အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 2 July 2013

ဝမ်းဗိုက်ချပ်ရပ် သွားစေမည့် လေ့ကျင့်ခန်းများ



ဝမ်းဗိုက်နေရာမှာ ချပ်ရပ်မှု ရှိနေစေပြီး ခါးနေရာက အဆီပိုတွေကို ကျစေမယ့် လေ့ကျင့်ခန်း ပြုလုပ်နည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ လေ့ကျင့်ခန်း စတင်နိုင်ဖို့ သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစား တစ်စုံ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း တစ်မျိုးကို တစ်မိနစ်စီ လေ့ကျင့်ရမှာ ဖြစ်ပြီး လေ့ကျင့်ခန်း တစ်ခုလုံးပြီးချိန်မှာ ငါးမိနစ်ကြာမှာ ဖြစ်ပါတယ်။ တစ်နေ့ကို သုံးကြိမ်တစ်ပတ်မှာ လေးခါလောက် လေ့ကျင့်ပေးပါ။

လေ့ကျင့်ခန်း (၁)
(A) ခါးနေရာကို ဒဏ်မဖြစ်စေဖို့ ကြမ်းပြင်က မာကျောမနေစေရပါဘူး။ ကြမ်းပြင်မှာ ပက်လက်လှန် အိပ်နေပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ လက်ဖဝါးချင်း ချိတ်ထားလိုက်ပြီး ခြေထောက်တွေကို မျက်နှာကြက်ဆီကို ဆန့်တန်းထားလိုက်ပါ။ ခန္ဓာကိုယ်ရဲ့ ခြေထောက် မြှင့်တင်ထားမှုဟာ ၉၀ ဒီဂရီ ဖြစ်နေရပါမယ်။
(B) နောက်ကျောက ကြမ်းပြင်မှာ ကပ်နေရာကနေ လက်နှစ်ဖက်ကို အရှိန်ယူပြီး ပေါင်နှစ်ခုကြားကို ဦးတည်လိုက်ပါ။ ဒီအချိန်မှာ ခြေထောက်နှစ်ဖက်ကိုလည်း ၄၅ ဒီဂရီလောက်စီ ခွာလိုက်ပါ။ စိတ်ထဲကနေ တစ်၊ နှစ်၊ သုံး ရေတွက်ပြီး (A) ပုံစံအတိုင်း ပြန်စကာ တစ်မိနစ် လေ့ကျင့်ပေးပါ။ လေ့ကျင့်မှုမှာ ဝမ်းဗိုက်နေရာသာ မကဘဲ ပေါင်တံအတွင်းပိုင်းကိုပါ အထောက်အကူ ပြုစေပါတယ်။
လေ့ကျင့်ခန်း (၂)
(A) ကြမ်းပြင်ပေါ်မှာ ခြေဆင်းထိုင်နေပြီး လက်နှစ်ဖက်ကို နောက်ပြန် ခေါင်းပေါ်မှာ ချိတ်ထားလိုက်ပါ။ ခြေထောက်နှစ်ချောင်းက ဒူးတွေကို ကွေးလိုက်ပြီး တင်ပါးနေရာနဲ့ ထိန်းကာ ထိုင်နေလိုက်ပါ။ ခါးနေရာနားကို ဆန့်တန်းထားပြီး ရှေ့တည့်တည့်ကို ကြည့်နေပါ။
(B) ဆန့်တန်းထားတဲ့ ခြေထောက်ကို တစ်ချောင်းချင်းစီ စက်ဘီးနင်းတဲ့ ပုံစံမျိုးကွေးလိုက်၊ ခန္ဓာကိုယ်ကိုပါ ယိမ်းလိုက်၊ ဘယ်ညာ ပြောင်းကာ တစ်မိနစ် ပြုလုပ်လေ့ကျင့်ပေးပါ။ ဒီလေ့ကျင့်မှုဟာ သင့်တင်ပါးနေရာ အတွက်ပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်။
လေ့ကျင့်ခန်း (၃)
(A) ကြမ်းပြင်ပေါ်မှာ ပက်လက် အနေအထားနေပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှာ ချထားကာ ခြေထောက်ချောင်းဖက်ကို ၉၀ ဒီဂရီ ကွေးရင်း ထောင်ထားလိုက်ပါ။
(B) မြှင့်တင်ထားတဲ့ ခြေထောက်နှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ရဲ့ ထောက်အားသုံးပြီး မြှင့်တင်လိုက်၊ ကြမ်းပြင်ကို ပြန်ထိလိုက် တစ်မိနစ် လေ့ကျင့်ပေးပါ။ ခါးနေရာနားကနေ မြှင့်တင်ရမှာ ဖြစ်တာကြောင့် ခါးနေရာက အဆီတွေကိုပါ လောင်ကျွမ်းစေပါတယ်။
လေ့ကျင့်ခန်း (၄)
(A) ကြမ်းပြင်ပေါ်မှာ ပက်လက်နေပြီး လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ချထားပါ။ ခြေထောက်နှစ်ဖက်က ၄၅ ဒီဂရီလောက် ထောင်ထားပြီး ခြေထောက် ဘယ်ညာခြေလှမ်းနေသလို စက္ကန့် ၃၀ လောက် လေ့ကျင့်ပေးပါ။
(B) စက္ကန့် ၃၀ ပြီးချိန်မှာ ခြေထောက်နှစ်ဖက်ကို သင့်ဦးခေါင်းနားဆီကို ကွေးချရမှာပါ။ သင်တတ်နိုင်မယ်ဆိုရင် ခြေနှစ်ချောင်းကို ကြမ်းပြင်နဲ့အပြိုင် ဖြစ်တဲ့အထိ ကွေးချကာ စက္ကန့် ၃၀ လောက်နေပါ။ ခြေထောက်တွေ ကွေးနေချိန်မှာ သင့်ဦးခေါင်းနဲ့ နောက်ကျောက ကြမ်းပြင်နဲ့ ထိနေပါ။
လေ့ကျင့်ခန်း (၅)
(A) လက်တံတောင် နှစ်ဖက်နဲ့ ခြေချောင်းထိပ်လေးတွေကို ကြမ်းပြင်မှာ ထောက်ထားပြီး ခန္ဓာကိုယ်က ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေအောင် ဝမ်းလျားမှောက် အနေအထားနေပါ။
(B) ဝမ်းလျှားမှောက်ထားတဲ့ အနေအထားကနေ ခန္ဓာကိုယ်ကို တစောင်း အနေအထားကို ပြောင်းလိုက်ပြီး လက်တစ်ဖက်က မျက်နှာကြက်ဆီကို မြှင့်တင်လိုက်ပါ။ ဆန့်ကျင်ဘက်ပုံစံ ဘယ်ညာပြောင်းကာ တစ်မိနစ် လေ့ကျင့်ပေးပါ။


Read More>>>http://bluenavyblog.blogspot.com/2013/01/blog-post_8006.html

No comments:

Post a Comment