စိတ်ထပ်ခြင်းဆိုတာ မြန်မာလို လှပအောင် ဘာသာပြန်လိုက်တာပါ။ စိတ်ပညာမှာ (Councelling Psychology ) ဆိုတာ ဘာသာရပ်တစ်ခု အနေနဲ့  သင်ကြားရပါတယ်...။ မြန်မာလို အတိအကျ ဘာသာ ပြန်ရရင် နှစ်သိမ့်ဆွေးနွေး ပညာပေးလမ်းညွှန်ခြင်းပေါ့...
စိတ်ဟာ အရာအားလုံးကို ဖြစ်ပျက်ပြောင်းလဲစေနိုင်ပါ
ဒါပေမယ့်...စိတ်ဒုက္ခ (တစ်နည်း ပြောရရင် စိတ်ဓာတ်ကျ ၀မ်းနည်းကြေကွဲမှုတွေ ) ကို နှစ်သိမ့်ဆွေးနွေး အားပေးခြင်းဖြင့် သူ့ စိတ်ကို သူကိုယ်တိုင် ပြန်လည်မြင့်တက်လာစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်...
အဲဒါဟာ Councelling ပါပဲ......။ ပညာရှင်တွေက ဒါကို
"It is a skilled dialogue in which one person helps another who has some personal difficulty"
လို့ ဖွင့်ဆိုပါတယ်.....။
လူတစ်ယောက်မှာ တွေ့ ကြုံနေရတဲ့ ဘ၀ပြဿနာ ၊ စိတ်အခြေအနေ ယိုယွင်းမှုတွေကို နှစ်သိမ့်ဆွေးနွေး ခြင်းအားဖြင့် ကူညီ လမ်းညွှန်ပေးနိုင်တာကို ဆိုလိုတာပါ...။ တကယ်ကတော့ စကားပြောပေးတာလို့  အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်...။
လူအများစုဟာ (ဘယ်လောက်ပဲ စကားနည်းတဲ့သူပဲ ဖြစ်ဖြစ် ) မိမိကပဲ ပြောချင်ကြပါတယ်..။ မိမိကပဲ ရင် ဖွင့်ချင်ကြတယ်...။ ကိုယ်ပြောတာကို တစ်ဖက်လူက တလေးတစား နားထောင်ပေးရင် ကျေနပ်ကြတတ် ပါတယ်..။ ဒါပေမယ့်......... သူတစ်ပါးပြောတာကို စိတ်ရှည်ရှည်နားထောင်ပေးဖို
မြန်မာနိုင်ငံမှာ အဓိက သက်ဝင်လှုပ်ရှားနေတဲ့ AIDS, HIV ရောဂါ ရှိသူတွေကို ဆွေးနွေးပညာပေးတဲ့ ဌာန နဲ့ ပဲ ဥပမာထားပြီး တင်ပြသွားပါ့မယ်....။
ဆွေးနွေးပညာပေးတဲ့ ဖြစ်စဉ်မှာ ဆွေးနွေးပေးတဲ့သူကို (Councellor ) လို့ ခေါ်ပြီး....အဆွေးနွေးခံရသူ
သူ့ ရင်ထဲမှာ ဘာတွေခံစားနေရသလဲ ၊ဘာတွေ အားငယ်နေသလဲ ၊ ဘာတွေ ဖြစ်ပျက်ပြောင်းလဲနေသလဲ ဆိုတာကို ထပ်တူထပ်မျှ လိုက်ခံစား ပေးခြင်းဖြစ်ပါတယ်....။ကိုယ
"You put yourself in the person's shoes "
အခြားတစ်ယောက်ရဲ့ ဖိနပ်ထဲ ၀င်လိုက်ပါ ဆိုတာ ကိုယ်က သူ့ ရင်ထဲကို ၀င်ပြီး ခံစားကြည့်တာကို ဆိုလို တာပါ...။
အဲဒါ ကိုယ်ချင်းစာတရား.....ပါပဲ.
ကိုယ်ချင်းစာတရားနဲ့  နားလည်ပေးတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ကြားမှာ မေတ္တာတရားက မသိမသာလေး လွန့် လူးသွားပါပြီ...။ အဲဒီ့အခါ တစ်ဖက်လူရဲ့ စိတ်ဖိစီးမှု (stress) ။ စိုးရိမ်သောက (anxiety) ကိုလျှော့ချ နိုင်အောင် နှစ်သိမ့် အားပေးကြရပါတယ်...။ ဘေးကထင်မြင် ချက်ဆိုတာထက် စိတ်ခံစားမှုနှစ်ခုဟာ တစ် ထပ်တည်းကျပြီး တိုင်ပင်ဆွေးနွေးကြရင်းက မှန်ကန်မှု အဖြေတွေ လှလှပပ ထွက်လာ တတ်ကြပါ တယ်...။
အားပေးစကားလေးတစ်ခွန်း ၊နှစ်သိမ့်ဆွေးနွေးပေးတဲ့ စကားလေးတစ်ခွန်းကနေ မထင်မှတ်လောက် အောင် ဘ၀တွေ တိုးတက်အောင်မြင်သွားနိုင်တ
ဘ၀အခြေအနေ အတော်ဆိုးရွားပြီး အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေတဲ့သူတွေ.ထ
ဒါပေမယ့် ပုံမှန်ရုန်းကန် လှုပ်ရှားနေရင်းက လူတိုင်းဟာ အခြေအနေအမျိုးမျိုး ကြောင့် စိတ်ညစ်ညူး ကြ တယ်..၊ ခံစားနာကျင်ကြတယ်။ မိမိ ပတ်ဝန်းကျင်မှာ သူငယ်ချင်း ၊ မိဘ ညီအစ်ကို မောင်နှစ်မ စသဖြင့် အထဲက အမှတ်မထင်ရင်ဖွင့်ပြောကြားလ
စကားလေး တစ်ခွန်းကနေ ကုသိုလ်တွေ ပြုလိုက်တာပါပဲ.....။ ကိုယ်ချင်းစာတရားနဲ့  မျှဝေခံစားပေး လိုက် ခြင်းဟာ ဘ၀တွေကို ကယ်တင်ပေးနိုင်တဲ့အထိကို တာသွားနိုင်ပါတယ်....။
စိတ်နဲ့ ဖန်ဆင်းတည်ဆောက်နေရတဲ့ လောကကြီး အလယ်မှာ စိတ်ထပ်ခြင်းအနုပညာဟာ မမှန်းဆနိုင်လောက်အောင် စွမ်းပကားကြီးမားလှပါတယ်...
No comments:
Post a Comment