အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Saturday 27 October 2012

ဘာကြောင့် အကြောဆန့်သင့်တာလဲ

လေ့လာမှုတွေအရ အကြောဆန့်ပေးတာက ကျန်းမာရေး၊ စိတ်ခံစားမှု၊ ဘဝရဲ့ အရည်အသွေးနဲ့ ခန္ဓာကိုယ် ပျော့ပျောင်း သန်စွမ်းမှုတွေကို ကောင်းမွန် တိုးတက်စေတယ်လို့ သိရပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ ဂျပန် သုတေသီတွေက အသက် ၂၀ နဲ့ ၈၃ နှစ်ကြား အမျိုးသမီးနဲ့ အမျိုးသား ၅၀၀ ကျော်ကို ခြေဆင်းထိုင်ကာ ခြေဖျားတွေကို လက်နဲ့ ထိတဲ့ အကြောဆန့် လေ့ကျင့်ခန်းကို ပြုလုပ်ခိုင်း ကြည့်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ေ
သွးလွှတ်ကြော တွေကို သွေးလွှတ်ကြော တင်းမာမှု ရှိ၊ မရှိ စမ်းသပ် စစ်ဆေးကြည့်ခဲ့ပါတယ်။ သွေးလွှတ်ကြော မာတင်းတာက သွေးတိုးတာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေး အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

အသက် ၄၀ ကျော်လာတဲ့ အခါမှာ ကြွက်သားတွေ တောင့်တင်းတာနဲ့ သွေးလွှတ်ကြောတွေ မာတင်းတာက ဆက်သွယ်မှု ရှိတာကြောင့် ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှု မရှိသူတွေမှာ ပျော့ပျောင်း သန်စွမ်းသူတွေထက် သွေးလွှတ်ကြောဟာ သိသိသာသာ မာတင်း နေတတ်ပါတယ်။ ကြွက်သားတွေ ပျော့ပျောင်းနေအောင် အကြောဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တခြား လေ့လာမှု တစ်ရပ်အရ ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှု မရှိတာက သွေးတွင်း သကြားဓာတ် မြင့်တက်တာနဲ့ ဆက်စပ်မှု ရှိတာကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်နှုန်းကို မြင့်တက်စေပြီး နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ Metabolic Syndrome ရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ ရလဒ်အရ အကြောဆန့်ပေးတာနဲ့ အကြောလျှော့ပေးတာဟာ သွေးလွှတ်ကြောတွေ အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ပျော့ပျောင်း သန်စွမ်းစေပါတယ်လို့ လေ့လာသူတချို့က ကောက်ချက်ချထားပါတယ်။

ဇွန်(Ref;RD)
By Good Health

No comments:

Post a Comment