အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday 27 September 2012

စစ်တမ်းကောက်ကြည့်ခြင်း


ကျမခွဲစိပ်ပြီး အခြေနေကောင်းလို့ ခြောက်ရက်မြောက်နေ့ညမှာ ကုတင်နဲ့ မျက်စောင်းထိုးမှာ အသက်ငါးဆယ်ကျော် ထိုင်းအမျိုးသမီးကြီး တစ်ဦး နာကျင်လွန်း၍ မျက်ရည်များနှင့်ရောက်ရှိလာပါသည် သူမရဲ့သား နှင့် သားရဲ့သူငယ်ချင်းမိန်းခလေးတစ်ဦးပါလာတာကို တွေ့လိုက်ရတယ် ပြီးတော့ မိသားစုလိုက်၀၀တုတ်တုတ် အမျိုးသမီးနှင့် သူ့ခင်ပွန်း သူ့သား၊ သူမနဲ့သက်တူရွယ်တူ မိန်းမကြီးတဦး အားလုံးလိုက်ပါလာသော်လည်း အမျိုးသမီးကြီးမှာ နာကျင်လွန်းသောကြောင့် မည်သူ့ကို မှ စကားမှမပြောနိုင် ဖြစ်နေတယ် ဒါနဲ့ ကျမ အစောင့် က ရှမ်းစကားတတ်လေတော့ သွားမေးမြန်းချင်သော်လည်း စကားမပြောနိုင်သောလူနာ အမျိုးသမီးကြီးအား အနှောက်အယှက် ဖြစ်သွားမှာ စိုးရိမ်သည်အတွက် တစ်ည အိပ်စက်အနားယူဖို့ ပြင်စဉ်ရင်း သူမအကြောင်းကို တွေးနေမိခဲ့တယ်..
          ကျမလဲ အနာသက်သာနေလို့ အွန်လိုင်းသုံးနေမိပါတယ် ဆေးရုံပေါ်မှာ အွန်လိုင်းပေးသုံး တယ် ၂၄နာရီသုံးမှ ဘတ်၂၀ပေးရပါတယ် မီးဖိုးပေးရခြင်းပါ။ ထိုအမျိုးသမီးကြီးက တစ်ညလုံး ထလိုက် ထိုင်လိုက်နဲ့ နာကျင်စွာခံစားနေရတဲ့ အရိပ်အရောင်တွေ မြင်နေရတယ်  သနားလဲသနားမိပါတယ်  အိမ်သာသွားတဲ့အခါ သူ့ကုတင်ဘေးက ဖြတ်သွားရ တယ်လေ အဲဒီအခါမှာ သူမက ကျမကို ဘာဖြစ်တာလဲ လို့ မြန်မာလို မေးတာကြောင့် ကျမ အလွန်သဘောကျ သွားတယ် အစထဲကမှ စပ်စု မေးမြန်းချင်တဲ့ စိတ်ကရှိနေလေတော့ အခန့်သင့် ဖြစ်သွားတယ် ထိုအမျိုးသမီးကြီးနဲ့ ကျမ မိတ်ဆွေဖြစ်သွားတယ်
မနက်မိုးလင်းလို့ ဆရာဝန်လှည့်တဲ့အခါမှာ ဘာဖြစ်သေးလဲ သက်သာလား ကျမကို မေးမြန်း ပြီးထိုအမျိုးသမီးကြီးအလှည့်သိုရောက်တော့လည်းပုံမှန်သာမေးမြန်းသွားသည်ကိုမြင်ရသောကြောင့်သိတ်အခြေအနေမဆိုးလောက်ဘူးထင်မိပါတယ် ဆရာဝန်များ လှည့်ပြီးလို့ ရေးသားသွားတဲ့ မှတ်ချက်များကို သူနာပြုဆရာမများက လိုက်လံလုပ်ဆောင်ပေးကြပါတယ် ဆေးထည့်သင့်သူကိုဆေးထည့်ခြင်း ဆေးတိုက်သင့်သူကို ဆေးတိုက်ခြင်း လုပ်သင့်သည်များကို လုပ်ဆောင်ပေးနေကြချိန်မှာ မြန်မာနိုင်ငံအခေါ် မျိုးခေါ်ရရင် ထဘီစိမ်းဝတ် သူနာပြုဆရာမကြီးကဲ့သို့ ဆရာမကြီးတစ်ယောက်ရောက်လာတာကို တွေ့လိုက်ရတယ်၊ ထိုသူနာပြုဆရာမကြီအား သူနာပြု ဆရာမလေးက လှမ်းနှုတ်ဆက်ပြီး ကုတင်ကို ပြ၍ပြောလိုက်ရာ သူနာပြုဆရာမကြီးက အမျိုးသမီးကြီး နားတွင်ထိုင်ပြီး စကားများပြောဆိုနေသည်ကို ကျမမြင်နေရတယ်၊ သူမ၏သား သမီးနဲ့ သူမနဲ့ သက်တူ ရွယ်တူ အမျီးသမီးသုံးဦးခန့်လဲ သူမဘေးမှာရှိနေ တယ်၊ ခဏကြာတဲ့အခါမှာ အားလုံး မျက်ရည်စက်လက်ဖြစ်လာတာကို ကျမ သတိထားမိ လိုက်တယ်၊ သူနာပြုဆရာမကြီးက ကျန်လူတွေ အားလုံးကို ဘေးသို့ထွက်သွားရန် ပြောနေဟန်တူပါတယ် အားလုံးထထွက်သွားကြပါပြီ သူနာပြုဆရာမကြီးနှင့် ထိုလူနာအမျိုးသမီးကြီး တီးတိုးပြောဆိုနေကြသည်။ လူနာအမျိုးသမီးကြီးကတော့ တရှုပ်ရှုပ် နှင့် ငိုရှိုက်နေပါသည်။ ကျမရဲ့ သိချင်တဲ့ စိတ်တွေကလဲ ထိမ်းချုပ်မရ ဖြစ်နေမိတယ် အပြင်ထွက်သွားတဲ့ သက်တူအမျိုးသမီးကြီး တစ်ယောက်အား သွားမေးခိုင်းလိုက်တော့မှ ဖြစ်ပုံက လွန်ခဲ့သော သုံးနှစ်လောက်က နို့တွင် အကျိတ်တွေ့၍ တဘက်ဖြတ်ခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။
အခု ကျန်တဘက်က အလွန်တရာနာကျင်နေသောကြောင့် ဆေးရုံသို့ လာရောက်ဖြတ်ခြင်း ဖြစ်ကြောင်း သို့သော် သူမ၏ အခြေအနေမှာ ထပ်မံခွဲစိတ်၍ မရနိုင်တော့ကြောင်း နဲ့ အမြစ်များပွားနေသောကြောင့် သူမ၏ သက်တန်းအား ငါးလသာခံတော့မည်ဟု ပြောဆိုသွားခြင်း ဖြစ်ကြောင်း သိရတဲ့အခါမှာ ကျမ ရင်ထဲ မီးခဲနှင့်ထိုးသည့်အလား အလွန်တရာ စိတ်မကောင်းခြင်းများစွာဖြင့် ကျေကွဲစွာခံစားလိုက်ရပါတော့တယ်။ ကျွန်မသည်လည်း သေတော့သေပါမည် သို့သော် ကျမကိုယ်တိုင် သတ်မှတ်ခံထားရသော ခြောက်လ သက်တမ်းကို ကျမ မတုန်လှုပ်သော်လည်း သူမသက်တန်းအတွက် ကျမ ကျေကွဲစွာခံစားရင်း ကိုယ်ကိုကိုယ် စစ်တမ်းကောက်မိပါသည်။ ကျမကော ဘယ်နှစ်လကျန်သေးလဲလို့………….

No comments:

Post a Comment