လည်ပတ်တယ်
ငါ့ရဲ့ နှလုံးသားတွေ
ဝိုင်ယာတွေထဲမှာရော လေထုထဲမှာပါ
မင်းကိုလွမ်းရင်းလည်ပတ်နေတယ်………...။
ရက်ရောတယ်
ငါ့ရဲ့ နားလည်မှုတွေ
Network ထဲမှာရော ရပ်ကွက်ထဲမှာပါ
မင်းကိုခွင့်လွှတ်ရင်း ရက်ရောနေတယ်…………..။
ပေးပစ်လိုက်တယ်
ငါ့ရဲ့ အကြင်နာတရားတွေ
နီးနီးလေးမှာရော ဝေးဝေးကြီးမှာပါ
မင်းကိုယုယရင်း ပေးပစ်လိုက်တယ်…………………။
ရယူလိုက်တယ်
မင်းရဲ့ ရက်စက်မှုတွေ
ခပ်ကြမ်းကြမ်းရော ခပ်နုနုပါ
မင်းကို ငဲ့ကွက်ရင်း ရယူလိုက်တယ်…………….။
ခွင့်လွှတ်တယ်
မင်းရဲ့ အမှားတွေ
ကြီးကြီးမားမားတွေရော သေးသေးမွှားမွှားတွေကိုပါ
မင်းကို မေတ္တာတရားတွေ ပေးရင်း ခွင့်လွှတ်လိုက်တယ်………..။
ချစ်ပစ်လိုက်တယ်
မင်းရဲ့ ခန္ဓာငါးပါးလုံးမှာ
ဆံဖျားလေးတွေရော ခြေသည်းလေးတွေကိုပါ
မင်းကို အသက်စွန့် ပြီးတော့ကိုချစ်ပြစ်လိုက်တယ်…………..။
တောင်းပန်တယ်
လုံးဝပစ်မသွားဖို့ 
ယခုဘဝမှာရော နောက်ဘဝမှာပါ
မင်းကို ဒူးထောက်ရင်း တောင်းပန်တယ်………….။
နန်းရှင်
http://www.myshmm.com/
ငါ့ရဲ့ နားလည်မှုတွေ
Network ထဲမှာရော ရပ်ကွက်ထဲမှာပါ
မင်းကိုခွင့်လွှတ်ရင်း ရက်ရောနေတယ်…………..။
ပေးပစ်လိုက်တယ်
ငါ့ရဲ့ အကြင်နာတရားတွေ
နီးနီးလေးမှာရော ဝေးဝေးကြီးမှာပါ
မင်းကိုယုယရင်း ပေးပစ်လိုက်တယ်…………………။
ရယူလိုက်တယ်
မင်းရဲ့ ရက်စက်မှုတွေ
ခပ်ကြမ်းကြမ်းရော ခပ်နုနုပါ
မင်းကို ငဲ့ကွက်ရင်း ရယူလိုက်တယ်…………….။
ခွင့်လွှတ်တယ်
မင်းရဲ့ အမှားတွေ
ကြီးကြီးမားမားတွေရော သေးသေးမွှားမွှားတွေကိုပါ
မင်းကို မေတ္တာတရားတွေ ပေးရင်း ခွင့်လွှတ်လိုက်တယ်………..။
ချစ်ပစ်လိုက်တယ်
မင်းရဲ့ ခန္ဓာငါးပါးလုံးမှာ
ဆံဖျားလေးတွေရော ခြေသည်းလေးတွေကိုပါ
မင်းကို အသက်စွန့် ပြီးတော့ကိုချစ်ပြစ်လိုက်တယ်……
တောင်းပန်တယ်
လုံးဝပစ်မသွားဖို့ 
ယခုဘဝမှာရော နောက်ဘဝမှာပါ
မင်းကို ဒူးထောက်ရင်း တောင်းပန်တယ်………….။
နန်းရှင်
http://www.myshmm.com/
No comments:
Post a Comment