အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 7 September 2014

မြက်ခင်းနှင့်သဲပေါ်တွင် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း၏ ကျန်းမာရေး အကျိုးထူး

မြက်ခင်းနှင့်သဲပေါ်တွင် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း၏ ကျန်းမာရေး အကျိုးထူး
နံနက်ပိုင်းကလေးမှာ မြက်ခင်းစိမ်းပေါ်၌ ဖိနပ် မပါဘဲ လမ်းလျှောက်ခြင်း၊ သဲပေါ်တွင်လမ်းလျှောက်ခြင်းသည် ကျန်းမာစေခြင်း ၏ တစိတ်တဒေသဖြစ်ပါသည်။
အထူးသဖြင့် နွေရာသီနံနက်ပိုင်းကလေးတွင် လမ်း လျှောက်ခြင်းသည် ကျန်းမာခြင်းအတွက် အကျိုးထူးကို ရစေ သည်။
ဤသို့လမ်းလျှောက်ခြင်းသည်အလုံးစုံ သောကျန်းမာရေးဆိုင်ရာအချက်များဖြစ်သည့် နှလုံးသွေး ကြောများ
လုပ်ငန်းစဉ်၊ မျက်လုံး၏အမြင်အာရုံ၊ စိတ်၏ကျန်းမာခြင်း၊ အာရုံကြောစနစ်များအတွက်အကျိုး ဖြစ်စေ သည်။
ထို့အပြင် သွေးလှည့်ပတ်မှုအဆင့်ကိုလည်း တိုး တက်စေပြီး ခြေထောက်၏ကြွက်သားများထဲတွင် သွေး လှည့်ပတ်မှုကိုကောင်းမွန်စေသည်။
တနည်းအားဖြင့် စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုများ၊ စိတ်ဓာတ် ကျခြင်းတို့ကို သက်သာစေသည်။
သဲပေါ်တွင် ဖိနပ်မပါဘဲ လမ်းလျှောက်သည့်အခါ သဲပွင့်များက ခြေ ထောက်ကြွက်သားများကို တက်ကြွစေပြီး ဖိစီးမှုကို ပြေ ပျောက်စေသည်
မကောင်းသည့်အတွေး များကို မဖြစ် စေဘဲ စိတ်ကြည်လင်မှုကို ရရှိစေသည်။
နံနက်တိုင်း မြက်ခင်းစိမ်းပေါ်တွင်လမ်းလျှောက်သည့်အကျင့်ကမျက်လုံး၏အမြင်အာရုံကိုကြည်လင်စေသည်။
မြက်ခင်း ၏အစိမ်းရောင်က မျက်ကြောများတင်းခြင်းကို ပြေလျော့ စေသည်။
ညဘက် အိပ်မပျော်ခြင်းကိုလည်း သက်သာ စေပြီး နုပျိုလန်းဆန်းစေသဖြင့် မြက်ခင်းစိမ်းတွင် လမ်း လျှောက်ခြင်းသည် အ ကျိုးထူးသည့်လေ့ကျင့်ခန်းတစ်မျိုး ဖြစ်သည်။
HT
Credit to Health Updates Journal

No comments:

Post a Comment