ့ ကို
မမေ့ဘူး။

အဲဒီတော့` စိုက်ကြည့်တာရယ်´ `စောင့်ကြည့်တာရယ်´ သဘောတရားချင်း
မတူဘူး။ `သတိ´ဆိုတာ...မမေ့တာကိုပြောတာ..။ အားစိုက်တာကို ပြောတာမဟုတ်ဘူး ။

ဘာကို မမေ့ရဘူးလဲဆိုတော့ `ကုသိုလ်´ကို မမေ့ရဘူး။ `မှန်ကန်တဲ့ အာရုံ´
ကိုမမေ့ရဘူး။ သဘောထားမှန်ဖို့  မမေ့ရဘူး။ တကယ်ရှိတဲ့ အာရုံက ရုပ်တရား၊ နာမ်တရားသာရှိတယ်။ `ကိုယ့်ကိုယ်ကို ကြည့်ဖို့  မမေ့နဲ့ ။ အဲဒါ အားစိုက်ရသလား ?။

မမေ့အောင် ဘယ်လို လုပ်ရမလဲ?
မမေ့အောင်လုပ်တာ နှစ်မျိုးရှိတယ်။ သတိထားတာရယ်။ သတိပေးတာရယ်။
သတိထားတာက အာရုံနည်းနည်း စိုက်ရတယ်။ ပင်ပန်းတယ်။ ထားတဲ့ အား
ကထားရင်းထာရင်းနဲ့  များလာရင် မပင်ပန်းလာဘူးလား။

နောက်တစ်မျိုးက ..သတိပေးတာ၊ကိုယ့်ကိုယ်ကို သတိပေးတာ ။
ဘာလုပ်နေလဲ?
စိတ်က ဘာဖြစ်နေလဲ?
ရုပ်က ဘာဖြစ်နေလဲ ? ... လို့ ။
မေးလိုက်တာနဲ့ ကိုသတိရှိနေတယ်။ ကိုယ့်ကိုယ်ကို မေးကြည့်လေ ....
ကိုယ့်စိတ်က ဘယ်လိုနေလဲလို့  မေးလိုက်ရင် စိတ်ကို မြင်နေပြီ။ သတိက၀င်သွားပြီ။

အချိန်တိုင်း ကိုယ့်ကိုယ်ကို သတိပေးနေရင် သတိရှိတယ်။
ကိုယ့် ခန္ဓာ နဲ့ စိတ်အကြောင်း စဉ်းစားနေရင် သတိရှိတယ် ။

[အရှင်တေဇနိယ (ရွှေဥမင်)၊ သဘောထားမှန်မှ အားထုတ်ပါ ]

Monday 22 October 2012

နင့်အလိုအတိုင်းငါ

""အဝလွန်သူများအတွက် ရှောက်ရွက်၏ အစွမ်း""


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအ တွက် ပထမဦးစွာ...
ပုလင်းများတစ်လုံးစီ တွင် ရှောက်ရွက်၉ရွက် စီထည့်ပေးပါ။ ရေကျက်ေ အးများပုလင်း များထဲသို့အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက
်စီ ထည့်ပေးပါ။

ရေကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။

ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန်
သောက်သုံး သွား ပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။

အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက် သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရော ဂါများ မ၀င်ရောက်နိုင်။

လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြ...

http://myanmartharkaung.blogspot.com/2012/08/blog-post_8247.html

အရင်ကတော့ ဖတ်ဘူးသလားတော့မသိဘူး........မသိသေးတဲ့သူတွေအတွက် ပြန်လည်မျှဝေပေတာပါ.........

ခါးသေးစေတဲ့ယောဂကျင့်စဉ်

Photo


သစ်သီးများဖြင့် အသားအရေ ထိန်းသိမ်းခြင်း (သဇင်သင်း)


သံပုရာသီးမှာ ပါဝင်တဲ့ ဓာတ်က အက်စစ်အပျော့စားလေ။ ဒါကြောင့် မျက်နှာကို သန့်စင်စေပြီး မျက်နှာမှာရှိတဲ့ အဆီ အညစ်အကြေးတွေ၊ အမည်းစက်တွေ ပျောက်ကင်းစေတာပေါ့။

ပျားရည်ကျတော့ ချွေးပေါက်ကျယ်တာ၊ ကျဉ်းတာတွေအပြင် အသားအရေကို ချောမွတ်စေတာပေါ့။ နောက်ပြီး ကြက်သွန်နီကျတော့ သဇင်တို့လို လက်သည်း၊ ခြေသည်းပျော့တဲ့ သူတွေအတွက် လက်သည်း ခြေသည်းတွေကို မာစေပါတယ်။ ပိုလည်း ဖြူစင်စေပါတယ်။ အဲဒီလို သံပုရာသီးနဲ့ ပျားရည်ကို မျက်နှာကို သန့်စင်ပြီးရင်တော့ ရေနဲ့ ပြန်သစ်ဖြစ်တယ်။တချို့ အာလူးကိုထောင်းပြီး အနှစ်၊ မန်ကျည်းအနှစ်တွေကို လိမ်းရတာတွေက အရမ်းကောင်းမွန်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက် အချိန်ပေးရတယ်လေ။ တခြား ရယ်ဒီမိတ်တွေနဲ့ အဆင်မပြေဆိုတော့ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ သံပုရာသီး၊ ပျားရည်နဲ့ အသားအရေကို ထိန်းသိမ်းဖြစ်ပေမယ့် ခရီးသွားလို့ ပြန်လာရင်ပဲဖြစ်ဖြစ်၊ သင်္ကြန်၊  ကမ်းခြေ၊ ရေကူးကန်တို့က ရေချိုးပြီး ပြန်လာရင်တော့ တခြားကုန်ပစ္စည်းတွေနဲ့ အဆင်မပြေတော့ဘူး။ အသားအရေ ပြန်ပျက်စီးဖို့ များတယ်လေ။ ရေကူးကန်မှာ ရေချိုးရင်လည်း ဒီအတိုင်းပဲ ရေမချိုးခင် Loction လိမ်းပြီး ရေချိုးရင် ရေနဲ့ မထိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက လေနဲ့ထိပြီး ပြန်ပျက်စီးနိုင်သလို၊ ရေချိုးပြီးလို့ ရေကူးကန်ပေါ် တက်လာတဲ့အခါ မျက်နှာသုတ်ပဝါနဲ့ ပြန်မပတ်ရင် လေထိပြီး အသားအရေတွေ ပျက်စီးနိုင်တယ်။

ကမ်းခြေမှာကျတော့  ဆားငန်ရေတွေ လေတိုက်ပြီး အသားအရေတွေ ပိုပြီး ပျက်စီးစေတယ်လေ။ ဘယ်လောက်ကောင်းတဲ့ နေရောင်ခြည်ဒဏ်ခံနိုင်တဲ့ Cream တွေလိမ်းပါစေ သဘာဝကရရှိတဲ့ အသီးအနှံတွေရဲ့ အကျိုးအာနိသင်ကို ဘယ်လိုမှ မမီနိုင်ဘူးပေါ့။ သံပုရာသီးကျတော့ မျက်နှာအတွက် အများကြီး သန့်စင်စေသလို မျက်နှာမှာရှိတဲ့ ချေး၊ အဆီတွေ၊ အမည်းစက်တွေကို အများကြီး သန့်စင်စေသလို သံပုရာရည်ကို သောက်ရင်လည်း အဆီကျစေတာပေါ့။ ဒါပေမဲ့ ဆီဗစ်နဲ့ မတည့်တဲ့ သူတွေကတော့ သံပုရာသီးကို မသုံးစေချင်ဘူး။ ငယ်ငယ်တုန်းက ညီအစ်မတွေနဲ့အတူ ကြက်ဥအကာ၊ ဂျုံနဲ့ရောပြီး မျက်နှာကို ပေါင်းတင်တဲ့အခါ မျက်နှာက ဖြူဖွေးချောမွတ်ပြီး တင်းသွားတာပဲ။ နောက်ပြီး ထောပတ်သီးကို ဖျော်ပြီး လိမ်းပြီး အသားအရေကို ထိန်းသိမ်းဖြစ်တယ်။ မိန်းကလေး သူငယ်ချင်း မောင်နှမတွေရှိရင် အသားအရေကို ထိန်းသိမ်းတဲ့အခါ ပိုအဆင်ပြေတယ်လေ။ တခြားအလှကုန် ဓာတုဆေးဝါးတွေကျတော့ တည့်တဲ့သူသာတည့်ပြီး ရာနှုန်းပြည့်  မကောင်းနိုင်ဘူး။ တကယ်လို့ သုံးချင်တယ်ဆိုရင်လည်း အသီးအနှံ့နဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကိုသာ သုံးစေချင်ပါတယ်။ ဒါပေမဲ့ စိတ်ရှည်ပြီး အချိန်ပေးနိုင်မယ် ဆိုရင်တော့ သဘာဝကရရှိတဲ့ အသီးအနှံတွေနဲ့သာ အသားအရေကို ထိန်းသိမ်းစေချင်ပါတယ်။

 http://www.teashoptalk.com/article/view/id/18755 မှကူးယူတင်ပြပါသည်။

ဝမ်းဗိုက်မှ အဆီလျှော့ချပြီး နှလုံးရောဂါကို ကာကွယ်ပါ


ခါးအတိုင်းအတာကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက် လျှော့ချနိုင်ပါတယ်။  တခြား အဆီအမျိုးအစားတွေဖြစ်တဲ့ ပေါင်နဲ့ တင်ပါးမှာ အဆီရှိတာဟာ ခန္ဓာကိုယ် ဝစေသလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှအဆီတွေ အမြန်ဆုံး ပျော်ဝင်သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ တစ်ပတ်မှာ နှစ်ရက် အစာလျှော့စားပါ

အပတ်စဉ် နှစ်ရက်လောက် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားတာကြောင့် လေးလအတွင်း ဝမ်းဗိုက်မှအဆီ ကိုးပေါင်လျော့ကျပါတယ်။ ဒါဟာ တစ်ပတ်လုံးလုံး အစာလျှော့စားတာထက် နှစ်ဆပိုပြီး အဆီလျော့တယ်လို့ ဆိုပါတယ်။ ရေတိုကာဗိုဟိုက်ဒရိတ် ရှောင်ရှားတာကြောင့် အဆီလောင်ကျွမ်းမှု မြင့်တက်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် တစ်ပတ်မှာ နှစ်ရက်ကို ကာဗိုဟိုက်ဒရိတ် မပါဘဲ ကြက်သား၊ ငါးနဲ့ ကြက်ဥလိုမျိုး ပရိုတင်းဓာတ်သာ စားပြီး ကျန်ငါးရက်ကို ပုံမှန်အတိုင်း စားပေးပါ။

၂။ ပါကင်ပေါ်မှ စာတန်းတွေကို သေချာဖတ်ပါ


ပါကင်ပေါ်မှ စာတန်းတွေကို ဖတ်ရှုရာမှာ အာဟာရဓာတ်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ သတင်း အချက်အလက်တွေကို အဓိကထား ဖတ်ပြီးမှ စားသုံးပါ။

၃။ လေ့ကျင့်ခန်းလုပ်အပြီး အဆာပြေ အစာမစားခင် ခဏစောင့်ပါ


လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၃၀ နှုန်းနဲ့ အလေးမ လေ့ကျင့်ခန်းကို တစ်ပတ် နှစ်ကြိမ်ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ ဝမ်းဗိုက်မှအဆီ ပေါင် ၂၀ လျော့သွားတယ်လို့ သိရပါတယ်။ သူတို့ဟာ လေ့ကျင့်ခန်းလုပ်အပြီး မိနစ် ၄၀ အတွင်းမှာ ရေကလွဲပြီး ဘာအစားအသောက်မှ မစားမသောက်ဘူးလို့ ဆိုပါတယ်။ အလေးမ လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆီလောင်ကျွမ်းနိုင်တဲ့ ဟော်မုန်း ထုတ်လုပ်မှုတွေ မြင့်တက်လာပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း အစာစားလိုက်တာကြောင့် ဟော်မုန်းထုတ်လုပ်မှု ပြန်ကျဆင်းသွားပါတယ်။

၎။ ဝမ်းဗိုက်မှအဆီ ကျုံ့သွားအောင် Green Tea သောက်ပါ

နေ့စဉ် Green Tea လေးခွက်သောက်တာကြောင့် ဝမ်းဗိုက်မှ အဆီသိုလှောင်မှုတွေ ၇၆ ရာခိုင်နှုန်းခန့် ပိုမိုပြီး ကျုံ့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ Green Tea မှာပါဝင်တဲ့ Polyphenol ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေနိုင်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။

http://www.teashoptalk.com/article/view/id/18477   ကူးယူတင်ပြပါသည်။

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ


သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာလိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်မသောက်တာတွေဟာ ကင်
ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ
စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။

၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ

နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာသုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ်လိုက်ပါတယ်။
 နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချနိုင်ပါတယ်။

Tip!
သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ
သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ

ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။

Tip! အာလူးကြော်ကို ရှောင်ပါ

အာလူးလိုမျိုး ကစီများတဲ့ အစာကို အပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။

၎။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ

စတော်ဘယ်ရီသီးမှာ များစွာပါဝင်တဲ့ အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ်အတောက်တွေကြောင့် ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ

အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်းသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ

သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချနိုင်တယ်လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

နင်မသိလိုက်တဲ့ငါ



နင်ဆက်နေကျ နင့်ဖုန်းနံပါတ်လေးမှာ
နင်အရမ်းကြိုက်တဲ့ သီချင်းလေး
ph: ringtone ငါထည့်ထားတယ်


အဲ့ဒီ သီချင်းသံကြားတိုင်း
နင်များ ဖုန်းဆက်တာလားဆိုပြီး
ငါမျော်လင့်မိနေတာ အရူးအမူးပဲ.....

နင်နဲ့လျှောက်နေကျလမ်းလေးမှာ
အမြဲအမှတ်တရတွေချန်ထားတယ်
အဲဒီလမ်းလေးငါရောက်တိုင်း နင်များရှိနေမလားလို့
အမြဲငါငေးကြည့်ရတာအရူးအမူးပဲ...

နင်နဲ့စကားပြောတိုင်း
နင့်မျက်နှာကိုကြည့်ပြီး ငါအမြဲပြုံးတတ်တယ်
နင်မရှိတော့တဲ့အချိန်တောင် အဲဒီစကားသံတွေပြန်ကြား
အခုအချိန်ထိပြုံးနေတတ်တာအရူးအမူးပဲ...

နင်မသိပါဘူး ငါ့ခံစားချက်တွေ
နင်မသိပါဘူး ငါ့မျော်လင့်ခြင်းတွေ
နင်မသိပါဘူး ငါ့အသံတိတ်ငိုကြွေးခြင်းတွေ...

နင်သိတာက နင့်ရှေ့မှာ
နင်ပြောသမျှကို အမြဲပြုံးနေတတ်တဲ့
ငါ့မျက်နှာတခုပါပဲ.
အဲဒီ့အပြုံးနောက်က နာကျင်ခြင်းတွေတော့
နင်မသိနိုင်ဘူးလေ

ကျေးဇူးပြုပြီး ဒါဏ်ရာတွေ
ထပ်မပေးပါနဲ့တော့ဟာ

နင်မြင်နေရတဲ့ အမြဲပြုံးနေတတ်တဲ့
လူတစ်ယောက်ဟာ...နင်မမြင်ရတဲ့နောက်ကွယ်မှာ
အရမ်းကို ထိရှလွယ်တတ်တယ် ဆိုတာ
နင်မှ မသိခဲ့တာ....


အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

‎ ***အဆိပ်တက်ဒဏ်ရာ***


မလာရင်လည်း နေပါတော့
မာယာတွေနဲ့မထားခဲ့ရင်တော်ပြီ
လွမ်းမခွဲခင်အထိ ငါ့ရင်ခုန်သံလေးကို
ကြားစေချင်တယ်....။
မပြောနဲ့ဆိုလည်း ဒါနောက်ဆုံးပါ
ကြင်နာစကားတစ်ခွန်း နင်ကြားစေဖို့
ကဗျာလေးတစ်ပုဒ်က ပြောပြသွားတယ်...။
ဒါဏ်ရာတွေဟာ တစ်နေ့ရင့်ကျက်သွားမှာ
မမေ့နဲ့ဆက်ချစ်သွားပါ တဖွဖွမှာရင်း
ထွက်သက်တွေငြိမ်းမည့်နေထိ
မမျှော်နဲ့နင်ပြောလည်း နင်ခေါ်မယ်စိတ်ကထင်မိ
ကောင်းကင်က တိမ်လွှာကိုဒန်းလွှဲပေးချိန်
ပင်လယ်ပြာကလှိုင်းလေးကို ကလူကျီချိန်
လေပြေက ပန်းကလေးနဲ့သစ်ရွက်တွေကို ပွေ့နမ်းချိန်
အိမ်အပြန်အလွမ်းတွေနဲ့ ..ငါ
မောပန်းလျပြီ...။

 Kalumee Kalu

Sunday 21 October 2012

မကောင်းမှုကံ




အပြုံးပိုင်ရှင်ဆရာတော်


ဆန္ဒ

ဒီနေ့ နင်မချစ်တော့တဲ့ငါထက်
မနေ့ကနင်ချစ်နေသေးတဲ့ငါပဲ
ပြန်ဖြစ်ချင်ပါရဲ့ဟာ့ 



ရင်တွင်းခံစားချက်မှန်ပါ

ငါဦးနှောက်မရှိခဲ့လို့ ပါ

စိတ်ကို အလိုလိုက်မလား


မြစ်ထဲက လှေက ရေစုန်မျောခွင့်ရရင်
အကျိုးရှိ သက်သာမူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်နော်။
ဘဝ မြစ်ပင်လယ်ကြီးထဲက
လူ့ဘဝလှေငယ်လေးကို ရေစုန်မှာ မျှောလိုက်ရင်
အကျိုးမဲ့ ဆုတ်ယုတ်မူတွေ နစ်မွန်းမူတွေ ဖြစ်ဖို့ များသွားတယ်။
စိတ်ကို အလိုလိုက်တာ ရေစုန်မှာ မျောခွင့် ပေးတာပါ။
စိတ်ကို အလိုမလိုက်တာ ရေကို ဆန်တက်တာပါ။
တန်ဖိုးရှိရှိနေချင်ရင် ရေကို ဆန်တက်ရမယ်။

( အရှင်ရေဝတ - ဖားအောက်တောရ)

နင်ပြောတုန်းခဲ့က နောင်ဘ၀ထိဆို

ခံစားချက်

ကဗျာ ဆန်ဆန်ပြောရရင် ရင်ခွင်ပြောင်းတာ..
ခပ်ကြမ်းကြမ်းပြောရင် ခြံခုန်တာ..
ရောက်လေရာ ဘဝတိုင်းမှာ ကိုယ့်အပေါ်သစ္စာမရှိတဲ့
သူနဲ့ ဆုံတွေ့ရတဲ့ ဝဋ္ဋ် ဆင်းရဲကနေ ကင်းကြပါစေ ။

Saturday 20 October 2012

Sunday, December 21, 2008

21 Dec,2008… အရင်းအနှီး.....

> xxxx မြန်မာပြည်ကသစ္စာတရားတွေ
အချို့ တောထဲမှာ၊ အချို့ ထောင်ထဲမှာ
အချို့ ကမ္ဘာတလွှားမှာ၊အချို့ သချို င်္င်းမှာ
အချို့ ချိုင်းထောက်ပေါ်မှာ
ငြိမ်းချမ်းရေးနဲ့ အမှန်တရားအတွက်
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
အတွက်…..အတွက်…အတွက်….

xxxxအသက်ကိုစတေး..ကိုယ်လက်အင်္ဂါတွေပေးဆပ်
ဒုက္ခတွေများသလားမမေးနဲ့ 
အဲဒါတွေကြား မိန်ယှက်စွာစားသောက်
ဒါဟာ………..
သူ တို့ မြတ်နိုးတဲ့အမှန်တရား
သို့ မဟုတ်
ဒီမိုကရေစီအတွက်အရင်းအနှီးတွေလေ….။
xxxx ဟုတ်တယ်
ဒီမိုကရေစီဆိုတာ
တစ်ဘတ် ၊ နှစ်ဘတ် ပေးလို့ ရတဲ့အရာမဟုတ်ဘူးဆိုတာပေါ့။
ပေးပို့ သူ….နန်းရှင်(ရွှေ့ ပြောင်းတဦး)


 http://jacbaburma.blogspot.com/2008/12/21-dec2008_9729.html မှကူးယူတင်ပြပါသည်။

Saturday 13 October 2012

နန်းရှင် တမ်းချင်း





ရင်မြေမှာပျိုး
မျက်ရည်မိုးနဲ့ စွေ
အကြင်နာရောင်ခြည်သစ်တွေနဲ့
သမုဒယစမ်းချောင်းလေးနံဘေး
ကဗျာပန်းခင်းလေး အဖူးတွေစီ
အလွမ်းရာသီ ကုန်မဲ့ရက်
ပွင့်အံထွက် သစ္စာပန်းခက်ကို
သခင်ရယ်.............
ကမ်းလက်လေးပေးသနားပါနော်............ ။         ။

Mar 2, '10 8:52 AM
for everyone
                                                                မင်းနောင်ရိုး(စံကားဝါ)

Wednesday 10 October 2012

ပုထုဇဉ်တို့ပျော်စံရာ: အဖွား နှင့် လက်ထပ်သည့် မြေး အချစ်ဇာတ်လမ်း

 လောကမှာမဖြစ်နိုင်ဘူးဆိုတာတွေကိုတခါတရံမှာကြားမြင်ရတတ်ပါတယ်ဒီအထဲကတစ်ခုကတော့
အသက် ၇၂ ရှိပြီးဖြစ်တဲ့ Pearl Carter တစ်ယောက်ကတော့ ယောက်ျားငယ်ငယ်လေး ရထားတော့ အပျော်ကြီးပျော်နေမှာဖြစ်ပါတယ်။ နောက်ပြီး ခလေးယူဖို့အတွက်ပါ ကြိုးစားနေတယ် လို့လဲဆိုပါတယ်။ ဒါပေမဲ့ ပင်စင်ရနေပြီဖြစ်တဲ့ သူအသက်အရွယ်နဲ့တော့ ကိုယ်တိုင် ကိုယ်ဝန်လွယ်ဖို့ဆိုတာ
မဖြစ်နိုင်တော့ပါဘူး။
ခလေးလိုခြင်လွန်းလို့ သူတို့နှစ်ယောက်ရဲ့ မျိုးဥကိုယူပြီး အမေရိကန်ဒေါ်လာ ၅၄ဝဝဝ ကျော်အကုန်ခံပြီး အငှား ကိုယ်ဝန်လွယ်ဖို့ အတွက်ကြိုးစား ခဲ့ပါတယ်။ သူဟာဘာကြောင့်ဒီအသက်အရွယ်ရောက်တော့မှာ မိခင်တဖန် ပြန်ပြီးဖြစ်ခြင်ရတာလဲ၊ ဒါထက်ပိုပြီးတော့ တုန်လှုပ်ဖို့ကောင်းတာကတော့ သူ့ရဲချစ်သူ ယောက်ကျားဟာ သူ့မရဲ့မြေးဖြစ်နေလို့ဘဲဖြစ်ပါတယ်။ နာမည်ကတော့ Phil Bailey ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိပါပြီဖြစ်ပါတယ်။
 Phil ဟာ Pearl သမီး Lynette Bailey ရဲ့သား အရင်းဖြစ်ပါတယ်။ တကယ်တော့ဒါဟာ လူ့အသိုင်းဝိုင်းမှာ အရမ်းတုန်လုပ်ဖို့ကောင်းပြီး မလုပ်သင့် မလုပ်အပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။
သူတို့နှစ်ယောက်တွေ့ခဲ့ပုံကတော့ တော်တော်လေး ဆန်းကျယ်ပါတယ်။ Pearl Carter  ဟာ အသက် ၁၈ နှစ်အရွယ်မှာ အဖေမပေါ်တဲ့ Lynette Bailey ကိုမွေးဖွားခဲ့ပါတယ်။
အဲ့ဒီအချိန်ကတော့ Pearl Carter ဟာ ကသလစ်ဘာသာဝင် တွေဖြစ်တဲ့သူမိဘများနဲ့ အမေရိကန်နိုင်ငံ Indiana ပြည်နယ်မှာနေထိုင်ခဲ့ပါတယ်။ သူ့မိဘတွေကလဲ အရှက်ကွဲမှာ စိုးတဲ့အတွက် ခလေးကို မွေးစားခြင်တဲ့သူမွေးစားဆိုပြီး အဝေးတနေရာကို ပေးလိုက်ပါတယ်။ Pearl Carter ဟာ
သူ့သမီးကိုလုံးဝမမြင်ဖူးခဲ့ပါဘူး။ နောက်ဆုံးတော့ သူလဲ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီယောက်ျားနဲ့ တော့ ခလေးတစ်ယောက်မှ မထွန်းကားခဲ့ပါဘူး။ ဒီလိုနဲ့ဘဲ သူများကိုပေးမွေးစားခဲ့တဲ့ Lynette Bailey မှာလဲ ၁၉၈၃ ခုနှစ်မှာ Phil ကိုမွေးဖွားခဲ့ပါတယ်။ Phil ၁၈ နှစ်အရွယ်မှာ သူ့အမေက သူ့ဘဝအကြောင်း သူမှာအမေအရင်း (Phil အဖွား)ရှိသေးတယ်ဆိုတာ ကိုဖွင့်ပြောခဲ့ပြီး Phil အမေ Lynette Bailey ဟာ ဦးနှောက် ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ Phil တစ်ယောက် အမေသေပြီး ၆ လလောက် အကြာမှာတော့ တစ်ကောင်ကြွက် ဖြစ်သွားတဲ့ Phil ဟာ မိသားစုဘဝကိုမျှော်လင့်ပြီး သူ့ရဲ့အသက်ရှိထင်ရှားရှိသေးတဲ့အဖွားကို တွေ့အောင် ရှာဖို့ဆုံးဖြတ်ချက်ချပြီး လိုက်ရှာခဲ့ပါတယ်။
 
(Pearl Carter လက်ထပ်ခဲ့တဲ့ ယောက်ျားက သေသွားတာလား၊ ကွဲသွားတာလာ ဒါမှမဟုတ် သူ့ယောက်ျားရော သူ့မြေးနဲ့ပါ နှစ်ယောက်စလုံးကို တပြိုင်တည်းပေါင်းနေလားဆိုတာတော့ ဖော်ပြ ထားခြင်းမရှိပါဘူး။)ဒီလိုနဲ့ ဘဲ Phil ဟာ သူရဲ့အဖွားလိပ်စာကို ရရှိသွားခဲ့ပြီး စာတစ်စောင် ရေးပို့ လိုက်ပါတယ်။ နောက်ဖုန်းနဲ့ဆက်သွယ်ကြသလို အီးမေလ်းနဲ့သူ့ရဲ့ဓါတ်ပုံကိုလဲ အဖွားဖြစ်သူဆီကို ပို့ပေးပြီး လူချင်းတွေ့ကြဖို့ ပြောခဲ့ကြပါတယ်။
 ၂ဝဝ၆ ခုနှစ်ထဲမှာ မြေးဖွားနှစ်ယောက်ဟာ လူချင်း ပထမဆုံးအကြိမ်တွေခဲ့ပါတယ်။ Pearl Carter ကပြောရာမှာ ပထမဆုံးအကြိမ်တွေ့လိုက် ကတည်းက သူတို့နှစ်ယောက် ပါတ်သက်မှု့ဟာ မြေးနဲ့အဖွား ကြားမှာရှိတဲ့ မြေဖွားအချစ်လို ဖြစ်လာမှာမဟုတ်ဘူး လို့စိတ်ထဲမှာသိလိုက် တယ် လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့ သူနဲ့တွေ့ခဲ့ပြီးကတည်း သူ့ကိုသတိရတမ်းတ နေမိ တယ်လို့ Pearl Carterကပြောပြပါတယ်။
 ဒီနှစ်အစောပိုင်းကစပြီးတော့ Phil အတူသွား အတူစား ပြုလုပ်နေရင် နှစ်ပါတ်လောက် အကြာမှာတော့ Phil နဲ့ပါတ်သက်ပြီး ကာမဂုဏ်စိတ်တွေ လဲ နိုးကြားထကြွ လာခဲ့ပြီး Phil ကို သူမအခန်းထဲကို သွေးဆောင်ဖျားယောင်းခေါ်သွားပြီး ကုတင်ပေါ်မှာထိုင်ခိုင်းပြီး အနမ်းတွေပေးကာ အပေါ်မှ နေပြီး Phil ကို လဲချလိုက်တယ်လို့ ပြောပါတယ်။ ပထမတော့ သူဒါမျိုးလုပ်တာကို Phil အနေနဲ့ လက်ခံမှာမဟုတ် လို့ထင်ခဲ့သော်ငြားလဲ လက်တွေမှာ တော့ Phil ဆီက အနမ်းတွေကို ပြန်ရခဲ့တယ်လို့ Pearl Carter ပြောပါတယ်။ လက်သမားတစ်ယောက်ဖြစ်တဲ့ Phil Bailey က ကျွန်တော်သူ့ကို နမ်း
ခြင်တဲ့ စိတ်တွေကို လုံးဝတားစီးထိန်းချူပ်လို့ မရဘဲ ဖြစ်ခဲ့ရပါတယ် လို့ပြောပါတယ်။ အခုဆိုရင်တော့ အတူတူ နေထိုင်ကြပြီး တစ်ပါတ်ကို သုံးခါ
ချစ်ရည်လူးကြတယ်လို့ ပြောပါတယ်။ (သွေးတိုးရောဂါလဲ ကာကွယ်ပြီးသားဖြစ်တာပေါ့) ။
 
Pearl Carter ၊ Phil နှင့် ကိုယ်ဝန်အငှားသယ် Roxanne Campbell
အခုတော့သူတို့နှစ်ယောက်မှာ ခလေးရှိနေပြီးလို့ ပြောပါ တယ်။
သူတို့ရဲ့ သန္ဓေသားကိုတော့ Roxanne Campbell ဆိုတဲ့အမျိုးသမီးက လွယ်ပေးထားတယ်လို့သိရပါတယ်။
ညွှန်း။  http://forverfriends.ning.com/
 http://pyawchintarlaytwe.blogspot.com/2012/07/blog-post_16.html?spref=bl  မှကူးယူတင်ပြပါသည်။