အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 30 July 2014

ကွမ်းရွက်အသုံးဝင်ပုံ


မနေ့က ကိုယ့်အဖွားလို ခင်နေတဲ “ဒေါ်ရီ” ဆိုတဲ့ အဖွားတစ်ယောက် အိမ်လာလည်လို့ ပြောသွားတာလေးပါ။

သူ့မှာ နားနှစ်ဖက်လုံး “အူ” နေပြီး “နားလေထွက်” နေလို့ ဆရာဝန်သွားပြလည်း မသက်သာနဲ့ - နောက်ဆုံး ဆေးမြီးတိုလေး ရတာနဲ့ လုပ်ကြည့်တယ်တဲ့။

ဆေးမြီးတိုက “ကွမ်းရွက်” ကို တစ်လက်မ ပတ်လည်လောက် ဖြဲပြီး အလိပ်ကလေးလုပ် ၊ နားထဲကို ထိုးထည့်ထားလိုက်တယ် တဲ့ ။ တစ်နေ့တစ်ခါ လဲပေးရတာပေါ့နော် ။

(၁၀)ရက်လောက်လည်း ရှိရော နားအူကော ၊ နားလေထွက်ကော လုံးဝပျောက်သွားပါသတဲ့။ ဒါတင်မကသေးဘူး . . မနက်အိပ်ယာထရင် ဇက်ကြီး နာနေတာပါ “အဆစ်” ပျောက်သွားရောတဲ့ . . ကွမ်းရွက်အသုံးဝင်ပုံများ ပြောပါတယ် . . .


No comments:

Post a Comment