အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 1 October 2014

သွေးတိုး ရောဂါအတွက် သဘာဝ ဆေးနည်း

သွေးတိုး ရောဂါအတွက် သဘာဝ ဆေးနည်း
===============================
 သွေတိုး ရောဂါ ရှိသူများ သွေးတိုးပြီး ခေါင်းမူး လာပါက သဘာဝ နည်းများဖြင့် သွေးတိုးရောဂါ သက်သာ သွားအောင် ပြုလုပ် နိုင်ကြပါတယ်။
၁။ ဒန့်သလွန် ရွက်ကို ရေစင်အောင် ဆေးပြီး ထောင်းလိုက်ပါ အရည်ညှစ် ယူပြီး လ္ဘက်ရည်ဇွန်း ၂ ဇွန်းခန့်ကို
သောက် လိုက်ပါ။ သွေးတိုး ချက်ခြင်း သက်သာသွား စေပါသည်။
၂။ သံပုရာသီးကို ခွဲလိုက်ပါ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုး ချက်ခြင်းသက်သာသွား
ပါလိမ့်သည်။
၃။ သံပုရာသီး ချက်ချင်း မရနိုင် ပါက သံပရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနှင့် သွေးပြီး သောက်နိုင်ပါ
သည်။
၎။ ဗန်ဒါရွက် အနု ၃ - ၄ ရွက် ခန့်ကို ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးပါ။      တစ်နေ့ကို
လ္ဘက် ရည်ခွက်၃ခွက်ခန့် သောက်ပါ။၅ရက်(သို့)တစ်ပတ်အတွင်း သွေးတိုး ရောဂါသက်သာသွားပါလိမ့်မည်။
သတိပြုရန်။။ဗန်ဒါရွက် ပြုတ်ရည်ကိုအလွန်အကျွံ သောက်ပါကဝမ်းချုပ်တတ်ပါသည်။၎င်းတို့သည် ဘေးထွက် ဆိုးကျိုးနည်းပါးသည့် မြန်မာ့ရိုးရာ ဆေးနည်းများဖြစ်သည်။

No comments:

Post a Comment