အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 14 October 2014

အသားအရည် လှပဖို့ နနွင်းမှုန့်ကို မှီဝဲကြပါစို့



နနွင်းမှုန့်ဟာ အသားအရည်အတွက် အထူးပင် ကောင်းမွန်တဲ့ ဆေးတစ်လက်ပင် ဖြစ်ပါတယ်။ နနွင်းမှုန့်ကို စားနိုင်သလို လိမ်းပေးနိုင်ပါတယ်။ နနွင်းမှုန့်၏
ဆေးဘက်ဝင် အာနိသင်တွေ ကတော့ ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ကို လိမ်းပေးခြင်း အားဖြင့် မျက်နှာ အမဲစက်များ ဝက်ခြံများ စတာတွေကို ပျောက်ကင်းစေနိုင် ပါတယ်။ ၎င်းဟာ အရေပြားပေါ်ရှိ ဘက်တီးရီးယားများကို သန့်စင်ပေးသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
တစ်ကိုယ်လုံး အသားအရည်ကို ဝင်းပစေခြင်း
နနွင်းမှုန့်ကို စားပေးခြင်းအားဖြင့် မျက်နှာတင် မကဘဲ ခန္ဓာကိုယ် တစ်ခုလုံးမှ အသား အရည်ကို ကြည်လင်ဝင်းပ စေမှာ ဖြစ်ပါတယ်။
နေလောင်ဒဏ်အတွက် ကောင်းမွန်ခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ကြောင့် ဖြစ်စေတဲ့ အသားအရည် ခြောက်သွေ့ခြင်းနှင့် အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို ကာကွယ်ပေးတဲ့ အပြင် အရည်ပြား ထိခိုက်မူကို လည်း သက်သာစေပါတယ်။
နနွင်းကို စားမယ်ဆိုရင် ရေနွေးပူပူထဲ၌ နနွင်းလက်ဖက် စားဇွန်း တစ်ဇွန်း သကြား လက်ဖက်စားဇွန်း တစ်ဇွန်းမွှေကာ စားပေးနိင်ပါတယ်။
လိမ်းမယ်ဆိုရင်တော့ နနွင်းကို ရေနဲ့ရောလိုက်ပါ။ ပြီးနောက် စေးပျစ်တဲ့ အနှစ်ရတဲ့ အထိ မွှေပြီး လိမ်းနိုင်ပါတယ်။ အချိန် ၁၀ မီးနစ် ကြာရင် မျက်နှာကို
ဆေးကြောလိုက်ပါ။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

No comments:

Post a Comment