အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 30 September 2012

သတိရှိကြပါစေ


ကျမအတွက်တော့ ဆေးရုံကြီးသို့ တက်ရာတွင်အလွန်တရာမှ သံဝေဂရရန်အတွက်သာရှိပါသည်။ ကျမခွဲပြီး သုံးရက်မြောက်နေ့ ဘေးကုတင်မှဆင်းသွားပါသည်။ သိပ်မကြာခင်တွင်ပင် နောက်ထပ် အသက်၂၆နှစ်ခန့် အမျိုးသမီး ဘာသာခြား တက်ရောက်လာပါသည်။ သူတဦးသာဖြစ်ပါသည်။ ကျမ၏အစောင့်နှင့် သာစကားပြောဆိုနေပါသည်။ သူမက အူအတက်ရောင်၍လာရောက်ဖြတ်ခြင်းပါ။ သူရောက်လာသည်မှာ နံနက် ၁၁နာရီခန့် အချိန်၊ သူမရောက်ပြီး အချိန်အတွင်း ဖုန်းတလုံးနှင့်အလုပ်ရှုပ်နေပါသည်။ ကျမနားလည်လိုက်သည်က သူမတွင်အဖေါ်မပါသောကြောင့် အစောင့်ရှာနေခြင်းဖြစ်မည်ဟု။ ညနေလေးနာရီခန့် တွင် သူမအစောင့်ရောက်လာပါသည်။ ကျမ၏အစောင့်ဟောင်းနှင့်တော့တော်တော်ကိုပလဲနံပသင့်ပါသည်။ ကျမသည် မည်သို့ မှစကားမပြောနိုင်သော အချိန်ဖြစ်ပါသည်။ မည်သည့်ဝေဒနာကိုခံစားနေရသည်ကိုတော့မပြောပြနိုင်တော့ပါ။ သို့ သော်တော်တော့်ကိုစုံနေအောင်ခံစားနေရတာပါ။ ကျမ၏အစောင့်သစ်ရရှိရန် ရှာဖွေနေသောအချိန်ဖြစ်၍ သူမကိုကျမအလိုမရှိတော့ပါ။ ကျမစကားပင်မပြောဖြစ်တော့ပါ။ အိပ်ပျော်သွားပါသည်။ကျမနိုးလာတော့သူမကိုကြည့်မိရာ သူမသည် ကုတင်ခြေရင်းမျက်စောင်းထိုးမှ လူနာစောင့် လူနာ၏အမျိုးသားနှင့်အတူတူထိုင်၍စကားပြောနေပါသည်။ ကျမလူနာကိုလှမ်းကြည့်လိုက်ရာ လူနာမှာ အိပ်ပျော်နေပါသည်။ ကျမ သူ့ အစားတော်တော်ကို ရှက်နေမိပါသည်။ နက်ဖြန်ကိုပင်မြန်မြန်ရောက်ချင်နေမိပါတော့သည်။ ထိုအချိန်တွင်ပင် ဘေးကုတင်ကဘာသာခြားအမျိုးသမီးခွဲခန်းမှပြန်ရောက်လာပါသည်။ ညကိုးနာရီခန့် ရှိပါပြီ။ ထိုအမျိုးသမီးမှာ အဆောင်ဝင်ထဲကသူမလာမှန်းသိခဲ့ရလောက်အောင်ညည်းညည်းညူညူနှင့်ဝင်လာပါသည်။ ကျမအိပ်လုအိပ်ခင်ဖြစ်နေသောကြောင့် မျက်စိဖွင့်မကြည့်ဖြစ်ခဲ့ပါ။ သူမကိုကုတင်ဘေးသို့ တင်ပြီးချိန်တွင်တော့ ဆရာမလေးများဝိုင်းလာပြီး နှာခေါင်းပိုက်ထည့်ခြင်း၊ ချွဲစုတ်ခြင်း၊ ဆေးထိုးခြင်း၊ တို့ ကိုပြုလုပ်ကြပါသည်။ သူမကလည်း မေ့ဆေးမပျယ်တပျယ်ဖြင့် သူ့ နှာခေါင်းထဲသို့ နှာခေါင်းပိုက်မထည့်ရန် ကျမ၏လူနာစောင့်ဟောင်းကလည်း သူမအနားတွင်ဝိုင်း၍လုပ်ပေးနေသောကြောင့် ဆဲဆိုခြင်းဖြင့် အမျိုးမျိုးပြောဆိုနေသောအခါ တဆောင်လုံးက သူ့ ကိုအာရုံစိုက်၍ မဆဲရန်ပြောနေပါသည်။ သို့ သော် သူမကတော့ မေ့ဆေးအရှိန်ကြောင့် ပြောချင်ရာပြောနေခြင်း ညည်းညူခြင်း ဆဲဆိုခြင်းများကို အစီအစဉ်တကျဆိုသလိုပြုလုပ်နေသောကြောင့် သူမ၏လက်နှင်ခြေထောက်တို့ ကို ကုတင်ဘေးတန်းနှင့် ကြိုးချည်ထားလိုက်ပါသည်။ သူမသိပါသည်။ ရုန်းကန်၍ သူ့ ကိုလွှတ်ပေးရန် အမျိုးမျိုး ပြောဆိုနေပါသည်။ ဆေးတလုံးလာရောက်ထိုးပေးပါသည်။ သူမငြိမ်သက်စပြုလာပါပြီ။ သို့ သော်ဆဲလျှက်သာရှိပါသေးသည်။ တဖြည်းဖြည်းနှင့် သူမငြိမ်သက်၍ သွားပါပြီ။ ကြိုးချည်လျှက်နှင့်ပါ။ သူမ၏အစောင့်နှင့်ကျမ၏အစောင့်ဟောင်းလည်းအိပ်ရန်ပြင်နေကြပါပြီ။ ကျမကတော့ သူမကိုသနားခြင်း စာနာခြင်းဖြင့်အိပ်၍မပျော်တော့ပါ။ ကျမမျက်လုံးကြောင်နေပါသည်။
မနက်မိုးလင်းသွားပါပြီ။ ကျမရဲ့ ပိုက်များအားလုံးဖြုတ်ပေးမည့်အပြင် အစောင့်လဲပြောင်းရမည်ဖြစ်သောကြောင့်ကျမတော်တော်ကို နိုးကြားစွာဖြင့်နိုးထလာခြင်းပါ။ ဆေးရုံတွင်အကျင့်ရှိပါသည်။ မနက်၅နာရီခွဲသည်နှင့်တဆောင်လုံး မီးများအားလုံးကိုဖွင့်၍ အစောင့်များကိုနှိုးပြီး သန့် ရှင်းရေးလုပ်ရန် ပစ္စည်းများကိုသိမ်းခိုင်းပါသည်။ ထိုနေ့ တွင်ကျမအစောင့်ဟောင်း ဘယ်လောက်အော်အော် နိုးမလာသေးပါ။ ကျမလဲမနှိုးနိုင်သောကြောင့် ဒီအတိုင်းကြည့်နေမိပါသည်။ သူနာပြုဆရာမဆေးလာသွင်းမှ သူမကိုလှုပ်နိုးသွားပါသည်။ သူမ၏အအိပ်ဆတ်ခြင်းအကြောင်းတရားပါ။ လူနာစောင့်ရကြောင်းဖုန်းဆက်လာပါပြီ။ သူမပြန်ရင်ပြင်ဘို့ ပြောလိုက်ပါသည်။ သူမကျမအနားတွင်ပင်မရှိစေချင်တော့ဘူး ။ တော်တော်ကိုစိတ်ကုန်နေခြင်းအပြင်သူမအတွက်အလွန်တရာလဲရှက်နေပါသည်။တခုခုဖြစ်မှာကိုစိုးနေမိပါသည်။ ကျမအတွက် အလွန်စိတ်ချမ်းသာသွားခြင်းပါ။ လူနာစောင့်လဲသွားပါပြီ။ ဘေးကုတင်ကလူနာစောင့်ကလဲ ထိုင်းစကားမတတ်ပါ။ သူနာပြုများလာပြောလျှင်ကျမ၏အစောင့်သစ်ကသာလျှင် စကားပြန်လုပ်ပေးရပါသည်။ သူကို့ စကားပြန်လုပ်ပေးသောကြောင့် မုန့် ကျွေးခြင်း ကော်ဖီတိုက်ခြင်းများကို ပြုလုပ်ပါသည်။ကျမလဲကုသိုလ်စိတ်ဖြင့်ပင်စိတ်ချမ်းသာခဲ့ရပါသည်။ ထိုနေ့ ညနေ ဘေးကုတင်က သူမအားအရင်အစောင့်အပြင် ဦးလေး၏မိန်းမအဒေါ်ပါလာရောက်စောင့်ပါသည်။ အရင်အစောင့်ကောင်မလေးကတော့အိပ်နေပါသည်။ ကျမကလည်းအစောင့်သစ် သူတို့ စကားများပြောဆိုခြင်းဖြင့်အချိန်ကိုဖြုန်းနေကြသည်မှာ ည၂နာရီထိုးပါပြီ။ ကျမလဲအိပ်မပျော်ပါ။ ကျမကလူနာလေ။ အိပ်ချိန်မှအိပ်မရရင်ခေါင်းမူးမည် ။ ရောဂါဖြစ်လာမည်။ ကျမကြိတ်မှိတ်ပြီးအိပ်လိုက်ရပါသည်။ အိပ်ရာကဖြတ်ကနဲ နိုးတော့ ကျမအစောင့်ရော သူမ၏အဒေါ်ဖြစ်သူရောအိပ်နေပါသည်။ ဘေးကုတင်အစောင့်ကောင်မလေးက သူ့ အမနားတွင်မှောက်၍အိပ်နေရာမှ ကျမကိုလှမ်း၍ ကြည့်ပါသည်။ ကျမတော်တော်အံ့သြသွားမိပါသည်။ သူမဘာကြောင့်နိုးလာရတာလဲဟု။ သို့ သော်အမှတ်တမဲ့သာနေဖြစ်ခဲ့ပါသည်။ ကျမအိမ်သာသွားပြီးပြန်လာခဲ့ပါသည်။ ကျမပြန်အိပ်ဖြစ်ခဲ့ပါသည်။ အစောင့်သစ်ကတော့ကျမအပေါ်တော်တော်ကောင်းပါသည်။ ကျမအတွက် အထူးတလည်ပင်မိသားစုဝင်ရရှိခဲ့ခြင်းပါ။ သူမကျမကိုအလွန်တရာဂရုစိုက်လွန်းသောကြောင့် ကျမကိုယ်တိုင်ပင်ဟန့် တားယူရသည်အထိပါ။ ကျမကို ဘာစားချင်သလဲ မေးပြီးသူ့ အိမ်ကိုချက်ခိုင်းပြီး ထမင်းလာပို့ စေခဲ့ပါသည်။ ပထမတရက်တွင် ပုဇွန်ထုတ်ဟင်းပါ။ ကျမထမင်းစား၍ကောင်းလိုက်တာနှင့်အမျှ သူမကိုအရမ်းအရမ်းကို ကျေးဇူးတင်ခြင်းများစွာဖြင့် ကျေနပ်ပီတိဖြစ်ခဲ့ရပါသည်။ ပုဇွန်ထုတ်ဟင်းလာပို့ သောအခါကျမကို ချုပ်ရိုးဖြည်ပေးခဲ့ပါသည်။ ကျမရဲ့ ကျေနပ်ခြင်းတွေက အတိုင်းမသိအောင်ပါ။ ပိုက်ဆံပေးရန် သူမကိုပိုက်ဆံအိတ်ယူခိုင်းလိုက်ပါသည်။ စတင်ပါပြီ။ ကျမ ပိုက်ဆံအိတ်ယူလိုက်သည်နှင့် ထောင်တန်တရွက်ပျောက်နေပါသည်။ ကျမချက်ခြင်းပင် သူမကိုပိုက်ဆံပြောက်ကြောင်းပြောဆိုသောအခါ ထိုအချိန်တွင်သူမ၏ခင်ပွန်းလည်းထမင်းလာပို့ ရင်းရှိနေသောကြောင့်ပါ။ ကျမစိတ်မကောင်းဖြစ်သွားပါသည်။ ကျမရဲ့ ပျော်ရွှင်ခြင်းတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပါသည်။ ကျမသူမ၏အမျိုးသားအား ၂၀၀ပေးလိုက်ပါသည်။ ပိုက်ဆံအိတ်ပြန်သိမ်းခိုင်းလိုက်ပါသည်။ ကျမစိတ်ထဲတွင်တော့ မကျေလည်ပါ။ ကျမသစ္စာဆိုမိပါသည်။ ကျမ၏ပိုက်ဆံသည် ကျမ၏ချွေးနဲစာမှရထားသောပိုက်ဆံမှန်ကန်ပါသည်။ ထိုမှန်ကန်သောသစ္စာတရားကြောင့် ကျမပိုက်ဆံယူသောသူသည် ကျမ၏ရှေ့ ၌တစုံတခုဖြစ်ကြောင်းလာပြောပါစေ ဟုစိတ်ထဲကကြိတ်ကြံလိုက်မိပါသည်။ ကျမ မည်သူ့ ကိုမှမစွပ်စွဲချင်သောကြောင့်ပါ။ ကျမစိတ်ပြေစေရန်အတွက် အွန်လိုင်းသုံးရန်အတွက် ပိုက်ဆံ၂၀ပေးရန် ပိုက်ဆံအိတ်ကိုထပ်မံထုတ်ခိုင်းမိပြန်ပါသည်။ ကျမပိုက်ဆံအိတ်ထဲတွင်ထည့်ထားသော တစ်ဒေါ်လာတန်တရွက်ထပ်မံပျောက်သွားပြန်ပါသည်။ ကျမတော်တော်ကိုအံ့သြသွားပါသည်။  အချိန်ပိုင်းလေးအတွင်းတွင်ပါ။ မျက်စိလှည့်လိုက်သလိုပင်။ ကျမအမျိုးမျိုးစဉ်းစားမိပါသည်။ သူမကိုလည်း ထည့်ထားသောဘီရိုတွင် အနောက်ပေါက်ဘေးပေါက်များရှိနေသလားလို့ သေချာအောင်ကြည့်ပါရန်လည်း ပြောမိပါသည်။ ကျမစိတ်ထဲတွင် ထိုင်းနိုင်ငံမှလူခြောက်ကလေးများအားခိုင်း၍ခိုးခိုင်းခြင်းလားဟုပင် ပျောက်ဆုံးခြင်းမှာမြန်ဆန်လှသောကြောင့်ထိုအတွေးမျိုးပင်ဝင်မိခဲ့ပါသည်။ ကျမအွန်လိုင်းသုံးနေခဲ့ပါသည်။ စိတ်လဲတော်တော်ပြေသလောက်ဖြစ်နေပါပြီ။ ထိုအချိန်တွင် ဘေးကုတင်မှ သူမ၏ညီမအစောင့်ကောင်မလေး အသက် ၂၂ နှစ်က သူမခေါင်းအလွန်တရာမူးနေပြီး နေရသည်မှာစိတ်မကြည်ကြောင်းလာပြောသောကြောင့် ကျမအလွန်အံ့သြသွားလောက်အောင်ပင်ကျမရဲ့ သစ္စာကတကယ်ပင်စူးသွားပြီလား။ ကျမကျေနပ်ပါသည်။ ကျမဘယ်သူခိုးတယ်ဆိုတာသိသွားပါပြီ။   သူမကိုကျမတို့ နှစ်ယောက်လုံးစကားမပြောဖြစ်တော့ပါ။ သူကိုယ်တိုင်လဲသိပါသည်။ ကျမတို့ နားတွင်ပင်လာမထိုင်တော့ပါ။ အရင်ကဆိုလျှင်ကျမတို့ နားတွင်ထိုင်၍စကားလာပြောနေကြပါ။ သူ့မဘာသာပင် ရှောင်သွားပါသည်။ သူမ၏အမလူနာကတော့ဘာဆိုဘာမှမသိပါ။ သူမအမနှင့်လည်း မတည့်ပါ။ အချိန်တိုင်းအိပ်နေပြီး လူနာလာစောင့်သည်နှင့်မတူပါ။ သူမ၏ယောင်္ကျားနှင့်သာဖုန်းအမြဲပြောနေပါသည်။ တညလုံးလဲပြောနေခြင်းပါ။ သူမအတွက်ပိုက်ဆံလိုနေသည်မဟုတ်ပါလား၊ ဖုန်းဘိုး နှင့်ဆေးရုံတွင်နေစဉ် စားသောက်ရန်အတွက် ငွေလိုနေပါသည်။ အရင်က ကျမအစောင့်ကိုဝယ်ခိုင်းသော်လည်း ပိုက်ဆံခိုးပြီးနောက်ပိုင်းတွင် သူမမှာသူဌေးသုံးသုံးနေပါသည်။ သူမကကျမနှင့်ကျမ၏အစောင့်သစ်ကြားတွင်ထင်ယောင်ထင်မှားဖြစ်ရန်ရည်ရွယ်ရင်း သူ့ ကိုယ်သူလုံနေသည်ထင်ပါသည်။ ကျမအတွက်ပင် ကွာစိ နေကြာစိများပင်ဝယ်လာတတ်ပါသည်။ ကျမကကွာစိကြိုက်သောကြောင့် စားရင်းမှပင် ကျမ၏အစောင့်အား ကိုယ့်ပိုက်ဆံနှင့်ကိုယ်စားတာလေ ဟုစရင်းနောက်ရင်းပြောဖြစ်ခဲ့ပါသည်။ ထိုသို့ နှင့်ကျမတို့ အိတ်ကို သော့ခတ်သိမ်းဆည်း၍ နှစ်ယောက်တယောက်တလှည့် နေရာတွင်ရှိနေရပါတော့သည်။ ကျမကုတင်နံပါတ်က ၁၈ပါ ။ ဘာသာခြားသူမက ၁၉။ ကုတင်နံပါတ် ၂၀ တွင် အပျိုကြီးတယောက် နို့ တွင်အကြိတ်တွေ့ ၍ လာဖြတ်ခြင်းပါတဲ့။ ကျမစိုးရိမ်စိတ်ဖြစ်မိပါသည်။ ကျမကဲ့သို့ အခိုးမခံရရန်ပါ။ အပျိုကြီး ကိုည၁၁နာရီဘာမှမစားရန်လာပြောသွားပါသည်။ အပျိုကြီးမနက်ခွဲရတော့မှာပါ။
မနက်မိုးလင်းတော့ ကျမလမ်းလျှောက်ရင်း အပျိုကြီးညီမနားတွင် ကိုယ့်ပစ္စည်းကိုယ် သတိထားစစ်ကြည့်ရန်ပြောသောကြောင့် သူမ၏ပိုက်ဆံအိတ်ကိုစစ်ဆေးနေသည်ကိုတွေ့ ၍ ကျေနပ်မိပါသည်။ ကျမစကားကိုအလေးအနက်ထား၍ နားထောင်သောကြောင့်ပါ။ နံနက်၉နာရီတွင်ခွဲခန်းဝင်ရန်အပျိုကြီးကိုလာခေါ်သည်ကိုတွေ့ ရပါသည်။ ခွဲခန်းသို့ အပျိုကြီးညီမပါလိုက်ပါသွားခဲ့ပါသည်။ ကျမကတော့ကျမ၏ သတိပေးမှုကြောင့် သူတို့ သတိရှိနေကြပြီဖြစ်သည့်အတွက် အခိုးမခံရလောက်ဘူးလို့ ခံယူထားမိပါသည်။ နောက်တနေ့ ငါးကြော်ပြီး ချဉ်ငံစပ်လေးချက်လာပေးသောကြောင့် အပြင်ဘက်ဝရန်တာတွင်ထမင်းထွက်စားဖြစ်ခဲ့ပါသည်။ အပျိုကြီးညီမက အနားရောက်လာပါသည်။ ကျမကထမင်းစားပါအုံးလားဟု ပြောရာ သူမကစားပါ အမကိုပြောစရာရှိလို့  ဆို၍အနားကပ်လာပါသည်။ အမပြောရင်းနဲ့ ကျမလဲအခိုးခံလိုက်ရတယ် အမရယ် အမပြောတုန်းကတော့တခုခုထူးလို့ ပြောတယ်လို့ နားလည်လို့ သေသေချာချာ သိမ်းထားတာတဲ့  ခွဲခန်းသွားတော့ ကျမလဲထူပူပြီးလိုက်သွားမိတယ်တဲ့ အဲ့ကောင်မလေးကမြန်မြန်လိုက် မြန်မြန်လိုက်လို့ တွန်းအားပေးနေတာကြောင့်လဲပါတယ် အဲ့ဒါနဲ့ ပိုက်ဆံအိတ်မေ့ပြီးထားခဲ့မိတယ်တဲ့ ကျမအမျိုးသားလဲခွဲခန်းရှေ့ ရောက်လာရော ကျမသတိရပြီး ပိုက်ဆံအိတ်ကိုအမြန်ယူခိုင်းလိုက်တာတဲ့ ပြန်စစ်ကြည့်လိုက်တော့ ထောင်တန်တရွက် ပျောက်နေပါပြီအမရယ် သတိပေးရင်းတန်းလန်းနဲ့ ဖြစ်လိုက်ရတာ လို့ ပြောတော့ ကျမတော်တော်စိတ်မကောင်းဖြစ်သွားတယ်  အဲ့ဒီအချိန်မှာကျမတို့ နားမှာမယောင်မလည်နဲ့ အဲ့ဒီကောင်မလေး လာနားထောင်နေတာတွေ့ လိုက်ရတယ် ဒါပေမဲ့ ကျမတို့ သူမကို စကားပင်မပြောကြတော့ဘဲ ခပ်တည်တည်ခပ်တန်းတန်းဖြစ်သွားကြပါတော့သည်။ သူမကတော့ မျက်နှာပြောင်ပြောင်နှင့်ပင်သူမ၏လုပ်ရပ်အား ပြောင်မြောက်လှသည်ကိုဘဲအားရကျေနပ်နေသည်လား၊ ဆေးရုံတွင်လူနာလာစောင့်ရသည်ကိုပင်တွက်ခြေကိုက်နေသည်လား မသိတော့ပါ။ သူမကို တော့တော်တော်ရွံသွားကြပါပြီ။ ဆေးရုံဆိုသောနေရာသည် မည်သူမှလာရောက်ချင်သောနေရာတခု လူမစည်ကားသင့်သောနေရာတခုဖြစ်၍ လူသားခြင်းကိုယ်ခြင်းစာစိတ်မရှိသော မလုပ်သင့်သောနေရာတွင်ပင်ထိုသို့ သောအဖြစ်အပျက်များ ကိုကြုံတွေ့ ခဲ့ရသောကြောင့် ကျမကဲ့သို့ မဖြစ်ကြစေရန်ရည်ရွယ်ရင်း ရေးသားခဲ့ခြင်းဖြစ်ပါသည်။ 

No comments:

Post a Comment