အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 6 February 2013

“သီလ”


ဥပုသ်စောင့်တာနဲ့ မစောင့်တာ ဘာကွာသလဲ။ဆုံးဖြတ်ချက်ကွာတယ်။
ဆုံးဖြတ်ချက်ချရင် ကံမြောက်တယ်လေ။ဆုံးဖြတ်ချက်ချတိုင်းစွမ်းအားဝင်သွားတာ။
ညစာမစားဘူးလို့လည်း လောဘကိုသတ်လိုက်တာနော်။အဲဒီသတ္တိကြောင့် အစားအစာပေါမယ်။
အပျော်အပါးလည်း မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။ပီပီပြင်ပြင်စောင့်တဲ့ ဥပုသ်တစ်ရက်က စွမ်းအား
မသေးဘူးနော်။လက်တွေ့တရားတွေနော်။လုပ်ကြည့်ကြ။လုပ်မကြည့်ပဲနဲ့တော့ မဟုတ်ဘူး မလုပ်နဲ့နော်။
စွမ်းအားဖြည့်ကြ။သူ့အသက်သတ်တာ၊ပစ္စည်းခိုးတာ၊ကာမဂုဏ်၊မေထုန်တွေလည်း ရှောင်ရမယ်။
သီလဆိုတာ…..ရောဂါတိုးစေမယ့်အရာ(ကိလေသာ)ကို သတ်တာ။အပျော်အပါး(နစ္စ၊ဂီတ)လည်း မလျှော၊့ တရားက အိပ်ခါနီးလေးမှ နာရီဝက်၊တစ်နာရီလောက်ကျင့်-မတည့်တာစားတာများနေတယ်။
တရားကျင့်တယ်ဆိုတာ ဆေးစားတာ။ဘယ်ဟာက များနေလဲ။
တစ်ချို့က ပြောမယ်။ငါဘာမှ မကောင်းတာမလုပ်ဘူး။ကောင်းကောင်းနေတာပဲ။မတူဘူးနော်။
ဥပုသ်စောင့်စရာမလိုဘူးပြောကြတယ်နော်။မှားနေတယ်။

(ကျေးဇူးရှင်ပိုင်းလော့ဆရာတော်ဘုရား)*(မိုးကုတ်-November,2011)

No comments:

Post a Comment