အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 25 March 2013

သွေးပေါင်ကျသူများအတွက်

သွေးပေါင်ကျခြင်းမှ ကာကွယ်ဖို့. . .

ခုတစ်လော မိုးရာသီဆိုပေမယ့် မိုးမရွာလို့ ရှိရင် အရမ်းပူပါတယ် အဲဒီတော့ ချွေးထွက်တွေများပြီး သွေးတိုးမရှိတဲ့ လူတွေ က သွေးပေါင်အရမ်းကျ ကျပါတယ်. . . သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင်ကျရင် လည်း သွေးပေါင်ပြန်တက်အောင် လုပ်လို့ရပါတယ်. . ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းလေးတွေကိုသိထားရင် လည်း ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.

မုန်လာဥ အစိမ်းကိ ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေးကျစေရန် သွေးပေါင်ချိန်ထိန်းရန် အလွန်အကျိုးရှိသော ကုသမှုဖြစ်ပါတယ်. . . မုန်လာဥဖျော်ရည်တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ်သောက်သုံးပါ. . . အာဟာရဓာတ်ကြွယ်ဝစေဖို့အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန်ညှိပေးနိုင်ပါတယ်..

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ. . . သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ . . ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ်သောက်သုံးပေးလျှင် ကောင်းမွန်ပါတယ်.

ခန္ဓာကိုယ်ထဲမှ ရေဓာတ်ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန်ကျစေပြန်ပါတယ်. . . . သွေးပေါင်ချိန်ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုမှ ကယ်ဆယ်နိုင်ပါတယ်...

အကယ်၍ သွေးပေါင်တိုးနေပါက မိသားစုဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့်မှန်ကန်သည့် ဆေးဝါးသောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်. . . .မိမိဘာသာ ဆေးများ သောက်သုံးခြင်း ၊သောက်ရသည့် ပမာဏထက်ပို၍ သောက်ခြင်းများကိုလည်း ရှောင်ကြဉ်ပါ. ..

By Health Articles

No comments:

Post a Comment