အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 24 September 2014

ဦးနှောက်ကို အမြဲနုပျိုနေစေရန်


ဦးနှောက်ကို အမြဲနုပျိုနေစေရန်
★★★★★★★★★★★★★★★★★★
(၁) လှုပ်ရှားပါ
●●••●●••●●••●●••●●••
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ်လက်လှုပ်ရှားခြင်း ကြောင့်ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့စည်းမှု  ကောင်း မွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့်အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

(၂) အစာကျွေးပါ
●●••●●••●●••●●••●●••
ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင်သောေ ကြာင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေးနိုင်သည်။
(၃) အရှိန်တင်ပါ
●●••●●••●●••●●••
ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ် ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေသစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။
(၄) စိတ်ဖိစီးမှုလျှော့ပါ
●●••●●••●●••●●••●●••●●•
စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်Óဏ်မှတ်သားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေသည်။ နာတာ ရှည် စိတ်ဖိစီးမှုခံရသောအခါဦးနှောက်၏ ippocampus  ဟုခေါ် သောအစိတ်အပိုင်းသည် မှတ်ဥာဏ် မှတ်သားနိုင် စွမ်းလျော့ နည်းလာသည်။
(၅) ရယ်ပါ
●●••●●••●●••●●••
ဟာသဓါတ်ခံရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများထွက်ရှိလာပြီးစိတ် ကြည် လင် ချမ်းမြေ့မှု ကိုပေးစွမ်းနိုင်သည်။ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များအတွက် အားဆေး တစ်ခု လည်းဖြစ် သည်။
ဇော်ကို
Health Updates Journal

No comments:

Post a Comment