အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday, 22 October 2012

နင်မသိလိုက်တဲ့ငါ



နင်ဆက်နေကျ နင့်ဖုန်းနံပါတ်လေးမှာ
နင်အရမ်းကြိုက်တဲ့ သီချင်းလေး
ph: ringtone ငါထည့်ထားတယ်


အဲ့ဒီ သီချင်းသံကြားတိုင်း
နင်များ ဖုန်းဆက်တာလားဆိုပြီး
ငါမျော်လင့်မိနေတာ အရူးအမူးပဲ.....

နင်နဲ့လျှောက်နေကျလမ်းလေးမှာ
အမြဲအမှတ်တရတွေချန်ထားတယ်
အဲဒီလမ်းလေးငါရောက်တိုင်း နင်များရှိနေမလားလို့
အမြဲငါငေးကြည့်ရတာအရူးအမူးပဲ...

နင်နဲ့စကားပြောတိုင်း
နင့်မျက်နှာကိုကြည့်ပြီး ငါအမြဲပြုံးတတ်တယ်
နင်မရှိတော့တဲ့အချိန်တောင် အဲဒီစကားသံတွေပြန်ကြား
အခုအချိန်ထိပြုံးနေတတ်တာအရူးအမူးပဲ...

နင်မသိပါဘူး ငါ့ခံစားချက်တွေ
နင်မသိပါဘူး ငါ့မျော်လင့်ခြင်းတွေ
နင်မသိပါဘူး ငါ့အသံတိတ်ငိုကြွေးခြင်းတွေ...

နင်သိတာက နင့်ရှေ့မှာ
နင်ပြောသမျှကို အမြဲပြုံးနေတတ်တဲ့
ငါ့မျက်နှာတခုပါပဲ.
အဲဒီ့အပြုံးနောက်က နာကျင်ခြင်းတွေတော့
နင်မသိနိုင်ဘူးလေ

ကျေးဇူးပြုပြီး ဒါဏ်ရာတွေ
ထပ်မပေးပါနဲ့တော့ဟာ

နင်မြင်နေရတဲ့ အမြဲပြုံးနေတတ်တဲ့
လူတစ်ယောက်ဟာ...နင်မမြင်ရတဲ့နောက်ကွယ်မှာ
အရမ်းကို ထိရှလွယ်တတ်တယ် ဆိုတာ
နင်မှ မသိခဲ့တာ....


အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

No comments:

Post a Comment