•မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ "ခုဇ္ဖုတ္တရာ" မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။
သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ မေးစရာရှိပါတယ်။
သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊ အိမ်ရောက်လာတယ်။ ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...
အရှင်မ၊ အဲဒီ မိတ်ကပ်ဘူးလေး၊ အလှပြင်ဘူးလေး ခဏလှမ်းလိုက်စမ်းပါ လို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။ အဲဒီမှာ... ဘိက္ခုနီမက...
တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ်၊ ရဟန်းမ တစ်ပါးကို စိတ်ဆိုးလို့ရှိရင် သူသေရင် ငရဲရောက်လိမ့်မယ်။ တကယ်လို့ ယူပေးလိုက်မယ်ဆိုရင်တော့ဖြစ်လေရ
အဲဒီလို ဘိက္ခုနီမတစ်ပါးကို ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကို ခိုင်းခဲ့တဲ့ အတွက်ကြောင့် ကျွှန်ဖြစ်ရပါတယ်။
ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘ၀တစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲက ရံရွှေတော်တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေက ဗုဒ္ဒါအရှင်မြတ် ရှစ်ပါး နေ့စဉ် ဆွမ်းခံကြွပါတယ်။ အဲဒီထဲက တစ်ပါးက နည်းနည်းခါးကုန်: နေတယ်။ အဲဒါကို ခုဇ္ဖုတ္တရာလောင်းလျာ ရံရွှေတော်က သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲပြီး တော့ စကြနောက်ကြ ပြီးဆိုရင် တစ်ခါတရံမှာ သူက ကမ္ဗလာအနီကြီးကို သင်္ကန်းလို လုပ်ပြီး ခြုံ၊ ရွှေဖလားကြီးကို သပိတ်လိုပိုက်ပြီးတော့ ငါတို့ နန်းတော်ထဲ ဆွမ်ခံကြွတဲ့ ဟို အရှင်မြတ်က ဒီလိုဒီလို ကုန်းတယ်ဆိုပြီးခါးကုန်တဲ့ပုံလု
အဲဒီလို ပစ္စေက ဗုဒ္ဒါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘ၀တိုင်းမှာ ခါးကုန်းရပါတယ်။
ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမဲ့ ဥာဏ်ကောင်းပြီး ဗဟုသုတပြည့်စုံပါတယ်။
အဲဒီ လိုပြည့်စုံတာကတော့ ပစ္စေက ဗုဒ္ဒါအရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နှို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။ နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ်ကလည်း ပူတေယ် အဲဒီတော့ ပူနေတဲ့ သပိတ်ကို အရှင်မြတ်များ အေးဆေးပုံမှန်အတိုင်းမကိုင်နိုင
သပိတ်အောက်မှာသပိတ်ခြေအဖြစ်နဲ့
အသုံးပြုပါလို့ အပြီးအပိုင် လှူခဲ့ပါတယ်။ အပူဒဏ်သက်သာအောင် ရွှေလက်ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့် ကိလေသာအပူတွေ
ငြိမ်းပြီးတော့ ဥာဏ်ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လာခဲ့ရပါတယ်။
မြတ်စွာဘုရား၏ သာသနာတော် နှင့်တွေ့ကြုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံပွားများခွင့်ရသောအချိန
(စာရေးသူ-ညခင်း)
----------------------*-------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
“ ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_
No comments:
Post a Comment