အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 23 February 2015

တရားထိုင်ခြင်း

မင်္ဂလာညချမ်းချိန်ခါလေးပါ...
တစ်နေကုန် ၀မ်းတထွာအတွက် အနာဂါတ်အတွက် လှုပ်ရှားခဲ့ရလို့ ပင်ပန်းနေပါပြီ.. အိပ်စက်ချိန်လေးမှာ ကိုယ်ရောစိတ်ပါ အတိုးချ အနားယူ အိပ်စက်နိုင်ဖို့ရာ နည်းလေးပါဗျာ။
တရားထိုင်ဖို့ ဆိုပေမယ့် ကိုယ်ရောစိတ်ပါ ဖြေလျော့ခြင်းလေးပါ။ ပုံမှာမြင်တဲ့အတိုင်း ကမ္ဘာမှာ တရားထိုင်ခြင်းဆိုတာ ရေပန်းစား ပျံ့နှံ့နေပါတယ်။ စိတ်ချမ်းသာခြင်းနဲ့ ကျန်းမာရေးအတွက် သူတို့ ထိုင်ကြပါတယ်။
မြတ်ဗုဒ္ဓက သမထ၊ ၀ိပဿနာ ကျင့်ကြလို့ မိန့်ကြားခဲ့ပါတယ်။ ဒီနေ့ ခေတ်အချိန်မှာ ကမ္ဘာက ပိုစိတ်ဝင်စားပြီး လက်တွေ့ ကျင့်လာကြပါတယ်။ ရောဂါကုထုံးမှာတောင် ဆေးရုံတွေက အသုံးပြုလာကြပါပြီ။
တရားမှတ်တဲ့အခါ ကိုယ်နဲ့ စိတ်ရဲ့ သဘာဝကို သတိမပြတ် လိုက်သိနေတာပါ။ နာတယ်ဆိုရင် နာတာကို စကားလုံးပျောက်ပြီး ခန္ဓာသဘာဝသိ သိနေရပါတယ်။ တရားမှတ်ရင် ခက်တဲ့ စကားလုံးမပါလေ မှတ်ကောင်းလေပါပဲ။
တရားထိုင်ခြင်းဆိုတာထက် ဖြေလျော့ခြင်း ( Relax ) လုပ်ခြင်းပါ။ သီးသန့် အချိန်နေရာ မလိုပါ အိပ်ယာဝင် ကိုယ်အိပ်ခါနီး လုပ်ရမှာပါ။
^^^^^^^^^ ^^^^^^^^ ^^^^^^^ ^^^^^^^^
ပက်လက် အနေအထားနဲ့ ဆန့်ဆန့်အိပ်ပါ၊ လက်နှစ်ဖက် ကိုယ်ဘေးမှာ အလိုက်သင့်ဆန့်ထားပါ၊
အိပ်စက်အနားယူတော့မှာမို့ အတွေးအားလုံး ရှင်းလိုက်ပါ၊
ဝင်လေကို ပုံမှန် ရှုသွင်းရှုထုတ် ငါးကြိမ်ခန့်လုပ်ပါ။ ပြီးရင် ဖြေးဖြေးနဲ့ အဆုပ်ပြည့်အောင်ရှုပါ၊ ဖြေးဖြေး ပြန်ထုတ်ပါ။
ရှုလေ ပြန်ထုတ်ချိန်မှာ နဖူးမှာ တင်းနေတာတွေ လျော့ကျသွားပြီ လို့ အာရုံညွတ်ထားပါ။ သုံးကြိမ် လုပ်ပါ။
နဖူးပြီးရင် မျက်ခုံးကြောတွေ တင်းရာက လျော့ကျသွားပြီ အာရုံ ညွတ်ပါ။ ပြီးရင်.. ဒါတွေ တစ်ခုခြင်း လျော့သွားပါ၊
မျက်လုံး.. နားထင်ကြော.. ပါးကြော.. ပါးစပ်ကြော.. ဇက်ကြော.. ပခုံး.. လက်မောင်း.. တတောင်.. လက်ဖျံ.. ရင်ဘတ်.. ၀မ်းဗိုက်.. ခါးရိုး.. ပေါင်.. ခြေသလုံး.. ခြေခုံ.. ခြေဖျား။
ကိုယ်လိုက်လျော့ရင်း အဆုံးထိ မရောက်ခင် အိပ်ပျော်သွားလည်း ရပါတယ်၊ ဒီလို ၁၅ မိနစ်လောက် အိပ်လိုက်ရရင်တောင် ညတ၀က်အိပ်တာနဲ့ ညီပြီး လန်းဆန်းနေပါမယ်။
အိပ်ယာပေါ်မှာ နေရတဲ့ လူမမာတွေ အတွက် ကျင့်နိုင်ပါတယ်။ ကိုယ်ဖျားနာရင် အိပ်ယာပေါ် ဒီနည်းလေးနဲ့ အမြတ်ထုတ်လိုက်ပါ..။
လက်တွေ့ လုပ်ကြည့်ပါ.. အကျိုးကို လက်တွေ့ခံစားရပါမယ် မိတ်ဆွေ.... ကောင်းသောညပါ ။ ။

https://www.facebook.com/photo.php?fbid=1544226255866917&set=a.1403309279958616.1073741827.100008386724259&type=1&theater မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment