အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 24 September 2013

LIVE IS A GIFT ဘဝဆိုတဲ့ လက်ဆောင်ကောင်း


"... LIVE IS A GIFT
ဘဝဆိုတဲ့ လက်ဆောင်ကောင်း ..."


ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လာ့း့ ?

အခြေအနေတွေပြောင်းလဲသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာလည်းပြောင်းလဲသွားတတ်ပါတယ်။

ဒီတော့ သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ။

အောက်ပါ သတိရဖွယ်အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ။

၁။ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းတဲ့ စကားမျိုး ပြောတော့မယ်ကြံရင် 
့ လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ ဆွံ့အနေကြတယ်ဆိုတာ
သတိရလိုက်စမ်းပါ့ ။

့၂။ ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့ အရသာကိုခံတွင်းမတွေ့လို့ အပြစ်တင်တော့မယ်ဆိုရင့့် 
့ စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ့ ။

၃။ ဒီနေ့ကစပြီး သင့်ရဲ့ ချစ်ရည်းစားလေးကို စိတ်အလိုမကျ အပြစ်တော်တင်တော့မယ်ကြံရင့့် ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦ့း့ ။

၎။ သင့်ရဲ့ကလေးတွေကို ဆူပူမောင်းမဲတော့မယ်ဆိုရင်လည့်း 
့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ့ ။

၅။ အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့  သန့်ရှင်းရေးမလုပ်လို သင့်အိမ်ကိုကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ့  ။့ နေစရာမရှိလို့ လမ်းဘေးအိပ်နေရသူတွေကို သတိရလိုက်ပါဦ့း့ ။

၆။စိတ်တိုင်းမကျလှတဲ့ကိုယ့်ဘဝကြီးကိုအပြစ်တင်တော့မယ် ဆိုရင်လည့်း့ 
ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ့  ။

့၇။သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင့့် 
ဒီခရီးကိုပဲခြေလျှင်သွားနေကြသူတွေကိုသတိရလိုက်ပါ့ ။

၈။ လက်ရှိသင့်ရဲ့အလုပ်ဟာ ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့ စိတ်ပျက်မယ်ဆိုရင့့် 
အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ့ ။

၉။ သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ကြံရင်လည့်း 
့ တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ့ ။

၁၀။ ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ အတွေးတွေက သင့်ကိုကျရှုံးအောင်လုပ်တော့မယ်ဆိုရင့့် 
့သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ့  ။

ခုချိန်အထိ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ့ (ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက ထင်သလောက်မဆိုးဘူးပဲ နော့ )

•LIFE IS A GIFT.•ဘဝဆိုတာလက်ဆောင်ကောင်းတစ်ခုပါပဲ့ ဘဝမှာနေလိုက်စမ်းပါ။
့ပျော်လိုက်စမ်းပါ့  ။
့ အောင်မြင်မှုတွေကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ့ ။

ကဲ သင်စိတ်ချမ်းမြေ့ရပြီဆိုရင့့် 
သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦ့း့ စိတ်ချမ်းသာစေချင်လွန်းလို့ပါ့ ။

့-Nyein Chan Win မှကူးယူမျှဝေပေးပါသည် .

No comments:

Post a Comment