အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 22 October 2012

‎ ***အဆိပ်တက်ဒဏ်ရာ***


မလာရင်လည်း နေပါတော့
မာယာတွေနဲ့မထားခဲ့ရင်တော်ပြီ
လွမ်းမခွဲခင်အထိ ငါ့ရင်ခုန်သံလေးကို
ကြားစေချင်တယ်....။
မပြောနဲ့ဆိုလည်း ဒါနောက်ဆုံးပါ
ကြင်နာစကားတစ်ခွန်း နင်ကြားစေဖို့
ကဗျာလေးတစ်ပုဒ်က ပြောပြသွားတယ်...။
ဒါဏ်ရာတွေဟာ တစ်နေ့ရင့်ကျက်သွားမှာ
မမေ့နဲ့ဆက်ချစ်သွားပါ တဖွဖွမှာရင်း
ထွက်သက်တွေငြိမ်းမည့်နေထိ
မမျှော်နဲ့နင်ပြောလည်း နင်ခေါ်မယ်စိတ်ကထင်မိ
ကောင်းကင်က တိမ်လွှာကိုဒန်းလွှဲပေးချိန်
ပင်လယ်ပြာကလှိုင်းလေးကို ကလူကျီချိန်
လေပြေက ပန်းကလေးနဲ့သစ်ရွက်တွေကို ပွေ့နမ်းချိန်
အိမ်အပြန်အလွမ်းတွေနဲ့ ..ငါ
မောပန်းလျပြီ...။

 Kalumee Kalu

No comments:

Post a Comment