အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Saturday 1 June 2013

အိပ်စက်ခြင်းဟူသည်


အိပ်စက်ခြင်းဟူသည် အကယ်အားဖြင့် အသေလေးသာဖြစ်ချေသည်။
ညမအိပ်ခင်-
သရဏဂုံ ဆောက်တည် သီလဆောက်တည်ခြင်းဖြင့်
သီလကုသိုလ်ဖြစ်ရာ၏။
မြတ်စွာဘုရားကို ရည်စူးပြီး သောက်တော်ရေကပ်လှူခြင်းဖြင့် ဒါနကုသိုလ်ဖြစ်ရာ၏။
မေတ္တာဘာဝနာ သို့မဟုတ် ဂုဏ်တော်ပွားခြင်းဖြင့်
သမထကုသိုလ်ဖြစ်ရာ၏။
ထို့နောက် အိပ်သောအခါ ဝင်လေထွက်လေ သတိကပ်ရင်း ဝိပဿနာဘာဝနာကုသိုလ်ဖြင့် အိပ်စက်ခြင်းသို့ ရောက်ရာ၏။
ထိုသို့ ညစဉ် အလေ့အကျင့်ပြုထားသူသည် သေခြင်းတရားနှင့် အမှန်တကယ် ရင်ဆိုင်ရသည့်အခါဝယ် အဆိုပါအာရုံတစ်မျိုးမျိုး ပြုလျက်သာ တည်တည်ငြိမ်ငြိမ် ကွယ်လွန်ရပြီး
ကောင်းရာသုဂတိသို့ လားရာ၏ ။

အရှင်ဆန္ဒာဓိက

No comments:

Post a Comment