အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Saturday 7 March 2015

ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း

ဦးအောင်ကျော်မြင့် ကိုယ်တိုင်စား ကိုယ်တိုင်ပျောက်လို့ဆေးဖော်သူကျေးဇူးရှင်အား ကျေးဇူးတင် မြန်မာဆေး မျှဝေပေးပါသည်။
.
ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
★★★★★★★★★★★★★★★★★★★★
.
မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို အများသိအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
.
ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ 
ပျောက်ကင်းခဲ့ ပါတယ်။သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားပါတယ်လို့ ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။
.
ဆေးနည်းကတော့-
----------------------
❦ ၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
.
❦ ၂။ ကြက်ဥကို ထည့်လိုက်ပါ။(သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)
.
❦ ၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချ ချင်လျှင် ရွှံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
.
❦ ၄။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
.
❦ ၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
.
တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။
.
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံးဆေးနည်းလေး မို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်
.
.
Ko Aung Kyaw Myint
 https://www.facebook.com/photo.php?fbid=596357000508139&set=a.130632100413967.36044.100004015323089&type=1&theater  မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment