အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 8 October 2012

သိစေချင်လို့ ပါ



ကျမကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတခုရယ် ပြောပြလို့ သိခဲ့ရတဲ့အဖြစ်အပျက်လေးတခုရယ်ပါ။ ကျမတို့ မြန်မာနိုင်ငံ မြ၀တီလို့ ခေါ်တဲ့မြို့ ကလေးမှာဖြစ်ပျက်ခဲ့တာပါ။ ကျမတို့ မြန်မာနိုင်ငံသားအများစုက နိုင်ငံကနေတရားဝင်ထွက်ခွါခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ကိုယ်နိုင်ငံသို့ ကိုယ်ပြန်သောအခါတွင် အောက်လမ်းဟုခေါ်သောထိုင်းနိုင်ငံမှ မြ၀တီသို့ ဝင်ရောက်သောလမ်းဖြင့်ဝင်လာခဲ့ကြပါသည်။ ပွဲစားများဖြင့်လာခဲ့ကြခြင်းဖြစ်ပါသည်။
မလေးရှားမှပြန်လာသော အမျိုးသားတဦးအကြောင်းဖြစ်ပါသည်။ သူသည်လည်းမည်သည့်အကြောင်းကြောင့် အောက်လမ်းမှပြန်လာခဲ့သည်မသိပါ။ သို့ သော်သူ ပါလာသော သူစုဆောင်းခဲ့သော ငွေကြေးများကို မြ၀တီမြို့ ရောက်သောအခါမှ လဲလှယ်ခဲ့ပါသည်။ ပွဲစားမှပင်ပို့ ပေး၍ သူသွားရောက်လဲခဲ့ခြင်းဖြစ်ပါသည်။ သူ၏ငွေ မလေးရှားငွေ ရင်းဂစ် ငါးထောင် ဖြစ်ပါသည်။ ထိုအချိန်က မလေးငွေ ရင်းဂစ် သုံးရာကို တစ်သိန်းရရှိခဲ့ပါသည်။ ထိုသို့ ဖြင့်သူလဲလှယ်ခဲ့ပါသည်။ သူသည်ပိုက်ဆံကို အရည်အတွက်ကိုမရေကြည့်ဘဲ အထပ်လိုက်သာကြည့်၍ ယူသည့်အပြင် သူသည်မြန်မြန်ဆန်ဆန်ကားဂိတ်ကိုလိုက်ပို့ ပေးချင်နေသော ပွဲစားကလဲလောနေသောကြောင့် သူသည်သေသေချာချာမကြည့်ဖြစ်ခဲ့ပါတဲ့။ သို့ နှင့်သူ့ ကိုပွဲစားက ကားဂိတ်သို့  လိုက်ပါပို့ ဆောင်ပါသည်။ သူ၏လမ်းတလျှောက်လုံးလဲမည်သို့ မှလဲမသိခဲ့ပါ။ ယုံကြည်စွာဖြင့်လဲလှယ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
သူအိမ်သို့ ရောက်သောအခါပိုက်ဆံကိုစစ်ကြည့်သောအချိန်တွင် သူ၏ယုံကြည်မှုများသည် သူ့ ကိုအလွဲသုံးစားလုပ်ခြင်းခံလိုက်ရပါသည်။ သူအား ငါးရာတန်အရွက် ၂၀ထည့်မှ တသောင်းပြည့်မည့်နေရာတွင် ငါးရာတန် ဆယ်ရွက်သာထည့်ထားပြီး ငါးထောင်သာရှိခဲ့ပါသည်။ သူ၏ပိုက်ဆံ ဆယ့်ငါးသိန်းကျော် ကျော်သည်
ငါးရာတန်တ၀က် ထောင်တန်တ၀က်ပေးခဲ့သောကြောင့်သူရရှိခဲ့သောငွေမှာအပြည့်မရရှိခဲ့ပါ။ ပြီးတော့သူ့ အားပို့ ပေးခဲ့သောကားဂိတ်မှာလည်းမြို့ စွန်ရှိ နေရာတခုတွင်ဖြစ်ပြီး သူတို့ ငွေလဲသောနေရာသို့ ပြန်မလာနိုင်သော နေရာတွင် ထားပေးခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်သောစိတ်ဓါတ်များကို ဖျက်ဆီးပြစ်နေခြင်းလား၊ သို့ မဟုတ် မြန်မာနိုင်ငံသားအချင်းချင်းခေါင်းပုံဖြတ်ခြင်းလား ဝေခွဲလို့ ပင်မရနိုင်တော့ပါ။
ကျမကိုယ်တိုင်ကိုယ်တွေ့ ကြုံခဲ့ရခြင်းအကြောင်းကတော့ ကျမမြ၀တီသို့ သွား၍ကျမတွင်ရှိနေသော ထိုင်းဘတ်ငွေ သုံးထောင်အား လဲလှယ်မိပါသည်။ ကျမမြန်မာပြည်သားအချင်းချင်းမို့ ယုံကြည်မိပါသည်။ ကျမဇီးတောဂိတ်မှ ဆိုင်ကယ်စီးလာပြီး ငွေလဲရန်လာသောအခါ ငွေလဲသောပွဲစားက ကျမအားပိုက်ဆံလဲလျှင်အလွန်စိတ်ချရသောသူ၏ သူငယ်ချင်းဆိုင်တွင်လဲလှယ်၍ ရကြောင်းပြောပါသည်။ ကျမသည်လည်း အမြန်ပြီးပြီးရောသဘောဖြင့် လဲရန်လို်က်ပါလာပါသည်။ ကျမက ပိုက်ဆံရှစ်သောင်းနဲ့ ခြောက်ရာရပါသည်။ ကျမအား ထောင်တန်ကလေးသောင်းနဲ့ ငါးရာတန်လေးသောင်းပေးပါသည်။ ကျမလဲ အရည်အတွက်ကိုမရည်ကြည့်ဘဲ အုပ်ရေသာကြည့်၍ယူခဲ့မိပါသည်။ ကျမ ကားလက်မှတ်ဝယ်ရန် ကားဂိတ်သို့ ဆိုင်ကယ်နှင့် ထိုပိုက်ဆံလဲသော ပိုက်ဆံပွဲစားကလိုက်ပို့ ပါသည်။ ကျမကားဂိတ်ရောက်၍ ကားလက်မှတ်ဝယ်ရန် ထိုသူက သူ၏အသိမိန်းမတွင်ကားလက်မှတ်ထပ်ဝယ်ခိုင်းပါသည်။ကားလက်မှတ်မှာတန်ဖိုးက ကိုးထောင်သာကျပါသည်။သူတောင်းသည်က တစ်သောင်းနစ်ထောင်ဖြစ်ပါသည်။ ကျမတွင်ထပ်ပြီး သုံးထောင်အမြတ်တင်ပြန်ပါသည်။ ကျမမသိသေးပါ။ ကျမလက်မှတ်ဝယ်ရန်ထောင်တန်ပေးမည်ပြင်ပြီးမှ ငါးရာတန်သာပေးလိုက်တော့မည်ဟု ပေးဖြစ်ပါသည်။ ထိုတွင် ကားလက်မှတ်ရောင်းသောမိန်းမက အမပေးတဲ့ပိုက်ဆံက ငါးထောင်ထဲ ဟုပြောမှ ကျမသေသေချာချာပြန်ရေကြည့်လိုက်ရာ ငါးရာတန်အုပ်တိုင်းတွင် ဆယ်ရွက်သာထည့်ထားသည်ကိုတွေ့ လိုက်ရပါတော့သည်။ ကျမကိုလိုက်ပို့ သော ပွဲစားမှာ ထိုအမျိုးသမီးအားရန်လုပ်နေပါသည်။ ကျမအားလည်း အမထောင်တန်ပေးလိုက်လေ ဟုပြောပါသေးသည်။ ကျမက ငါပေးချင်တာပေးမှာပေါ့ နင့်ပိုက်ဆံမှမပြည့်တာ နင်နဲ့ ငါလမ်းမှာလဲအတူတူလာတာ ငါဘာမှလဲမ၀ယ်ဘူး ဘယ်မှလဲမ၀င်ဘူး နင်အသိဆုံးဘဲ အဲ့ဒီတော့ နင့်သူငယ်ချင်းဆိုင် ကိုငါ့ကိုပြန်ပို့ နင်သက်သေရှိတယ်နော် ငါဘာဆိုဘာမှမသုံးရသေးဘူး ဟုပြောသောအခါ ဘေးမှကားသမားများကလည်း အမမြန်မြန်သွားပြန်ပြော ကူညီလိုက်ပါကွာနှင့် ၀ိုင်းပြောပေးသောကြောင့် ကျမကိုသူကအပြစ်ပင်ထပ်တင်လိုက်ပါသေးသည်။ အမကို ကျနော် ပြောသားဘဲသေသေချာချာရေပါလို့  ဟု
ကျမထိုငွေလဲသောဆိုင်သို့ ပြန်ရောက်လာသောအခါ ကျမအားထိုဆိုင်မှ မျက်နှာထားများမှာ ရိုက်တော့မည့် ပုံမျိုး ကျမယူလာသောငွေအတိုင်းကျမပြန်ပြနိုင်သည့် အပြင် သူ့ သူငယ်ချင်းဆိုသူအားလည်း သူတို့ အမျိုးမျိုးပြော၍ အပြစ်တင်နေကြပါသည်။ ကျမလည်းအထပ်ထပ်အခါခါ ရေတွက်၍ ယူနေရပါသည်။ ရှစ်သောင်းဆိုသောငွေအား တသောင်းအုပ်တွင်တရွက်လျှော့၍ပေးခြင်းများ ပြုလုပ်ပြန်ပါသေးသည်။ ကျမတော်တော်ကိုစိတ်ရှည်လက်ရှည်နှင့် ရေတွက်ယူခဲ့ရပါသည်။ ကျမပိုက်ဆံအတိအကျပြန်ရခဲ့ပါသည်။ ကားဂိတ်သို့ လည်းပြန်ရောက်ခဲ့ပါပြီ။ ကျမအားအားလုံးက စောင့်ပြီးမေးကြပါသည်။ အဆင်ပြေခဲ့ရဲ့ လား ပြန်ရခဲ့ရဲ့ လားဟု ကျမကပြန်ရခဲ့ကြောင်းပြောပေးသောသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ဟုပြန်ပြောခဲ့ပါသည်။ ကျမလက်မှတ်ရောင်းသောအမျိုးသမီးအား သွား၍ကျေးဇူးတင်ကြောင်းထပ်မံပြောသောအခါ ထိုအမျိုးသမီး က ကျမအားအမကကံကောင်းလို့ ပြန်ရတာ ဟုစကားခံ၍ အပေါ်ကအဖြစ်အပျက်ကိုပြောပြခဲ့ခြင်းဖြစ်ပါသည်။ ပြီးနောက် ထိုသူက သူ့ အား ရန်တွေ့ ကြောင်း ပိုက်ဆံထောင်တန်မယူဘဲ ဘာကြောင့်ငါးရာတန်ယူရတာလဲ ဟု ထိုအမျိုးသမီး ကသူ ပေးတာယူရတာ ငါကသူများပိုက်ဆံလုယူရမလား ဟုပြန်ရန်တွေ့ လိုက်ကြောင်း ကျမအားစီကာပတ်ကုံး ပြန်ပြောပြပါသည်။ ကျမတော်တော်ကိုတုန်လှုပ်မိပါသည်။ မြန်မာပြည်ထဲမှာ မြန်မာနိုင်ငံသားများ သူတို့ ၏ချွေးနဲစာလေးများကို ပွေ့ ပိုက်ပြီး မိဘရပ်ထံသို့ မဟုတ် မိန်းမထံသို့  သက်စွန့် ကာပြန်လာခဲ့ရခြင်းကို မိမိနိင်ငံထဲမှနေ၍ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် စောင့်စားနေကြသော ထိုသို့ သောသူမျိုးများအား မည်ကဲ့သို့ ပြုလုပ်သင့်ကြောင်းနှင့် ထိုကဲ့သို့ သော ကျမတို့ လိုအဖြစ်အပျက်မျိုးမဖြစ်ကြစေရန်အတွက် စေတနာရှေ့ ထား၍ အများသူငါသိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

No comments:

Post a Comment