အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 22 January 2013

ခြင်္သေ့လိုကျင့်မှ နိဗ္ဗာန်ရ

ဝိပဿနာ ပညာရှိသူသည် ခြင်္သေ့ကဲ့သို့ကျငိ့၏။   ဝိပဿနာ ပညာမရှိသူသည်ခွေးကဲ့သို့ ကျင့်၏။ခွေးသည် ရန်သူက တုတ် ဓါး လက်နက်တို့ ဖြင့်ပစ်ခတ်သောအခါ အကြောင်းဖြစ်သော ရန်သူကို မကိုက်ဘဲ အကျိုးတရားဖြစ်သောတုတ် ဓါး လက်နက်တို့ကိုသာလိုက်ကိုက်၏။
ခြင်္သေ့မူကား အကျိုးတရားဖြစ်သော တုတ်ဓါး လက်နက်ကိုဂရုမစိုက်။ အကြောင်းတရားဖြစ်သောရန်သူကိုသာ ပြေးဝင်ကိုက်သတ်ပစ်လိုက်၏။ထို့ကြောင့်ရန်သူသည်နောက်တစ်ကြိမ်မလာနိုင်တော့ပေ။
ထို့အတူ မိမိကိုဆဲရေး စော်ကားသူရှိခဲ့သော် ထိုဆဲရေး စော်ကားသူသည် တုတ်ဓါး လက်နက်နှင့်တူသော အကျိုးတရားသာဖြစ်၏။မိမိသန္တာန်မှာဖြစ်ပေါ်သော ဒေါသ ကိလေသာကား အပါယ်ပို့မည့် အဓိက အကြောင်းတရားဖြစ်သည်။ပညာမဲ့သည် အကျိုးတရားဖြစ်သော ပညတ်ရန်သူကိုသာ လိုက်လံဖြေရှင်းနေသဖြင့် သံသရာမဆုံးနိုင်တော့ပေ။ 
ပညာရှိသည်ကားအကြောင်းတရားဖြစ်သော ဒေါသကိလေသာကိုသာဘာဝနာဖြင့်ပယ်သတ်လိုက် သောကြောင့်
အနှောက်အယှက်များသည်ဘဝတစ်လျှောက်လုံးကင်းရှင်းသွားပေသည်။
(မေတ္တာရှင် ရွှေပြည်သာ)
ထို့ကြောင့် ဓမ္မမိတ်ဆွေများသည်
ခြင်္သ့ကဲ့သို့ကျင့်နိုင်ကြပါစေ။
မေတ္တာစေတနာဖြင့် ဒေဝီ။

No comments:

Post a Comment