အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 13 January 2015

ဆေးမကူဘဲ စိတ်ကြည်လင်စေမည့် နည်းလမ်းများ


ဆေးမကူဘဲ စိတ်ကြည်လင်စေမည့် နည်းလမ်းများ
(၁) အားရပါးရရယ်ပါ
- တစ်နာရီခန့် ဟက်ဟက်ပက်ပက် ရယ်ခြင်းသည်     အားကစားနာရီဝက် လုပ်ခြင်းနှင့် ညီမျှစွာကယ်လိုရီများ ကို လောင်ကျွမ်းစေနိုင်သည်။
- သည်းထိတ်ရင်ဖို ရုပ်ရှင်ကြည့်လျှင် လည်း              အဒရီနယ်လင်ဟော်မုန်းထွက် ရှိခြင်းကြောင့် နာရီဝက် လမ်းလျှောက် ထွက် သကဲ့သို့ ကယ်လိုရီလောင် ကျွမ်းစေသည်။

(၂) တိုးတက်မှုအနည်းငယ်မျှပင် ဖြစ်ပါစေဂုဏ်ယူပါ
- အဝတ်အစားဝတ်တဲ့အခါ နည်း နည်းလေးချောင်လာတာ၊ မျက်နှာ အနည်းငယ်သွယ်လာတာ၊ ပေါင်ချိန်လျှင် (၂)ပေါင် ခန့်ကျသွားတာ စသည် ဖြင့် တိုးတက်မှုအနည်း ငယ်သာဖြစ် သော်လည်း ဝမ်းသာအားရဂုဏ်ယူပါ။
-လုပ်စရာအလုပ်များကို စာရင်းချ ရေးထားပြီး အလုပ်တစ်ခုပြီးတိုင်း အားရပါးရ ခြစ်ချပါ။
(၃) အနားယူချိန်များ၌ပါ သွက်သွက် လက်လက်နေပါ
- ရုပ်မြင်သံကြားကြည့်စဉ်ထိုင်နေ ပြီး ကြော်ငြာဝင်လျှင် လမ်းထလျှောက် ပါ။
- အနားယူစာဖတ်ချိန်တွင် ပက်လက် မလှဲဘဲ ထိုင်လျက်ဖတ်ပါ။
- နေရောင်ခြည်မရသည့် နေ့များ၌စိတ်လေးလံထိုင်းမှိုင်းတတ်ရာအလင်းရောင် ကောင်းကောင်းရသည့်နေရာ
များ၌ နေထိုင်ပါ။
(၄) အစားလွန်ခြင်းကို ထိန်းသိမ်းပါ
- စိတ်ဖိစီးလျှင် အစားလွန်တတ် သည်။ ထိုအချိန်သည်အမှန်တကယ်ဗိုက်ဆာခြင်းမဟုတ်သောကြောင့်
 ရေသောက်လျှင်ဆာလောင်မှုပြေ ပျောက်စေသည်။
(၅) နေရောင်ခံပါ
- မိုးအုံ့သည်ဖြစ်စေ၊မိုးရွာသည် ဖြစ်စေခေတ္တမျှအပြင်ဘက်လမ်း လျှောက်ပါ။
 နေရောင်ခြည်စိုးစဉ်မျှထိ တွေ့သည်ဖြစ်ပါစေ၊ လမ်းလျှောက် ခြင်းနှင့်ယှဉ်တွဲပါက စိတ်ကိုလန်း ဆန်းတက်ကြွစေနိုင်သည်။
ဇော်ကို
Source:RD
Health Updates Journal

No comments:

Post a Comment