အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 1 July 2014

လေ့ကျင့်ခန်းလုပ်သူတိုင်း အစားသင့်ဆုံး အစားအစာများ


လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ များစွာ ရရှိနိုင်သလို ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေလည်း ရှိနေပါတယ်။ ခန္ဓာကိုယ်က ဆုံးရှုံးသွား တဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁) အစာကြေလွယ်သော သစ်သီးများ စားပါ
သစ်သီးတွေ စားသုံးတာက ကျန်းမာရေးနဲ့ညီညွတ်စေတယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ သစ်သီးတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သကြားဓာတ်များစွာပါဝင်ပြီး သင့်ခန္ဓာကိုယ်တွင်းမှာ စွမ်းအင်ဖြစ်ပေါ်စေပါတယ်။ လတ်ဆတ်တဲ့ ငှက်ပျောသီး၊ ပန်းသီးတွေမှာ ဗီတာမင် စီ၊ အင် တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ ပါဝင် တာကြောင့် လေ့ကျင့်ခန်း မလုပ်ခင် စား ပေးပါက လေ့ကျင့်ခန်း လုပ်ချိန်မှာ သဘာ ဝအတိုင်း စွမ်းအင်တွေ တိုးပွားစေပါတယ်။ အစာကြေဖို့ ခက်ခဲတဲ့ အစားအစာတွေ စားသုံးပါက လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်နာဗိုက်အောင့်တာကို ဖြစ်စေ ပါတယ်။

၂) ကြွက်သားကြီးထွားမှုကို အားပေးသော ဒိန်ချဉ်သောက်ပါ
ဒိန်ချဉ်မှာ ပရိုတင်းများစွာပါဝင်ပြီးကျန်းမာရေးနဲ့ညီညွတ်စေတဲ့ ကာဗိုဟိုက် ဒရိတ်ကို ရရှိစေတာကြောင့် လေ့ကျင့်ခန်း လုပ်ရာမှာ လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေ ပါတယ်။ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပေါင်းစပ်ပါဝင်တဲ့ ဒိန်ချဉ်က ကြွက်သား ကြီးထွားမှုကို အားပေးပါတယ်။ ဒိန်ချဉ်ထဲကို ဘယ်ရီသီးအနည်းငယ် ထပ်ပေါင်းထည့်ပြီး စားတာက အရ သာပိုစေတဲ့အပြင် စွမ်းအင်ပမာဏကို လည်း တိုးမြှင့်ရရှိစေပါတယ်။

၃) ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ကွေကာသောက်ပါ
ကွေကာက ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ရာမှာ အားပေးကူညီပါတယ်။ ကွေကာမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး လေ့ကျင့်ခန်းလုပ်တာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ကို အားပေးတဲ့ ဘီတိန်းဒြပ်ပေါင်းပါဝင်ပါ တယ်။ ကွေကာက ဆဲလ်တွေရဲ့ လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပြီး လေ့ကျင့် ခန်းလုပ်နေစဉ်အတွင်းမှာ ရေဓာတ်ခန်း ခြောက်မှုမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ သင်ရဲ့ မနက်စာ ဒါမှမဟုတ် လေ့ကျင့်ခန်းမလုပ်ခင်မှာ ကွေကာသောက် ပေးတာက ပိုမိုသင့်တော်ပါတယ်။

၎)ကြွက်သားများ ပြန်လည်တည်ဆောက် နိုင်ရန် ကြက်သားစားပါ
လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီအတွင်း မှာ ကြွက်သားတွေကို ပုံမှန်အနေအထား အတိုင်းရောက်အောင် ခန္ဓာကိုယ်က ပြန် လည်တည်ဆောက်ရပါတယ်။ ကြက်သား၊ ဥအမျိုးမျိုးနဲ့ ငါးတွေမှာ ပါတဲ့ ပရိုတင်းကနေ ကြွက်သားတွေအ တွက်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကို ရရှိ ပြီး ကြွက်သားသန်မာမှုနဲ့ ကြီးထွားမှုကိုအားပေးပါတယ်။ ပရိုတင်းဓာတ်ပေါ ကြွယ်ဝတဲ့ အစားအစာတွေက လေ့ကျင့် ခန်းလုပ်တာကို ပိုမိုထိရောက်စေပါတယ်။

၅) လတ်ဆတ်သော သစ်သီးဖျော်ရည် သောက်ပါ
လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သောက်ပေးတာက လေ့ကျင့်ခန်းလုပ်ပြီး ချိန် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက် ရာမှာ လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ အများစုက လေ့ကျင့်ခန်းလုပ်ပြီးချိန် မှာ အစာများများ စားတတ်ကြပါတယ်။ တ ကယ်တော့ သစ်သီးဖျော်ရည်သောက်ပေး တာက ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရ ဓာတ်တွေကို အမြန်ဆုံး စုပ်ယူပြီး ကြွက် သားတွေကို ပြန်လည်တည်ဆောက်ပေး ပါတယ်။

၆) အဆီများကို လောင်ကျွမ်းစေသော အုတ်ဂျုံစားပါ
အုတ်ဂျုံက ကြွက်သားတွေ တည် ဆောက်မှုအတွက်အသင့်တော်ဆုံးအစား အစာပါ။ အုတ်ဂျုံကနေ ကြွက်သားတွေ အတွက် စွမ်းအင်အဖြစ် လိုအပ်တဲ့ သ ကြားဓာတ်ကို ပြောင်းလဲပေးပါတယ်။ ဒါ့ အပြင် အုတ်ဂျုံက အဆီတွေကို လောင် ကျွမ်းစေပြီး ကြွက်သားအတွက် စွမ်းအင် ဖြစ်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ ချနေသူတွေအနေနဲ့ စားသင့်တဲ့ အစား အစာတစ်ခုပါ။ လေ့ကျင့်ခန်းမလုပ်ခင် သုံးနာရီအ တွင်းမှာ အုတ်ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစား အစာတွေ စားပေးပါ။ သကြားဓာတ်ကို တဖြည်းဖြည်းချင်းရရှိစေပြီး လေ့ကျင့်ခန်း လုပ်ရာမှာ စွမ်းအင်ပမာဏကို မြှင့်တင် ပေးပါတယ်။


Ref : Good Health
 http://www.papawaddy.com/index.php/lifestyle/item/60-%E1%80%B1%E1%80%9C%E1%80%B7%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%82%94%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%B0%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%B9%E1%82%94%E1%80%86%E1%80%AF%E1%80%B6%E1%80%B8-%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8

No comments:

Post a Comment